Chapter 10

10 4 0
                                    

Unicode

အခန်းအပြင်တွင် ကျန်ရစ်ခဲ့သော ဒဇိုင်းမှာတော့ ချူးရာ၏မျက်နှာနီနေသော အမူအရာကို တဟားဟားရယ်ရင်းမှပင် ရေချိုးဖို့ရာပြင်ဆင်တော့တာဖြစ်သည်။အိမ်အနောက်ဘက်ရှိ ရေချိုးကန်များ ဆောက်လုပ်ထားသော အခန်းထဲတွင် သူရေချိုးသန့်စင်ပြီးသွားချိန်တွင် အချိန်မှာ ညမှောင်စပြုနေပြီဖြစ်သည်။

လျှပ်စစ်မီးမရသေးသော ကျေးရွာလေးမို့ သူတို့အားလုံး၏ အခန်းတိုင်းတွင် ရေနံဆီမီးခွက်မှ ဖြာကျနေသည့် အလင်းရောင်များသာ လင်းထိန်နေတာဖြစ်သည်။အခန်းတိုင်းလိုလို လင်းထိန်နေပေမဲ့ သူ့အခန်းရှေ့မှ ချူးရာ၏ အခန်းမှာတော့ မှောင်မိုက်နေဆဲဖြစ်သည်ကို ရေချိုးသန့်စင်ပြီးပြန်လာသော ဒဇိုင်းသည် သတိထားမိ​အောင်ထားဖြစ်လိုက်ပါသေးသည်။

အခန်းထဲရောက်ပြီး ခဏအကြာတွင် ခန်းဂျီ သည် ညနေစာစားဖို့ရာအတွက် သူတို့အားလုံးကို လာခေါ်တော့တာဖြစ်သည်။ထမင်းစားခန်းသို့ထွက်လာချိန်တွင်လည်း ဒဇိုင်းသည် မှောင်မဲတိတ်ဆိတ်နေသော ချူးရာ၏ အခန်းကို လှည့်ကြည့်ခဲ့သေးတာဖြစ်သည်။

"ကဲ ကဲ လာကြကွယ် ကိုယ့်အိမ်လိုသဘောထားပြီးအားမနာတမ်း စားသောက်ကြပါကွယ် ဟင်းတွေကလေ တောဝက်သားချက်ရယ်၊ အဘွားကိုယ်တိုင်ခူးထားတဲ့ လတ်လတ်ဆတ်ဆတ်မျှစ်ရယ်၊ကြက်ဥလိပ်၊အရွက်သုပ်နဲ့ *ဆာရှိမိအပြင် တိုဖူးဟင်းရည်လေးပဲ ချက်ထားတာမို့ မအေးခင် စားရအောင်ခေါ်လိုက်တာပါ မကြိုက်တာရှိရင်လည်း ပြောကြနော် ကလေးတွေ"

(ဆာရှိမိဆိုတာကလေ ပုံထဲကလိုလတ်ဆတ်တဲ့ ငါးအသားကို အစိမ်းလိုက် သေးငယ်ပါးလွှာအောင်လှီးထားတာပါ သူ့ကို ဂျပန်လူမျိုးတွေက အချဉ်ရည်တွေ ဆော့စ်တွေနဲ့တို့စားကြပါတယ် ကိုယ်တော့တစ်ခါမှမစားဖူးသေးပေမဲ့ ဂျပန်ကားတွေထဲ ခဏခဏမြင်နေရတာမို့ ထည့်ရေးထားလိုက်တယ်နော်)

(ဆာရှိမိဆိုတာကလေ ပုံထဲကလိုလတ်ဆတ်တဲ့ ငါးအသားကို အစိမ်းလိုက် သေးငယ်ပါးလွှာအောင်လှီးထားတာပါ သူ့ကို ဂျပန်လူမျိုးတွေက အချဉ်ရည်တွေ ဆော့စ်တွေနဲ့တို့စားကြပါတယ် ကိုယ်တော့တစ်ခါမှမစားဖူးသေးပေမဲ့ ဂျပန်ကားတွေထဲ ခဏခဏမြင်နေရတာမို့ ထည့်ရေးထားလိုက်တယ်နော်)

Ops! Esta imagem não segue as nossas directrizes de conteúdo. Para continuares a publicar, por favor, remova-a ou carrega uma imagem diferente.
Bungou Stray DogsOnde as histórias ganham vida. Descobre agora