The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 2.16

5.8K 670 14
By khunsin

"ရိမင်ကို စုရီဆီ ပို့ပြီးရင် ငါပြောတဲ့နေရာသွားပြီး မီးရှို့ခဲ့"
"ဟုတ်"
ဖေးက စုန့်ရိမင်ကို ပုခုံးပေါ် ထမ်းတင်လိုက်ကာ ရိမင် ဓားကို ကောက်လိုက်သည်။ ဓားက မ လို့ မရတာနဲ့ လက်လျှော့ပြီး ထားခဲ့သည်။ သူတောင် ယူလို့မရတာ ဘယ်သူမှ ရမှာ မဟုတ်ဖူး။ မင်းသားနဲ့ သခင်လေးခိုင်းတဲ့ ကိစ္စက အရေးကြီးတယ်။

"ရန်သူ့ခေါင်းဆောင် ကျသွားပြီ။ ခံတပ်ကို သိမ်း"
ဆိုတဲ့ ပိုင်လင်းရဲ့ ပြတ်သားသော ဆုံးဖြတ်ချက်၊ လျှင်မြန်သော ဓားချက်အောက်မှာ မည်သူမျှ တခွန်း ပြန်မပြောရဲကြ။ အင်အားမမျှပေမယ့် ပိုင်လင်းရဲ့ ခံတပ်သိမ်းအမိန့်ထွက်ပြီးသည့်နောက်တော့ မည်သူမျှ ပြန်ဆုတ်မလာဝံ့။ တပ်သားတွေအတွက်တော့ ပိုင်လင်းရဲ့ဒေါသက ကျင်းစစ်တပ်ကို သူသေကိုယ်သေတိုက်ရသည်ထက် ပိုကြောက်စရာကောင်းသည်။ မျက်စိတမှိတ်အတွင်းမှာ ခေါင်းဆောင် နှစ်ဦး ခေါင်းပြတ်သွားသည်လေ။

ပိုင်လင်း ရိမင်ကျခဲ့သော ဓားကိုကောက်လိုက်သည်။ ဓားကိုကိုင်လိုက်သည်နှင့် ဓားက ပိုင်ရှင်ကို အသိအမှတ်ပြုသည့်အလားခရမ်းရောင် လျှပ်စီးများ လွှမ်းခြုံလာသည်။ ပိုင်လင်းက ရိမင်အတွက် စိုးရိမ်နေသည့်ကြားမှ တချက်ပြုံးကာ ခံတပ်ဘက်ပြေးထွက်သွားသည်။

"သံချပ်ကာတပ် လှံတပ်ကို ကာပေးလိုက်။
ယန္တယားတပ်က ခံတပ်တံခါးကို ဖွင့်ဖို့ပဲ အာရုံစိုက်။
တံတိုင်းပေါ် မတက်နေနဲ့။ ခံတပ်အပြင်ကလူတွေကို အရင်ရှင်း ။

ယန္တရားမျှော်စင်ပေါ်က မြှားသမားတွေက ခံတပ်တံတိုင်းပေါ်က မြှားတပ်ပစ်ဖို့ အရေးမသာအောင် ကာပစ်ပေးထား"

တိကျတဲ့ အမိန့်သံအဆုံးမှာပိုင်လင်းကိုယ်တိုင်က တံတိုင်းပေါ်ကို ဘာကြိုး ဘာလှေကားမှ မသုံးပဲ ထောင့် တနေရာကနေ နံရံတစ်ဖက် တချက်ကို ကန်ကာ ပေါ့ပါးစွာ တက်သွားသည်။ စုန့်စစ်သည်များက လေးစားအားကျရသလို ကျင်းစစ်သည်များကလည်း အံအားသင့်နေကြသည်။ ပိုင်လင်းရဲ့ လျှင်ချက်က မြှားနဲ့တောင် ပစ်ချဖို့ အချိန်မရလိုက်ပေ။

အေးစက်ခြင်းများအတိနဲ့ နတ်ဆိုးတစ်ကောင်ကဲ့သို့ ပိုင်လင်းတိုက်ခိုက်ထိုးဖောက်သွားရာ တံတိုင်းတစ်လျှောက်မှာ ခရမ်းရောင် လျှပ်စီးများ တလက်လက်နဲ့ ထွက်လာနေသည်။ ရန်သူများ၏ နာကျင်စွာ အော်ဟစ်သံများ၊ ခုခံသံများက စုန့်စစ်တပ်ကို စိတ်လှုပ်ရှားစေသည်။ အားတက်စေသည်။

"ငါတို့ခေါင်းဆောင်လေးက ငါတို့နဲ့အတူ တိုက်ပွဲဝင်နေတယ်။ သူ့ကို စိတ်မပျက်စေနဲ့။ ချကြ"

စုန့်လှံသမားများက သူတို့ကို ပစ်နေသော တံတိုင်းပေါ်မှ မြှားတပ်ကို ဂရုမစိုက်ပဲ ... ခံတပ်အပြင်မှ ရန်သူ့စစ်သားများကို အစွမ်းကုန် ထိုးနှက်နေသကဲ့သို့... စုန့်သံချပ်ကာတပ်သားများကလည်း လှံသမားများကို မြှားတပ်ရန်မှ လိုက်လံကာကွယ်ပေးထားသည်။

စုန့်စစ်တပ်က နှစ်ယောက်တတွဲ အပေးအယူမျှပြီး စနစ်ကျစွာ တစ်ယောက် ကျသည်နှင့် တစ်ယောက် အစားထိုးတက်၍ တိုက်ခိုက်နေပေမယ့်  ကျင်းတပ်မှာတော့ အဓိက ဗျူဟာမှုးက ကျသွားပြီ ဖြစ်သည့်အပြင် မကြုံဖူးသည့်အခြေအနေမို့ တကွဲတပြားနှင့် ကြောက်လန့်တကြား ခုခံနေရသည်။ မြှားနဲ့လည်း ပစ်မရ။ လူအင်အားသာနေပေမယ့် လက်နက်ချင်းကလည်း မယှဉ်နိုင်ပေ။

လေချွန်သံ သုံးချက် ဆင့်ပြီး ထွက်လာသည်။ တိုက်ပွဲမှာ ဆူညံနေတာမို့ ဘယ်သူမှမကြားရပေမယ့် ပိုင်လင်းက ကြားသည်။ တချိန်ထဲမှာပဲ ခံတပ်တံခါးက ဝုန်းခနဲ ကျိုးပျက်သွားပြီး အထဲမှ ကျင်းစစ်သည်များ ခုခံရန် ပြေးထွက်လာသည်။

"မြှားတပ်"
"မျှော်စင်တွေချန်ခဲ့ ခြေလျှင်တပ်သားတွေ နောက်ဆုတ်"
ခံတပ်ထဲမှ ရန်သူများ ရှေ့ထွက်လာလို့မရအောင် မြှားမိုးရွာစေသည်။

သူကိုယ်တိုင်လည်း တံတိုင်းပေါ်မှ ဆင်းပြီး ဘယ်သူမှ မရောက်လာနိုင်သော အကွာအဝေးထိ ခုန်ဆုတ်လိုက်သည်။

စုန့်စစ်သည်များမှာ ခံတပ်တံခါးကျိုးသွားလျှင် အားကြိုးမာန်တက် တိုက်ရတော့မည်ဟု နားလည်ထားသော်လည်း ပိုင်လင်းရဲ့ ပြတ်သားတဲ့ အမိန့်ကို မည်သူမှ သံသယ မရှိ။ အားလုံး ညီညာစွာ နောက်ဆုတ်လိုက်ကြသည်။
"ဆုတ်ဦး မရသေးဘူး"

ပိုင်လင်းက သူ၏တပ်ကိုလည်း သူ့နားထိ ဆုတ်စေသည်။ ကျင်းစစ်သည်များ မာန်တင်းပြီး အော်ဟစ်ထွက်လာပေမယ့် လာတိုက်မယ့်သူမရှိတာကြောင့် ကြောင်တက်နေသည်။

"ကျနော့ကို ခဏထိန်းထားပေး၊ နားခဏပိတ်ထား"
ပြောပြီးသည်နှင့် အနားရောက်လာတဲ့ စစ်သူကြီးများကို လှည့်မကြည့်ပဲ ကုချင်းထုတ်ကာ တီးလိုက်သည်။

ပိုင်လင်း၏ ကုချင်းသံက ဆိုးဆိုးဝါးဝါးထွက်လာသည်။ တော်ရုံလူဆို ဒေါသထွက်ပြီး တီးနေတဲ့သူကို ကုချင်းလုယူပြီး ရိုက်ချိုးချင်စိတ် ဖြစ်သွားနိုင်သည်။ စုန့်စစ်သည်များက နားများကို အဝတ်များဖြဲကာ ဆို့ထား စည်းထားလိုက်သည်။

ဒီတခေါက် ထျင်စစ်သူကြီးရဲ့ကုချင်းက ဘာကိုရည်ရွယ်နေတာလဲ။ သူတို့မှာ ပထမတစ်ခေါက်လိုမျိုး စိတ်ရော ခန္ဓာကိုယ်မှာ အပြောင်းအလဲ ဘာမှရှိမနေဘူး။ နားထောင်ရတာလည်း ဆိုးလိုက်တာ။

သို့သော် ခဏအကြာမှာ အားလုံး သဘောပေါက်လိုက်သည်။ လူခန္ဓာနီးပါး ကြီးသော ဝံပုလွေနွယ် သားရဲကြီးများက ဒေါသတကြီးတဝုန်းဝုန်းနှင့် ပြေးလာကာ ခံတပ်တွင်းသို့ ဝင်သွားပြီး တွေ့သမျှလူအားလုံးကို ကိုက်ဖြတ်တော့သည်။

တီးနေလျှက်က
"မီးမြှား"
"ခဲယမ်း"

အချိန်တစ်ခု ကြာပြီးနောက်မှာ ခံတပ်တွင်းမှ လူအော်သံများ တဖြည်းဖြည်းစဲသွားသည်။ ခံတပ်တစ်ခုလုံးလည်း မီးလောင်နေပြီ။ ပိုင်လင်းရဲ့ သံစဉ်ပြောင်းသွားသည်။ ငြိမ့်ငြိမ့်လေး ဖြစ်သွားပြီး ဒေါသထွက်နေတဲ့ သားရဲများကို ချော့မြှူနေသကဲ့သို့ ။ သားရဲများကလည်း တိုက်ခိုက်တာတွေ နှေးလာပြီး ခံတပ်ထဲမှ ဟိုကြည့် ဒီကြည့်နဲ့ အလျိုလျို ထွက်လာသည်။ ပိုင်လင်းတို့ဘက်ကို ကြည့်လိုက်သည်။

"ဟင် သားရဲတွေ ငါတို့ဆီလာတော့မှာလား .. ဒုက္ခပါပဲ"
အသက်တောင် ပြင်းပြင်း မရှူရဲပဲ လက်နက်များ ကျစ်ကျစ်ပါအောင် ကိုင်ပြီး စောင့်ကြည့်နေကြသည်။ သို့သော် ပိုင်လင်းက သံစဉ်တစ်ခု ပြောင်းလိုက်သည်နှင့် ခေါင်းလေးများ တိုးလျိုးသွားပြီး အမြီးများကုပ်ကာ သားရဲတွင်းကို ပြန်သွားကြသည်။

"ဟင်း" သက်ပြင်းချသံများ ဟိုမှ ဒီမှ ထွက်လာသည်။

ပိုင်လင်းက တပ်ခွဲမှုး စစ်သူကြီး အကြီးဆုံး သုံးယောက်ကို ခေါ်ပြီး

"သုံ့ပန်းနဲ့ လက်နက် ရိက္ခာ တန်ဖိုးရှိတာတွေယူပြီး နယ်မြေ25ခံတပ်ကို အဆုံးထိ ဖျက်ဆီးလိုက်တော့။ ကျနော် ရိမင်ဆီ သွားတော့မယ်။ ဖျက်ဆီးပြီးရင် အလံထူပြီး နယ်မြေ24 ကို ပြန်ဆုတ်ခဲ့ပါ"
"စစ်သူကြီးထျင် 25 ကို မသိမ်းတော့ဘူးလား"
"25 က ခံစစ်အကွက်ချလို့ မကောင်းဘူး။ 24မှာ ခံစစ် ချထားရင် 14/15 မှာ ခံစစ်ထားဖို့ မလိုတော့ဘူး။ 24က ရှေ့ဆုံးက ခံပေးနေမှာမို့"
"သဘောပေါက်ပါပြီ"

ပိုင်လင်း ဖေးနှင့်အတူ ရိမင်ရှိရာနယ်မြေ24 ကို ပြေးထွက်သွားသည်။

'ရှင်း .  ချန်ကျစ်မေကို trace လိုက်လို့ ရပြီလား'
'ရပြီ သူ စုန့်ဘုရင်ကို အဆိပ်ခတ်နေတယ်။ စုန်လီချင်းရဲ့ တပ်သားတွေသုံးတဲ့ရေကိုလည်း အရိုးပျော့ဆေးခတ်ပြီးပြီ။ အဆိပ်အားလုံး နောက် 7ရက်အတွင်း အာနိသင်ပြမယ်'
'မိဖုရားခေါင်ကြီးနဲ့ ချန်ဟောက်ကော ..'
'သူတို့ ပုန်ကန်ဖို့ ပြင်နေတယ်။ သူ့သားလာရင် အဆင်သင့် နန်းတက်လို့ ရအောင်'
'ဟွန့် အိပ်မက်မက်နေတာပဲ။ သူတို့ကိုသာ လွှတ်ထားရင် ကျင်းနိုင်ငံ လက်အောက် ရောက်တော့မှာ။ ကိုယ့်ဖို့ပဲ ကြည့်ပြီး ရေရှည်မကြည့်တဲ့သူတွေ ဘယ်လိုများ ဝန်ကြီးချုပ် ဖြစ်နေမှန်း စဉ်းစားလို့ မရဘူး'

ဘေးက အတူလိုက်ပြေးနေသော ဖေးကို
"ဖေး မင်းဒီနေ့ အရမ်းပင်ပန်းထားတယ်ဆိုတာ သိပေမယ့် မလွှတ်လို့လည်းမရနေတော့ .."
"သခင်လေးအတွက် တစုံတရာ အသုံးဝင်ရင်ကို ကျနော့အတွက် ဂုဏ်ယူစရာပါ"

"ကျေးဇူး .. နေပြည်တော် ရောက်တဲ့အခါ အိမ်ရှေ့စံနဲ့ အကိုတော်ကို ငါပြောခိုင်းတဲ့ သတင်းပို့ပြီးရင် ကောင်းကောင်း အနားယူပါ"
"ဟုတ်ကဲ့ သခင်လေး စိတ်ချပါ"
"သွားတော့" ပိုင်လင်းက ဖေးကို အဝေးကို တွန်းထုတ်လိုက်သည်။

ဖေးက တာဝန်နဲ့ သွားရမှာပေမယ့် ပိုင်လင်းကို စိတ်မချလို့ ခဏခဏ နောက်ပြန်လှည့်ကြည့်မိသည်။ ဒီလိုမှန်းသိရင် သခင်လေးကို လူများများ ခေါ်ခဲ့ခိုင်းပါတယ်။ ခုတော့ သခင်းလေး ပင်ပန်းနေရပြီ။

ပိုင်လင်းရှေ့က လူတစ်စုကို ရင်ဆိုင်လိုက်သည်။
စုန့်ရိရန်၏ ကိုယ်ရံတော်တပ်တချို့ဖြစ်သည်။ စုန့်ရိရန်၏ ကိုယ်ရံတော်တပ်မှာ စုန့်ရိရန် သေဆုံးသွားသည်နှင့် သုံးဖွဲ့ ကွဲထွက်သွားသည်။ အချို့မှာ ပိုင်လင်းကို မယှဉ်နိုင်မှန်း သိသဖြင့် ရှောင်ပြေးသွားပြီး အချို့က ပိုင်လင်းကို ပြတ်သားသောစိတ်ဓာတ်ကို လေးစားလွန်းတာကြောင့် ပိုင်လင်းရဲ့ စစ်တပ်အစိတ်အပိုင်းအနေနဲ့သာ ကျန်ခဲ့ချင်ပြီး ယခု ရှေ့မှာ ရောက်နေတဲ့ လူတစ်စုကတော့ စုန့်ရိရန်အတွက် လက်စားချေချင်နေသည်။

အခုမှ ပြသနာလာရှာရသည့်အကြောင်းက စုန့်ရိရန် သေသွားပြီလို့ သူတို့ သိလိုက်တဲ့အချိန်မှာ ပိုင်လင်းက တံတိုင်းပေါ်ရောက်သွားနှင့်ပြီး သူတို့က ပိုင်လင်းကဲ့သို့ တံတိုင်းပေါ်လက်လွတ်မတက်နိုင်။ ပိုင်လင်း ပြန်ဆင်းလာတော့လည်း ဝံပုလွေရန်ကို ကြောက်လို့ ငြိမ်နေပေးရသည်။ မငြိမ်လျှင် သူတို့ပါ ကိုက်စားခံရမယ့်ထဲ ပါနိုင်သည်။ အခုတော့ အခွင့်အရေးရပြီ။ ပိုင်လင်းကိုသာ သတ်လိုက်ရင် စုန့်ရိရန်အတွက် ကလဲ့စားချေရာ ရောက်သွားပြီး အနည်းဆုံးတော့ အသက်ချမ်းသာပေးပါရန် တောင်းဆိုနိုင်လောက်သည်။

သို့ပေမယ့် အခုလိုလုပ်တဲ့အတွက် ပိုင်လင်းက ချမ်းသာမပေးလောက်ဖူးဆိုတာတော့ သူတို့ နားမလည်။ Ger တစ်ယောင် ဖြစ်တဲ့ ပိုင်လင်းကို အထင်မကြီး။ ရန်သူ့ခေါင်းဆောင် နှစ်ယောက်ကို ကံကောင်းလို့သာ သတ်လိုက်နိုင်တာဟု ယူဆသည်။ Ger တစ်ယောက်က ရန်သူ့ခေါင်းဆောင်နှစ်ယောက်ကို တပြိုင်တည်း သတ်လိုက်ပါတယ်လို့ ဘယ်သူ့ကို သွားပြောပြော ယုံမှာ မဟုတ်ချေ။ ပြီးတော့ အများနဲ့ တစ်ယောက်။ ရှေ့မှာလည်း တိုက်ခိုက်ထားတော့ ဘယ်လောက်တော်တော် လက်ပန်းကျနေလောက်ပြီဟု ယူဆလျှက် ရှေ့တိုးလာသည်။

ပိုင်လင်း စိတ်ပူလှပြီ။ ရိမင်ဆီ ရောက်ချင်လှပြီ။ ဆက်တိုက် လှုပ်ရှားထားသော လက်မောင်းနှစ်ဖက်လုံးမှာလည်း အံသေလုနီးပါး ဖြစ်နေပြီ။  ပြီးတော့ သူတို့သည် သာမာန် အဆင့် 4/5 ကျင်းစစ်သည်များမဟုတ်၊ အဆင့်6/7 ရှိတဲ့ သိုင်းပညာရှင်များ ဖြစ်သည်။ ရှေ့က လာတားနေသော အုပ်စုကို တကယ် စိတ်မရှည်တော့။ သို့သော် သူ့မှာ ရွေးစရာ မရှိ။ စုန့်စစ်တပ်ကလည်း ဒီအဖွဲ့ကို နိုင်မည်မဟုတ် သူပဲ ကိုင်တွယ်ရလိမ့်မည်။ ပိုင်လင်း ခြေတချက်ဆောင့်ကာ ထွက်ပြေးလိုက်သည်။

"ညီအကိုတို့ လိုက်ကြ  သခင်လေးအတွက် လက်စားချေရမယ်"

ပိုင်လင်းရှေ့မှ ခုခံရင်း ပြေးနေသည်။ ဓားချက်များက ပိုင်လင်း၏သေကွင်း သေကွက်များကို ဦးတည်နေသည်။ ရှောင်ရင်း ခုခံရင်းနဲ့ပင် ဓားချက် တစ်ချက်မှာ ခေါင်းငုံရှောင်တာ နောက်ကျသွားသဖြင့် ဆံထိုးကို ကို ခုတ်မိသွားကာ နှစ်ခြမ်းပြတ်သွားပြီး ဆံပင်များက ပြေကျလာသည်။

ပိုင်လင်းမျက်လုံးအစုံက ရဲလာသည်။ ငါမင်းတို့ကို ခွင့်မလွှတ်ဖူး။ တစ်နေရာရောက်သော် ပိုင်လင်းက မြေပြင်ကို တချက်ပဲ လျှပ်ထောက်ကာ အဝေးကို ကျွမ်းပစ်ပြီး လှမ်းခုန်၍ လက်တစ်ဖက်ကို နောက်ပစ်ကာ စောင့်နေသည်။ ငွေရောင်ဆံနွယ်များက ပုခုံးမှ ဝဲလျှက် သွေးများ အပြည့်နဲ့ အနက်ရောင် ဝတ်စုံမှာ ဓားတစ်ချောင်းကို ခါးမှာ ပတ်ထားပြီး တစ်ချောင်းကို လက်ကတစ်စောင်းအနေအထားနဲ့ အောက်စိုက်ထားသည်။

ကိုယ်ရံတော်များက ပိုင်လင်း လက်လျှော့ပြီး ပြန်တိုက်တော့မည်ဟု ထင်လိုက်ပြီး အတင်းတက်လာကြသည်။ ပိုင်လင်းက ရှေ့တိုးလာခြင်းမရှိပဲ ကာရုံပဲ ကာပြီး ကျွံထွက်လာသူများကို နောက်သို့လွှင့်သွားအောင် ရိုက်ချ ကန်ချနေသည်။ ခဏပဲ ကြာလိုက်ပြီး အားလုံးရင်ထဲမှာ ထိတ်ခနဲဖြစ်သွားသည်။ ခုနက ဇောနဲ့မို့ မသိပေမယ့် အခု သူတို့ ခြေထောက်တွေ ရုန်းမရတော့ ။ ပိုင်လင်းက အားလုံးကို သေလူများကဲ့သို့ စိုက်ကြည့်ကာ မဲ့ပြုံး ပြုံးသွားပြီး ကျိုးကျသွားသည့် ဆံထိုးကို ရှင်းအကူအညီနဲ့ ပြန်ရှာ၍ ကောက်လိုက်သည်။

သွားပြီ။ စုန့်တပ်ကို သစ္စာဖောက်ခဲ့သည့်အတွက် အခုအချိန်မှ ကယ်ပါခေါ်လည်း လာကယ်တော့မည်မဟုတ်။ ပိုင်လင်းကို တိုးလျှိုးတောင်းပန်ရအောင်လည်း ပိုင်လင်းက ရှိမနေတော့။
..........

စုရီ ပြာနေသည်။ သခင်လေးက စည်နှစ်ချက်တီးအတွင်း ပြန်လာမယ်ပြောပေမယ့် ခုထိ ရောက်မလာသေး။ သာမာန် ထိခိုက်ရှနာ ခြေပြတ် လက်ပြတ်သည်အထိ စုရီ ကြည့်ထားပေးနိုင်ပေမယ့် မင်းသားက အဆိပ်မိထားတာ ဖြစ်ပြီး သခင်လေး ပထမတိုက်ထားတဲ့ ဆေးအစွမ်းပြယ်သွားကတည်းက သွေးများ တောက်လျှောက် အန်နေသည်။

"သခင်လေး .."
ပိုင်လင်း ကုသဆောင်ထဲ ဝင်လိုက်သည်နှင့် အားကိုးတကြီး ခေါ်လိုက်သည်။ စုရီက ရိမင်ရဲ့ ရောဂါလက္ခဏာများကို ပြောပြသည်။ ပိုင်လင်းက စုရီ ပြောပြသမျှ သေချာနားထောင်ပြီး အခြေအနေနဲ့ လက်မောင်းဒဏ်ရာကို အကဲခတ်ကာ သိုလှောင်အိတ်ထဲမှ ဖြေဆေး တစ်ခုကို ထုတ်ယူ၍ စုန့်ရိမင်ကို တိုက်လိုက်သည်။

စုရီက ပိုင်လင်းလက်ထဲ ဆေးပုလင်း ဘယ်လိုရောက်လာမှန်း မသိပေမယ့် စဉ်းစားနေချိန်မရှိ။
ပိုင်လင်းက
"စုရီ စွပ်ပြုတ် နှစ်ယောက်စာ ပြုတ်ထားပေး ကျန်တာ ကျနော်လုပ်လိုက်မယ် ရတယ်"

ပိုင်လင်းက မျက်နှာက အန်ထားတဲ့ သွေးများကို သန့်စင်ပေးပြီး နေသာစေရန် ခေါင်းဆောင်းနှင့် သံချပ်ကာများ ဖြုတ်ပေးလိုက်သည်။ သွေးကြောပိတ်ဆို့နေသောနေရာများကို အပ်စိုက်ကုသပေး၍ အဆိပ်ဖြေဆေးက သွေးကြောတစ်လျှောက် အဆင်ပြေစွာ လည်ပတ်စေရန် အနည်းငယ် နှိပ်နယ်ပေးသည်။

'ရိမင် တောင်းပန်ပါတယ် ငါဒီထက် နည်းနည်းပိုပြီး သတိထားရင် မင်းထိခိုက်ရမှာ မဟုတ်ဖူး'

အဆိပ်နဲ့ ဖြေဆေးတိုက်ခိုက်နေဟန်ရှိသောကြောင့် ရိမင်က တုန်တက်နေသည်။ ဆေးကုသဆောင်မှာ ဖြစ်နေတာမို့ ခနနေ ဒဏ်ရာရ စစ်သားများ ရောက်လာလျှင် နေရာထိုင်ခင်း အဆင်မပြေမှာစိုးကာ ပိုင်လင်းက ရိမင်ကို သူ့တဲထဲ ပြောင်းရွှေ့ဖို့ ထွက်လာလိုက်သည်။

သွေးများ ဗလပွနှင့် ကျစ်လစ်ပေမယ့် ခန္ဓာကိုယ်သေးသေးသွယ်သွယ် အနက်ရောင်ဝတ်ပိုင်လင်းက ... အတွင်းအဝတ်အဖြူတထည်နှင့် ဆံပင်များ ဖြန့်ကျနေသော မင်းသားကို အလွယ်တကူ စွေ့ခနဲ့ ပွေ့ချီလျှက် အပြင်ထွက်လာစဉ် တိုက်ပွဲမှ ပြန်ရောက်လာသော ခေါင်းဆောင်အချို့နှင့် တိုးကာ

"စစ်သူကြီး ကျနော်တို့ ပြန်ရောက်ပြီ"
"အွန်း ခုတော့ နားလိုက်တော့ ပြီးမှ အစည်းအဝေးခေါ်လိုက်မယ်"
"ဟုတ်ကဲ့"

နှစ်လလောက် တိုက်ယူရမည့် စစ်ပွဲကို သုံးရက်နဲ့ တိုက်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ပင်ပန်းရောပေါ့။

"ဟေ့ကောင်တွေ ငါ မျက်စိများမှားနေတာလား"
"အေး ငါတို့ခေါင်းဆောင် Ger လေးက အားကောင်းမောင်းသန် စစ်သူကြီးကိုပွေ့သွားတယ်❓"
"ခေါင်းဆောင်လေး မဟုတ်တော့ဘူး စစ်သူကြီးထျင်ပါဆို"
"အေးပါကွ ငါသိပါတယ် နှုတ်ကျိုးနေလို့ပါ"
"မင်းသား အရမ်း ကံကောင်းတာပဲ"
"အေးကွာ ဒါနဲ့များ မင်းသားတစ်က ဘာလို့ ပစ်ထားမှန်း စဉ်းစားမရဘူး .. ငါသာဆိုရင် တန်ဖိုးထားပြီး သဲသဲလှုပ် ချစ်မှာ"
"ဟေ့ကောင် မင်း ရူးနေလား .. သေချင်လို့လား ..
မင်းသောက်ပါးစပ်ကို မသရမ်းစမ်းနဲ့ .. မင်းသားသုံးနဲ့ ခေါင်းဆောင်လေးမင်းကို ဓား တစ်ချက်ဝှေ့ပဲ ရှိတယ် .. မဖြစ်နိုင်တာ မမှန်းစမ်းနဲ့"
"ငါက သဘောပြောတာပါကွ .. မမှန်းရဲပါဘူး .. အမလေး တွေးကြည့်တာနဲ့ လည်ပင်းကျိန်းတယ်"

ပိုင်လင်း သူ့တဲကိုပဲ ရိမင်ကို ခေါ်သွားလိုက်သည်။ ခဏတော့ တွန့်ဆုတ်နေပေမယ့် စုရီကိုလည်း မခိုင်းချင်တာမို့ ကိုယ်တ်ိုင်ပဲ ရိမင်တကိုယ်လုံးကို စစ်ဆေး၍ ရေနွေးနဲ့ သန့်ရှင်းပေးပြီး ဒဏ်ရာများကို ဆေးထည့်ပေးသည်။ သူကိုယ်တိုင်လည်း ကိုယ်လက်သန့်စင်ပြီး အဝတ်လဲလိုက်သည်။

"ပိုင်လင်း .. ပိုင်လင်း"
"အွန်း ငါရှိတယ် .. ငါဘေးမှာ ရှိတယ်"
ရိမင်က ယောင်ကာ လိုက်စမ်းနေသည်မို့ ပိုင်လင်းက ခါးစည်းကြိုးကို မြန်မြန်ချည်လိုက်ကာ ရိမင်လက်ကို ဆုပ်ကိုင်လိုက်ပြီး နူးနူးညံ့ညံ့လေးနှင့်
"ငါရှိတယ် ဘာမှ မဖြစ်ဖူး အိပ်တော့"
"အွန်း"

ကုတင်ဘေးမှာ ထိုင်လိုက်သောပိုင်လင်းခါးသေးသေးလေးကို ထွက်ပြေးသွားမှာ ကြောက်သည့်အလား ဖက်ပြီး ပြန်အိပ်ပျော်သွားပြန်သည်။ 5မိနစ် တခါလောက် ထယောင်နေသော ရိမင်ကို ပိုင်လင်းက ကုတင်ဘေးမှာထိုင်ကာ ရင်ဘတ်ပေါ် လက်ကလေးတင်၍ အနားမှာသူရှိနေကြောင်း ပြောပေးနေသည်။

ရိမင် က ချွေးစေးများပြန်နေရာမှ အနည်းငယ် သက်သာလာဟန်ရလာသည်။ ပိုင်လင်းက ရိမင်ကို ချွေးများသုတ်၍ ဆံပင်များ သပ်တင်ပေးကာ ... ဒီကမ္ဘာမှာလည်း ငါ့ချစ်သူက ချောသားပဲ ... နှဖူးကို နမ်းလိုက်သည်။

"ဒေါက် ဒေါက် သခင်လေး စွပ်ပြုတ်ရပါပြီ"
"အွန်း ဝင်ခဲ့ .. "

သခင်လေးက Ger လေးမို့ ယောကျာ်းတွေနဲ့ အရောတဝင် မနေသော်လည်း ခုတော့ မင်းသားက ခါးကို အတင်းဖက်ထားသည်မို့ နေရခက်နေမှာစိုးကာ
"သခင်လေး မင်းသားလက်ကို ဖယ်ပေးရမလား"
"ရတယ် ထားလိုက် .. စားပွဲပဲ ဒီနားရွှေ့ပေး
ကျနော့ကို စာရေးဖို့ ပြင်ပေးပါဦး"
"ဟုတ်ကဲ့ သခင်လေး"
________

ရိမင် နိုးလာတော့ ဘေးမှာ ထိုင်လျှက်သား စားပွဲပေါ်မှောက်အိပ်နေသော ချစ်သူကို တွေ့ရသည်။ စစ်ပွဲ ဘယ်လိုဖြစ်သွားလဲ သူဘယ်လိုလုပ် ပြန်ရောက်လာတာလဲ .. မဟုတ်မှလွဲရော သူ့ကို ပိုင်လင်းကယ်ခဲ့ရပြန်တာလား .. ကလေး .. ကိုယ် တောင်းပန်ပါတယ် .. ကလေးကချည်းပဲ ကိုယ့်ကို ..

ပိုင်လင်း ပေါင်ပေါ်သို့ ခေါင်းကိုရွှေ့ကာ တင်းကြပ်စွာ ဖက်ထားပြီး မျက်နှာကို ဖွက်ထားသည်။ ပိုင်လင်း ခါးက တင်းခနဲ အထိအတွေ့ကြောင့်

"အွန်း ရိမင် နိုးပြီလား ..
စွပ်ပြုတ်သောက်လိုက်ဦး လာ
မင်းအတွက် တခွက် ပြုတ်ခိုင်းထားတယ်"
ရိမင် ခေါင်းခါသည်။
"ကလေး .. ကိုယ် .. "

ခါးကိုဖက်ကာ မျက်နှာကို အတင်းဖွက်ထားသော ကလေးဆန်တဲ့ အပြုအမူလေးကြောင့် ပိုင်လင်း ပြုံးလိုက်ကာ

"ဘာမှ စိတ်မကောင်း မဖြစ်နေနဲ့။ မင်းအစွမ်းကုန်ကြိုးစားခဲ့တာ ငါသိတာမို့ .. လာ လိမ္မာတယ် အစားရှိမှ ဆေးထပ်သောက်လို့ရမှာ စွပ်ပြုတ်လေး အရင်သောက်ထားလိုက်"
"ဟင့်အင်း မသောက်ချင်ဘူး .. ကလေးကို အားနာလွန်းလို့ ဘယ်လိုလုပ်ရမလဲ .. ကိုယ်က ကာကွယ်ပေးရမှာကို"

"မတတ်နိုင်ဘူးလေ မင်းက စကြဝဠာမှာ အတော်ဆုံးလူကို ချစ်သူတော်ထားရတာကိုး ဟီး ဟီး" စိတ်ကျေနပ်အောင် ပြောပေးလိုက်ပေမယ့် ကိုယ့်စကားကိုယ် ရယ်ချင်မိသွားသည်။

"ချစ်သူ .. ချစ်သူလို့ ပြောလိုက်တာလား .."
ပိုင်လင်းက မသိချင်ယောင်ဆောင်ပြီး
"ရိမင် စစ်သူကြီး .. ဒီမှာ စွပ်ပြုတ်သောက်ပါ"
"ကလေး ခွံ့"
"မင်းပြောတော့ မင်းကပဲ ကာကွယ်ပေးမှာဆို ဒီဟာလေး စားရတာကို ဘာခွံ့လဲ .. ကိုယ့်ဟာကိုယ်သောက် .. ငါလည်း ဗိုက်ဆာပြီ.. "

ပြောပြောဆိုဆို ပိုင်လင်းက သူ့အတွက် ခွဲတမ်း တစ်ခွက်ကို ယူသောက်လိုက်သည်။

"အေးသွားပြီ သောက်မကောင်းတော့ဘူး။ စုရီကို ခေါ်ပြီး ပြန်နွှေးခိုင်းလိုက်မယ်"
"နေ နေ ရတယ် ဒါပဲသောက်လိုက်မယ် မခေါ်နေနဲ့ ..
ကလေးနဲ့ နှစ်ယောက်ထဲ ကြာကြာနေချင်လို့"
စွပ်ပြုတ်အေးကို ပန်းကန်လိုက် မော့ချပြီး ဘေးနားက အိပ်ရာကို လက်ဖြင့် ပုတ်ကာ ..

"ကလေး ပင်ပန်းနေတာမဟုတ်ဖူးလား လာအိပ်လှည့်"

သူ့ချစ်သူအကြောင်းသိသော ပိုင်လင်းက ခပ်ဟဟရယ်ကာ
"မအိပ်တော့ဘူး ခနနေ အစည်းအဝေးလုပ်ပြီးရင် မနက်ဖန် နေပြည်တော်ကို ပြန်တော့မလို့"
"ဟမ် ဘာလို့လဲ .. စစ်ပွဲက နိုင်ပြီဆိုပေမယ့် စိတ်ချရသေးတာ မဟုတ်ဖူးလေ"
"အကိုထျင်လဲ့တို့ဘက်မှာ အကူအညီလိုလိမ့်မယ်"
"အဲ့တာဆိုလည်း အခုခဏတော့ ရသေးတယ်မလား"
ပိုင်လင်းကို လှမ်းဆွဲကာ ကုတင်ပေါ် ပစ်လှဲရန် ကြံစည်လိုက်သည်။ သို့သော် ပိုင်လင်းက လှလှပပလေး ရှောင်ထွက်သွားကာ ရယ်နေသည်။

ပိုင်လင်းရဲ့ တိုက်ခိုက်မှုတွေကို စုန့်ရိမင်က သေချာ မြင်ခဲ့ရသူမဟုတ်တော့ အကြောင်းမသိပဲ ထပ်ခါ ထပ်ခါ ကြိုးစားပြန်သည်။ ပိုင်လင်းက အသာအယာပဲ ရှောင်ထွက်ပြီး တဲထဲ ပတ်ပြေးနေကာ 
"ရိမင်စစ်သူကြီး ဒဏ်ရာကြီးနဲ့လေ"

"ကောင်းသွားပြီ"
အံကြိတ်ကာ အခါနှစ်ဆယ်လောက် ထပ်ကြိုးစားသည်။

"ကျနော့ တဲထဲလာပြီး ရိမင်စစ်သူကြီးက ဘာဖြစ်ချင်နေတာလဲ"

နောက်ဆုံး ရိမင် ဘယ်လိုဖမ်းဖမ်း မမိတာကြောင့်မ လက်လျှော့လိုက်ကာ ဆူပုတ်သွားပြီး ထိုင်ခုံမှာ ရေနွေးထိုင်သောက်နေတော့သည်။

"စစ်သူကြီးထျင်က ကိုယ့်ရဲ့ငယ်သားကို အနိုင်ကျင့်တယ်"
"ဘယ်မှာ ကျင့်လို့လဲ"
ပိုင်လင်းက ရယ်လျှက် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ရေနွေးခွက်ကိုင်ကာ လုပ်နေကျအကျင့်အတိုင်း ခွက်ထိုးပေးသည်။

"ဒဏ်ရာကြီးနဲ့လူကို အလျှော့မပေးဘူး"

ရိမင်က ငှဲ့ပေးလိုက်ကာ .. ခွက်ကိုင်ထားသော ပိုင်လင်းလက်ကို အမိအရဖမ်းပြီး ဆွဲဖက်ထားတော့သည်။
"မိပြီ"

ရင်ခွင်ထဲမှာ ခပ်ဟဟ ရယ်နေသော ပိုင်လင်းကို ရိမင်ကြည့်ပြီး အသည်းတွေ ယားလာသည်။ ရိမင် ခေါင်းငုံကာ ပိုင်လင်း၏ နှုတ်ခမ်းဖူးဖူးလေးကို နမ်းလိုက်သည်။ တကယ်နမ်းလာတော့လည်း ပိုင်လင်းမရုန်းဖြစ်ပေ။ သူ့ချစ်သူပဲ ဘာလို့ ရုန်းနေမလဲ။

ဒါပေမယ့် အိပ်ရာကိစ္စက ပြသနာရှိသည်။ သူက ဒီကမ္ဘာမှာ Ger ။ မဆင်ခြင်ရင် ကိုယ်ဝန်ရသွားလိမ့်မယ်။ အစကတည်းကမှ Ger ဆိုတာ ဘာမှန်း မသိနေတဲ့ဟာ .. ကလေးဘယ်လို မွေးမလဲ။ နှစ်ယောက်လုံး အမေလည်း ရှိတာ မဟုတ်ဖူး။ ယောကျာ်းတွေကြားမှာ။ အဲ့ဒီကိစ္စက ရုတ်တရက် လက်ခံလို့ရတဲ့ ကိစ္စမဟုတ်ဖူး။ ပြီးတော့ သူက ကလေး ချစ်တတ်တဲ့သူမျိုးလည်း မဟုတ်ဖူး။ စဉ်းစားကြည့်ရင်ကို သူကဗိုက်ပူနဲ့ .. အားး .. အဆင်ပြေမနေဘူး။

နမ်းတာကို ပြန်မတုံ့ပြန်ပေမယ့် မရုန်းပဲ ငြိမ်ငြိမ်လေး နေပေးတဲ့ ချစ်သူကြောင့် ရိမင် ပျော်ရွှင်မိသည်။ ဒါ ပိုင်လင်းက သူ့ကို လက်ခံလာတာမဟုတ်လား။ သူလောဘမကြီးဘူး။ တဆင့်ချင်းသွားလို့ ရတယ်။

ပိုင်လင်းအစည်းအဝေးမှာ ခုနက ဆွဲထားတဲ့ နောက်လုပ်မယ့် ခံတပ်ပုံစံကို ရှင်းပြပြီး သက်ဆိုင်ရာ တာဝန်များခွဲပေးသည်။ တပ်ခွဲ တစ်ခွဲပဲ ယူသွားပြီး ကျန်တာ ထားခဲ့မည်ဖြစ်ကြောင်း ရှင်းပြသည်။ ထွေထူးမရှိလျှင် နောက် တလအကြာမှာ စုရီနှင့် တပ်အချို့ မူလနေရာသို့ ပြန်ခေါ်မည် ဖြစ်ကြောင်းနဲ့ အရေးကြီးလျှင် စာပို့ခိုလွှတ်ရန် မှာသည်။

ရိမင်ကို ဒဏ်ရာရစေတဲ့အတွက် ပိုင်လင်းက စုန့်ရိရန်ကို မျက်တောင်တချက်တောင်မခတ်ပဲ သတ်လိုက်ကြောင်းနဲ့ ပိုင်လင်းရဲ့ ဦးဆောင်မှုအကြောင်း ပြန်ကြားရတော့ ကြက်သီးတောင်ထမိပြီး အံ့ဩမိသလို .. ပိုင်လင်းရဲ့ အောင်မြင်မှုအတွက်လည်း ဂုဏ်ယူမိသည်။ သူ့ကို ပိုင်လင်း တန်ဖိုးထားကြောင်း သိရတော့လည်း ဝမ်းသာမိသည်။

သူ့ချစ်သူက သူ့ထက်ပင် သိုင်းပညာအဆင့်မြင့်နေတာကိုး။ ခုနက တဲထဲမှာ သူလိုက်ဖမ်းတော့ မမိနေတာကိုး။ သိုင်းပညာအဆင်9 တောင် သူတစ်ယောက်ထဲရှိတာ ပိုင်လင်းက 10 ဆိုတော့ .. ကလေး မင်းက ကိုယ်လှမ်းမမှီအောင် တောက်ပလွန်းတယ်.. ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကိုယ်ကလည်း လက်မလျှော့နိုင်ဘူး။ 

ပိုင်လင်းသွားရာ တကောက်ကောက်လိုက်နေတာမို့
"သွားအိပ်တော့လေ ဘာလုပ်နေတာလဲ"
"ကလေးနဲ့ အိပ်မှာ .. တိုင်ပင်စရာလည်း ရှိတယ်"
"မင်းနဲ့ မအိပ်ပါဘူး .. ဘာကိစ္စလဲ "
".. စုန့်ရိရန်ကိစ္စ"
အစက မောင်းထုတ်မလို့ ပြင်ပြီးမှ စုန့်ရိရန်ဆိုလို့
"အွန်း ပြော .. "
"ကလေးက သူ့ကို သတ်ပစ်တာဆိုတော့ မိဖုရားကြီးက သေချာပေါက် ရန်ရှာမှာ"

"မတတ်နိုင်ဘူး စစ်ပွဲမှာ ကိုယ့်အချင်းချင်း သစ္စာဖောက်ရင် သေဒဏ်ပဲ"
"ဒါပေမယ့် သူတို့က ကလေးကို အမျိုးမျိုး တိုက်ခိုက်တော့မှာ"
"အဲ့တာပဲလား .. အဲ့တာပဲဆို သွားတော့ .. မင်းစိတ်ပူစရာ မလိုဘူး .. ငါလုပ်ထားတာ ငါသိတယ်"

မျက်စိတမှိတ်အတွင်း သူ့ကိုယ်သူတောင် မသိလိုက်ပဲ တဲပြင်ရောက်သွားသည်။

"ဟား .. ပြသနာပဲ .. ကိုယ့်ထက် တော်နေတဲ့ ချစ်သူကို ရထားတာ တကယ် .. .. မသိတော့ဘူးကွာ"

တဲအတွင်းတွင်လည်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းတဗျင်းဗျင်းကုတ်ကာ သက်ပြင်းချနေသူတစ်ယောက် ရှိသကဲ့သို့ တဲအပြင်တွင်လည်း အရူးနတ်ပူးနေသကဲ့သို့ အကြံထုတ်နေသောသူ တစ်ယောက် ရှိလေသည်။

🟥🟥🟥🟥🟥🟥🟥

"ရိမင္ကို စုရီဆီ ပို႔ၿပီးရင္ ငါေျပာတဲ့ေနရာသြားၿပီး မီးရႈိ႕ခဲ့"
"ဟုတ္"
ေဖးက စုန႔္ရိမင္ကို ပုခုံးေပၚ ထမ္းတင္လိုက္ကာ ရိမင္ ဓားကို ေကာက္လိုက္သည္။ ဓားက မ လို႔ မရတာနဲ႔ လက္ေလွ်ာ့ၿပီး ထားခဲ့သည္။ သူေတာင္ ယူလို႔မရတာ ဘယ္သူမွ ရမွာ မဟုတ္ဖူး။ မင္းသားနဲ႔ သခင္ေလးခိုင္းတဲ့ ကိစၥက အေရးႀကီးတယ္။

"ရန္သူ႔ေခါင္းေဆာင္ က်သြားၿပီ။ ခံတပ္ကို သိမ္း"
ဆိုတဲ့ ပိုင္လင္းရဲ႕ ျပတ္သားေသာ ဆုံးျဖတ္ခ်က္၊ လွ်င္ျမန္ေသာ ဓားခ်က္ေအာက္မွာ မည္သူမွ် တခြန္း ျပန္မေျပာရဲၾက။ အင္အားမမွ်ေပမယ့္ ပိုင္လင္းရဲ႕ ခံတပ္သိမ္းအမိန႔္ထြက္ၿပီးသည့္ေနာက္ေတာ့ မည္သူမွ် ျပန္ဆုတ္မလာဝံ့။ တပ္သားေတြအတြက္ေတာ့ ပိုင္လင္းရဲ႕ေဒါသက က်င္းစစ္တပ္ကို သူေသကိုယ္ေသတိုက္ရသည္ထက္ ပိုေၾကာက္စရာေကာင္းသည္။ မ်က္စိတမွိတ္အတြင္းမွာ ေခါင္းေဆာင္ ႏွစ္ဦး ေခါင္းျပတ္သြားသည္ေလ။

ပိုင္လင္း ရိမင္က်ခဲ့ေသာ ဓားကိုေကာက္လိုက္သည္။ ဓားကိုကိုင္လိုက္သည္ႏွင့္ ဓားက ပိုင္ရွင္ကို အသိအမွတ္ျပဳသည့္အလားခရမ္းေရာင္ လွ်ပ္စီးမ်ား လႊမ္းၿခဳံလာသည္။ ပိုင္လင္းက ရိမင္အတြက္ စိုးရိမ္ေနသည့္ၾကားမွ တခ်က္ၿပဳံးကာ ခံတပ္ဘက္ေျပးထြက္သြားသည္။

"သံခ်ပ္ကာတပ္ လွံတပ္ကို ကာေပးလိုက္။
ယႏၲယားတပ္က ခံတပ္တံခါးကို ဖြင့္ဖို႔ပဲ အာ႐ုံစိုက္။
တံတိုင္းေပၚ မတက္ေနနဲ႔။ ခံတပ္အျပင္ကလူေတြကို အရင္ရွင္း ။

ယႏၲရားေမွ်ာ္စင္ေပၚက ျမႇားသမားေတြက ခံတပ္တံတိုင္းေပၚက ျမႇားတပ္ပစ္ဖို႔ အေရးမသာေအာင္ ကာပစ္ေပးထား"

တိက်တဲ့ အမိန႔္သံအဆုံးမွာပိုင္လင္းကိုယ္တိုင္က တံတိုင္းေပၚကို ဘာႀကိဳး ဘာေလွကားမွ မသုံးပဲ ေထာင့္ တေနရာကေန နံရံတစ္ဖက္ တခ်က္ကို ကန္ကာ ေပါ့ပါးစြာ တက္သြားသည္။ စုန႔္စစ္သည္မ်ားက ေလးစားအားက်ရသလို က်င္းစစ္သည္မ်ားကလည္း အံအားသင့္ေနၾကသည္။ ပိုင္လင္းရဲ႕ လွ်င္ခ်က္က ျမႇားနဲ႔ေတာင္ ပစ္ခ်ဖို႔ အခ်ိန္မရလိုက္ေပ။

ေအးစက္ျခင္းမ်ားအတိနဲ႔ နတ္ဆိုးတစ္ေကာင္ကဲ့သို႔ ပိုင္လင္းတိုက္ခိုက္ထိုးေဖာက္သြားရာ တံတိုင္းတစ္ေလွ်ာက္မွာ ခရမ္းေရာင္ လွ်ပ္စီးမ်ား တလက္လက္နဲ႔ ထြက္လာေနသည္။ ရန္သူမ်ား၏ နာက်င္စြာ ေအာ္ဟစ္သံမ်ား၊ ခုခံသံမ်ားက စုန႔္စစ္တပ္ကို စိတ္လႈပ္ရွားေစသည္။ အားတက္ေစသည္။

"ငါတို႔ေခါင္းေဆာင္ေလးက ငါတို႔နဲ႔အတူ တိုက္ပြဲဝင္ေနတယ္။ သူ႔ကို စိတ္မပ်က္ေစနဲ႔။ ခ်ၾက"

စုန႔္လွံသမားမ်ားက သူတို႔ကို ပစ္ေနေသာ တံတိုင္းေပၚမွ ျမႇားတပ္ကို ဂ႐ုမစိုက္ပဲ ... ခံတပ္အျပင္မွ ရန္သူ႔စစ္သားမ်ားကို အစြမ္းကုန္ ထိုးႏွက္ေနသကဲ့သို႔... စုန႔္သံခ်ပ္ကာတပ္သားမ်ားကလည္း လွံသမားမ်ားကို ျမႇားတပ္ရန္မွ လိုက္လံကာကြယ္ေပးထားသည္။

စုန႔္စစ္တပ္က ႏွစ္ေယာက္တတြဲ အေပးအယူမွ်ၿပီး စနစ္က်စြာ တစ္ေယာက္ က်သည္ႏွင့္ တစ္ေယာက္ အစားထိုးတက္၍ တိုက္ခိုက္ေနေပမယ့္  က်င္းတပ္မွာေတာ့ အဓိက ဗ်ဴဟာမႈးက က်သြားၿပီ ျဖစ္သည့္အျပင္ မႀကဳံဖူးသည့္အေျခအေနမို႔ တကြဲတျပားႏွင့္ ေၾကာက္လန႔္တၾကား ခုခံေနရသည္။ ျမႇားနဲ႔လည္း ပစ္မရ။ လူအင္အားသာေနေပမယ့္ လက္နက္ခ်င္းကလည္း မယွဥ္ႏိုင္ေပ။

ေလခြၽန္သံ သုံးခ်က္ ဆင့္ၿပီး ထြက္လာသည္။ တိုက္ပြဲမွာ ဆူညံေနတာမို႔ ဘယ္သူမွမၾကားရေပမယ့္ ပိုင္လင္းက ၾကားသည္။ တခ်ိန္ထဲမွာပဲ ခံတပ္တံခါးက ဝုန္းခနဲ က်ိဳးပ်က္သြားၿပီး အထဲမွ က်င္းစစ္သည္မ်ား ခုခံရန္ ေျပးထြက္လာသည္။

"ျမႇားတပ္"
"ေမွ်ာ္စင္ေတြခ်န္ခဲ့ ေျခလွ်င္တပ္သားေတြ ေနာက္ဆုတ္"
ခံတပ္ထဲမွ ရန္သူမ်ား ေရွ႕ထြက္လာလို႔မရေအာင္ ျမႇားမိုး႐ြာေစသည္။

သူကိုယ္တိုင္လည္း တံတိုင္းေပၚမွ ဆင္းၿပီး ဘယ္သူမွ မေရာက္လာႏိုင္ေသာ အကြာအေဝးထိ ခုန္ဆုတ္လိုက္သည္။

စုန႔္စစ္သည္မ်ားမွာ ခံတပ္တံခါးက်ိဳးသြားလွ်င္ အားႀကိဳးမာန္တက္ တိုက္ရေတာ့မည္ဟု နားလည္ထားေသာ္လည္း ပိုင္လင္းရဲ႕ ျပတ္သားတဲ့ အမိန႔္ကို မည္သူမွ သံသယ မရွိ။ အားလုံး ညီညာစြာ ေနာက္ဆုတ္လိုက္ၾကသည္။
"ဆုတ္ဦး မရေသးဘူး"

ပိုင္လင္းက သူ၏တပ္ကိုလည္း သူ႔နားထိ ဆုတ္ေစသည္။ က်င္းစစ္သည္မ်ား မာန္တင္းၿပီး ေအာ္ဟစ္ထြက္လာေပမယ့္ လာတိုက္မယ့္သူမရွိတာေၾကာင့္ ေၾကာင္တက္ေနသည္။

"က်ေနာ့ကို ခဏထိန္းထားေပး၊ နားခဏပိတ္ထား"
ေျပာၿပီးသည္ႏွင့္ အနားေရာက္လာတဲ့ စစ္သူႀကီးမ်ားကို လွည့္မၾကည့္ပဲ ကုခ်င္းထုတ္ကာ တီးလိုက္သည္။

ပိုင္လင္း၏ ကုခ်င္းသံက ဆိုးဆိုးဝါးဝါးထြက္လာသည္။ ေတာ္႐ုံလူဆို ေဒါသထြက္ၿပီး တီးေနတဲ့သူကို ကုခ်င္းလုယူၿပီး ႐ိုက္ခ်ိဳးခ်င္စိတ္ ျဖစ္သြားႏိုင္သည္။ စုန႔္စစ္သည္မ်ားက နားမ်ားကို အဝတ္မ်ားၿဖဲကာ ဆို႔ထား စည္းထားလိုက္သည္။

ဒီတေခါက္ ထ်င္စစ္သူႀကီးရဲ႕ကုခ်င္းက ဘာကိုရည္႐ြယ္ေနတာလဲ။ သူတို႔မွာ ပထမတစ္ေခါက္လိုမ်ိဳး စိတ္ေရာ ခႏၶာကိုယ္မွာ အေျပာင္းအလဲ ဘာမွရွိမေနဘူး။ နားေထာင္ရတာလည္း ဆိုးလိုက္တာ။

သို႔ေသာ္ ခဏအၾကာမွာ အားလုံး သေဘာေပါက္လိုက္သည္။ လူခႏၶာနီးပါး ႀကီးေသာ ဝံပုေလြႏြယ္ သားရဲႀကီးမ်ားက ေဒါသတႀကီးတဝုန္းဝုန္းႏွင့္ ေျပးလာကာ ခံတပ္တြင္းသို႔ ဝင္သြားၿပီး ေတြ႕သမွ်လူအားလုံးကို ကိုက္ျဖတ္ေတာ့သည္။

တီးေနလွ်က္က
"မီးျမႇား"
"ခဲယမ္း"

အခ်ိန္တစ္ခု ၾကာၿပီးေနာက္မွာ ခံတပ္တြင္းမွ လူေအာ္သံမ်ား တျဖည္းျဖည္းစဲသြားသည္။ ခံတပ္တစ္ခုလုံးလည္း မီးေလာင္ေနၿပီ။ ပိုင္လင္းရဲ႕ သံစဥ္ေျပာင္းသြားသည္။ ၿငိမ့္ၿငိမ့္ေလး ျဖစ္သြားၿပီး ေဒါသထြက္ေနတဲ့ သားရဲမ်ားကို ေခ်ာ့ျမႇဴေနသကဲ့သို႔ ။ သားရဲမ်ားကလည္း တိုက္ခိုက္တာေတြ ေႏွးလာၿပီး ခံတပ္ထဲမွ ဟိုၾကည့္ ဒီၾကည့္နဲ႔ အလ်ိဳလ်ိဳ ထြက္လာသည္။ ပိုင္လင္းတို႔ဘက္ကို ၾကည့္လိုက္သည္။

"ဟင္ သားရဲေတြ ငါတို႔ဆီလာေတာ့မွာလား .. ဒုကၡပါပဲ"
အသက္ေတာင္ ျပင္းျပင္း မရွဴရဲပဲ လက္နက္မ်ား က်စ္က်စ္ပါေအာင္ ကိုင္ၿပီး ေစာင့္ၾကည့္ေနၾကသည္။ သို႔ေသာ္ ပိုင္လင္းက သံစဥ္တစ္ခု ေျပာင္းလိုက္သည္ႏွင့္ ေခါင္းေလးမ်ား တိုးလ်ိဳးသြားၿပီး အၿမီးမ်ားကုပ္ကာ သားရဲတြင္းကို ျပန္သြားၾကသည္။

"ဟင္း" သက္ျပင္းခ်သံမ်ား ဟိုမွ ဒီမွ ထြက္လာသည္။

ပိုင္လင္းက တပ္ခြဲမႈး စစ္သူႀကီး အႀကီးဆုံး သုံးေယာက္ကို ေခၚၿပီး

"သုံ႔ပန္းနဲ႔ လက္နက္ ရိကၡာ တန္ဖိုးရွိတာေတြယူၿပီး နယ္ေျမ25ခံတပ္ကို အဆုံးထိ ဖ်က္ဆီးလိုက္ေတာ့။ က်ေနာ္ ရိမင္ဆီ သြားေတာ့မယ္။ ဖ်က္ဆီးၿပီးရင္ အလံထူၿပီး နယ္ေျမ24 ကို ျပန္ဆုတ္ခဲ့ပါ"
"စစ္သူႀကီးထ်င္ 25 ကို မသိမ္းေတာ့ဘူးလား"
"25 က ခံစစ္အကြက္ခ်လို႔ မေကာင္းဘူး။ 24မွာ ခံစစ္ ခ်ထားရင္ 14/15 မွာ ခံစစ္ထားဖို႔ မလိုေတာ့ဘူး။ 24က ေရွ႕ဆုံးက ခံေပးေနမွာမို႔"
"သေဘာေပါက္ပါၿပီ"

ပိုင္လင္း ေဖးႏွင့္အတူ ရိမင္ရွိရာနယ္ေျမ24 ကို ေျပးထြက္သြားသည္။

'ရွင္း .  ခ်န္က်စ္ေမကို trace လိုက္လို႔ ရၿပီလား'
'ရၿပီ သူ စုန႔္ဘုရင္ကို အဆိပ္ခတ္ေနတယ္။ စုန္လီခ်င္းရဲ႕ တပ္သားေတြသုံးတဲ့ေရကိုလည္း အ႐ိုးေပ်ာ့ေဆးခတ္ၿပီးၿပီ။ အဆိပ္အားလုံး ေနာက္ 7ရက္အတြင္း အာနိသင္ျပမယ္'
'မိဖုရားေခါင္ႀကီးနဲ႔ ခ်န္ေဟာက္ေကာ ..'
'သူတို႔ ပုန္ကန္ဖို႔ ျပင္ေနတယ္။ သူ႔သားလာရင္ အဆင္သင့္ နန္းတက္လို႔ ရေအာင္'
'ဟြန႔္ အိပ္မက္မက္ေနတာပဲ။ သူတို႔ကိုသာ လႊတ္ထားရင္ က်င္းႏိုင္ငံ လက္ေအာက္ ေရာက္ေတာ့မွာ။ ကိုယ့္ဖို႔ပဲ ၾကည့္ၿပီး ေရရွည္မၾကည့္တဲ့သူေတြ ဘယ္လိုမ်ား ဝန္ႀကီးခ်ဳပ္ ျဖစ္ေနမွန္း စဥ္းစားလို႔ မရဘူး'

ေဘးက အတူလိုက္ေျပးေနေသာ ေဖးကို
"ေဖး မင္းဒီေန႔ အရမ္းပင္ပန္းထားတယ္ဆိုတာ သိေပမယ့္ မလႊတ္လို႔လည္းမရေနေတာ့ .."
"သခင္ေလးအတြက္ တစုံတရာ အသုံးဝင္ရင္ကို က်ေနာ့အတြက္ ဂုဏ္ယူစရာပါ"

"ေက်းဇူး .. ေနျပည္ေတာ္ ေရာက္တဲ့အခါ အိမ္ေရွ႕စံနဲ႔ အကိုေတာ္ကို ငါေျပာခိုင္းတဲ့ သတင္းပို႔ၿပီးရင္ ေကာင္းေကာင္း အနားယူပါ"
"ဟုတ္ကဲ့ သခင္ေလး စိတ္ခ်ပါ"
"သြားေတာ့" ပိုင္လင္းက ေဖးကို အေဝးကို တြန္းထုတ္လိုက္သည္။

ေဖးက တာဝန္နဲ႔ သြားရမွာေပမယ့္ ပိုင္လင္းကို စိတ္မခ်လို႔ ခဏခဏ ေနာက္ျပန္လွည့္ၾကည့္မိသည္။ ဒီလိုမွန္းသိရင္ သခင္ေလးကို လူမ်ားမ်ား ေခၚခဲ့ခိုင္းပါတယ္။ ခုေတာ့ သခင္းေလး ပင္ပန္းေနရၿပီ။

ပိုင္လင္းေရွ႕က လူတစ္စုကို ရင္ဆိုင္လိုက္သည္။
စုန႔္ရိရန္၏ ကိုယ္ရံေတာ္တပ္တခ်ိဳ႕ျဖစ္သည္။ စုန႔္ရိရန္၏ ကိုယ္ရံေတာ္တပ္မွာ စုန႔္ရိရန္ ေသဆုံးသြားသည္ႏွင့္ သုံးဖြဲ႕ ကြဲထြက္သြားသည္။ အခ်ိဳ႕မွာ ပိုင္လင္းကို မယွဥ္ႏိုင္မွန္း သိသျဖင့္ ေရွာင္ေျပးသြားၿပီး အခ်ိဳ႕က ပိုင္လင္းကို ျပတ္သားေသာစိတ္ဓာတ္ကို ေလးစားလြန္းတာေၾကာင့္ ပိုင္လင္းရဲ႕ စစ္တပ္အစိတ္အပိုင္းအေနနဲ႔သာ က်န္ခဲ့ခ်င္ၿပီး ယခု ေရွ႕မွာ ေရာက္ေနတဲ့ လူတစ္စုကေတာ့ စုန႔္ရိရန္အတြက္ လက္စားေခ်ခ်င္ေနသည္။

အခုမွ ျပသနာလာရွာရသည့္အေၾကာင္းက စုန႔္ရိရန္ ေသသြားၿပီလို႔ သူတို႔ သိလိုက္တဲ့အခ်ိန္မွာ ပိုင္လင္းက တံတိုင္းေပၚေရာက္သြားႏွင့္ၿပီး သူတို႔က ပိုင္လင္းကဲ့သို႔ တံတိုင္းေပၚလက္လြတ္မတက္ႏိုင္။ ပိုင္လင္း ျပန္ဆင္းလာေတာ့လည္း ဝံပုေလြရန္ကို ေၾကာက္လို႔ ၿငိမ္ေနေပးရသည္။ မၿငိမ္လွ်င္ သူတို႔ပါ ကိုက္စားခံရမယ့္ထဲ ပါႏိုင္သည္။ အခုေတာ့ အခြင့္အေရးရၿပီ။ ပိုင္လင္းကိုသာ သတ္လိုက္ရင္ စုန႔္ရိရန္အတြက္ ကလဲ့စားေခ်ရာ ေရာက္သြားၿပီး အနည္းဆုံးေတာ့ အသက္ခ်မ္းသာေပးပါရန္ ေတာင္းဆိုႏိုင္ေလာက္သည္။

သို႔ေပမယ့္ အခုလိုလုပ္တဲ့အတြက္ ပိုင္လင္းက ခ်မ္းသာမေပးေလာက္ဖူးဆိုတာေတာ့ သူတို႔ နားမလည္။ Ger တစ္ေယာင္ ျဖစ္တဲ့ ပိုင္လင္းကို အထင္မႀကီး။ ရန္သူ႔ေခါင္းေဆာင္ ႏွစ္ေယာက္ကို ကံေကာင္းလို႔သာ သတ္လိုက္ႏိုင္တာဟု ယူဆသည္။ Ger တစ္ေယာက္က ရန္သူ႔ေခါင္းေဆာင္ႏွစ္ေယာက္ကို တၿပိဳင္တည္း သတ္လိုက္ပါတယ္လို႔ ဘယ္သူ႔ကို သြားေျပာေျပာ ယုံမွာ မဟုတ္ေခ်။ ၿပီးေတာ့ အမ်ားနဲ႔ တစ္ေယာက္။ ေရွ႕မွာလည္း တိုက္ခိုက္ထားေတာ့ ဘယ္ေလာက္ေတာ္ေတာ္ လက္ပန္းက်ေနေလာက္ၿပီဟု ယူဆလွ်က္ ေရွ႕တိုးလာသည္။

ပိုင္လင္း စိတ္ပူလွၿပီ။ ရိမင္ဆီ ေရာက္ခ်င္လွၿပီ။ ဆက္တိုက္ လႈပ္ရွားထားေသာ လက္ေမာင္းႏွစ္ဖက္လုံးမွာလည္း အံေသလုနီးပါး ျဖစ္ေနၿပီ။  ၿပီးေတာ့ သူတို႔သည္ သာမာန္ အဆင့္ 4/5 က်င္းစစ္သည္မ်ားမဟုတ္၊ အဆင့္6/7 ရွိတဲ့ သိုင္းပညာရွင္မ်ား ျဖစ္သည္။ ေရွ႕က လာတားေနေသာ အုပ္စုကို တကယ္ စိတ္မရွည္ေတာ့။ သို႔ေသာ္ သူ႔မွာ ေ႐ြးစရာ မရွိ။ စုန႔္စစ္တပ္ကလည္း ဒီအဖြဲ႕ကို ႏိုင္မည္မဟုတ္ သူပဲ ကိုင္တြယ္ရလိမ့္မည္။ ပိုင္လင္း ေျခတခ်က္ေဆာင့္ကာ ထြက္ေျပးလိုက္သည္။

"ညီအကိုတို႔ လိုက္ၾက  သခင္ေလးအတြက္ လက္စားေခ်ရမယ္"

ပိုင္လင္းေရွ႕မွ ခုခံရင္း ေျပးေနသည္။ ဓားခ်က္မ်ားက ပိုင္လင္း၏ေသကြင္း ေသကြက္မ်ားကို ဦးတည္ေနသည္။ ေရွာင္ရင္း ခုခံရင္းနဲ႔ပင္ ဓားခ်က္ တစ္ခ်က္မွာ ေခါင္းငုံေရွာင္တာ ေနာက္က်သြားသျဖင့္ ဆံထိုးကို ကို ခုတ္မိသြားကာ ႏွစ္ျခမ္းျပတ္သြားၿပီး ဆံပင္မ်ားက ေျပက်လာသည္။

ပိုင္လင္းမ်က္လုံးအစုံက ရဲလာသည္။ ငါမင္းတို႔ကို ခြင့္မလႊတ္ဖူး။ တစ္ေနရာေရာက္ေသာ္ ပိုင္လင္းက ေျမျပင္ကို တခ်က္ပဲ လွ်ပ္ေထာက္ကာ အေဝးကို ကြၽမ္းပစ္ၿပီး လွမ္းခုန္၍ လက္တစ္ဖက္ကို ေနာက္ပစ္ကာ ေစာင့္ေနသည္။ ေငြေရာင္ဆံႏြယ္မ်ားက ပုခုံးမွ ဝဲလွ်က္ ေသြးမ်ား အျပည့္နဲ႔ အနက္ေရာင္ ဝတ္စုံမွာ ဓားတစ္ေခ်ာင္းကို ခါးမွာ ပတ္ထားၿပီး တစ္ေခ်ာင္းကို လက္ကတစ္ေစာင္းအေနအထားနဲ႔ ေအာက္စိုက္ထားသည္။

ကိုယ္ရံေတာ္မ်ားက ပိုင္လင္း လက္ေလွ်ာ့ၿပီး ျပန္တိုက္ေတာ့မည္ဟု ထင္လိုက္ၿပီး အတင္းတက္လာၾကသည္။ ပိုင္လင္းက ေရွ႕တိုးလာျခင္းမရွိပဲ ကာ႐ုံပဲ ကာၿပီး ကြၽံထြက္လာသူမ်ားကို ေနာက္သို႔လႊင့္သြားေအာင္ ႐ိုက္ခ် ကန္ခ်ေနသည္။ ခဏပဲ ၾကာလိုက္ၿပီး အားလုံးရင္ထဲမွာ ထိတ္ခနဲျဖစ္သြားသည္။ ခုနက ေဇာနဲ႔မို႔ မသိေပမယ့္ အခု သူတို႔ ေျခေထာက္ေတြ ႐ုန္းမရေတာ့ ။ ပိုင္လင္းက အားလုံးကို ေသလူမ်ားကဲ့သို႔ စိုက္ၾကည့္ကာ မဲ့ၿပဳံး ၿပဳံးသြားၿပီး က်ိဳးက်သြားသည့္ ဆံထိုးကို ရွင္းအကူအညီနဲ႔ ျပန္ရွာ၍ ေကာက္လိုက္သည္။

သြားၿပီ။ စုန႔္တပ္ကို သစၥာေဖာက္ခဲ့သည့္အတြက္ အခုအခ်ိန္မွ ကယ္ပါေခၚလည္း လာကယ္ေတာ့မည္မဟုတ္။ ပိုင္လင္းကို တိုးလွ်ိဳးေတာင္းပန္ရေအာင္လည္း ပိုင္လင္းက ရွိမေနေတာ့။
..........

စုရီ ျပာေနသည္။ သခင္ေလးက စည္ႏွစ္ခ်က္တီးအတြင္း ျပန္လာမယ္ေျပာေပမယ့္ ခုထိ ေရာက္မလာေသး။ သာမာန္ ထိခိုက္ရွနာ ေျချပတ္ လက္ျပတ္သည္အထိ စုရီ ၾကည့္ထားေပးႏိုင္ေပမယ့္ မင္းသားက အဆိပ္မိထားတာ ျဖစ္ၿပီး သခင္ေလး ပထမတိုက္ထားတဲ့ ေဆးအစြမ္းျပယ္သြားကတည္းက ေသြးမ်ား ေတာက္ေလွ်ာက္ အန္ေနသည္။

"သခင္ေလး .."
ပိုင္လင္း ကုသေဆာင္ထဲ ဝင္လိုက္သည္ႏွင့္ အားကိုးတႀကီး ေခၚလိုက္သည္။ စုရီက ရိမင္ရဲ႕ ေရာဂါလကၡဏာမ်ားကို ေျပာျပသည္။ ပိုင္လင္းက စုရီ ေျပာျပသမွ် ေသခ်ာနားေထာင္ၿပီး အေျခအေနနဲ႔ လက္ေမာင္းဒဏ္ရာကို အကဲခတ္ကာ သိုေလွာင္အိတ္ထဲမွ ေျဖေဆး တစ္ခုကို ထုတ္ယူ၍ စုန႔္ရိမင္ကို တိုက္လိုက္သည္။

စုရီက ပိုင္လင္းလက္ထဲ ေဆးပုလင္း ဘယ္လိုေရာက္လာမွန္း မသိေပမယ့္ စဥ္းစားေနခ်ိန္မရွိ။
ပိုင္လင္းက
"စုရီ စြပ္ျပဳတ္ ႏွစ္ေယာက္စာ ျပဳတ္ထားေပး က်န္တာ က်ေနာ္လုပ္လိုက္မယ္ ရတယ္"

ပိုင္လင္းက မ်က္ႏွာက အန္ထားတဲ့ ေသြးမ်ားကို သန႔္စင္ေပးၿပီး ေနသာေစရန္ ေခါင္းေဆာင္းႏွင့္ သံခ်ပ္ကာမ်ား ျဖဳတ္ေပးလိုက္သည္။ ေသြးေၾကာပိတ္ဆို႔ေနေသာေနရာမ်ားကို အပ္စိုက္ကုသေပး၍ အဆိပ္ေျဖေဆးက ေသြးေၾကာတစ္ေလွ်ာက္ အဆင္ေျပစြာ လည္ပတ္ေစရန္ အနည္းငယ္ ႏွိပ္နယ္ေပးသည္။

'ရိမင္ ေတာင္းပန္ပါတယ္ ငါဒီထက္ နည္းနည္းပိုၿပီး သတိထားရင္ မင္းထိခိုက္ရမွာ မဟုတ္ဖူး'

အဆိပ္နဲ႔ ေျဖေဆးတိုက္ခိုက္ေနဟန္ရွိေသာေၾကာင့္ ရိမင္က တုန္တက္ေနသည္။ ေဆးကုသေဆာင္မွာ ျဖစ္ေနတာမို႔ ခနေန ဒဏ္ရာရ စစ္သားမ်ား ေရာက္လာလွ်င္ ေနရာထိုင္ခင္း အဆင္မေျပမွာစိုးကာ ပိုင္လင္းက ရိမင္ကို သူ႔တဲထဲ ေျပာင္းေ႐ႊ႕ဖို႔ ထြက္လာလိုက္သည္။

ေသြးမ်ား ဗလပြႏွင့္ က်စ္လစ္ေပမယ့္ ခႏၶာကိုယ္ေသးေသးသြယ္သြယ္ အနက္ေရာင္ဝတ္ပိုင္လင္းက ... အတြင္းအဝတ္အျဖဴတထည္ႏွင့္ ဆံပင္မ်ား ျဖန႔္က်ေနေသာ မင္းသားကို အလြယ္တကူ ေစြ႕ခနဲ႔ ေပြ႕ခ်ီလွ်က္ အျပင္ထြက္လာစဥ္ တိုက္ပြဲမွ ျပန္ေရာက္လာေသာ ေခါင္းေဆာင္အခ်ိဳ႕ႏွင့္ တိုးကာ

"စစ္သူႀကီး က်ေနာ္တို႔ ျပန္ေရာက္ၿပီ"
"အြန္း ခုေတာ့ နားလိုက္ေတာ့ ၿပီးမွ အစည္းအေဝးေခၚလိုက္မယ္"
"ဟုတ္ကဲ့"

ႏွစ္လေလာက္ တိုက္ယူရမည့္ စစ္ပြဲကို သုံးရက္နဲ႔ တိုက္ဖို႔ဆိုတာ လြယ္တာမွ မဟုတ္တာ။ ပင္ပန္းေရာေပါ့။

"ေဟ့ေကာင္ေတြ ငါ မ်က္စိမ်ားမွားေနတာလား"
"ေအး ငါတို႔ေခါင္းေဆာင္ Ger ေလးက အားေကာင္းေမာင္းသန္ စစ္သူႀကီးကိုေပြ႕သြားတယ္❓"
"ေခါင္းေဆာင္ေလး မဟုတ္ေတာ့ဘူး စစ္သူႀကီးထ်င္ပါဆို"
"ေအးပါကြ ငါသိပါတယ္ ႏႈတ္က်ိဳးေနလို႔ပါ"
"မင္းသား အရမ္း ကံေကာင္းတာပဲ"
"ေအးကြာ ဒါနဲ႔မ်ား မင္းသားတစ္က ဘာလို႔ ပစ္ထားမွန္း စဥ္းစားမရဘူး .. ငါသာဆိုရင္ တန္ဖိုးထားၿပီး သဲသဲလႈပ္ ခ်စ္မွာ"
"ေဟ့ေကာင္ မင္း ႐ူးေနလား .. ေသခ်င္လို႔လား ..
မင္းေသာက္ပါးစပ္ကို မသရမ္းစမ္းနဲ႔ .. မင္းသားသုံးနဲ႔ ေခါင္းေဆာင္ေလးမင္းကို ဓား တစ္ခ်က္ေဝွ႔ပဲ ရွိတယ္ .. မျဖစ္ႏိုင္တာ မမွန္းစမ္းနဲ႔"
"ငါက သေဘာေျပာတာပါကြ .. မမွန္းရဲပါဘူး .. အမေလး ေတြးၾကည့္တာနဲ႔ လည္ပင္းက်ိန္းတယ္"

ပိုင္လင္း သူ႔တဲကိုပဲ ရိမင္ကို ေခၚသြားလိုက္သည္။ ခဏေတာ့ တြန႔္ဆုတ္ေနေပမယ့္ စုရီကိုလည္း မခိုင္းခ်င္တာမို႔ ကိုယ္တိုင္ပဲ ရိမင္တကိုယ္လုံးကို စစ္ေဆး၍ ေရေႏြးနဲ႔ သန႔္ရွင္းေပးၿပီး ဒဏ္ရာမ်ားကို ေဆးထည့္ေပးသည္။ သူကိုယ္တိုင္လည္း ကိုယ္လက္သန႔္စင္ၿပီး အဝတ္လဲလိုက္သည္။

"ပိုင္လင္း .. ပိုင္လင္း"
"အြန္း ငါရွိတယ္ .. ငါေဘးမွာ ရွိတယ္"
ရိမင္က ေယာင္ကာ လိုက္စမ္းေနသည္မို႔ ပိုင္လင္းက ခါးစည္းႀကိဳးကို ျမန္ျမန္ခ်ည္လိုက္ကာ ရိမင္လက္ကို ဆုပ္ကိုင္လိုက္ၿပီး ႏူးႏူးညံ့ညံ့ေလးႏွင့္
"ငါရွိတယ္ ဘာမွ မျဖစ္ဖူး အိပ္ေတာ့"
"အြန္း"

ကုတင္ေဘးမွာ ထိုင္လိုက္ေသာပိုင္လင္းခါးေသးေသးေလးကို ထြက္ေျပးသြားမွာ ေၾကာက္သည့္အလား ဖက္ၿပီး ျပန္အိပ္ေပ်ာ္သြားျပန္သည္။ 5မိနစ္ တခါေလာက္ ထေယာင္ေနေသာ ရိမင္ကို ပိုင္လင္းက ကုတင္ေဘးမွာထိုင္ကာ ရင္ဘတ္ေပၚ လက္ကေလးတင္၍ အနားမွာသူရွိေနေၾကာင္း ေျပာေပးေနသည္။

ရိမင္ က ေခြၽးေစးမ်ားျပန္ေနရာမွ အနည္းငယ္ သက္သာလာဟန္ရလာသည္။ ပိုင္လင္းက ရိမင္ကို ေခြၽးမ်ားသုတ္၍ ဆံပင္မ်ား သပ္တင္ေပးကာ ... ဒီကမာၻမွာလည္း ငါ့ခ်စ္သူက ေခ်ာသားပဲ ... ႏွဖူးကို နမ္းလိုက္သည္။

"ေဒါက္ ေဒါက္ သခင္ေလး စြပ္ျပဳတ္ရပါၿပီ"
"အြန္း ဝင္ခဲ့ .. "

သခင္ေလးက Ger ေလးမို႔ ေယာက်ာ္းေတြနဲ႔ အေရာတဝင္ မေနေသာ္လည္း ခုေတာ့ မင္းသားက ခါးကို အတင္းဖက္ထားသည္မို႔ ေနရခက္ေနမွာစိုးကာ
"သခင္ေလး မင္းသားလက္ကို ဖယ္ေပးရမလား"
"ရတယ္ ထားလိုက္ .. စားပြဲပဲ ဒီနားေ႐ႊ႕ေပး
က်ေနာ့ကို စာေရးဖို႔ ျပင္ေပးပါဦး"
"ဟုတ္ကဲ့ သခင္ေလး"
________

ရိမင္ ႏိုးလာေတာ့ ေဘးမွာ ထိုင္လွ်က္သား စားပြဲေပၚေမွာက္အိပ္ေနေသာ ခ်စ္သူကို ေတြ႕ရသည္။ စစ္ပြဲ ဘယ္လိုျဖစ္သြားလဲ သူဘယ္လိုလုပ္ ျပန္ေရာက္လာတာလဲ .. မဟုတ္မွလြဲေရာ သူ႔ကို ပိုင္လင္းကယ္ခဲ့ရျပန္တာလား .. ကေလး .. ကိုယ္ ေတာင္းပန္ပါတယ္ .. ကေလးကခ်ည္းပဲ ကိုယ့္ကို ..

ပိုင္လင္း ေပါင္ေပၚသို႔ ေခါင္းကိုေ႐ႊ႕ကာ တင္းၾကပ္စြာ ဖက္ထားၿပီး မ်က္ႏွာကို ဖြက္ထားသည္။ ပိုင္လင္း ခါးက တင္းခနဲ အထိအေတြ႕ေၾကာင့္

"အြန္း ရိမင္ ႏိုးၿပီလား ..
စြပ္ျပဳတ္ေသာက္လိုက္ဦး လာ
မင္းအတြက္ တခြက္ ျပဳတ္ခိုင္းထားတယ္"
ရိမင္ ေခါင္းခါသည္။
"ကေလး .. ကိုယ္ .. "

ခါးကိုဖက္ကာ မ်က္ႏွာကို အတင္းဖြက္ထားေသာ ကေလးဆန္တဲ့ အျပဳအမူေလးေၾကာင့္ ပိုင္လင္း ၿပဳံးလိုက္ကာ

"ဘာမွ စိတ္မေကာင္း မျဖစ္ေနနဲ႔။ မင္းအစြမ္းကုန္ႀကိဳးစားခဲ့တာ ငါသိတာမို႔ .. လာ လိမၼာတယ္ အစားရွိမွ ေဆးထပ္ေသာက္လို႔ရမွာ စြပ္ျပဳတ္ေလး အရင္ေသာက္ထားလိုက္"
"ဟင့္အင္း မေသာက္ခ်င္ဘူး .. ကေလးကို အားနာလြန္းလို႔ ဘယ္လိုလုပ္ရမလဲ .. ကိုယ္က ကာကြယ္ေပးရမွာကို"

"မတတ္ႏိုင္ဘူးေလ မင္းက စၾကဝဠာမွာ အေတာ္ဆုံးလူကို ခ်စ္သူေတာ္ထားရတာကိုး ဟီး ဟီး" စိတ္ေက်နပ္ေအာင္ ေျပာေပးလိုက္ေပမယ့္ ကိုယ့္စကားကိုယ္ ရယ္ခ်င္မိသြားသည္။

"ခ်စ္သူ .. ခ်စ္သူလို႔ ေျပာလိုက္တာလား .."
ပိုင္လင္းက မသိခ်င္ေယာင္ေဆာင္ၿပီး
"ရိမင္ စစ္သူႀကီး .. ဒီမွာ စြပ္ျပဳတ္ေသာက္ပါ"
"ကေလး ခြံ႕"
"မင္းေျပာေတာ့ မင္းကပဲ ကာကြယ္ေပးမွာဆို ဒီဟာေလး စားရတာကို ဘာခြံ႕လဲ .. ကိုယ့္ဟာကိုယ္ေသာက္ .. ငါလည္း ဗိုက္ဆာၿပီ.. "

ေျပာေျပာဆိုဆို ပိုင္လင္းက သူ႔အတြက္ ခြဲတမ္း တစ္ခြက္ကို ယူေသာက္လိုက္သည္။

"ေအးသြားၿပီ ေသာက္မေကာင္းေတာ့ဘူး။ စုရီကို ေခၚၿပီး ျပန္ေႏႊးခိုင္းလိုက္မယ္"
"ေန ေန ရတယ္ ဒါပဲေသာက္လိုက္မယ္ မေခၚေနနဲ႔ ..
ကေလးနဲ႔ ႏွစ္ေယာက္ထဲ ၾကာၾကာေနခ်င္လို႔"
စြပ္ျပဳတ္ေအးကို ပန္းကန္လိုက္ ေမာ့ခ်ၿပီး ေဘးနားက အိပ္ရာကို လက္ျဖင့္ ပုတ္ကာ ..

"ကေလး ပင္ပန္းေနတာမဟုတ္ဖူးလား လာအိပ္လွည့္"

သူ႔ခ်စ္သူအေၾကာင္းသိေသာ ပိုင္လင္းက ခပ္ဟဟရယ္ကာ
"မအိပ္ေတာ့ဘူး ခနေန အစည္းအေဝးလုပ္ၿပီးရင္ မနက္ဖန္ ေနျပည္ေတာ္ကို ျပန္ေတာ့မလို႔"
"ဟမ္ ဘာလို႔လဲ .. စစ္ပြဲက ႏိုင္ၿပီဆိုေပမယ့္ စိတ္ခ်ရေသးတာ မဟုတ္ဖူးေလ"
"အကိုထ်င္လဲ့တို႔ဘက္မွာ အကူအညီလိုလိမ့္မယ္"
"အဲ့တာဆိုလည္း အခုခဏေတာ့ ရေသးတယ္မလား"
ပိုင္လင္းကို လွမ္းဆြဲကာ ကုတင္ေပၚ ပစ္လွဲရန္ ႀကံစည္လိုက္သည္။ သို႔ေသာ္ ပိုင္လင္းက လွလွပပေလး ေရွာင္ထြက္သြားကာ ရယ္ေနသည္။

ပိုင္လင္းရဲ႕ တိုက္ခိုက္မႈေတြကို စုန႔္ရိမင္က ေသခ်ာ ျမင္ခဲ့ရသူမဟုတ္ေတာ့ အေၾကာင္းမသိပဲ ထပ္ခါ ထပ္ခါ ႀကိဳးစားျပန္သည္။ ပိုင္လင္းက အသာအယာပဲ ေရွာင္ထြက္ၿပီး တဲထဲ ပတ္ေျပးေနကာ 
"ရိမင္စစ္သူႀကီး ဒဏ္ရာႀကီးနဲ႔ေလ"

"ေကာင္းသြားၿပီ"
အံႀကိတ္ကာ အခါႏွစ္ဆယ္ေလာက္ ထပ္ႀကိဳးစားသည္။

"က်ေနာ့ တဲထဲလာၿပီး ရိမင္စစ္သူႀကီးက ဘာျဖစ္ခ်င္ေနတာလဲ"

ေနာက္ဆုံး ရိမင္ ဘယ္လိုဖမ္းဖမ္း မမိတာေၾကာင့္မ လက္ေလွ်ာ့လိုက္ကာ ဆူပုတ္သြားၿပီး ထိုင္ခုံမွာ ေရေႏြးထိုင္ေသာက္ေနေတာ့သည္။

"စစ္သူႀကီးထ်င္က ကိုယ့္ရဲ႕ငယ္သားကို အႏိုင္က်င့္တယ္"
"ဘယ္မွာ က်င့္လို႔လဲ"
ပိုင္လင္းက ရယ္လွ်က္ စားပြဲတြင္ ဝင္ထိုင္လိုက္ၿပီး ေရေႏြးခြက္ကိုင္ကာ လုပ္ေနက်အက်င့္အတိုင္း ခြက္ထိုးေပးသည္။

"ဒဏ္ရာႀကီးနဲ႔လူကို အေလွ်ာ့မေပးဘူး"

ရိမင္က ငွဲ႔ေပးလိုက္ကာ .. ခြက္ကိုင္ထားေသာ ပိုင္လင္းလက္ကို အမိအရဖမ္းၿပီး ဆြဲဖက္ထားေတာ့သည္။
"မိၿပီ"

ရင္ခြင္ထဲမွာ ခပ္ဟဟ ရယ္ေနေသာ ပိုင္လင္းကို ရိမင္ၾကည့္ၿပီး အသည္းေတြ ယားလာသည္။ ရိမင္ ေခါင္းငုံကာ ပိုင္လင္း၏ ႏႈတ္ခမ္းဖူးဖူးေလးကို နမ္းလိုက္သည္။ တကယ္နမ္းလာေတာ့လည္း ပိုင္လင္းမ႐ုန္းျဖစ္ေပ။ သူ႔ခ်စ္သူပဲ ဘာလို႔ ႐ုန္းေနမလဲ။

ဒါေပမယ့္ အိပ္ရာကိစၥက ျပသနာရွိသည္။ သူက ဒီကမာၻမွာ Ger ။ မဆင္ျခင္ရင္ ကိုယ္ဝန္ရသြားလိမ့္မယ္။ အစကတည္းကမွ Ger ဆိုတာ ဘာမွန္း မသိေနတဲ့ဟာ .. ကေလးဘယ္လို ေမြးမလဲ။ ႏွစ္ေယာက္လုံး အေမလည္း ရွိတာ မဟုတ္ဖူး။ ေယာက်ာ္းေတြၾကားမွာ။ အဲ့ဒီကိစၥက ႐ုတ္တရက္ လက္ခံလို႔ရတဲ့ ကိစၥမဟုတ္ဖူး။ ၿပီးေတာ့ သူက ကေလး ခ်စ္တတ္တဲ့သူမ်ိဳးလည္း မဟုတ္ဖူး။ စဥ္းစားၾကည့္ရင္ကို သူကဗိုက္ပူနဲ႔ .. အားး .. အဆင္ေျပမေနဘူး။

နမ္းတာကို ျပန္မတုံ႔ျပန္ေပမယ့္ မ႐ုန္းပဲ ၿငိမ္ၿငိမ္ေလး ေနေပးတဲ့ ခ်စ္သူေၾကာင့္ ရိမင္ ေပ်ာ္႐ႊင္မိသည္။ ဒါ ပိုင္လင္းက သူ႔ကို လက္ခံလာတာမဟုတ္လား။ သူေလာဘမႀကီးဘူး။ တဆင့္ခ်င္းသြားလို႔ ရတယ္။

ပိုင္လင္းအစည္းအေဝးမွာ ခုနက ဆြဲထားတဲ့ ေနာက္လုပ္မယ့္ ခံတပ္ပုံစံကို ရွင္းျပၿပီး သက္ဆိုင္ရာ တာဝန္မ်ားခြဲေပးသည္။ တပ္ခြဲ တစ္ခြဲပဲ ယူသြားၿပီး က်န္တာ ထားခဲ့မည္ျဖစ္ေၾကာင္း ရွင္းျပသည္။ ေထြထူးမရွိလွ်င္ ေနာက္ တလအၾကာမွာ စုရီႏွင့္ တပ္အခ်ိဳ႕ မူလေနရာသို႔ ျပန္ေခၚမည္ ျဖစ္ေၾကာင္းနဲ႔ အေရးႀကီးလွ်င္ စာပို႔ခိုလႊတ္ရန္ မွာသည္။

ရိမင္ကို ဒဏ္ရာရေစတဲ့အတြက္ ပိုင္လင္းက စုန႔္ရိရန္ကို မ်က္ေတာင္တခ်က္ေတာင္မခတ္ပဲ သတ္လိုက္ေၾကာင္းနဲ႔ ပိုင္လင္းရဲ႕ ဦးေဆာင္မႈအေၾကာင္း ျပန္ၾကားရေတာ့ ၾကက္သီးေတာင္ထမိၿပီး အံ့ဩမိသလို .. ပိုင္လင္းရဲ႕ ေအာင္ျမင္မႈအတြက္လည္း ဂုဏ္ယူမိသည္။ သူ႔ကို ပိုင္လင္း တန္ဖိုးထားေၾကာင္း သိရေတာ့လည္း ဝမ္းသာမိသည္။

သူ႔ခ်စ္သူက သူ႔ထက္ပင္ သိုင္းပညာအဆင့္ျမင့္ေနတာကိုး။ ခုနက တဲထဲမွာ သူလိုက္ဖမ္းေတာ့ မမိေနတာကိုး။ သိုင္းပညာအဆင္9 ေတာင္ သူတစ္ေယာက္ထဲရွိတာ ပိုင္လင္းက 10 ဆိုေတာ့ .. ကေလး မင္းက ကိုယ္လွမ္းမမွီေအာင္ ေတာက္ပလြန္းတယ္.. ဒါေပမယ့္ ဘယ္လိုလုပ္မလဲ ကိုယ္ကလည္း လက္မေလွ်ာ့ႏိုင္ဘူး။ 

ပိုင္လင္းသြားရာ တေကာက္ေကာက္လိုက္ေနတာမို႔
"သြားအိပ္ေတာ့ေလ ဘာလုပ္ေနတာလဲ"
"ကေလးနဲ႔ အိပ္မွာ .. တိုင္ပင္စရာလည္း ရွိတယ္"
"မင္းနဲ႔ မအိပ္ပါဘူး .. ဘာကိစၥလဲ "
".. စုန႔္ရိရန္ကိစၥ"
အစက ေမာင္းထုတ္မလို႔ ျပင္ၿပီးမွ စုန႔္ရိရန္ဆိုလို႔
"အြန္း ေျပာ .. "
"ကေလးက သူ႔ကို သတ္ပစ္တာဆိုေတာ့ မိဖုရားႀကီးက ေသခ်ာေပါက္ ရန္ရွာမွာ"

"မတတ္ႏိုင္ဘူး စစ္ပြဲမွာ ကိုယ့္အခ်င္းခ်င္း သစၥာေဖာက္ရင္ ေသဒဏ္ပဲ"
"ဒါေပမယ့္ သူတို႔က ကေလးကို အမ်ိဳးမ်ိဳး တိုက္ခိုက္ေတာ့မွာ"
"အဲ့တာပဲလား .. အဲ့တာပဲဆို သြားေတာ့ .. မင္းစိတ္ပူစရာ မလိုဘူး .. ငါလုပ္ထားတာ ငါသိတယ္"

မ်က္စိတမွိတ္အတြင္း သူ႔ကိုယ္သူေတာင္ မသိလိုက္ပဲ တဲျပင္ေရာက္သြားသည္။

"ဟား .. ျပသနာပဲ .. ကိုယ့္ထက္ ေတာ္ေနတဲ့ ခ်စ္သူကို ရထားတာ တကယ္ .. .. မသိေတာ့ဘူးကြာ"

တဲအတြင္းတြင္လည္း စိတ္ပ်က္လက္ပ်က္နဲ႔ ေခါင္းတဗ်င္းဗ်င္းကုတ္ကာ သက္ျပင္းခ်ေနသူတစ္ေယာက္ ရွိသကဲ့သို႔ တဲအျပင္တြင္လည္း အ႐ူးနတ္ပူးေနသကဲ့သို႔ အႀကံထုတ္ေနေသာသူ တစ္ေယာက္ ရွိေလသည္။

Continue Reading

You'll Also Like

137K 4.7K 34
၁၉၆၀ခုနှစ်နောက်ခံအိမ်ထောင်ရေးဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ ရှေးရိုးဆန်တဲ့မိသားစုကနေ အင်မတန်စည်းကမ်းတင်းကြပ်ခံရတဲ့မိန်းခလေးတစ်ယောက်ရဲ့ဘဝ၊အချစ်နဲ့အိမ်ထေ...
620K 50.3K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
1.3M 63.4K 128
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
136K 14.9K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...