Chapter 16

9 3 0
                                    

Unicode

ခရမ်းရောင် ရှပ်အင်္ကျီ၊အနက်ရောင် နက်ကတိုင်၊အဝါရောင်ဘောင်းဘီ၊အနက်ရောင် ရှူးဖိနပ် နှင့် ဆရာဝန်ပုံစံ အဖြူရောင်ကုတ် အရှည်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် သွယ်လျလျလူကို ကြည့်ရင်း ခေါင်းဆောင် ဖုခုဇဝ ပါမက ဒဇိုင်းပါ မှုန်ကုပ်သွားခဲ့တာဖြစ်သည်။

"ဝိုး ဟိုး မတွေ့တာ ကြာပြီနော် ငါရဲ့ချစ်လှစွာသော သူငယ်ချင်းလေးဖြစ်တဲ့ ‌စုံထောက်အေဂျင်စီရဲ့ခေါင်းဆောင်ကြီး ဖုခုဇဝရေ ပြီးတော့ တစ်ချိန်က ဆိပ်ကမ်း မာဖီးယာဂိုဏ်းမှာ ငါ့ကိုနားအလည်နိုင်ဆုံးဖြစ်ခဲ့တဲ့ ငါ့ရဲ့ယုံကြည်စိတ်ချရဆုံး တပည့်လေး ဒဇိုင်း ကောပဲ"

ခေါင်းကုပ်ကာ ရယ်ကျဲကျဲနှင့် ရှုပ်ပွနေသော မှုတ်ဆိတ်တိုပေါက်စကို ပွတ်သတ်ရင်းပြောနေ သူသည် ဆိပ်ကမ်းမာဖီးယာဂိုဏ်း ခေါင်းဆောင် မိုရီ ပင်ဖြစ်သည်။သူသည် ရှုပ်ပွနေသော အနက်ရောင် ‌ဆံပင်ရှည်များကို ဖိုသီဖတ်သီ အလယ်ခွဲချထားတာဖြစ်သည်။ပြေလျော့နေသည့် နက်ကတိုင်နှင့် လူမြင်ကွင်းတွင် အမြဲလိုလို မသပ်မရပ် ရုပ်ဖျက်ထားတတ်သည့် မျက်နှာရှည်သွယ်သွယ်နှင့် မိုရီသည် သူ့မာဖီးယားဂိုဏ်းတွင်တော့ မင်းသားလေးတစ်ပါးလိုပင် လူမှားလောက်အောင် ချောမောနေပြီး သပ်ရပ်သန့်ပြန့်စတိုင်ကျစွာ ဝတ်စားတတ်သူလည်းဖြစ်သည်။သူသည် အသက် 40ရှိပြီဖြစ်သော်လည်း မည်သူမှသူ့ကို 40မထင်ကြဘဲ မြင်သူတိုင်းက 30ခန့်သာရှိသည့် သက်လတ်ပိုင်း လူငယ်လေးဟုသာထင်ကြတာဖြစ်သည်။

"ဒီရွာရောက်နေတဲ့ချိန်တွင်းမှာ မင်းနဲ့အတိတ်က ပတ်သက်ခဲ့တဲ့ အကြောင်းအရာ‌တွေ‌ အလုပ်နဲ့ပတ်သက်တာ‌တွေက ငါတို့နဲ့မဆိုင်တော့တာမို့ လက်ရှိ ပစ္စုပ္ပန် ကာလကိုပဲ အာရုံစိုက်ပြီး ငါတို့မမြင်ခဲ့သလိုဘဲ‌နေ‌ကြစို့ မိုရီ"

"ဟဲ ဟဲ ကောင်းပါပြီ‌ဗျာ ဖုခုဇဝ သဘောအတိုင်းပဲမို့ ဟောဒီက ကျွန်တော်ကပဲ အလိုက်တသိ ထွက်သွားပေးပါ့မယ် ကျေနပ်ပြီလားဗျာ ကဲ သွားကြစို့ ချူးရာ"

မိုရီ ၏စပ်ဖြဲဖြဲ စကားအဆုံးတွင် ‌နောက်နားမှတိတ်ဆိတ်စွာ ရပ်နေသည့် ချူးရာမှာ မာဖီးယာဂိုဏ်းဗားရှင်း မျက်နှာတည်နှင့် ထွက်လာခဲ့တာဖြစ်သည်။

Bungou Stray DogsWhere stories live. Discover now