Who I am?

12 1 0
                                    

ကျွန်တော်လား?
ခင်ဗျားနားလည်ဖို့ ခက်တဲ့
ဒဿနတစ်ကြောင်း
ခင်ဗျားအဖြေရှာမရတဲ့
ပုစ္ဆာတစ်ပုဒ်ပေါ့
ခင်ဗျားက ရယ်ရတယ်
ကျွန်တာ့်ကို ကျွန်တော့်ထက်ပိုသိတယ်လို့ထင်တယ်

မျက်နှာချိူသွေးနေတဲ့
ကြောင်ဝါလေးကို ချစ်စရာလေးလို့
ခင်ဗျားကမြင်နေခဲ့ရုံပါ
လက်သည်းတွေဝှက်ထားခဲ့တာ
ခင်ဗျားမှမသိတာ

ကျွန်တော်က
ဘယ်လောက်ကြောက်စရာကောင်းတဲ့
နတ်ဆိုးလို မျက်နှာတစ်ဖက်ခြမ်းကို
ပိုင်ဆိုင်ကြောင်း သိတဲ့အခါ
ခင်ဗျားဘယ်လိုတုံ့ပြန်မလဲလေ
သိစမ်းချင်ပါဘိ

လူတွေက ခင်ဗျားလိုပဲ
မှားလို့ ခင်ဗျားလည်းအဲ့လူတွေလိုပဲ
ကျွန်တော့် စိတ်ရင်းမှန်နဲ့ ကောင်းပြမှုတွေမှာ
ကျွန်တော့်ကို သိတယ်လို့ ထင်ကြတယ်
*မင်းအမှန်အခုတစ်ရာ လုပ်နေခဲ့လည်း
အမှားတစ်ခုက မင်းကို အဆုံးထိဆွဲချနိုင်တယ်*

လူတွေရဲ့ အမြင်ကိုမပြောင်းလဲနိုင်ပါဘူး
သဘောမကျတဲ့သူက
မင်းဘာပဲလုပ်လုပ် သဘောမကျမှာပဲတဲ့
ကျွန်တော် ဂရုမစိုက်သလို
ချေမိုးနေလည်း
ရင်ထဲကနာပါတယ်

အဖြေရှာမရဘူး
ကျွန်တော်ဘယ်လိုရှင်သန်သင့်လဲဟင်
ကျွန်တော်က ကျွန်တော်ဖြစ်နေရုံနဲ့
မလုံလောက်ခဲ့ဘူးလား ဗျာ......

ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်းWhere stories live. Discover now