မေတ္တာနွေးနွေး

28 5 0
                                    

မေတ္တာတွေပဲ ပေးနိုင်တဲ့ ဘဝမှာ
အဝေးက ကြယ်လေးကို
ကိုယ့်ရဲ့စစ်မှန်တဲ့ မေတ္တာတွေနဲ့
နွေးထွေးစေချင်ပါတယ်

ပိုင်ဆိုင်လိုမှု အတ္တကင်းတဲ့
ချစ်ခြင်းမျိူးနဲ့ အဖြူရောင် မေတ္တာတွေကြောင့်
သူ့နေ့ရက်လေးတွေ အဆင်ပြေနေရင်
ဘာတွေများ ထပ်လိုအပ်ပါအုံးမလဲ

ခက်ခဲတဲ့နေ့ရက်တွေမှာ
သတိရမိတဲ့ သူဟာ ကိုယ်ဖြစ်နေရုံ
အမှောင်မိုက်ဆုံး ညတွေမှာ
ကလေးငယ်လေးလို ငိုကြွေးဖို့
ကိုယ့်ရဲ့ အရိပ်ကို လိုအပ်ပေးရုံနဲ့
ကိုယ်ရဲ့ ဖြစ်တည်မှုက တန်ဖိုးရှိနေပါပြီ

ကိုယ်ဟာ သူ့အတွက် လိုသုံး ဖြစ်နေစေအုံးတော့
ကိုယ့်မေတ္တာတွေနဲ့  နွေးထွေးလုံခြုံစေချင်ပါတယ်

ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်းWhere stories live. Discover now