Chapter 17

8 3 0
                                    

Unicode

ဒဇိုင်းသည်အိမ်ထဲမှ တိတ်ဆိတ်လျှင်မြန်စွာ ထွက်လာခဲ့ပြီးနောက် ဖရဲသီးစိုက်ခင်းများရှိရာ သိုလှောင်ရုံဘက်သို့ ဦးတည်လာခဲ့တာဖြစ်သည်။‌ တွန့်လိမ်နေသော မြေနီလမ်း‌လေး နှင့် စိမ်းစိုနေသည့်ဖရဲခင်းတွေကိုဖြတ်သန်းလာရချိန်သည် သူ့စိတ်ထဲတွင် ရှည်ကြာလွန်းလှသည်မှလွဲ၍ ဘာမှထူးထူးခြားခြား မခံစားရ။အေးစက်‌တည်ငြိမ်နေသော သူ့မျက်နှာသည် ဘာကိုမှမမြင်တော့သည့် လူတစ်ယောက်အတိုင်း တင်းမာလွန်းနေခဲ့တာဖြစ်သည်။

ဟောင်းနွမ်းနေသည့် သိုလှောင်ရုံ သစ်တံခါးနားရောက်ချိန်တွင် သူသည် တံခါးကို ‌ခြေထောက်ဖြင့်ဆောင့်ကန်လိုက်တာဖြစ်သည်။သိုလှောင်ရုံထဲတွင် စားပွဲခုံပုတိုလေးပေါ် ဆာကေး အရက် ခွက်ချင်းတိုက်သောက်နေကြသည့် ခေါင်းပြောင်ပြောင် ပေါက်ပြားပုံစံ မှုတ်ဆိတ်မွေး နှင့် လူဝကြီးအပြင် ထွားကျိုင်းကျိုင်း လူကြီးတစ်ယောက်မှာ ပြုတ်ထွက်သွားသော သစ်တံခါးကိုကြည့်ရင်း ကြောင်အနေကြတာဖြစ်သည်။သူတို့နှစ်ယောက်သည် ယခင်တစ်ခေါက်လေလံပွဲတွင် ဒဇိုင်း ကိုဝင်ခွင့်ပြုခဲ့သည့် လူများပင်ဖြစ်ကြသည်။

ကြောင်အအ ငေးကြည့်နေသော ထိုလူနှစ်ယောက်ကို ဒဇိုင်း မှာ ဘာမပြောညာမပြောထပ်မံ ဆောင့်ကန်တော့တာဖြစ်သည်။မျက်နှာများ အဖူးဖူး‌အယောင်ယောင်ဖြစ်‌သွားသော လူဝကြီးမှာ ဒဇိုင်း ထပ်ကာထပ်ကာဆောင့်ကန်မှုကြောင့် နံရိုးများကျိုးကာ ကောက်ရိုးပုံနားထိ လွင့်ထွက်ပြီး မေ့မြော့သွားရှာတာဖြစ်သည်။စားပွဲပေါ်တွင် မှောက်နေသော ထွားကျိုင်းကျိုင်းလူမှာ ဘေးနားရှိ သိုလှောင်ရုံ တံခါးခတ်သည့် သံကြိုးကြီးနှင့် ဒဇိုင်း ပေါ်ခုန်အုပ်ပြီး သိုင်းချည်လိုက်တာဖြစ်သည်။ခန္ဓာကိုယ်တစ်ခုလုံး သံကြိုးများရစ်ပတ်သွားပြီး လှုပ်ရှားမရဖြစ်သွားသည့် ဒဇိုင်းမှာ ခပ်မဲ့မဲ့ပြုံးကာ

"ချူးရာ ဘယ်မှာလဲ"

ဒဇိုင်းသည် ကျယ်လောင်စွာ အော်မေးနေစဉ်မှာပင် သံကြိုးများသည် အလိုအလျောက်ပျက်ထွက်ကုန်ပြီမို့ ထွားကျိုင်းကျိုင်းလူကြီးမှာ လန့်ဖျတ်ပြီးငေးကြည့်နေတာဖြစ်သည်။သူ့ပါးစပ်ပင် ငုံးဥ ကြက်ဥ ဝင်နိုင်လောက်သည့် ပမာဏလောက် ဟ‌ လာနေတာဖြစ်သည်။

Bungou Stray DogsWhere stories live. Discover now