Chapter 4

14 4 0
                                    

Unicode

"ဝေး ဒဇိုင်း ကြည့်ရတာ အေဂျင်စီမှာ မင်းတစ်ယောက်ပဲ အားနေတဲ့ပုံပဲ ဆိုတော့ ငါမှာထားတဲ့ ဆေးဝါး ပစ္စည်းတွေကို စျေးဆိုင်ထဲမှာ သွားမယူပေးချင်ဘူးလားဟင် သိပ်အများကြီးမဟုတ်ပါဘူး နည်းနည်းလေးပဲရယ်"

ခပ်မာမာထွက်လာသော အသံပိုင်ရှင်သည် စုံထောက်အေဂျင်စီတွင် တစ်ဦးတည်းသော အမျိုးသမီး ဆရာဝန်ဖြစ်သည့် ဒေါက်တာ ရိုဆနို ထံကမှန်း ဒဇိုင်း ရိပ်မိလိုက်သည်မို့ လန့်ဖျတ်နေရာမှ သွားလေးဖြီးကာ

"စန်းစဲ ကလည်းကျွန်တော် တစ်ယောက်ထဲ အားနေတာ မဟုတ်ပါဘူးဗျာ ဟော ဒီမှာ ခန်းဂျီ-ခွန်း လည်းအားနေတာပဲ သူ့ကိုကျတော့ မခိုင်းဘဲ ဟဲ ဟဲ ဘာလို့ ကျွန်တော့်ကို လာခိုင်းနေရတာလဲဗျာ"

(ဂျပန်မှာ ဆရာဝန်ကိုလည်း စန်းစဲလို့ပဲခေါ်တာမို့ ဒေါက်တာအစား စန်းစဲပဲသုံးပြီးရေးထားလိုက်ပါတယ်နော်)

"ဘယ်မှာလဲ ခန်းဂျီ-ခွန်းက ငါကြည့်နေတာ မင်းကိုပဲ မြင်ပါတယ် ဒဇိုင်းရာ"

ဒေါက်တာ ရိုဆနို ပြောသလိုပင် သူ့ဘေးဘက်တွင် ခန်းဂျီမရှိတော့ ကြည့်ရသည်မှာ သူမ အသံကြားထဲကနေ နေရာမှ လျင်မြန်စွာ လစ်ထွက်သွားပြီမှန်း ဒဇိုင်း သဘောပေါက်လိုက်ပြီဖြစ်သည်။

"ကဲ အချိန်မရှိဘူး ငါ့ ပစ္စည်းတွေကို မင်း သွားယူပေးမှာလား မယူပေးဘူးလား ဒဇိုင်း"

ဒေါက်မြင့်ဖိနပ်အနီရောင်ကို စီးထားကာ တဒေါက်ဒေါက်နှင့် သူနားလျှောက်လာနေသော ဒေါက်တာ ရိုဆနိုကို ကြည့်ရင်း ဒဇိုင်း ရယ်ကျဲကျဲနှင့် ခေါင်းညိတ်ပြလိုက်သည်။ယူပေးမည်ဆိုသည့် သဘော။ ထိုအခါမှပင် ခရမ်းရောင်မျက်ဝန်းပိုင်ရှင် ဒေါက်တာ ရိုဆနိုမှာသက်ပြင်းချကာ

"ပြီးတာပဲ ဒါဆို မင်းသွားယူရမဲ့ ​လိပ်စာနေရာကို ငါ စာရွက်နဲ့ သေချာရေးပေးလိုက်မယ် အစကတော့ ငါကိုယ်တိုင်သွားယူဖို့ရာပဲ သိတယ်မလား ငါကစျေးလိုက်ရတာ ဝယ်ရတာအရမ်းဝါသနာပါမှန်းလေ ခက်တာက အလုပ်ကပေါ်လာတာနဲ့ မသွားနိုင်တော့ မင်းကိုပဲ အကူညီတောင်းရတာပေါ့"

Bungou Stray DogsWhere stories live. Discover now