Chapter 1

103 10 0
                                    

Unicode

ယိုကိုဟားမားမြို့၏ စုံထောက်အေဂျင်စီရုံးလေးတစ်ရုံးတွင် ကျယ်လောင်သော သီချင်းသံလေးသည် စီးချက်မညီစွာ ပျံ့လွင့်နေခဲ့တာဖြစ်သည်။

"နှစ်ကိုယ်တူ သတ်သေဖို့ဆိုတာ တစ်ယောက်ထဲ လုပ်လို့မရပါ ဝိုး  ဝိုး ဒါပေမဲ့ ဒါပေမဲ့လေ နှစ်ယောက်သာရှိရင် ဖြစ်နိုင်တာ ဝိုး ဝိုး နှစ်ကိုယ်တူသတ်သေကြမယ် နှစ်ကိုယ်တူသတ်သေကြမယ် ဝိုး ဝိုး"

ဆိုဖာပေါ်တွင် လှဲအိပ်ကာ အေးအေးလူလူ နားကြပ်နှင့်သီချင်းညည်းနေသော ဒဇိုင်း အနား ခါးထောက်ရင်း ရပ်ကြည့်နေသော ကုနိခိဒ သည် စိတ်မရှည်တော့သည့်အဆုံး နားကြပ်ကိုဆွဲဖြုတ်ကာ

"တော်တော့ ဒဇိုင်း-ဆန် မင်းနားနေတာတော်သင့်ပြီ ပြီးတော့ မင်းဒီလိုအေးဆေး သီချင်းညည်းနေတာ ငါတို့အချိန်တွေ ဘယ်လောက် ပုတ်ကုန်ပြီလဲဆိုတာကော သိရဲ့လား အဲ့လိုပုံစံနဲ့ ငါတို့ လုပ်နေတဲ့ အလုပ်တွေက ပြီးတော့မှာ မဟုတ်ဘူးရယ် တစ်ခြားသူတွေတောင် သူတို့အလုပ်သူတို့အေးဆေးလုပ်နေကြပြီ"

ကုနိခိဒသည် မျက်မှန်ကိုင်းကိုပင့်ကာ အစိမ်းရောင်မှတ်စုစာအုပ်ထဲ ဒဇိုင်း၏ နားနေသည့် ကြာချိန်များကို အသည်းအသန်ရေးမှတ်နေရင်း ပြောလိုက်တာဖြစ်သော်လည်း ထုံးစံအတိုင်း ဒဇိုင်းမှာတော့ စပ်ဖြဲဖြဲနှင့်

"ဟဲ ဟဲ ဟဲ ဒေါသမကြီးပါနဲ့ စိတ်လျှော့ပါ ကုနိခိဒ-ခွန်း မဟုတ်ရင် ခင်ဗျား အသားအရည်တွေ တွန့်ရှုံ့ပြီး မြန်မြန်အိုလာလိမ့်မယ်ဗျ"

ကုနိခိဒသည် ဒဇိုင်းပြောသည့် ဒေါသကြီးလျှင် အသားအရည်တွန့်ရှုံ့ကာ မြန်မြန်အိုလာလိမ့်မည်ဆိုသည့် အချက်ကို မှတ်စုစာအုပ်ထဲ အသေအချာရေးမှတ်နေလေသည်။သူသည် သူ၏ ပင်ကိုယ်စွမ်းအင် ဖြစ်သည့် မှတ်စုစာအုပ်ထဲရေးမှတ်ထားသော အရာဝတ္ထုမှန်သမျှကို အပြင်တွင်လက်တွေ့ရုပ်လုံးပေါ်အောင် ပြောင်းလဲနိုင်စွမ်းရှိသူဖြစ်သည်။

ချွင်းချက်အနေဖြင့် ထိုမှတ်စု စာအုပ်ထက်ကြီးသော အရာဝတ္ထုများကိုတော့ ပြောင်းလဲနိုင်စွမ်းမရှိချေ။အများအားဖြင့် သူပြောင်းလဲနိုင်စွမ်းရှိသည်က ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် လိုအပ်သော ပစ္စည်းများဖြစ်သည့် သေနတ်၊ဓာတ်မီး၊လက်ပစ်ဗုံး၊မျက်ရည်ယိုဗုံး၊သော့ စသည့် မှတ်စုစာအုပ်အရွယ်သာရှိသော ပစ္စည်းများသာဖြစ်လေသည်။

Bungou Stray DogsWhere stories live. Discover now