Unicode
တိမ်ယံလွှမ်းတဲ့တောင်
🦋3🦋
လော့လော် မျက်ခုံးတို့ကို အလိုမကျစိတ်ဖြင့် တွန်းချိုးပစ်လိုက်သည်။
"ဘယ်လိုအကြံလဲ"
"ဒါကတော့ ရှင်နောက်ကျရင် သိရမှာပါ...."
လော့လော်လည်း ဆက်နားမထောင်ချင်တော့တာနဲ့ ကြိုးတံတားပေါ်ကို ခြေစောင့်ကာ ဖြတ်လျှောက်ခဲ့သည်။ ဘာလဲ စောစောစီးစီး ကျက်သရေမရှိ တိမ်လွှမ်းတောင်ထွတ် ဂိတ်တံခါးဝမှာ လာချိန်းတွေ့နေတဲ့အပြင် ရှစ်ဇွင်းကိုတောင် ချောက်ချချင်နေသေးတယ်။
ထိုမိန်းကလေး၏ အကြံဆိုသော အရာကြီးကိုမသိသော်လည်း သူကတော့ ထိုသို့အဖြစ်မခံနိုင်ပါ။ ဟွမ်ကျင်းရွှေ သူ့ဆရာဖြစ်လာပြီ ဆိုကတည်းက ဆရာကိုလုံးဝ အထိခိုက်မခံနိုင်ပေ။ ဘယ်သူတွေ ဘာပြောပြော သူကဟွမ်ကျင်းရွှေကို နားလည်သည်။
လော့လော်က ချိုင့်ကိုလက်တစ်ဖက်ကဆွဲ၍ ဆို၏။
"စောစောစီးစီး ကျက်သရေတုံးတွေ.... တောင်ထွတ်နားလာပြီး ပလူးပလဲလုပ်နေတာ သူတို့ကိုယ်သူတို့ အမှန်တရားဘက်တော်သား ဟုန်ကျင်းကျောင်းတော်ရဲ့ တပည့်တဲ့လား.... တိမ်လွှမ်းတောင်ထွတ်ရဲ့ ဂိတ်တံခါးက သူတို့ချိန်းတွေ့ရမယ့်နေရာလား...."
ပွစိပွစိပြောပြီး လာခဲ့ရာ အိပ်ဆောင်နားပင် ရောက်လာခဲ့ပြီ။
"အဟား....."
ထမင်းချိုင့်ကို ချ၍ ဟားတိုက်ရယ်ပစ်လိုက်သည်။
"ချုံအားကိုးနဲ့ ဇာတ်လမ်းတွေရေးနေတယ်ပေါ့.... တွေ့မယ် နင်တို့ရဲ့ နတ်ဘုံနတ်နန်းကို ငါကိုယ်တိုင်ရှင်း...."
"လော့လော်...."
အိပ်ဆောင်တံခါးပွင့်လာကာ ဟွမ်ကျင်းရွှေ ထွက်လာသည်။
"ရှစ်ဇွင်း....."
ဟွမ်ကျင်းရွှေက အဖြူရောင်ဝတ်ရုံရှည်ဖြင့် ထွက်လာပြီး အရင်ဆုံးအကြည့်ကို ထမင်းချိုင့်ဆီသို့လွှဲကာ တောက်ပသောမျက်ဝန်းတို့ဖြင့် မိမိကိုယ်ကို ပြန်၍လက်ညှိုးထိုးပြသည်။
"ငါ့အတွက်လား...."
"ဟုတ်....."
"ဟားဟား.... "
ဟွမ်ကျင်းရွှေမှာ ဟန်တောင်မဆောင်တော့ဘဲ ထမင်းချိုင့်လေးကို ပြေးဖက်ထားမိသည်။
"အယား..... ငါမင်းတို့ကို လွမ်းနေခဲ့တာ..... လော့လော် မင်းကမနက်စောစော သွားယူပေးတယ်ဆိုတော့ ဝီရိယရှိသားပဲ...."
"ဒါပေါ့...."
"လာ.... "
ဟွမ်ကျင်းရွှေသည် သူ့ဝတ်ရုံလက်ထဲကနေ အခြေတည်အဆင့်စာအုပ်ကို ထုတ်ပေးလိုက်သည်။
"မင်းအတွက်....."
"တကယ်လား....ဟီး ကျေးဇူးတင်ပါတယ် ရှစ်ဇွင်း "
"အင်း.... ရပါတယ် မင်းငါ့ကို ထမင်းဝယ်ကျွေးနေသရွေ့ ငါလည်းတတ်နိုင်သလောက် ပြန်ပေးမှာပါ...."
"တတ်နိုင်သလောက်ပဲလား"
"ဘာလဲဟ မကျေနပ်ဘူးလား.... မင်းရဲ့ပိတ်ဆို့နေတဲ့ သွေးကြောတွေ ပွင့်သွားရင် အဆင်ပြေပြီပဲဟာ...."
"အဲ့ဒါက ရှစ်ဇွင်း အခုဖွင့်ပေးလည်းရတာပဲလေ...."
ဟွမ်ကျင်းရွှေက အရင်ဆုံး လက်ကာပြသည်။ နောက်မှ လက်ညှိုးတစ်ချောင်း ထောင်၍
"မင်းငါသဘောကျလာအောင် လုပ်နိုင်ရင် မင်းသွေးကြောတွေကို ဖွင့်ပေးဖို့ငါစဉ်းစားပေးမယ်"
"ဟုတ်...."
လော့လော်သည် ဟွမ်ကျင်းရွှေပေးသော စာအုပ်ကို သိုလှောင်လက်စွပ်ထဲ အမြန်ထည့်သိမ်းလိုက်ပြီးနောက် ထမင်းချိုင့်ကို ကလေးတစ်ယောက်လိုဖက်ထားဆဲ ဟွမ်ကျင်းရွှေအနားတွင် ဒူးညွတ်ထိုင်လိုက်သည်။
"ရှစ်ဇွင်း.... ဟုန်ကျင်းကျောင်းတော်မှာ ရှစ်ဇွင်းသဘောကျတဲ့သူရှိလား"
ဟွမ်ကျင်းရွှေ၏ အပြုံးတွေသည် မီးကိုရေနဲ့ငြိမ်းသက်လိုက်သည့်နှယ် သူမဆီက မေးခွန်းကိုကြားတော့ ချက်ချင်း လွင့်ပြယ်သွားသည်။ လော့လော်သည် သူမစကားပြော မှားပြီလားလို့ တွေးနေတုန်းမှာပင်။
"ဘာတွေလာပြောနေတာလဲ!"
ရုတ်တရက် ထအော်ပစ်တာကြောင့် သေးသွယ်တဲ့ ခန္ဓာကိုယ်လေး တစ်ချက်တုန်သွားသည်။
"ရှစ်ဇွင်း...."
ဟွမ်ကျင်းရွှေက ထမင်းချိုင့်ကို ပိုက်လျက် မတ်တပ်ရပ်လာ၏။ သူ့မျက်ဝန်းတွေသည် အရင်အတိုင်း ဟန်ဆောင်မှုကင်းဆဲ။
"ငါက ဘယ်သူ့ကို သဘောကျရမှာလဲ"
("ဒါဆို အဲ့မိန်းကလေးက သဘောကျခဲ့တာလား")
"လော့လော်...."
"ဟင်...."
"ငါမင်းကိုပေးတဲ့စာအုပ်က တိမ်လွှမ်းတောင်ထွတ်ရဲ့ ရတနာတွေထဲကနော်... သေသေချာချာ လေ့ကျင့်"
"ဟုတ်...."
"ငါသွားပြီ.... မင်းဝယ်ပေးတဲ့ မနက်စာကို ကောင်းကောင်းကြီး စားပေးမယ်"
ထွက်သွားသူကျောပြင်ကိုသာ ကြည့်ရင်း ကျန်ခဲ့သည်။ ထိုသူသည် အခြားသူများရှေ့တွင် ပေါ့ပျက်ပျက် လူတစ်ယောက်လို နေထိုင်သော်လည်း သူ့နှလုံးသားက ဒဏ်ရာတွေ ရရှိခဲ့ဖူးသည်ကို သူမပြောပြလည်း လော့လော်သိနေပါသည်။
သူမေးလိုက်တဲ့ မေးခွန်းအဆုံး ဟွမ်ကျင်းရွှေ မျက်ဝန်းတွေက သိသိသာသာ ခက်ထန်သွားတာကိုလည်း သတိထားမိသည်။ ဟွမ်ကျင်းရွှေက တကယ်ပဲဆရာတစ်ပါးရဲ့ သမီးကို သဘောကျခဲ့လေသလား။
အဲ့ဒီမိန်းကလေးက သူ့အပေါ် သစ္စာဖောက်ခဲ့တာလား။ အဲ့ဒါကြောင့် ထိုအကြောင်း ပြောလိုက်တုန်းက အမူအရာတွေ ပြောင်းလဲသွားတာလား။
လော့လော် လက်သီးကျစ်ကျစ် ဆုပ်ထားမိ၏။ သူမသည် ကြိုးတံတားရှိရာဘက်သို့ ကျားရဲတစ်ကောင် စိတ်ဆိုးဒေါသထွက်လာတဲ့ မျက်လုံးတို့ဖြင့် လှည့်ကြည့်လိုက်သည်။
"ဟင့်.... နင်တို့ရဲ့နတ်ဘုံ နတ်နန်းကို ငါအခုဖျက်စီးပစ်မယ်....."
ခြေတစ်လှမ်း၊ နှစ်လှမ်း။
"လော့လော်....."
"အဲ့....."
"သစ်ရွက်ခြောက်တွေကို ရှင်းလိုက်...."
"......"
"စာအုပ်ထဲက ကျင့်စဉ်အတိုင်း မင်းရဲ့ခန္ဓာကိုယ် ပျော့ပြောင်းမှုကို သုံးလိုက်...."
"ဟုတ်ကဲ့..."
ဟွမ်ကျင်းရွှေ၏အသံ တိတ်ဆိတ်သွားသောအခါ လော့လော်သည် သိုလှောင်လက်စွပ်ထဲမှ စာအုပ်ကိုထုတ်၍ ကျောက်ပြားပေါ်တွင် ချထားသည်။ ကျောက်ပြားကြီးနောက်တွင် သစ်ပင်ခြောက်ကြီးတစ်ပင်က ခြောက်ကပ်နေသည့် အကိုင်းအခတ်များဖြင့် တည်ရှိနေသည်။
ဟွမ်ကျင်းရွှေ ပေးသော စာအုပ်ထဲကအတိုင်း တင်ပျဉ်ခွေထိုင်ကာ ကျင့်စဉ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲ စီးဆင်းစေသည်။ လက်နှစ်ဖက်ကို ပျော့ပြောင်းစွာ လှုပ်ရှားရင်း စာအုပ်၏လမ်းညွှန်မှုအတိုင်း လေ့ကျင့်သည်။
"အင့်....."
ခန္ဓာကိုယ်ထဲက သွေးကြောတစ်ခု ပွင့်ထွက်သွားလာသည်။
"သွေးကြောတစ်ခု ပွင့်သွားတာလား....ဟီး "
သူ့လက်သူပြန်ကြည့်ရင်း
"ရှစ်ဇွင်းက.... အွန်း တကယ့်ရတနာကို ပေးတာပဲ...."
မြင့်တတ်လာသော စွမ်းအင်များကိုသုံး၍ အိပ်ဆောင်များရှေ့ရှိ အမှိုက်အားလုံးကို တစ်နေရာတည်းမှာ စုပုံထားလိုက်သည်။ ဟွမ်ကျင်းရွှေ ပေးသည့်စာအုပ်က အသုံးတည့်သား။ အမှိုက်များကို လေပွေနဲ့အတူယူဆောင်၍ တစ်နေရာတွင် စုပုံစေသည်။
အကယ်၍ ကျင့်စဉ်စာအုပ်ထဲကအတိုင်း အလုံးစုံကို သူမတတ်မြောက်သွားပါက ရုပ်ဝတ္ထုပစ္စည်းများကိုလည်း ထိုနည်းအတိုင်း ရွေ့လျားနိုင်ပေလိမ့်မည်။
'ဖြောင်း.... ဖြောင်း '
လုပ်လတ်စများ ပြီးတဲ့နောက် လက်ဝါးနှစ်ဖက်ကို ခါရင်း
"ပြီးပြီ....."
လက်ညှိုးနှင့်လက်ခလယ်နှစ်ချောင်းကို အမှိုက်ပုံဆီသို့ ထိုးညွှန်သည်နှင့် မီးကဟုန်းခနဲ တောက်လာသည်။
"ဒါက ဘယ်သူလေးလဲ"
ကျောနောက်မှ ထွက်လာသည့် မိန်းကလေးတစ်ယောက်၏အသံကြောင့် လော့လော် ချာခနဲ လှည့်မိသည်။ အဖြူရောင်ဝတ်ရုံနှင့် ထိုမိန်းကလေးသည် တောက်ပရွှန်းလဲ့သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေ၏။
သူမမျက်နှာတွင် သခင်မလေးတစ်ယောက်၏ အရှိန်အဝါတို့ကို သူမမျက်နှာထက်တွင် ဆင်မြန်းထား၏။ ထိုအချိန် အိပ်ဆောင်တံခါးကြီး ပွင့်လာပြီး ဟွမ်ကျင်းရွှေ ထွက်လာသည်။
"ရှစ်ဇွင်း....."
လော့လော်၏ တွန်းချိုးနေမြဲ မျက်ခုံးတို့သည် ဟွမ်ကျင်းရွှေကို တွေ့လိုက်တဲ့ အချိန်မှာတော့ ပျော့လျော့သွားပြီး ကလေးတစ်ယောက်လို ခုန်ပေါက်ကာပြေးသွားသည်။
"ရှစ်ဇွင်း.... လော့လော် အမှိုက်တွေရှင်းပြီးပြီ...."
"အွန်း... တော်တယ်"
ချီးကျူးစကားနဲ့အတူ လော့လော်ခေါင်းလေးကိုလည်း ပွတ်သပ်ပေး၏။
"ဟွမ်ကျင်းရွှေ.... "
စောစောက ဝတ်ရုံဖြူမိန်းကလေးသည် သူတို့အနား လျှောက်လာ၍
"ဟွမ်ကျင်းရွှေ.... နင်ကအသုံးမကျတဲ့သူ ဖြစ်နေတာတောင် တပည့်တစ်ယောက် ကောက်ရလိုက်သေးတယ်နော်.... ဒါပေမယ့် နင့်တပည့်က လောကဝတ်ကို မသိပုံပဲ"
"သူက ငါ့ကိုကလွဲရင် ဘယ်သူ့ကိုမှ ဂါဝရပြုနေစရာမလိုဘူး...."
တစ်ဖက်မိန်းကလေး၏ မာနထောင်လွှားနေသော မျက်နှာမှာ ပို၍ခက်ထန်သွားတော့သည်။ ဟုန်ကျင်းချင်ဂိုဏ်း၏ အပစ်ပယ်ခံ၊ အချဉ်ဖတ်လိုကောင်က သူမလို သခင်မလေးကို ထိုသို့ပြောလာသည်တဲ့လား။
ဟွမ်ကျင်းရွှေအနေနဲ့ သူမကို ထိုစကားပြောဖို့ အဆင့်တောင်မရှိဘူးလေ။ တိမ်လွှမ်းတောင်ထွတ်က သူ့အဖေပိုင်ဆိုင်ခဲ့တာ မဟုတ်ရင် ဟွမ်ကျင်းရွှေဆိုတာ တိမ်လွှမ်းတောင်ထွတ်ရဲ့ တောင်သခင်တစ်ယောက် ဖြစ်နေအုံးမှာမဟုတ်ဘူး။
အခုအချိန်ဆို လမ်းဘေးက ခွေးလေခွေးလွင့်တွေနဲ့ အစာလုစားရတဲ့ ခွေးတစ်ကောင်သာသာ ဖြစ်နေလောက်ပြီ။ အောက်ခြေအထိကျရှုံးပြီး အသုံးမကျတဲ့သူ ဖြစ်နေပြီ။ အဲ့ဒီသူက အခုသူမကို မလေးမစားလုပ်လာသောအခါ ဝတ်ရုံဖြူမိန်းကလေးသည် ဒေါသကြောင့် မျက်နှာတို့နီးမြန်းလာ၏။
"ရှင်....."
"ဘာကိစ္စနဲ့ လာတာလဲ"
"ဟင့် ကျွန်မက ရှင့်ရဲ့အမှိုက်နေရာကို လာချင်လို့ လာတယ်များထင်နေလား... အဖေနဲ့ရှင့်အဖေ စီစဉ်ခဲ့တဲ့ စေ့စပ်စာချွန်လွှာကြောင့် လာတာ..."
"အို....."
("သူက ရှစ်ဇွင်းနဲ့ စေ့စပ်ထားတဲ့သူလား")
ဝတ်ရုံဖြူမိန်းကလေးကို လော့လော် ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်သည်။
("ဟွန့် တစ်နေရာမှ ငါ့ကိုမမှီဘူး....")
"ဟွမ်ကျင်းရွှေ.... "
ဝတ်ရုံဖြူမိန်းကလေးက အနီရောင်စာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ပေးလာ၏။
"နင့်လို အမှိုက်ကောင်နဲ့ မဆက်ဆံချင်ဘူး.... စေ့စပ်စာချွန်လွှာကို ဖျက်သိမ်းပေးပါ"
ဟွမ်ကျင်းရွှေ လက်လှမ်းလိုက်တုန်းရှိသေး ထိုစာအုပ်ကို လော့လော်ကယူ၍ အဝေးကမီးပုံဆီသို့ လှည့်တောင်မကြည့်ဘဲ ပစ်ထည့်ပစ်လေသည်။
"နင်...."
"နင်.. ဘာနင်လဲ.... ကျွန်မကလည်း ရှင့်လိုမိန်းကလေးနဲ့ ရှစ်ဇွင်းကို သဘောမတူနိုင်ပါဘူး... ရှင်ပြောတဲ့ 'ကျွန်မမှာ အကြံရှိပါတယ်'ဆိုတာ ဒါလား"
"နင်ဘာပြောချင်တာလဲ...."
"အဟား.... စောစောစီးစီး ကျက်သရေမရှိ ဂိတ်တံခါးနားကချုံမှာ ပလူးပလဲလာလုပ်နေတာ.... ဟား ဟား လတ်စသတ်တော့ရှင်ကိုး..."
"နင်....."
တစ်ဖက်မိန်းကလေးမှာ သူမအား လက်ညှိုးထိုး၍ ဒေါသမီးတောက်ပါ မျက်လုံးတို့ဖြင့် စူးစိုက်ကြည့်နေသည်။ အစက ကြောင်အန်းနေသော ဟွမ်ကျင်းရွှေမှာလည်း လော့လော်စကားကြားသောအခါ အံ့သြမင်သက်နေလေ၏။
မိန်းကလေးမှာ သူမတို့ကိစ္စကို ဒီလိုလူသိသွားမယ်လို့ မထင်ထားတာကြောင့် ရုတ်တရက် ကြားလိုက်ရသောအခါတွင် မယုံနိုင်အောင် ဖြစ်မိတာ အမှန်ပင်။ သို့သော် သူမနဲ့သူမချစ်သူ တွေ့ဆုံးခဲ့တာက တိမ်လွှမ်းတောင်ထွတ်နားက ချုံတွင်ကိုး။
လော့လော်ကလည်း တိမ်လွှမ်းတောင်ထွတ်က တပည့်တစ်ယောက်ဖြစ်နေတော့ ထိုဂိတ်တံခါးကနေ ဖြတ်သွားစဉ် သူမတို့အကြောင်းကို သိရှိသွားတာ ဖြစ်နိုင်သည်။ ဝတ်ရုံဖြူမိန်းကလေးသည် သူမလက်ညှိုးကို လက်သီးအဖြစ် ကျစ်နေအောင်ဆုပ်၍ ပြန်ချလိုက်၏။
"ကောင်းပြီ.... စေ့စပ်စာလွှာ မရှိတော့ဘူးဆိုတော့ ကျွန်မတို့ကိစ္စလည်း ပျက်သွားပြီ.... ဟင့် အမှိုက်လိုနေရာ...."
လော့လော်က ပြန်ပြောလိုက်သည်။
"ဒါဆို အမှိုက်လိုနေရာမှာ နောက်ထပ်လာမချိန်းတွေ့နဲ့နော်"
"နင်......"
ဝတ်ရုံဖြူမိန်းကလေးသည် လော့လော်အပေါ် ဒေါသပုံချပစ်လိုက်ချင်သော်လည်း ဂိုဏ်းစည်းကမ်းက သူမကိုတားမြစ်ထားတာကြောင့် ခြေစောင့်၍သာ တိမ်လွှမ်းတောင်ထွတ်မှ ထွက်ခွာလာခဲ့တော့သည်။
ဟွမ်ကျင်းရွှေသည် သူ၏ရွှေဝါရောင်ဆံပင်များကို အနောက်သို့ သပ်တင်ပြီး လော့လော်အရှေ့တွင် သွားရပ်လိုက်သည်။
"မထင်ထားဘူး.... မင်းက ဆရာကြီးဟိုင်ရဲ့ သမီးကိုတောင် ရန်ပြန်တွေ့ရဲသားပဲ"
"ဆရာကြီးဟိုင်က ဘယ်သူလဲ"
Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္
🦋3🦋
ေလာ့ေလာ္ မ်က္ခုံးတို႔ကို အလိုမက်စိတ္ျဖင့္ တြန္းခ်ိဳးပစ္လိုက္သည္။
"ဘယ္လိုအႀကံလဲ"
"ဒါကေတာ့ ရွင္ေနာက္က်ရင္ သိရမွာပါ...."
ေလာ့ေလာ္လည္း ဆက္နားမေထာင္ခ်င္ေတာ့တာနဲ႕ ႀကိဳးတံတားေပၚကို ေျခေစာင့္ကာ ျဖတ္ေလွ်ာက္ခဲ့သည္။ ဘာလဲ ေစာေစာစီးစီး က်က္သေရမရွိ တိမ္လႊမ္းေတာင္ထြတ္ ဂိတ္တံခါးဝမွာ လာခ်ိန္းေတြ႕ေနတဲ့အျပင္ ရွစ္ဇြင္းကိုေတာင္ ေခ်ာက္ခ်ခ်င္ေနေသးတယ္။
ထိုမိန္းကေလး၏ အႀကံဆိုေသာ အရာႀကီးကိုမသိေသာ္လည္း သူကေတာ့ ထိုသို႔အျဖစ္မခံနိုင္ပါ။ ဟြမ္က်င္းေ႐ႊ သူ႕ဆရာျဖစ္လာၿပီ ဆိုကတည္းက ဆရာကိုလုံးဝ အထိခိုက္မခံနိုင္ေပ။ ဘယ္သူေတြ ဘာေျပာေျပာ သူကဟြမ္က်င္းေ႐ႊကို နားလည္သည္။
ေလာ့ေလာ္က ခ်ိဳင့္ကိုလက္တစ္ဖက္ကဆြဲ၍ ဆို၏။
"ေစာေစာစီးစီး က်က္သေရတုံးေတြ.... ေတာင္ထြတ္နားလာၿပီး ပလူးပလဲလုပ္ေနတာ သူတို႔ကိုယ္သူတို႔ အမွန္တရားဘက္ေတာ္သား ဟုန္က်င္းေက်ာင္းေတာ္ရဲ႕ တပည့္တဲ့လား.... တိမ္လႊမ္းေတာင္ထြတ္ရဲ႕ ဂိတ္တံခါးက သူတို႔ခ်ိန္းေတြ႕ရမယ့္ေနရာလား...."
ပြစိပြစိေျပာၿပီး လာခဲ့ရာ အိပ္ေဆာင္နားပင္ ေရာက္လာခဲ့ၿပီ။
"အဟား....."
ထမင္းခ်ိဳင့္ကို ခ်၍ ဟားတိုက္ရယ္ပစ္လိုက္သည္။
"ခ်ဳံအားကိုးနဲ႕ ဇာတ္လမ္းေတြေရးေနတယ္ေပါ့.... ေတြ႕မယ္ နင္တို႔ရဲ႕ နတ္ဘုံနတ္နန္းကို ငါကိုယ္တိုင္ရွင္း...."
"ေလာ့ေလာ္...."
အိပ္ေဆာင္တံခါးပြင့္လာကာ ဟြမ္က်င္းေ႐ႊ ထြက္လာသည္။
"ရွစ္ဇြင္း....."
ဟြမ္က်င္းေ႐ႊက အျဖဴေရာင္ဝတ္႐ုံရွည္ျဖင့္ ထြက္လာၿပီး အရင္ဆုံးအၾကည့္ကို ထမင္းခ်ိဳင့္ဆီသို႔လႊဲကာ ေတာက္ပေသာမ်က္ဝန္းတို႔ျဖင့္ မိမိကိုယ္ကို ျပန္၍လက္ညွိုးထိုးျပသည္။
"ငါ့အတြက္လား...."
"ဟုတ္....."
"ဟားဟား.... "
ဟြမ္က်င္းေ႐ႊမွာ ဟန္ေတာင္မေဆာင္ေတာ့ဘဲ ထမင္းခ်ိဳင့္ေလးကို ေျပးဖက္ထားမိသည္။
"အယား..... ငါမင္းတို႔ကို လြမ္းေနခဲ့တာ..... ေလာ့ေလာ္ မင္းကမနက္ေစာေစာ သြားယူေပးတယ္ဆိုေတာ့ ဝီရိယရွိသားပဲ...."
"ဒါေပါ့...."
"လာ.... "
ဟြမ္က်င္းေ႐ႊသည္ သူ႕ဝတ္႐ုံလက္ထဲကေန အေျခတည္အဆင့္စာအုပ္ကို ထုတ္ေပးလိုက္သည္။
"မင္းအတြက္....."
"တကယ္လား....ဟီး ေက်းဇူးတင္ပါတယ္ ရွစ္ဇြင္း "
"အင္း.... ရပါတယ္ မင္းငါ့ကို ထမင္းဝယ္ေကြၽးေနသေ႐ြ႕ ငါလည္းတတ္နိုင္သေလာက္ ျပန္ေပးမွာပါ...."
"တတ္နိုင္သေလာက္ပဲလား"
"ဘာလဲဟ မေက်နပ္ဘူးလား.... မင္းရဲ႕ပိတ္ဆို႔ေနတဲ့ ေသြးေၾကာေတြ ပြင့္သြားရင္ အဆင္ေျပၿပီပဲဟာ...."
"အဲ့ဒါက ရွစ္ဇြင္း အခုဖြင့္ေပးလည္းရတာပဲေလ...."
ဟြမ္က်င္းေ႐ႊက အရင္ဆုံး လက္ကာျပသည္။ ေနာက္မွ လက္ညွိုးတစ္ေခ်ာင္း ေထာင္၍
"မင္းငါသေဘာက်လာေအာင္ လုပ္နိုင္ရင္ မင္းေသြးေၾကာေတြကို ဖြင့္ေပးဖို႔ငါစဥ္းစားေပးမယ္"
"ဟုတ္...."
ေလာ့ေလာ္သည္ ဟြမ္က်င္းေ႐ႊေပးေသာ စာအုပ္ကို သိုေလွာင္လက္စြပ္ထဲ အျမန္ထည့္သိမ္းလိုက္ၿပီးေနာက္ ထမင္းခ်ိဳင့္ကို ကေလးတစ္ေယာက္လိုဖက္ထားဆဲ ဟြမ္က်င္းေ႐ႊအနားတြင္ ဒူးၫြတ္ထိုင္လိုက္သည္။
"ရွစ္ဇြင္း.... ဟုန္က်င္းေက်ာင္းေတာ္မွာ ရွစ္ဇြင္းသေဘာက်တဲ့သူရွိလား"
ဟြမ္က်င္းေ႐ႊ၏ အၿပဳံးေတြသည္ မီးကိုေရနဲ႕ၿငိမ္းသက္လိုက္သည့္ႏွယ္ သူမဆီက ေမးခြန္းကိုၾကားေတာ့ ခ်က္ခ်င္း လြင့္ျပယ္သြားသည္။ ေလာ့ေလာ္သည္ သူမစကားေျပာ မွားၿပီလားလို႔ ေတြးေနတုန္းမွာပင္။
"ဘာေတြလာေျပာေနတာလဲ!"
႐ုတ္တရက္ ထေအာ္ပစ္တာေၾကာင့္ ေသးသြယ္တဲ့ ခႏၶာကိုယ္ေလး တစ္ခ်က္တုန္သြားသည္။
"ရွစ္ဇြင္း...."
ဟြမ္က်င္းေ႐ႊက ထမင္းခ်ိဳင့္ကို ပိုက္လ်က္ မတ္တပ္ရပ္လာ၏။ သူ႕မ်က္ဝန္းေတြသည္ အရင္အတိုင္း ဟန္ေဆာင္မႈကင္းဆဲ။
"ငါက ဘယ္သူ႕ကို သေဘာက်ရမွာလဲ"
("ဒါဆို အဲ့မိန္းကေလးက သေဘာက်ခဲ့တာလား")
"ေလာ့ေလာ္...."
"ဟင္...."
"ငါမင္းကိုေပးတဲ့စာအုပ္က တိမ္လႊမ္းေတာင္ထြတ္ရဲ႕ ရတနာေတြထဲကေနာ္... ေသေသခ်ာခ်ာ ေလ့က်င့္"
"ဟုတ္...."
"ငါသြားၿပီ.... မင္းဝယ္ေပးတဲ့ မနက္စာကို ေကာင္းေကာင္းႀကီး စားေပးမယ္"
ထြက္သြားသူေက်ာျပင္ကိုသာ ၾကည့္ရင္း က်န္ခဲ့သည္။ ထိုသူသည္ အျခားသူမ်ားေရွ႕တြင္ ေပါ့ပ်က္ပ်က္ လူတစ္ေယာက္လို ေနထိုင္ေသာ္လည္း သူ႕ႏွလုံးသားက ဒဏ္ရာေတြ ရရွိခဲ့ဖူးသည္ကို သူမေျပာျပလည္း ေလာ့ေလာ္သိေနပါသည္။
သူေမးလိုက္တဲ့ ေမးခြန္းအဆုံး ဟြမ္က်င္းေ႐ႊ မ်က္ဝန္းေတြက သိသိသာသာ ခက္ထန္သြားတာကိုလည္း သတိထားမိသည္။ ဟြမ္က်င္းေ႐ႊက တကယ္ပဲဆရာတစ္ပါးရဲ႕ သမီးကို သေဘာက်ခဲ့ေလသလား။
အဲ့ဒီမိန္းကေလးက သူ႕အေပၚ သစၥာေဖာက္ခဲ့တာလား။ အဲ့ဒါေၾကာင့္ ထိုအေၾကာင္း ေျပာလိုက္တုန္းက အမူအရာေတြ ေျပာင္းလဲသြားတာလား။
ေလာ့ေလာ္ လက္သီးက်စ္က်စ္ ဆုပ္ထားမိ၏။ သူမသည္ ႀကိဳးတံတားရွိရာဘက္သို႔ က်ားရဲတစ္ေကာင္ စိတ္ဆိုးေဒါသထြက္လာတဲ့ မ်က္လုံးတို႔ျဖင့္ လွည့္ၾကည့္လိုက္သည္။
"ဟင့္.... နင္တို႔ရဲ႕နတ္ဘုံ နတ္နန္းကို ငါအခုဖ်က္စီးပစ္မယ္....."
ေျခတစ္လွမ္း၊ ႏွစ္လွမ္း။
"ေလာ့ေလာ္....."
"အဲ့....."
"သစ္႐ြက္ေျခာက္ေတြကို ရွင္းလိုက္...."
"......"
"စာအုပ္ထဲက က်င့္စဥ္အတိုင္း မင္းရဲ႕ခႏၶာကိုယ္ ေပ်ာ့ေျပာင္းမႈကို သုံးလိုက္...."
"ဟုတ္ကဲ့..."
ဟြမ္က်င္းေ႐ႊ၏အသံ တိတ္ဆိတ္သြားေသာအခါ ေလာ့ေလာ္သည္ သိုေလွာင္လက္စြပ္ထဲမွ စာအုပ္ကိုထုတ္၍ ေက်ာက္ျပားေပၚတြင္ ခ်ထားသည္။ ေက်ာက္ျပားႀကီးေနာက္တြင္ သစ္ပင္ေျခာက္ႀကီးတစ္ပင္က ေျခာက္ကပ္ေနသည့္ အကိုင္းအခတ္မ်ားျဖင့္ တည္ရွိေနသည္။
ဟြမ္က်င္းေ႐ႊ ေပးေသာ စာအုပ္ထဲကအတိုင္း တင္ပ်ဥ္ေခြထိုင္ကာ က်င့္စဥ္စြမ္းအင္မ်ားကို သူ႕ခႏၶာကိုယ္ထဲ စီးဆင္းေစသည္။ လက္ႏွစ္ဖက္ကို ေပ်ာ့ေျပာင္းစြာ လႈပ္ရွားရင္း စာအုပ္၏လမ္းၫႊန္မႈအတိုင္း ေလ့က်င့္သည္။
"အင့္....."
ခႏၶာကိုယ္ထဲက ေသြးေၾကာတစ္ခု ပြင့္ထြက္သြားလာသည္။
"ေသြးေၾကာတစ္ခု ပြင့္သြားတာလား....ဟီး "
သူ႕လက္သူျပန္ၾကည့္ရင္း
"ရွစ္ဇြင္းက.... အြန္း တကယ့္ရတနာကို ေပးတာပဲ...."
ျမင့္တတ္လာေသာ စြမ္းအင္မ်ားကိုသုံး၍ အိပ္ေဆာင္မ်ားေရွ႕ရွိ အမွိုက္အားလုံးကို တစ္ေနရာတည္းမွာ စုပုံထားလိုက္သည္။ ဟြမ္က်င္းေ႐ႊ ေပးသည့္စာအုပ္က အသုံးတည့္သား။ အမွိုက္မ်ားကို ေလေပြနဲ႕အတူယူေဆာင္၍ တစ္ေနရာတြင္ စုပုံေစသည္။
အကယ္၍ က်င့္စဥ္စာအုပ္ထဲကအတိုင္း အလုံးစုံကို သူမတတ္ေျမာက္သြားပါက ႐ုပ္ဝတၳဳပစၥည္းမ်ားကိုလည္း ထိုနည္းအတိုင္း ေ႐ြ႕လ်ားနိုင္ေပလိမ့္မည္။
'ေျဖာင္း.... ေျဖာင္း '
လုပ္လတ္စမ်ား ၿပီးတဲ့ေနာက္ လက္ဝါးႏွစ္ဖက္ကို ခါရင္း
"ၿပီးၿပီ....."
လက္ညွိုးႏွင့္လက္ခလယ္ႏွစ္ေခ်ာင္းကို အမွိုက္ပုံဆီသို႔ ထိုးၫႊန္သည္ႏွင့္ မီးကဟုန္းခနဲ ေတာက္လာသည္။
"ဒါက ဘယ္သူေလးလဲ"
ေက်ာေနာက္မွ ထြက္လာသည့္ မိန္းကေလးတစ္ေယာက္၏အသံေၾကာင့္ ေလာ့ေလာ္ ခ်ာခနဲ လွည့္မိသည္။ အျဖဴေရာင္ဝတ္႐ုံႏွင့္ ထိုမိန္းကေလးသည္ ေတာက္ပ႐ႊန္းလဲ့ေသာ မ်က္လုံးမ်ားျဖင့္ သူမကို စိုက္ၾကည့္ေန၏။
သူမမ်က္ႏွာတြင္ သခင္မေလးတစ္ေယာက္၏ အရွိန္အဝါတို႔ကို သူမမ်က္ႏွာထက္တြင္ ဆင္ျမန္းထား၏။ ထိုအခ်ိန္ အိပ္ေဆာင္တံခါးႀကီး ပြင့္လာၿပီး ဟြမ္က်င္းေ႐ႊ ထြက္လာသည္။
"ရွစ္ဇြင္း....."
ေလာ့ေလာ္၏ တြန္းခ်ိဳးေနၿမဲ မ်က္ခုံးတို႔သည္ ဟြမ္က်င္းေ႐ႊကို ေတြ႕လိုက္တဲ့ အခ်ိန္မွာေတာ့ ေပ်ာ့ေလ်ာ့သြားၿပီး ကေလးတစ္ေယာက္လို ခုန္ေပါက္ကာေျပးသြားသည္။
"ရွစ္ဇြင္း.... ေလာ့ေလာ္ အမွိုက္ေတြရွင္းၿပီးၿပီ...."
"အြန္း... ေတာ္တယ္"
ခ်ီးက်ဴးစကားနဲ႕အတူ ေလာ့ေလာ္ေခါင္းေလးကိုလည္း ပြတ္သပ္ေပး၏။
"ဟြမ္က်င္းေ႐ႊ.... "
ေစာေစာက ဝတ္႐ုံျဖဴမိန္းကေလးသည္ သူတို႔အနား ေလွ်ာက္လာ၍
"ဟြမ္က်င္းေ႐ႊ.... နင္ကအသုံးမက်တဲ့သူ ျဖစ္ေနတာေတာင္ တပည့္တစ္ေယာက္ ေကာက္ရလိုက္ေသးတယ္ေနာ္.... ဒါေပမယ့္ နင့္တပည့္က ေလာကဝတ္ကို မသိပုံပဲ"
"သူက ငါ့ကိုကလြဲရင္ ဘယ္သူ႕ကိုမွ ဂါဝရျပဳေနစရာမလိုဘူး...."
တစ္ဖက္မိန္းကေလး၏ မာနေထာင္လႊားေနေသာ မ်က္ႏွာမွာ ပို၍ခက္ထန္သြားေတာ့သည္။ ဟုန္က်င္းခ်င္ဂိုဏ္း၏ အပစ္ပယ္ခံ၊ အခ်ဥ္ဖတ္လိုေကာင္က သူမလို သခင္မေလးကို ထိုသို႔ေျပာလာသည္တဲ့လား။
ဟြမ္က်င္းေ႐ႊအေနနဲ႕ သူမကို ထိုစကားေျပာဖို႔ အဆင့္ေတာင္မရွိဘူးေလ။ တိမ္လႊမ္းေတာင္ထြတ္က သူ႕အေဖပိုင္ဆိုင္ခဲ့တာ မဟုတ္ရင္ ဟြမ္က်င္းေ႐ႊဆိုတာ တိမ္လႊမ္းေတာင္ထြတ္ရဲ႕ ေတာင္သခင္တစ္ေယာက္ ျဖစ္ေနအုံးမွာမဟုတ္ဘူး။
အခုအခ်ိန္ဆို လမ္းေဘးက ေခြးေလေခြးလြင့္ေတြနဲ႕ အစာလုစားရတဲ့ ေခြးတစ္ေကာင္သာသာ ျဖစ္ေနေလာက္ၿပီ။ ေအာက္ေျခအထိက်ရႈံးၿပီး အသုံးမက်တဲ့သူ ျဖစ္ေနၿပီ။ အဲ့ဒီသူက အခုသူမကို မေလးမစားလုပ္လာေသာအခါ ဝတ္႐ုံျဖဴမိန္းကေလးသည္ ေဒါသေၾကာင့္ မ်က္ႏွာတို႔နီးျမန္းလာ၏။
"ရွင္....."
"ဘာကိစၥနဲ႕ လာတာလဲ"
"ဟင့္ ကြၽန္မက ရွင့္ရဲ႕အမွိုက္ေနရာကို လာခ်င္လို႔ လာတယ္မ်ားထင္ေနလား... အေဖနဲ႕ရွင့္အေဖ စီစဥ္ခဲ့တဲ့ ေစ့စပ္စာခြၽန္လႊာေၾကာင့္ လာတာ..."
"အို....."
("သူက ရွစ္ဇြင္းနဲ႕ ေစ့စပ္ထားတဲ့သူလား")
ဝတ္႐ုံျဖဴမိန္းကေလးကို ေလာ့ေလာ္ ေခါင္းအစေျခအဆုံး အကဲခတ္ၾကည့္လိုက္သည္။
("ဟြန့္ တစ္ေနရာမွ ငါ့ကိုမမွီဘူး....")
"ဟြမ္က်င္းေ႐ႊ.... "
ဝတ္႐ုံျဖဴမိန္းကေလးက အနီေရာင္စာအုပ္ငယ္ေလး တစ္အုပ္ကို ထုတ္ေပးလာ၏။
"နင့္လို အမွိုက္ေကာင္နဲ႕ မဆက္ဆံခ်င္ဘူး.... ေစ့စပ္စာခြၽန္လႊာကို ဖ်က္သိမ္းေပးပါ"
ဟြမ္က်င္းေ႐ႊ လက္လွမ္းလိုက္တုန္းရွိေသး ထိုစာအုပ္ကို ေလာ့ေလာ္ကယူ၍ အေဝးကမီးပုံဆီသို႔ လွည့္ေတာင္မၾကည့္ဘဲ ပစ္ထည့္ပစ္ေလသည္။
"နင္...."
"နင္.. ဘာနင္လဲ.... ကြၽန္မကလည္း ရွင့္လိုမိန္းကေလးနဲ႕ ရွစ္ဇြင္းကို သေဘာမတူနိုင္ပါဘူး... ရွင္ေျပာတဲ့ 'ကြၽန္မမွာ အႀကံရွိပါတယ္'ဆိုတာ ဒါလား"
"နင္ဘာေျပာခ်င္တာလဲ...."
"အဟား.... ေစာေစာစီးစီး က်က္သေရမရွိ ဂိတ္တံခါးနားကခ်ဳံမွာ ပလူးပလဲလာလုပ္ေနတာ.... ဟား ဟား လတ္စသတ္ေတာ့ရွင္ကိုး..."
"နင္....."
တစ္ဖက္မိန္းကေလးမွာ သူမအား လက္ညွိုးထိုး၍ ေဒါသမီးေတာက္ပါ မ်က္လုံးတို႔ျဖင့္ စူးစိုက္ၾကည့္ေနသည္။ အစက ေၾကာင္အန္းေနေသာ ဟြမ္က်င္းေ႐ႊမွာလည္း ေလာ့ေလာ္စကားၾကားေသာအခါ အံ့ၾသမင္သက္ေနေလ၏။
မိန္းကေလးမွာ သူမတို႔ကိစၥကို ဒီလိုလူသိသြားမယ္လို႔ မထင္ထားတာေၾကာင့္ ႐ုတ္တရက္ ၾကားလိုက္ရေသာအခါတြင္ မယုံနိုင္ေအာင္ ျဖစ္မိတာ အမွန္ပင္။ သို႔ေသာ္ သူမနဲ႕သူမခ်စ္သူ ေတြ႕ဆုံးခဲ့တာက တိမ္လႊမ္းေတာင္ထြတ္နားက ခ်ဳံတြင္ကိုး။
ေလာ့ေလာ္ကလည္း တိမ္လႊမ္းေတာင္ထြတ္က တပည့္တစ္ေယာက္ျဖစ္ေနေတာ့ ထိုဂိတ္တံခါးကေန ျဖတ္သြားစဥ္ သူမတို႔အေၾကာင္းကို သိရွိသြားတာ ျဖစ္နိုင္သည္။ ဝတ္႐ုံျဖဴမိန္းကေလးသည္ သူမလက္ညွိုးကို လက္သီးအျဖစ္ က်စ္ေနေအာင္ဆုပ္၍ ျပန္ခ်လိဳက္၏။
"ေကာင္းၿပီ.... ေစ့စပ္စာလႊာ မရွိေတာ့ဘူးဆိုေတာ့ ကြၽန္မတို႔ကိစၥလည္း ပ်က္သြားၿပီ.... ဟင့္ အမွိုက္လိုေနရာ...."
ေလာ့ေလာ္က ျပန္ေျပာလိုက္သည္။
"ဒါဆို အမွိုက္လိုေနရာမွာ ေနာက္ထပ္လာမခ်ိန္းေတြ႕နဲ႕ေနာ္"
"နင္......"
ဝတ္႐ုံျဖဴမိန္းကေလးသည္ ေလာ့ေလာ္အေပၚ ေဒါသပုံခ်ပစ္လိုက္ခ်င္ေသာ္လည္း ဂိုဏ္းစည္းကမ္းက သူမကိုတားျမစ္ထားတာေၾကာင့္ ေျခေစာင့္၍သာ တိမ္လႊမ္းေတာင္ထြတ္မွ ထြက္ခြာလာခဲ့ေတာ့သည္။
ဟြမ္က်င္းေ႐ႊသည္ သူ၏ေ႐ႊဝါေရာင္ဆံပင္မ်ားကို အေနာက္သို႔ သပ္တင္ၿပီး ေလာ့ေလာ္အေရွ႕တြင္ သြားရပ္လိုက္သည္။
"မထင္ထားဘူး.... မင္းက ဆရာႀကီးဟိုင္ရဲ႕ သမီးကိုေတာင္ ရန္ျပန္ေတြ႕ရဲသားပဲ"
"ဆရာႀကီးဟိုင္က ဘယ္သူလဲ"