တစ်ယောက်တည်းမက်တဲ့ အိပ်မက်တွေ

25 2 2
                                    

ကျွန်တော်တို့ မသိကျွမ်းခဲ့ရင်
သိပ်ကောင်းမှာပဲလို့
နာနာကျင်ကျင် တွေးမိတဲ့အခါ
ပိုပြီး စွဲထင်လာတဲ့ အမှတ်တရတွေက
မှတ်ဉာဏ်ရဲ့ အနက်ရှိုင်းဆုံးကို
နစ်ဝင်လာခဲ့တယ် Kiddo

ဦးနှောက်က
မေ့ပစ်လိုက်ဖို့ အကြိမ်ကြိမ်
အော်ဟစ်နေခဲ့ပေမယ့်
နှလုံးသားမှာ
ခင်ဗျားနဲ့ ပက်သတ်တဲ့
အသေးအမွှား အပိုင်းစလေးတွေက စ
ကမ္ဗည်းတင်ထားမိနေခဲ့တယ်

ကျွန်တော်ငေးကြည့်ခဲ့ရတဲ့
ကျောပြင်ကျယ်
အတူလျှောက်ဖူးတယ်လို့
တစ်ဖက်သတ် သတ်မှတ်ခဲ့တဲ့ လမ်းလေးကို
ကျွန်တော်လွမ်းသလို
ခင်ဗျားကို သတိရတယ် Kiddo

ကိတ်မုန့် cream တွေ ပေနေတဲ့
ခင်ဗျားမျက်နှာကိုငေးလို့
မဝံ့မရဲနဲ့ ကျွန်တော်လက်တွေ ရုတ်သိမ်းခဲ့တာ
ခင်ဗျား မမြင်ခဲ့ဘူး မဟုတ်လား Kiddo

ကျွန်တော် တစ်ယောက်တည်းအတွက်
ခင်ဗျားတီးခတ်ခဲ့တဲ့ သံစဉ်တွေကို
သတိရနေမိတယ် Kiddo
နောက်တစ်ခါဆိုတဲ့
အခွင့်ရေးမရှိနိုင်မှန်း နှလုံးသားက
ကြိုသိခဲ့တယ် ထင်ပါတယ်
ထပ်ခါထပ်ခါကြားယောင်ဖို့
မှတ်တမ်းတင် သိမ်းဆည်းထားခဲ့ပုံများ...

အတိတ်ကနေ့ရက်တချို့ကို
ပြန်တွေးမိတော့
ဇာတ်ဝင်ခန်းတစ်ခုရဲ့dialogueကို
ပြေးသတိရမိတယ် Kiddo
ကျွန်တော်အဲ့စကားကို ခင်ဗျားကို
အခွင်ကြုံရင် ပြောပြချင်ပါသေးတယ်

"Message တွေ အကြောင်းတစ်ထောင်လောက်
ပို့နေခဲ့ကြပေမယ့်
ကိုယ်တို့ နှလုံးသာတွေကတော့
တစ်စင်တီမီတာလောက်တောင်
မနီးစပ်ခဲ့ကြပါဘူး"

ဒါပါပဲ Kiddo
ကျွန်တော်က သူရဲဘောကြောင်စွာ
အတိတ်ကို အပြစ်တင်ရင်း
တွေ့ဆုံခြင်းတွေ မှားယွင်းခဲ့တယ်လို့
ယုံကြည်လိုက်ချင်တာ...

အဲ့နေ့ကသာ
ကျွန်တော်ကားမောင်းမနေခဲ့ရင်
ခင်ဗျားMessage ကို မဖတ်ခဲ့ရင်
ကားတွေ ပိတ်မနေခဲ့ရင်
ခင်ဗျားကို ဖုန်းခေါ်ဖို့မပြောမိခဲ့ရင်
အို...Kiddo
ကျွန်တော်သာ အဲ့ခရီးကို လိုက်ခဲ့ဖို့
မဆုံးဖြတ်ခဲ့မိရင်...

အမှတ်တရတွေကို ဖက်တွယ်ထားရတာ
ပင်ပန်းပါတယ် Kiddo
တစ်ဖက်တည်းက ဖမ်းဆုပ်ထားမိတဲ့
အမှတ်တရတွေက
ပိုလို့ ဝမ်းနည်းကြေကွဲစရာကောင်းကြောင်း
ခင်ဗျား သိမယ်မထင်ဘူး Kiddo

ကျွန်တော်တို့ ပြန်မရောက်ဖြစ်တော့မယ့်
အတန်းထဲက စကားသံတွေကို သတိရတယ်
ကျွန်တော်မသိချင်ယောင်ဆောင်ခဲ့တဲ့
တစ်စုံတစ်ယောက်အတွက်
ခစားနေတဲ့ ခင်ဗျားမျက်ဝန်းတွေကို
ပြန်မြင်ချင်မိတယ်
ကျွန်တော့်အတွက်မရည်ရွယ်တဲ့
ခင်ဗျားဂီတာသံတွေလည်း
ပြန်ကြားချင်မိသေးတယ်

အိပ်မက်တွေပါပဲ Kiddo
အိပ်မက်တွေပါပဲ
တစ်ယောက်တည်းမက်ခဲ့တဲ့
အိပ်မက်တွေက နိုးထလာလည်း
တစ်ယောက်တည်းပဲမဟုတ်ပါလား...

ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်းWhere stories live. Discover now