Hello

211 6 0
                                    

Unicode

Hello🍁

🍁ကိုယ်သဘောကျရတဲ့ animation လေးဖြစ်တဲ့ Bungou Stray Dogs လေးထဲက ဒဇိုင်း နဲ့ ချူးရာ တို့ရဲ့အူယားစရာကောင်းလွန်းတဲ့ chemistry ကို သဘောကျပြီးစိတ်ကူးရလာတာနဲ့ ရေးဖြစ်ထားတာလေးပါ။

🍁Animationထဲကလိုပဲ စုံထောက် အေဂျင်စီက ဒဇိုင်း နဲ့ မာဖီးယာဂိုဏ်းက ချူးရာ တို့ရဲ့ characterကိုအ‌ခြေခံပြီး ရေးထားတယ်ဆိုပေမဲ့ ဟေးရာက ပေါ့ပေါ့ပါးပါး comedy typeလေးပဲဖြစ်ချင်တာမို့ အတတ်နိုင်ဆုံး actionခန်းတွေနဲ့ စွမ်းအင်သုံးတဲ့ အခန်းလေးတွေကို နည်း‌နိုင်သမျှနည်းအောင်ရေးထားပါတယ်။


🍁အတတ်နိုင်ဆုံး ဇာတ်ကောင် တစ်ယောက်ချင်းစီတိုင်းရဲ့ မူရင်း characterကို မထိခိုက်အောင်ရေးထားပေမဲ့ တစ်ခုခုလိုအပ်ပြီး မှားယွင်းနေတာ‌လေး‌တွေရှိခဲ့ရင်လည်း ဟေးရာကို နားလည်ပေးကြပါဦးနော်။Short storyလေးဖြစ်လို့ တစ်ပိုင်းစီမှာ စုံထောက်အေဂျင်စီက ဇာတ်ကောင်လေးတွေကလွဲပြီး တစ်ခြားဇာတ်ကောင်အားလုံး မရေးပြ‌တော့တာမို့ ကျန်ခဲ့တဲ့ဇာတ်ကောင်လေး‌တွေတွက်လည်း gomenasai🙇

&

ဒဇိုင်းနဲ့ချူးရာရဲ့ Slow romance အပြင် ရိုဆနိုနဲ့ ရမ်ပိုရဲ့ romance ပါပါးပါးလေး တွဲရေးထားတာမို့ OC ပုံစံဖြစ်ပြီးအမှားပါသွားခဲ့မယ်ဆိုရင်လည်း ဟေးရာ မျက်နှာပူပူနဲ့ တကယ်တောင်းပန်ပါတယ်နော့...

About story💌

🍁ဒဇိုင်းကတော့ တစ်နေ့ကျရင် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ မနာမကျင် ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာ သတ်သေနိုင်ရမယ်ဆိုတဲ့သူ့ လက်ကိုင်ဆောင်ပုဒ်အတိုင်း မျိုးစုံသော သတ်သေနည်းလမ်းတွေကို ရယ်စရာအလွဲလွဲအချော်ချော်နဲ့ အမြဲကြိုးစားနည်းလမ်းရှာနေတတ်တဲ့ ခန့်မှန်းရခက်တဲ့ ကောင်လေးတစ်ယောက်ပါ။

🍁ချူးရာကတော့ ပုံမှန်လူတွေနဲ့ဆိုရင် စကားပြောရတာ အဆင်ပြေပေမဲ့ ဒဇိုင်းနားရောက်ရင်တော့ ပိုပြီး တိတ်ဆိတ်သွားတိတ်သလို စိတ်တွေလည်း ပိုလှုပ်ရှားလာတတ်တဲ့ အေးတိအေးစက် ကောင်လေးပါ။

Bungou Stray DogsWhere stories live. Discover now