တိမ်စိုင်လေးကို ချစ်သလို

24 4 4
                                    

ကျွန်တော်တို့က ချစ်နေဖို့ပဲသိခဲ့တာဗျ
တကယ်က ယုံကြည်ပေးဖို့ သတ္တိမှမရှိခဲ့ကြပဲ
နားလည်ပေးမှုတွေဆိုတာ ကျွန်တော်တို့ကြားမှာ
ရှာဖွေမရတဲ့ အသက်ဆက်ဆေးတစ်ပါး။

အဝေးကတိမ်လေးတွေကိုချစ်သလို
အစ်ကို့ကိုကျွန်တော်ချစ်တယ်
လွင့်မြောနေတဲ့ အခိုးငွေ့လေးတွေကို
ငေးမောခြင်းကို ချစ်သလိုမျိုး
အစ်ကိုကလည်း ချစ်ခဲ့တာ မဟုတ်လား။

အစ်ကို့ကို သတိရတိုင်း
အဝေးကြီးက တောင်တန်းအမြင့်ကြီးတွေပေါ်
ပြေးတက်ခဲ့ဖူးတယ်
တောင်ထိပ်ရောက်ရင်
တိမ်ဆိုင်တွေနဲ့ နီးမှာပဲဆိုတဲ့ စိတ်နဲ့လေ

တကယ်က
မြေပြင်က ငေးမောခဲ့ရတာနဲ့
တောင်တွေပေါ်ကငေးမောရတာပဲ ကွာတာပါ
လက်လှမ်းလို့ မမှီတဲ့
ငေးကြည့်ခွင့်ပဲ ရှိတဲ့ ဖြစ်တည်မှုမျိုးပါပဲ။

တိမ်စိုင်လေးတွေကို ချစ်တာလားလို့
မေးခဲ့ရင် ကျွန်တော်ခေါင်းခါပြီး ငြင်းမိမှာ

ကျွန်တော်ကလေ....
တိမ်စိုင်လေးတွေကို ငေးမောရခြင်းမှာ
နစ်မြှုပ်ငြိတွယ်နေခဲ့တာ။

ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်းWhere stories live. Discover now