ကျွန်တော့်ကြယ်လေး

23 4 4
                                    

ပင်ပန်းလွန်းလှတဲ့ နေ့ရက်တွေမှာ
အရာအားလုံးကို စွန့်ခွါထားခဲ့ချင်တယ်
ကိုယ့်ရဲ့ဖြစ်တည်မှုကို အဖိုးအခပေးလို့
မွန်းကြပ်မှုတွေကနေ လွတ်မြောက်သွားချင်တဲ့
အထီးကျန် ညအမှောင်တွေထဲ
အိပ်ဆေးတွေ လက်တစ်ကမ်းအလိုမှ
မြင်ယောင်မိတဲ့ အစ်ကို့အပြုံးလေးက
မသိစိတ်ရဲ့ ရှင်သန်ရုန်းကန်ခြင်း ကြိုးတစ်စ။

ပါးချိုင့်နက်နက်လေးတွေက
ကျွန်တော့်ရဲ့ အိုအေစစ်လေးတွေ
ဒီလူသားလေးကို ချစ်ပေးဖို့ ဆိုတာက
ကျွန်တော် မနက်ဖြန်မှာရှင်သန်ရခြင်းရဲ့
အကြောင်းတရားပေါ့
ဒီလိုပါပဲ အစ်ကိုဆိုတဲ့ အဝေးကကြယ်လေးကို
ငေးလို့ ရှင်သန်ရခြင်းက
ဘဝရဲ့ လွတ်မြောက်အေးချမ်းရာ
ဖြစ်လို့နေပြန်တော့လည်း
အဆိပ်တောက်တွေကြား ရုန်းကန်နေမိအုံးမှာပါပဲ....

ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်းWhere stories live. Discover now