တိမ်ယံလွှမ်းတဲ့တောင် / တိမ္ယံ...

By hinnthawethadar

46.5K 5.7K 39

Normal သိုင်းစာစဥ်လေးပါ Normal သိုင္းစာစဥ္ေလးပါ More

🦋Read🦋
🦋2🦋
🦋3🦋
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🦋16🦋
🦋17🦋
🦋18🦋
🦋19🦋
🦋20🦋
🦋21🦋
🦋22🦋
🦋23🦋
🦋24🦋
🦋25🦋
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋31🦋
🦋32🦋
🦋33🦋
🦋34🦋
🦋35🦋
🦋36🦋
🦋37🦋
🦋38🦋
🦋39🦋
🦋40🦋
🦋41🦋
🦋42🦋
🦋43🦋
🦋44🦋
🦋45🦋
🦋46🦋
🦋47🦋
🦋48🦋
🦋49🦋
🦋50🦋
🦋51🦋
🦋52🦋
🦋To read 🦋
🦋53🦋
🦋54🦋
🦋55🦋
🦋56🦋
🦋57🦋
🦋58🦋
🦋59🦋
🦋60🦋
🦋61🦋
🦋62🦋
🦋63🦋
🦋64🦋
🦋65🦋Final
🦋Continue🦋

🦋1🦋

2.1K 154 1
By hinnthawethadar

Unicode
တိမ်ယံလွှမ်းတဲ့တောင်  

                         🦋1🦋

'ဟူ.......'

       တစ်ဖက်က လက်သီးတိုက်ကွက်ကို ခန္ဓာကိုယ် သေးသေးသွယ်သွယ်နဲ့ လှပသော မိန်းကလေးတစ်ယောက်က သူမခန္ဓာကိုယ်ကို အနောက်သို့တိမ်းစောင်းကာ ရှောင်လိုက်သည်။ ခြေလှမ်းခြေကြွမှန်မှန်ဖြင့် သူတို့နှစ်ယောက်သည် ဟုန်ကျင်းကျောင်းတော်၏ ပညာဖလှယ်သည့် စင်မြင့်ပေါ်တွင် တိုက်ခိုက်နေကြတာဖြစ်သည်။

       ပထမလက်သီးတိုက်ကွက်ကို ထုတ်သောသူမှာ သူမနှင့်ရွယ်တူ လူငယ်လေးတစ်ယောက်ဖြစ်ကာ အခြေခံအဆင့်က ကောင်းမွန်သော်လည်း သူ့လက်သီးတွေက ပန်းပွင့်လက်သီးကဲ့သို့ အားမပါပေ။

        တစ်ဖက်မိန်းကလေးသည် မျက်နှာတစ်ခြမ်းကို ဖုံးအုပ်ထားသည်သာမက သူမ၏အမည်ကိုလည်း ထုတ်ဖော်မပြသေးပေ။ တစ်ဖက်လူငယ်နှင့် သူမ၏လက်ဝါးထိ တွေ့သွားစဉ်တွင်တော့။

'ဝုန်း.....'

       မျက်နှာဖုံးမိန်းကလေး လွင့်သွားလေသည်။ လေထုပေါ်တွင် နှစ်ပတ်လောက်လှိမ့်ကာ ဟန်ချက်ပြန်ထိန်းလိုက်ရသည်။

"မိန်းကလေး.... မင်းရဲ့အခြေခံအဆင့်က ထင်သလောက်လည်း မဟုတ်ပါဘူး....."

       မိန်းကလေးက ချက်ချင်းပြန်ထ၍ ဒုတိယအကြိမ် တိုက်ခိုက်မည်အပြင်။

"ရပ်......"

       ဟုန်ကျင်းကျောင်းတော်၏ ဆရာတစ်ယောက်ဖြစ်သော ဆရာယဲ့က ထပြောလိုက်သည်။ တပည့်များ ရွေးချယ်ပွဲတွင် အနယ်နယ် အရပ်ရပ်က လူငယ်များ လာရောက်ယှဉ်ပြိုင်ကြရာ သူတို့နှစ်ယောက်က နောက်ဆုံးဖြစ်လေသည်။

       ဟုန်ကျင်းကျောင်းဟု ခေါ်တွင်သော်လည်း လောကသိအမည်မှာ ဟုန်ကျင်းချင်ဂိုဏ်းသာ ဖြစ်သည်။ သိဒ္ဓိစွမ်းအင် အားကောင်းသော တောင်ကြီးပေါ်တွင် တည်ထား၍ တောင်ခွဲလေးလုံးရှိကာ တောင်တစ်လုံးစီတွင် တောင်သခင် တစ်ယောက်ဆီရှိသည်။

       ငါးနှစ်တစ်ကြိမ် ကျင်းပသော တပည့်ရွေးချယ်ပွဲတွင် ယခုနှစ်က လာရောက်ယှဉ်ပြိုင်သူ အများဆုံးနှစ်ဖြစ်တာကြောင့် စစ်ဆေးရာတွင် အချိန်ကြာသွားခဲ့လို့ ညနေစောင်းပင် ရောက်နေပြီ ။

       ပြိုင်ပွဲရလဒ်တောင် မထွက်သေးဘဲ သူမတို့ကို ရပ်ခိုင်းလိုက်တာကြောင့် နှစ်ယောက်စလုံးသည် ဝတ်ရုံလက်ကို တင်းတင်းဆုပ်လျက် စိုးရိမ်နေကြသည်။

"မင်းတို့ရဲ့အခြေခံတွေက ကောင်းမွန်တယ်.... ငါသဘောကျတယ်...."

       ဆရာယဲ့ဆီက ထိုစကားကြားသည့်အခိုက်တွင် သူတို့နှစ်ယောက်လုံး ဒူးထောက်ဂါဝရပြုကြ၏။

"ကျေးဇူးတင်ပါတယ် ဆရာယဲ့"
"ကျေးဇူးတင်ပါတယ် ဆရာယဲ့ "

"နာမည်...."

"ကျွန်တော့်နာမည် ချန်ရောင်ပါ...."
"ကျွန်မ လော့လော်"

"ကောင်းပြီ...."

       ဆရာယဲ့သည် ကျောက်စိမ်းပြားနှစ်ခုကို လေထုအလယ်သို့ မြှောက်တင်လိုက်ပြီး စွမ်းအင်သုံး၍ ကျောက်စိမ်းပြားပေါ်တွင် နာမည်ရေးထိုးပေးကာ သူတို့၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်.... "
"ကျေးဇူးတင်ပါတယ် "

       သိုင်းပညာ ဖလှယ်သည့် စင်မြင့်သည် နန်းဆောင်ကြီးထဲတွင် သီးခြားထားရှိတာဖြစ်ပြီး နှစ်ယောက်ချင်း ခေါ်ယူစစ်ဆေးတာဖြစ်တာကြောင့် အခန်းကြီးထဲတွင် ကျောင်းသားနှစ်ယောက်နဲ့ ဆရာတစ်ယောက်၊ ပြီးနောက် စစ်ဆေးအကဲဖြတ်သည့်အဖွဲ့သာ ရှိပေသည်။

       ဆရာယဲ့က သင်ကြားပေးမည့်ဆရာများ၏ အမည်တံဆိပ်ပြားကို တန်းစီးလျက် ယူလာသည်။

"ချန်ရောင်.... မင်းလိုချင်တဲ့ဆရာကို ရွေးလိုက်ပါ"
"ဟုတ်ကဲ့...."

        ချန်ရောင်သည်ထ၍ တံဆိပ်ပြားတစ်ခုပေါ်တွင် လက်ထိပ်ဖောက်ကာ သွေးစက်ချ တံဆိပ်ခတ်လိုက်လေသည်။ ကျောင်းသားတစ်ယောက်က သူ့သွေးစက်ဖြင့် တံဆိပ်ခတ်ပြီးသည်နှင့် အကြီးအကဲများကျောက်တိုင်တွင် ထိုဆရာ၏ကျောင်းသား အရေအတွက်က အလိုလိုပေါ်လာမှာ ဖြစ်သည်။

       လိမ်ညာ၍မရ၊ အတုအယောင်လုပ်လို့ မရပေ။ တောင်လေးခုရှိ တောင်သခင်များသည် ဆရာများအဖြစ် သင်ကြားခွင့်ရှိကာ မိမိအား ရွေးချယ်ခဲ့သည့် တပည့်များကိုလည်း စိတ်ကြိုက်ပြန်လည် ရွေးချယ်ခွင့်ရှိသည်။

       တိမ်လွှမ်းတောင်ထွတ် (ဟွမ်ကျင်းရွှေ) ၊ နုပျိုခြင်းတောင်ထွတ် (ဖုန်းယွင်) ၊ ရှင်သန်ခြင်းတောင်ထွတ် (ယဲ့ခိုင်) ၊ အလင်းမဲ့တောင်ထွတ် (ဝမ်မု)။ ထိုဆရာများထဲတွင် ဖုန်းယွင်ကတော့ တစ်ဦးတည်းသော အမျိုးသမီးသင်ကြားသူဖြစ်သည်။

       လော့လော် အလှည့်ရောက်ချေပြီ။

"ဟီး....."

       သူမသည် တတ်ကြွစွာဖြင့် ထလိုက်စဉ် သူမဆီက ရယ်သံလေးတစ်ချက်တောင် ကြားလိုက်ရသေးသည်။ ဆရာယဲ့ယူလာပြသော သစ်သားဗန်းထဲတွင် ကျောက်စိမ်းပြားက သုံးခုသာရှိနေ၏။

       လော့လော် လက်ညှိုးထိုးကြည့်ရင်း သေချာရေတွက်သည်။

"ဆရာမဖုန်း..... ဆရာယဲ့.... ဆရာဝမ်.... "

       သုံးယောက်သာရှိကာ တစ်ယောက်က ပျောက်နေသည်။

"ဆရာယဲ့.... တိမ်လွှမ်းတောင်ထွတ်က ဆရာဟွမ်ကော"
"အာ..... သူ့ကို ဆရာများသင်ကြားခွင့်ကနေ ထုတ်ပယ်ထားတာ ကြာပြီ"

"ဘာလို့လဲ..... ကျွန်မက ဆရာဟွမ်ဆီမှာ တပည့်ခံချင်တာ"
"ဟင်!"

       ဆရာဟွမ်ဆီမှာ တပည့်ခံချင်သည်ဟူသော စကားက ဆရာယဲ့ကို တုန်လှုပ်သွားစေသည်။ ဟွမ်ကျင်းရွှေ နာမည်ဆိုးနဲ့ ကျော်ကြာပြီး ကျင့်ကြံခြင်းလောကမှာ အောက်ဆုံးအဆင့်ထိရောက်နေတာကို သူမ မသိလေသလား။

       လွန်ခဲ့သော လေးနှစ်လောက်ကတည်းက တိမ်လွှမ်းတောင်ထွတ်က ဟွမ်ကျင်းရွှေဆိုသည်မှာ အသုံးမကျသည့် အမှိုက်သက်သက်သာ ဖြစ်နေပြီ။ သူသည် သူ၏တစ်ဦးတည်းသော တပည့်အား ကိုယ်တိုင်ရိုက်သတ်ပစ်ခဲ့ဖူးသည်။

       ထိုအပြစ်ကြောင့် ကျောင်းကဆရာကြီးများသည် ဟွမ်ကျင်းရွှေ၏ သိဒ္ဓိအမြုတေကို ဖျက်စီးပစ်ကာ တိမ်လွှမ်းတောင်ထွတ်တွင်သာ အကျယ်ချုပ်ချခဲ့သည်။

"ဆရာဟွမ်က အခုတိမ်လွှမ်းတောင်မှာပဲလား"
"ဟုတ်တယ်... လော့မိန်းကလေး မင်းအနေနဲ့ သူ့ကိုဆရာမတင်တာ အကောင်းဆုံးပါပဲ"

       လော့လော်က လက်တွင်တွင်ရမ်းကာ

"မဟုတ်ဘူး မဟုတ်ဘူး.... ကျွန်မသူ့ကိုပဲ ဆရာတင်မှာ.... ဆရာယဲ့ ကျွန်မသူ့ကို သွားရှာလိုက်အုံးမယ်"

        ဆရာယဲ့မှာ သူမကိုတားချိန်တောင် မရလိုက်ချေ။ သူမဘယ်လို အတွေးနဲ့များ ဟွမ်ကျင်းရွှေကို ဆရာတင်ချင်နေလဲဆိုတာ နားမလည်နိုင်ပေ။ ကျင့်ကြံခြင်းလောကတွင် တိမ်လွှမ်းတောင်သခင် ဟွမ်ကျင်းရွှေ၏ နာမည်ဆိုးသည် အထက်ကောင်းကင်ဘုံနှင့် အောက်ဘက်ငရဲပြည်ထိအောင် ပျံ့နေပြီဖြစ်သည်။

        တပည့်ကို ရိုက်သတ်သောဆရာဟူသော အမည်သည် တိမ်လွှမ်းတောင်သခင်ဆိုသည့် အမည်ကိုတောင် ဖုံးအုပ်နေပြီဖြစ်ကာ မည်သူမှသူ့အား အကောင်းမမြင်ကြတော့ချေ။ ယခုဆိုရင်လည်း သူသည်သိဒ္ဓိအမြုတေ ဖျက်စီးသွားပြီမို့ အသုံးမကျသည့် လူသက်သက်သာ ဖြစ်နေပြီ။

       သူ့ကိုသာ ဆရာသွားတင်ရင် ဘာတိုးတက်လာတော့မလဲ။ မိမိကိုယ်တိုင် သိဒ္ဓိစွမ်းအင်မရှိသူက ဘယ်လိုလုပ် တပည့်ကိုသင်ကြားပြသပေးနိုင်မလဲ။

       လော့လော်ကတော့ တိမ်လွှမ်းတောင်ထွတ်ကို ရောက်သွားချေပြီ။ တိမ်လွှမ်းတောင်ဟူသည့်အတိုင်း တောင်ထိပ်ပိုင်းသည် အဖြူရောင်တိမ်များဖြင့် ဖုံးအုပ်ထားခြင်း ခံရသည်။ တောင်တက်လမ်းကို ပြေးတက်လာခဲ့သော်လည်း ဟွမ်ကျင်းရွှေကို တွေ့ချင်သောစိတ်ကြောင့်လားမသိ နည်းနည်းလေးတောင်မမောပေ။

        ဟွမ်ကျင်းရွှေသည် အသက်၁၈နှစ်ဖြင့် ရွှေအမြုတေအဆင့်ကို ရောက်ရှိခဲ့သူဖြစ်ကာ တစ်ချိန်က အသက်အငယ်ဆုံး ဆရာတစ်ဆူအဖြစ် ကျော်ကြားခဲ့ဖူးသည်။ သို့သော်လည်း အခုအချိန်မှာတော့ အဲ့တာတွေက လမ်းဘေးကမြောင်းထဲ ကျသွားပြီလေ။

       သူသည် နန်းဆောင်ကြီး၏ အပြင်ဘက်က ကျောက်ပြားကြီးပေါ်တွင် ခြေတစ်ဖက်ကိုကွေးကာ လှဲအိပ်နေသည်။ လက်ထဲက သေရည်အိုးလေးကို ဟိုရမ်းသည်ရမ်းဖြင့်။

"မြေကြီးကို အိပ်ယာခင်းလို့.... ကောင်ကင်းကို စောင်ခြုံမယ်...."

       တစ်ကိုယ်တည်း ရွတ်ဆိုပြီးသော်

"ရှစ်ဇွင်း..... "

'ဖူး.....'

       ရုတ်တရက် ကျလာသည့် အသံငယ်လေးသည် သူ့နားစည်ကို တုန်ခါသွားစေသည်သာမကဘဲ သူ့နှလုံးသားကိုပါ လှုပ်ခတ်သွားစေသည်။ သောက်လတ်စ အရက်တွေတောင် အပြင်ပြန်ထွက်ကုန်သည်အထိ။

"ဘယ်သူလဲ....."

       အထိတ်တလန့်ဖြင့် ထထိုင်မိတော့ တစ်ဖက်လူက သူ့ခါးရှိကျောက်စိမ်းပြားကို ယူကာ သွေးစက်ချ တံဆိပ်ခတ်လိုက်ပြီဖြစ်သည်။ လျင်မြန်လွန်းလို့ မျောက်တစ်ကောင် မျက်စိရှေ့ရောက်လာတာလားလို့တောင် ထင်မိ၏။

      သူကြည့်လိုက်ချိန်တွင်တော့ တစ်ဖက်လူသည် ဒူးထောက်ဝပ်တွားလျက် သူ၏ကျောက်စိမ်းပြားကို ပြန်ကမ်းပေးနေပြီဖြစ်သည်။

"တပည့်လော့လော် ရှစ်ဇွင်းကို ဂါဝရပြုပါတယ် "

        ဟွမ်ကျင်းရွှေမှာ စကားတစ်ခွန်းမှ မဆိုနိုင်တော့ဘဲ ပြန်ကမ်းပေးလာတဲ့ ကျောက်စိမ်းပြားလေးကို အံ့သြမှုလွှမ်းခြုံနေသော မျက်နှာဖြင့်ယူလိုက်သည်။ ကျောက်စိမ်းပြားတွင် ပေါ်နေသည်က တပည့်အဖြစ် ခံယူလာသည့် ကျောင်းသား၏အမည်။

"လော့လော်...."

       သူအံ့သြစွာ ဆိုလိုက်စဉ် လော့လော်က ခေါင်းထောင်ကြည့်လာသည်။

"ရှစ်ဇွင်း...."
"အား.....မင်း....."

       တိမ်လွှမ်းတောင်ထွတ်ကို စဝင်ကတည်းက သူမသည် မျက်နှာကပဝါစကို ဖယ်ရှားပြီးပြီဖြစ်လေရာ သူမခေါင်းမော့ကြည့်လိုက်စဉ် ဟွမ်ကျင်းရွှေက သူမမျက်နှာကို ကောင်းစွာမြင်လိုက်ရပေသည်။

"မင်း မင်း မင်း....."
"ရှစ်ဇွင်း.... ကျွန်မကို မှတ်မိတယ်ပေါ့"

"မင်းဘယ်လိုလုပ် ရောက်လာတာလဲ"

       လော့လော်သည် ဟွမ်ကျင်းရွှေ၏ မိမိအားမှတ်မိမှုကြောင့် ပြုံးရွှင်သွားကာ

"ဟုန်ကျင်းကျောင်းမှာ လာပြိုင်တာလေ"

        ဟွမ်ကျင်းရွှေသည် သူ၏အံ့သြမှုကို ခဏဘေးဖယ်ထားလိုက်ပြီးနောက် လန့်ဖြတ်နေတဲ့ သူ့အနေအထားကို ပြန်ပြင်လိုက်သည်။ ကျောင်းကသူ့ကို ပယ်ထုတ်ထားသော်လည်း သူကဟုန်ကျင်းချင်ဂိုဏ်းဝင်တစ်ဦး ဖြစ်နေသေးသည်မဟုတ်လား။

       ယခုအချိန်ထိ သူသည် တိမ်လွှမ်းတောင်ထွတ်က တောင်သခင်နေရာတွင် ရှိနေသေးသည်။

"အဟမ်း..... မင်းကငါ့တပည့် ဖြစ်ချင်တယ်ပေါ့...."
"ဟုတ်ကဲ့"

"ဒါပေမယ့် မင်းငါ့သတင်းကို မကြားမိဘူးလား"
"ကြားမိပါတယ်.... အသုံးမကျတဲ့ဆရာ ...တပည့်ကိုပြန်သတ်တဲ့ဆရာ ဂုဏ်ပုဒ်မြောင်းထဲရောက်သွားတဲ့ဆရာ.... စိုက်ခင်းထဲက ဝိညာဉ်သီးပင်စားပင်လောက်တောင် အဆင့်မရှိတဲ့ဆရာ...."

       လော့လော်သည် သေသေချာချာကြီးကို လက်ချိုးရေ၍ ပြောပြနေတာကြောင့် ဟွမ်ကျင်းရွှေသည် သူမ၏ရဲတင်းမှုကို အံ့သြမိသော်လည်း တစ်ဖက်ကကြည့်ရင် အဲ့ဒါတွေက အမှန်တရားတွေပဲလေ။ ထို့ကြောင့်။

"တော်တော့ တော်တော့..... "
"ရှစ်ဇွင်း..... ကျွန်မတို့ ဆရာတပည့် တံဆိပ်ခတ်ပြီးပြီးဆိုတော့ မနက်ဖြန် ဘယ်အချိန်လာရမလဲ"

"ငါမင်းကို တပည့်အဖြစ် လက်မခံနိုင်ဘူး"
"ဘာကြောင့်လဲ"

"ဟွန်း..... မင်းစောစောကတင် ငါ့ဂုဏ်ပုဒ်တွေကို ရွတ်သွားတာမဟုတ်ဘူးလား"
"အဲ့ဒါက အပြင်မှာကြားခဲ့တဲ့အတိုင်း ပြောပြတာလေ... တကယ်တော့ လော့လော်ရှစ်ဇွင်းရဲ့ လျိုဝှက်ချက်တစ်ခုကို သိထားတယ်"

"ဘာကြီး....."

       လော့လော်က ပြုံးစိစိဖြင့် သူ့အနားတိုးလာပြီး နှစ်ကိုယ်ကြားအသံဖြင့် သူမသိထားသည့် လျိုဝှက်ချက်ဆိုသောအရာကို ပြောပြလာလေသည်။ ထိုစကားများကြားသော် ဟွမ်ကျင်းရွှေ၏မျက်ဝန်းများ ရုတ်ချည်းပြူးကျယ်လာခဲ့သည်။

       အိပ်ရာနိုးနိုးချင်း မျက်နှာကို ရေဖြင့်အပတ်ခံရသလို သို့မဟုတ် ပါးကိုဖြတ်ရိုက်ခံလိုက်ရသလို မျက်ဝန်းတို့က ဝိုင်းစက်လို့သွားပြီး လော့လော်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူဒီလောက် သိုသိုသိပ်သိပ် နေခဲ့တာကြောင့် ဘယ်သူကသိသွားရတာလဲ။

"မင်း မင်း မင်း ဘယ်လိုသိလဲ"
"ဖေဖေပြောတာ"

"ဒီအဘိုးကြီးတော့...."

       လတ်စသတ်တော့ သူမအဖေဖြစ်နေသည်ကိုး။ လော့လော်အဖေ လော့ဟန်နှင့် ဟွမ်ကျင်းရွှေသည် သိကျွမ်းခဲ့ဖူးသည်မို့ သူ့အကြောင်းသိနေတာ မဆန်းချေ။ ထိုအဘိုးကြီးက အကြောင်းကိစ္စတစ်ခုခုဆို မျက်စိဖြင့်ကြည့်ကာ ရာခိုင်နှုန်းတစ်ဝက်ကျော်လောက်အထိ ခန့်မှန်းနိုင်သည်လေ။

       သို့သော် သူ့အနေနဲ့ လော့လော်ကို လက်ခံလို့မဖြစ်ပေ။ သူ့နာမည်ဆိုးက ဒီလောက်နှံ့နေတာကို လော့လော်လိုမိန်းကလေးက ဘာကြောင့်များသူ့ကိုမှ ရွေးရသလဲဆိုရင်။

"မင်းအနေနဲ့.... ဆရာမဖုန်းမဟုတ်ရင်တောင် ဆရာယဲ့လောက်တောင် ဆရာတင်သင့်တယ်.... ငါကအသုံးမကျတဲ့ သာမန်လူလိုဖြစ်နေပြီ မင်းကိုဘာမှသင်ကြားပေးနိုင်မှာ မဟုတ်ဘူး"


Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္  

                         🦋1🦋

'ဟူ.......'

       တစ္ဖက္က လက္သီးတိုက္ကြက္ကို ခႏၶာကိုယ္ ေသးေသးသြယ္သြယ္နဲ႕ လွပေသာ မိန္းကေလးတစ္ေယာက္က သူမခႏၶာကိုယ္ကို အေနာက္သို႔တိမ္းေစာင္းကာ ေရွာင္လိုက္သည္။ ေျခလွမ္းေျခႂကြမွန္မွန္ျဖင့္ သူတို႔ႏွစ္ေယာက္သည္ ဟုန္က်င္းေက်ာင္းေတာ္၏ ပညာဖလွယ္သည့္ စင္ျမင့္ေပၚတြင္ တိုက္ခိုက္ေနၾကတာျဖစ္သည္။

       ပထမလက္သီးတိုက္ကြက္ကို ထုတ္ေသာသူမွာ သူမႏွင့္႐ြယ္တူ လူငယ္ေလးတစ္ေယာက္ျဖစ္ကာ အေျခခံအဆင့္က ေကာင္းမြန္ေသာ္လည္း သူ႕လက္သီးေတြက ပန္းပြင့္လက္သီးကဲ့သို႔ အားမပါေပ။

        တစ္ဖက္မိန္းကေလးသည္ မ်က္ႏွာတစ္ျခမ္းကို ဖုံးအုပ္ထားသည္သာမက သူမ၏အမည္ကိုလည္း ထုတ္ေဖာ္မျပေသးေပ။ တစ္ဖက္လူငယ္ႏွင့္ သူမ၏လက္ဝါးထိ ေတြ႕သြားစဥ္တြင္ေတာ့။

'ဝုန္း.....'

       မ်က္ႏွာဖုံးမိန္းကေလး လြင့္သြားေလသည္။ ေလထုေပၚတြင္ ႏွစ္ပတ္ေလာက္လွိမ့္ကာ ဟန္ခ်က္ျပန္ထိန္းလိုက္ရသည္။

"မိန္းကေလး.... မင္းရဲ႕အေျခခံအဆင့္က ထင္သေလာက္လည္း မဟုတ္ပါဘူး....."

       မိန္းကေလးက ခ်က္ခ်င္းျပန္ထ၍ ဒုတိယအႀကိမ္ တိုက္ခိုက္မည္အျပင္။

"ရပ္......"

       ဟုန္က်င္းေက်ာင္းေတာ္၏ ဆရာတစ္ေယာက္ျဖစ္ေသာ ဆရာယဲ့က ထေျပာလိုက္သည္။ တပည့္မ်ား ေ႐ြးခ်ယ္ပြဲတြင္ အနယ္နယ္ အရပ္ရပ္က လူငယ္မ်ား လာေရာက္ယွဥ္ၿပိဳင္ၾကရာ သူတို႔ႏွစ္ေယာက္က ေနာက္ဆုံးျဖစ္ေလသည္။

       ဟုန္က်င္းေက်ာင္းဟု ေခၚတြင္ေသာ္လည္း ေလာကသိအမည္မွာ ဟုန္က်င္းခ်င္ဂိုဏ္းသာ ျဖစ္သည္။ သိဒၶိစြမ္းအင္ အားေကာင္းေသာ ေတာင္ႀကီးေပၚတြင္ တည္ထား၍ ေတာင္ခြဲေလးလုံးရွိကာ ေတာင္တစ္လုံးစီတြင္ ေတာင္သခင္ တစ္ေယာက္ဆီရွိသည္။

       ငါးႏွစ္တစ္ႀကိမ္ က်င္းပေသာ တပည့္ေ႐ြးခ်ယ္ပြဲတြင္ ယခုႏွစ္က လာေရာက္ယွဥ္ၿပိဳင္သူ အမ်ားဆုံးႏွစ္ျဖစ္တာေၾကာင့္ စစ္ေဆးရာတြင္ အခ်ိန္ၾကာသြားခဲ့လို႔ ညေနေစာင္းပင္ ေရာက္ေနၿပီ ။

       ၿပိဳင္ပြဲရလဒ္ေတာင္ မထြက္ေသးဘဲ သူမတို႔ကို ရပ္ခိုင္းလိုက္တာေၾကာင့္ ႏွစ္ေယာက္စလုံးသည္ ဝတ္႐ုံလက္ကို တင္းတင္းဆုပ္လ်က္ စိုးရိမ္ေနၾကသည္။

"မင္းတို႔ရဲ႕အေျခခံေတြက ေကာင္းမြန္တယ္.... ငါသေဘာက်တယ္...."

       ဆရာယဲ့ဆီက ထိုစကားၾကားသည့္အခိုက္တြင္ သူတို႔ႏွစ္ေယာက္လုံး ဒူးေထာက္ဂါဝရျပဳၾက၏။

"ေက်းဇူးတင္ပါတယ္ ဆရာယဲ့"
"ေက်းဇူးတင္ပါတယ္ ဆရာယဲ့ "

"နာမည္...."

"ကြၽန္ေတာ့္နာမည္ ခ်န္ေရာင္ပါ...."
"ကြၽန္မ ေလာ့ေလာ္"

"ေကာင္းၿပီ...."

       ဆရာယဲ့သည္ ေက်ာက္စိမ္းျပားႏွစ္ခုကို ေလထုအလယ္သို႔ ျမႇောက္တင္လိုက္ၿပီး စြမ္းအင္သုံး၍ ေက်ာက္စိမ္းျပားေပၚတြင္ နာမည္ေရးထိုးေပးကာ သူတို႔၏လက္ထဲသို႔ ထည့္ေပးလိုက္သည္။

"ေက်းဇူးတင္ပါတယ္.... "
"ေက်းဇူးတင္ပါတယ္ "

       သိုင္းပညာ ဖလွယ္သည့္ စင္ျမင့္သည္ နန္းေဆာင္ႀကီးထဲတြင္ သီးျခားထားရွိတာျဖစ္ၿပီး ႏွစ္ေယာက္ခ်င္း ေခၚယူစစ္ေဆးတာျဖစ္တာေၾကာင့္ အခန္းႀကီးထဲတြင္ ေက်ာင္းသားႏွစ္ေယာက္နဲ႕ ဆရာတစ္ေယာက္၊ ၿပီးေနာက္ စစ္ေဆးအကဲျဖတ္သည့္အဖြဲ႕သာ ရွိေပသည္။

       ဆရာယဲ့က သင္ၾကားေပးမည့္ဆရာမ်ား၏ အမည္တံဆိပ္ျပားကို တန္းစီးလ်က္ ယူလာသည္။

"ခ်န္ေရာင္.... မင္းလိုခ်င္တဲ့ဆရာကို ေ႐ြးလိုက္ပါ"
"ဟုတ္ကဲ့...."

        ခ်န္ေရာင္သည္ထ၍ တံဆိပ္ျပားတစ္ခုေပၚတြင္ လက္ထိပ္ေဖာက္ကာ ေသြးစက္ခ် တံဆိပ္ခတ္လိုက္ေလသည္။ ေက်ာင္းသားတစ္ေယာက္က သူ႕ေသြးစက္ျဖင့္ တံဆိပ္ခတ္ၿပီးသည္ႏွင့္ အႀကီးအကဲမ်ားေက်ာက္တိုင္တြင္ ထိုဆရာ၏ေက်ာင္းသား အေရအတြက္က အလိုလိုေပၚလာမွာ ျဖစ္သည္။

       လိမ္ညာ၍မရ၊ အတုအေယာင္လုပ္လို႔ မရေပ။ ေတာင္ေလးခုရွိ ေတာင္သခင္မ်ားသည္ ဆရာမ်ားအျဖစ္ သင္ၾကားခြင့္ရွိကာ မိမိအား ေ႐ြးခ်ယ္ခဲ့သည့္ တပည့္မ်ားကိုလည္း စိတ္ႀကိဳက္ျပန္လည္ ေ႐ြးခ်ယ္ခြင့္ရွိသည္။

       တိမ္လႊမ္းေတာင္ထြတ္ (ဟြမ္က်င္းေ႐ႊ) ၊ ႏုပ်ိဳျခင္းေတာင္ထြတ္ (ဖုန္းယြင္) ၊ ရွင္သန္ျခင္းေတာင္ထြတ္ (ယဲ့ခိုင္) ၊ အလင္းမဲ့ေတာင္ထြတ္ (ဝမ္မု)။ ထိုဆရာမ်ားထဲတြင္ ဖုန္းယြင္ကေတာ့ တစ္ဦးတည္းေသာ အမ်ိဳးသမီးသင္ၾကားသူျဖစ္သည္။

       ေလာ့ေလာ္ အလွည့္ေရာက္ေခ်ၿပီ။

"ဟီး....."

       သူမသည္ တတ္ႂကြစြာျဖင့္ ထလိုက္စဥ္ သူမဆီက ရယ္သံေလးတစ္ခ်က္ေတာင္ ၾကားလိုက္ရေသးသည္။ ဆရာယဲ့ယူလာျပေသာ သစ္သားဗန္းထဲတြင္ ေက်ာက္စိမ္းျပားက သုံးခုသာရွိေန၏။

       ေလာ့ေလာ္ လက္ညွိုးထိုးၾကည့္ရင္း ေသခ်ာေရတြက္သည္။

"ဆရာမဖုန္း..... ဆရာယဲ့.... ဆရာဝမ္.... "

       သုံးေယာက္သာရွိကာ တစ္ေယာက္က ေပ်ာက္ေနသည္။

"ဆရာယဲ့.... တိမ္လႊမ္းေတာင္ထြတ္က ဆရာဟြမ္ေကာ"
"အာ..... သူ႕ကို ဆရာမ်ားသင္ၾကားခြင့္ကေန ထုတ္ပယ္ထားတာ ၾကာၿပီ"

"ဘာလို႔လဲ..... ကြၽန္မက ဆရာဟြမ္ဆီမွာ တပည့္ခံခ်င္တာ"
"ဟင္!"

       ဆရာဟြမ္ဆီမွာ တပည့္ခံခ်င္သည္ဟူေသာ စကားက ဆရာယဲ့ကို တုန္လႈပ္သြားေစသည္။ ဟြမ္က်င္းေ႐ႊ နာမည္ဆိုးနဲ႕ ေက်ာ္ၾကာၿပီး က်င့္ႀကံျခင္းေလာကမွာ ေအာက္ဆုံးအဆင့္ထိေရာက္ေနတာကို သူမ မသိေလသလား။

       လြန္ခဲ့ေသာ ေလးႏွစ္ေလာက္ကတည္းက တိမ္လႊမ္းေတာင္ထြတ္က ဟြမ္က်င္းေ႐ႊဆိုသည္မွာ အသုံးမက်သည့္ အမွိုက္သက္သက္သာ ျဖစ္ေနၿပီ။ သူသည္ သူ၏တစ္ဦးတည္းေသာ တပည့္အား ကိုယ္တိုင္ရိုက္သတ္ပစ္ခဲ့ဖူးသည္။

       ထိုအျပစ္ေၾကာင့္ ေက်ာင္းကဆရာႀကီးမ်ားသည္ ဟြမ္က်င္းေ႐ႊ၏ သိဒၶိအျမဳေတကို ဖ်က္စီးပစ္ကာ တိမ္လႊမ္းေတာင္ထြတ္တြင္သာ အက်ယ္ခ်ဳပ္ခ်ခဲ့သည္။

"ဆရာဟြမ္က အခုတိမ္လႊမ္းေတာင္မွာပဲလား"
"ဟုတ္တယ္... ေလာ့မိန္းကေလး မင္းအေနနဲ႕ သူ႕ကိုဆရာမတင္တာ အေကာင္းဆုံးပါပဲ"

       ေလာ့ေလာ္က လက္တြင္တြင္ရမ္းကာ

"မဟုတ္ဘူး မဟုတ္ဘူး.... ကြၽန္မသူ႕ကိုပဲ ဆရာတင္မွာ.... ဆရာယဲ့ ကြၽန္မသူ႕ကို သြားရွာလိုက္အုံးမယ္"

        ဆရာယဲ့မွာ သူမကိုတားခ်ိန္ေတာင္ မရလိုက္ေခ်။ သူမဘယ္လို အေတြးနဲ႕မ်ား ဟြမ္က်င္းေ႐ႊကို ဆရာတင္ခ်င္ေနလဲဆိုတာ နားမလည္နိုင္ေပ။ က်င့္ႀကံျခင္းေလာကတြင္ တိမ္လႊမ္းေတာင္သခင္ ဟြမ္က်င္းေ႐ႊ၏ နာမည္ဆိုးသည္ အထက္ေကာင္းကင္ဘုံႏွင့္ ေအာက္ဘက္ငရဲျပည္ထိေအာင္ ပ်ံ့ေနၿပီျဖစ္သည္။

        တပည့္ကို ရိုက္သတ္ေသာဆရာဟူေသာ အမည္သည္ တိမ္လႊမ္းေတာင္သခင္ဆိုသည့္ အမည္ကိုေတာင္ ဖုံးအုပ္ေနၿပီျဖစ္ကာ မည္သူမွသူ႕အား အေကာင္းမျမင္ၾကေတာ့ေခ်။ ယခုဆိုရင္လည္း သူသည္သိဒၶိအျမဳေတ ဖ်က္စီးသြားၿပီမို႔ အသုံးမက်သည့္ လူသက္သက္သာ ျဖစ္ေနၿပီ။

       သူ႕ကိုသာ ဆရာသြားတင္ရင္ ဘာတိုးတက္လာေတာ့မလဲ။ မိမိကိုယ္တိုင္ သိဒၶိစြမ္းအင္မရွိသူက ဘယ္လိုလုပ္ တပည့္ကိုသင္ၾကားျပသေပးနိုင္မလဲ။

       ေလာ့ေလာ္ကေတာ့ တိမ္လႊမ္းေတာင္ထြတ္ကို ေရာက္သြားေခ်ၿပီ။ တိမ္လႊမ္းေတာင္ဟူသည့္အတိုင္း ေတာင္ထိပ္ပိုင္းသည္ အျဖဴေရာင္တိမ္မ်ားျဖင့္ ဖုံးအုပ္ထားျခင္း ခံရသည္။ ေတာင္တက္လမ္းကို ေျပးတက္လာခဲ့ေသာ္လည္း ဟြမ္က်င္းေ႐ႊကို ေတြ႕ခ်င္ေသာစိတ္ေၾကာင့္လားမသိ နည္းနည္းေလးေတာင္မေမာေပ။

        ဟြမ္က်င္းေ႐ႊသည္ အသက္၁၈ႏွစ္ျဖင့္ ေ႐ႊအျမဳေတအဆင့္ကို ေရာက္ရွိခဲ့သူျဖစ္ကာ တစ္ခ်ိန္က အသက္အငယ္ဆုံး ဆရာတစ္ဆူအျဖစ္ ေက်ာ္ၾကားခဲ့ဖူးသည္။ သို႔ေသာ္လည္း အခုအခ်ိန္မွာေတာ့ အဲ့တာေတြက လမ္းေဘးကေျမာင္းထဲ က်သြားၿပီေလ။

       သူသည္ နန္းေဆာင္ႀကီး၏ အျပင္ဘက္က ေက်ာက္ျပားႀကီးေပၚတြင္ ေျခတစ္ဖက္ကိုေကြးကာ လွဲအိပ္ေနသည္။ လက္ထဲက ေသရည္အိုးေလးကို ဟိုရမ္းသည္ရမ္းျဖင့္။

"ေျမႀကီးကို အိပ္ယာခင္းလို႔.... ေကာင္ကင္းကို ေစာင္ၿခဳံမယ္...."

       တစ္ကိုယ္တည္း ႐ြတ္ဆိုၿပီးေသာ္

"ရွစ္ဇြင္း..... "

'ဖူး.....'

       ႐ုတ္တရက္ က်လာသည့္ အသံငယ္ေလးသည္ သူ႕နားစည္ကို တုန္ခါသြားေစသည္သာမကဘဲ သူ႕ႏွလုံးသားကိုပါ လႈပ္ခတ္သြားေစသည္။ ေသာက္လတ္စ အရက္ေတြေတာင္ အျပင္ျပန္ထြက္ကုန္သည္အထိ။

"ဘယ္သူလဲ....."

       အထိတ္တလန့္ျဖင့္ ထထိုင္မိေတာ့ တစ္ဖက္လူက သူ႕ခါးရွိေက်ာက္စိမ္းျပားကို ယူကာ ေသြးစက္ခ် တံဆိပ္ခတ္လိုက္ၿပီျဖစ္သည္။ လ်င္ျမန္လြန္းလို႔ ေမ်ာက္တစ္ေကာင္ မ်က္စိေရွ႕ေရာက္လာတာလားလို႔ေတာင္ ထင္မိ၏။

      သူၾကည့္လိုက္ခ်ိန္တြင္ေတာ့ တစ္ဖက္လူသည္ ဒူးေထာက္ဝပ္တြားလ်က္ သူ၏ေက်ာက္စိမ္းျပားကို ျပန္ကမ္းေပးေနၿပီျဖစ္သည္။

"တပည့္ေလာ့ေလာ္ ရွစ္ဇြင္းကို ဂါဝရျပဳပါတယ္ "

        ဟြမ္က်င္းေ႐ႊမွာ စကားတစ္ခြန္းမွ မဆိုနိုင္ေတာ့ဘဲ ျပန္ကမ္းေပးလာတဲ့ ေက်ာက္စိမ္းျပားေလးကို အံ့ၾသမႈလႊမ္းၿခဳံေနေသာ မ်က္ႏွာျဖင့္ယူလိုက္သည္။ ေက်ာက္စိမ္းျပားတြင္ ေပၚေနသည္က တပည့္အျဖစ္ ခံယူလာသည့္ ေက်ာင္းသား၏အမည္။

"ေလာ့ေလာ္...."

       သူအံ့ၾသစြာ ဆိုလိုက္စဥ္ ေလာ့ေလာ္က ေခါင္းေထာင္ၾကည့္လာသည္။

"ရွစ္ဇြင္း...."
"အား.....မင္း....."

       တိမ္လႊမ္းေတာင္ထြတ္ကို စဝင္ကတည္းက သူမသည္ မ်က္ႏွာကပဝါစကို ဖယ္ရွားၿပီးၿပီျဖစ္ေလရာ သူမေခါင္းေမာ့ၾကည့္လိုက္စဥ္ ဟြမ္က်င္းေ႐ႊက သူမမ်က္ႏွာကို ေကာင္းစြာျမင္လိုက္ရေပသည္။

"မင္း မင္း မင္း....."
"ရွစ္ဇြင္း.... ကြၽန္မကို မွတ္မိတယ္ေပါ့"

"မင္းဘယ္လိုလုပ္ ေရာက္လာတာလဲ"

       ေလာ့ေလာ္သည္ ဟြမ္က်င္းေ႐ႊ၏ မိမိအားမွတ္မိမႈေၾကာင့္ ၿပဳံး႐ႊင္သြားကာ

"ဟုန္က်င္းေက်ာင္းမွာ လာၿပိဳင္တာေလ"

        ဟြမ္က်င္းေ႐ႊသည္ သူ၏အံ့ၾသမႈကို ခဏေဘးဖယ္ထားလိုက္ၿပီးေနာက္ လန့္ျဖတ္ေနတဲ့ သူ႕အေနအထားကို ျပန္ျပင္လိုက္သည္။ ေက်ာင္းကသူ႕ကို ပယ္ထုတ္ထားေသာ္လည္း သူကဟုန္က်င္းခ်င္ဂိုဏ္းဝင္တစ္ဦး ျဖစ္ေနေသးသည္မဟုတ္လား။

       ယခုအခ်ိန္ထိ သူသည္ တိမ္လႊမ္းေတာင္ထြတ္က ေတာင္သခင္ေနရာတြင္ ရွိေနေသးသည္။

"အဟမ္း..... မင္းကငါ့တပည့္ ျဖစ္ခ်င္တယ္ေပါ့...."
"ဟုတ္ကဲ့"

"ဒါေပမယ့္ မင္းငါ့သတင္းကို မၾကားမိဘူးလား"
"ၾကားမိပါတယ္.... အသုံးမက်တဲ့ဆရာ ...တပည့္ကိုျပန္သတ္တဲ့ဆရာ ဂုဏ္ပုဒ္ေျမာင္းထဲေရာက္သြားတဲ့ဆရာ.... စိုက္ခင္းထဲက ဝိညာဥ္သီးပင္စားပင္ေလာက္ေတာင္ အဆင့္မရွိတဲ့ဆရာ...."

       ေလာ့ေလာ္သည္ ေသေသခ်ာခ်ာႀကီးကို လက္ခ်ိဳးေရ၍ ေျပာျပေနတာေၾကာင့္ ဟြမ္က်င္းေ႐ႊသည္ သူမ၏ရဲတင္းမႈကို အံ့ၾသမိေသာ္လည္း တစ္ဖက္ကၾကည့္ရင္ အဲ့ဒါေတြက အမွန္တရားေတြပဲေလ။ ထို႔ေၾကာင့္။

"ေတာ္ေတာ့ ေတာ္ေတာ့..... "
"ရွစ္ဇြင္း..... ကြၽန္မတို႔ ဆရာတပည့္ တံဆိပ္ခတ္ၿပီးၿပီးဆိုေတာ့ မနက္ျဖန္ ဘယ္အခ်ိန္လာရမလဲ"

"ငါမင္းကို တပည့္အျဖစ္ လက္မခံနိုင္ဘူး"
"ဘာေၾကာင့္လဲ"

"ဟြန္း..... မင္းေစာေစာကတင္ ငါ့ဂုဏ္ပုဒ္ေတြကို ႐ြတ္သြားတာမဟုတ္ဘူးလား"
"အဲ့ဒါက အျပင္မွာၾကားခဲ့တဲ့အတိုင္း ေျပာျပတာေလ... တကယ္ေတာ့ ေလာ့ေလာ္ရွစ္ဇြင္းရဲ႕ လ်ိဳဝွက္ခ်က္တစ္ခုကို သိထားတယ္"

"ဘာႀကီး....."

       ေလာ့ေလာ္က ၿပဳံးစိစိျဖင့္ သူ႕အနားတိုးလာၿပီး ႏွစ္ကိုယ္ၾကားအသံျဖင့္ သူမသိထားသည့္ လ်ိဳဝွက္ခ်က္ဆိုေသာအရာကို ေျပာျပလာေလသည္။ ထိုစကားမ်ားၾကားေသာ္ ဟြမ္က်င္းေ႐ႊ၏မ်က္ဝန္းမ်ား ႐ုတ္ခ်ည္းျပဴးက်ယ္လာခဲ့သည္။

       အိပ္ရာနိုးနိုးခ်င္း မ်က္ႏွာကို ေရျဖင့္အပတ္ခံရသလို သို႔မဟုတ္ ပါးကိုျဖတ္ရိုက္ခံလိုက္ရသလို မ်က္ဝန္းတို႔က ဝိုင္းစက္လို႔သြားၿပီး ေလာ့ေလာ္ကို မယုံၾကည္နိုင္စြာ ၾကည့္ေနသည္။ သူဒီေလာက္ သိုသိုသိပ္သိပ္ ေနခဲ့တာေၾကာင့္ ဘယ္သူကသိသြားရတာလဲ။

"မင္း မင္း မင္း ဘယ္လိုသိလဲ"
"ေဖေဖေျပာတာ"

"ဒီအဘိုးႀကီးေတာ့...."

       လတ္စသတ္ေတာ့ သူမအေဖျဖစ္ေနသည္ကိုး။ ေလာ့ေလာ္အေဖ ေလာ့ဟန္ႏွင့္ ဟြမ္က်င္းေ႐ႊသည္ သိကြၽမ္းခဲ့ဖူးသည္မို႔ သူ႕အေၾကာင္းသိေနတာ မဆန္းေခ်။ ထိုအဘိုးႀကီးက အေၾကာင္းကိစၥတစ္ခုခုဆို မ်က္စိျဖင့္ၾကည့္ကာ ရာခိုင္ႏႈန္းတစ္ဝက္ေက်ာ္ေလာက္အထိ ခန့္မွန္းနိုင္သည္ေလ။

       သို႔ေသာ္ သူ႕အေနနဲ႕ ေလာ့ေလာ္ကို လက္ခံလို႔မျဖစ္ေပ။ သူ႕နာမည္ဆိုးက ဒီေလာက္ႏွံ႕ေနတာကို ေလာ့ေလာ္လိုမိန္းကေလးက ဘာေၾကာင့္မ်ားသူ႕ကိုမွ ေ႐ြးရသလဲဆိုရင္။

"မင္းအေနနဲ႕.... ဆရာမဖုန္းမဟုတ္ရင္ေတာင္ ဆရာယဲ့ေလာက္ေတာင္ ဆရာတင္သင့္တယ္.... ငါကအသုံးမက်တဲ့ သာမန္လူလိုျဖစ္ေနၿပီ မင္းကိုဘာမွသင္ၾကားေပးနိုင္မွာ မဟုတ္ဘူး"

Continue Reading

You'll Also Like

741K 91.9K 195
မူရင်းစာရေးသူ- 大叶 绝色男后 ဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား
123K 14.8K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
171K 19.4K 99
"တိုက်ခိုက်စရာ ဘယ်လိုစစ်လက်နက်မှ မလိုသလို၊ မည်သည့်ဥပဒေမှလည်း ထုတ်ပြန်စရာမလိုပဲ ကြီးစိုးနိုင်တဲ့ တစ်ခုတည်းသော အရာကို သိသလား ? အချစ်ပဲ၊ ရာဟု ... အဲ့ဒါက...