" ကိုကို့ ရဲ့ ငယ်- 19 "
Kyung Soo တစ်ယောက်တည်းနေ့လည်စာစားဖို့ ကန်တင်းသွားတဲ့လမ်းမှာ နောက်ကနေ မျက်လုံးကိုမှိတ်ခံလိုက်ရတယ်
Baek လည်းမဖြစ်နိုင်ဘူး Sehun နဲ့ပါသွားတယ် လမ်းမှာလည်း လူဒီလောက်များနေတော့ ခန့်မှန်းလို့မရ သိတဲ့သူကလည်း များများမရှိသေးဘူး ခုမှတစ်ပတ်ပဲရှိသေးတော့
Kyung Soo ဘာမှမတုန့်ပြန်ဘဲ ငြိမ်နေလို့ဖြစ်မယ် မျက်လုံးကိုမှိတ်ထားတဲ့လက်က တဖြည်းဖြည်းလျော့လာပြီး ဘေးကိုငဲ့ကြည့်လာတဲ့ တစ်စုံတစ်ယောက်
"ငယ် ကမမှတ်မိဘူးပေါ့"
လည်တိုင်နားအပ်ပြီး တိုးဖွဖွပြောလာတဲ့ စကားကြောင့် Kyung Soo လှည့်ကြည့်မိတော့ နည်းနည်းလေးပဲဝေးတော့တဲ့ မျက်နှာနှစ်ခု
"ကိုကို"
"အင်း"
"ဘယ်လိုရောက်လာတာလဲ"
"ကျောင်းပြေးလာတာ😁"
"ကျောင်းပြေးရအောင် ကိုကိုကကလေးလား"
"ငယ့် ကိုတွေ့ချင်လို့လေ"
^စူပုပ်ပုပ်လေးနဲ့ ကိုကို ကကလေးလိုပဲ တစ်ခါလောက် ဆူလိုက်ဦးမှ^
"ငယ့် ကိုတွေ့ချင်ရင် ကျောင်းပြေးရတယ်ပေါ့"
"မဟုတ်ဘူးလေ ဟိုဟာ..."
"ဘယ်ဟာလဲ"
"ငယ့် ကိုလွမ်းလို့လေ အရမ်းတွေလွမ်းနေတာ စာလည်းအာရုံမစိုက်နိုင်လို့ လာခဲ့တာကို ငယ် ကစိတ်ဆိုးတာလား"
"မဟုတ်ပါဘူး စတာ😛"
"မစနဲ့"
^စူပုပ်ပုပ်နဲ့ တကယ့်ကလေးရုပ်^
"အွန်း ထမင်းသွားစားရအောင် ငယ် ဗိုက်ဆာနေပြီ"
Kyung Soo. Yeol လက်ကိုဆွဲပြီးခေါ်လာခဲ့တယ် လမ်းလယ်ခေါင်ကြီးမှာဆိုတော့ နည်းနည်းရှက်စရာကောင်းသား
*************************
ဘုတ်~
Yeol ထမင်းစားနေတုန်း နောက်ကနေလှမ်းရိုက်တာ ခံလိုက်ရတော့ စားနေတာတောင်နင်သွားတယ်
"ကိုကို ရေသောက်"
Kyung Soo. Yeol ကျောကိုပုတ်ပေးနေတာ လူကြီးလေးကျနေတာပဲ
"ဘယ်လိုရောက်လာပြန်တာလဲ"
စားပွဲမှာဝင်ထိုင်ရင်းမေးလိုက်တဲ့ Sehun
"အကို ဖြည်းဖြည်းလုပ်မှပေါ့"
စွာစိလန်လေးက Sehun ကိုပြန်ရန်တွေ့လိုက်သေးတယ်
ဟုတ်တယ်လေ သူတောင် နာမှာစိုးလို့ ဖြည်းဖြည်းရိုက်တာကို အားကြီးနဲ့
"ဟုတ်ကဲ့ပါ နောက်ဆိုဖြည်းဖြည်းရိုက်ပါမယ်"
"မင်းကလည်း ပိုကိုပိုလွန်းတယ်"
"လိုတောင်လိုသေးတယ်"
"အော်..."
Baek ပါအပြောခံလိုက်ရပြီ😄
"ကိုကို ရလား"
"အင်း ရပြီ ငယ်
ဖြည်းဖြည်းလုပ်ကွ စားနေတဲ့အချိန်ကို"
"မေ့သွားလို့ ဟဲဟဲ"
လုပ်ပြီးမှ ပြောင်စပ်စပ်နဲ့ Sehun ရယ်
"တော်သေးတယ် နင်ပြီးမသေလို့"
"မသေတာထားအုန်း ဘယ်လိုရောက်လာတာလဲ"
"ဆိုင်ကယ်နဲ့"
"အော် အေး"
"မင်းတို့ကဘယ်သွားလို့ ငယ် တစ်ယောက်တည်း ဖြစ်နေရတာလဲ"
Yeol မေးလိုက်မှ တောင်ကြည့်မြောက်ကြည့်လုပ်နေတဲ့ Sehun နဲ့ မျက်နှာရဲတက်လာတဲ့ Baek
"ဘယ်သွား... အော် စာအုပ်... စာအုပ်သွားထုတ်တာ ဒီမှာ"
Baek လက်ထဲကစာအုပ်ကို လက်ညှိုးထိုးပြီးပြောနေတဲ့ Sehun
"ဟုတ်တယ် အကို😁"
Baek's pov: တော်သေးတယ် စာအုပ်ကယ်လို့ ဟူး.....
"Sehun"
"အေး"
"ဒါရှင်းလိုက်ဦး ငါသွားပြီ"
"ခွေးကောင် ပိုက်ဆံမပါဘဲနဲ့.....!("#&:/ "
Sehun ပြောတာနားမထောင်တော့ဘဲ ထြက္လာတဲ့ Yeol နောက် Kyung Soo အပြေးလိုက်ရပြန်တယ်
"ကိုကို "
"အင်း ငယ်"
"ဘယ်သွားမလို့လဲ"
"ခနစကားမပြောဘဲလိုက်ခဲ့"
တဖြည်းဖြည်းရောက်သွားတာက တက္ကသိုလ်ပန်းခြံ
ဆောင်းဦးမှာပွင့်တတ်တဲ့ Aster, Acacia, Snowdrop, Night Flowering Jasmine လေးတွေက ပန်းခြံကိုအရောင်စုံစေတယ်
မြက်ပင်နုနုလေးတွေနဲ့ အပင်ပုဝိုင်းဝိုင်းလေးတစ်ချို့ရှိပြီး ခပ်လှမ်းလှမ်းမှာ စားပွဲတစ်ခု ထိုင်ခုံရှည်နှစ်ခုနဲ့ အမိုးလေးလည်းပါတဲ့ အေးဆေးထိုင်လို့ရမယ့် shelter တစ်ချို့လုပ်ပေးထားသေးတယ်
နောက်ဘက်မှာက ပန်းဆိုင်ရှိတယ် Catcus လိုအပင်တွေကို အိုးသေးလေးတွေနဲ့ စိုက်ပြီးရောင်းတာ
Kyung Soo အငေးကောင်းနေတုန်း Yeol မြက်ခင်းပေါ်မှာ ထိုင်ချလိုက်ပြီးပြီ
"ငယ် ဒီနေရာရောက်ဖူးလား"
"ဟင့်အင်း ခုမှရောက်ဖူးတာ"
Kyung Soo. Yeol ဘေးမှာဝင်ထိုင်ရင်းပြောလိုက်တယ်
"ဟိုမှာ ငှက်လေးတွေတွေ့လား"
သစ်ကိုင်းတစ်နေရာကိုညွှန်ပြရင်း မေးလိုက်တဲ့ Yeol
"ဟုတ်"
"မနက်ခင်း ငယ့် အိမ်ပေါ်ဖြတ်ပျံမယ့် ငှက်ကလေးတွေကို အချစ်ငွေ့တွေ့ ဖြည့်ပေးလိုက်တယ် ကိုကို့ အချစ်နဲ့ ငယ့် ကိုနွေးထွေးစေချင်လို့"
"wow~ ကိုကို ကပြောတတ်လိုက်တာ"
"တကယ်ပြောတာ"
"ဟုတ်"
Yeol. Kyung Soo ကိုနူးနူးညံ့ညံ့လေးကြည့်နေတယ်
"ကိုကို"
"ပြောလေ ငယ်"
"နောက်ဆို ကျောင်းကိုမလာပါနဲ့လားဟင်"
"ဘာဖြစ်လို့လဲ"
"တခြားသူတွေက ကိုကို့ ကိုပဲကြည့်နေတာ စီနီယာအစ်မတွေဆိုပိုဆိုးတယ် မျက်လုံးတွေက ဘလင်းဘလင်းနဲ့ အရောင်တွေထွက်နေတာ ပြီးတော့..."
"ငယ် ကသဝန်တိုတယ်ပေါ့"
"တိုတယ် ဖြစ်နိုင်ရင် ကိုကို့ ကိုသေးသေးလေးဖြစ်အောင်လုပ် ဖန်ပုလင်းထဲထည့်ဖွက်ထားပြီး ငယ် သွားလေရောခေါ်သွားမှာ"
နှုတ်ခမ်းလေးတထော်ထော်နဲ့ပြောနေတဲ့ Kyung Soo တစ်ခါတလေ လက်နဲ့ပါ အမူအရာလုပ်ပြနေသေးတာ
"ငယ် ကတော့လေ😄"
"ကိုကို"
"အင်း"
"ကိုကို့ ကိုဘယ်သူတွေ ဘယ်လောက်ပဲ သဘောကျတယ် ချစ်တယ်ပြောပြော ငယ် ကသူတို့အားလုံးထက် ကိုကို့ ကိုပိုချစ်တယ် အများကြီးအများကြီးပိုတာ"
"ကိုကို့ကလေးလေး ချစ်တာသိတာပေါ့"
"ကလေးလေး မဟုတ်ပါဘူးဆို"
"ဟုတ်သားပဲ မှားသွားလို့
ငယ် ချစ်တာသိတာပေါ့ လို့ပြောတာ"
Kyung Soo. Yeol ပုခုံးကိုဖြည်းဖြည်းချင်းမှီလိုက်တယ် Yeol ဆံနွယ်ပျော့ပျော့လေးတွေကို ခိုးနမ်းနေတာလည်းသိပါတယ်
"ကိုကို ငယ့် ကိုမထားခဲ့ရဘူး"
"ငယ့် ကိုဘယ်တော့မှမထားခဲ့ဘူးမလို့ ငယ် စိတ်မပူလည်းရတယ်
ဘယ်လိုအခြေအနေတွေပဲ ရှိလာရှိတာ ကိုကို ငယ့် အနားမှာပဲအမြဲရှိနေမှာ"
ခြေထောက်ပေါ်တင်ထားတဲ့ Kyung Soo လက်တစ်ဖက်ကို ဖွဖွကိုင်ရင်းပြောလာတဲ့ Yeol
"ငယ် လည်းအဆုံးထိ ကိုကို့ ကိုပဲဖက်တွယ်ထားမှာ"
"ကိုကို ကလည်း ငယ့် တစ်ယောက်တည်းကိုပဲ ဖက်တွယ်စေချင်တာ"
*************************
ခေါင်းလောင်းပန်းလို ပွင့်ရင်းခံခွက်ခွက်လေး ဝတ်မှုံတံရှည်ရှည်လေးနဲ့ ပွင့်တတ်တဲ့အဖြူရောင် ဒါမှမဟုတ် ပန်းရောင်သမ်းနေတဲ့ ပန်းလေးတွေကို Fressia လို့ခေါ်ပါတယ်
Fressia လေးတွေရဲ့ language က " ငါ မင်းကို ယုံတယ် " တဲ့
'ကိုကို ငယ့် အနားမှာအမြဲရှိနေပေးမယ် ဆိုတာ ငယ် ယုံပါတယ်♥´
*************************
"ဒါလေးလည်းကောင်းတယ် ဒါကျတော့ လူကြီးနဲ့တူသွားမှာပေါ့ ဒါကြီးက...."
အဝတ်တွေကိုင်ပြီး ပွစိပွစိပြောနေတဲ့ Kyung Soo ကိုင်ကြည့်လိုက် ပြန်ချလိုက်နဲ့
Yeol နဲ့ဒိတ်လုပ်ဖို့ အဝတ်ရွေးနေတာ
ချစ်သူတွေသာဖြစ်နေတာ တစ်ခါမှမဒိတ်ရသေးတော့ Yeol အရင်စပြောခဲ့တာလေ
Kyung Soo လည်းလိုလိုလားလား ခေါင်းငြိမ့်ခဲ့တာနဲ့ 1st sem; ပိတ်မှဒိတ်မယ်လုပ်ထားတာ
"အန်တီ ငယ်ရော"
Yeol အိမ်ထဲရောက်ပေမယ့် Kyung Soo ကိုမတွေ့တာနဲ့ အိမ်သန့်ရှင်းရေးလုပ်နေတဲ့ Lulu ကိုမေးလိုက်တယ်
"အခန်းထဲမှာ Yeolလေး မနက်စာစားပြီးတည်းကတက်သွားတာ ခုထိဆင်းမလာသေးဘူး"
"သား သွားကြည့်လိုက်မယ် အန်တီ"
Yeol အပေါ်ထပ်တက်ခဲ့တော့ အဝတ်ပုံထဲမှာထိုင်နေတဲ့ Kyung Soo
"ငယ်"
"အာ... ကိုကို"
"မပြီးသေးဘူးလား"
"ပြီးပြီ ကိုကို အပြင်ခနထွက်နော် ငယ် အင်္ကျီလဲမလို့"
"ခုမှဝင်လာတာကို"
"ထွက်ပါ နော် နော် "
Yeol ကိုအတင်း အခန်းပြင်တွန်းလွှတ်ပြီးမှ Kyung Soo ရှေ့မှာရှိနေတဲ့ တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီဒူးဖုံး ပဲလဲလိုက်တယ်
Kyung Soo အခန်းပြင်ထွက်တော့ မျက်မှောင်ကျုတ်ကြည့်နေတဲ့ Yeol
"ငယ် ဒါဝတ်တာလား"
"အွန်း ဘာလို့လဲဟင်"
"ခြေသလုံးတွေက ဘာလို့ဖော်ထားရတာလဲ"
"ဘောင်းဘီတိုပဲဟာပေါ်မှာပေါ့ ကိုကို ကလည်း"
"သွား ပြန်လဲ"
Yeol မျက်မှောင်ကျုတ်နေတုန်း
"မလဲတော့ဘူးလေ နော်"
"ငယ် ကလိမ္မာပါတယ် လဲလိုက်ပါ"
"ဘာလို့လဲ"
"ငယ့် ကိုတခြားသူတွေကြည့်မှာစိုးလို့"
^ကိုကို ကလေးအကွက်တွေ လာသုံးနေတာပဲ^
"ကြည့်တော့လည်း ငယ် ကပြောင်းလဲသွားတာမှ မဟုတ်တာ"
"ငယ့် ကိုသဝန်တိုလို့"
"Aigoo ချစ်ဖို့ကောင်းလိုက်တာ"
Kyung Soo. Yeol ကိုရယ်ပြီး ကြည့်နေပေမယ့် ဘာမှမပြောတဲ့ Yeol
"ကိုကို့ လက်ကိုဒီလိုလေးကိုင်သွားမယ်လေ ငယ့် မှာ ကိုကို ရှိတာ လူတိုင်းသိအောင်လို့"
Yeol လက်ကို ဆုပ်ကိုင်လိုက်ပေမယ့် တုန့်ပြန်မလာ
"နော် ကိုကို"
"အင်း ဘာအကြောင်းရှိရှိ မလွှတ်ရဘူး"
"အွန်း မလွှတ်ဘူး"
Yeol. Kyung Soo လက်သေးသေးလေးကို ပြန်ဆုပ်ကိုင်လိုက်ပြီး နူးနူးညံ့ညံ့ကြည့်လာတယ် ခုနေတာ့ မျက်မှောင်ကျုတ်နေပြီးတော့
"သား"
"ဟုတ်.. ဟုတ် တီလေး"
Lulu ရောက်လာတော့ နှစ်ယောက်သား လက်အမြန်လွှတ်ပြီး မျက်နှာလွှဲလိုက်ကြတယ်
"Yeol သား ကိုအလိုမလိုက်နဲ့နော် တစ်ခါတလေကျ ငဂျစ်လေး လုပ်ချင်တယ်"
"ဟုတ် အန်တီ"
"တီလေးကလည်း ဘယ်မှာ ငဂျစ်လေး လုပ်လို့လဲ"
"ဟုတ်ပါပြီ ပြောပြတာပဲကို"
"ဟွန့်"
စတာသိသားနဲ့ နှုတ်ခမ်းစူလိုက်သေးတယ်
"သွားကြမယ်လေ"
"အွန်း"
"နှုတ်ခမ်း ပြန်သိမ်းထား အကိုက်မခံချင်ရင်"
Yeol တိုးတိုးကပ်ပြောလိုက်တော့ Kyung Soo မျက်လုံးအဝိုင်းသားလေးနဲ့ နှုတ်ခမ်းကို လက်နဲ့အုပ်ပြီး တရွေ့ရွေ့နဲ့ Yeol နောက်ကလိုက်လာခဲ့တယ်
^နှုတ်ခမ်းကို ဘာလို့ကိုက်မှာလဲ^
*************************
"ကိုကို ဟိုမှာထိုင်ရအောင် ငယ် ညောင်းလာပြီ"
မျက်နှာငယ်လေးနဲ့ မူပိုပြီးပြောနေတဲ့ Kyung Soo ရယ်
'ပန်းခြံထဲ လျှောက်ကြည့်ကြမယ်' ဆိုပြီး ဟိုငေးဒီငေးလုပ်နေတာ ခုတော့ ခုံကိုမျက်စပစ်ပြီးပြောနေလေရဲ့
Yeol လည်း Kyung Soo နဲ့ လျှောက်လမ်းဘေးက ခုံလေးမှာထိုင်လိုက်ကြတယ်
လျှောက်လမ်းဘေးဆိုပေမယ့် လမ်းနဲ့ခပ်လှမ်လှမ်းမှာ ကျော်ခိုင်းထားတဲ့ ခုံတန်း
"ငယ် ဘယ်သွားချင်သေးလဲ"
"ခုတော့မသွားချင်သေးဘူး ညောင်းလို့"
Kyung Soo ခုံပေါ်မှာ ထိုင်နေလျက်ခြေဆင်းထားတယ်
Yeol ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ မျက်နှာလွှဲသွားကြတဲ့ သူတစ်ချို့ ပြီးတော့လည်း ပြန်ကြည့်ကြပြန်ပြီ
"ကိုကို ဘာဖြစ်လို့လဲဟင်"
ပြန်ကြည့်လာတဲ့မျက်နှာက စူပုပ်ပုပ်နဲ့မို့ Kyung Soo မေးလိုက်တာ
"ငယ့် ကိုကြည့်နေကြတယ်"
ကြည့်ချင်စရာပဲ
ဖြူဖြူလုံးလုံး ပုပုသေးသေးလေး
ဆံပင်အုပ်အုပ်လေးနဲ့ တောက်ပနေတဲ့ မျက်လုံးလေးတွေ ချွန်ထွက်နေတဲ့ နှုတ်ခမ်းထူထူလေး
အဖြူဝတ်ထားပေမယ့် ဝင်းနေတဲ့ အသားဖြူဖြူလေး ရုပ်စွအဆုံး ပေါ်နေတဲ့ ခြေသလုံးသေးသေးလေးတွေကစ
"ဘယ်သူ... အော်😆"
"ပြောသားပဲ အဲဒါမဝတ်ပါနဲ့ဆိုတာကို"
"ငယ် ကကလေးပဲရှိသေးတာ ဝတ်မှာပေါ့"
'ငယ် ကလေး မဟုတ်ဘူး' လို့တစာစာပြောနေတတ်တဲ့သူက ခုတော့ 'ကလေးပဲရှိသေးတာ' ဆိုတော့ Yeol ထပ်မေးလိုက်တယ်
"ကလေး ဟုတ်လား"
"အွန်း ကိုကို့ ကလေး လေ"
"ငယ် ဘာပြောလိုက်တာ"
ပြောတုန်းကပြောပြီး ခုမှရှက်ရှက်နဲ့ ခေါင်းငုံ့ထားတဲ့ Kyung Soo ကို Yeol လိုက်စနေပြန်ပြီ
"မသိဘူး"
"သေချာမကြားလိုက်လို့ တကယ် တကယ်"
"ကိုကို့ ကလေး လို့"
ထပ်ပြီးခေါင်းငုံ့သွားတယ် ဒီတစ်ခါတော့ ပါးမို့မို့လေးတွေရဲနေတာ မြင်နေရတယ်
"လာပါဦး ကိုကို့ ကလေးလေး မျက်နှာကြည့်ရအောင်"
"ဟင့်အင် မကြည့်နဲ့"
"ဘာလို့လဲ"
"မသိဘူး တစ်မျိုးကြီးပဲ"
အောက်နှုတ်ခမ်းကို တကိုက်ကိုက်နဲ့ ဂနာမငြိမ်ဖြစ်နေတာ ဟုတ်တယ် ရှက်ပါတယ်ဆိုမှပဲ
"ငယ်"
တိုးညင်းညင်းလေးခေါ်လိုက်တော့ မျက်လွှာလေးပင့်ပြီး မျက်နှာရဲတဲတဲနဲ့ ကြည့်လာတဲ့ကောင်လေးရဲ့ နှုတ်ခမ်းထူအိအိလေးကို ပထမဆုံးအကြိမ် မြတ်မြတ်နိုးနိုးနမ်းရှိုက်တယ်
လည်ပင်းသားဖွေးဖွေးလေးတွေကို အုပ်ကိုင်ပြီး ခေါင်းကိုမော့စေကာ ထင်းနေတဲ့ အပေါ်နှုတ်ခမ်းလေးကို တစ်လှည့် အိနေတဲ့ အောက်နှုတ်ခမ်းသားလေးကို တစ်လှည့် နူးနူးညံ့ညံ့လေး နမ်းရှိုက်တော့ မတုန့်ပြန်ပဲငြိမ်နေပြီး နောက်ပိုင်းမှ မနမ်းတတ် နမ်းတတ်နဲ့ တုန့်ပြန်လာတယ်
စတော်ဘယ်ရီလိုပဲ ရဲပြီးချိုနေတဲ့ နှုတ်ခမ်းအိအိလေးတစ်စုံကြောင့် စိတ်မထိန်းနိုင်စွာ အောက်နှုတ်ခမ်းသားလေးကို ဖွဖွကိုက်လိုက်တော့ လက်နဲ့ဖြည်းဖြည်းတွန်းလွှတ်လာတယ်
မရပ်ချင်သေးပေမယ့် ရပ်ပေးလိုက်တော့ ပါးစပ်ကပါ အသက်လုရှူနေတဲ့ Kyung Soo
"ဘာလို့ကိုက်တာလဲ ကိုကို"
"ဒီကလေးလေးကို အသည်းယားလို့"
Yeol ပါးတစ်ဖက်ကို ဖွဖွဖျစ်ရင်းပြောတော့ ပြန်ရလိုက်တာက မျက်စောင်းပိစိ
"နာသွားပြီ"
"ဟုတ်လား ပျောက်အောင်ထပ်ပြီး..."
"တော်ပြီ အသားယူချင်ရင်ယူချင်တယ် မပြောဘူး"
"နည်းနည်းလောက် အသားယူချင်သေးလို့ပါ"
မျက်နှာငယ်လေး လုပ်ပြီးပြောနေတဲ့ Yeol ကိုကြည့်ပြီး Kyung Soo ရယ်လိုက်မိတယ်
ခုနောက်ပိုင်း တော်တော်စလာတာ သိသိကြီးနဲ့ စနေတာမျိုး
"မရတော့ပါဘူး ဘလာ ဘလာ😝"
"အဲဒါဆို ရတဲ့အချိန်မှ အတိုးနဲ့ယူမှာ"
"မကြောက်ပါဘူး😝"
ပြောပြီးပြေးတဲ့ ကောင်လေးနောက်ကို ပြေးလိုက်ပြီးစနေတဲ့ ကောင်လေး လည်းရှိပါတယ်
*************************
" ကိုကို့ ရဲ့ ငယ်- 19 "
"ငယ် ကမမှတ်မိဘူးပေါ့"
"ကိုကို"
"အင်း"
"ဘယ်လိုရောက်လာတာလဲ"
"ကျောင်းပြေးလာတာ😁"
"မဟုတ်ဘူးလေ ဟိုဟာ..."
"ဘယ်ဟာလဲ"
"မဟုတ်ပါဘူး စတာ😛"
"မစနဲ့"
*************************
ဘုတ်~
"ကိုကို ရေသောက်"
"လိုတောင်လိုသေးတယ်"
"အော်..."
"ကိုကို ရလား"
"အင်း ရပြီ ငယ်
"မေ့သွားလို့ ဟဲဟဲ"
"ဆိုင်ကယ်နဲ့"
"အော် အေး"
"ဘယ်သွား... အော် စာအုပ်... စာအုပ်သွားထုတ်တာ ဒီမွာ"
"ဟုတ်တယ် အကို😁"
"Sehun"
"အေး"
"ကိုကို "
"အင်း ငယ်"
"ဘယ်သွားမလို့လဲ"
မြက်ပင်နုနုလေးတွေနဲ့ အပင်ပုဝိုင်းဂိုင်းလေးတစ်ချို့ရှိပြီး ခပ်လှမ်းလှမ်းမှာ စားပြဲတစ္ခု ထိုင်ခုံရှည်နှစ်ခုနဲ့ အမိုးလေးလည်းပါတဲ့ အေးဆေးထိုင်လို့ရမယ့် shelter တစ်ချို့လုပ်ပေးထားသေးတယ်
"ဟုတ်"
"တကယ်ပြောတာ"
"ဟုတ်"
"ကိုကို"
"ပြောလေ ငယ်"
"ဘာဖြစ်လို့လဲ"
"ငယ် ကသဝန်တိုတယ်ပေါ့"
"ငယ် ကတော့လေ😄"
"ကိုကို"
"အင်း"
*************************
*************************
"အန်တီ ငယ်ရော"
"ငယ်"
"အာ... ကိုကို"
"မပြီးသေးဘူးလား"
"ခုမှဝင်လာတာကို"
"ထွက်ပါ နော် နော် "
"ငယ် ဒါဝတ်တာလား"
"အွန်း ဘာလို့လဲဟင်"
"သွား ပြန်လဲ"
"မလဲတော့ဘူးလေ နော်"
"ဘာလို့လဲ"
"ငယ့် ကိုသဝန်တိုလို့"
"နော် ကိုကို"
"အွန်း မလွှတ်ဘူး"
"သား"
"ဟုတ်.. ဟုတ် တီလေး"
"ဟုတ် အန်တီ"
"ဟွန့်"
"သွားကြမယ်လေ"
"အွန်း"
*************************
"ငယ် ဘယ်သွားချင်သေးလဲ"
"ငယ့် ကိုကြည့်နေကြတယ်"
ကြည့်ချင်စရာပဲ
"ဘယ်သူ... အော်😆"
"ကလေး ဟုတ်လား"
"အွန်း ကိုကို့ ကလေး လေ"
"ငယ် ဘာပြောလိုက်တာ"
"မသိဘူး"
"ကိုကို့ ကလေး လို့"
"ဟင့်အင် မကြည့်နဲ့"
"ဘာလို့လဲ"
"ငယ်"
"နာသွားပြီ"
"မရတော့ပါဘူး ဘလာ ဘလာ😝"
"မကြောက်ပါဘူး😝"
*************************