" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို...

By lynnlaekabyar

18K 1.4K 337

ငယ် က သံယောဇဥ်တွေကို အချစ် လို့သတ်မှတ်လိုက်တာ ငယ် ကိုကို့ ကိုချစ်နေရင်ပဲရပြီမို့ ငယ် ကိုကို့ ကိုဒီတိုင်းလေးပဲ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30 - Final
To my vitamins 💛

Part 17

480 43 1
By lynnlaekabyar

" ကိုကို့ ရဲ့ ငယ် - 17 "


"ကိုကို"

"ပြောလေ ငယ်"

"ပျင်းလိုက်တာ ဝှါး..."

Yeol ပုခုံးကိုမှီပြီး ကာတွန်းကြည့်နေရင်းက အပျင်းတွေဘာတွေဆန့်ပြီး ပြောနေတဲ့ Kyung Soo ရယ်

ပျင်းတယ်သာပြောတာ အငြိမ်ကိုမနေဘူး တစ်အိမ်လုံး သူ့ခြေရာချည်းပဲ
ဒီကြားထဲ Mart သွားချင်ပါတယ် လုပ်လို့လုပ် တကယ်ထိန်းမနိုင်တဲ့ ကလေး မဟုတ်ဘူး ကလေး လို့ပြောလို့မဖြစ်ဘူး လူကြီးပေါက်စ
Suho လာခေါ်မယ်ပြောထားတော့ Kyung Soo စိတ်ချလက်ချကိုနေနေတာ အိမ်ဘက်ကိုလှည့်တောင်မကြည့်ဖြစ်ဘူး

"ခြံထဲသွားမလား"

"အွန်း"

Kyung Soo. Yeol နောက် ယက်ကန်ယက်ကန်နဲ့လိုက်လာတယ်

အင့်~

Yeol နောက်ဘက်ကအသံကြားလို့ လှည့်ကြည့်လိုက်မှ မြက်ခင်းပေါ် ပြဲပြဲကွဲကွဲထိုင်ချလိုက်တဲ့ Kyung Soo ရယ်

"ငယ် ဘယ်လို..."

"ကိုကို လာထိုင်"

လက်ကိုဆွဲပြီး အတူထိုင်ခိုင်းတာနဲ့ Yeol ပါထိုင်လိုက်ရတယ်

နေမဝင်သေးပေမယ့် တိမ်တောက်နေတော့ မရမ်းသွေးရောင်ယှက်နေတဲ့ ကောင်းကင်ကိုကြည့်နေမိတယ် ချစ်ရတဲ့သူနဲ့အတူပေါ့

ခြံထဲကိုဝင်လာတဲ့ ကားသံကြားရပြီးနောက် မလှမ်းမကမ်းကိုရောက်လာတဲ့ Kris

"ဖေဖေ"

"အေး သား  Kyung Soo ရောက်နေတာကို"

"ဟုတ် အန်ကယ်"

"ဖေဖေ သွားနှင့်မယ်"

"ဟုတ်"

Kris ထွက်သွားကာမှ Kyung Soo တိုးဖွဖွစကားဆိုမိတယ်

"ကိုကို အန်ကယ် သိသွားရင်ဘယ်လိုလုပ်မလဲဟင်"

"မသိအောင်နေမှာပေါ့"

"ငယ် ကဖြစ်တယ်နော်"

"ကိုကို ကမနေနိုင်ဘူးလို့ပြောချင်တာလား"

"မသိဘူးလေ အဲဒါတော့လည်း"

ခနဲ့တဲ့တဲ့ပြောရင်း တစ်ဖက်လှည့်သွားတဲ့ Kyung Soo မျက်နှာဝိုင်းစက်စက်လေးကို Yeol အနီးကပ်လိုက်ကြည့်နေတယ်

"ကိုကို"

"ဟင်"

"အဲ့လိုတွေလုပ်နေမှ သိသွားလိမ့်မယ်"

"သိသွားရင် ကိုကို နဲ့ ငယ် နဲ့ကိုခွဲမှာစိုးလို့လား"

"အွန်း ဟုတ်တယ်လေ
ကိုကို ကရုပ်လည်းချောတယ် အရပ်လည်းရှည်တယ် ပညာအရည်အချင်းကလည်း ပြောစရာမလိုဘူးလေ ဆရာဝန်လောင်းလျာလေးဆိုတော့ ဒီလောက်ပြည့်စုံနေတဲ့သူက ယောကျ်ားလေးတစ်ယောက်နဲ့ တွဲနေပါတယ်ဆိုပြီး သတင်းထွက်သွားရင် ဘယ်လိုလုပ်မလဲ
ငယ် နဲ့ဝေးရမှာထက် ကိုကို ပတ်ဝန်းကျင်က တိုက်ခိုက်ခံရမှာ ပိုပြီးစိတ်ပူမိတယ်"

"ငယ်  ဘယ်သူတွေပဲတားတား ဘယ်လိုပဲတိုက်ခိုက်ခံရပါစေ အဆုံးစွန်ထိ ကိုကို ငယ့် လက်ကိုပဲ မိမိရရဆုပ်ကိုင်ထားမှာမလို့ ငယ် ကိုကို့ အနားကထွက်မသွားရင်ရပြီ
တကယ်လို့အဲ့လိုတိုက်ခိုက်ခံရမယ့်အချိန်ဆို ငယ် ကိုကို့ အနားမှာရှိနေပေးမယ် မဟုတ်လား ငယ် ကိုကို့ အနားမှာရှိနေရင် ဘယ်လိုပဲတိုက်ခိုက်ခံရပါစေ ကိုကို ခံနိုင်ရည်ရှိတယ်
ကိုကို စိတ်ပူတာက ငယ့် ကို  ငယ် ကနုနယ်သေးတယ် တခြားသူတွေပြောတဲ့ အပြစ်တင်စကားတွေကို ငယ် ခံနိုင်ရည်မရှိမှာစိုးတာ"

"ငယ့် မှာ ကိုကို ရှိတာပဲ ကိုကို ကာကွယ်ပေးပေါ့"

"ငယ့် ကိုအတတ်နိုင်ဆုံးကာကွယ်ပေးမှာ ကိုကို့ စကားတည်စေရမယ်"

Yeol. Kyung Soo ခေါင်းလေးကိုဖွဖွပုတ်ပေးရင်းပြောလိုက်တော့ မျက်လုံးလေးတွေမှိတ်တဲ့ထိ ရယ်ပြနေတဲ့ Kyung Soo

"သား"

"ဟုတ် မား"

အခြေအနေက ပုံမှန်လိုဆိုတော့လည်း စိတ်ပူစရာမလိုဘူးလေ

"မား သားကိုပြန်လာခေါ်တာ"

"ဟုတ် ကိုကို ငယ် သွားပြီနော် တာ့တာ"

"အင်း" Yeol လက်ပြရင်းပြောလိုက်တယ်

^ ငယ် အပြုအမူလေးတွေက ခုရက်ပိုင်းမှာ ကလေးဆန်သွားလိုက်တာ ^

ဒါပေမယ့် ပြောရင်မကြိုက်လို့ Yeol မပြောဘဲနေတယာ မဟုတ်ရင် ရစ်စိန်လေး အရစ်သန်သန်နဲ့ ပြန်ရှင်းရခက်နေမှာမလို့

*************************

"မား ဘာလို့မီးတွေပိတ်ထားတာလဲဟင်"

"ဘာမဖြစ်ပါဘူး သား မြင်ရတယ်မဟုတ်လား"

"ဟုတ် မား"

လမ်းမီးရောင်နဲ့ဆိုတော့ နည်းနည်းမှောင်နေတဲ့ခြံထဲကို မြင်တော့မြင်နေရတယ်
Kyung Soo ခုထိမသိသေးတာ မီးလည်းမပြတ်ဘဲနဲ့ ဘာလို့ အိမ်မှာမီးတွေပိတ်ထားတာလဲဆိုတာ

ဂျောက်~

ခက်တာက အိမ်ထဲမှာလည်းမှောင်မဲနေတာပဲ တံခါးဖွင့်လိုက်တာနဲ့ ဘာမှကိုမမြင်ရတဲ့ထိ ​မှောင်မဲနေတာ
အရင်လိုဆို အမှောင်မကြောက်ပေမယ့် အိပ်မက်မက်ပြီးမှ ကြောက်လာသလိုခံစားရတယ်

"မား"

Suho ကိုခေါ်ကြည့်ပေမယ့် ပြန်ထူးသံမကြားတော့ တဖြည်းဖြည်းစမ်းလျှောက်လာရင်းက

"မား ဘယ်ရောက်သွားတာလဲဟင်"

ရှေ့ဘက်မှာ ဖယဖယောင်းတိုင်မီးရောင် နည်းနည်းမြင်နေရတော့ Kyung Soo ဆက်လျှောက်သွားလိုက်တယ်

♫︎ Happy birthday to you
Happy birthday to you
Happy birthday dear Kyung Soo
Happy birthday to you ♫︎♫︎♫︎

"မွေးနေ့မှာပျော်ရွှင်ပါစေ သား"

ကိတ်က Lulu ကိုင်လာတာဆိုတော့ ဘေးမှာရှိနေတဲ့ Suho ကိုလှမ်းဖက်လိုက်တယ်

"လန့်သွားတာပဲ မားရယ်"

"မြန်မြန်ဆုတောင်းလိုက်ဦး သား"

"ဟုတ်"

Kyung Soo ဆုတောင်းပြီး ကိတ်ကမီးတွေမှုတ်လိုက်တော့မှ အိမ်ထဲကမီးတွေ ပြန်လင်းလာတယ်

"မား မွေးနေ့လက်ဆောင်ပေးလေ"

"မား ပေးရမှာလား"

"ဟုတ်"

"ဒီကိုလာ"

Kyung Soo အနားကိုသွားတော့ နဖူးကိုဖွဖွလေးနမ်းတဲ့ Suho

"Aigoo~ မား ကိုချစ်လိုက်တာ"

"မားရောပဲ"

"တီလေးရော..."

"တီလေး သား အနားမှာရှိနေတာက သားအတွက်လက်ဆောင်ပဲ"

Lulu. Kyung Soo ပါးလေးကိုဖွဖွဖျစ်လိုက်တယ် သားနဲ့မခြားတဲ့ ကလေးလေးဆိုတော့

"Happy birthday pr ငယ် "

"ကိုကို ဘယ်လိုရောက်လာတာလဲ"

"ငယ့် နောက်ကလိုက်လာတာလေ"

"အာ~ "

"မွေးနေ့လက်ဆောင်"

Yeol ကမ်းပေးတဲ့ဗူးသေးသေးလေးကို Kyung Soo ယူပြီးတစ်ခါတည်းဖွင့်လိုက်တယ်

"wow~ လှလိုက်တာ"

ဖန်လုံးလေးတစ်ခုပါပဲ
အထဲမှာ အသေတပ်ထားတဲ့ Unicornရုပ်လေးနဲ့ ငွေမှုန်လေးတွေ အောက်ခြေမှာတော့ မီးခလုတ်လေးပါတယ်
(စားပွဲပေါ်တင်ထားလို့ရတဲ့ ဖန်လုံးလေးလေ သိတယ်ဟုတ်)

"ကြိုက်လား"

"အွန်း"

Kyung Soo ဖန်လုံးလေးကိုလှည့်ရင်းကြည့်နေတယ် ငွေမှုန်တလက်လက်လေးတွေကို သဘောကျနေတာနေမှာ

"မား သား ခနနေပြန်လာခဲ့မယ်နော်
လာ ကိုကို"

Kyung Soo. Yeol လက်ကိုဆွဲပြီး ခြံနောက်ဘက်ကိုခေါ်လာခဲ့တယ်

"ငယ့် ကိုဒါလေးပေးတာ ဘာအဓိပါယ်ရှိသေးလဲ ကိုကို"

"You're my unicorn"

"ဟင်"

"အဓိပါယ်က Someone or something that is rare and holds a high value in your life
ကိုကို့ ဘဝမှာ ငယ့် က တန်ဖိုးထားရဆုံးသူတစ်ယောက် ပြီးတော့ ငယ် ကရှားရှားပါးပါးဖြစ်တည်လာတဲ့ ကိုကို မြတ်နိုးရတဲ့လူသားလေးမို့  Unicornရုပ်လေးရွေးပြီးပေးတာ"

(Slang term ရဲ့ definition of Unicorn ကို translate လုပ်ထားတာမို့ အမှားပါရင် နားလည်ခွင့်လွှတ်ပေးဖို့ ကြိုပြီးတောင်းပန်ချင်ပါတယ်
Definition မှာ Unicornကို ရှားပါးတဲ့သတ္တဝါ လို့ယူဆပြီး 'rare' လို့သုံးထားတာပါတဲ့
​လေးနက်တဲ့အဓိပါယ်တွေ အများကြီးရှိတဲ့အထဲကမှ Origin of Unicorn မှာတော့ Unicorn မှာပါတဲ့ rainbow ကို LGBTQ Community ရဲ့ Adopted flag လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်
👆🏻ဒါလေးတွေ့လို့ ထည့်ရေးပေးတာပါနော်)

"ကိုကို ငယ့် ကိုအဲ့လောက်တောင်တန်ဖိုးထားတာလား'"

"အဲ့ထက်ပိုတယ်"

Kyung Soo မျက်ရည်ဝဲလာတယ်
^ကြည်နူးရတယ် ဆိုတဲ့ခံစားချက်ကဒီလိုလား^

"ငယ် ကလည်းကလေးကျနေတာပဲ ကိုကို ပြောတဲ့ထဲမှာ ငိုစရာမှမပါတာ"

မျက်ဝန်းအိမ်က လျှံကျလာတဲ့ မျက်ရည်တစ်ချို့ကို သုတ်ပေးရင်းပြောနေတဲ့ Yeol

"အိမ်ထဲသွားရအောင် အန်တီစောင့်နေတော့မယ်"

"အွန်း"

Kyung Soo အိမ်ထဲရောက်တော့ Suho နဲ့ Lulu ကိတ်ခွဲဖို့စောင့်နေကြတယ်
ကိတ်ခွဲပြီးတော့ Suho ကိုအရင်တစ်ဇွန်း Lulu ကိုတစ်ဇွန်းခွံ့တယ်

"ကိုကို့ ပါးမှာဘာလဲမသိဘူး"

"ဟုတ်လား"

"အင်း"

Kyung Soo ရုပ်တည်နဲ့ Yeolပါးကို ခရင်မ်နဲ့သုတ်လိုက်တယ်

"ဟား..ဟား..."

"ငယ် ဘာကိုရယ်တာလဲ"

"ကိုကို့ ပါးမှာ ဟား..."

Yeol ထိကြည့်လိုက်တော့မှ ကိတ်ကခရင်မ်တွေ လာသုတ်ထားတာကိုး

"ငယ်"

"ဟား...ဟား..."

"လွတ်အောင်ပြေးတော့"

"ကိုကို မီအောင်လိုက်လေ😝"

လျှာထုတ်ပြပြီး ပြောင်စပ်စပ်နဲ့ ကလေးကို အပစ်ပေးမှရတော့မယ်
Kyung Soo ကတော့ ဧည့်ခန်းကစားပွဲကို ပတ်ပြေးနေတာ နောက်တော့ Yeol မိသွားရော
Yeol. Kyung Soo လက်ကိုလှမ်းဆွဲပြီး နှာခေါင်းကို ခရင်မ်တွေနဲ့သုတ်လိုက်တယ် အဲဒါတောင် ပြောင်စပ်စပ်လုပ်နေတုန်းရယ်

"ငယ် ခုမှယုန်လေးနဲ့တူသွားပြီ"

"ဟင်"

အံ့သြနေသလို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အောက်နှုတ်ခမ်းလေးထော်ပြီး ကြည့်လာတဲ့ Kyung Soo ကတကယ်ချစ်စရာလေး

"ခုပိုတူသွားပြီ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့"

Kyung Soo ရုန်းပြီး Suho ဘေးကိုပြေးသွားတယ်

"မား သားရှေ့မှာနေနော်"

"သူပဲသွားစပြီးတော့ ခုကျမှ"

"😁"

*************************

Yeol ကျောင်းသွားရတော့မှာဆိုတော့ Kyung Soo. Yeol အိမ်ကိုရောက်နေတယ်
ခုနောက်ပိုင်းမှ ချောင်းပေါက်မတတ် သွားနေလွန်းလို့ Lulu မေးယူနေရတဲ့အဖြစ်

"ကိုကို ကျောင်းရောက်ရင် အစစအရာရာဂရုစိုက်နော် ငယ် ကလိုက်ကြည့်နိုင်တာမဟုတ်ဘူး"

Kyung Soo. Yeol အင်္ကျီတစ်ထည်ကိုခေါက်ပေးရင်း ပြောနေတာ

"ဟုတ်"

"တခြားဘယ်မှလျှောက်မသွားနဲ့"

"ဟုတ်"

"စာကိုပဲအာရုံစိုက်နော်"

"ဟုတ်"

"ကျောင်းပိတ်ရင်လည်းပြန်လာ..."

"ဟုတ်"

"ကိုကို ရွဲ့နေတာလား တ ဟုတ်.ဟုတ်နဲ့"

"မရွဲ့ပါဘူး အတည်ပြောတာ"

"ပြီးရော"

"ငယ် ကလူကြီးလေး ကျနေတာပဲ"

"ဟုတ်တယ်လေ"

"ကောင်မလေးတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်နဲ့ လို့မမှာတော့ဘူးလား"

"မှာစရာလိုလို့လား ငယ် ကိုကို့ ကိုယုံပြီးသားလေ"

"ငယ် အမြဲယုံလို့ရတယ် ကိုကို့ နှလုံးသားနဲ့ အချစ်တွေအားလုံး ကို ငယ် ပိုင်တာမလို့"

"ငယ် ပိုင်တာ"

မျက်ခုံးလေးပင့်ပြီး မေးသလိုနဲ့ပြောလာတဲ့ Kyung Soo က မသိတာတစ်ခုခုမေးနေတဲ့ ကလေးလေးလိုပဲ

"အင်း  ငယ် ပိုင်တာ ကိုကို့ ကိုရောပဲ"

Yeol. Kyung Soo မျက်ဝန်းတည့်တည့်ကိုကြည့်ပြီး နူးနူးညံ့ညံ့လေးပြောလိုက်တော့ ပါးမို့မို့လေးတွေပေါ်အောင်ပြုံးပြီး ရင်ခွင်ထဲတိုးဝင်လာတဲ့ မြတ်နိုးရတဲ့ လူသားလေး

"ဟုတ်တယ် ကိုကို့ ကို ငယ် ပိုင်တာ"

"ငယ့် ကိုရော"

"ငယ့် ကို ကိုကို ပိုင်တာပေါ့ ပြောစရာလိုသေးလို့လား"

"ငယ် ပြောတာကြားချင်လို့"

"ပြောပြီးပြီလေ"

"ကပ်စေးနဲလိုက်တာ ထပ်ကြားချင်သေးတာကို"

^ ကိုကို ကချွဲနေတာလား နှုတ်ခမ်းကြီးစူထားသလိုပဲ^

"ငယ့် နှလုံးသားနဲ့ အချစ်တွေကို ကိုကို ပိုင်တာ ရပြီလား"

"ငယ့် ကိုကျတော့ရော"

"ဟော ငယ့် ကိုပါပိုင်တာလေ"

ရင်ခွင်ထဲကမော့ကြည့်ပြီးပြောတဲ့ Kyung Soo ရဲ့နဖူးပေါ်က ဆံပင်အုပ်အုပ်လေးကိုဖယ်ပြီး Yeol ဖွဖွနမ်းလိုက်တယ်
ဒီတစ်ခါတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပြန်ကြည့်မနေဘဲ မျက်လွှာချထားတယ်လေ

"နဖူးကိုနမ်းတဲ့အဓိပါယ်ကိုသိလား ကိုကို"

"မသိဘူး ငယ်  ကိုကို ကတော့ ငယ့် ကိုမြတ်မြတ်နိုးနိုးချစ်လို့"

"အွန်း ငယ် လည်းအဲ့လိုထင်တာ"

ဒေါက် ဒေါက်~

Kyung Soo. Yeol ဆီကအမြန်ပြန်ခွာလိုက်တယ် လှစ်ခနဲပဲ😆

"သား"

"ဟုတ် မေမေ ဝင်ခဲ့လေ"

Tao ဝင်လာတော့ နှစ်ယောက်လုံး ကုတင်ပေါ်မှာထိုင်နေကြတယ်

"သားငယ် ပူလို့လား မျက်နှာရဲနေသလိုပဲ"

"မ.. မဟုတ်ပါဘူး အန်တီ😁"

ပြောကာမှပိုရဲလာတဲ့ Kyung Soo မျက်နှာလေးကိုကြည့်ပြီး Yeol ခိုးရယ်နေတယ်

"သား အဆင်သင့်လုပ်ထားနော် ဖေဖေလိုက်ပို့လိမ့်မယ် လိုတာရောရှိသေးလား"

"ဟုတ် မရှိပါဘူး"

"Suho ရောက်နေတယ် သားငယ်"

"ဟုတ် သားလိုက်ခဲ့မယ် အန်တီ"

Kyung Soo. Tao နောက်က လိုက်သွားတော့မှ Yeol ခိုးရယ်နေတာတွေ့တယ်
Yeol. Kyung Soo မျက်စောင်းပိစိလေးထိုးတာ ခံလိုက်ရတယ်လေ

^ ငယ် တို့ဝေးရဦးမယ် ကိုကို ^

*************************

Aster ပန်းလေးတွေက မြန်မာအခေါ်အရ မေမြို့ပန်းနဲ့ခပ်ဆင်ဆင် အဝါရောင်ဝတ်ဆံလေးတွေနဲ့ ပွင့်ဖတ်မွှာသေးသေးလေးတွေပါပေမယ့် ပွင့်ဖတ်လေးတွေ ပြန့်ကားပြီးပွင့်ပါတယ်
Purple Aster လေးတွေရဲ့ အဓိပါယ်က " ကိုယ့်ရဲ့အချစ်နဲ့ အသက်ကို မင်း ပိုင်ပါတယ် " တဲ့

'ကိုကို့ အချစ်နဲ့အသက်ကို ငယ် တစ်ယောက်တည်းပဲပိုင်တာ♥´

*************************


" ကိုကို႔ ရဲ႕ ငယ္ - 17 "


"ကိုကို"

"ေျပာေလ ငယ္"

"ပ်င္းလိုက္တာ ဝွါး..."

Yeol ပုခုံးကိုမွီၿပီး ကာတြန္းၾကည့္ေနရင္းက အပ်င္းေတြဘာေတြဆန့္ၿပီး ေျပာေနတဲ့ Kyung Soo ရယ္

ပ်င္းတယ္သာေျပာတာ အၿငိမ္ကိုမေနဘူး တစ္အိမ္လုံး သူ႕ေျခရာခ်ည္းပဲ
ဒီၾကားထဲ Mart သြားခ်င္ပါတယ္ လုပ္လို႔လုပ္ တကယ္ထိန္းမနိုင္တဲ့ ကေလး မဟုတ္ဘူး ကေလး လို႔ေျပာလို႔မျဖစ္ဘူး လူႀကီးေပါက္စ
Suho လာေခၚမယ္ေျပာထားေတာ့ Kyung Soo စိတ္ခ်လက္ခ်ကိဳေနေနတာ အိမ္ဘက္ကိုလွည့္ေတာင္မၾကည့္ျဖစ္ဘူး

"ၿခံထဲသြားမလား"

"အြန္း"

Kyung Soo. Yeol ေနာက္ ယက္ကန္ယက္ကန္နဲ႕လိုက္လာတယ္

အင့္~

Yeol ေနာက္ဘက္ကအသံၾကားလို႔ လွည့္ၾကည့္လိုက္မွ ျမက္ခင္းေပၚ ၿပဲၿပဲကြဲကြဲထိုင္ခ်လိဳက္တဲ့ Kyung Soo ရယ္

"ငယ္ ဘယ္လို..."

"ကိုကို လာထိုင္"

လက္ကိုဆြဲၿပီး အတူထိုင္ခိုင္းတာနဲ႕ Yeol ပါထိုင္လိုက္ရတယ္

ေနမဝင္ေသးေပမယ့္ တိမ္ေတာက္ေနေတာ့ မရမ္းေသြးေရာင္ယွက္ေနတဲ့ ေကာင္းကင္ကိုၾကည့္ေနမိတယ္ ခ်စ္ရတဲ့သူနဲ႕အတူေပါ့

ၿခံထဲကိုဝင္လာတဲ့ ကားသံၾကားရၿပီးေနာက္ မလွမ္းမကမ္းကိုေရာက္လာတဲ့ Kris

"ေဖေဖ"

"ေအး သား Kyung Soo ေရာက္ေနတာကို"

"ဟုတ္ အန္ကယ္"

"ေဖေဖ သြားႏွင့္မယ္"

"ဟုတ္"

Kris ထြက္သြားကာမွ Kyung Soo တိုးဖြဖြစကားဆိုမိတယ္

"ကိုကို အန္ကယ္ သိသြားရင္ဘယ္လိုလုပ္မလဲဟင္"

"မသိေအာင္ေနမွာေပါ့"

"ငယ္ ကျဖစ္တယ္ေနာ္"

"ကိုကို ကမေနနိုင္ဘူးလို႔ေျပာခ်င္တာလား"

"မသိဘူးေလ အဲဒါေတာ့လည္း"

ခနဲ႕တဲ့တဲ့ေျပာရင္း တစ္ဖက္လွည့္သြားတဲ့ Kyung Soo မ်က္ႏွာဝိုင္းစက္စက္ေလးကို Yeol အနီးကပ္လိုက္ၾကည့္ေနတယ္

"ကိုကို"

"ဟင္"

"အဲ့လိုေတြလုပ္ေနမွ သိသြားလိမ့္မယ္"

"သိသြားရင္ ကိုကို နဲ႕ ငယ္ နဲ႕ကိုခြဲမွာစိုးလို႔လား"

"အြန္း ဟုတ္တယ္ေလ
ကိုကို က႐ုပ္လည္းေခ်ာတယ္ အရပ္လည္းရွည္တယ္ ပညာအရည္အခ်င္းကလည္း ေျပာစရာမလိုဘူးေလ ဆရာဝန္ေလာင္းလ်ာေလးဆိုေတာ့ ဒီေလာက္ျပည့္စုံေနတဲ့သူက ေယာက်္ားေလးတစ္ေယာက္နဲ႕ တြဲေနပါတယ္ဆိုၿပီး သတင္းထြက္သြားရင္ ဘယ္လိုလုပ္မလဲ
ငယ္ နဲ႕ေဝးရမွာထက္ ကိုကို ပတ္ဝန္းက်င္က တိုက္ခိုက္ခံရမွာ ပိုၿပီးစိတ္ပူမိတယ္"

"ငယ္ ဘယ္သူေတြပဲတားတား ဘယ္လိုပဲတိုက္ခိုက္ခံရပါေစ အဆုံးစြန္ထိ ကိုကို ငယ့္ လက္ကိုပဲ မိမိရရဆုပ္ကိုင္ထားမွာမလို႔ ငယ္ ကိုကို႔ အနားကထြက္မသြားရင္ရၿပီ
တကယ္လို႔အဲ့လိုတိုက္ခိုက္ခံရမယ့္အခ်ိန္ဆို ငယ္ ကိုကို႔ အနားမွာရွိေနေပးမယ္ မဟုတ္လား ငယ္ ကိုကို႔ အနားမွာရွိေနရင္ ဘယ္လိုပဲတိုက္ခိုက္ခံရပါေစ ကိုကို ခံနိုင္ရည္ရွိတယ္
ကိုကို စိတ္ပူတာက ငယ့္ ကို ငယ္ ကႏုနယ္ေသးတယ္ တျခားသူေတြေျပာတဲ့ အျပစ္တင္စကားေတြကို ငယ္ ခံနိုင္ရည္မရွိမွာစိုးတာ"

"ငယ့္ မွာ ကိုကို ရွိတာပဲ ကိုကို ကာကြယ္ေပးေပါ့"

"ငယ့္ ကိုအတတ္နိုင္ဆုံးကာကြယ္ေပးမွာ ကိုကို႔ စကားတည္ေစရမယ္"

Yeol. Kyung Soo ေခါင္းေလးကိုဖြဖြပုတ္ေပးရင္းေျပာလိုက္ေတာ့ မ်က္လုံးေလးေတြမွိတ္တဲ့ထိ ရယ္ျပေနတဲ့ Kyung Soo

"သား"

"ဟုတ္ မား"

အေျခအေနက ပုံမွန္လိုဆိုေတာ့လည္း စိတ္ပူစရာမလိုဘူးေလ

"မား သားကိုျပန္လာေခၚတာ"

"ဟုတ္ ကိုကို ငယ္ သြားၿပီေနာ္ တာ့တာ"

"အင္း" Yeol လက္ျပရင္းေျပာလိုက္တယ္

^ ငယ္ အျပဳအမူေလးေတြက ခုရက္ပိုင္းမွာ ကေလးဆန္သြားလိုက္တာ ^

ဒါေပမယ့္ ေျပာရင္မႀကိဳက္လို႔ Yeol မေျပာဘဲေနတယာ မဟုတ္ရင္ ရစ္စိန္ေလး အရစ္သန္သန္နဲ႕ ျပန္ရွင္းရခက္ေနမွာမလို႔

*************************

"မား ဘာလို႔မီးေတြပိတ္ထားတာလဲဟင္"

"ဘာမျဖစ္ပါဘူး သား ျမင္ရတယ္မဟုတ္လား"

"ဟုတ္ မား"

လမ္းမီးေရာင္နဲ႕ဆိုေတာ့ နည္းနည္းေမွာင္ေနတဲ့ၿခံထဲကို ျမင္ေတာ့ျမင္ေနရတယ္
Kyung Soo ခုထိမသိေသးတာ မီးလည္းမျပတ္ဘဲနဲ႕ ဘာလို႔ အိမ္မွာမီးေတြပိတ္ထားတာလဲဆိုတာ

ေဂ်ာက္~

ခက္တာက အိမ္ထဲမွာလည္းေမွာင္မဲေနတာပဲ တံခါးဖြင့္လိုက္တာနဲ႕ ဘာမွကိုမျမင္ရတဲ့ထိ ေမွာင္မဲေနတာ
အရင္လိုဆို အေမွာင္မေၾကာက္ေပမယ့္ အိပ္မက္မက္ၿပီးမွ ေၾကာက္လာသလိုခံစားရတယ္

"မား"

Suho ကိုေခၚၾကည့္ေပမယ့္ ျပန္ထူးသံမၾကားေတာ့ တျဖည္းျဖည္းစမ္းေလွ်ာက္လာရင္းက

"မား ဘယ္ေရာက္သြားတာလဲဟင္"

ေရွ႕ဘက္မွာ ဖယဖေယာင္းတိုင္မီးေရာင္ နည္းနည္းျမင္ေနရေတာ့ Kyung Soo ဆက္ေလွ်ာက္သြားလိုက္တယ္

Happy birthday to you
Happy birthday to you
Happy birthday dear Kyung Soo
Happy birthday to you

"ေမြးေန႕မွာေပ်ာ္႐ႊင္ပါေစ သား"

ကိတ္က Lulu ကိုင္လာတာဆိုေတာ့ ေဘးမွာရွိေနတဲ့ Suho ကိုလွမ္းဖက္လိုက္တယ္

"လန့္သြားတာပဲ မားရယ္"

"ျမန္ျမန္ဆုေတာင္းလိုက္ဦး သား"

"ဟုတ္"

Kyung Soo ဆုေတာင္းၿပီး ကိတ္ကမီးေတြမႈတ္လိုက္ေတာ့မွ အိမ္ထဲကမီးေတြ ျပန္လင္းလာတယ္

"မား ေမြးေန႕လက္ေဆာင္ေပးေလ"

"မား ေပးရမွာလား"

"ဟုတ္"

"ဒီကိုလာ"

Kyung Soo အနားကိုသြားေတာ့ နဖူးကိုဖြဖြေလးနမ္းတဲ့ Suho

"Aigoo~ မား ကိုခ်စ္လိုက္တာ"

"မားေရာပဲ"

"တီေလးေရာ..."

"တီေလး သား အနားမွာရွိေနတာက သားအတြက္လက္ေဆာင္ပဲ"

Lulu. Kyung Soo ပါးေလးကိုဖြဖြဖ်စ္လိုက္တယ္ သားနဲ႕မျခားတဲ့ ကေလးေလးဆိုေတာ့

"Happy birthday pr ငယ္ "

"ကိုကို ဘယ္လိုေရာက္လာတာလဲ"

"ငယ့္ ေနာက္ကလိုက္လာတာေလ"

"အာ~ "

"ေမြးေန႕လက္ေဆာင္"

Yeol ကမ္းေပးတဲ့ဗူးေသးေသးေလးကို Kyung Soo ယူၿပီးတစ္ခါတည္းဖြင့္လိုက္တယ္

"wow~ လွလိုက္တာ"

ဖန္လုံးေလးတစ္ခုပါပဲ
အထဲမွာ အေသတပ္ထားတဲ့ Unicorn႐ုပ္ေလးနဲ႕ ေငြမႈန္ေလးေတြ ေအာက္ေျခမွာေတာ့ မီးခလုတ္ေလးပါတယ္
(စားပြဲေပၚတင္ထားလို႔ရတဲ့ ဖန္လုံးေလးေလ သိတယ္ဟုတ္)

"ႀကိဳက္လား"

"အြန္း"

Kyung Soo ဖန္လုံးေလးကိုလွည့္ရင္းၾကည့္ေနတယ္ ေငြမႈန္တလက္လက္ေလးေတြကို သေဘာက်ေနတာေနမွာ

"မား သား ခနေနျပန္လာခဲ့မယ္ေနာ္
လာ ကိုကို"

Kyung Soo. Yeol လက္ကိုဆြဲၿပီး ၿခံေနာက္ဘက္ကိုေခၚလာခဲ့တယ္

"ငယ့္ ကိုဒါေလးေပးတာ ဘာအဓိပါယ္ရွိေသးလဲ ကိုကို"

"You're my unicorn"

"ဟင္"

"အဓိပါယ္က Someone or something that is rare and holds a high value in your life
ကိုကို႔ ဘဝမွာ ငယ့္ က တန္ဖိုးထားရဆုံးသူတစ္ေယာက္ ၿပီးေတာ့ ငယ္ ကရွားရွားပါးပါးျဖစ္တည္လာတဲ့ ကိုကို ျမတ္နိုးရတဲ့လူသားေလးမို႔ Unicorn႐ုပ္ေလးေ႐ြးၿပီးေပးတာ"

(Slang term ရဲ႕ definition of Unicorn ကို translate လုပ္ထားတာမို႔ အမွားပါရင္ နားလည္ခြင့္လႊတ္ေပးဖို႔ ႀကိဳၿပီးေတာင္းပန္ခ်င္ပါတယ္
Definition မွာ Unicornကို ရွားပါးတဲ့သတၱဝါ လို႔ယူဆၿပီး 'rare' လို႔သုံးထားတာပါတဲ့
ေလးနက္တဲ့အဓိပါယ္ေတြ အမ်ားႀကီးရွိတဲ့အထဲကမွ Origin of Unicorn မွာေတာ့ Unicorn မွာပါတဲ့ rainbow ကို LGBTQ Community ရဲ႕ Adopted flag လို႔ ေဖာ္ျပထားတာလည္း ေတြ႕ရပါတယ္
👆🏻ဒါေလးေတြ႕လို႔ ထည့္ေရးေပးတာပါေနာ္)

"ကိုကို ငယ့္ ကိုအဲ့ေလာက္ေတာင္တန္ဖိုးထားတာလား'"

"အဲ့ထက္ပိုတယ္"

Kyung Soo မ်က္ရည္ဝဲလာတယ္
^ၾကည္ႏူးရတယ္ ဆိုတဲ့ခံစားခ်က္ကဒီလိုလား^

"ငယ္ ကလည္းကေလးက်ေနတာပဲ ကိုကို ေျပာတဲ့ထဲမွာ ငိုစရာမွမပါတာ"

မ်က္ဝန္းအိမ္က လွ်ံက်လာတဲ့ မ်က္ရည္တစ္ခ်ိဳ႕ကို သုတ္ေပးရင္းေျပာေနတဲ့ Yeol

"အိမ္ထဲသြားရေအာင္ အန္တီေစာင့္ေနေတာ့မယ္"

"အြန္း"

Kyung Soo အိမ္ထဲေရာက္ေတာ့ Suho နဲ႕ Lulu ကိတ္ခြဲဖို႔ေစာင့္ေနၾကတယ္
ကိတ္ခြဲၿပီးေတာ့ Suho ကိုအရင္တစ္ဇြန္း Lulu ကိုတစ္ဇြန္းခြံ႕တယ္

"ကိုကို႔ ပါးမွာဘာလဲမသိဘူး"

"ဟုတ္လား"

"အင္း"

Kyung Soo ႐ုပ္တည္နဲ႕ Yeolပါးကို ခရင္မ္နဲ႕သုတ္လိုက္တယ္

"ဟား..ဟား..."

"ငယ္ ဘာကိုရယ္တာလဲ"

"ကိုကို႔ ပါးမွာ ဟား..."

Yeol ထိၾကည့္လိုက္ေတာ့မွ ကိတ္ကခရင္မ္ေတြ လာသုတ္ထားတာကိုး

"ငယ္"

"ဟား...ဟား..."

"လြတ္ေအာင္ေျပးေတာ့"

"ကိုကို မီေအာင္လိုက္ေလ😝"

လွ်ာထုတ္ျပၿပီး ေျပာင္စပ္စပ္နဲ႕ ကေလးကို အပစ္ေပးမွရေတာ့မယ္
Kyung Soo ကေတာ့ ဧည့္ခန္းကစားပြဲကို ပတ္ေျပးေနတာ ေနာက္ေတာ့ Yeol မိသြားေရာ
Yeol. Kyung Soo လက္ကိုလွမ္းဆြဲၿပီး ႏွာေခါင္းကို ခရင္မ္ေတြနဲ႕သုတ္လိုက္တယ္ အဲဒါေတာင္ ေျပာင္စပ္စပ္လုပ္ေနတုန္းရယ္

"ငယ္ ခုမွယုန္ေလးနဲ႕တူသြားၿပီ"

"ဟင္"

အံ့ၾသေနသလို မ်က္လုံးဝိုင္းဝိုင္းေလးနဲ႕ ေအာက္ႏႈတ္ခမ္းေလးေထာ္ၿပီး ၾကည့္လာတဲ့ Kyung Soo ကတကယ္ခ်စ္စရာေလး

"ခုပိုတူသြားၿပီ မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕"

Kyung Soo ႐ုန္းၿပီး Suho ေဘးကိုေျပးသြားတယ္

"မား သားေရွ႕မွာေနေနာ္"

"သူပဲသြားစၿပီးေတာ့ ခုက်မွ"

"😁"

*************************

Yeol ေက်ာင္းသြားရေတာ့မွာဆိုေတာ့ Kyung Soo. Yeol အိမ္ကိုေရာက္ေနတယ္
ခုေနာက္ပိုင္းမွ ေခ်ာင္းေပါက္မတတ္ သြားေနလြန္းလို႔ Lulu ေမးယူေနရတဲ့အျဖစ္

"ကိုကို ေက်ာင္းေရာက္ရင္ အစစအရာရာဂ႐ုစိုက္ေနာ္ ငယ္ ကလိုက္ၾကည့္နိုင္တာမဟုတ္ဘူး"

Kyung Soo. Yeol အကၤ်ီတစ္ထည္ကိုေခါက္ေပးရင္း ေျပာေနတာ

"ဟုတ္"

"တျခားဘယ္မွေလွ်ာက္မသြားနဲ႕"

"ဟုတ္"

"စာကိုပဲအာ႐ုံစိုက္ေနာ္"

"ဟုတ္"

"ေက်ာင္းပိတ္ရင္လည္းျပန္လာ..."

"ဟုတ္"

"ကိုကို ႐ြဲ႕ေနတာလား တ ဟုတ္.ဟုတ္နဲ႕"

"မ႐ြဲ႕ပါဘူး အတည္ေျပာတာ"

"ၿပီးေရာ"

"ငယ္ ကလူႀကီးေလး က်ေနတာပဲ"

"ဟုတ္တယ္ေလ"

"ေကာင္မေလးေတြနဲ႕ ရႈပ္ရႈပ္ယွက္ယွက္ေတြမလုပ္နဲ႕ လို႔မမွာေတာ့ဘူးလား"

"မွာစရာလိုလို႔လား ငယ္ ကိုကို႔ ကိုယုံၿပီးသားေလ"

"ငယ္ အၿမဲယုံလို႔ရတယ္ ကိုကို႔ ႏွလုံးသားနဲ႕ အခ်စ္ေတြအားလုံး ကို ငယ္ ပိုင္တာမလို႔"

"ငယ္ ပိုင္တာ"

မ်က္ခုံးေလးပင့္ၿပီး ေမးသလိုနဲ႕ေျပာလာတဲ့ Kyung Soo က မသိတာတစ္ခုခုေမးေနတဲ့ ကေလးေလးလိုပဲ

"အင္း ငယ္ ပိုင္တာ ကိုကို႔ ကိုေရာပဲ"

Yeol. Kyung Soo မ်က္ဝန္းတည့္တည့္ကိုၾကည့္ၿပီး ႏူးႏူးညံ့ညံ့ေလးေျပာလိုက္ေတာ့ ပါးမို႔မို႔ေလးေတြေပၚေအာင္ၿပဳံးၿပီး ရင္ခြင္ထဲတိုးဝင္လာတဲ့ ျမတ္နိုးရတဲ့ လူသားေလး

"ဟုတ္တယ္ ကိုကို႔ ကို ငယ္ ပိုင္တာ"

"ငယ့္ ကိုေရာ"

"ငယ့္ ကို ကိုကို ပိုင္တာေပါ့ ေျပာစရာလိုေသးလို႔လား"

"ငယ္ ေျပာတာၾကားခ်င္လို႔"

"ေျပာၿပီးၿပီေလ"

"ကပ္ေစးနဲလိုက္တာ ထပ္ၾကားခ်င္ေသးတာကို"

^ ကိုကို ကခြၽဲေနတာလား ႏႈတ္ခမ္းႀကီးစူထားသလိုပဲ😁^

"ငယ့္ ႏွလုံးသားနဲ႕ အခ်စ္ေတြကို ကိုကို ပိုင္တာ ရၿပီလား"

"ငယ့္ ကိုက်ေတာ့ေရာ"

"ေဟာ ငယ့္ ကိုပါပိုင္တာေလ"

ရင္ခြင္ထဲကေမာ့ၾကည့္ၿပီးေျပာတဲ့ Kyung Soo ရဲ႕နဖူးေပၚက ဆံပင္အုပ္အုပ္ေလးကိုဖယ္ၿပီး Yeol ဖြဖြနမ္းလိုက္တယ္
ဒီတစ္ခါေတာ့ မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ ျပန္ၾကည့္မေနဘဲ မ်က္လႊာခ်ထားတယ္ေလ

"နဖူးကိုနမ္းတဲ့အဓိပါယ္ကိုသိလား ကိုကို"

"မသိဘူး ငယ္  ကိုကို ကေတာ့ ငယ့္ ကိုျမတ္ျမတ္နိုးနိုးခ်စ္လို႔"

"အြန္း ငယ္ လည္းအဲ့လိုထင္တာ"

ေဒါက္ ေဒါက္~

Kyung Soo. Yeol ဆီကအျမန္ျပန္ခြာလိုက္တယ္ လွစ္ခနဲပဲ😆

"သား"

"ဟုတ္ ေမေမ ဝင္ခဲ့ေလ"

Tao ဝင္လာေတာ့ ႏွစ္ေယာက္လုံး ကုတင္ေပၚမွာထိုင္ေနၾကတယ္

"သားငယ္ ပူလို႔လား မ်က္ႏွာရဲေနသလိုပဲ"

"မ.. မဟုတ္ပါဘူး အန္တီ😁"

ေျပာကာမွပိုရဲလာတဲ့ Kyung Soo မ်က္ႏွာေလးကိုၾကည့္ၿပီး Yeol ခိုးရယ္ေနတယ္

"သား အဆင္သင့္လုပ္ထားေနာ္ ေဖေဖလိုက္ပို႔လိမ့္မယ္ လိုတာေရာရွိေသးလား"

"ဟုတ္ မရွိပါဘူး"

"Suho ေရာက္ေနတယ္ သားငယ္"

"ဟုတ္ သားလိုက္ခဲ့မယ္ အန္တီ"

Kyung Soo. Tao ေနာက္က လိုက္သြားေတာ့မွ Yeol ခိုးရယ္ေနတာေတြ႕တယ္
Yeol. Kyung Soo မ်က္ေစာင္းပိစိေလးထိုးတာ ခံလိုက္ရတယ္ေလ

^ ငယ္ တို႔ေဝးရဦးမယ္ ကိုကို ^

*************************

Aster ပန္းေလးေတြက ျမန္မာအေခၚအရ ေမၿမိဳ႕ပန္းနဲ႕ခပ္ဆင္ဆင္ အဝါေရာင္ဝတ္ဆံေလးေတြနဲ႕ ပြင့္ဖတ္မႊာေသးေသးေလးေတြပါေပမယ့္ ပြင့္ဖတ္ေလးေတြ ျပန့္ကားၿပီးပြင့္ပါတယ္
Purple Aster ေလးေတြရဲ႕ အဓိပါယ္က " ကိုယ့္ရဲ႕အခ်စ္နဲ႕ အသက္ကို မင္း ပိုင္ပါတယ္ " တဲ့

'ကိုကို႔ အခ်စ္နဲ႕အသက္ကို ငယ္ တစ္ေယာက္တည္းပဲပိုင္တာ♥´

*************************


Continue Reading

You'll Also Like

93.7K 12.4K 45
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
24.2K 2.5K 26
Park Chan Yeol✨Doh Kyung Soo (14.8.2021)
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
67.2K 694 4
In a world where the Riddles are a royal family, Y/n finds her self in the middle of their drama. The most arrogant, mean, Slytherin girl, finds her...