အစ်ကိုဆိုတဲ့လူသားလေး တစ်ဦးတည်းနဲ့
တည်ဆောက်ထားတဲ့
ကျွန်တော့်ကမ္ဘာငယ်လေး။အစ်ကိုပျော်ရင် ကျေနပ်ပါတယ်ဆိုတဲ့နောက်မှာ
တစ်နေ့နေ့ အစ်ကိုကို အခုလို screenရဲ့
တစ်ဖက်ကနေတောင် မမြင်မတွေ့ရတော့ရင် ဆိုတဲ့အတွေးက စိတ်ကူးပုံရိပ်ယောင်ထဲမှာဖြစ်နေအုံးတော့ ကျွန်တော့်ကမ္ဘာငယ်က အခါခါ ပြိုပါရတယ်။အစ်ကိုက ကျွန်တော့်အတွက် အစားထိုးစရာမရှိ
သလို ဘယ်အရာနဲ့မှ မနှိုင်းယှဉ်ရက်တဲ့ ဖြစ်တည်မှုလေးပါ။
ဒီလူသားကို သိခွင့်ချစ်ခွင့်ရတာ ကောင်းချီးလေးမို့
အကြိမ်ထောင်သောင်းမက ရွေးချယ်ခွင့်
ရှိခဲ့ရင်တောင် အစ်ကိုရှိတဲ့ ကမ္ဘာငယ်လေးကိုပဲ
နောင်တကင်းကင်းနဲ့ရွေးချယ်နေအုံးမှာပါ။ဒီလူသားလေးရဲ့ဖြစ်တည်မှုကို ဗဟိုပြုလို့
လည်ပတ်နေတဲ့ ကမ္ဘာငယ်လေးမို့ အစ်ကို့မေတ္တာတွေရဲ့ အဝေးမှာရှင်သန်နိုင်စွမ်းမရှိသလို ဘယ်တော့မှ ထွက်မသွားဘူးဆိုတာ ကျိန်ဆိုပါတယ်။ကျွန်တော့်ကမ္ဘာငယ်လေးရဲ့ အဝေးမှာရှင်သန်ခြင်းဆိုတာ အခြားuniverseမှာတောင် ရှိမှာမဟုတ်ပါဘူး...
YOU ARE READING
ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်း
Poetryတိမ်တိုက်ဆိုတာ ငေးကြည့်နေဖို့ ဖြစ်တည်နေသလို ဖမ်းဆုပ်ဖို့ကြိုးစားလေ ဝေးဝါးနာကျင်ရလေပါပဲ