Chapter 6

13 4 0
                                    

Unicode

"ဒဇိုင်း-ဆန်... ဒဇိုင်း-ဆန် ဒီမှာ မရှိဘူးလားဟင်"

သာယာသောနေ့လည်ခင်းချိန်တွင် နာအိုမီ သည် စုံထောက်အေဂျင်စီရုံးရှိရာ အဆောက်အအုံ၏ မြေညီထပ်ရှိ 'အုဇုမခိ' ကဖေးဆိုင်ထဲသို့ ကျယ်လောင်စွာ အော်ရင်းဝင်လာတာဖြစ်လေသည်။

"အော်...ဒဇိုင်း-ဆန် လား ဒီနေ့တော့ ဒီကိုမလာသေးဘူးရယ်"

အသက်သုံးဆယ် အရွယ်ကဖေးဆိုင် ပိုင်ရှင် လူကြီးမှာ ဘလက်ကော်ဖီဖျော်နေရင်းမှပင် နာအိုမီ ကိုပြန်ပြောလာတာဖြစ်သည်။ချစ်စဖွယ်ကောင်းသည့် အချိန်ပိုင်း အလုပ်သမလေး လူစီ ကလည်း နာအိုမီ ကိုမြင်တော့ ခပ်တိုးတိုးလေသံနှင့် စကားဆိုလာတော့သည်။

"သေချာတာပြောရရင် ဒဇိုင်း-ဆန် ကခုချိန် မြစ်ထဲ ခုန်ချနေတာများလား ဒါမှမဟုတ် ကြိုးဆွဲချနေမလားဘဲနော် တစ်နေရာရာမှာ သတ်သေဖို့ ကြိုးစားနေတာနေမှာပါလေ ခိ ခိ နာအိုမီ-ဆန် ရဲ့အစ်ကို တာနိဇာကီ ကတော့ ဟော ဟိုးက စားပွဲမှာ ခန်းဂျီ-ခွန်းအပြင် အဆုရှီ-ခွန်းနဲ့ တူတူထိုင်နေပါတယ်နော်"

လူစီ၏ စကားအဆုံးတွင် နာအိုမီ သည် အစ်ကိုဖြစ်သူ တာနိဇာကီနား ပြေးထွက်သွားပြီဖြစ်သည်။ သူမသည် လာရင်းကိစ္စဖြစ်သည့် ဒဇိုင်း ကိုလာရှာသည့် ကိစ္စကိုပင် မေ့ကာ အစ်ကိုဖြစ်သူ၏ ပါးကို ခပ်ကြမ်းကြမ်း နမ်းလိုက်တာဖြစ်သည်။

"ပလုတ်တုတ်တုတ် ဓာတ်ဘူးစုတ် ...ဘယ်သူလာနမ်းတာလဲဟာ"

တာနိဇာကီသည် ကစားပွဲပေါ်တွင် ပျင်းရိပျင်းတွဲ မှေးအိပ်နေရာမှ နာအိုမီအနမ်းကြောင့် လန့်ဖျတ် ယောင်ယမ်းအော်မိတာပင်ဖြစ်သည်။ထိုအခိုက်ဘေးတွင် တာနိဇာကီ နည်းတူ ပျင်းရိပျင်းတွဲ မှေးအိပ်နေကြသော ခန်းဂျီနှင့် အဆုရှီတို့ပါ လန့်ဖျတ်ပြီး မျက်လုံးပွင့်လာကြတာဖြစ်လေသည်။

"ကဲ ကဲ ကိုကိုကလည်း အိမ်ရောက်မှ နာအိုမီနဲ့ တူတူအိပ်လို့ ရတာပဲကို အခုထတော့နော် ခေါင်းဆောင်က အစည်းအဝေး ရှိတယ်ဆိုပြီး ဒဇိုင်း-ဆန် အပြင် အားလုံးကိုလာခေါ်ခိုင်းတာမို့ ခန်းဂျီ-ခွန်း နဲ့ အဆုရှီ-ခွန်း တို့လည်းထလိုက်ခဲ့ကြနော်"

Bungou Stray DogsWhere stories live. Discover now