ငေးကြည့်နေရုံပါပဲ

277 7 0
                                    

ကောင်းကင်ပြာပေါ်က
တိမ်တိုက်လေးကို
အားကျဖူးပါသလား....

လွင့်မြောချင်ရာလွင့်နေတဲ့
တိမ်စိုင်လေးတွေကို ဖမ်းဆုပ်ဖို့
စိတ်ကူးယဉ်ကြည့်ဖူးပါသလား
သင်ဟာ
ဘဝမှာတစ်ခါလောက်တော့
ကောင်းကင်ပေါ်က
တိမ်တိုက်လေးတွေကို
တမေ့တမော ငေးကြည့်ဖူးမှာပါ
ဒါဆိုရင်တော့ သင်ဟာ
ဖမ်းဆုပ်ခွင့်မရတဲ့
တိမ်စိုင်လေးကို ငေးကြည့်ရင်း
နာကျင်ခဲ့ဖူးမှာပါပဲ...

ကျွန်တော်လည်း
တိမ်စိုင်လေးကို ငေးကြည့်ခဲ့ဖူးတဲ့အကြောင်း
အွန်း...တစ်နည်းဆိုရရင်
နာကျင်ခဲ့တဲ့အကြောင်း
တိမ်စိုင်လေးကို ပြောပြချင်ပါတယ်

ဝေးလွင့်သွားသောတိမ်တိုက်များအကြောင်းWhere stories live. Discover now