The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 2.17

5.6K 673 21
By khunsin

စစ်သည်ငါးယောက် ကင်းစောင့်ရင်း စကားပြောနေကြသည်။

"ဟေ့ကောင် ငါတို့က ဒါ စစ်နိုင်သွားတာလား မနိုင်သေးတာလား .. ပုံမှန်ဆို .. စစ်နိုင်ပြီဆိုရင် မြို့ထဲကို မာန်အပြည့်နဲ့ဝင်၊ အပျိုလေးတွေ ကောလေးတွေ ပေးတဲ့ ပန်းလေးတွေ ယူ၊ ကလူကလူ ဖြစ်နေရမှာလေ"

"အေးကွာ သုံးရက်နဲ့ စစ်နိုင်တယ် ပြေးပြောရအောင်ကလည်း သွားပြောတဲ့ကောင် ရူးနေတယ် ထင်ကြဦးမယ်"

"ခေါင်းဆောင်လေးက တကယ်တော်တာကွာ .. ငါသူ့လိုတော်တဲ့သူ တခါမှ မမြင်ဖူးဘူး။ ထျင်စစ်သူကြီးက တကယ့်ကို သူ့သားလေးကို ဥထားတာပဲ"

"အေးကွာ ငါဆို ခေါင်ဆောင်လေး စစ်တပ်ကို ပထမဆုံး လိုက်လာတုန်းကတောင် လက်နက်ပုံနား သွားစပ်ဆော့လို့ အမြင်ကပ်သလိုတောင် ဖြစ်မိသေးတယ်.. ခုပြန်တွေးရင် ကိုယ့်ကိုကိုယ်တောင် ရိုက်ပစ်ချင်မိတယ်"

စုန့်ရိရန်ကိုယ်ရံတော်တပ်မှ ပြောင်းလာတဲ့တစ်ယောက်က
"ကျနော်ဆို သခင်နဲ့ စေ့စပ်မယ့်သူလို့ ကြားတုန်းက မတန်မရာလို့ နှာခေါင်းတောင် ရှုံ့မိသေးတယ်။ ခုပြန်စဉ်းစားကြည့်ရင် တကယ် မျက်လုံးကန်းခဲ့တာပဲဗျာ။ ကျနော် နေပြည်တော် ပြန်ရောက်ရင် ကိုယ်ရံတော်တပ်ကနေ ထျင်စစ်တပ်ကို ပြောင်းမယ်"

ထိုစဉ် .. ပိုင်လင်းတဲမှ စုန့်ရိမင် လွင့်ထွက်လာသည်။
"Pffff... ခေါင်းဆောင်လေးကတော့ တကယ်ပဲ"
"မင်းသားတော့ မောင်းထုတ်ခံရပြန်ပြီထင်တယ် haha"
"ဒါပေမယ့် မင်းသားကို တကယ်ဂရုစိုက်တာနော်။ သတိရလာတဲ့ထိ မင်းသားနားမှာပဲ နေတာ"
"ဟုတ်တယ် တိုက်ပွဲမှာ မင်းသားလည်း လဲသွားရော ခေါင်းဆောင်လေးက ချက်ချင်း တစ်ခြားတစ်ယောက်လိုပဲ ပြောင်းသွားလိုက်တာ"
"အဲ့တုန်းက ပုံစံကို စဉ်းစားမိရင် ခုတောင် ကျောရိုးထဲက စိမ့်ပြီး ကြောက်တုန်းပဲ"
..........

စုန့်မင်းကြီးက ရုတ်တရက်ကြီး အားအင်ချည့်နဲ့ကာ လဲသွားပြီး အိမ်ရှေ့မင်းသားမှာလည်း စစ်တပ်အတွင်း ပြန့်နှံ့လျှက်ရှိသော ကပ်ရောဂါအသွင် ရောဂါတစ်မျိုးကြောင့် မင်းကြီးထံ သွားတွေ့ခွင့် မရပဲ စစ်တပ်ထဲမှာပဲ ပိတ်လှောင်ခံထားရသည်။ မင်းကြီးနှင့် တကွ အိမ်ရှေ့စံရော အခြား ဆက်ခံသူ မင်းသားများက မရှိတာကြောင့် မိဖုရားကြီးခေါင်ကြီးက နန်းတွင်း အရေးများကို ဝင်ရောက်ထိန်းပေးသည့် ပုံစံမျိုးနဲ့ စွက်ဖက်တော့သည်။

မင်းကြီး အိပ်ရာထဲ လဲသွားကတည်းက သေတမ်းစာကို မင်းသားတစ် နာမည်နဲ့ ပြင်ဆင်စေကာ တခါတည်း ဆက်ခံသူရွေးစေသည်။ အိမ်ရှေ့စံဘက်မှ ဝင်ရောက် ပြောဆိုသူများကို အိမ်ရှေ့မင်းသားက ကပ်ရောဂါ ကူးစက်နေတာကြောင့် လက်ရှိ အုပ်ချုပ်ဖို့ မသင့်တော်ဟုဆိုကာ စုန့်ရိရန်ကို ပြန်လာစေရန် အမိန့်ချသည်။ စစ်ပွဲကိုတော့ စုန့်ရိမင်ကို ဆက်တိုက်စေသည်။ အလွန်အမင်း ဆန့်ကျင်သော အမတ်များကိုမူ ထောင်သွင်း အကျဉ်းချခြင်း၊ ရာထူးလျှော့ခြင်းနှင့် နှိပ်စက် ညဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းများပြု၍ သဘောတူစေသည်။

ဒီအကြံတွေက ချန်ကျစ်မေက ထွက်လာတာဖြစ်ပြီး ချန်ဟောက်က ဖိဖုရားကြီအာဏာသုံ၍ အားလုံးကို အကွက်ကျကျ စီစဉ်ပေးထားသည်။ ပိုင်လင်းကို စစ်ပွဲမှာ စုန့်ရိမင်နှင့် ထားခဲ့ပြီး ကိုယ်ရံတော်များအား လုပ်ကြံရန် ခိုင်းစေမည်။ သူကိုယ်တိုင်ကတော့ စုန့်ရိရန်နှင့် အတူ ထီးနန်းရယူမည်။

ထျင်လဲ့အတွက်ကတော့ ခြေထောက် မကောင်းသည်မို့ ရာထူးရုတ်ပြီး ကိုယ်ရံတော်တပ်က စစ်သူကြီး ရင်းဝိန်းဟန့်ကို လွှဲပေးလိုက်ရုံပင်။ အိမ်ရှေ့မင်းသားနှင့် တပ်ဖွဲ့ကို သတ်ဖြတ်ပြီးမှ ကပ်ရောဂါကြောင့် သေတယ်ဟု အကြောင်းပြလိုက်ရင် ရပြီ။ မိခင်မိဖုရားငယ်ကတော့ အိမ်ရှေ့မင်းသားအတွက် သာသနာ့ဘောင်ဝင် ဆုတောင်းရင်း ကျန်တဲ့အချိန်ကုန်ပါစေပေါ့။ လိုအပ်နေတာကတော့ စုန်ရိရန်ပြန်လာဖို့ပင်။

ချန်ကျစ်မေ အကျေနပ်ကြီး ကျေနပ်နေသည်။ နောက် နှစ်ရက်လောက်ဆို စုန်ရိရန် ပြန်လာတော့မည်။ စုန့်ရိမင်ကို အနည်းငယ် သဘောကျသော်လည်း စုန့်ရိရန်လို မိဖုရားခေါင်ကြီး နောက်ခံမရှိတာတော့ နှမြောစရာပင်။ ခုဆို သူ့ရဲ့ ပြီးပြည့်စုံတဲ့ အကြံကြီးကြောင့် မိဖုရားခေါင်ကြီးကလည်း သဘောအကျကြီးကျလျှက် ဘာပဲလုပ်လုပ် ကျစ်မေ ကျစ်မေနဲ့ ပါးစပ်က မချပေ။

"ကိုကို"
"ညီလေး .. ရိမင်"
"ကိုကို မင်းသားအခြေအနေ .. "
"မင်းသားက တပ်ထဲမှာ ထွက်လို့ မရဘူး။ အကိုက အဲ့ဒီနေ့က တပ်ထဲ မလိုက်သွားလိုက်လို့ ဒါပေမယ့် အိမ်တော်က အဝိုင်းခံထားရတယ် ညီလေး ဘယ်လို ဝင်လာတာလဲ"
"အကုန်သတ်လိုက်ပြီ"
"ဟင်" သူ့ရဲ့ နူးနူးညံ့ညံ့နဲ့ ထိရင်တောင် ကြွေကျသွားနိုင်လောက်တဲ့ သူ့ရဲ့ညီလေးက လူသတ်တာကိုတောင် ထမင်းစားရေသောက် ပြောနေပါလားဟု အံဩမိသည်။ ထိုတင်မက ပိုင်လင်းက စစ်ပွဲမှာ ပုရွက်ဆိတ် သတ်သကဲ့သို့ သူဓားအောက်မှ စစ်သည် အများအပြား အသက်ပေးခဲ့ရသည်ဆိုလျှင် ထျင်လဲ့ ဘယ်လိုနေမည်မသိ။

ပိုင်လင်း လေချွန်လိုက်သည်။
"သခင်လေး" လူလေးယောက် အလျိုလျိုထွက်လာသည်။ ထျင်လဲ့ အံဩသွားသည်။
"ဒါ .. ဒါ .. ညီလေး မင်း သူတို့ကို ခေါ်မသွားဘူးလား"

"အွန်း .. ကျနော် အကို့ကို စိတ်မချလို့"
ထျင်လဲ့ ရင်ထဲ ခံစားသွားရသည်။ သူ့ညီလေးက သူ့ကိုတောင် စဉ်းစားပေးပြီး ပြန်ကာကွယ်ပေးနိုင်နေပြီ။

ပိုင်လင်း ကိုယ်ရံတော်တွေဘက် လှည့်လိုက်ပြီး
"ဖေး ရော"

ဖေ့ဖုက "အိမ်ရှေ့စံဘက်မှာပါ။ သခင်လေး .. ဖေး အချိန်မှီရောက်လို့ စစ်သားတော်တော်များများ ကယ်တင်လိုက်နိုင်ပေမယ့် ကောလဟာလကိုတော့ မတားလိုက်နိုင်ဘူး"
"အွန်း .. မိဖုရားခေါင်ကြီးဘက် အခြေအနေဘယ်လိုလဲ"
မုချိုးက "မင်းကြီးက နည်းနည်း အခြေအနေဆိုးပါတယ်။ နန်းတွင်း သမားတော်က လက်လျှော့လိုက်ပါပြီ"

"အစောင့်တွေ ထူထပ်လို့ မုချင်းက သခင်လေးပြောတဲ့ဆေး နှစ်ခွက်စာပဲ လဲပေးနိုင်လိုက်ပါတယ်"
"နှစ်ခွက်ဆိုရင် ရပြီ .. နန်းသိမ်းပွဲက ဘယ်နေ့လဲ"
ရိမင်ရော ထျင့်လဲ့ပါ ကြောင်သွားသည်။
"ဘာနန်းသိမ်းပွဲလဲ x2 "

ပေ့မင်က လေးစားသော မျက်လုံးများဖြင့်
"သန်ဘက်ခါပါ သခင်လေး"

"ကိုကို သွားစို့ .. ခြေထောက် ရပ်နိုင်ပြီလား"
"ရပ်နိုင်ပြီ။ သိုင်းပညာတော့ သုံးလို့ မရသေးဘူး"
"ရတယ် ကိစ္စမရှိဘူး ကျနော် ရှိတယ်"
"......"
__________

ပိုင်လင်း၏ အစွမ်းကို ထျင်လဲ့ အခုမှ မျက်မြင်ကိုယ်တွေ့ တွေ့ရတော့သည်။ ထျင်စစ်တပ်ကို ချဉ်းကပ်လာသည်။ နန်းတွင်းအစောင့် တစ်ယောက်ပြီး တစ်ယောက်ကို ပိုင်လင်းနှင့် ရိမင်က ဦးဆောင်ကာ အသံမထွက်စေပဲ ဇတ်ချိုး၍တမျိုး
လည်ပင်းကိုချုပ်၍တမျိုး ဓားနဲ့ တချက်တည်း သေလောက်တဲ့နေရာ ထိုး၍ တစ်မျိုး သတ်၍ စီးနင်းလာသည်။ နောက်ကလူများက အလောင်းဖျောက်ဖျက်ရန်သာ။ ခြေလှမ်း တိုးတိုးသက်သာနင်း၍ အိမ်ရှေ့စံတဲထဲသို့ ရောက်သွားသည်။

"အကိုတော်"
"ညီတော် ‼️ ထျင်လဲ့ .. ညီငယ် .. မင်းတို့ လိုက်လာတယ်❓" အိမ်ရှေ့စံမှာ ပျော်လွန်းလို့ မျက်ရည်တောင် ဝဲမိသည်။ ချန်ဟောက်၏ အကြံအစည် များစွာကို ရှောင်နိုင်လိုက်သော်လည်း သူသတိလစ်လိုက်တဲ့ခဏမှာ သူ့စစ်သားအများမပြား မထနိုင်ဖြစ်သွားတဲ့အပြင် ကပ်ရောဂါလို့ ခေါင်းစဉ်တပ်ခံရပြီး သူကိုယ်တိုင်လည်း ဘယ်နေ့ အသတ်ခံရမလဲ စောင့်ဆိုင်းနေရသကဲ့သို့ပင်။

သို့ပေမယ့် ညီငယ် ပိုင်လင်း၏ ကိုယ်ရံတော် ဖေးက ညကြီး ဝင်ရောက်လာပြီး အဆိပ်ဖြေဆေးနှင့်တကွ အဖြစ်အပျက် အားလုံးကို သတင်းပို့သည်။ ထို့ပြင် ဆေးဆရာဟွမ်ကိုပါ ရုပ်ဖျက်ပြီး စစ်သားများကို ကူညီစေသည်။ အနည်းငယ် စိတ်သက်သာရာရပေမယ့် အနားမှာ အားကိုးတိုင်ပင်ရမယ့် ထျင်လဲ့ရော သူ့ရဲ့ ညီတော်ရော ရှိမနေတာကြောင့် စိတ်ပျက် အားငယ်နေချိန် ပိုင်လင်းတို့ ရောက်သွားတာ ဖြစ်သည်။

"လီချင်းကော အဆင်ပြေရဲ့လား"
စုန့်လီချင်းမှာ ငိုချင်လျှက် လက်တို့သလို ဖြစ်သွားကာ

"ညီငယ် .. " ရေနစ်နေတဲ့သူ ကောက်ရိုးစ တမျှင် တွေ့သကဲ့သို့ပင် ပြေးဖက်ပြီး အနိုင်ကျင့်ခံလာရသော အငယ်က အကိုကြီးကို တိုင်သကဲ့သို့ တန်းစီ၍ ပြောတော့သည်။

"ကိုယ့် ခမည်းတော် နေမကောင်းဘူးပြောတယ် . . ကိုယ် သွားတွေ့ချင်တယ်။ စစ်တပ်က ဘာကပ်ရောဂါမှ မဟုတ်ဖူး။ အရိုးပျော့ အဆိပ်မိတာပါ။ ကိုယ်က အမိန့်ကို ဆန့်ကျင်ပြီး သွားလိုက်ရင် ထျင်လဲ့ပါ ထိခိုက်မှာစိုးလို့။ ပြီးတော့ ကိုယ်ရံတော် တပ်ကို အဆိပ်မိပြီး ခုမှ နာလန်ထစ ကိုယ့်တပ်က မယှဉ်နိုင်ဘူး"

ပိုင်လင်းက ရင်ခွင်ထဲ ပြေးဝင်လာပြီး ကလေးကဲ့သို့ တိုင်တန်းနေသော ထောင်ထောင်မောင်းမောင်း ယောကျာ်းကို ဘာလုပ်ရမှန်းမသိ ကို့ရို့ကားရားနိုင်နေတော့သည်။

"ဟုတ်ပါပြီ လီချင်းကော ကျနော်တို့ ရောက်လာပြီမို့ အဆင်ပြေသွားမှာပါ .. လွှတ်ပါဦး"

ရိမင်က သူ့အကိုကို ဇွတ်ဆွဲခွါကာ ထျင်လဲ့ရင်ခွင်ထဲ တွန်းထုတ်လိုက်သည်။ ထျင်လဲ့ကလည်း ညီကို သဝန်တိုတာကြောင့် အိမ်ရှေ့စံကို ထွေးပွေ့ထားသလိုနဲ့ ချုပ်ထားသည်။

ပိုင်လင်းက အကိုတွေရဲ့ အဖြစ်ကို ရယ်ချင်သွားပြီး
"ခိ .. ဟားဟားဟား "

ပိုင်လင်းရယ်သံကြောင့် တင်းနေတဲ့ ဖိအားတွေ လျော့ကျသွားသလိုပင် စီတန်းနေတဲ့ သွားလေးတွေ ပေါ်အောင် ရယ်နေတာမို့ ရိမင်က ခပ်တိုးတိုးဖြင့်
"ကလေး ဘယ်လိုတောင် မြူဆွယ်နေတာလဲ .. "
"ဘာလဲ ကိုယ့်ပါးစပ်နဲ့ ကိုယ်ရယ်တာ . မရယ်ရဘူးလား"
"အွန်း ရယ်ပါ .. ပြီးမှ ကိုယ့်ဟာနဲ့ ကိုယ်လုပ်မိရင် .. "

စကားမဆုံးသေးဘူး ပိုင်လင်းဆီမှ လက်သီးတစ်ချက် ရောက်လာသည်။ သူခက်ခက်ခဲခဲ ရှောင်လိုက်ပေမယ့် ပိုင်လင်းကလည်း တဲပြင် ရောက်သွားလေပြီ .. 'အာ .. ဒီကလေးတော့' ... မျက်လုံးပြူးပြီး ကျန်ခဲ့တာကတော့ စုန့်လီချင်းပင်။
"ပိုင်လင်းက သိုင်းတတ်တယ်လား"
ထျင်လဲ့က ခေါင်းညိတ်ပြသည်။
"ငါလည်း ခုမှသိတာ။ ပြီးတော့ ငါတို့ထက်တောင် အဆင့်မြင့်သေးတယ်"

လေချွန်လျှင် အပြင်မှ ကိုယ်ရံတော် တပ်ဖွဲ့ ရိပ်မိသွားမည်စိုးသောကြောင့် သဘာဝအတိုင်း ဖြစ်သလိုမျိုး ဝါးချင်း ရိုက်သံ နှစ်ချက်ကိုသာ ခေါက်လိုက်သည်။

လူငါးယောက် ထျင်စစ်သားဝတ်စုံများကြားမှ ထွက်လာပြီး တဲထဲဝင်လာသည်။ ဆေးဆရာဟွမ်ကိုလည်း အခေါ်လွှတ်လိုက်သည်။
"သခင်လေး"

ထျင်လဲ့က ဖေးနဲ့အတူ ကျန်တဲ့ လေးယောက်ကို မြင်တော့
"ဟင် ညီလေး ဒါဆို မင်း နှစ်ယောက်ပဲ ခေါ်သွားတာလား"
စုန့်ရိမင်က ပြုံးလျှက် ထျင်လဲ့ပုခုံးကို နှစ်ချက် ပုတ်၍ နှစ်သိမ့်လိုက်သည်။
"အကိုထျင်လဲ့ရဲ့ ညီက နှစ်ယောက်ဆိုရင်တောင် လိုတာထက် ပိုနေပါပြီ"

"အခြေအနေ"
ဖုန်း က စ၍ "တောင်ဘက်နဲ့ မြောက်ဘက်မှာ ကိုယ်ရံတော် 15000 စီ စောင့်နေပါတယ်။ သခင်လေးတို့ ဝင်လာတဲ့ အနောက်ဘက်က အစောင့်နည်းပေမယ့် ကျောက်ဆောင်တွေမို့ စစ်တပ်တစ်တပ်လုံး သွားဖို့ မသင့်တော်ပါဘူး။ အရှေ့ဘက်မှာ အင်အား5000လောက်ပဲ ရှိပါတယ်"

ဟေး က "အရှေ့တောင်ဘက်မှာ ခံတပ်ဟောင်း တစ်ခုရှိပါတယ်။ အနီးနားက ရွာတွေကလည်း လယ်ယာစိုက်ကြလို့ ရိက္ခာအတွက် အဆင်ပြေနိုင်ပါတယ်။

ရွှီယုက "စုန့်ရိရန်ကို သွားခေါ်ဖို့လွှတ်လိုက်တဲ့ စာပို့တပ်သားနှစ်ယောက်လုံးကို ရှင်းထားပါပြီ။ စုန့်ရိရန် ပြန်လာမယ့် သတင်းကိုလည်း ပို့ပြီးပါပြီ"

ချင်ကွမ်းက "တပ်သား သုံးထောင်လောက်ကလွဲရင် ကျန် နှစ်သောင်းခုနှစ်ထောင်က အခြေအနေကောင်းပါတယ် ဒါပေမယ့် ရေက ညစ်ညမ်းနေတော့ သန့်စင်ပြီးမှ သောက်နေရတာဖြစ်လို့ ရေပြတ်လပ်မှုကြောင့် တချို့တပ်သားတွေ အားနည်းနေပါတယ်။

ဆရာဟွမ်က "ဆေးခပ်ထားတဲ့ရေကြောကို သန့်စင်ဖို့ မလွယ်သေးတာကြောင့် အဆိပ်မပြယ်ခင် တခြားသူတွေ မသောက်မိအောင် အားလုံး ချိတ်ပိတ်ခဲ့ရလိမ့်မယ်"

"ဟုတ်ပြီ ဖေးရော အဆင်ပြေရဲ့လား"
ဒီလို ငယ်သားအပေါ် ဂရုတစိုက် ရှိတာကြောင့်လည်း ကိုယ်ရံတော်တွေက ပိုင်လင်းကို လေးစားချစ်ခင်ကြသည်။

ဖေးက "ကျနော် နားသင့်သလောက် နားပြီးပါပြီ သခင်လေး .. အဆင်ပြေပါတယ်" ပီတိပြုံးလေးနဲ့ ပြောသည်။

"တော်တယ်။ မင်းတို့ ပင်ပန်းသွားပြီ။"
ကိုယ်ရံတော်ကိုးယောက်လုံးမှာ နွေးထွေးသော အပူလှိုင်းတစ်မျိုးက စီးသွားသလိုပင် ခံစားလိုက်ရသည်။

ထျင်လဲ့ စိတ်ထဲမှာ "ငါဒီလောက် အဖေ့နောက် လိုက်လာတာ ဒီလိုစကားတစ်ခွန်းပြောရုံနဲ့ နောက်လိုက်တွေရဲ့ ယုံကြည် ကိုးစားခြင်းခံရအောင် မလုပ်နိုင်ခဲ့ဖူးဘူး"

"လီချင်းကော ကျနော်တို့ နှစ်နာရီအတွင်း ထွက်ကြမယ်"

"ကောင်းပြီ ကိုယ် အားလုံး အသင့်ပြင်ခိုင်းလိုက်မယ်"
စုန့်လီချင်းက ချက်ချင်းပဲ စီမံရန် ထွက်သွားသည်။ စိတ်ထဲတွင် ရေရွတ်မိတာက
'ပိုင်လင်းက ကြောက်စရာကောင်းအောင် အကွက်စေ့တာပဲ တော်သေးတယ် ငါသူနဲ့ ရန်သူမဟုတ်လို့'

ထျင်အိမ်တော်နှင့် ထျင်စစ်တပ် ညတွင်းချင်း ပျောက်သွားသည်ဆိုသည့် သတင်းက ချန်ကျစ်မေကို ဒေါသထွက်စေသည်။ ထျင်လဲ့ ၊ စုန့်လီချင်း .. ငါမင်းတို့ကို အလွတ်မပေးဘူး။ မင်းတို့ ခုလွတ်လည်း ငါ့လက်ထဲ ပြန်ရောက်လာမှာပဲ။ ထျင်ပိုင်လင်းဆိုတဲ့ ကောင်ကိုလည်း သတ်ဖို့ အထူးကိုယ်ရံတော် တပ်ဖွဲ့ကို စေလွှတ်လိုက်ပြီ။ မနက်ဖြန်ဆို အားလုံးက ငါ့လက်ထဲ ရောက်လာတော့မှာ။
———————

"မိဖုရားခေါင်ကြီး မကောင်းတော့ဘူး"
"ဘာဖြစ်တာလဲ ဒီမှာ မင်္ဂလာယူနေတဲ့ အချိန်မှာ အလန့်တကြား"
"အိမ်ရှေ့စံ .. အိမ်ရှေ့စံ ရောက်နေပါတယ်"
"သူရောက်တော့ရော ဘာအရေးလဲ ဖမ်းပြီး သတ်လိုက်ရင် ပြီးတာပဲကို သွားမယ်"
"မိ မိဖုရားကြီး သူတို့က စစ်သည်အင်အား လေး လေးသောင်းပါတယ်"
"သူတို့လေးသောင်းက ငါ့သုံးသောင်းငါးထောင်ကို ယှဉ်နိုင်မှာတဲ့လား .. သားရိရန် ပြန်လာရင် ထပ် ပါလာဦးမှာပဲ သွား တစ်ယောက် မကျန် အကုန်သတ်"

ထျင်လဲ့ စစ်သူကြီးက လမ်းလျှောက်လို့ ရပြီ ဆိုပေမယ့် သိုင်းပညာသုံးဖို့ အတွက်တော့ မသင့်သေးပေ။ စုန့်လီချင်း ဦးဆောင်တဲ့ တပ်သားများက အဆုတ်အတက် ကောင်းပေမယ့် သိုင်းပညာပိုမြင့်သော ကိုယ်ရံတော်တပ်ကို ခုခံရုံသာ တောင့်ခံထားနိုင်သည်။

စုန့်လီချင်းက
"ရပ်လိုက်စမ်း .. စုန်ရိရန်က ရှေ့တန်းမှာ တိုက်ပွဲကျသွားပြီ။ မင်းတို့ ဘာအတွက် တိုက်ခိုက်နေတာလဲ"
အားလုံး ခဏငြိမ်သွားသည်။

ချန်ကျစ်မေက
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မနေ့ကတင် စုန့်ရိရန် လာနေပြီဆိုတဲ့ သတင်းကြားထားတာ သူ့စကားကို မယုံနဲ့ "

မိဖုရားခေါင်ကြီးကလည်း
"ဘာကြည့်နေတာလဲ ငါ့သားမလာခင် အရှုပ်တွေ မြန်မြန်ရှင်းလေ"

တဖက်မှာလည်း ဆေးဆရာဟွမ်၊ ပိုင်လင်း၊ ကိုယ်ရံတော်ကိုးယောက်နဲ့ ရိမင်တို့က မင်းကြီးအဆောင်ကို ထိုး​ဖောက်ပြီး မင်းကြီးကို အဆိပ်ဖြေဆေးတိုက်ကာ ဘေးကင်းရာသို့ ရွှေ့ရသည်။
ဆေးဆရာဟွမ်နှင့် အတူ ကိုယ်ရံတော် 7ယောက်ကို ထားခဲ့ကာ ဟေးနဲ့ ဖေးကို ခေါ်လျှက် အိမ်ရှေ့စံရှိရာသို့ ကူရန်လာခဲ့လေသည်။

ပိုင်လင်းတို့ ရောက်သည်နှင့် တိုက်ခိုက်နေသူများမှာ တစ်ယောက်ပြီး တစ်ယောက် ရပ်ကုန်သည်။ ရှေ့တန်းက စုန့်ရိမင်နှင့် ပိုင်လင်းက ဘယ်လိုလုပ် ဒီနေရာမှာ ရောက်မှာလဲ။ ဒါက ထူးခြားတဲ့အခြေအနေပဲ။ နောက်ဆုံး တိုက်ခိုက်နေသူမှာ အိမ်ရှေ့စံနှင့် ရင်းဝိန်းဟန့်သာ ကျန်တော့သည်။

ပိုင်လင်းက ဟေးကို မျက်ရိပ်ပြလိုက်သည်။ ဟေးက မင်းသားဘက်မှ ဝင်ကူသဖြင့် လူချင်းခွါလိုက်ကာ ရင်းဝိန်းဟန့်က မကြည်သလို ဟေးကို ကြည့်သည်။

မိဖုရားကြီးက စုန့်ရိရန်ရောက်မလာပဲ စုန့်ရိမင်ရောက်လာတာကြောင့် မျက်နှာပျက်သွားသလို ချန်ကျစ်မေမှာလည်း ပိုင်လင်းကြောင့် မှောင်မဲသွားသည်။ ဒီအမှိုက် ဘာလာလုပ်ချင်ပြန်ပြီလဲ။

"မင်းတို့က ဘာလို့ ဒီရောက်နေတာလဲ ရိရန်ရော"
စုန့်ရိမင်က
"စစ်ပွဲ ပြီးသွားလို့ ပြန်လာတာပါ။ စုန့်ရိရန် တိုက်ပွဲကျသွားပါပြီ"
"ဘာ‼️ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ပိုင်လင်းကဝင်၍
"စုန့်စစ်သူကြီးက ကိုယ့်လူမျိုးကို သစ္စာဖောက်ပြီး အချင်းချင်း သတ်ရန် ကြံစည်တဲ့အတွက် ကျနော်ကိုယ်တိုင် သေဒဏ်ပေးလိုက်ပါပြီ"
"မင်း လိမ်နေတာ .. ရိရန်က မနေ့ကပဲ လာမယ်လို့ စာပို့ထားတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"မယုံချင်လည်း မိဖုရားကြီး သဘောပါပဲ ဒါပေမယ့် ဘယ်လိုလုပ်မလဲ စုန့်ရိရန်က ပြန်မလာနိုင်တော့ဘူး။ ခု အိမ်ရှေ့စံလည်း ရောက်လာပြီ ဆိုတော့ ဒီနေရာကို သူပဲ ကိုင်တွယ်ပါလိမ့်မယ့် မိဖုရားကြီး ကိစ္စ မဟုတ်တော့ဘူး"

"စုန့်လီချင်းက ကပ်ရောဂါကို ဖြစ်စေတာ သူက မင်းဆိုး မင်းယုတ်ပဲ ထီးနန်းကို ဆက်ခံလို့ မဖြစ်ဖူး"

ပိုင်လင်းက
"ဘာလို့ မဖြစ်ရမှာလဲ
တစ် - စုန့်လီချင်းက တရားဝင် အိမ်ရှေ့မင်းသား ဖြစ်တယ်။
နှစ် - ကပ်ရောဂါဆိုတာ တကယ် မဟုတ်ဖူး။ တကယ်ဆို ခုဒီမှာ စစ်သားသုံးသောင်း ဘယ်ရှိနေမလဲ။
သုံး - အကြီးဆုံးသားဖြစ်တဲ့ စုန့်ရိရန်က သေဆုံးသွားပြီ။ မယုံရင် ပါလာတဲ့ တပ်ခွဲက စစ်သည်အားလုံးကို မေးမြန်းနိုင်တယ်။ ကိုယ့်ဘာသာလည်း စုံစမ်းနိုင်တယ်။ မိဖုရားကြီး ဘယ်လိုပဲ ကြိုးစား ကြိုးစား၊ ဆက်ခံမယ့် သားတော်က မရှိတော့ဘူး"

"မင်း .. မင်းပဲ .. မင်းကြောင့် သားတော် သေရတာ။
မင်းကြောင့်သာ မဟုတ်ရင် သားတော်က စစ်တပ်ထဲ လိုက်စရာ အကြောင်းတောင် မရှိဘူး။ ခုတော့ မင်းက ဒီလို ကျေးဇူးဆပ်လိုက်တယ်ပေါ့။ လာကြစမ်း .. မင်းသားကို သတ်တဲ့ ထျင်ပိုင်လင်းကို ဖမ်းကြစမ်း"

ထျင်လဲ့ "အတင့်ရဲလိုက်တာ"

ချန်ကျစ်မေ "ထျင်လဲ့ မင်းဝင်မဟောင်နဲ့ .. စုန့်လီချင်း မင်းအမေနဲ့ ညီမစုန့်ချင်းချင်းကို မသေစေချင်ရင် ငါ့လက်ထဲ ပိုင်လင်းကို လွှဲပေးလိုက်"

"ဘာ‼️ မယ်တော်နဲ့ ချင်းချင်း❓

🟥🟥🟥🟥🟥

စစ္သည္ငါးေယာက္ ကင္းေစာင့္ရင္း စကားေျပာေနၾကသည္။

"ေဟ့ေကာင္ ငါတို႔က ဒါ စစ္ႏိုင္သြားတာလား မႏိုင္ေသးတာလား .. ပုံမွန္ဆို .. စစ္ႏိုင္ၿပီဆိုရင္ ၿမိဳ႕ထဲကို မာန္အျပည့္နဲ႔ဝင္၊ အပ်ိဳေလးေတြ ေကာေလးေတြ ေပးတဲ့ ပန္းေလးေတြ ယူ၊ ကလူကလူ ျဖစ္ေနရမွာေလ"

"ေအးကြာ သုံးရက္နဲ႔ စစ္ႏိုင္တယ္ ေျပးေျပာရေအာင္ကလည္း သြားေျပာတဲ့ေကာင္ ႐ူးေနတယ္ ထင္ၾကဦးမယ္"

"ေခါင္းေဆာင္ေလးက တကယ္ေတာ္တာကြာ .. ငါသူ႔လိုေတာ္တဲ့သူ တခါမွ မျမင္ဖူးဘူး။ ထ်င္စစ္သူႀကီးက တကယ့္ကို သူ႔သားေလးကို ဥထားတာပဲ"

"ေအးကြာ ငါဆို ေခါင္ေဆာင္ေလး စစ္တပ္ကို ပထမဆုံး လိုက္လာတုန္းကေတာင္ လက္နက္ပုံနား သြားစပ္ေဆာ့လို႔ အျမင္ကပ္သလိုေတာင္ ျဖစ္မိေသးတယ္.. ခုျပန္ေတြးရင္ ကိုယ့္ကိုကိုယ္ေတာင္ ႐ိုက္ပစ္ခ်င္မိတယ္"

စုန္႔ရိရန္ကိုယ္ရံေတာ္တပ္မွ ေျပာင္းလာတဲ့တစ္ေယာက္က
"က်ေနာ္ဆို သခင္နဲ႔ ေစ့စပ္မယ့္သူလို႔ ၾကားတုန္းက မတန္မရာလို႔ ႏွာေခါင္းေတာင္ ရႈံ႕မိေသးတယ္။ ခုျပန္စဥ္းစားၾကည့္ရင္ တကယ္ မ်က္လုံးကန္းခဲ့တာပဲဗ်ာ။ က်ေနာ္ ေနျပည္ေတာ္ ျပန္ေရာက္ရင္ ကိုယ္ရံေတာ္တပ္ကေန ထ်င္စစ္တပ္ကို ေျပာင္းမယ္"

ထိုစဥ္ .. ပိုင္လင္းတဲမွ စုန္႔ရိမင္ လြင့္ထြက္လာသည္။
"Pffff... ေခါင္းေဆာင္ေလးကေတာ့ တကယ္ပဲ"
"မင္းသားေတာ့ ေမာင္းထုတ္ခံရျပန္ၿပီထင္တယ္ haha"
"ဒါေပမယ့္ မင္းသားကို တကယ္ဂ႐ုစိုက္တာေနာ္။ သတိရလာတဲ့ထိ မင္းသားနားမွာပဲ ေနတာ"
"ဟုတ္တယ္ တိုက္ပြဲမွာ မင္းသားလည္း လဲသြားေရာ ေခါင္းေဆာင္ေလးက ခ်က္ခ်င္း တစ္ျခားတစ္ေယာက္လိုပဲ ေျပာင္းသြားလိုက္တာ"
"အဲ့တုန္းက ပုံစံကို စဥ္းစားမိရင္ ခုေတာင္ ေက်ာ႐ိုးထဲက စိမ့္ၿပီး ေၾကာက္တုန္းပဲ"
..........

စုန္႔မင္းႀကီးက ႐ုတ္တရက္ႀကီး အားအင္ခ်ည့္နဲ႔ကာ လဲသြားၿပီး အိမ္ေရွ႕မင္းသားမွာလည္း စစ္တပ္အတြင္း ျပန္႔ႏွံ႔လွ်က္ရွိေသာ ကပ္ေရာဂါအသြင္ ေရာဂါတစ္မ်ိဳးေၾကာင့္ မင္းႀကီးထံ သြားေတြ႕ခြင့္ မရပဲ စစ္တပ္ထဲမွာပဲ ပိတ္ေလွာင္ခံထားရသည္။ မင္းႀကီးႏွင့္ တကြ အိမ္ေရွ႕စံေရာ အျခား ဆက္ခံသူ မင္းသားမ်ားက မရွိတာေၾကာင့္ မိဖုရားႀကီးေခါင္ႀကီးက နန္းတြင္း အေရးမ်ားကို ဝင္ေရာက္ထိန္းေပးသည့္ ပုံစံမ်ိဳးနဲ႔ စြက္ဖက္ေတာ့သည္။

မင္းႀကီး အိပ္ရာထဲ လဲသြားကတည္းက ေသတမ္းစာကို မင္းသားတစ္ နာမည္နဲ႔ ျပင္ဆင္ေစကာ တခါတည္း ဆက္ခံသူေ႐ြးေစသည္။ အိမ္ေရွ႕စံဘက္မွ ဝင္ေရာက္ ေျပာဆိုသူမ်ားကို အိမ္ေရွ႕မင္းသားက ကပ္ေရာဂါ ကူးစက္ေနတာေၾကာင့္ လက္ရွိ အုပ္ခ်ဳပ္ဖို႔ မသင့္ေတာ္ဟုဆိုကာ စုန္႔ရိရန္ကို ျပန္လာေစရန္ အမိန္႔ခ်သည္။ စစ္ပြဲကိုေတာ့ စုန္႔ရိမင္ကို ဆက္တိုက္ေစသည္။ အလြန္အမင္း ဆန္႔က်င္ေသာ အမတ္မ်ားကိုမူ ေထာင္သြင္း အက်ဥ္းခ်ျခင္း၊ ရာထူးေလွ်ာ့ျခင္းႏွင့္ ႏွိပ္စက္ ညဥ္းပန္းျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ားျပဳ၍ သေဘာတူေစသည္။

ဒီအႀကံေတြက ခ်န္က်စ္ေမက ထြက္လာတာျဖစ္ၿပီး ခ်န္ေဟာက္က ဖိဖုရားႀကီအာဏာသုံ၍ အားလုံးကို အကြက္က်က် စီစဥ္ေပးထားသည္။ ပိုင္လင္းကို စစ္ပြဲမွာ စုန္႔ရိမင္ႏွင့္ ထားခဲ့ၿပီး ကိုယ္ရံေတာ္မ်ားအား လုပ္ႀကံရန္ ခိုင္းေစမည္။ သူကိုယ္တိုင္ကေတာ့ စုန္႔ရိရန္ႏွင့္ အတူ ထီးနန္းရယူမည္။

ထ်င္လဲ့အတြက္ကေတာ့ ေျခေထာက္ မေကာင္းသည္မို႔ ရာထူး႐ုတ္ၿပီး ကိုယ္ရံေတာ္တပ္က စစ္သူႀကီး ရင္းဝိန္းဟန္႔ကို လႊဲေပးလိုက္႐ုံပင္။ အိမ္ေရွ႕မင္းသားႏွင့္ တပ္ဖြဲ႕ကို သတ္ျဖတ္ၿပီးမွ ကပ္ေရာဂါေၾကာင့္ ေသတယ္ဟု အေၾကာင္းျပလိုက္ရင္ ရၿပီ။ မိခင္မိဖုရားငယ္ကေတာ့ အိမ္ေရွ႕မင္းသားအတြက္ သာသနာ့ေဘာင္ဝင္ ဆုေတာင္းရင္း က်န္တဲ့အခ်ိန္ကုန္ပါေစေပါ့။ လိုအပ္ေနတာကေတာ့ စုန္ရိရန္ျပန္လာဖို႔ပင္။

ခ်န္က်စ္ေမ အေက်နပ္ႀကီး ေက်နပ္ေနသည္။ ေနာက္ ႏွစ္ရက္ေလာက္ဆို စုန္ရိရန္ ျပန္လာေတာ့မည္။ စုန္႔ရိမင္ကို အနည္းငယ္ သေဘာက်ေသာ္လည္း စုန္႔ရိရန္လို မိဖုရားေခါင္ႀကီး ေနာက္ခံမရွိတာေတာ့ ႏွေျမာစရာပင္။ ခုဆို သူ႔ရဲ႕ ၿပီးျပည့္စုံတဲ့ အႀကံႀကီးေၾကာင့္ မိဖုရားေခါင္ႀကီးကလည္း သေဘာအက်ႀကီးက်လွ်က္ ဘာပဲလုပ္လုပ္ က်စ္ေမ က်စ္ေမနဲ႔ ပါးစပ္က မခ်ေပ။

"ကိုကို"
"ညီေလး .. ရိမင္"
"ကိုကို မင္းသားအေျခအေန .. "
"မင္းသားက တပ္ထဲမွာ ထြက္လို႔ မရဘူး။ အကိုက အဲ့ဒီေန႔က တပ္ထဲ မလိုက္သြားလိုက္လို႔ ဒါေပမယ့္ အိမ္ေတာ္က အဝိုင္းခံထားရတယ္ ညီေလး ဘယ္လို ဝင္လာတာလဲ"
"အကုန္သတ္လိုက္ၿပီ"
"ဟင္" သူ႔ရဲ႕ ႏူးႏူးညံ့ညံ့နဲ႔ ထိရင္ေတာင္ ေႂကြက်သြားႏိုင္ေလာက္တဲ့ သူ႔ရဲ႕ညီေလးက လူသတ္တာကိုေတာင္ ထမင္းစားေရေသာက္ ေျပာေနပါလားဟု အံဩမိသည္။ ထိုတင္မက ပိုင္လင္းက စစ္ပြဲမွာ ပု႐ြက္ဆိတ္ သတ္သကဲ့သို႔ သူဓားေအာက္မွ စစ္သည္ အမ်ားအျပား အသက္ေပးခဲ့ရသည္ဆိုလွ်င္ ထ်င္လဲ့ ဘယ္လိုေနမည္မသိ။

ပိုင္လင္း ေလခြၽန္လိုက္သည္။
"သခင္ေလး" လူေလးေယာက္ အလ်ိဳလ်ိဳထြက္လာသည္။ ထ်င္လဲ့ အံဩသြားသည္။
"ဒါ .. ဒါ .. ညီေလး မင္း သူတို႔ကို ေခၚမသြားဘူးလား"

"အြန္း .. က်ေနာ္ အကို႔ကို စိတ္မခ်လို႔"
ထ်င္လဲ့ ရင္ထဲ ခံစားသြားရသည္။ သူ႔ညီေလးက သူ႔ကိုေတာင္ စဥ္းစားေပးၿပီး ျပန္ကာကြယ္ေပးႏိုင္ေနၿပီ။

ပိုင္လင္း ကိုယ္ရံေတာ္ေတြဘက္ လွည့္လိုက္ၿပီး
"ေဖး ေရာ"

ေဖ့ဖုက "အိမ္ေရွ႕စံဘက္မွာပါ။ သခင္ေလး .. ေဖး အခ်ိန္မွီေရာက္လို႔ စစ္သားေတာ္ေတာ္မ်ားမ်ား ကယ္တင္လိုက္ႏိုင္ေပမယ့္ ေကာလဟာလကိုေတာ့ မတားလိုက္ႏိုင္ဘူး"
"အြန္း .. မိဖုရားေခါင္ႀကီးဘက္ အေျခအေနဘယ္လိုလဲ"
မုခ်ိဳးက "မင္းႀကီးက နည္းနည္း အေျခအေနဆိုးပါတယ္။ နန္းတြင္း သမားေတာ္က လက္ေလွ်ာ့လိုက္ပါၿပီ"

"အေစာင့္ေတြ ထူထပ္လို႔ မုခ်င္းက သခင္ေလးေျပာတဲ့ေဆး ႏွစ္ခြက္စာပဲ လဲေပးႏိုင္လိုက္ပါတယ္"
"ႏွစ္ခြက္ဆိုရင္ ရၿပီ .. နန္းသိမ္းပြဲက ဘယ္ေန႔လဲ"
ရိမင္ေရာ ထ်င့္လဲ့ပါ ေၾကာင္သြားသည္။
"ဘာနန္းသိမ္းပြဲလဲ x2 "

ေပ့မင္က ေလးစားေသာ မ်က္လုံးမ်ားျဖင့္
"သန္ဘက္ခါပါ သခင္ေလး"

"ကိုကို သြားစို႔ .. ေျခေထာက္ ရပ္ႏိုင္ၿပီလား"
"ရပ္ႏိုင္ၿပီ။ သိုင္းပညာေတာ့ သုံးလို႔ မရေသးဘူး"
"ရတယ္ ကိစၥမရွိဘူး က်ေနာ္ ရွိတယ္"
"......"
__________

ပိုင္လင္း၏ အစြမ္းကို ထ်င္လဲ့ အခုမွ မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ရေတာ့သည္။ ထ်င္စစ္တပ္ကို ခ်ဥ္းကပ္လာသည္။ နန္းတြင္းအေစာင့္ တစ္ေယာက္ၿပီး တစ္ေယာက္ကို ပိုင္လင္းႏွင့္ ရိမင္က ဦးေဆာင္ကာ အသံမထြက္ေစပဲ ဇတ္ခ်ိဳး၍တမ်ိဳး
လည္ပင္းကိုခ်ဳပ္၍တမ်ိဳး ဓားနဲ႔ တခ်က္တည္း ေသေလာက္တဲ့ေနရာ ထိုး၍ တစ္မ်ိဳး သတ္၍ စီးနင္းလာသည္။ ေနာက္ကလူမ်ားက အေလာင္းေဖ်ာက္ဖ်က္ရန္သာ။ ေျခလွမ္း တိုးတိုးသက္သာနင္း၍ အိမ္ေရွ႕စံတဲထဲသို႔ ေရာက္သြားသည္။

"အကိုေတာ္"
"ညီေတာ္ ‼️ ထ်င္လဲ့ .. ညီငယ္ .. မင္းတို႔ လိုက္လာတယ္❓" အိမ္ေရွ႕စံမွာ ေပ်ာ္လြန္းလို႔ မ်က္ရည္ေတာင္ ဝဲမိသည္။ ခ်န္ေဟာက္၏ အႀကံအစည္ မ်ားစြာကို ေရွာင္ႏိုင္လိုက္ေသာ္လည္း သူသတိလစ္လိုက္တဲ့ခဏမွာ သူ႔စစ္သားအမ်ားမျပား မထႏိုင္ျဖစ္သြားတဲ့အျပင္ ကပ္ေရာဂါလို႔ ေခါင္းစဥ္တပ္ခံရၿပီး သူကိုယ္တိုင္လည္း ဘယ္ေန႔ အသတ္ခံရမလဲ ေစာင့္ဆိုင္းေနရသကဲ့သို႔ပင္။

သို႔ေပမယ့္ ညီငယ္ ပိုင္လင္း၏ ကိုယ္ရံေတာ္ ေဖးက ညႀကီး ဝင္ေရာက္လာၿပီး အဆိပ္ေျဖေဆးႏွင့္တကြ အျဖစ္အပ်က္ အားလုံးကို သတင္းပို႔သည္။ ထို႔ျပင္ ေဆးဆရာဟြမ္ကိုပါ ႐ုပ္ဖ်က္ၿပီး စစ္သားမ်ားကို ကူညီေစသည္။ အနည္းငယ္ စိတ္သက္သာရာရေပမယ့္ အနားမွာ အားကိုးတိုင္ပင္ရမယ့္ ထ်င္လဲ့ေရာ သူ႔ရဲ႕ ညီေတာ္ေရာ ရွိမေနတာေၾကာင့္ စိတ္ပ်က္ အားငယ္ေနခ်ိန္ ပိုင္လင္းတို႔ ေရာက္သြားတာ ျဖစ္သည္။

"လီခ်င္းေကာ အဆင္ေျပရဲ႕လား"
စုန္႔လီခ်င္းမွာ ငိုခ်င္လွ်က္ လက္တို႔သလို ျဖစ္သြားကာ

"ညီငယ္ .. " ေရနစ္ေနတဲ့သူ ေကာက္႐ိုးစ တမွ်င္ ေတြ႕သကဲ့သို႔ပင္ ေျပးဖက္ၿပီး အႏိုင္က်င့္ခံလာရေသာ အငယ္က အကိုႀကီးကို တိုင္သကဲ့သို႔ တန္းစီ၍ ေျပာေတာ့သည္။

"ကိုယ့္ ခမည္းေတာ္ ေနမေကာင္းဘူးေျပာတယ္ . . ကိုယ္ သြားေတြ႕ခ်င္တယ္။ စစ္တပ္က ဘာကပ္ေရာဂါမွ မဟုတ္ဖူး။ အ႐ိုးေပ်ာ့ အဆိပ္မိတာပါ။ ကိုယ္က အမိန္႔ကို ဆန္႔က်င္ၿပီး သြားလိုက္ရင္ ထ်င္လဲ့ပါ ထိခိုက္မွာစိုးလို႔။ ၿပီးေတာ့ ကိုယ္ရံေတာ္ တပ္ကို အဆိပ္မိၿပီး ခုမွ နာလန္ထစ ကိုယ့္တပ္က မယွဥ္ႏိုင္ဘူး"

ပိုင္လင္းက ရင္ခြင္ထဲ ေျပးဝင္လာၿပီး ကေလးကဲ့သို႔ တိုင္တန္းေနေသာ ေထာင္ေထာင္ေမာင္းေမာင္း ေယာက်ာ္းကို ဘာလုပ္ရမွန္းမသိ ကို႔႐ို႕ကားရားႏိုင္ေနေတာ့သည္။

"ဟုတ္ပါၿပီ လီခ်င္းေကာ က်ေနာ္တို႔ ေရာက္လာၿပီမို႔ အဆင္ေျပသြားမွာပါ .. လႊတ္ပါဦး"

ရိမင္က သူ႔အကိုကို ဇြတ္ဆြဲခြါကာ ထ်င္လဲ့ရင္ခြင္ထဲ တြန္းထုတ္လိုက္သည္။ ထ်င္လဲ့ကလည္း ညီကို သဝန္တိုတာေၾကာင့္ အိမ္ေရွ႕စံကို ေထြးေပြ႕ထားသလိုနဲ႔ ခ်ဳပ္ထားသည္။

ပိုင္လင္းက အကိုေတြရဲ႕ အျဖစ္ကို ရယ္ခ်င္သြားၿပီး
"ခိ .. ဟားဟားဟား "

ပိုင္လင္းရယ္သံေၾကာင့္ တင္းေနတဲ့ ဖိအားေတြ ေလ်ာ့က်သြားသလိုပင္ စီတန္းေနတဲ့ သြားေလးေတြ ေပၚေအာင္ ရယ္ေနတာမို႔ ရိမင္က ခပ္တိုးတိုးျဖင့္
"ကေလး ဘယ္လိုေတာင္ ျမဴဆြယ္ေနတာလဲ .. "
"ဘာလဲ ကိုယ့္ပါးစပ္နဲ႔ ကိုယ္ရယ္တာ . မရယ္ရဘူးလား"
"အြန္း ရယ္ပါ .. ၿပီးမွ ကိုယ့္ဟာနဲ႔ ကိုယ္လုပ္မိရင္ .. "

စကားမဆုံးေသးဘူး ပိုင္လင္းဆီမွ လက္သီးတစ္ခ်က္ ေရာက္လာသည္။ သူခက္ခက္ခဲခဲ ေရွာင္လိုက္ေပမယ့္ ပိုင္လင္းကလည္း တဲျပင္ ေရာက္သြားေလၿပီ .. 'အာ .. ဒီကေလးေတာ့' ... မ်က္လုံးျပဴးၿပီး က်န္ခဲ့တာကေတာ့ စုန္႔လီခ်င္းပင္။
"ပိုင္လင္းက သိုင္းတတ္တယ္လား"
ထ်င္လဲ့က ေခါင္းညိတ္ျပသည္။
"ငါလည္း ခုမွသိတာ။ ၿပီးေတာ့ ငါတို႔ထက္ေတာင္ အဆင့္ျမင့္ေသးတယ္"

ေလခြၽန္လွ်င္ အျပင္မွ ကိုယ္ရံေတာ္ တပ္ဖြဲ႕ ရိပ္မိသြားမည္စိုးေသာေၾကာင့္ သဘာဝအတိုင္း ျဖစ္သလိုမ်ိဳး ဝါးခ်င္း ႐ိုက္သံ ႏွစ္ခ်က္ကိုသာ ေခါက္လိုက္သည္။

လူငါးေယာက္ ထ်င္စစ္သားဝတ္စုံမ်ားၾကားမွ ထြက္လာၿပီး တဲထဲဝင္လာသည္။ ေဆးဆရာဟြမ္ကိုလည္း အေခၚလႊတ္လိုက္သည္။
"သခင္ေလး"

ထ်င္လဲ့က ေဖးနဲ႔အတူ က်န္တဲ့ ေလးေယာက္ကို ျမင္ေတာ့
"ဟင္ ညီေလး ဒါဆို မင္း ႏွစ္ေယာက္ပဲ ေခၚသြားတာလား"
စုန္႔ရိမင္က ၿပဳံးလွ်က္ ထ်င္လဲ့ပုခုံးကို ႏွစ္ခ်က္ ပုတ္၍ ႏွစ္သိမ့္လိုက္သည္။
"အကိုထ်င္လဲ့ရဲ႕ ညီက ႏွစ္ေယာက္ဆိုရင္ေတာင္ လိုတာထက္ ပိုေနပါၿပီ"

"အေျခအေန"
ဖုန္း က စ၍ "ေတာင္ဘက္နဲ႔ ေျမာက္ဘက္မွာ ကိုယ္ရံေတာ္ 15000 စီ ေစာင့္ေနပါတယ္။ သခင္ေလးတို႔ ဝင္လာတဲ့ အေနာက္ဘက္က အေစာင့္နည္းေပမယ့္ ေက်ာက္ေဆာင္ေတြမို႔ စစ္တပ္တစ္တပ္လုံး သြားဖို႔ မသင့္ေတာ္ပါဘူး။ အေရွ႕ဘက္မွာ အင္အား5000ေလာက္ပဲ ရွိပါတယ္"

ေဟး က "အေရွ႕ေတာင္ဘက္မွာ ခံတပ္ေဟာင္း တစ္ခုရွိပါတယ္။ အနီးနားက ႐ြာေတြကလည္း လယ္ယာစိုက္ၾကလို႔ ရိကၡာအတြက္ အဆင္ေျပႏိုင္ပါတယ္။

႐ႊီယုက "စုန္႔ရိရန္ကို သြားေခၚဖို႔လႊတ္လိုက္တဲ့ စာပို႔တပ္သားႏွစ္ေယာက္လုံးကို ရွင္းထားပါၿပီ။ စုန္႔ရိရန္ ျပန္လာမယ့္ သတင္းကိုလည္း ပို႔ၿပီးပါၿပီ"

ခ်င္ကြမ္းက "တပ္သား သုံးေထာင္ေလာက္ကလြဲရင္ က်န္ ႏွစ္ေသာင္းခုႏွစ္ေထာင္က အေျခအေနေကာင္းပါတယ္ ဒါေပမယ့္ ေရက ညစ္ညမ္းေနေတာ့ သန္႔စင္ၿပီးမွ ေသာက္ေနရတာျဖစ္လို႔ ေရျပတ္လပ္မႈေၾကာင့္ တခ်ိဳ႕တပ္သားေတြ အားနည္းေနပါတယ္။

ဆရာဟြမ္က "ေဆးခပ္ထားတဲ့ေရေၾကာကို သန္႔စင္ဖို႔ မလြယ္ေသးတာေၾကာင့္ အဆိပ္မျပယ္ခင္ တျခားသူေတြ မေသာက္မိေအာင္ အားလုံး ခ်ိတ္ပိတ္ခဲ့ရလိမ့္မယ္"

"ဟုတ္ၿပီ ေဖးေရာ အဆင္ေျပရဲ႕လား"
ဒီလို ငယ္သားအေပၚ ဂ႐ုတစိုက္ ရွိတာေၾကာင့္လည္း ကိုယ္ရံေတာ္ေတြက ပိုင္လင္းကို ေလးစားခ်စ္ခင္ၾကသည္။

ေဖးက "က်ေနာ္ နားသင့္သေလာက္ နားၿပီးပါၿပီ သခင္ေလး .. အဆင္ေျပပါတယ္" ပီတိၿပဳံးေလးနဲ႔ ေျပာသည္။

"ေတာ္တယ္။ မင္းတို႔ ပင္ပန္းသြားၿပီ။"
ကိုယ္ရံေတာ္ကိုးေယာက္လုံးမွာ ေႏြးေထြးေသာ အပူလႈိင္းတစ္မ်ိဳးက စီးသြားသလိုပင္ ခံစားလိုက္ရသည္။

ထ်င္လဲ့ စိတ္ထဲမွာ "ငါဒီေလာက္ အေဖ့ေနာက္ လိုက္လာတာ ဒီလိုစကားတစ္ခြန္းေျပာ႐ုံနဲ႔ ေနာက္လိုက္ေတြရဲ႕ ယုံၾကည္ ကိုးစားျခင္းခံရေအာင္ မလုပ္ႏိုင္ခဲ့ဖူးဘူး"

"လီခ်င္းေကာ က်ေနာ္တို႔ ႏွစ္နာရီအတြင္း ထြက္ၾကမယ္"

"ေကာင္းၿပီ ကိုယ္ အားလုံး အသင့္ျပင္ခိုင္းလိုက္မယ္"
စုန္႔လီခ်င္းက ခ်က္ခ်င္းပဲ စီမံရန္ ထြက္သြားသည္။ စိတ္ထဲတြင္ ေရ႐ြတ္မိတာက
'ပိုင္လင္းက ေၾကာက္စရာေကာင္းေအာင္ အကြက္ေစ့တာပဲ ေတာ္ေသးတယ္ ငါသူနဲ႔ ရန္သူမဟုတ္လို႔'

ထ်င္အိမ္ေတာ္ႏွင့္ ထ်င္စစ္တပ္ ညတြင္းခ်င္း ေပ်ာက္သြားသည္ဆိုသည့္ သတင္းက ခ်န္က်စ္ေမကို ေဒါသထြက္ေစသည္။ ထ်င္လဲ့ ၊ စုန္႔လီခ်င္း .. ငါမင္းတို႔ကို အလြတ္မေပးဘူး။ မင္းတို႔ ခုလြတ္လည္း ငါ့လက္ထဲ ျပန္ေရာက္လာမွာပဲ။ ထ်င္ပိုင္လင္းဆိုတဲ့ ေကာင္ကိုလည္း သတ္ဖို႔ အထူးကိုယ္ရံေတာ္ တပ္ဖြဲ႕ကို ေစလႊတ္လိုက္ၿပီ။ မနက္ျဖန္ဆို အားလုံးက ငါ့လက္ထဲ ေရာက္လာေတာ့မွာ။
———————

"မိဖုရားေခါင္ႀကီး မေကာင္းေတာ့ဘူး"
"ဘာျဖစ္တာလဲ ဒီမွာ မဂၤလာယူေနတဲ့ အခ်ိန္မွာ အလန္႔တၾကား"
"အိမ္ေရွ႕စံ .. အိမ္ေရွ႕စံ ေရာက္ေနပါတယ္"
"သူေရာက္ေတာ့ေရာ ဘာအေရးလဲ ဖမ္းၿပီး သတ္လိုက္ရင္ ၿပီးတာပဲကို သြားမယ္"
"မိ မိဖုရားႀကီး သူတို႔က စစ္သည္အင္အား ေလး ေလးေသာင္းပါတယ္"
"သူတို႔ေလးေသာင္းက ငါ့သုံးေသာင္းငါးေထာင္ကို ယွဥ္ႏိုင္မွာတဲ့လား .. သားရိရန္ ျပန္လာရင္ ထပ္ ပါလာဦးမွာပဲ သြား တစ္ေယာက္ မက်န္ အကုန္သတ္"

ထ်င္လဲ့ စစ္သူႀကီးက လမ္းေလွ်ာက္လို႔ ရၿပီ ဆိုေပမယ့္ သိုင္းပညာသုံးဖို႔ အတြက္ေတာ့ မသင့္ေသးေပ။ စုန္႔လီခ်င္း ဦးေဆာင္တဲ့ တပ္သားမ်ားက အဆုတ္အတက္ ေကာင္းေပမယ့္ သိုင္းပညာပိုျမင့္ေသာ ကိုယ္ရံေတာ္တပ္ကို ခုခံ႐ုံသာ ေတာင့္ခံထားႏိုင္သည္။

စုန္႔လီခ်င္းက
"ရပ္လိုက္စမ္း .. စုန္ရိရန္က ေရွ႕တန္းမွာ တိုက္ပြဲက်သြားၿပီ။ မင္းတို႔ ဘာအတြက္ တိုက္ခိုက္ေနတာလဲ"
အားလုံး ခဏၿငိမ္သြားသည္။

ခ်န္က်စ္ေမက
"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ မေန႔ကတင္ စုန္႔ရိရန္ လာေနၿပီဆိုတဲ့ သတင္းၾကားထားတာ သူ႔စကားကို မယုံနဲ႔ "

မိဖုရားေခါင္ႀကီးကလည္း
"ဘာၾကည့္ေနတာလဲ ငါ့သားမလာခင္ အရႈပ္ေတြ ျမန္ျမန္ရွင္းေလ"

တဖက္မွာလည္း ေဆးဆရာဟြမ္၊ ပိုင္လင္း၊ ကိုယ္ရံေတာ္ကိုးေယာက္နဲ႔ ရိမင္တို႔က မင္းႀကီးအေဆာင္ကို ထိုး​ေဖာက္ၿပီး မင္းႀကီးကို အဆိပ္ေျဖေဆးတိုက္ကာ ေဘးကင္းရာသို႔ ေ႐ႊ႕ရသည္။
ေဆးဆရာဟြမ္ႏွင့္ အတူ ကိုယ္ရံေတာ္ 7ေယာက္ကို ထားခဲ့ကာ ေဟးနဲ႔ ေဖးကို ေခၚလွ်က္ အိမ္ေရွ႕စံရွိရာသို႔ ကူရန္လာခဲ့ေလသည္။

ပိုင္လင္းတို႔ ေရာက္သည္ႏွင့္ တိုက္ခိုက္ေနသူမ်ားမွာ တစ္ေယာက္ၿပီး တစ္ေယာက္ ရပ္ကုန္သည္။ ေရွ႕တန္းက စုန္႔ရိမင္ႏွင့္ ပိုင္လင္းက ဘယ္လိုလုပ္ ဒီေနရာမွာ ေရာက္မွာလဲ။ ဒါက ထူးျခားတဲ့အေျခအေနပဲ။ ေနာက္ဆုံး တိုက္ခိုက္ေနသူမွာ အိမ္ေရွ႕စံႏွင့္ ရင္းဝိန္းဟန္႔သာ က်န္ေတာ့သည္။

ပိုင္လင္းက ေဟးကို မ်က္ရိပ္ျပလိုက္သည္။ ေဟးက မင္းသားဘက္မွ ဝင္ကူသျဖင့္ လူခ်င္းခြါလိုက္ကာ ရင္းဝိန္းဟန္႔က မၾကည္သလို ေဟးကို ၾကည့္သည္။

မိဖုရားႀကီးက စုန္႔ရိရန္ေရာက္မလာပဲ စုန္႔ရိမင္ေရာက္လာတာေၾကာင့္ မ်က္ႏွာပ်က္သြားသလို ခ်န္က်စ္ေမမွာလည္း ပိုင္လင္းေၾကာင့္ ေမွာင္မဲသြားသည္။ ဒီအမႈိက္ ဘာလာလုပ္ခ်င္ျပန္ၿပီလဲ။

"မင္းတို႔က ဘာလို႔ ဒီေရာက္ေနတာလဲ ရိရန္ေရာ"
စုန္႔ရိမင္က
"စစ္ပြဲ ၿပီးသြားလို႔ ျပန္လာတာပါ။ စုန္႔ရိရန္ တိုက္ပြဲက်သြားပါၿပီ"
"ဘာ‼️ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ"

ပိုင္လင္းကဝင္၍
"စုန္႔စစ္သူႀကီးက ကိုယ့္လူမ်ိဳးကို သစၥာေဖာက္ၿပီး အခ်င္းခ်င္း သတ္ရန္ ႀကံစည္တဲ့အတြက္ က်ေနာ္ကိုယ္တိုင္ ေသဒဏ္ေပးလိုက္ပါၿပီ"
"မင္း လိမ္ေနတာ .. ရိရန္က မေန႔ကပဲ လာမယ္လို႔ စာပို႔ထားတာ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ။"
"မယုံခ်င္လည္း မိဖုရားႀကီး သေဘာပါပဲ ဒါေပမယ့္ ဘယ္လိုလုပ္မလဲ စုန္႔ရိရန္က ျပန္မလာႏိုင္ေတာ့ဘူး။ ခု အိမ္ေရွ႕စံလည္း ေရာက္လာၿပီ ဆိုေတာ့ ဒီေနရာကို သူပဲ ကိုင္တြယ္ပါလိမ့္မယ့္ မိဖုရားႀကီး ကိစၥ မဟုတ္ေတာ့ဘူး"

"စုန္႔လီခ်င္းက ကပ္ေရာဂါကို ျဖစ္ေစတာ သူက မင္းဆိုး မင္းယုတ္ပဲ ထီးနန္းကို ဆက္ခံလို႔ မျဖစ္ဖူး"

ပိုင္လင္းက
"ဘာလို႔ မျဖစ္ရမွာလဲ
တစ္ - စုန္႔လီခ်င္းက တရားဝင္ အိမ္ေရွ႕မင္းသား ျဖစ္တယ္။
ႏွစ္ - ကပ္ေရာဂါဆိုတာ တကယ္ မဟုတ္ဖူး။ တကယ္ဆို ခုဒီမွာ စစ္သားသုံးေသာင္း ဘယ္ရွိေနမလဲ။
သုံး - အႀကီးဆုံးသားျဖစ္တဲ့ စုန္႔ရိရန္က ေသဆုံးသြားၿပီ။ မယုံရင္ ပါလာတဲ့ တပ္ခြဲက စစ္သည္အားလုံးကို ေမးျမန္းႏိုင္တယ္။ ကိုယ့္ဘာသာလည္း စုံစမ္းႏိုင္တယ္။ မိဖုရားႀကီး ဘယ္လိုပဲ ႀကိဳးစား ႀကိဳးစား၊ ဆက္ခံမယ့္ သားေတာ္က မရွိေတာ့ဘူး"

"မင္း .. မင္းပဲ .. မင္းေၾကာင့္ သားေတာ္ ေသရတာ။
မင္းေၾကာင့္သာ မဟုတ္ရင္ သားေတာ္က စစ္တပ္ထဲ လိုက္စရာ အေၾကာင္းေတာင္ မရွိဘူး။ ခုေတာ့ မင္းက ဒီလို ေက်းဇူးဆပ္လိုက္တယ္ေပါ့။ လာၾကစမ္း .. မင္းသားကို သတ္တဲ့ ထ်င္ပိုင္လင္းကို ဖမ္းၾကစမ္း"

ထ်င္လဲ့ "အတင့္ရဲလိုက္တာ"

ခ်န္က်စ္ေမ "ထ်င္လဲ့ မင္းဝင္မေဟာင္နဲ႔ .. စုန္႔လီခ်င္း မင္းအေမနဲ႔ ညီမစုန္႔ခ်င္းခ်င္းကို မေသေစခ်င္ရင္ ငါ့လက္ထဲ ပိုင္လင္းကို လႊဲေပးလိုက္"

"ဘာ‼️ မယ္ေတာ္နဲ႔ ခ်င္းခ်င္း❓

Continue Reading

You'll Also Like

280K 21.8K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
349K 25.4K 90
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••
1.3M 63.4K 128
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
2.4M 204K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...