ဆက်သွယ်မှု ဧရိယာပြင်ပ

47 5 1
                                    

ဖြေသူမရှိမှန်းသိတဲ့
ဖုန်းနံပါတ်လေးကို
ဆက်တိုက်ခေါ်နေမိတယ်
လူကြီးမင်းခေါ်ဆိုသော....
ဆိုတဲ့ အသံအစား
အစ်ကို့ရဲ့ "ဟယ်လို..."
ဆိုတဲ့ အသံဩဩလေး
ကြားရလိုကြားရငြားပေါ့လေ

ဘယ်နံပါတ်ကိုခေါ်လို့
ဘယ်လို ဆက်သွယ်ရေးကိုသုံးရပါမလဲ
အစ်ကိုရယ်....
တကယ်တော့
နှလုံသားရဲ့ ဆက်သွယ်မှု ဧရိယာ ပြင်ပ
ရောက်သွားခဲ့ကြပြီးတဲ့နောက်
ဘယ်ဆက်သွယ်ရေး ကိရိယာကများ
အသုံးဝင်ပါအုံးမလဲ.....

ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်းWhere stories live. Discover now