Mocha & ဖက်ထုပ်

23 2 0
                                    

မင်းနဲ့မှ မဟုတ်ရင်
ကိုယ်သိပ်ကြိုက်တဲ့
Mocha Coffeeတွေက အရသာမရှိဘူး

Mocha ကို ချဉ်ခြင်းတက်တယ်
လွမ်းဆိပ်တွေက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့
လိုနေတာ မင်းရနံ့နဲ့ Mocha တစ်ခွက်ပေါ့
အချစ်ရယ်....

အတူထိုင်နေကြ
ဖက်ထုပ်ဆိုင်လေးရဲ့
စားပွဲဝိုင်းတွေ သိမ်းထားတာကြာပြီ
အဲ့ဆိုင်လေးလည်း ကိုယ်မရောက်တာကြာခဲ့ပေါ့
(မင်း မှ ဒီမြို့လေးမှာ မရှိတာ)
မင်းပြန်လာရင် သွားစားကြရအောင်ကွာ
ဆိုင်က ကောင်မလေးတွေမကြားအောင်
အချဉ်ရည်မကောင်းကြောင်း တီးတိုးပြောကြအုံးစို့

အွန်း ဒီတစ်ခါ မင်းဆီဖုန်းဆက်ရင်
Mocha သိပ်သောက်ချင်နေကြောင်း
စားနေကျ ဖက်ထုပ်ဆိုင်က ဈေးတက်သွားတာ
fb page မှာကြေငြာထားကြောင်း
အချိုတွေလျှော့စားနေပေမယ့်
သွားလေးတွေ နေမကောင်းကြောင်း
အွန်း.... မင်း ကို ပြောပြရအုံးမယ်

လွမ်းတယ် ......

ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်းWhere stories live. Discover now