ကောင်းကင်ကိုးခုမှ အမတများနှင့် သူတော်စင်များမှာ လောကတစ်သောင်းပါ၀င်သော မြေကမ္ဘာကိုးခုအားအုပ်ချုပ်ကြသည်။ မြေကမ္ဘာတစ်ခုလျှင် လောကတစ်သောင်း(စကြ၀ဠာတိုက်တစ်သောင်း) ပါရှိ၏။ ကောင်းကင်ကိုးခု၏အလွန်တွင်မူ နတ်ဘုရားနယ်မြေတည်ရှိလေ၏။ ဟန်လင်းသည် လောကဦးမှလာခဲ့ကာ လောကဦးအား ပြန်လည်ဖန်တီးမည့်သူ တစ်ဦးဖြစ်လေ၏။ မည်သူ့ကိုမျှ ဒူးမထောက်ခဲ့သူသည် သူ၏သမီးရှေ့တွင်တော့ ကျွန်တစ်ကောင်အလား ခစားနေရပေတော့၏။