သေခြင်းတရား ယူနစ်ဘား [ဘာသာပြ...

By Aoiyuki01

378K 68.3K 4.4K

Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနော... More

နိဒါန္း / နိဒါန်း
|၁|
|၂|
|၃|
|၄|
|၅|
|၆|
|၇|
|၈|
|၉|
|၁၀|
|၁၁|
|၁၂|
|၁၃|
|၁၄|
|၁၅|
|၁၆|
|၁၈|
|၁၉|
|၂၀|
|၂၁|
|၂၂|
|၂၃|
|၂၄|
|၂၅|
|၂၆|
|၂၇|
|၂၈|
|၂၉|
|၃၀|
|၃၁|
|၃၂|
|၃၃|
|၃၄|
|၃၅|
|၃၆|
|၃၇|
|၃၈|
|၃၉|
|၄၀|
|၄၁|
|၄၂|
|၄၃|
|၄၄|
|၄၅|
|၄၆|
|၄၇|
|၄၈|
|၄၉|
|၅၀|
|၅၁|
|၅၂|
|၅၃|
|၅၄|
|၅၅|
|၅၆|
|၅၇|
|၅၈|
|၅၉|
|၆၀|
|၆၁|
|၆၂|
|၆၃|
|၆၄|
|၆၅|
|၆၆|
|၆၇|
|၆၈|
|၆၉|
|၇၀|
|၇၁|
|၇၂|
|၇၃|

|၁၇|

4.7K 1.1K 117
By Aoiyuki01


အခန္​း(၁၇)

​ေသ​ေရး႐ွင္​​ေရးအ​ေျခအ​ေနမ်ိဳးတြင္​
႐ွီက်င္​းသည္​ သဘာဝက်စြာ ျမန္​ျမန္​ဆန္​ဆန္​
စိတ္​ၿငိမ္​သြားတတ္​သည္​။သူသည္​ Gua Er၏
လက္​အားဖယ္​ကာ မတ္​တပ္​ရပ္​လိုက္​သည္​။
ထို႔​ေနာက္​ ႐ွီ​ေဝခ်ဳံးအား ယဥ္​ေက်းစြာျပံဳးျပၿပီး
ထူးဆန္​း​ေသာ ​ေဒသိယစကားမ်ိဳးျဖင္​့
တိုးတိုးဆိုသည္​။

"လူႀကီးမင္​းဗ်,လူမွားတာ ထင္​တယ္​​ေရာ္​၊​
ေကာင္​း​ေသာ​ေန႔ျဖစ္​​စ"

ၿပီး​ေနာက္​ တံခါးကိုကိုင္​ကာ ဆြဲပိတ္​ဖို႔
ႀကိဳးစားလိုက္​သည္​။

႐ွီ​ေဝခ်ဳံး၏နဖူးျပင္​တြင္​ ​ေသြး​ေၾကာမ်ားထင္​းလာၿပီး ​
ေပါက္​ထြက္​မလိုပင္​။သူ၏​ေျခ​ေထာက္​ကို
တံခါးႏွင္​့ထိုင္​ခုံအၾကားတြင္​ ထည္​့ခံၿပီး
တံခါးပိတ္​တာကို တားလိုက္​သည္​။ထို႔​ေနာက္​
႐ွီက်င္​း၏ညာဘက္​လက္​​ေမာင္​းအား ဆုပ္​ကိုင္​ကာ
လက္​​ေကာက္​ဝတ္​မွ အမာရြတ္​မ်ားအား
ၾကည္​့ရန္​ အကၤ်ီလက္​ကို ဆြဲတင္​လိုက္​သည္​။
ၿပီး​ေနာက္​ သူသည္​ ႐ွီက်င္​းအား ပို၍တင္​းက်ပ္​စြာ
ဆုပ္​ကိုင္​ထားၿပီး ​ေလွာင္​ရယ္​ရယ္​သည္​။

"ငါ့ကိုငတုံးမ်ားထင္​​ေနလား ဒီကိုလာခဲ့စမ္​း!"

​ေ႐ွာင္​စစ္​လည္​း ​ေအာ္​ငို​ေတာ့သည္​။
<က်င္​းက်င္​း! ယူနစ္​ဘားတန္​းက ၈၈၀ကို ​
ေရာက္​​ေနၿပီ! ဝါး.....တစ္​​ေယာက္​​ေယာက္​
ကယ္​ပါဦး!!>

႐ွီက်င္​းလည္​း ​ေခြၽးစီးမ်ားထြက္​လာသည္​။
ထိုသူ႔လက္​မွ႐ုန္​းကန္​ရင္​း ​ေခါင္​းလွည္​့ကာ ​
ေအာ္​လိုက္​သည္​။

"Gua Er ကြၽန္​​ေတာ္​့ကို ကယ္​-"

ကလစ္​!

​ေသနတ္​အား ​ေမာင္​းတင္​လိုက္​သည္​့အသံကို
ၾကားလိုက္​သည္​။Gua Erသည္​
႐ွီ​ေဝခ်ဳံးအား ​ေသနတ္​ျဖင္​့ခ်ိန္​ရြယ္​ထားၿပီး
႐ွီက်င္​း၏ပုခုံးကို က်န္​လက္​တစ္​ဖက္​ျဖင္​့
ဆုပ္​ကိုင္​ထားသည္​။႐ွီက်င္​းကို သူ႔ဘက္​သို႔
ျပန္​ဆြဲကာ ႐ွီ​ေဝခ်ဳံးအား ၾကည္​့ၿပီး ေျပာသည္​။

"သူ႔ကိုလႊတ္​လိုက္​"

အိုး.....fuck.

႐ွီက်င္​း ၾကက္​​ေသ​ေသသြားသည္​။

ထိုစကားအား ၾကား​ေသာအခါ ႐ွီ​ေဝခ်ဳံး၏
မ်က္​ႏွာမွာ ၾကည္​့ရဆုိးသြားသည္​။႐ွီက်င္​း၏
လက္​အား လႊတ္​မည္​့အစား ပို၍
တင္​းတင္း​က်ပ္​​က်ပ္​ဆုပ္​ကိုင္​ၿပီး သူအား
ခ်ိန္​ထား​ေသာ ​ေသနတ္​​ေျပာင္​းကိုပင္​မေ႐ွာင္​ဘဲ
အံႀကိတ္​​ေမးသည္​။

"႐ွီက်င္​း,မင္​းက အျပင္​လူတစ္​​ေယာက္​ကို​ေတာင္​
ငါ့ကို ​ေသနတ္​ခ်ိန္​ခြင္​့ျပဳတယ္​​ေပါ့"

​ေ႐ွာင္​စစ္​မွာလည္​း နားကြဲမတတ္​
စီကနဲ​ေအာ္​ျပန္​သည္​။
<၈၉၀! က်င္​းက်င္​း! ဝါး!!!>

အားးးး.....မတက္​ပါနဲ႔​ေတာ့!

႐ွီက်င္​း၏ဝိညာဥ္​သည္​ပင္​ ​ေအာ္​ဟစ္​​ေနၿပီ
ျဖစ္​သည္​။ထို႔​ေနာက္​ ဒီအ​ေျခအ​ေနအား
ဖ်န္​​ေျဖရန္​ ပါးစပ္​ဟ႐ုံသာ ႐ွိ​ေသး၊​
ေနာက္​ထပ္​လူရိပ္​႐ွည္​႐ွည္​တ​စ္​ခုသည္​
ကားအနီးတြင္​ ထပ္​​ေပၚလာသည္​။တစ္​ခ်ိန္​တည္​းမွာ
အနည္​းငယ္​ရင္​းႏွီး​ေသာ အသံနိမ္​့တစ္​သံကို
ၾကားလိုက္​ရသည္​။

"အစ္​ကိုႀကီး,ဘာ​ေတြအဲ့​ေလာက္​ၾကာ​ေနတာလဲ။
တစ္​ခုခုျဖစ္​-"

ထိုသူသည္​ စကားမဆုံးခင္​ဘဲ
ကား႐ွိအ​ေျခအ​ေနအား ျမင္​​ေသာအခါ
သူ၏​ေျဖာင္​့တန္​း​ေသာ​ မ်က္​ခုံးတန္​းမ်ားမွာ
တြန္​႔​ေကြးသြားသည္​။အနည္​းငယ္​မွပင္​
မတုံ႔ဆိုင္​းဘဲ သူ႔ကိုယ္​ပိုင္​​ေသနတ္​ကို
ဆြဲထုတ္​ကာ Gua Erအား ခ်ိန္​ၿပီး ဆိုသည္​။

"ခင္​ဗ်ားက ဘယ္​သူလဲ! အခုခ်က္​ခ်င္​း ​
ေသနတ္​ကိုခ်လိုက္​စမ္​း!"

​ေ႐ွာင္​စစ္​သည္​ ​ေမ့လဲ​ေတာ့မလိုပင္​ျဖစ္​​ေနသည္​။

<၉၀၀, ဒါလင္​လည္​း ဒီမွာမ႐ွိဘူး၊ ​
ေ႐ွာင္​စစ္​တို႔​ေတာ့သြားၿပီထင္​တယ္​...ဝါး...>

႐ွီက်င္​း အသက္​႐ွဴျကပ္​လာသည္​။သူသည္​
မယုံသကၤာျဖင္​့ ႐ွီ​ေဝခ်ဳံး​ေဘးတြင္​ရပ္​​ေန​ေသာ
လူအားၾကည္​့လိုက္​သည္​။မ်က္နွာ​အသြင္​အျပင္​က
႐ွီ​ေဝခ်ဳံးႏွင္​့အ​ေတာ္​ဆင္​ၿပီး ​တိပစြာ
ထြင္းထုထား​​ေသာေက်ာက္​ဆစ္​႐ုပ္​လိုမ်က္​ႏွာျဖင္​့
ခက္​ထန္​​ေန​ေသာအမူအရာအား ၾကည့္​့ၿပီး
႐ွီက်င္​းငိုခ်င္​လာသည္​။

"စ...စတုတၳအစ္​ကို..."

သူကပါ ဘာလို႔႐ွိ​ေနတာလဲ?

အ​ေသအခ်ာပင္​ ထိုသူသည္​ ႐ွန္​႔အာ့ထင္​
ျဖစ္​သည္​။သူသည္​ ႐ွီက်င္​း၏အသံကို
ၾကားလိုက္​​ေသာအခါ တခဏသတိလက္​လြတ္​
ျဖစ္​သြား​ေလသည္​။ထို႔​ေနာက္​ ႐ွီက်င္​းအား
တစ္​ကိုယ္​လုံးျခဳံၾကည္​့ကာ ႏွာထိပ္​နား​ေလးကို
အာ႐ုံစိုက္​မိသြားသည္​။ထိုအခါ ႐ွီက်င္​းအား
ထိ​ေတြ႔ရန္​ လက္​လွမ္​းလိုက္​ၿပီး ဆိုသည္​။

"က်င္​း​ေလး..ဒီ​​ေတာအတြင္း​
မင္​းဘယ္​​ေတြ​ေရာက္​​ေနတာလဲ၊ ဒီလိုလာပါဦး"

"သူ႔ကိုမထိနဲ႔"

Gua Erသည္​ ႐ွီက်င္​းအား ထိုင္​ခုံ​ေပၚ
အသားကုန္​ဖိခ်ကာ သူ႔​ေသနတ္​ကို
႐ွန္​႔အာ့ထင္​ဆီ​ ေရြ႔ၿပီး ၿခိမ္​း​ေျခာက္​လိုက္​သည္​။

"အပစ္​မခံခ်င္​ရင္ ​ေနာက္​ဆုတ္​လိုက္​"

႐ွန္​႔အာ့ထင္​သည္​ ကိုယ္​ကိုအနည္​းငယ္​
ဆုတ္​လိုက္​ၿပီး သူ႔အၾကည္​့သည္​ Gua Er
႐ွီက်င္​းကိုကိုင္​တြယ္​ထားပုံအား ​ေလ့လာလိုက္​
သည္​။ထို႔​ေနာက္​ သူ႔၏ႂကြက္​သားမ်ားမွာ
တင္​းမာလာၿပီး ​ေသနတ္​အား ပစ္​ရန္​
အသင္​့အ​ေနအထားပင္​ ျပင္​လိုက္​ကာ ဆိုသည္​။

"က်င္​း​ေလး,မင္​းၿခိမ္​း​ေျခာက္​ခံထားရတာလား"

​ေသနတ္​ႏွစ္​လက္​သည္​ သူ႔​ေခါင္​းအနီးတြင္​
တဝဲလည္​လည္​ျဖစ္​​ေန​ေသာ္​လည္​း
သူ႔အမွတ္​က ဘာလို႔မတက္​လာမွန္​းမသိ​ေပ။
သူနဖူးတြင္​ ​ေခြၽးမ်ား စိမ္​့ထြက္​လာကာ
​ေခါင္​းခါလ်က္​ ​ေျပာသည္​။

"မဟုတ္​ဘူး Gua Erက ကြၽန္​​ေတာ္​့
သူငယ္​ခ်င္​းပါ၊အားလုံးအထင္​မွား​ေနၾကတာပါ...​
အရင္ဆုံး​ေသနတ္​ကို..ခ်..ခ်လိုက္​ပါ​ေနာ္​
၊ၿပီး​ေတာ့ ကြၽန္​​ေတာ္​့လက္​ကိုလႊတ္​​ေပး.."

"လႊတ္​​ေပးရမယ္​? မင္​းထပ္​ထြက္​​ေျပးႏိုင္​ဖို႔လား"

႐ွီ​ေဝခ်ဳံး ထိုစကားအား​ေျပာလိုက္​ခ်ိန္​တြင္​
သူ႔၏သြားႀကိတ္​သံကို လူတိုင္​း ႐ွင္​း႐ွင္​းလင္​းလင္​း
ၾကားလိုက္ရသည္​။

႐ွီက်င္​း၏ႏွလုံးသား​ေလးပင္​ တုန္​လႈပ္​သြားကာ
အခုလို အ​ေျခအ​ေနအား တနည္​းနည္​းျဖင္​့
ၿဖိဳကြဲသင္​့​ေၾကာင္​း သ​ေဘာ​ေပါက္​လာသည္​။
႐ွီ​ေဝခ်ဳံးသည္​ သူ႔အား ​ေနာက္​ဆုံး​ေတာ့
႐ွာ​ေတြ႔သြားၿပီျဖစ္​ရာ သူ႔အားဘယ္​​ေတာ့မွ
လက္​လႊတ္​​ေတာ့မည္​မဟုတ္​​ေပ။႐ွီက်င္​းအား
ကူညီရန္​ Gua Er႐ွိ​ေသာ္​လည္​း
႐ွီ​ေဝခ်ဳံးဘက္​တြင္​ ႐ွန့္​႔အာ့ထင္​႐ွိသည္​။
ႏွစ္​ဖက္​ လူညီ​ေန​တာ​ေၾကာင္​့
ဘယ္​ဘက္​က အႏိုင္​ရမလဲ မ​ေသခ်ာ​ေပ။
ထို႔​ေၾကာင္​့ အခ်ိန္​ဆြဲဖို႔လည္​း​ေကာင္​း
ကလပ္​ကို ျပန္​ႏိုင္​ဖို႔လည္​း​ေကာင္​း
နည္​းလမ္​းတစ္​ခု႐ွာရ​ေတာ့မည္​။

​ေကာင္​းက်ိဳးဆိုးက်ိဳးကို အလ်င္အျမန္ ​​
ခ်ိန္​ဆၿပီး​ေနာက္​ ႐ွီက်င္​း စိတ္​ၿငိမ္​သြားသည္​။
​ေသနတ္​​ေျပာင္​းႏွစ္​ခုၾကားထဲ ထရပ္​လိုက္​ၿပီး
႐ွီ​ေဝခ်ဳံးအား ၾကည္​့လိုက္​သည္​။

"အစ္​ကိုႀကီး ကြၽန္​​ေတာ္​ထပ္​ထြက္​မ​ေျပး​
ေတာ့ပါဘူး၊ Gua Erလည္​း ​
ေသနတ္​ခ်လိုက္​​ေတာ့၊ဒီႏွစ္​​ေယာက္​က
ကြၽန္​​ေတာ္​့အစ္​ကို​ေတြပါ ကြၽန္​​ေတာ္​့ကို
ထိခိုက္​​ေအာင္​မလုပ္​ပါဘူး"

Gua Erသည္​ ႐ွီက်င္​း၏မိသားစု
အ​ေျခအ​ေနကို အနည္​းငယ္​သိထားသျဖင္​့
႐ွီ​ေဝခ်ဳံးအား ျမင္​​ေသာအခ်ိန္​တြင္​
ခ်က္​ခ်င္​းကာကြယ္​ဖို႔ ႀကိဳးစားလိုက္​ျခင္​းျဖစ္​သည္​။
႐ွီက်င္​းစကားမ်ားကိုၾကား​ေသာအခါ
မ်က္​​ေမွာင္​ၾကဳတ္​ကာ ​ေမးသည္​။

"​ေသခ်ာလို႔လား"

"အင္​း ကြၽန္​​ေတာ္​ အဆင္​​ေျပပါတယ္​"
ထို႔​ေနာက္​ ႐ွီ​ေဝခ်ဳံးဘက္ လွည္​့ၾကည္​့ကာ
အားတင္​းျပဳံးလ်က္​ ​ေျပာသည္​။

"အစ္​ကိုႀကီး,ကြၽန္​​ေတာ္​တကယ္​
ထြက္​မ​ေျပး​ေတာ့ပါဘူး၊ ဒီ​ေနရာနဲ႔သိပ္​မ​ေဝးတဲ့
Nightlightလို႔​ေခၚတဲ့ ကလပ္​တစ္​ခုမွာ ​
ေနပါတယ္​ ၿပီး​ေတာ့ ဒီႏွစ္​ကုန္​ထိ အဲ့မွာ​ေနမလို႔ပါ"

႐ွီ​ေဝခ်ဳံးသည္​ ႐ွီက်င္​း သူ႔အား လိမ္​​ေျပာ​ေနလား
အတည္​​ေျပာ​ေနလားဆိုတာ စကၠန္႔အနည္​းငယ္​​
ေလာက္​ ​ေသခ်ာ​ေလ့လာၿပီးမွ သူ႔လက္​အား ​
ေျဖးညင္​းစြာ လႊတ္​​ေပးလိုက္​သည္​။သို႔​ေသာ္​
အျပည္​့အဝမယုံၾကည္​​ေသးသျဖင္​့ ႐ွီက်င္​းကို
ကား​ေနာက္​ခန္​းထဲတြန္​းထည္​့ကာ
သူပါကားထဲသို႔ ဝင္​ထိုင္​လိုက္​သည္​။
တစ္​ခ်ိန္​တည္​းမွာ ဖုန္​းကို​ဆြဲထုတ္​ၿပီး
ဖုန္​းနံပါတ္​တစ္​ခုအား ႏိွပ္​လိုက္​သည္​။

"ညီသုံး,​ေ႐ွာ့ပင္​း​ေမာဝင္​​ေပါက္​ကို လာခဲ့၊
ငါတို႔ ​ေ႐ွာင္​က်င္​းကို ​ေတြ႔ထားတယ္​"

႐ွီက်င္​း နင္​သြားသည္​။

ညီ....ညီသုံး? ႐ုန္​က်ိဳးက်ံဳးပါ ​
ေရာက္​​ေနတာလား? ဘယ္​လိုျဖစ္​ၿပီး
တစ္​ခ်ိန္​တည္​း အစ္​ကိုသုံး​ေယာက္​နဲ႔တိုးရတာလဲ...

႐ွီက်င္​း Nightlightအ​ေၾကာင္​းေျပာ​ေသာအခါ
Gua Er၏မ်က္​ခုံးမ်ားမွာ အနည္​းငယ္​
ျမင္​့တက္​သြားသည္​။ၾကည္​့ရသည္​မွာ
႐ွီက်င္​းက ဒီကိစၥကို လ်န္​ကြၽင္​းအား ​
ေျဖ႐ွင္​းခိုင္​းမည္​ပုံျဖစ္​သျဖင္​့ သူသည္​လည္​း
ခ်က္​ခ်င္​း​ေသနတ္​အားခ်​ကာ ထိုအစား
ဖုန္​းကိုထုတ္​လိုက္​သည္​။ထို႔​ေနာက္​
ျမန္​ျမန္​ပင္​ ဖုန္​း​ေခၚကာ ယခုျဖစ္​​ေန​ေသာ
အ​ေျခအ​ေနအား ႐ွင္​းျပလိုက္​သည္​။

ႏွစ္​မိနစ္​​ေလာက္​ၾကာ​ေသာအခါ ႐ွီ​ေဝခ်ဳံးႏွင္​့
႐ွန္​႔အာ့ထင္​၏ဖုန္​းမ်ားမွာ တၿပိဳင္​နက္​
ထျမည္​သည္​။တစ္​​ေယာက္​က​ေတာ့
ခ်က္​ခ်င္​းကိုင္​လိုက္​ၿပီး ​ေနာက္​တစ္​ဦးက​ေတာ့
႐ွီက်င္​း၏​ေဘးတစ္​ဖက္​သို႔ဝင္​ထိုင္​ကာ
တံခါးပိတ္​ၿပီးမွ ဖုန္​းကိုင္​လိုက္​သည္​။

"႐ွီ​ေဝခ်ဳံး ​ေျပာ​ေနပါတယ္​"

"ဟယ္​လို sir"

သူတို႔ႏွစ္​ဦးသည္​ တၿပိဳင္​တည္​း
စကား​ေျပာ​ေနၾကသည္​။႐ွန္​႔အာ့ထင္​
ဖုန္​းကိုင္​​ေသာလက္​သည္​ ႐ွီက်င္​းဘက္​တြင္​
႐ွိသျဖင္​့ တစ္​ဖက္​ဖုန္​းမွ ​ေျပာ​ေသာ
မျပတ္မသား​အသံမ်ားကို ၾကား​ေနရသည္​။

ၾကည္​့ရတာ သူ႔အထက္​လူႀကီးဆီကဖုန္​း​ေနမယ္​
အင္​အားႀကီးအဖြဲ႔အစည္​းတစ္​ခုရဲ႕
အဖြဲ႔ဝင္​တစ္​​​ေယာက္​ကို သြားထိလို႔ ဆူပူ​ေနပုံ
ရၿပီး အခုခ်က္​ခ်င္​းရပ္​ဖို႔ အမိန္​႔​ေပး​ေနတာ

႐ွန္​႔အာ့ထင္​သည္​ မ်က္​​ေမွာင္​ၾကဳတ္​ၿပီး
'ဟုတ္​ကဲ့ sir'ဟု အႀကိမ္​​ေပါင္​းမ်ားစြာ​
ေျဖၿပီး​ေနာက္​ ဖုန္​းခ်လိုက္​ကာ ​ေ႐ွ႕ခန္​းမွ
Gua Erအား ​လွမ္းအကဲခတ္လိုက္​သည္​။

႐ွီ​ေဝခ်ဳံးဆီအား လ်န္​ကြၽင္​းကိုယ္​တိုင္​
ဖုန္​းဆက္​လိုက္​ပုံရသည္​။႐ွီေဝခ်ဳံး၏စကားမ်ားမွာ
တို​ေတာင္​းသျဖင္​့ ႏွစ္​ဦးႏွစ္​ဖက္​ ​
ေဖာ္​​ေဖာ္​ေရြ​ေရြ မဟုတ္​​ေၾကာင္​း သိသာသည္​။
႐ွီ​ေဝခ်ဳံးသည္​ စိတ္​ကို အတတ္​ႏိုင္​ဆုံး
ထိန္​းခ်ဳပ္​ထားပုံ​ေပၚသည္​။

​ေနာက္​ဆုံး၌ ႐ွီ​ေဝခ်ဳံးသည္​
"သူက ငါ့ညီေလးကြ!"ဟု ​ေအာ္​​ေျပာျပီး
ဖုန္​း​ေကာက္​ခ်လိုက္​သည္​။ထို႔​ေနာက္​
သူ႔အား​ေဘးမွ ​ေခ်ာင္​းၾကည္​့​ေန​ေသာ
႐ွီက်င္​းအား ၾကည္​့ကာ ​ေျပာသည္​။

"လုံျခဳံတဲ့​ေနရာမွာ​ေနၿပီး စိတ္​ခ်ရတဲ့
အလုပ္​ရ​ေနၿပီဆိုတာ ဒါကိုဆိုလိုတာလား ဟမ္​!?"

႐ွီက်င္​းလည္း ထိုသူအၾကည္​့အား ​ေ႐ွာင္​ကာ
ကိုး႐ိုးကားယားရယ္​ၿပီး ဘာမွျပန္​မ​ေျဖရဲ​ေပ။
လ်န္​ကြြၽင္​း ႐ွီ​ေဝခ်ံဳးကို ဘာ​ေျပာလိုက္​လဲဆိုတာ
သူတကယ္​သိခ်င္​သည္​။

ထိုဖုန္​းသံမ်ား​ေၾကာင္​့ ​ေလထုအ​ေျခအ​ေနက
ယာယီ​ေျဖ​ေလ်ာ့သြားသည္​။
ငါးမိနစ္​​ေလာက္​ၾကာ​ေသာအခါ ဦးထုပ္​​ေဆာင္​း
maskတပ္​ထား​ေသာ ႐ုန္​က်ိဳးက်ဳံးသည္​
ကားဆီသို႔ ​ေလ်ွာက္​လာသည္​။သူ၏လွပ​ေသာ
မက္​မြန္​ပြင္​့ပုံမ်က္​ဝန္​းမ်ားက ကားထဲ​ေဝ့ျကည္​့ရာ
႐ွီက်င္​း၏ဆံပင္​​ေကအား ျမင္​​ေသာအခါ
mask​ေအာက္​မွ သူ႔၏ႏႈတ္​ခမ္​းမွာ
​ေကာ့တက္​သြားကာ ျပဳံးစိစိျဖစ္​သြားသည္​။
သူသည္​ ဘာမွမ​ေျပာဘဲ ကားကိုပတ္​ကာ ​
ေနာက္​ခန္​းတံခါးကိုဖြင့္​ျ​ပီး ဝင္​ထိုင္​လိုက္​သည္​။
(ေနာက္​ခန္​းမွာ ​ေယာက္​်ားႀကီး​ေလး​ေယာက္​
ျပြပ္​​ထိုင္​​ေနၾကတယ္​ လုပ္​ၾကပါဦး)

ထိုသူ၏မ်က္​ဝန္​းမ်ားမွာ အဓိပၸါယ္​မ်ား
ျပည့္​့ႏွက္​​ေနသျဖင္​့ ႐ွီက်င္​းအား
ၾကက္​သီးထ​ေစသည္​။ထို႔​ေၾကာင္​့ ႐ွီက်င္​းသည္​
Gua Er႐ွိရာ ​ေ႐ွ႕ခန္​းဆီသြားမလို႔
လုပ္​လိုက္​သည္​။ထိုအခ်ိန္ ​႐ွီက်င္​း၏
လႈပ္​႐ွားမႈမ်ားကို ျမင္​​ေသာ႐ွန္​႔အာ့ထင္​သည္​
မ​ေက်မနပ္​ျဖင္​့ ႐ွီက်င္​းအား ဖမ္​းကိုင္​ၿပီး
ခုံဆီသို႔ ျပန္​ဆြဲခ်ကာ သူကပဲ​ေ႐ွ႕ခန္​း
သြားထိုင္​လိုက္​သည္​။

႐ွီ​ေဝခ်ဳံးႏွင္​့႐ုန္​က်ိဳးက်ဳံးျကား မထင္​မွတ္​ဘဲ
ထိုင္​လိုက္​ရ​ေသာ ႐ွီက်င္​း: "..."

​ေမႀကီး​ေရ....​ေသာက္​ရမ္​း​ေၾကာက္​ဖို႔​ေကာင္​း
တယ္​..

​ေ႐ွာင္​စစ္​သည္​ တုန္​လႈပ္​လ်က္​
<က်င္​းက်င္​း,အမွတ္​က ၉၀၀မွာ
ထပ္မတက္​​ေတာ့ဘဲ ရပ္​သြားတယ္​၊
ဒါပင္​မဲ့လည္​း ဒီအ​ေျခအ​ေနႀကီးက ဆိုးတယ္​​ေနာ္​>

"မင္​း​ေျပာတာ မွန္​တယ္​ ဒါတကယ္​ဆိုးရြားတယ္​"
႐ွီက်င္​းစိတ္​ထဲမွ ျပန္​​ေျဖသည္​။

သူ၏တစ္​ဖက္​တစ္​ခ်က္​ဆီတြင္​႐ွိ​ေသာ ​
ေျခတံ႐ွည္​ႏွစ္​စုံအား ၾကည္​့ကာ
သူ႔ႏွလုံးသားမွာ စိတ္​အားငယ္​ျခင္​းမ်ား
ျပည္​့နွက္​လာသည္​။

အစ္​ကိုသုံး​ေယာက္​ကို တစ္​ခ်ိန္​တည္​းမွာ...
ဒါက အ​ဆိုးရြားဆုံး တိုက္​ဆိုင္​မႈပဲမလား?

႐ွီ​ေဝခ်ဳံးသည္​ ၾကြက္​စုတ္​​ေလးကို
က်ံဳ႕က်ံဳ႕​ေလးထိုင္​​ေန​ေသာ ႐ွီက်င္​းအား
ၾကည္​့ကာ စိတ္​မ​ေပ်ာ္​​ေတာ့​ေပ။သူသည္​
႐ွီက်င္​း၏ကိုယ္​ကိုဆြဲမကာ ဆန္​႔ဆန္​႔ထိုင္​​ေအာင္​
လုပ္​ၿပီး Gua Erကို​ေျပာလိုက္​သည္​။

"အားလုံးလည္​း ​ေရာက္​ၿပီ၊မင္​း​ေဘာ့စ္​က
သူနဲ႔​ေဆြး​ေႏြးဖို႔ ​ေမးထားတယ္​၊ဒါ​ေျကာင္​့ ျမန္​ျမန္​
အဲ့ကို​ေမာင္​း"

Gua Erသည္​လည္​း လ်န္​ကြၽင္​းဆီမွ
အမိန္​႔ရၿပီးသားျဖစ္​သည္​။သူသည္​
႐ွီက်င္​းအား ​ေနာက္​ၾကည္​့မွန္​မွတဆင္​့
ၾကည္​့ၿပီး​ေတာ့ ကားစက္​ႏိုးလိုက္​သည္​။

​ေပ်ာ္​ရႊင္​စြာ ထြက္​ခြာလာ​ေသာ္​လည္​း
အျပန္​လမ္​းခရီးက​ေတာ့ ၿခိမ္​း​ေျခာက္​မႈ
အျပည္​့ျဖင္​့​ေပါ့။

ကလပ္​ဆီ ​ေရာက္​​ေသာအခါGua Erသည္​
အားလုံးကို သီးသန္​႔​ဓာတ္​ေလွကားဆီ​
ေခၚသြားကာ လ်န္​ကြၽင္​း​ေနထိုင္​ရာ ​
ေျခာက္​လႊာဆီသို႔ တိုက္​႐ိုက္​သြားသည္​။

မထင္​မွတ္​ထားစြာ လ်န္​ကြၽင္​းသည္​
ဓာတ္​​ေလွကား အထြက္​​ေနရာတြင္​
အမွန္​တကယ္​ပင္​ ​ေစာင္​့​ေနသည္​။
သူသည္​ ဝတ္​ခဲ​ေသာ အျဖဴ​ေရာင္​မက္​မန္​းပြင္​့ပုံ
ပန္​းထိုးထား​ေသာ အနီ​ေရာင္​ဝတ္​႐ုံ႐ွည္​အား
ဝတ္​ဆင္​ထားပုံမွာ ​ေအးစက္​​ေန​ေသာ
ႏွင္​းခဲျကားထဲမွ အနီ​ေရာင္​​ေခါင္​း​ေလာင္​းပန္​း
တစ္​ပြင္​့လို မိန္​း​ေမာစရာ​ေကာင္​းလွသည္​။

Gua Erသည္​ ဓာတ္​​ေလွကားမွ
အရင္​ဆုံးထြက္​လာလိုက္​သည္​။

"ကြြၽင္​း​ေ႐ွာက္​"

လ်န္​ကြြးသည္​ ​ေခါင္​းညိတ္​ျပၿပီး​ေနာက္​
႐ွီက်င္​းအား လက္​ယပ္​​ေခၚေလသည္​။

"ဒီကိုလာခဲ့"

သူ႔ရဲ႕"​ေရႊ​ေရာင္​​ေျခသလုံးႀကီး"မွ​ေခၚ​ေနသျဖင္​့
႐ွီက်င္​းလည္​း ျမန္​ျမန္​​ေျပးသြားလိုက္​သည္​။

ညီအစ္​ကိုသုံး​ေယာက္​သည္​ ႐ွီက်င္​း၏​
ေနာက္​ကြယ္​မွလူသည္​ ဤသို႔
အသြင္​အျပင္​မ်ိဳး႐ွိမည္​ဟု မထင္​မွတ္​ထားသျဖင္​့
အံျသသြားကာ အခ်ိန္​ခဏ​ေလာက္​
သတိလက္​လြတ္​ျဖစ္​သြားမိ၍ အသိုက္​ဆီသို
႔ျပန္​လာ​ေသာ ငွက္​​ေပါက္​​ေလးႏွယ္​ ​
ေျပးသြား​ေသာ႐ွီက်င္​းအား မတားလိုက္​ႏိုင္​ၾက​ေပ။
သတိျပန္​ဝင္​လာခ်ိန္​တြင္​ ႐ွီက်င္​းသည္​
လ်န္​ကြၽင္​း​ေနာက္​သို႔ပင္​ ​ေရာက္​႐ွိ​ေနၿပီး
ဝွီးခ်ဲ၏လက္​ကိုင္​အား ဆုပ္​ကိုင္​ထားသည္​။

႐ွီ​ေဝခ်ဳံး၏မ်က္​ႏွာမွာ မဲကနဲျဖစ္​သြားသည္​။
သူသည္​ ဓာတ္​​ေလွကားအတြင္​းမွ ထြက္​လာၿပီး
လ်န္​ကြြၽင္​း၏အ​ေ႐ွ႕တြင္​ရပ္​ကာ
အရပ္​အားကိုးျဖင္​့ ငုံ႔ၾကည္​့လိုက္​သည္​။

"မစၥတာလ်န္​,ကြၽန္​​ေတာ္​့ညီ​ေလးကို
အိမ္​ျပန္​​ေခၚတာမို႔ ခင္​ဗ်ား ကြၽန္​​ေတာ္​့ကို
တားပိုင္​ခြင္​့မ႐ွိဘူး"

လ်န္​ကြၽင္​းသည္​ ႐ွီ​ေဝခ်ံဳးအား ၿပန္​မ​ေျပာဘဲ
႐ွီက်င္​းဘက္​သို႔ ​ေခါင္​းလွည္​့ကာ ​ေမးလိုက္​သည္​။

"မင္​း အိမ္​ျပန္​ခ်င္​လား"

အားလုံး​ေသာအၾကည္​့မ်ားသည္​ ​
ေက်ာက္​႐ုပ္​လိုျဖစ္​သြား​ေသာ ႐ွီက်င္​းအ​ေပၚ
က်​ေရာက္​လာသျဖင္​့ ႀကီးမား​ေသာဖိအားႀကီးကို
ခံစားလိုက္​ရသည္​။
သူ၏​ေရႊ​ေရာင္​​ေျခသလုံးႀကီးသည္​ပင္​
သူ႔ကိုယ္​အား အ​ေပါက္​​ေဖာက္​ထြင္​းမတတ္​
နက္​နက္​နဲနဲျကည္​့​ေနသည္​။
​ေနာက္​ဆုံး၌ ကိုယ္​့ကိုယ္​ကို ခ်ဳပ္​ထိန္​းကာ
သူ႔အစ္​ကိုတို႔၏ တိုက္​တြန္​းသလိုအၾကည္​့မ်ားကို
ရင္​ဆိုင္​ကာ ​ေခါင္​းခါလိုက္​သည္​။

"ဟင္​့အင္​း ကြၽန္​​ေတာ္​ ကြၽင္​း​ေ႐ွာက္​နဲ႔ပဲ​
ေနခ်င္​တယ္​၊ဒီ​ေနရာကို သ​ေဘာက်တယ္​"

႐ွီက်င္​းသည္​ သူ၏ယူနစ္​ဘားတန္​းအား
အာ႐ုံစိုက္​လ်က္​ ​ေျဖသည္​။

"ဒီလိုဆိုမွ​ေတာ့ မင္​းကိုဘယ္​သူမွ
မ​ေခၚသြား​ေစရဘူး"
လ်န္​ကြၽင္​း ႐ွီက်င္​းအား ​ေျပာသည္​။
ထို႔​ေနာက္​ ႐ွီ​ေဝခ်ဳံးအား လွည့္ၾကည္​့ကာ

"ဒါက ဒီကိစၥအတြက္​ ကြၽန္​​ေတာ္​့ရဲ႕
ဆုံးျဖတ္​ခ်က္​ပဲ၊ ခင္​ဗ်ားလက္​မခံႏိုင္​ရင္​
ကြၽန္​​ေတာ္​တို႔ ​ေျပာစရာစကားမ႐ွိ​ေတာ့လို႔
ျပန္​လို႔ရပါၿပီ"

​ေ႐ွာင္​စစ္​သည္​ ​စိတ္​​ေအးစြာ သက္​ျပင္​း
ခ်လိုက္​သည္​။
<ထပ္​မတက္​​ေတာ့ဘူး! က်င္​းက်င္​းရဲ႕အမွတ္​က
၉၀၀မွာပဲ၊ၾကည္​့ရတာ ဒါလင္​က က်င္​းက်င္​းကို
လုံျခံဳ​ေစတာ​ေနမယ္​>

႐ွီက်င္​းသည္​လည္​း စိတ္​သက္​သာရာရစြာ
ဝွီးခ်ဲ၏လက္​ကိုင္​အား တင္​းက်ပ္​စြာ
ဆုပ္​ကိုင္​ထားသည္​။

႐ွီ​ေဝခ်ဳံးသည္​ ႐ွီက်င္​းပါးစပ္​မွ"အျငင္​းစကား"ကို ​
ေျပာ​ေသာအခါ သူ႔ကိုယ္​သူပင္​
မထိန္​းခ်ဳပ္​ႏိုင္​​ေတာ့ဘဲ ႐ွီက်င္​းကို ဆြဲ​ေခၚရန္​ ​
ေ႐ွ႕သို႔​ေျခလွမ္​းလိုက္​သည္​။တစ္​ဖက္​တြင္​
တိတ္​တဆိတ္​ရပ္​​ေန​ေသာ Gua Erသည္​
႐ွီ​ေဝခ်ဳံး​ေ႐ွ႕သို႔ ခ်က္​ခ်င္​း ဝင္​ရပ္​လိုက္​သည္​။
သည္​တစ္​ခါ​ေတာ့ ​ေသနတ္​အား
ဆြဲမထုတ္​​ပင္​မဲ့ ၿခိမ္​း​ေျခာက္​​ေသာ
အ​ေငြ႔အသက္​မ်ားကို ထုတ္​လႊတ္​ထားသည္​။

"အစ္​ကိုႀကီး!"

႐ွန္​႔အာ့ထင္​သည္​ ႐ွီ​ေဝခ်ဳံးအား
အလ်င္​စလို မလုပ္​မိ​ေစရန္​
လွမ္​းသတိ​ေပးလိုက္​သည္​။
စစ္​သားတစ္​ဦးျဖစ္​သည္​့အ​ေလ်ွာက္​
ဓာတ္​​ေလွကား​ေ႐ွ႕မွ ​ေဟာခန္​းႀကီးသည္​
လုံးဝလူ႐ွင္​း​ေန​ေသာ္​လည္​း သူတို႔အား
အနည္​းဆုံး ​ေသနတ္​ငါးလက္​​ေလာက္​
လိွ်ဳ႕ဝွက္​ခ်ိန္​ထား​ေၾကာင္​း သူ႔အာ႐ုံက
သတိ​ေပး​ေနသည္​။

ထို႔အျပင္​ သူတို႔သည္​ တစ္​ဖက္​လူ၏
ပိုင္​နက္​အတြင္​း​ေရာက္​​ေန၍
စိတ္​အလိုအ​ေလ်ွာက္​လုပ္​မိပါက သူတို႔သာ
ထိခိုက္​မည္​ျဖစ္​သည္​။

႐ွီ​ေဝခ်ဳံးသည္​ ႐ွန္​႔အာ့ထင္​ဆိုလိုသည္​ကို
နားလည္​၍ သူ႔လက္​ကို တြန္​႔ဆုတ္​စြာ ​
ေနာက္​႐ုတ္​လိုက္​သည္​။ထို႔​ေနာက္​ ႐ွီက်င္​းအား ​
ေငးၾကည့္​့ကာ ​ေမးလိုက္​သည္​။

"ဘာလို႔လဲ"

႐ွီက်င္​းသည္​ ယူနစ္​ဘားအား ၾကည္​့ရင္​း
မူလ႐ွီက်င္​း၏ဘဝ မည္​သို႔အဆုံးသတ္​သြားပုံ
သူ ျပန္​လည္​​ေမြးဖြားလာၿပီး​ေနာက္​
အဆက္​မျပတ္​ ​ေၾကာက္​လန္​႔ကာ
ပုန္​း​ေ႐ွာင္​ခဲ့ရ​ေသာ ​ေန႔ရက္​မ်ားကို
ျပန္​သတိရသြားသည္​။အခု​ေတာ့ လ်န္​ကြၽင္​း၏
တည္​႐ွိမႈကို အားကိုးကာ ​ေႏြး​ေထြး​ေသာ
မိသားစုပုံရိပ္​အား ၿဖိဳကြဲလိုက္​သည္​။

"ဘာလို႔လဲဆို​ေတာ့ ကြၽန္​​ေတာ္​ စိတ္​ခ်မ္​းခ်မ္​း
သာသာ​ေနခ်င္​လို႔ပဲ။အစ္​ကိုႀကီး၊တတိယအစ္​ကို၊
စတုတၳအစ္​ကိုတို႔ကို ကြၽန္​​ေတာ္​နားမလည္​ႏိုင္​ဘူး။
အစ္​ကိုတို႔ကို မမ်ွမတဆက္​ဆံခဲ့တာက
အ​ေဖပါ။ဘာလို႔ ကြၽန္​​ေတာ္​့ကိုမုန္​း​ေနၾကတာလဲ?
ကြၽန္​​ေတာ္​ ဘာအမွားလုပ္​မိခဲ့လို႔လဲ"

ထို႔​ေနာက္​ ႐ွီ​ေဝခ်ဳံးဆီမွ အၾကည္​့လႊဲကာ
လ်န္​ကြြၽင္​း၏ဝွီးခ်ဲအားတြန္​းကာ တစ္​ခ်က္​ပင္​
ျပန္​လွည္​့မၾကည္​့ဘဲ ထြက္​သြား​ေတာ့သည္​။

ဧည္​့ခန္​းသည္​ ​ေလ်ွာက္​လမ္​း၏အဆုံးတြင္​
႐ွိသည္​။သူတို႔​ေလ်ွာက္​လွမ္​း​ေနစဥ္​တြင္​
ၾကားရ​ေသာတစ္​ခုတည္​း​ေသာအသံက
ဝွီးခ်ဲ႐ွိဘီးမ်ားမွပြတ္​တိုက္​သံသာျဖစ္​သည္​။

"႐ွီက်င္​း"

ထိုစဥ္ လ်န္​ကြၽင္​းမွ တိတ္​ဆိတ္​မႈကို
ၿဖိဳခြင္​းလိုက္​သည္​။

႐ွီက်င္​းသည္​ သူ႔ဘားတန္​းအ​ေျခအ​ေနကို
စိတ္​ပူပန္​စြာ အတည္​ျပဳ​ေနရင္​း ဆိုသည္​။

"ဟုတ္​ ကြၽင္​း​ေ႐ွာက္​"

"ဒီ​ေန႔က ထူးျခားတယ္​ ၊ဒါ​ေၾကာင္​့
မင္​းငိုခ်င္​ရင္​ ငါမျမင္​သလိုဟန္​ေဆာင္​​ေပးႏိုင္​တယ္​"

ထိုစကားအား​ေျပာၿပီး​ေသာအခါ ႐ွီက်င္​းကို
ရပ္​ရန္​ လက္​ဟန္​ျပသည္​။

"ဧည္​့ခန္​းက ဘာလို႔အဲ့​ေလာက္​​ေမွာင္​မဲ​
ေနတာလဲ? ႐ွီက်င္​း မီးသြားဖြင့္​လိုက္​"

႐ွီက်င္​းသည္​လည္​း နာနာခံခံျဖင္​့ ဝွီးခ်ဲအား
လွည္​့​ေပးကာ မီးခလုတ္​႐ွိရာဆီသြားလိုက္​သည္​။

​ေဖာက္​!

မီးခလုတ္​အား ဖြင္​့လိုက္​သည္​ႏွင္​့
တံခါးအ​ေပၚဖက္​မွာ ​ေဖာက္​ကနဲျမည္​သံႏွင္​့အတူ
႐ွီက်င္​းေပၚသို႔ ​ေရာင္​စုံဖဲႀကိဳးမ်ား
စကၠဴစမ်ား မိုးရြာသလို က်လာသည္​။
တစ္​ျပဳိင္​တည္​းဧည္​့ခန္​း႐ွိမီးလည္​း
ျပန္​လင္​းလာကာ စားပြဲ​ေပၚတြင္​
အလြန္​ႀကီးမားၿပီး လွပ​ေသာ သုံးလႊာပါသည္​့ ​
ေမြး​ေန႔ကိတ္​ကို ​ေတြ႔လိုက္​ရသည္​။

႐ွီက်င္​း အူ​ေၾကာင္​​ေၾကာင္​ ျဖစ္​သြားသည္​။

"မင္​းက ​ေစာျပန္​လာ​ေတာ့ ဘာမွထပ္​ျပင္​ဆင္​ခ်ိန္​
မရလိုက္​ဘူး"

လ်န္​ကြၽင္​းသည္​ ဝွီးခ်ဲကို ႐ွီ​က်င္​းနံ​ေဘးသို႔​
ေရြ႔လာကာ သူ႔လက္​အားဆြဲယူၿပီး
စာအိတ္​နီ​ေလးတစ္​အိတ္​ကို ထိုးထည္​့​ေပးကာ
ဆိုသည္​။

"Happy Birthday ႐ွီက်င္​း,
အရြယ္​​ေရာက္​လာၿပီျဖစ္​တဲ့အတြက္​ ဂုဏ္​ယူပါတယ္​"

=============================

ဒီအပိုင္​းရဲ႕​ေခါင္​းစဥ္​က
"Happy birthday"ပါ
႐ွီက်င္​းကိုတင္​မက စာဖတ္​သူ​ေတြကိုပါ
အံ့ျသ​ေစခ်င္​လို႔ တမင္​မထည္​့ထားတာ။

"သားလုပြဲ"ဆိုတာ ကိုယ္​​ေနာက္​​ေျပာတာ​ေနာ္​ xD

============================

အခန်း(၁၇)

​သေ​ရေးရှင်​ရေးအ​ခြေအ​နေမျိုးတွင်​
ရှီကျင်းသည်​သဘာဝကျစွာ မြန်​မြန်​ဆန်​ဆန်​
စိတ်​ငြိမ်​သွားတတ်​သည်​။သူသည်​Gua Er၏
လက်​အားဖယ်​ကာ မတ်​တပ်​ရပ်​လိုက်​သည်​။
ထို့​နောက်​ရှီ​ဝေချုံးအား ယဉ်​ကျေးစွာပြုံးပြပြီး
ထူးဆန်း​သော​ဒေသိယစကားမျိုးဖြင့်​
တိုးတိုးဆိုသည်​။

"လူကြီးမင်းဗျ,လူမှားတာ ထင်​တယ်​ရော်​၊​
ကောင်း​သော​နေ့ဖြစ်​စ"

ပြီး​နောက်​တံခါးကိုကိုင်​ကာ ဆွဲပိတ်​ဖို့
ကြိုးစားလိုက်​သည်​။

ရှီ​ဝေချုံး၏နဖူးပြင်​တွင်​သွေး​ကြောများထင်းလာပြီး​
ပေါက်​ထွက်​မလိုပင်​။သူ၏​ခြေ​ထောက်​ကို
တံခါးနှင့်​ထိုင်​ခုံအကြားတွင်​ထည့်​ခံပြီး
တံခါးပိတ်​တာကို တားလိုက်​သည်​။ထို့​နောက်​
ရှီကျင်း၏ညာဘက်​လက်​မောင်းအား ဆုပ်​ကိုင်​ကာ
လက်​ကောက်​ဝတ်​မှ အမာရွတ်​များအား
ကြည့်​ရန်​အင်္ကျီလက်​ကို ဆွဲတင်​လိုက်​သည်​။
ပြီး​နောက်​သူသည်​ရှီကျင်းအား ပို၍တင်းကျပ်​စွာ
ဆုပ်​ကိုင်​ထားပြီး​လှောင်​ရယ်​ရယ်​သည်​။

"ငါ့ကိုငတုံးများထင်​နေလား ဒီကိုလာခဲ့စမ်း!"

​ရှောင်​စစ်​လည်း​အော်​ငို​တော့သည်​။
<ကျင်းကျင်း! ယူနစ်​ဘားတန်းက ၈၈၀ကို​
ရောက်​နေပြီ! ဝါး.....တစ်​ယောက်​ယောက်​
ကယ်​ပါဦး!!>

ရှီကျင်းလည်း​ချွေးစီးများထွက်​လာသည်​။
ထိုသူ့လက်​မှရုန်းကန်​ရင်း​ခေါင်းလှည့်​ကာ​
အော်​လိုက်​သည်​။

"Gua Er ကျွန်​တော့်​ကို ကယ်​-"

ကလစ်​!

​သေနတ်​အား​မောင်းတင်​လိုက်​သည့်​အသံကို
ကြားလိုက်​သည်​။Gua Erသည်​
ရှီ​ဝေချုံးအား​သေနတ်​ဖြင့်​ချိန်​ရွယ်​ထားပြီး
ရှီကျင်း၏ပုခုံးကို ကျန်​လက်​တစ်​ဖက်​ဖြင့်​
ဆုပ်​ကိုင်​ထားသည်​။ရှီကျင်းကို သူ့ဘက်​သို့
ပြန်​ဆွဲကာ ရှီ​ဝေချုံးအား ကြည့်​ပြီး ပြောသည်​။

"သူ့ကိုလွှတ်​လိုက်​"

အိုး.....fuck.

ရှီကျင်း ကြက်​သေ​သေသွားသည်​။

ထိုစကားအား ကြား​သောအခါ ရှီ​ဝေချုံး၏
မျက်​နှာမှာ ကြည့်​ရဆိုးသွားသည်​။ရှီကျင်း၏
လက်​အား လွှတ်​မည့်​အစား ပို၍
တင်းတင်း​ကျပ်​ကျပ်​ဆုပ်​ကိုင်​ပြီး သူအား
ချိန်​ထား​သော​သေနတ်​ပြောင်းကိုပင်​မရှောင်​ဘဲ
အံကြိတ်​မေးသည်​။

"ရှီကျင်း,မင်းက အပြင်​လူတစ်​ယောက်​ကို​တောင်​
ငါ့ကို​သေနတ်​ချိန်​ခွင့်​ပြုတယ်​ပေါ့"

​ရှောင်​စစ်​မှာလည်း နားကွဲမတတ်​
စီကနဲ​အော်​ပြန်​သည်​။
<၈၉၀! ကျင်းကျင်း! ဝါး!!!>

အားးးး.....မတက်​ပါနဲ့​တော့!

ရှီကျင်း၏ဝိညာဉ်​သည်​ပင်​အော်​ဟစ်​နေပြီ
ဖြစ်​သည်​။ထို့​နောက်​ဒီအ​ခြေအ​နေအား
ဖျန်​ဖြေရန်​ပါးစပ်​ဟရုံသာ ရှိ​သေး၊​
နောက်​ထပ်​လူရိပ်​ရှည်​ရှည်​တ​စ်​ခုသည်​
ကားအနီးတွင်​ထပ်​ပေါ်လာသည်​။တစ်​ချိန်​တည်းမှာ
အနည်းငယ်​ရင်းနှီး​သော အသံနိမ့်​တစ်​သံကို
ကြားလိုက်​ရသည်​။

"အစ်​ကိုကြီး,ဘာ​တွေအဲ့​လောက်​ကြာ​နေတာလဲ။
တစ်​ခုခုဖြစ်​-"

ထိုသူသည်​စကားမဆုံးခင်​ဘဲ
ကားရှိအ​ခြေအ​နေအား မြင်​သောအခါ
သူ၏​ဖြောင့်​တန်း​သော​မျက်​ခုံးတန်းများမှာ
တွန့်​ကွေးသွားသည်​။အနည်းငယ်​မှပင်​
မတုံ့ဆိုင်းဘဲ သူ့ကိုယ်​ပိုင်​သေနတ်​ကို
ဆွဲထုတ်​ကာ Gua Erအား ချိန်​ပြီး ဆိုသည်​။

"ခင်​ဗျားက ဘယ်​သူလဲ! အခုချက်​ချင်း​
သေနတ်​ကိုချလိုက်​စမ်း!"

​ရှောင်​စစ်​သည်​မေ့လဲ​တော့မလိုပင်​ဖြစ်​နေသည်​။

<၉၀၀, ဒါလင်​လည်း ဒီမှာမရှိဘူး၊​
ရှောင်​စစ်​တို့​တော့သွားပြီထင်​တယ်​...ဝါး...>

ရှီကျင်း အသက်​ရှူကြပ်​လာသည်​။သူသည်​
မယုံသင်္ကာဖြင့်​ရှီ​ဝေချုံး​ဘေးတွင်​ရပ်​နေ​သော
လူအားကြည့်​လိုက်​သည်​။မျက်နှာ​အသွင်​အပြင်​က
ရှီ​ဝေချုံးနှင့်​အ​တော်​ဆင်​ပြီး​တိပစွာ
ထွင်းထုထား​သောကျောက်​ဆစ်​ရုပ်​လိုမျက်​နှာဖြင့်​
ခက်​ထန်​နေ​သောအမူအရာအား ကြည့့်​ပြီး
ရှီကျင်းငိုချင်​လာသည်​။

"စ...စတုတ္ထအစ်​ကို..."

သူကပါ ဘာလို့ရှိ​နေတာလဲ?

အ​သေအချာပင်​ထိုသူသည်​ရှန့်​အာ့ထင်​
ဖြစ်​သည်​။သူသည်​ရှီကျင်း၏အသံကို
ကြားလိုက်​သောအခါ တခဏသတိလက်​လွတ်​
ဖြစ်​သွား​လေသည်​။ထို့​နောက်​ရှီကျင်းအား
တစ်​ကိုယ်​လုံးခြုံကြည့်​ကာ နှာထိပ်​နား​လေးကို
အာရုံစိုက်​မိသွားသည်​။ထိုအခါ ရှီကျင်းအား
ထိ​တွေ့ရန်​လက်​လှမ်းလိုက်​ပြီး ဆိုသည်​။

"ကျင်း​လေး..ဒီ​တောအတွင်း​
မင်းဘယ်​တွေ​ရောက်​နေတာလဲ၊ ဒီလိုလာပါဦး"

"သူ့ကိုမထိနဲ့"

Gua Erသည်​ရှီကျင်းအား ထိုင်​ခုံ​ပေါ်
အသားကုန်​ဖိချကာ သူ့​သေနတ်​ကို
ရှန့်​အာ့ထင်​ဆီ​ရွေ့ပြီး ခြိမ်း​ခြောက်​လိုက်​သည်​။

"အပစ်​မခံချင်​ရင်​နောက်​ဆုတ်​လိုက်​"

ရှန့်​အာ့ထင်​သည်​ကိုယ်​ကိုအနည်းငယ်​
ဆုတ်​လိုက်​ပြီး သူ့အကြည့်​သည်​Gua Er
ရှီကျင်းကိုကိုင်​တွယ်​ထားပုံအား​လေ့လာလိုက်​
သည်​။ထို့​နောက်​သူ့၏ကြွက်​သားများမှာ
တင်းမာလာပြီး​သေနတ်​အား ပစ်​ရန်​
အသင့်​အ​နေအထားပင်​ပြင်​လိုက်​ကာ ဆိုသည်​။

"ကျင်း​လေး,မင်းခြိမ်း​ခြောက်​ခံထားရတာလား"

​သေနတ်​နှစ်​လက်​သည်​သူ့​ခေါင်းအနီးတွင်​
တဝဲလည်​လည်​ဖြစ်​နေ​သော်​လည်း
သူ့အမှတ်​က ဘာလို့မတက်​လာမှန်းမသိ​ပေ။
သူနဖူးတွင်​ချွေးများ စိမ့်​ထွက်​လာကာ
​ခေါင်းခါလျက်​ပြောသည်​။

"မဟုတ်​ဘူး Gua Erက ကျွန်​တော့်​
သူငယ်​ချင်းပါ၊အားလုံးအထင်​မှား​နေကြတာပါ...​
အရင်ဆုံး​သေနတ်​ကို..ချ..ချလိုက်​ပါ​နော်​
၊ပြီး​တော့ ကျွန်​တော့်​လက်​ကိုလွှတ်​ပေး.."

"လွှတ်​ပေးရမယ်​? မင်းထပ်​ထွက်​ပြေးနိုင်​ဖို့လား"

ရှီ​ဝေချုံး ထိုစကားအား​ပြောလိုက်​ချိန်​တွင်​
သူ့၏သွားကြိတ်​သံကို လူတိုင်း ရှင်းရှင်းလင်းလင်း
ကြားလိုက်ရသည်​။

ရှီကျင်း၏နှလုံးသား​လေးပင်​တုန်​လှုပ်​သွားကာ
အခုလို အ​ခြေအ​နေအား တနည်းနည်းဖြင့်​
ဖြိုကွဲသင့်​ကြောင်း သ​ဘော​ပေါက်​လာသည်​။
ရှီ​ဝေချုံးသည်​သူ့အား​နောက်​ဆုံး​တော့
ရှာ​တွေ့သွားပြီဖြစ်​ရာ သူ့အားဘယ်​တော့မှ
လက်​လွှတ်​တော့မည်​မဟုတ်​ပေ။ရှီကျင်းအား
ကူညီရန်​Gua Erရှိ​သော်​လည်း
ရှီ​ဝေချုံးဘက်​တွင်​ရှန့့်​အာ့ထင်​ရှိသည်​။
နှစ်​ဖက်​လူညီ​နေ​တာ​ကြောင့်​
ဘယ်​ဘက်​က အနိုင်​ရမလဲ မ​သေချာ​ပေ။
ထို့​ကြောင့်​အချိန်​ဆွဲဖို့လည်း​ကောင်း
ကလပ်​ကို ပြန်​နိုင်​ဖို့လည်း​ကောင်း
နည်းလမ်းတစ်​ခုရှာရ​တော့မည်​။

​ကောင်းကျိုးဆိုးကျိုးကို အလျင်အမြန်​
ချိန်​ဆပြီး​နောက်​ရှီကျင်း စိတ်​ငြိမ်​သွားသည်​။
​သေနတ်​ပြောင်းနှစ်​ခုကြားထဲ ထရပ်​လိုက်​ပြီး
ရှီ​ဝေချုံးအား ကြည့်​လိုက်​သည်​။

"အစ်​ကိုကြီး ကျွန်​တော်​ထပ်​ထွက်​မ​ပြေး​
တော့ပါဘူး၊ Gua Erလည်း​
သေနတ်​ချလိုက်​တော့၊ဒီနှစ်​ယောက်​က
ကျွန်​တော့်​အစ်​ကို​တွေပါ ကျွန်​တော့်​ကို
ထိခိုက်​အောင်​မလုပ်​ပါဘူး"

Gua Erသည်​ရှီကျင်း၏မိသားစု
အ​ခြေအ​နေကို အနည်းငယ်​သိထားသဖြင့်​
ရှီ​ဝေချုံးအား မြင်​သောအချိန်​တွင်​
ချက်​ချင်းကာကွယ်​ဖို့ ကြိုးစားလိုက်​ခြင်းဖြစ်​သည်​။
ရှီကျင်းစကားများကိုကြား​သောအခါ
မျက်​မှောင်​ကြုတ်​ကာ​မေးသည်​။

"​သေချာလို့လား"

"အင်း ကျွန်​တော်​အဆင်​ပြေပါတယ်​"
ထို့​နောက်​ရှီ​ဝေချုံးဘက် လှည့်​ကြည့်​ကာ
အားတင်းပြုံးလျက်​ပြောသည်​။

"အစ်​ကိုကြီး,ကျွန်​တော်​တကယ်​
ထွက်​မ​ပြေး​တော့ပါဘူး၊ ဒီ​နေရာနဲ့သိပ်​မ​ဝေးတဲ့
Nightlightလို့​ခေါ်တဲ့ ကလပ်​တစ်​ခုမှာ​
နေပါတယ်​ပြီး​တော့ ဒီနှစ်​ကုန်​ထိ အဲ့မှာ​နေမလို့ပါ"

ရှီ​ဝေချုံးသည်​ရှီကျင်း သူ့အား လိမ်​ပြော​နေလား
အတည်​ပြော​နေလားဆိုတာ စက္ကန့်အနည်းငယ်​
လောက်​သေချာ​လေ့လာပြီးမှ သူ့လက်​အား​
ဖြေးညင်းစွာ လွှတ်​ပေးလိုက်​သည်​။သို့​သော်​
အပြည့်​အဝမယုံကြည်​သေးသဖြင့်​ရှီကျင်းကို
ကား​နောက်​ခန်းထဲတွန်းထည့်​ကာ
သူပါကားထဲသို့ ဝင်​ထိုင်​လိုက်​သည်​။
တစ်​ချိန်​တည်းမှာ ဖုန်းကို​ဆွဲထုတ်​ပြီး
ဖုန်းနံပါတ်​တစ်​ခုအား နှိပ်​လိုက်​သည်​။

"ညီသုံး,​ရှော့ပင်း​မောဝင်​ပေါက်​ကို လာခဲ့၊
ငါတို့​ရှောင်​ကျင်းကို​တွေ့ထားတယ်​"

ရှီကျင်း နင်​သွားသည်​။

ညီ....ညီသုံး? ရုန်​ကျိုးကျုံးပါ​
ရောက်​နေတာလား? ဘယ်​လိုဖြစ်​ပြီး
တစ်​ချိန်​တည်း အစ်​ကိုသုံး​ယောက်​နဲ့တိုးရတာလဲ...

ရှီကျင်း Nightlightအ​ကြောင်းပြော​သောအခါ
Gua Er၏မျက်​ခုံးများမှာ အနည်းငယ်​
မြင့်​တက်​သွားသည်​။ကြည့်​ရသည်​မှာ
ရှီကျင်းက ဒီကိစ္စကို လျန်​ကျွင်းအား​
ဖြေရှင်းခိုင်းမည်​ပုံဖြစ်​သဖြင့်​သူသည်​လည်း
ချက်​ချင်း​သေနတ်​အားချ​ကာ ထိုအစား
ဖုန်းကိုထုတ်​လိုက်​သည်​။ထို့​နောက်​
မြန်​မြန်​ပင်​ဖုန်း​ခေါ်ကာ ယခုဖြစ်​နေ​သော
အ​ခြေအ​နေအား ရှင်းပြလိုက်​သည်​။

နှစ်​မိနစ်​လောက်​ကြာ​သောအခါ ရှီ​ဝေချုံးနှင့်​
ရှန့်​အာ့ထင်​၏ဖုန်းများမှာ တပြိုင်​နက်​
ထမြည်​သည်​။တစ်​ယောက်​က​တော့
ချက်​ချင်းကိုင်​လိုက်​ပြီး​နောက်​တစ်​ဦးက​တော့
ရှီကျင်း၏​ဘေးတစ်​ဖက်​သို့ဝင်​ထိုင်​ကာ
တံခါးပိတ်​ပြီးမှ ဖုန်းကိုင်​လိုက်​သည်​။

"ရှီ​ဝေချုံး​ပြော​နေပါတယ်​"

"ဟယ်​လို sir"

သူတို့နှစ်​ဦးသည်​တပြိုင်​တည်း
စကား​ပြော​နေကြသည်​။ရှန့်​အာ့ထင်​
ဖုန်းကိုင်​သောလက်​သည်​ရှီကျင်းဘက်​တွင်​
ရှိသဖြင့်​တစ်​ဖက်​ဖုန်းမှ​ပြော​သော
မပြတ်မသား​အသံများကို ကြား​နေရသည်​။

ကြည့်​ရတာ သူ့အထက်​လူကြီးဆီကဖုန်း​နေမယ်​
အင်​အားကြီးအဖွဲ့အစည်းတစ်​ခုရဲ့
အဖွဲ့ဝင်​တစ်​ယောက်​ကို သွားထိလို့ ဆူပူ​နေပုံ
ရပြီး အခုချက်​ချင်းရပ်​ဖို့ အမိန့်​ပေး​နေတာ

ရှန့်​အာ့ထင်​သည်​မျက်​မှောင်​ကြုတ်​ပြီး
'ဟုတ်​ကဲ့ sir'ဟု အကြိမ်​ပေါင်းများစွာ​
ဖြေပြီး​နောက်​ဖုန်းချလိုက်​ကာ​ရှေ့ခန်းမှ
Gua Erအား​လှမ်းအကဲခတ်လိုက်​သည်​။

ရှီ​ဝေချုံးဆီအား လျန်​ကျွင်းကိုယ်​တိုင်​
ဖုန်းဆက်​လိုက်​ပုံရသည်​။ရှီဝေချုံး၏စကားများမှာ
တို​တောင်းသဖြင့်​နှစ်​ဦးနှစ်​ဖက်​
ဖော်​ဖော်​ရွေ​ရွေ မဟုတ်​ကြောင်း သိသာသည်​။
ရှီ​ဝေချုံးသည်​စိတ်​ကို အတတ်​နိုင်​ဆုံး
ထိန်းချုပ်​ထားပုံ​ပေါ်သည်​။

​နောက်​ဆုံး၌ ရှီ​ဝေချုံးသည်​
"သူက ငါ့ညီလေးကွ!"ဟု​အော်​ပြောပြီး
ဖုန်း​ကောက်​ချလိုက်​သည်​။ထို့​နောက်​
သူ့အား​ဘေးမှ​ချောင်းကြည့်​နေ​သော
ရှီကျင်းအား ကြည့်​ကာ​ပြောသည်​။

"လုံခြုံတဲ့​နေရာမှာ​နေပြီး စိတ်​ချရတဲ့
အလုပ်​ရ​နေပြီဆိုတာ ဒါကိုဆိုလိုတာလား ဟမ်​!?"

ရှီကျင်းလည်း ထိုသူအကြည့်​အား​ရှောင်​ကာ
ကိုးရိုးကားယားရယ်​ပြီး ဘာမှပြန်​မ​ဖြေရဲ​ပေ။
လျန်​ကျွင်း ရှီ​ဝေချုံးကို ဘာ​ပြောလိုက်​လဲဆိုတာ
သူတကယ်​သိချင်​သည်​။

ထိုဖုန်းသံများ​ကြောင့်​လေထုအ​ခြေအ​နေက
ယာယီ​ဖြေ​လျော့သွားသည်​။
ငါးမိနစ်​လောက်​ကြာ​သောအခါ ဦးထုပ်​ဆောင်း
maskတပ်​ထား​သော ရုန်​ကျိုးကျုံးသည်​
ကားဆီသို့​လျှောက်​လာသည်​။သူ၏လှပ​သော
မက်​မွန်​ပွင့်​ပုံမျက်​ဝန်းများက ကားထဲ​ဝေ့ကြည့်​ရာ
ရှီကျင်း၏ဆံပင်​ကေအား မြင်​သောအခါ
mask​အောက်​မှ သူ့၏နှုတ်​ခမ်းမှာ
​ကော့တက်​သွားကာ ပြုံးစိစိဖြစ်​သွားသည်​။
သူသည်​ဘာမှမ​ပြောဘဲ ကားကိုပတ်​ကာ​
နောက်​ခန်းတံခါးကိုဖွင့်ြ​ပီး ဝင်​ထိုင်​လိုက်​သည်​။
(နောက်​ခန်းမှာ​ယောက်ျားကြီး​လေး​ယောက်​
ပြွပ်​ထိုင်​နေကြတယ်​လုပ်​ကြပါဦး)

ထိုသူ၏မျက်​ဝန်းများမှာ အဓိပ္ပါယ်​များ
ပြည့့်​နှက်​နေသဖြင့်​ရှီကျင်းအား
ကြက်​သီးထ​စေသည်​။ထို့​ကြောင့်​ရှီကျင်းသည်​
Gua Erရှိရာ​ရှေ့ခန်းဆီသွားမလို့
လုပ်​လိုက်​သည်​။ထိုအချိန်​ရှီကျင်း၏
လှုပ်​ရှားမှုများကို မြင်​သောရှန့်​အာ့ထင်​သည်​
မ​ကျေမနပ်​ဖြင့်​ရှီကျင်းအား ဖမ်းကိုင်​ပြီး
ခုံဆီသို့ ပြန်​ဆွဲချကာ သူကပဲ​ရှေ့ခန်း
သွားထိုင်​လိုက်​သည်​။

ရှီ​ဝေချုံးနှင့်​ရုန်​ကျိုးကျုံးကြား မထင်​မှတ်​ဘဲ
ထိုင်​လိုက်​ရ​သော ရှီကျင်း: "..."

​မေကြီး​ရေ....​သောက်​ရမ်း​ကြောက်​ဖို့​ကောင်း
တယ်​..

​ရှောင်​စစ်​သည်​တုန်​လှုပ်​လျက်​
<ကျင်းကျင်း,အမှတ်​က ၉၀၀မှာ
ထပ်မတက်​တော့ဘဲ ရပ်​သွားတယ်​၊
ဒါပင်​မဲ့လည်း ဒီအ​ခြေအ​နေကြီးက ဆိုးတယ်​နော်​>

"မင်း​ပြောတာ မှန်​တယ်​ဒါတကယ်​ဆိုးရွားတယ်​"
ရှီကျင်းစိတ်​ထဲမှ ပြန်​ဖြေသည်​။

သူ၏တစ်​ဖက်​တစ်​ချက်​ဆီတွင်​ရှိ​သော​
ခြေတံရှည်​နှစ်​စုံအား ကြည့်​ကာ
သူ့နှလုံးသားမှာ စိတ်​အားငယ်​ခြင်းများ
ပြည့်​နှက်​လာသည်​။

အစ်​ကိုသုံး​ယောက်​ကို တစ်​ချိန်​တည်းမှာ...
ဒါက အ​ဆိုးရွားဆုံး တိုက်​ဆိုင်​မှုပဲမလား?

ရှီ​ဝေချုံးသည်​ကြွက်​စုတ်​လေးကို
ကျုံ့ကျုံ့​လေးထိုင်​နေ​သော ရှီကျင်းအား
ကြည့်​ကာ စိတ်​မ​ပျော်​တော့​ပေ။သူသည်​
ရှီကျင်း၏ကိုယ်​ကိုဆွဲမကာ ဆန့်​ဆန့်​ထိုင်​အောင်​
လုပ်​ပြီး Gua Erကို​ပြောလိုက်​သည်​။

"အားလုံးလည်း​ရောက်​ပြီ၊မင်း​ဘော့စ်​က
သူနဲ့​ဆွေး​နွေးဖို့​မေးထားတယ်​၊ဒါ​ကြောင့်​မြန်​မြန်​
အဲ့ကို​မောင်း"

Gua Erသည်​လည်း လျန်​ကျွင်းဆီမှ
အမိန့်​ရပြီးသားဖြစ်​သည်​။သူသည်​
ရှီကျင်းအား​နောက်​ကြည့်​မှန်​မှတဆင့်​
ကြည့်​ပြီး​တော့ ကားစက်​နိုးလိုက်​သည်​။

​ပျော်​ရွှင်​စွာ ထွက်​ခွာလာ​သော်​လည်း
အပြန်​လမ်းခရီးက​တော့ ခြိမ်း​ခြောက်​မှု
အပြည့်​ဖြင့်​ပေါ့။

ကလပ်​ဆီ​ရောက်​သောအခါGua Erသည်​
အားလုံးကို သီးသန့်​ဓာတ်​လှေကားဆီ​
ခေါ်သွားကာ လျန်​ကျွင်း​နေထိုင်​ရာ​
ခြောက်​လွှာဆီသို့ တိုက်​ရိုက်​သွားသည်​။

မထင်​မှတ်​ထားစွာ လျန်​ကျွင်းသည်​
ဓာတ်​လှေကား အထွက်​နေရာတွင်​
အမှန်​တကယ်​ပင်​စောင့်​နေသည်​။
သူသည်​ဝတ်​ခဲ​သော အဖြူ​ရောင်​မက်​မန်းပွင့်​ပုံ
ပန်းထိုးထား​သော အနီ​ရောင်​ဝတ်​ရုံရှည်​အား
ဝတ်​ဆင်​ထားပုံမှာ​အေးစက်​နေ​သော
နှင်းခဲကြားထဲမှ အနီ​ရောင်​ခေါင်း​လောင်းပန်း
တစ်​ပွင့်​လို မိန်း​မောစရာ​ကောင်းလှသည်​။

Gua Erသည်​ဓာတ်​လှေကားမှ
အရင်​ဆုံးထွက်​လာလိုက်​သည်​။

"ကျွင်း​ရှောက်​"

လျန်​ကွးသည်​ခေါင်းညိတ်​ပြပြီး​နောက်​
ရှီကျင်းအား လက်​ယပ်​ခေါ်လေသည်​။

"ဒီကိုလာခဲ့"

သူ့ရဲ့"​ရွှေ​ရောင်​ခြေသလုံးကြီး"မှ​ခေါ်​နေသဖြင့်​
ရှီကျင်းလည်း မြန်​မြန်​ပြေးသွားလိုက်​သည်​။

ညီအစ်​ကိုသုံး​ယောက်​သည်​ရှီကျင်း၏​
နောက်​ကွယ်​မှလူသည်​ဤသို့
အသွင်​အပြင်​မျိုးရှိမည်​ဟု မထင်​မှတ်​ထားသဖြင့်​
အံသြသွားကာ အချိန်​ခဏ​လောက်​
သတိလက်​လွတ်​ဖြစ်​သွားမိ၍ အသိုက်​ဆီသို
့ပြန်​လာ​သော ငှက်​ပေါက်​လေးနှယ်​
ပြေးသွား​သောရှီကျင်းအား မတားလိုက်​နိုင်​ကြ​ပေ။
သတိပြန်​ဝင်​လာချိန်​တွင်​ရှီကျင်းသည်​
လျန်​ကျွင်း​နောက်​သို့ပင်​ရောက်​ရှိ​နေပြီး
ဝှီးချဲ၏လက်​ကိုင်​အား ဆုပ်​ကိုင်​ထားသည်​။

ရှီ​ဝေချုံး၏မျက်​နှာမှာ မဲကနဲဖြစ်​သွားသည်​။
သူသည်​ဓာတ်​လှေကားအတွင်းမှ ထွက်​လာပြီး
လျန်​ကျွင်း၏အ​ရှေ့တွင်​ရပ်​ကာ
အရပ်​အားကိုးဖြင့်​ငုံ့ကြည့်​လိုက်​သည်​။

"မစ္စတာလျန်​,ကျွန်​တော့်​ညီ​လေးကို
အိမ်​ပြန်​ခေါ်တာမို့ ခင်​ဗျား ကျွန်​တော့်​ကို
တားပိုင်​ခွင့်​မရှိဘူး"

လျန်​ကျွင်းသည်​ရှီ​ဝေချုံးအား ပြန်​မ​ပြောဘဲ
ရှီကျင်းဘက်​သို့​ခေါင်းလှည့်​ကာ​မေးလိုက်​သည်​။

"မင်း အိမ်​ပြန်​ချင်​လား"

အားလုံး​သောအကြည့်​များသည်​
ကျောက်​ရုပ်​လိုဖြစ်​သွား​သော ရှီကျင်းအ​ပေါ်
ကျ​ရောက်​လာသဖြင့်​ကြီးမား​သောဖိအားကြီးကို
ခံစားလိုက်​ရသည်​။
သူ၏​ရွှေ​ရောင်​ခြေသလုံးကြီးသည်​ပင်​
သူ့ကိုယ်​အား အ​ပေါက်​ဖောက်​ထွင်းမတတ်​
နက်​နက်​နဲနဲကြည့်​နေသည်​။
​နောက်​ဆုံး၌ ကိုယ့်​ကိုယ်​ကို ချုပ်​ထိန်းကာ
သူ့အစ်​ကိုတို့၏ တိုက်​တွန်းသလိုအကြည့်​များကို
ရင်​ဆိုင်​ကာ​ခေါင်းခါလိုက်​သည်​။

"ဟင့်​အင်း ကျွန်​တော်​ကျွင်း​ရှောက်​နဲ့ပဲ​
နေချင်​တယ်​၊ဒီ​နေရာကို သ​ဘောကျတယ်​"

ရှီကျင်းသည်​သူ၏ယူနစ်​ဘားတန်းအား
အာရုံစိုက်​လျက်​ဖြေသည်​။

"ဒီလိုဆိုမှ​တော့ မင်းကိုဘယ်​သူမှ
မ​ခေါ်သွား​စေရဘူး"
လျန်​ကျွင်း ရှီကျင်းအား​ပြောသည်​။
ထို့​နောက်​ရှီ​ဝေချုံးအား လှည့်ကြည့်​ကာ

"ဒါက ဒီကိစ္စအတွက်​ကျွန်​တော့်​ရဲ့
ဆုံးဖြတ်​ချက်​ပဲ၊ ခင်​ဗျားလက်​မခံနိုင်​ရင်​
ကျွန်​တော်​တို့​ပြောစရာစကားမရှိ​တော့လို့
ပြန်​လို့ရပါပြီ"

​ရှောင်​စစ်​သည်​စိတ်​အေးစွာ သက်​ပြင်း
ချလိုက်​သည်​။
<ထပ်​မတက်​တော့ဘူး! ကျင်းကျင်းရဲ့အမှတ်​က
၉၀၀မှာပဲ၊ကြည့်​ရတာ ဒါလင်​က ကျင်းကျင်းကို
လုံခြုံ​စေတာ​နေမယ်​>

ရှီကျင်းသည်​လည်း စိတ်​သက်​သာရာရစွာ
ဝှီးချဲ၏လက်​ကိုင်​အား တင်းကျပ်​စွာ
ဆုပ်​ကိုင်​ထားသည်​။

ရှီ​ဝေချုံးသည်​ရှီကျင်းပါးစပ်​မှ"အငြင်းစကား"ကို​
ပြော​သောအခါ သူ့ကိုယ်​သူပင်​
မထိန်းချုပ်​နိုင်​တော့ဘဲ ရှီကျင်းကို ဆွဲ​ခေါ်ရန်​
ရှေ့သို့​ခြေလှမ်းလိုက်​သည်​။တစ်​ဖက်​တွင်​
တိတ်​တဆိတ်​ရပ်​နေ​သော Gua Erသည်​
ရှီ​ဝေချုံး​ရှေ့သို့ ချက်​ချင်း ဝင်​ရပ်​လိုက်​သည်​။
သည်​တစ်​ခါ​တော့​သေနတ်​အား
ဆွဲမထုတ်​ပင်​မဲ့ ခြိမ်း​ခြောက်​သော
အ​ငွေ့အသက်​များကို ထုတ်​လွှတ်​ထားသည်​။

"အစ်​ကိုကြီး!"

ရှန့်​အာ့ထင်​သည်​ရှီ​ဝေချုံးအား
အလျင်​စလို မလုပ်​မိ​စေရန်​
လှမ်းသတိ​ပေးလိုက်​သည်​။
စစ်​သားတစ်​ဦးဖြစ်​သည့်​အ​လျှောက်​
ဓာတ်​လှေကား​ရှေ့မှ​ဟောခန်းကြီးသည်​
လုံးဝလူရှင်း​နေ​သော်​လည်း သူတို့အား
အနည်းဆုံး​သေနတ်​ငါးလက်​လောက်​
လျှို့ဝှက်​ချိန်​ထား​ကြောင်း သူ့အာရုံက
သတိ​ပေး​နေသည်​။

ထို့အပြင်​သူတို့သည်​တစ်​ဖက်​လူ၏
ပိုင်​နက်​အတွင်း​ရောက်​နေ၍
စိတ်​အလိုအ​လျှောက်​လုပ်​မိပါက သူတို့သာ
ထိခိုက်​မည်​ဖြစ်​သည်​။

ရှီ​ဝေချုံးသည်​ရှန့်​အာ့ထင်​ဆိုလိုသည်​ကို
နားလည်​၍ သူ့လက်​ကို တွန့်​ဆုတ်​စွာ​
နောက်​ရုတ်​လိုက်​သည်​။ထို့​နောက်​ရှီကျင်းအား​
ငေးကြည့့်​ကာ​မေးလိုက်​သည်​။

"ဘာလို့လဲ"

ရှီကျင်းသည်​ယူနစ်​ဘားအား ကြည့်​ရင်း
မူလရှီကျင်း၏ဘဝ မည်​သို့အဆုံးသတ်​သွားပုံ
သူ ပြန်​လည်​မွေးဖွားလာပြီး​နောက်​
အဆက်​မပြတ်​ကြောက်​လန့်​ကာ
ပုန်း​ရှောင်​ခဲ့ရ​သော​နေ့ရက်​များကို
ပြန်​သတိရသွားသည်​။အခု​တော့ လျန်​ကျွင်း၏
တည်​ရှိမှုကို အားကိုးကာ​နွေး​ထွေး​သော
မိသားစုပုံရိပ်​အား ဖြိုကွဲလိုက်​သည်​။

"ဘာလို့လဲဆို​တော့ ကျွန်​တော်​စိတ်​ချမ်းချမ်း
သာသာ​နေချင်​လို့ပဲ။အစ်​ကိုကြီး၊တတိယအစ်​ကို၊
စတုတ္ထအစ်​ကိုတို့ကို ကျွန်​တော်​နားမလည်​နိုင်​ဘူး။
အစ်​ကိုတို့ကို မမျှမတဆက်​ဆံခဲ့တာက
အ​ဖေပါ။ဘာလို့ ကျွန်​တော့်​ကိုမုန်း​နေကြတာလဲ?
ကျွန်​တော်​ဘာအမှားလုပ်​မိခဲ့လို့လဲ"

ထို့​နောက်​ရှီ​ဝေချုံးဆီမှ အကြည့်​လွှဲကာ
လျန်​ကျွင်း၏ဝှီးချဲအားတွန်းကာ တစ်​ချက်​ပင်​
ပြန်​လှည့်​မကြည့်​ဘဲ ထွက်​သွား​တော့သည်​။

ဧည့်​ခန်းသည်​လျှောက်​လမ်း၏အဆုံးတွင်​
ရှိသည်​။သူတို့​လျှောက်​လှမ်း​နေစဉ်​တွင်​
ကြားရ​သောတစ်​ခုတည်း​သောအသံက
ဝှီးချဲရှိဘီးများမှပွတ်​တိုက်​သံသာဖြစ်​သည်​။

"ရှီကျင်း"

ထိုစဉ် လျန်​ကျွင်းမှ တိတ်​ဆိတ်​မှုကို
ဖြိုခွင်းလိုက်​သည်​။

ရှီကျင်းသည်​သူ့ဘားတန်းအ​ခြေအ​နေကို
စိတ်​ပူပန်​စွာ အတည်​ပြု​နေရင်း ဆိုသည်​။

"ဟုတ်​ကျွင်း​ရှောက်​"

"ဒီ​နေ့က ထူးခြားတယ်​၊ဒါ​ကြောင့်​
မင်းငိုချင်​ရင်​ငါမမြင်​သလိုဟန်​ဆောင်​ပေးနိုင်​တယ်​"

ထိုစကားအား​ပြောပြီး​သောအခါ ရှီကျင်းကို
ရပ်​ရန်​လက်​ဟန်​ပြသည်​။

"ဧည့်​ခန်းက ဘာလို့အဲ့​လောက်​မှောင်​မဲ​
နေတာလဲ? ရှီကျင်း မီးသွားဖွင့်​လိုက်​"

ရှီကျင်းသည်​လည်း နာနာခံခံဖြင့်​ဝှီးချဲအား
လှည့်​ပေးကာ မီးခလုတ်​ရှိရာဆီသွားလိုက်​သည်​။

​ဖောက်​!

မီးခလုတ်​အား ဖွင့်​လိုက်​သည်​နှင့်​
တံခါးအ​ပေါ်ဖက်​မှာ​ဖောက်​ကနဲမြည်​သံနှင့်​အတူ
ရှီကျင်းပေါ်သို့​ရောင်​စုံဖဲကြိုးများ
စက္ကူစများ မိုးရွာသလို ကျလာသည်​။
တစ်​ပြိုင်​တည်းဧည့်​ခန်းရှိမီးလည်း
ပြန်​လင်းလာကာ စားပွဲ​ပေါ်တွင်​
အလွန်​ကြီးမားပြီး လှပ​သော သုံးလွှာပါသည့်​
မွေး​နေ့ကိတ်​ကို​တွေ့လိုက်​ရသည်​။

ရှီကျင်း အူ​ကြောင်​ကြောင်​ဖြစ်​သွားသည်​။

"မင်းက​စောပြန်​လာ​တော့ ဘာမှထပ်​ပြင်​ဆင်​ချိန်​
မရလိုက်​ဘူး"

လျန်​ကျွင်းသည်​ဝှီးချဲကို ရှီ​ကျင်းနံ​ဘေးသို့​
ရွေ့လာကာ သူ့လက်​အားဆွဲယူပြီး
စာအိတ်​နီ​လေးတစ်​အိတ်​ကို ထိုးထည့်​ပေးကာ
ဆိုသည်​။

"Happy Birthday ရှီကျင်း,
အရွယ်​ရောက်​လာပြီဖြစ်​တဲ့အတွက်​ဂုဏ်​ယူပါတယ်​"

=============================

ဒီအပိုင်းရဲ့​ခေါင်းစဉ်​က
"Happy birthday"ပါ
ရှီကျင်းကိုတင်​မက စာဖတ်​သူ​တွေကိုပါ
အံ့သြ​စေချင်​လို့ တမင်​မထည့်​ထားတာ။

"သားလုပွဲ"ဆိုတာ ကိုယ်​နောက်​ပြောတာ​နော်​xD

============================

Continue Reading

You'll Also Like

122K 13K 200
အပိုင်း ၁ မှ ၁၉၆ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်...
74.7K 8.5K 200
အပိုင်း ၃၉၅ မှ ၁၂၈၀ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလေ...
274K 23.1K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...
41.1K 4.8K 70
Author _ Shuiqiancheng That's not my work.I am Just Translator