ဘဝရဲ့အဆိုးဆုံး အချိန်တွေမှာ လက်ကမ်းပေးခဲ့ဖူးတဲ့သူကို သူမနှလုံးသားထဲကနေ ကြင်နာစွာ သိမ်းယူထားဖူးတယ်.... ထိုလူသည် သူမအတွက် အမှောင်ထုထဲကနေ လင်းလက်နေတဲ့ ကြယ်ကလေးတစ်လုံးလိုဘဲ... နတ်သမီး တစ်ပါးရဲ့ ကိုယ်ပိုင်ကြယ်လေး ........................................... "ကိုယ်တို့ရဲ့ အမွှာလေးကိုကြည့်ပါအုန်း" wheelchairပေါ်တင်ထားသော သူမ၏ လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ထိုလူရဲ့ တည်ရှိနေမှုကို သူမအတော်လေးတိုက်ယူနေရသည်။ သူမသည် ထိုကလေးနှစ်ယောက်ကို စွေကြည့်လိုက်ကာ မျက်ဝန်းအိမ်ထဲမျက်ရည်များပြည့်လျှံလာတော့သည်။ 'ငါချစ်တဲ့လူ မှန်သမျှကို ဒီမကောင်းဆိုးဝါးက သတ်ပစ်တာ ငါဘယ်သူမှ မချစ်ဘူး..'