Chapter 9

10 4 0
                                    

Unicode

"နှစ်ကိုယ်တူ သတ်သေဖို့ဆိုတာ တစ်ယောက်ထဲ လုပ်လို့မရပါ ဝိုး  ဝိုး ဒါပေမဲ့ ဒါပေမဲ့လေ နှစ်ယောက်သာရှိရင် ဖြစ်နိုင်တာ ဝိုး ဝိုး နှစ်ကိုယ်တူသတ်သေကြမယ် နှစ်ကိုယ်တူသတ်သေကြမယ် ဝိုး ဝိုး"

ဒဇိုင်းသည် ရေချိုးဇလုံထဲတွင် စိမ်ပြေနမ်ပြေ ရေစိမ်ချိုးရင်းမှပင် သီချင်းညည်းနေတာဖြစ်သည်။သူသည် မနေ့ညနေ ရထားဘူတာရုံထဲမှ ပြန်ရောက်ပြီးထဲကနေ ရေမချိုးရသေးဘဲ ခန်းဂျီ၏ အိဟတိုဗ ရွာလေးစီသွားဖို့ရာ တစ်ညလုံး ပစ္စည်းများထုပ်ပိုးရင်း အချိန်ကုန်နေခဲ့တာဖြစ်သည်။

"တီ တီ တီ"

ဖုန်းဝင်လာသည်မို့ ရေချိုးဇလုံထဲမှ ကုန်းကုန်းကွကွနှင့်ထကာ ဖုန်းကိုင်လိုက်တော့ ထုံးစံအတိုင်း ကျယ်လောင်လှသော ကုနိခိဒ ၏အသံကို ဦးစွာကြားလိုက်ရတာဖြစ်သည်။

"10နာရီအတိ စုံထောက်အေဂျင်စီရုံးမှာ လူစုမယ်ပြောထားတာ အခု 10နာရီခွဲနေပြီ မင်းမလာသေးတာမို့် ငါတို့တွေ အားလုံးမင်းအဆောင်ရှေ့လာခဲ့ရတာပဲ ငါးမိနစ်အတွင်းမြန်မြန်ပြင်ဆင်ပြီးထွက်ခဲ့ ဒဇိုင်း-ဆန် ကားဆရာက သိပ်စိတ်ရှည်တာမဟုတ်ဘူး"

"ဟိုက် ဟိုက် ကိုယ်တုံးလုံးကြီးမထွက်လာစေချင်ရင်တော့ 10မိနစ်လောက်တော့ စောင့်ပါဗျာ"

ဒဇိုင်းသည် အချိန်ကို စျေးဆစ်ဖြစ်အောင်ဆစ်ပြီး ဖုန်းချလိုက်ချိန်တွင် တစ်ဖက်မှ ကုနိခိဒ ၏ ကျယ်လောင်သော အော်ငေါက်သံကို ကြားဖြစ် အောင်ကြားလိုက်ပါသေးသည်။

ခဏအကြာတွင် အဝတ်အစားလဲပြီး လေတချွန်ချွန်နှင့် အဆောင်ရှေ့ထွက်လာသော ဒဇိုင်းကို သေးငယ်သော ပါမုန့်ကားလေးမှ ထွက်လာသော တာနိဇာကီ ကထွက်ကြိုလာတာဖြစ်သည်။တာနိဇာကီ သည် ဒဇိုင်း၏ ခရီးဆောင်အိတ်လေးကို အသေအချာကူသယ်ပေး လာသည်မို့ ဒဇိုင်းမှာ လေတချွန်ချွန် ရှိုးစမိုးအပြည့်နှင့် ကားပေါ်တက်လာနိုင်တာဖြစ်လေသည်။ပြီးသည်နှင့် သူ့ကို စိတ်မရှည်စွာ လှမ်းကြည့်နေသော ကုနိခိဒ ဘေးဝင်ထိုင်ကာ

"ဟဲ ဟဲ ကျွန်တော် နောက်ကျတာကို စောင့်နေရတဲ့အတွက် ဟောဒီက ခေါင်းဆောင်နဲ့ အားလုံးကို တောင်းပန်ပါတယ်ဗျာ"

Bungou Stray DogsWhere stories live. Discover now