ငယ်ရွယ်နုပျိုမှု

88 5 0
                                    

အစ်ကိုဟာ ကိုယ့်ရဲ့
ထာဝရ ငယ်ရွယ်နုပျိုခြင်းလေးပါ...

"ငယ်ရွယ်နုပျိုချိန်တွေဟာ
အဖိုးမဖြတ်နိုင်" ဆိုသလို
ဘဝရဲ့ အလှပဆုံးအချိန်တွေမှာ
အစ်ကို့ကိုတွေ့ဆုံနိုင်ခဲ့ခြင်းဟာ
ကောင်းချီးတစ်ပါးပါ

ဘာကိုမှအလေးအနက်် မထားတတ်တဲ့
ကလေးမလေးက
ငယ်ရွယ်စဉ်က အဖြူရောင်
ချစ်ခြင်းမေတ္တာတွေကို သယ်ပိုးလို့
အိုမင်းသွားချင်မိတယ်ဆိုတာ
အပိုစကားမဟုတ်ကြောင်း
ပြောပြချင်ပါတယ်

ဆံပင်တွေဖြူ အရေတွေတွန့်သွားတဲ့
ဘဝ ဆည်းဆာအချိန်တွေမှာ
အစ်ကို့ ပုံရိပ်လေးတွေကို ကြည့်ရင်း
မြေးမြစ်တွေက မေးလာတဲ့အခါ
ဘွားဘွားရဲ့ ငယ်ရွယ်နုပျိုခြင်းလေးလို့
တစ်ချိန်က အစ်ကို့ကိုမြင်တိုင်း
ပြုံးတတ်တဲ့ အလှဆုံးအပြုံးလေးတွေနဲ့
ပြန်ဖြေပါ့မယ်...

ငယ်ရွယ်ချိန်က အချစ်ဟာ
ဘဝတစ်လျှောက် အတွက်ဝယ်
ခမ်းနားကြီးကျယ်လှပါပေတယ်

ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်းWhere stories live. Discover now