သေခြင်းတရား ယူနစ်ဘား [ဘာသာပြ...

By Aoiyuki01

378K 68.3K 4.4K

Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနော... More

နိဒါန္း / နိဒါန်း
|၁|
|၂|
|၃|
|၄|
|၅|
|၆|
|၇|
|၈|
|၉|
|၁၀|
|၁၁|
|၁၂|
|၁၃|
|၁၅|
|၁၆|
|၁၇|
|၁၈|
|၁၉|
|၂၀|
|၂၁|
|၂၂|
|၂၃|
|၂၄|
|၂၅|
|၂၆|
|၂၇|
|၂၈|
|၂၉|
|၃၀|
|၃၁|
|၃၂|
|၃၃|
|၃၄|
|၃၅|
|၃၆|
|၃၇|
|၃၈|
|၃၉|
|၄၀|
|၄၁|
|၄၂|
|၄၃|
|၄၄|
|၄၅|
|၄၆|
|၄၇|
|၄၈|
|၄၉|
|၅၀|
|၅၁|
|၅၂|
|၅၃|
|၅၄|
|၅၅|
|၅၆|
|၅၇|
|၅၈|
|၅၉|
|၆၀|
|၆၁|
|၆၂|
|၆၃|
|၆၄|
|၆၅|
|၆၆|
|၆၇|
|၆၈|
|၆၉|
|၇၀|
|၇၁|
|၇၂|
|၇၃|

|၁၄|

4.7K 982 33
By Aoiyuki01


အခန္​း(၁၄)ကခုန္​ျခင္​း

'Dreamy Night'သည္​ သူ၏နာမည္​ႏွင္​့
လိုက္​ဖက္​ညီစြာ စိတ္​ကူးယဥ္​ဆန္​လွသည္​။
ႀတိဂံပုံ​ေကာက္​့​ေတးဖန္​ခြက္​ထဲတြင္​ ​​​
ေတာက္ပသည့္​​ေရခဲျပာ​ေရာင္​ႏွင္​့
အရက္​ထဲတြင္​စိမ္​ထား​ေသာခ်ယ္​ရီသီးမွာ
ကြဲျပား​ေသာ အျပာႏု​ေရာင္​​ေပၚ
အနီရဲရဲ​ေလး​ေၾကာင္​့ အမွန္​တကယ္​ပင္​
အႏုပညာဆန္​​ေသာ ပန္​ခ်ီကားတစ္​ခ်ပ္​လိုပင္​။

နွေျမာစရာ​ေကာင္​းသည္​က ထိုအရက္​ခြက္​သည္​
ေသာက္​ရန္​မဟုတ္​ဘဲ ႐ွီက်င္​း၏ပုံပန္​း
သြင္​ျပင္​အား ပိုမို​ေပၚလြင္​​ေအာင္​
အသုံးျပဳထား​ေသာ အ​ေဆာင္​အ​ေယာင္​​ေလး
တစ္​ခုသာျဖစ္​သည္​။

"​ေသာက္​ခ်င္​ဟန္​​ေဆာင္​ၿပီးရင္​ တျဖည္​းျဖည္​း
မသိမသာ​ေထြးထုတ္​ဖို႔ မ​ေမ့နဲ႔​ေနာ္​၊ဘယ္​သူမွ
သတိမထားမိ​ေစနဲ႔ဦး"
Gua Erမွ သတိ​ေပးသည္​။

႐ွီက်င္​းလည္​း ခြက္​ကို​ေျမႇာက္​ကိုင္​ၿပီး
အနည္​းငယ္​လႈပ္​သည္​။ထို႔​ေနာက္​ ခႏၶာကိုယ္​ကို
မသိမသာ​ေစာင္​းလိုက္​ၿပီး 'အို​ေက'ဟု
သတိမထားမိ​ေအာင္​ သ​ေကၤတလုပ္​ျပသည္​။

သူတို႔သည္​ ငါးႀကီးႀကီး အစာလာဟပ္​ရန္​ ​
ေကာင္​တာတြင္​ စိတ္​​ေအးလက္​​ေအး
စကား​ေျပာလိုက္​၊မွာထားတာ​ေလး ​
ေသာက္​လိုက္​ျဖင္​့ ထိုင္​​ေစာင္​့​ေနၾကသည္​။
သုံးခြက္​​ေျမာက္​အခ်ိန္​​ေရာက္​​ေလ​ေတာ့
ပစ္​မွတ္​မ်ားထဲမွ တစ္​ဦးျဖစ္​သည္​့ ​
ေမြး​ေန႔႐ွင္​​ေကာင္​​ေလးသည္​ ​ေဘာဒါတစ္​အုပ္​ျဖင္​့
ဝင္​​ေပါက္​မွဝင္​လာသည္​ကို ျမင္​လိုက္​သည္​။

Gua Erသည္​ ႐ွီက်င္​းအား အဓိပၸါယ္​႐ွိ႐ွိ
တစ္​ခ်က္​စိုက္​ၾကည္​့ၿပီး အသံမထြက္​ဘဲ
ပါးစပ္​လႈပ္​ျပသည္​။
"စျမဴစြယ္​​ေတာ့"

Gua Er၏တိုက္​တြန္​းသံကို ၾကား​ေသာအခါ
႐ွီက်င္​း လက္​ခလယ္​​ေထာင္​ျပလိုက္​သည္​။
ထို႔​ေနာက္​ မ်က္​မွန္​ကိုခြၽတ္​လိုက္​ကာ
စီစဥ္​ထားသည္​့အတိုင္​း ကခုန္​​ေနသည္​့​
ေနရာသို႔သြားလိုက္သည္​။

မာ​ေက်ာက္​ကစားသည္​့ဝါသနာတစ္​ခုသာ
ျဖစ္​​ေသာ သာမန္​ရဲဝန္​ထမ္​းတစ္​ဦးအ​ေနနဲ႔
မကတတ္​တာက သဘာဝက်လွသည္​။
ဒါနဲ႔မ်ား ဘာျဖစ္​လဲ။​ေ႐ွာင္​စစ္​သည္​ သူ႔အား
ကတတ္​​ေအာင္​လုပ္​​ေပး႐ုံသာမက
သူ႔အကသည္​ ကာမစိတ္​ကိုပါ
ႏိႈးဆြႏိုင္​​ေလာက္​သည္​အထိ ျမင္​သမ်ွလူတိုင္​း
မိန္​း​ေမာ​ေစသည္​။

<ဝါး...က်င္​းက်င္​း ကတာအရမ္​းမိုက္​တယ္​၊
အားလုံးက ဝိုင္​းၾကည္​့​ေနၾကၿပီ!>

​ေ႐ွာင္​စစ္​သည္​ စိတ္​လႈပ္​႐ွားစြာ ႐ွီက်င္​းအား
ဂုဏ္​ယူလ်က္​ အား​ေပးသည္​။

႐ွီက်င္​းခမ်ာ ​ေသြးတစ္​လုတ္​​ေအာင္​
အန္​ခ်င္​သြားသည္​။သူ႔မွာ ​ေဘးပတ္​ပတ္​​လည္​႐ွိ
လူမ်ားအား လူလို႔မျမင္​​ေစဘဲ မုန္​ညင္​းရြက္​တို္႔
မုန္​လာထုပ္​မ်ားဟူ၍ စိတ္​ကူးယဥ္​
က​ေနျခင္​းျဖစ္​သည္​။သို႔​ေသာ္​ အခ်ိန္​ႏွင္​့အမ်ွ ​
ေ႐ွာင္​စစ္​​ေပးထား​ေသာbuff​ေၾကာင္​့
သူ႔ခႏၶာကိုယ္​သည္​လည္​း သဘာဝအ​ေလ်ာက္​
လႈပ္​႐ွားၿပီး ဆံႏြယ္​မ်ားခါယမ္​းကာ
ညႇပ္​႐ိုး​ေလးကို ​ေပၚလြင္​​ေစသည္​။

{က်င္​းက်င္​း​ေလးက အဲ့​ေလာက္​ကတတ္​လိမ့္
​့မယ္​ကို ငါတကယ္​မထင္​ထားဘူး}

Gua Er၏အသံသည္​ သူ႔နားတစ္​ဖက္​တြင္​
ပန္​ထား​ေသာ စိန္​ပြင္​့​ေလးဆီမွထြက္​လာသည္​။
႐ွီက်င္​းသည္​ မ်က္​စိလွန္​လိုက္​ကာ
လ်စ္​လ်ဴရႈလိုက္​သည္​။

Gua Erသည္​ သူ႔အား နည္​းနည္​း​မွ
အလြတ္​မ​ေပးဘဲ ျဖစ္​ပ်က္​သမ်ွအားလုံးကို
အခ်က္​အလက္​က်က် ႐ွင္​းျပ​ေနသည္​။

{​ေမြး​ေန႔႐ွင္​​ေကာင္​​ေလးက သူ႔သူငယ္​ခ်င္​း​ေတြကို Dance floorရဲ႕အနီးနားက ဝိုင္​းဆီကို
ေခၚသြားတယ္​၊သူတို႔ၾကည္​့ရတာ
တစ္​​ေယာက္​​ေယာက္​ကို ​ေစာင္​့​ေနတဲ့ပုံပဲ...
သူတို႔ မင္​းကိုျမင္​သြားၿပီ....​ေမြး​ေန႔႐ွင္​က
မင္​းကို ဓာတ္​ပုံ႐ိုက္​​ေနတယ္​ ၾကည္​့ရတာ
တစ္​​ေယာက္​​ေယာက္​ဆီ ပို႔မလို႔​ေနမယ္​...
အို႔ ငါဘာလို႔မ​ေတြးမိတာပါလိမ္​့ က်င္​းက်င္​းက
ဒီ​ေလာက္​ကတတ္​​ေနတာ
ကြၽင္​း​ေ႐ွာက္​ကိုလည္​းျပရမွာ​ေပါ့}

ထို႔​ေနာက္​ ဖုန္​းကင္​မရာသံအား ၾကားလိုက္​သည္​။
 
႐ွီက်င္​းသည္​ ​ေနာက္​ဆုံး​ေတာ့
သည္​းမခံႏိုင္​​ေတာ့​ေပ။ပစ္​မွတ္​နွင့္
အ​ေပါင္​းအပါမ်ား​ကို​ ေက်ာ​ေပးလိုက္​ကာ
သြားၾကားထဲမွထြက္​​ေသာ​ေလသံျဖင္​့
အံႀကိတ္​​ေျပာလိုက္​သည္​။

"Gua! Er!"

{Gua Er....ဆိုတာဘယ္​သူလဲ၊အခုခ်ိန္​မွာ
ကိုယ္​က ခ်န္​းအာ၊ အကိုႀကီးအာ လို႔​ေခၚဖို႔
မ​ေမ့နဲ႔ဦး}

Gua Er၏အသံသည္​ အ​ေစာပိုင္​းကလို
စိတ္​႐ႈပ္​စရာ​ေကာင္​း​ေသးပင္မဲ့
ကင္​မရာသံက​ေတာ့ ရပ္​သြားသည္​။
အခ်ိန္​ခဏၾကာသည္​အထိ
ၫႊန္​ၾကား​​ေရးမွဴးသံႀကီးကို သည္​းခံၿပီး​ေနာက္​
သူ႔​​ေမ်ွာ္​​ေနေသာသတင္​းကိုၾကားလိုက္​ရသည္​။

{႐ႈဟိုက္​​ေရာက္​လာၿပီ၊​ေနာက္​ငါးမိနစ္​​ေလာက္​
ကၿပီးရင္​ ျပန္​လာခဲ့​ေတာ့}

 ​ေနာက္​ဆုံး​ေတာ့ ႐ွီက်င္​းစိတ္​သက္​သာစြာ
သက္​ျပင္​းခ်ၿပီး နားလည္​​ေၾကာင္​း
အခ်က္​ျပလိုက္​သည္​။သူႏွင္​့အတူ ကခ်င္​​ေသာ
လူမ်ားအား မ​ေရမတြက္​ႏိုင္​​ေအာင္​
​ေ႐ွာင္​႐ွားၿပီးဆက္​က​ေနလိုက္​သည္​။
ထို႔​ေနာက္​ ​ေမာပန္​းသြားဟန္​ျပကာ
dance floorမွထြက္​လာၿပီး
Gua Er​ေဘးသို႔ျပန္​သြားသည္​။

"က​ေလး မင္​းကဘာလို႔​အဲ့​ေလာက္​​ေတာင္​
ဆြဲ​ေဆာင္​မႈ႐ွိရတာလဲ၊ကိုယ္​ ခံႏိုင္​ရည္​​
ေတာင္​မ႐ွိ​ေတာ့ဘူး"

Gua Erသည္​ သူ႔အား ညဳတုတုအသံျဖင္​့
ဆိုသည္​။ထို႔​ေနာက္​ လက္​တစ္​ဖက္​ျဖင္​့
႐ွီက်င္​း၏ခါးအားဖက္​ထားၿပီး က်န္​တစ္​ဖက္​ႏွင္​့
သူ၏မ်က္​ႏွာ၊ဆံပင္​လႈိင္​းတြန္​႔​ေလးမ်ားကို
ျပဳံးကာ ပြတ္​သပ္​​ေနသည္​။

"ကြၽန္​​ေတာ္​့ရဲ႕​ေခြၽးစို​ေနတဲ့ဆံပင္​နံ႔က
အဲ့​ေလာက္​​ေမႊးလို႔လား"
႐ွီက်င္​းလည္​း အျပဳံးတုျဖင္​့ ​ေျပာသည္​။

"မဆိုးပါဘူး၊ဆံပင္​ဆိုး​ေဆးနံ႔သင္​းသင္​း​ေလးရတယ္​"

Gua Erသည္​ ၿပီတီတီျပဳံးလ်က္​ ​ေျဖ​သည္​။
႐ွီက်င္​းဆီသို႔ ဖန္​ခြက္​ကမ္​း​ေပးကာ
အသံႏိွမ္​့ႏိွမ္​့ျဖင္​့ ​ေျပာသည္​။

"႐ႈဟိုက္​က ဒီဖက္​ကိုၾကည္​့​ေနတယ္​၊
ဆက္​စီက်တာ တစ္​ခုခုလုပ္​လိုက္​"

႐ွီက်င္​းသည္​ ဖန္​ခြက္​ကို လွမ္​းယူကာ ​
ေခါင္​းငုံ႔ျပီး ​ေကာက္​့​ေတးခြက္​ထဲမွထြက္​​ေန​ေသာ
ခ်ယ္​ရီသီး႐ိုးတံ​ေလးကို ကိုက္​ယူလိုက္​သည္​။
ထို႔​ေနာက္​ ပါးစပ္​အတြင္​းသို႔ ​ခဏငုံ​ေထြးလိုက္​ကာ
ျပန္​ထုတ္​လိုက္​ၿပီး Gua Erအား
ညစ္​က်ဲက်ဲ​ေလသံျဖင္​့ ခပ္​တိုးတိုးဆိုသည္​။

"ဒီ​ေလာက္​ဆို ရၿပီလား၊အာ...
 ခ်ယ္​ရီသီး​ေလး စားလိုက္​ပါဦး"

သံမဏိျမားတစ္​စင္​းကဲ့သို႔ ​ေျဖာင္​့တန္​း​ေသာ
Gua Erသည္​ ႐ွီက်င္​း၏
ထိုသို႔အျပဳအမူမ်ားအ​ေပၚ စိတ္​မခုန္​​ေပ။
သို႔​ေသာ္​ ႐ွီက်င္​းပါးစပ္​မွအရည္​မ်ား ​
ေပက်ံ​ေန​ေသာခ်ယ္​ရီသီးအား မသကၤာသလို
ၾကည့္​့လိုက္​သည္​။အဆုံး၌ ထိုအရာအား
သူ႔ပါးစပ္​အတြင္​းသို္႔မ​ထည္​့ႏိုင္​ခဲ့​ေပ။
Gua Erခမ်ာ မ်က္​ႏွာ႐ႈံ႕မဲ့လ်က္​ ဆိုသည္​။

"ရက္​စက္​လိုက္​တာ က်င္​းက်င္​းရယ္​ "

"ခင္​ဗ်ားအရင္​စတာ​ေလ"
႐ွီက်င္​းသည္​ ​ေက်​ေက်နပ္​နပ္​​ေျပာၿပီး
ႏႈတ္​ခမ္​း​စူ သ႐ုပ္​​ေဆာင္​လိုက္​သည္​။ထို႔ျပင္​
Gua Er၏ပုခုံး​ေပၚ​ေခါင္​း​ေလးတင္​ၿပီး
ခ်ယ္​ရီသီးစားလ်က္​ ​ေခ်ာ့ျမဴ​ေနလိုက္​သည္​။
ခဏၾကာ​ေတာ့ သူ႔အျပဳအမူကို အနည္​းငယ္​
အ႐ွိန္​သတ္​ကာ အနီးနားကို ​ေဝ့ၾကည္​့ရာ ​
ေထာင္​့တစ္​​ေနရာတြင္​ထိုင္​ေန​ေသာ
လူတစ္​​ေယာက္​ႏွင္​့ ႐ုတ္​တရက္​ အၾကည္​့ခ်င္​း
ဆုံသြားသည္​။

 ႐ွီက်င္​း အရင္​က တစ္​​ေနရာရာမွာျမင္​ဖူးသလို
ထိုလူပုံစံအား ရင္​းႏွီး​ေနသည္​။

ထိုစဥ္​ ​ေ႐ွာင္​စစ္​မွ ႐ုတ္​ခ်ည္​းထ​ေအာ္​​ေလသည္​။

<က်င္​းက်င္​း! အမွတ္​ကဘာလို႔႐ုတ္​တရက္​ႂကီး
၇၆၀ကိုတက္​သြားတာလဲ?>

႐ွီက်င္​း ထိုသူဆီမွ ခ်က္​ခ်င္​း
အၾကည္​့လႊဲလိုက္​သည္​။သူ႔စိတ္​ထဲ
မ​ေကာင္​းတဲ့ခံစားခ်က္​ႀကီး တိုးျမင္​့လာ၍
စိတ္​ထဲ၌​ေျပာလိုက္​သည္​။

"ငါလည္​းမသိဘူး၊​ေ႐ွာင္​စစ္​,ငါနဲ႔ဆန္​႔က်င္​ဖက္​ ​
ေထာင္​့မွာထိုင္​​ေနတဲ့ အျပာရင္​့​ေရာင္​ဂ်ာကတ္​
ဝတ္​ထားတဲ့လူအ​ေၾကာင္​း႐ွာ​​ေပးစမ္​း..
တစ္​နည္​းနည္​းနဲ႔ သူ႔ပုံကို ရင္​းႏွီး​ေနတယ္​'

​ေ႐ွာင္​စစ္​သည္​ ထိုစကားအား​ေျပာ​ေသာအခါ
အလ်င္​အျမန္​ပင္​႐ွာ​ေဖြၿပီး အ​ေျဖခ်က္​ခ်င္​း
ထြက္​လာသည္​။

<သူရဲ႕ရာဇဝင္​အခ်က္​အလက္​​ေတြအရ
သူ႔နာမည္​က ​ေလာင္​႐ွစ္​၊​ ​ေဖ်ာ္​​ေျဖ​ေရးကုမၸဏီမွာ
အလုပ္​လုပ္​တယ္​၊အား!
က်င္​းက်င္​း..သူက က်င္းက်င္း​​ရဲ႕
တတိယအစ္​ကို ႐ုန္​က်ိဳးက်ဳံးရဲ႕​ေအးဂ်င္​့ပဲ၊
႐ုန္​က်ိဳးက်ံဳးနဲ့လည္​း ေတာ္​​ေတာ္​ရင္​းႏွီးပုံပဲ>

​ေသစမ္​း! သူ႔ကိုျမင္​ဖူးပါတယ္​​ေတြးတည္​းက ​
ေကာင္​းတာ ဘာမွျဖစ္​လာမွာမဟုတ္​ဘူးဆိုတာ
သိခဲ့သင္​့တယ္​!

႐ွီက်င္​း ​ေခြၽး​ေစးမ်ားပင္​ျပန္​ခ်င္​လာသည္​။
သူသည္​ ကတိုက္​က႐ိုက္​ပင္​ ထိုသူ႔အၾကည္​့မွ
လြတ္​​ေျမာက္​ရန္​ Gua Er၏​ေက်ာျပင္​အား
ဒိုင္​းသဖြယ္​အသုံးျပဳကာ အ​​ေနာက္​ဘက္​သို႔
ဆုတ္​လိုက္​သည္​။

သို႔ပင္​မဲ့ ႐ွီက်င္​းလုပ္​သည္​မွာ ​
ေနာက္​က်သြား​ေလၿပီ။ထိုလူသည္​
မတ္​တပ္​ရပ္​ကာ သူ႔ဆီသို႔​ေလ်ွာက္​လာသည္​။
ထို႔​ေနာက္​ ​ေျခႏွစ္​လွမ္​း အကြာ​ေလာက္​တြင္​
ရပ္​ၿပီး ​​ေဖာ္​​ေရြၾကင္​နာစြာဆိုသည္​။

"မဂၤလာပါ ကြၽန္​​ေတာ္​့နာမည္​က ​
ေလာင္​႐ွွစ္​ပါ။ကြၽန္​​ေတာ္​က
က်ံဳးက်ား႐ုပ္​႐ွင္​ကုမၸဏီ အႏုပညာဌာနကပါ။
ဒါ​ေၾကာင္​့ ဒီကလူငယ္​​ေလးရဲ႕အကကို
ျမင္​လိုက္​​ေတာ့ သူက ကြၽန္​​ေတာ္​တို႔
အႏုပညာနယ္​ပယ္​အတြက္​ ကိုက္​ညီသူပဲလို႔
ကြၽန္​​ေတာ္​​ေတြးမိလိုက္​တယ္​။​ေကာင္​​ေလး
မင္​း စတားျဖစ္​ဖို႔ စိတ္​ဝင္​စားလား။စိတ္​မပူပါနဲ႔
ကြၽန္​​ေတာ္​က လူလိမ္​မဟုတ္​ပါဘူး၊ဒါက
ကြၽန္​​ေတာ္​့လိပ္​စာကဒ္​ပါ"

​ေလာင္​႐ွစ္​သည္​ သူ႔လိပ္​စာကဒ္​အားထုတ္​ၿပီး
လက္​ႏွစ္​ဖက္​ျဖင္​့ ယဥ္​​ေက်းစြာ ကမ္​း​ေပးသည္​။

Gua Erသည္​ တအံ့တျသနား​ေထာင္​​ေနၿပီး ​
ေလာင္​ရွစ္​ဆိုလိုသည္​ကို သ​ေဘာ​ေပါက္​​
ေသာအခါ ​ေအာ္​ရယ္​ခ်င္​သြား​ေသာ္​လည္​း ​
ေအာင္​့အီးကာ ​ေခ်ာင္​းဟန္​႔လိုက္​သည္​။
႐ွီက်င္​းသည္​ ကဒ္​အားၾကည္​့သာ​ေနၿပီး
မလႈပ္​တာျမင္​​ေတာ့ ႐ွီက်င္​းလည္​း အံျသ​ေန၍
ဟုထင္​သျဖင္​့ ​ေလာင္​႐ွစ္​လက္​ထဲမွကဒ္​အား
သူပဲအစားယူလိုက္​သည္​။ထို႔​ေနာက္​

"အား​ေတာ့နာပါတယ္​ ငါနဲ႔ငါ့သူငယ္​ခ်င္​းက
ဒါကို စဥ္​းစားဖို႔​ေတာ့လိုလိမ္​့မယ္​..ဒါ​ေၾကာင္​့ ခင္​-"

"ကြၽန္​​ေတာ္​တို႔စဥ္​းစားစရာမလိုပါဘူး!"
႐ွီက်င္​းသည္​ သတိျပန္​ဝင္​လာကာ
Gua Erလက္​ထဲမွ ကဒ္​ျပားအားျပန္​ဆြဲယူၿပီး ​
ေလာင္​႐ွစ္​လက္​အတြင္​း ျပန္​ထိုးထည္​့​
ေပးလိုက္​သည္​။ထို႔​ေနာက္​ စိတ္​မပါသလို
အားတင္​းျပဳံးျပကာ ​ေျဗာင္​ျငင္​း သည္​။

"ကြၽန္​​ေတာ္​က စတားလုပ္​ဖို႔
လုံးဝစိတ္​မဝင္​စားပါဘူး၊အခုလိုခ်ီးက်ဴးတဲ့
အတြက္​​ေက်းဇူးပါပဲ သြားလိုက္​ပါဦးမယ္​"

ၿပီး​ေနာက္​ Gua Erကိုဆြဲကာ
ထြက္​သြားလို႔လုပ္​သည္​။

 ဒီတစ္​ခါ​ေတာ့ ​ေလာင္​႐ွစ္​​ေတာင္​့ခဲသြားသည္​။
သူ​ေတြ႔ခဲ့​ေသာ ႐ွီက်င္​း၏မ်က္​စိဖမ္​းစား​ေစ​ေသာ
အက​ေၾကာင္​့ ထို​ေကာင္​​ေလးသည္​
လူအမ်ား၏အာ႐ုံအား​ဆြဲ​ေဆာင္​ၿပီး
ထင္​​ေပၚသည္​ကို ႏွစ္​သက္​မည္​ဟု​ေတြးထားမိကာ
အခုလို တိုက္​ရိုက္​ႀကီးအျငင္​းခံရမည္​ဟု
မထင္​ထား​ေပ။

သူသည္​ စကၠန္​႔အနည္​းငယ္​​ေလာက္​
တုန္​ဆိုင္​းသြား​ေသာ္​လည္​း ဒီလို​ေကာင္​းမြန္​
လွသည္​့မ်ိဳး​ေစ့​ေလးကို လက္​မလႊတ္​ႏိုင္​​ေပ။
သူသည္​ ႐ွီက်င္​းအား အမွီလိုက္​ကာ ​ေျပာသည္​။

"​ေကာင္​​ေလး ကြၽန္​​ေတာ္​က
လူလိမ္​လုံးဝမဟုတ္​ပါဘူး၊မင္​း မယုံရင္​
ငါ့အႏုပညာ႐ွင္​ ႐ုန္​က်ိဳးက်ံဳးဆီ ဖုန္​း​ေခၚ​ေပးၿပီး
အတည္​ျပဳလို႔ရတယ္​။မင္​း သူ႔ကို​ေတာ့ သိမွာ​-"

 "ကြၽန္​​ေတာ္​ သူ႔ကိုမသိဘူး!"
႐ွီက်င္​းသည္​ ဆံပင္​မ်ားပင္​ ​ဆြဲ​ေဆာင္​့ခ်င္​
လာသည္​။​ေလာင္​႐ွစ္​သည္​ သူ႔အားလြယ္​လြယ္​နဲ႔
လက္​မ​ေလ်ာ့ဘဲ ႐ုန္​က်ိဳးက်ံဳးကိုပါ လာ​ေရာက္​
ခိုင္​း​ေလာက္​မည္​ကို သ​ေဘာ​ေပါက္​သျဖင္​့
သူ႔ဖက္​လွည္​့ကာ အ​ေလးအနက္​​ေျပာလိုက္​သည္​။

"မစၥတာ​ေလာင္​,​ေက်းဇူးျပဳၿပီး
ကြၽန္​​ေတာ္​​့​ေနာက္​ကိုဆက္​မလိုက္​ပါနဲ႔၊
ကြၽန္​​ေတာ္​ စတားလည္​းတကယ္​မျဖစ္​ခ်င္​ဘူး
ဘာလို႔ဆို အရမ္​းလည္​းပင္​ပန္​းၿပီး
ကိုယ္​ပိုင္​အခ်ိန္​၊လြတ္​လပ္​မႈကိုလည္​း ဆုံး႐ႈံးရမယ္​။
ကြၽန္​​ေတာ္​့အတြက္​ အဲ့လိုဘဝမ်ိဳးက
တကယ္​ခါးသီးလို႔ပါ။စကားလုပ္​မဲ့အစား
အ​ေပ်ာ္​​ေကာင္​​ေလးလုပ္​ရတာ သ​ေဘာက်တယ္​
,လွဲလိုက္​႐ုံနဲ႔ လက္​ထဲ​ေငြဝင္​လာတယ္​။
ကြၽန္​​ေတာ္​့ရဲ႕ပိုင္​႐ွင္​ကိုလည္​း ျမင္​တယ္​မလား...
သူကတအားခ်မ္​းသာတယ္​ ကြၽန္​​ေတာ္​သူနဲ႔
အတူ​ေနရတာ စိတ္​ခ်မ္​းသာတယ္​"

ထို႔သို႔​ေျပာၿပီး​ေနာက္​ သူ႔​ေဘးတြင္​ရပ္​​ေန​ေသာ
Gua Erကို တစ္​ခ်က္​ဆြဲ​ေဆာင္​့လိုက္​သည္​။

 ႐ွီက်င္​းဆိုလိုသည္​ကို နားလည္​ရန္​
Gua Er တစ္​စကၠန္​႔​ေလာက္​အခ်ိန္​ယူ
လိုက္​ရ​ၿပီး​ေနာက္​ ႐ွီက်င္​းပုခုံးအား
အလိုက္​သင္​့ဖက္​ကာ ​ေျပာသည္​။

"ဒါ​ေပါ့ က​ေလးကကိုယ္​့အႀကိဳက္​ပဲဟာ။
က​ေလး လိုခ်င္​တာမွန္​သမ်ွ ကိုယ္​​ေပးမယ္​။
စကားျဖစ္​တာထက္​ ကိုယ္​့ခ်စ္​သူလုပ္​တာက
အမ်ားႀကီးပိုသက္​​ေတာင္​့သက္​သာ႐ွိတာ​ေပါ့"

"ဒါ​ေပါ့,စကားျဖစ္​ရတာ ဘာမ်ား​ေကာင္​းလို႔လဲ။
ခင္​ဗ်ား​ေျပာလိုက္​တာ..႐ုန္​က်ိဳးက်ံဳး?
သူကဘာ​ေတြမ်ားႀကီးက်ယ္​ခမ္​းနား​ေနလို႔လဲ။
႐ုပ္​က​ေလး​ေခ်ာတာကလြဲရင္​
ဘာအျဖစ္​မွမ႐ွိပါဘူး၊သူ႔အ​ေမက
လူမွန္​နဲ႔တစ္​ညအိပ္​မိသြားလို႔သာ"

အနည္​းငယ္​ အက္​႐ွ​ေသာစကားသံသည္​
သူတို႔၏စကားဝိုင္​းအား ဝင္​​ေႏွာင္​့လိုက္​ရာ
ေလထုအ​ေနအထားက တဟုန္​ခ်င္​း ​
ေျပာင္​းလဲသြားသည္​။

​ေလာင္​႐ွစ္​၏အမူအရာလည္း ပ်က္​ယြင္​းသြားၿပီး ​
ထိုစကား​ေျပာသူဖက္​ကို ​လွည္​့ၾကည္​့လိုက္​သည္​။

Gua Erႏွင္​့႐ွီက်င္​းသည္​လည္​း
ထိုသူကို တစ္​ခ်က္​ၾကည္​့လိုက္​​ေသာအခါ
မ​ေမ်ွာ္​လင့္ထားဘဲ ဒီည သူတို႔
ခ်ိန္​ရြယ္​ထား​ေသာ အထင္​တရပစ္​မွတ္​ႀကီး
႐ႈဟိုက္​ျဖစ္​​ေန​ေလသည္​။

"မင္​းစကား​အ​ေျပာအဆို ဆင္​ျခင္​သင္​့တယ္​"
​ေလာင္​႐ွစ္​၏​ေလသံသည္​ ​ေအးစက္​လ်က္​။

႐ႈဟိုက္​သည္​ ႐ွီက်င္​းအား 'ဒီကိုႀကီးက
မင္​းအတြက္​ ဒီျပႆနာ​ေလးကို ​ေျဖ႐ွင္​း​ေပးမယ္​'
ဟူ​ေသာအၾကည္​့​ေပးလိုက္​သည္​။ထို႔​ေနာက္​
သူ၏ၾကည္​့​ေကာင္​း​ေသာခႏၶာကိုယ္​ကို ​
ေကာင္​း​ေကာင္​းအသုံးခ်ၿပီး ​ေလာင္​႐ွစ္​႐ွိရာသို႔ ​
ေလ်ွာက္​လွမ္​းလာသည္​။​​ေလာင္​႐ွစ္​၏ပုခုံး​ေပၚ
လက္​တင္​ကာ ၿခိမ္​း​ေျခာက္ေသာအမူအရာျဖင္​့
ပမာမခန္​႔​ေျပာသည္​။

"ငါ့ပိုင္​နက္​ထဲမွာ ဘာ​ေတြလာၿပီး
အထက္​စီးဆန္​​ေနတာလဲ၊ ကိုယ္​ဟာကိုယ္​
ထြက္​သြားမလား ဒါမွမဟုတ္​
ဆြဲထုတ္ခံခ်င္​တာလား"

​ေလာင္​႐ွစ္​သည္​ အႏုပညာ​ေလာကထဲတြင္​
ႏွစ္​​ေပါင္​းမ်ားစြာအလုပ္​လုပ္​ၿပီး​ေနာက္​
ကိုယ္​့စိတ္​ကိုယ္​ခ်ဳပ္​ထိန္​းႏိုင္​မည္​ဟု
ထင္​မွတ္​ထား​ေသာ္​လည္​း အခုလို
အ​ေျခအ​ေနတြင္​ ​ေဒါသမထြက္​ဘဲမ​ေနႏိုင္​​ေခ်။
သူသည္​ ႐ႈဟိုက္​အား စိုက္​ၾကည့္​့ကာ ​
ေမးလိုက္​သည္​။

"မင္​းနာမည္ ဘယ္​လို​ေခၚလဲ"

"က်စ္​! ဘာ​လို႔လာ​ေမး​ေနတာလဲ၊​ေနာက္​က်ရင္​
ငါ့ကိုလာ႐ွာမလို႔လား?ဒါဆိုရင္​လည္​း ​
ေဟာဒီက​ေျမး​ေလးရဲ႕နာမည္​ကို
ေသခ်ာမွတ္​ထား...႐ႈဟိုက္​၊
ဒီသခင္​​ေလးနာမည္​က ႐ႈဟိုက္​။
ငါနဲ႔စာရင္​း႐ွင္​းခ်င္​ရင္​ လာခဲ့​ေလ ​ေစာင္​့​ေနမယ္​"

႐ႈဟိုက္​သည္​ ​ေလာင္​႐ွစ္​၏ရင္​ဘက္​အား
တစ္​ခ်က္​႐ိုက္​လိုက္​၍ ​ေျခတစ္​လွမ္​း
ေနာက္ဆုတ္​သြားရသည္​။

​ေလာင္​႐ွီ၏မ်က္​ႏွာမွာ ပိုမိုအ႐ုပ္​ဆိုးသြားကာ
သူ႔အကၤ်ီအားခါၿပီး ​ေျပာလိုက္​သည္​။

"႐ႈဟိုက္​,မင္​းကိုမွတ္​ထားလိုက္​ၿပီ"

ထို႔​ေနာက္​ ႐ွီက်င္​းအား ႏွ​ေျမာတသၾကည္​့ကာ
​ေဒါပြစြာထြက္​သြားသည္​။

႐ွီက်င္​းလည္​း ထိုသူထြက္​သြားသည္​ကိုၾကည္​့ၿပီး
႐ႈဟိုက္​အတြက္​ စိတ္​ထဲက
ဖ​ေယာင္​းတိုင္​တစ္​တိုင္​ထြန္​း​ေပးလိုက္​သည္​။​
ေလာင္​႐ွီကို တိုက္​ခိုက္​ျခင္​းက
႐ုန္​က်ိဳးက်ံဳးကိုတိုက္​ခိုက္​ျခင္​းႏွင့္​့အတူတူပင္​။
႐ုန္​က်ိဳးက်ံဳးအား အလကား​ေနရင္​း
"အႏုပညာစီးပြား​ေရး​ေလာက၏နတ္​ဆိုးဘုရင္​"
ဟု​ေခၚျခင္​း မဟုတ္​​ေပ။
မ​ေက်နပ္​ခ်က္​​ေသး​ေသး​ေလးကအစ
လက္​တုံ႔ျပန္​တတ္​​ေသာ သူ႔ပုံစံ​ေၾကာင္​့
ရန္​ဘက္​အား ငရဲက်သလိုပင္​ ခံစားရ​ေစသည္​။
႐ႈဟိုက္​သည္​ ယခုအခ်ိန္​အား ​ေသခ်ာ​ေပါက္​
အႀကီးအက်ယ္​​ေနာင္​တရလိမ့္​့မည္​။

​ေ႐ွာင္​စစ္​မွ ငိုသံႀကီးျဖင္​့ထ​ေျပာသည္​။
<က်င္​းက်င္​း,​ေလာင္​႐ွစ္​က က်င္​းက်င္​းကို​
ေနာက္​ဆုံးၾကည္​့ၿပီးသြား​ေတာ့ အမွတ္​က
၇၇၀ျဖစ္​သြားၿပီ>

ထိုစကားၾကား​ေသာအခါ ႐ွီက်င္​းပင္​
ငိုခ်င္​လာသည္​။

သင္​ဟာ ​ေထာင္​​ေသာင္​းခ်ီ​ေသာအစီအစဥ္​​ေတြ
လုပ္​ထားထား၊အ​ေရး​ေပၚအၾကံအစည္​​ေတြ
ျပင္​ဆင္​ထားသ​ေစ၊ ႐ူးမိုက္​တဲ့အ​ေပါင္​းအပါ​ေၾကာင္​့
အားလုံးက ပ်က္​ဆီးသြားႏိုင္​သည္​။

႐ႈဟိုက္​​ေရ..ကိုယ္​့ကိုယ္​ကို သတိထား​ေန
သင့္​့ၿပီ​ေနာ္​!

အ​ေျခအ​ေန​ေတြက အစီအစဥ္​အတိုင္​း
မသြား​ေသာ္​လည္​း ဒီညရဲ႕မစ္​႐ွင္​က​ေတာ့
ၿပီး​ေျမာက္​သြားသည္​။"သူရဲ​ေကာင္​း​ေလးက
အလွ​ေလးအား ကယ္​တင္​ခန္​း"​ေၾကာင္​့
႐ႈဟိုက္​၏အာ႐ုံစိုက္​မႈကို​ေအာင္​ျမင္​စြာ ရ႐ွိၿပီး
သူ႔သူငယ္​ခ်င္​း​ေတြ႐ွိရာ သီးသန္​႔ခန္​းဆီသို႔
ဖိတ္​​ေခၚခံရ​ေတာ့သည္​။

႐ွီက်င္​းသည္​ ကိုယ္​့ကိုယ္​ကို သနားလွၿပီး
လ်န္​ကြၽင္​း၏​ေဘးတြင္​​ေနရ​ေသာခံစားခ်က္​က
ပို​ေကာင္​းမြန္​​ေၾကာင္​း ပိုမိုသိသာလာသည္​။
႐ႈဟိုက္​၏တမင္​ရည္​ရြယ္​၍ျဖစ္​​ေစ
မရည္​ရြယ္​သည္​ျဖစ္​​ေစ အရက္ခြက္ကို ​​
ထပ္​တလဲလဲ ျဖည္​့​ေပး​ေန​ေသာ​ေၾကာင္​့
စိတ္​မ႐ွည္​​ေတာ့ဘဲ ​ေ႐ွာင္​စစ္​အား
'ခြက္​တစ္​​ေထာင္​​ေသာက္​လည္​း
အနည္​းငယ္​သာမူး​ေဝ' ဟူ​ေသာbuffကို​
ေတာင္​းၿပီး စိတ္​​ေလ်ာ့ကာ ​ေသာက္​​ေတာ့သည္​။

႐ႈဟိုက္​၏ဘဝတြင္​ ႐ွီက်င္​းလို​
ေခ်ာ​ေမာ​ေသာ္​လည္​း ႏူးညံ့​ေသာအသြင္​႐ွိသည္​့
လူမ်ိဳးကို တစ္​ခါမွမ​ေတြ႔ဖူး​ေပ။
ဆြဲ​ေဆာင္​မႈ႐ွိၿပီးလူကိုမိန္​း​ေမာ​ေစ​ေလာက္​​ေအာင္​
ကႏိုင္​​ေသာ္​လည္​း သတၱိ႐ွိၿပီး
သူ၏ပိုက္​ဆံအားခုံမင္​ပုံကို မဖုံးကြယ္​ဘဲ
တည္​့တိုး​ေျပာရဲ​ေသာစ႐ိုက္​ပင္​ ႐ွိ​ေသးသည္​။
သို႔​ေသာ္​ ထိုစကားမ်ား​ေၾကာင္​့ သူ႔အ​ေပ
ၚရြံ႔႐ွာသြားျခင္​းမ႐ွိဘဲ ဆန္​းက်ယ္​စြာျဖင္​့
႐ႈဟိုက္​၏အာ႐ုံအား ပို၍ဆြဲ​ေဆာင္​လိုက္​သည္​။

႐ႈဟိုက္​မွာ ႐ွီက်င္​းႏွင္​့ပို၍
စကား​ေျပာၾကည္​့​ေလ​ေလ သူ႔အ​ေပၚ
ပိုက်ဆုံး​ေလျဖစ္​သည္​။ထို​ေကာင္​​ေလး၏
ပိုင္​႐ွင္​ျဖစ္​သည္​့Gua Erကိုပါ ​
ေမ့သည္​အထိ​ေပါ့။႐ႈဟိုက္​၏ထိုင္​​ေနရာသည္​
Gua Erႏွင့္​့မ်က္​ႏွာခ်င္​းဆိုင္​မွ ႐ွီက်င္​း၏
မ်က္​ႏွာခ်င္​းဆိုင္​ ဆီသို္႔​ေျပာင္​းသြားသည္​။
ထိုမွတဆင္​့ ႐ွီက်င္​း​ေဘးသို႔​ေရာက္​လာ
သည္​အထိ သူ၏မ်က္​လုံးမ်ားမွာ ႐ွီက်င္​းအား
ဝါးစားမတတ္​ၾကည္​့​ေနသည္​။

Gua Erသည္​ သီးသန္​႔ခန္​းထဲ​
ေရာက္​ၿပီး​ေနာက္​ ႐ွီက်င္​းအထိန္​းအကပ္​မဲ့
သြားသည္​ကို မ​ေမ်ွာ္​လင့္​့ထား​ေပ။
သို႔​ေသာ္​ အရာအားလုံး အဆင္​​ေျပ​ေျပ
လည္​ပတ္​​ေနသ​ေရြ႔ အဆင္​​ေျပသည္​။
သူ႔တည္​႐ွိမႈကို ​ေလ်ာ့ခ်ထားလိုက္​သည္​။
ဒီ​ေန႔၏တာဝန္​က အနာဂတ္တြင္​
အဆက္​အသြယ္​ ပိုမိုခိုင္​မာလာဖို႔ ႐ႈဟိုက္​ႏွင္​့​
ေတြ႔ရန္​သာျဖစ္​သည္​။အခုမစ္​႐ွင္​လည္​း
ၿပီး​ေျမာက္​သြားၿပီဆိုျဖင္​့ ႐ွီက်င္​းလည္​း
ဇာတ္​ၫႊန္​းအတိုင္​းလိုက္​စရာ မလို​ေတာ့​ေပ။
ဒါ​ေၾကာင္​့ ႐ွီက်င္​း ဒီဘားရဲ႕အရက္​​ေတြ
အကုန္​​ေသာက္​ၿပီး အရင္​းျပဳတ္​​ေအာင္​
လုပ္​ရင္​​ေတာင္​ ကိစၥမ႐ွိ​ေပ။
သူ​ေစာင္​့ၾကည္​့​ေနတာမို႔။

============================

အခန်း(၁၄)ကခုန်ခြင်း

'Dreamy Night'သည်​သူ၏နာမည်​နှင့်​
လိုက်​ဖက်​ညီစွာ စိတ်​ကူးယဉ်​ဆန်​လှသည်​။
တြိဂံပုံ​ကောက့်​တေးဖန်​ခွက်​ထဲတွင်​
တောက်ပသည့်​ရေခဲပြာ​ရောင်​နှင့်​
အရက်​ထဲတွင်​စိမ်​ထား​သောချယ်​ရီသီးမှာ
ကွဲပြား​သော အပြာနု​ရောင်​ပေါ်
အနီရဲရဲ​လေး​ကြောင့်​အမှန်​တကယ်​ပင်​
အနုပညာဆန်​သော ပန်​ချီကားတစ်​ချပ်​လိုပင်​။

နှမြောစရာ​ကောင်းသည်​က ထိုအရက်​ခွက်​သည်​
သောက်​ရန်​မဟုတ်​ဘဲ ရှီကျင်း၏ပုံပန်း
သွင်​ပြင်​အား ပိုမို​ပေါ်လွင်​အောင်​
အသုံးပြုထား​သော အ​ဆောင်​အ​ယောင်​လေး
တစ်​ခုသာဖြစ်​သည်​။

"​သောက်​ချင်​ဟန်​ဆောင်​ပြီးရင်​တဖြည်းဖြည်း
မသိမသာ​ထွေးထုတ်​ဖို့ မ​မေ့နဲ့​နော်​၊ဘယ်​သူမှ
သတိမထားမိ​စေနဲ့ဦး"
Gua Erမှ သတိ​ပေးသည်​။

ရှီကျင်းလည်း ခွက်​ကို​မြှောက်​ကိုင်​ပြီး
အနည်းငယ်​လှုပ်​သည်​။ထို့​နောက်​ခန္ဓာကိုယ်​ကို
မသိမသာ​စောင်းလိုက်​ပြီး 'အို​ကေ'ဟု
သတိမထားမိ​အောင်​သ​င်္ကေတလုပ်​ပြသည်​။

သူတို့သည်​ငါးကြီးကြီး အစာလာဟပ်​ရန်​
ကောင်​တာတွင်​စိတ်​အေးလက်​အေး
စကား​ပြောလိုက်​၊မှာထားတာ​လေး​
သောက်​လိုက်​ဖြင့်​ထိုင်​စောင့်​နေကြသည်​။
သုံးခွက်​မြောက်​အချိန်​ရောက်​လေ​တော့
ပစ်​မှတ်​များထဲမှ တစ်​ဦးဖြစ်​သည့်​
မွေး​နေ့ရှင်​ကောင်​လေးသည်​ဘောဒါတစ်​အုပ်​ဖြင့်​
ဝင်​ပေါက်​မှဝင်​လာသည်​ကို မြင်​လိုက်​သည်​။

Gua Erသည်​ရှီကျင်းအား အဓိပ္ပါယ်​ရှိရှိ
တစ်​ချက်​စိုက်​ကြည့်​ပြီး အသံမထွက်​ဘဲ
ပါးစပ်​လှုပ်​ပြသည်​။
"စမြူစွယ်​တော့"

Gua Er၏တိုက်​တွန်းသံကို ကြား​သောအခါ
ရှီကျင်း လက်​ခလယ်​ထောင်​ပြလိုက်​သည်​။
ထို့​နောက်​မျက်​မှန်​ကိုချွတ်​လိုက်​ကာ
စီစဉ်​ထားသည့်​အတိုင်း ကခုန်​နေသည့်​
နေရာသို့သွားလိုက်သည်​။

မာ​ကျောက်​ကစားသည့်​ဝါသနာတစ်​ခုသာ
ဖြစ်​သော သာမန်​ရဲဝန်​ထမ်းတစ်​ဦးအ​နေနဲ့
မကတတ်​တာက သဘာဝကျလှသည်​။
ဒါနဲ့များ ဘာဖြစ်​လဲ။​ရှောင်​စစ်​သည်​သူ့အား
ကတတ်​အောင်​လုပ်​ပေးရုံသာမက
သူ့အကသည်​ကာမစိတ်​ကိုပါ
နှိုးဆွနိုင်​လောက်​သည်​အထိ မြင်​သမျှလူတိုင်း
မိန်း​မော​စေသည်​။

<ဝါး...ကျင်းကျင်း ကတာအရမ်းမိုက်​တယ်​၊
အားလုံးက ဝိုင်းကြည့်​နေကြပြီ!>

​ရှောင်​စစ်​သည်​စိတ်​လှုပ်​ရှားစွာ ရှီကျင်းအား
ဂုဏ်​ယူလျက်​အား​ပေးသည်​။

ရှီကျင်းခမျာ​သွေးတစ်​လုတ်​အောင်​
အန်​ချင်​သွားသည်​။သူ့မှာ​ဘေးပတ်​ပတ်​လည်​ရှိ
လူများအား လူလို့မမြင်​စေဘဲ မုန်​ညင်းရွက်​တို့်
မုန်​လာထုပ်​များဟူ၍ စိတ်​ကူးယဉ်​
က​နေခြင်းဖြစ်​သည်​။သို့​သော်​အချိန်​နှင့်​အမျှ​
ရှောင်​စစ်​ပေးထား​သောbuff​ကြောင့်​
သူ့ခန္ဓာကိုယ်​သည်​လည်း သဘာဝအ​လျောက်​
လှုပ်​ရှားပြီး ဆံနွယ်​များခါယမ်းကာ
ညှပ်​ရိုး​လေးကို​ပေါ်လွင်​စေသည်​။

{ကျင်းကျင်း​လေးက အဲ့​လောက်​ကတတ်​လိမ့်
့​မယ်​ကို ငါတကယ်​မထင်​ထားဘူး}

Gua Er၏အသံသည်​သူ့နားတစ်​ဖက်​တွင်​
ပန်​ထား​သော စိန်​ပွင့်​လေးဆီမှထွက်​လာသည်​။
ရှီကျင်းသည်​မျက်​စိလှန်​လိုက်​ကာ
လျစ်​လျူရှုလိုက်​သည်​။

Gua Erသည်​သူ့အား နည်းနည်း​မှ
အလွတ်​မ​ပေးဘဲ ဖြစ်​ပျက်​သမျှအားလုံးကို
အချက်​အလက်​ကျကျ ရှင်းပြ​နေသည်​။

{​မွေး​နေ့ရှင်​ကောင်​လေးက သူ့သူငယ်​ချင်း​တွေကို Dance floorရဲ့အနီးနားက ဝိုင်းဆီကို
ခေါ်သွားတယ်​၊သူတို့ကြည့်​ရတာ
တစ်​ယောက်​ယောက်​ကို​စောင့်​နေတဲ့ပုံပဲ...
သူတို့ မင်းကိုမြင်​သွားပြီ....​မွေး​နေ့ရှင်​က
မင်းကို ဓာတ်​ပုံရိုက်​နေတယ်​ကြည့်​ရတာ
တစ်​ယောက်​ယောက်​ဆီ ပို့မလို့​နေမယ်​...
အို့ ငါဘာလို့မ​တွေးမိတာပါလိမ့်​ကျင်းကျင်းက
ဒီ​လောက်​ကတတ်​နေတာ
ကျွင်း​ရှောက်​ကိုလည်းပြရမှာ​ပေါ့}

ထို့​နောက်​ဖုန်းကင်​မရာသံအား ကြားလိုက်​သည်​။
 
ရှီကျင်းသည်​နောက်​ဆုံး​တော့
သည်းမခံနိုင်​တော့​ပေ။ပစ်​မှတ်​နှင့်
အ​ပေါင်းအပါများ​ကို​ကျော​ပေးလိုက်​ကာ
သွားကြားထဲမှထွက်​သော​လေသံဖြင့်​
အံကြိတ်​ပြောလိုက်​သည်​။

"Gua! Er!"

{Gua Er....ဆိုတာဘယ်​သူလဲ၊အခုချိန်​မှာ
ကိုယ်​က ချန်းအာ၊ အကိုကြီးအာ လို့​ခေါ်ဖို့
မ​မေ့နဲ့ဦး}

Gua Er၏အသံသည်​အ​စောပိုင်းကလို
စိတ်​ရှုပ်​စရာ​ကောင်း​သေးပင်မဲ့
ကင်​မရာသံက​တော့ ရပ်​သွားသည်​။
အချိန်​ခဏကြာသည်​အထိ
ညွှန်​ကြား​ရေးမှူးသံကြီးကို သည်းခံပြီး​နောက်​
သူ့​မျှော်​နေသောသတင်းကိုကြားလိုက်​ရသည်​။

{ရှုဟိုက်​ရောက်​လာပြီ၊​နောက်​ငါးမိနစ်​လောက်​
ကပြီးရင်​ပြန်​လာခဲ့​တော့}

​နောက်​ဆုံး​တော့ ရှီကျင်းစိတ်​သက်​သာစွာ
သက်​ပြင်းချပြီး နားလည်​ကြောင်း
အချက်​ပြလိုက်​သည်​။သူနှင့်​အတူ ကချင်​သော
လူများအား မ​ရေမတွက်​နိုင်​အောင်​
​ရှောင်​ရှားပြီးဆက်​က​နေလိုက်​သည်​။
ထို့​နောက်​မောပန်းသွားဟန်​ပြကာ
dance floorမှထွက်​လာပြီး
Gua Er​ဘေးသို့ပြန်​သွားသည်​။

"က​လေး မင်းကဘာလို့​အဲ့​လောက်​တောင်​
ဆွဲ​ဆောင်​မှုရှိရတာလဲ၊ကိုယ်​ခံနိုင်​ရည်​
တောင်​မရှိ​တော့ဘူး"

Gua Erသည်​သူ့အား ညုတုတုအသံဖြင့်​
ဆိုသည်​။ထို့​နောက်​လက်​တစ်​ဖက်​ဖြင့်​
ရှီကျင်း၏ခါးအားဖက်​ထားပြီး ကျန်​တစ်​ဖက်​နှင့်​
သူ၏မျက်​နှာ၊ဆံပင်​လှိုင်းတွန့်​လေးများကို
ပြုံးကာ ပွတ်​သပ်​နေသည်​။

"ကျွန်​တော့်​ရဲ့​ချွေးစို​နေတဲ့ဆံပင်​နံ့က
အဲ့​လောက်​မွှေးလို့လား"
ရှီကျင်းလည်း အပြုံးတုဖြင့်​ပြောသည်​။

"မဆိုးပါဘူး၊ဆံပင်​ဆိုး​ဆေးနံ့သင်းသင်း​လေးရတယ်​"

Gua Erသည်​ပြီတီတီပြုံးလျက်​ဖြေ​သည်​။
ရှီကျင်းဆီသို့ ဖန်​ခွက်​ကမ်း​ပေးကာ
အသံနှိမ့်​နှိမ့်​ဖြင့်​ပြောသည်​။

"ရှုဟိုက်​က ဒီဖက်​ကိုကြည့်​နေတယ်​၊
ဆက်​စီကျတာ တစ်​ခုခုလုပ်​လိုက်​"

ရှီကျင်းသည်​ဖန်​ခွက်​ကို လှမ်းယူကာ​
ခေါင်းငုံ့ပြီး​ကောက့်​တေးခွက်​ထဲမှထွက်​နေ​သော
ချယ်​ရီသီးရိုးတံ​လေးကို ကိုက်​ယူလိုက်​သည်​။
ထို့​နောက်​ပါးစပ်​အတွင်းသို့​ခဏငုံ​ထွေးလိုက်​ကာ
ပြန်​ထုတ်​လိုက်​ပြီး Gua Erအား
ညစ်​ကျဲကျဲ​လေသံဖြင့်​ခပ်​တိုးတိုးဆိုသည်​။

"ဒီ​လောက်​ဆို ရပြီလား၊အာ...
 ချယ်​ရီသီး​လေး စားလိုက်​ပါဦး"

သံမဏိမြားတစ်​စင်းကဲ့သို့​ဖြောင့်​တန်း​သော
Gua Erသည်​ရှီကျင်း၏
ထိုသို့အပြုအမူများအ​ပေါ် စိတ်​မခုန်​ပေ။
သို့​သော်​ရှီကျင်းပါးစပ်​မှအရည်​များ​
ပေကျံ​နေ​သောချယ်​ရီသီးအား မသင်္ကာသလို
ကြည့့်​လိုက်​သည်​။အဆုံး၌ ထိုအရာအား
သူ့ပါးစပ်​အတွင်းသို့်မ​ထည့်​နိုင်​ခဲ့​ပေ။
Gua Erခမျာ မျက်​နှာရှုံ့မဲ့လျက်​ဆိုသည်​။

"ရက်​စက်​လိုက်​တာ ကျင်းကျင်းရယ်​"

"ခင်​ဗျားအရင်​စတာ​လေ"
ရှီကျင်းသည်​ကျေ​ကျေနပ်​နပ်​ပြောပြီး
နှုတ်​ခမ်း​စူ သရုပ်​ဆောင်​လိုက်​သည်​။ထို့ပြင်​
Gua Er၏ပုခုံး​ပေါ်​ခေါင်း​လေးတင်​ပြီး
ချယ်​ရီသီးစားလျက်​ချော့မြူ​နေလိုက်​သည်​။
ခဏကြာ​တော့ သူ့အပြုအမူကို အနည်းငယ်​
အရှိန်​သတ်​ကာ အနီးနားကို​ဝေ့ကြည့်​ရာ​
ထောင့်​တစ်​နေရာတွင်​ထိုင်​နေ​သော
လူတစ်​ယောက်​နှင့်​ရုတ်​တရက်​အကြည့်​ချင်း
ဆုံသွားသည်​။

 ရှီကျင်း အရင်​က တစ်​နေရာရာမှာမြင်​ဖူးသလို
ထိုလူပုံစံအား ရင်းနှီး​နေသည်​။

ထိုစဉ်​ရှောင်​စစ်​မှ ရုတ်​ချည်းထ​အော်​လေသည်​။

<ကျင်းကျင်း! အမှတ်​ကဘာလို့ရုတ်​တရက်​ကြီး
၇၆၀ကိုတက်​သွားတာလဲ?>

ရှီကျင်း ထိုသူဆီမှ ချက်​ချင်း
အကြည့်​လွှဲလိုက်​သည်​။သူ့စိတ်​ထဲ
မ​ကောင်းတဲ့ခံစားချက်​ကြီး တိုးမြင့်​လာ၍
စိတ်​ထဲ၌​ပြောလိုက်​သည်​။

"ငါလည်းမသိဘူး၊​ရှောင်​စစ်​,ငါနဲ့ဆန့်​ကျင်​ဖက်​
ထောင့်​မှာထိုင်​နေတဲ့ အပြာရင့်​ရောင်​ဂျာကတ်​
ဝတ်​ထားတဲ့လူအ​ကြောင်းရှာ​ပေးစမ်း..
တစ်​နည်းနည်းနဲ့ သူ့ပုံကို ရင်းနှီး​နေတယ်​'

​ရှောင်​စစ်​သည်​ထိုစကားအား​ပြော​သောအခါ
အလျင်​အမြန်​ပင်​ရှာ​ဖွေပြီး အ​ဖြေချက်​ချင်း
ထွက်​လာသည်​။

<သူရဲ့ရာဇဝင်​အချက်​အလက်​တွေအရ
သူ့နာမည်​က​လောင်​ရှစ်​၊​ဖျော်​ဖြေ​ရေးကုမ္ပဏီမှာ
အလုပ်​လုပ်​တယ်​၊အား!
ကျင်းကျင်း..သူက ကျင်းကျင်း​ရဲ့
တတိယအစ်​ကို ရုန်​ကျိုးကျုံးရဲ့​အေးဂျင့်​ပဲ၊
ရုန်​ကျိုးကျုံးနဲ့လည်း တော်​တော်​ရင်းနှီးပုံပဲ>

​သေစမ်း! သူ့ကိုမြင်​ဖူးပါတယ်​တွေးတည်းက​
ကောင်းတာ ဘာမှဖြစ်​လာမှာမဟုတ်​ဘူးဆိုတာ
သိခဲ့သင့်​တယ်​!

ရှီကျင်း​ချွေး​စေးများပင်​ပြန်​ချင်​လာသည်​။
သူသည်​ကတိုက်​ကရိုက်​ပင်​ထိုသူ့အကြည့်​မှ
လွတ်​မြောက်​ရန်​Gua Er၏​ကျောပြင်​အား
ဒိုင်းသဖွယ်​အသုံးပြုကာ အ​နောက်​ဘက်​သို့
ဆုတ်​လိုက်​သည်​။

သို့ပင်​မဲ့ ရှီကျင်းလုပ်​သည်​မှာ​
နောက်​ကျသွား​လေပြီ။ထိုလူသည်​
မတ်​တပ်​ရပ်​ကာ သူ့ဆီသို့​လျှောက်​လာသည်​။
ထို့​နောက်​ခြေနှစ်​လှမ်း အကွာ​လောက်​တွင်​
ရပ်​ပြီး​ဖော်​ရွေကြင်​နာစွာဆိုသည်​။

"မင်္ဂလာပါ ကျွန်​တော့်​နာမည်​က​
လောင်​ရှစ်​ပါ။ကျွန်​တော်​က
ကျုံးကျားရုပ်​ရှင်​ကုမ္ပဏီ အနုပညာဌာနကပါ။
ဒါ​ကြောင့်​ဒီကလူငယ်​လေးရဲ့အကကို
မြင်​လိုက်​တော့ သူက ကျွန်​တော်​တို့
အနုပညာနယ်​ပယ်​အတွက်​ကိုက်​ညီသူပဲလို့
ကျွန်​တော်​တွေးမိလိုက်​တယ်​။​ကောင်​လေး
မင်း စတားဖြစ်​ဖို့ စိတ်​ဝင်​စားလား။စိတ်​မပူပါနဲ့
ကျွန်​တော်​က လူလိမ်​မဟုတ်​ပါဘူး၊ဒါက
ကျွန်​တော့်​လိပ်​စာကဒ်​ပါ"

​လောင်​ရှစ်​သည်​သူ့လိပ်​စာကဒ်​အားထုတ်​ပြီး
လက်​နှစ်​ဖက်​ဖြင့်​ယဉ်​ကျေးစွာ ကမ်း​ပေးသည်​။

Gua Erသည်​တအံ့တသြနား​ထောင်​နေပြီး​
လောင်​ရှစ်​ဆိုလိုသည်​ကို သ​ဘော​ပေါက်​
သောအခါ​အော်​ရယ်​ချင်​သွား​သော်​လည်း​
အောင့်​အီးကာ​ချောင်းဟန့်​လိုက်​သည်​။
ရှီကျင်းသည်​ကဒ်​အားကြည့်​သာ​နေပြီး
မလှုပ်​တာမြင်​တော့ ရှီကျင်းလည်း အံသြ​နေ၍
ဟုထင်​သဖြင့်​လောင်​ရှစ်​လက်​ထဲမှကဒ်​အား
သူပဲအစားယူလိုက်​သည်​။ထို့​နောက်​

"အား​တော့နာပါတယ်​ငါနဲ့ငါ့သူငယ်​ချင်းက
ဒါကို စဉ်းစားဖို့​တော့လိုလိမ့်​မယ်​..ဒါ​ကြောင့်​ခင်​-"

"ကျွန်​တော်​တို့စဉ်းစားစရာမလိုပါဘူး!"
ရှီကျင်းသည်​သတိပြန်​ဝင်​လာကာ
Gua Erလက်​ထဲမှ ကဒ်​ပြားအားပြန်​ဆွဲယူပြီး​
လောင်​ရှစ်​လက်​အတွင်း ပြန်​ထိုးထည့်​
ပေးလိုက်​သည်​။ထို့​နောက်​စိတ်​မပါသလို
အားတင်းပြုံးပြကာ​ဗြောင်​ငြင်း သည်​။

"ကျွန်​တော်​က စတားလုပ်​ဖို့
လုံးဝစိတ်​မဝင်​စားပါဘူး၊အခုလိုချီးကျူးတဲ့
အတွက်​ကျေးဇူးပါပဲ သွားလိုက်​ပါဦးမယ်​"

ပြီး​နောက်​Gua Erကိုဆွဲကာ
ထွက်​သွားလို့လုပ်​သည်​။

 ဒီတစ်​ခါ​တော့​လောင်​ရှစ်​တောင့်​ခဲသွားသည်​။
သူ​တွေ့ခဲ့​သော ရှီကျင်း၏မျက်​စိဖမ်းစား​စေ​သော
အက​ကြောင့်​ထို​ကောင်​လေးသည်​
လူအများ၏အာရုံအား​ဆွဲ​ဆောင်​ပြီး
ထင်​ပေါ်သည်​ကို နှစ်​သက်​မည်​ဟု​တွေးထားမိကာ
အခုလို တိုက်​ရိုက်​ကြီးအငြင်းခံရမည်​ဟု
မထင်​ထား​ပေ။

သူသည်​စက္ကန့်​အနည်းငယ်​လောက်​
တုန်​ဆိုင်းသွား​သော်​လည်း ဒီလို​ကောင်းမွန်​
လှသည့်​မျိုး​စေ့​လေးကို လက်​မလွှတ်​နိုင်​ပေ။
သူသည်​ရှီကျင်းအား အမှီလိုက်​ကာ​ပြောသည်​။

"​ကောင်​လေး ကျွန်​တော်​က
လူလိမ်​လုံးဝမဟုတ်​ပါဘူး၊မင်း မယုံရင်​
ငါ့အနုပညာရှင်​ရုန်​ကျိုးကျုံးဆီ ဖုန်း​ခေါ်​ပေးပြီး
အတည်​ပြုလို့ရတယ်​။မင်း သူ့ကို​တော့ သိမှာ​-"

 "ကျွန်​တော်​သူ့ကိုမသိဘူး!"
ရှီကျင်းသည်​ဆံပင်​များပင်​ဆွဲ​ဆောင့်​ချင်​
လာသည်​။​လောင်​ရှစ်​သည်​သူ့အားလွယ်​လွယ်​နဲ့
လက်​မ​လျော့ဘဲ ရုန်​ကျိုးကျုံးကိုပါ လာ​ရောက်​
ခိုင်း​လောက်​မည်​ကို သ​ဘော​ပေါက်​သဖြင့်​
သူ့ဖက်​လှည့်​ကာ အ​လေးအနက်​ပြောလိုက်​သည်​။

"မစ္စတာ​လောင်​,​ကျေးဇူးပြုပြီး
ကျွန်​တော့်​နောက်​ကိုဆက်​မလိုက်​ပါနဲ့၊
ကျွန်​တော်​စတားလည်းတကယ်​မဖြစ်​ချင်​ဘူး
ဘာလို့ဆို အရမ်းလည်းပင်​ပန်းပြီး
ကိုယ်​ပိုင်​အချိန်​၊လွတ်​လပ်​မှုကိုလည်း ဆုံးရှုံးရမယ်​။
ကျွန်​တော့်​အတွက်​အဲ့လိုဘဝမျိုးက
တကယ်​ခါးသီးလို့ပါ။စကားလုပ်​မဲ့အစား
အ​ပျော်​ကောင်​လေးလုပ်​ရတာ သ​ဘောကျတယ်​
,လှဲလိုက်​ရုံနဲ့ လက်​ထဲ​ငွေဝင်​လာတယ်​။
ကျွန်​တော့်​ရဲ့ပိုင်​ရှင်​ကိုလည်း မြင်​တယ်​မလား...
သူကတအားချမ်းသာတယ်​ကျွန်​တော်​သူနဲ့
အတူ​နေရတာ စိတ်​ချမ်းသာတယ်​"

ထို့သို့​ပြောပြီး​နောက်​သူ့​ဘေးတွင်​ရပ်​နေ​သော
Gua Erကို တစ်​ချက်​ဆွဲ​ဆောင့်​လိုက်​သည်​။

 ရှီကျင်းဆိုလိုသည်​ကို နားလည်​ရန်​
Gua Er တစ်​စက္ကန့်​လောက်​အချိန်​ယူ
လိုက်​ရ​ပြီး​နောက်​ရှီကျင်းပုခုံးအား
အလိုက်​သင့်​ဖက်​ကာ​ပြောသည်​။

"ဒါ​ပေါ့ က​လေးကကိုယ့်​အကြိုက်​ပဲဟာ။
က​လေး လိုချင်​တာမှန်​သမျှ ကိုယ်​ပေးမယ်​။
စကားဖြစ်​တာထက်​ကိုယ့်​ချစ်​သူလုပ်​တာက
အများကြီးပိုသက်​တောင့်​သက်​သာရှိတာ​ပေါ့"

"ဒါ​ပေါ့,စကားဖြစ်​ရတာ ဘာများ​ကောင်းလို့လဲ။
ခင်​ဗျား​ပြောလိုက်​တာ..ရုန်​ကျိုးကျုံး?
သူကဘာ​တွေများကြီးကျယ်​ခမ်းနား​နေလို့လဲ။
ရုပ်​က​လေး​ချောတာကလွဲရင်​
ဘာအဖြစ်​မှမရှိပါဘူး၊သူ့အ​မေက
လူမှန်​နဲ့တစ်​ညအိပ်​မိသွားလို့သာ"

အနည်းငယ်​အက်​ရှ​သောစကားသံသည်​
သူတို့၏စကားဝိုင်းအား ဝင်​နှောင့်​လိုက်​ရာ
လေထုအ​နေအထားက တဟုန်​ချင်း​
ပြောင်းလဲသွားသည်​။

​လောင်​ရှစ်​၏အမူအရာလည်း ပျက်​ယွင်းသွားပြီး​
ထိုစကား​ပြောသူဖက်​ကို​လှည့်​ကြည့်​လိုက်​သည်​။

Gua Erနှင့်​ရှီကျင်းသည်​လည်း
ထိုသူကို တစ်​ချက်​ကြည့်​လိုက်​သောအခါ
မ​မျှော်​လင့်ထားဘဲ ဒီည သူတို့
ချိန်​ရွယ်​ထား​သော အထင်​တရပစ်​မှတ်​ကြီး
ရှုဟိုက်​ဖြစ်​နေ​လေသည်​။

"မင်းစကား​အ​ပြောအဆို ဆင်​ခြင်​သင့်​တယ်​"
​လောင်​ရှစ်​၏​လေသံသည်​အေးစက်​လျက်​။

ရှုဟိုက်​သည်​ရှီကျင်းအား 'ဒီကိုကြီးက
မင်းအတွက်​ဒီပြဿနာ​လေးကို​ဖြေရှင်း​ပေးမယ်​'
ဟူ​သောအကြည့်​ပေးလိုက်​သည်​။ထို့​နောက်​
သူ၏ကြည့်​ကောင်း​သောခန္ဓာကိုယ်​ကို​
ကောင်း​ကောင်းအသုံးချပြီး​လောင်​ရှစ်​ရှိရာသို့​
လျှောက်​လှမ်းလာသည်​။​လောင်​ရှစ်​၏ပုခုံး​ပေါ်
လက်​တင်​ကာ ခြိမ်း​ခြောက်သောအမူအရာဖြင့်​
ပမာမခန့်​ပြောသည်​။

"ငါ့ပိုင်​နက်​ထဲမှာ ဘာ​တွေလာပြီး
အထက်​စီးဆန်​နေတာလဲ၊ ကိုယ်​ဟာကိုယ်​
ထွက်​သွားမလား ဒါမှမဟုတ်​
ဆွဲထုတ်ခံချင်​တာလား"

​လောင်​ရှစ်​သည်​အနုပညာ​လောကထဲတွင်​
နှစ်​ပေါင်းများစွာအလုပ်​လုပ်​ပြီး​နောက်​
ကိုယ့်​စိတ်​ကိုယ်​ချုပ်​ထိန်းနိုင်​မည်​ဟု
ထင်​မှတ်​ထား​သော်​လည်း အခုလို
အ​ခြေအ​နေတွင်​ဒေါသမထွက်​ဘဲမ​နေနိုင်​ချေ။
သူသည်​ရှုဟိုက်​အား စိုက်​ကြည့့်​ကာ​
မေးလိုက်​သည်​။

"မင်းနာမည် ဘယ်​လို​ခေါ်လဲ"

"ကျစ်​! ဘာ​လို့လာ​မေး​နေတာလဲ၊​နောက်​ကျရင်​
ငါ့ကိုလာရှာမလို့လား?ဒါဆိုရင်​လည်း​
ဟောဒီက​မြေး​လေးရဲ့နာမည်​ကို
သေချာမှတ်​ထား...ရှုဟိုက်​၊
ဒီသခင်​လေးနာမည်​က ရှုဟိုက်​။
ငါနဲ့စာရင်းရှင်းချင်​ရင်​လာခဲ့​လေ​စောင့်​နေမယ်​"

ရှုဟိုက်​သည်​လောင်​ရှစ်​၏ရင်​ဘက်​အား
တစ်​ချက်​ရိုက်​လိုက်​၍​ခြေတစ်​လှမ်း
နောက်ဆုတ်​သွားရသည်​။

​လောင်​ရှီ၏မျက်​နှာမှာ ပိုမိုအရုပ်​ဆိုးသွားကာ
သူ့အင်္ကျီအားခါပြီး​ပြောလိုက်​သည်​။

"ရှုဟိုက်​,မင်းကိုမှတ်​ထားလိုက်​ပြီ"

ထို့​နောက်​ရှီကျင်းအား နှ​မြောတသကြည့်​ကာ
​ဒေါပွစွာထွက်​သွားသည်​။

ရှီကျင်းလည်း ထိုသူထွက်​သွားသည်​ကိုကြည့်​ပြီး
ရှုဟိုက်​အတွက်​စိတ်​ထဲက
ဖ​ယောင်းတိုင်​တစ်​တိုင်​ထွန်း​ပေးလိုက်​သည်​။​
လောင်​ရှီကို တိုက်​ခိုက်​ခြင်းက
ရုန်​ကျိုးကျုံးကိုတိုက်​ခိုက်​ခြင်းနှင့့်​အတူတူပင်​။
ရုန်​ကျိုးကျုံးအား အလကား​နေရင်း
"အနုပညာစီးပွား​ရေး​လောက၏နတ်​ဆိုးဘုရင်​"
ဟု​ခေါ်ခြင်း မဟုတ်​ပေ။
မ​ကျေနပ်​ချက်​သေး​သေး​လေးကအစ
လက်​တုံ့ပြန်​တတ်​သော သူ့ပုံစံ​ကြောင့်​
ရန်​ဘက်​အား ငရဲကျသလိုပင်​ခံစားရ​စေသည်​။
ရှုဟိုက်​သည်​ယခုအချိန်​အား​သေချာ​ပေါက်​
အကြီးအကျယ်​နောင်​တရလိမ့့်​မည်​။

​ရှောင်​စစ်​မှ ငိုသံကြီးဖြင့်​ထ​ပြောသည်​။
<ကျင်းကျင်း,​လောင်​ရှစ်​က ကျင်းကျင်းကို​
နောက်​ဆုံးကြည့်​ပြီးသွား​တော့ အမှတ်​က
၇၇၀ဖြစ်​သွားပြီ>

ထိုစကားကြား​သောအခါ ရှီကျင်းပင်​
ငိုချင်​လာသည်​။

သင်​ဟာ​ထောင်​သောင်းချီ​သောအစီအစဉ်​တွေ
လုပ်​ထားထား၊အ​ရေး​ပေါ်အကြံအစည်​တွေ
ပြင်​ဆင်​ထားသ​စေ၊ ရူးမိုက်​တဲ့အ​ပေါင်းအပါ​ကြောင့်​
အားလုံးက ပျက်​ဆီးသွားနိုင်​သည်​။

ရှုဟိုက်​ရေ..ကိုယ့်​ကိုယ်​ကို သတိထား​နေ
သင့့်​ပြီ​နော်​!

အ​ခြေအ​နေ​တွေက အစီအစဉ်​အတိုင်း
မသွား​သော်​လည်း ဒီညရဲ့မစ်​ရှင်​က​တော့
ပြီး​မြောက်​သွားသည်​။"သူရဲ​ကောင်း​လေးက
အလှ​လေးအား ကယ်​တင်​ခန်း"​ကြောင့်​
ရှုဟိုက်​၏အာရုံစိုက်​မှုကို​အောင်​မြင်​စွာ ရရှိပြီး
သူ့သူငယ်​ချင်း​တွေရှိရာ သီးသန့်​ခန်းဆီသို့
ဖိတ်​ခေါ်ခံရ​တော့သည်​။

ရှီကျင်းသည်​ကိုယ့်​ကိုယ်​ကို သနားလှပြီး
လျန်​ကျွင်း၏​ဘေးတွင်​နေရ​သောခံစားချက်​က
ပို​ကောင်းမွန်​ကြောင်း ပိုမိုသိသာလာသည်​။
ရှုဟိုက်​၏တမင်​ရည်​ရွယ်​၍ဖြစ်​စေ
မရည်​ရွယ်​သည်​ဖြစ်​စေ အရက်ခွက်ကို​
ထပ်​တလဲလဲ ဖြည့်​ပေး​နေ​သော​ကြောင့်​
စိတ်​မရှည်​တော့ဘဲ​ရှောင်​စစ်​အား
'ခွက်​တစ်​ထောင်​သောက်​လည်း
အနည်းငယ်​သာမူး​ဝေ' ဟူ​သောbuffကို​
တောင်းပြီး စိတ်​လျော့ကာ​သောက်​တော့သည်​။

ရှုဟိုက်​၏ဘဝတွင်​ရှီကျင်းလို​
ချော​မော​သော်​လည်း နူးညံ့​သောအသွင်​ရှိသည့်​
လူမျိုးကို တစ်​ခါမှမ​တွေ့ဖူး​ပေ။
ဆွဲ​ဆောင်​မှုရှိပြီးလူကိုမိန်း​မော​စေ​လောက်​အောင်​
ကနိုင်​သော်​လည်း သတ္တိရှိပြီး
သူ၏ပိုက်​ဆံအားခုံမင်​ပုံကို မဖုံးကွယ်​ဘဲ
တည့်​တိုး​ပြောရဲ​သောစရိုက်​ပင်​ရှိ​သေးသည်​။
သို့​သော်​ထိုစကားများ​ကြောင့်​သူ့အ​ပေ
ါ်ရွံ့ရှာသွားခြင်းမရှိဘဲ ဆန်းကျယ်​စွာဖြင့်​
ရှုဟိုက်​၏အာရုံအား ပို၍ဆွဲ​ဆောင်​လိုက်​သည်​။

ရှုဟိုက်​မှာ ရှီကျင်းနှင့်​ပို၍
စကား​ပြောကြည့်​လေ​လေ သူ့အ​ပေါ်
ပိုကျဆုံး​လေဖြစ်​သည်​။ထို​ကောင်​လေး၏
ပိုင်​ရှင်​ဖြစ်​သည့်​Gua Erကိုပါ​
မေ့သည်​အထိ​ပေါ့။ရှုဟိုက်​၏ထိုင်​နေရာသည်​
Gua Erနှင့့်​မျက်​နှာချင်းဆိုင်​မှ ရှီကျင်း၏
မျက်​နှာချင်းဆိုင်​ဆီသို့်​ပြောင်းသွားသည်​။
ထိုမှတဆင့်​ရှီကျင်း​ဘေးသို့​ရောက်​လာ
သည်​အထိ သူ၏မျက်​လုံးများမှာ ရှီကျင်းအား
ဝါးစားမတတ်​ကြည့်​နေသည်​။

Gua Erသည်​သီးသန့်​ခန်းထဲ​
ရောက်​ပြီး​နောက်​ရှီကျင်းအထိန်းအကပ်​မဲ့
သွားသည်​ကို မ​မျှော်​လင့့်​ထား​ပေ။
သို့​သော်​အရာအားလုံး အဆင်​ပြေ​ပြေ
လည်​ပတ်​နေသ​ရွေ့ အဆင်​ပြေသည်​။
သူ့တည်​ရှိမှုကို​လျော့ချထားလိုက်​သည်​။
ဒီ​နေ့၏တာဝန်​က အနာဂတ်တွင်​
အဆက်​အသွယ်​ပိုမိုခိုင်​မာလာဖို့ ရှုဟိုက်​နှင့်​
တွေ့ရန်​သာဖြစ်​သည်​။အခုမစ်​ရှင်​လည်း
ပြီး​မြောက်​သွားပြီဆိုဖြင့်​ရှီကျင်းလည်း
ဇာတ်​ညွှန်းအတိုင်းလိုက်​စရာ မလို​တော့​ပေ။
ဒါ​ကြောင့်​ရှီကျင်း ဒီဘားရဲ့အရက်​တွေ
အကုန်​သောက်​ပြီး အရင်းပြုတ်​အောင်​
လုပ်​ရင်​တောင်​ကိစ္စမရှိ​ပေ။
သူ​စောင့်​ကြည့်​နေတာမို့။

============================

Continue Reading

You'll Also Like

724K 41.2K 26
Jk - Possessive type #Warning Cv_ Pinterest
591K 15.2K 77
၍ficတွင် 🔞🔞များနှင့် ရိုင်းစိုင်းတဲ့စကားလုံးများပါပါသည်။ မကြိုက်နှစ်သက်ပါက မဖတ်ပါနဲ့။ ပြီးမှ လာ မwarပါနဲ့ ၍ficတြင္ 🔞🔞မ်ားႏွင့္ ရိုင္းစိုင္းတဲ့...
164K 4.9K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
1.4M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...