ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅

Da Ewe-ewe

1.3M 155K 3.4K

မူရင်းရေးသားသူ - Zhuge Jin အင်္ဂလိပ်ဘာသာပြန်သူ - Fringe Manatee မြန်မာဘာသာပြန်သူ - Ewe - ယူ ဝတ္ထုအမည် - ဗီလိန... Altro

ဇာတ်လမ်းအကျဉ်း
မိတ်ဆက်ခြင်း/ မိတ္ဆက္ျခင္း
အခန်း(၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
Announcement
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆) - Bonus
အခန်း (၃၇)
အခန်း (၃၉)
အခန်း (၄၀)
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)
Announcement
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆) - Bonus
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)
အခန်း (၈၂)
အခန်း (၈၃)
အခန်း (၈၄)
အခန်း (၈၅)
အခန်း (၈၆)
အခန်း (၈၇) - Bonus
အခန်း (၈၈)
အခန်း (၈၉)
အခန်း (၉၀)
အခန်း (၉၁)
အခန်း (၉၂)
အခန်း (၉၃)
အခန်း (၉၄) - Bonus
အခန်း (၉၅)
အခန်း (၉၆)
အခန်း (၉၇)
အခန်း (၉၈)
အခန်း (၉၉)
အခန်း (၁၀၀)
အခန်း (၁၀၁)
အခန်း (၁၀၂)
အခန်း (၁၀၃)
အခန်း (၁၀၄)
အခန်း (၁၀၅)
အခန်း (၁၀၆)
အခန်း (၁၀၇) - Bonus
အခန်း (၁၀၈) - Bonus
အခန်း (၁၀၉)
အခန်း (၁၁၀)
အခန်း (၁၁၁)
အခန်း (၁၁၂)
အခန်း (၁၁၃)
အခန်း (၁၁၄)
အခန်း (၁၁၅)
အခန်း (၁၁၆)
အခန်း (၁၁၇)
အခန်း (၁၁၈) - Bonus
အခန်း (၁၁၉)
အခန်း (၁၂၀)
အခန်း (၁၂၁)
🎁Suprise🎁
🎉Happy Mother's Day🎉
အခန်း (၁၂၃)
အခန်း (၁၂၄)
အခန်း (၁၂၅)
အခန်း (၁၂၆) - Bonus
အခန်း (၁၂၇)
အခန်း (၁၂၈)
အခန်း (၁၂၉) - The End

အခန်း (၃၈)

10.4K 1.4K 16
Da Ewe-ewe

Unicode

ထိုအချိန်၌ သူမစိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်လာသည်။ ဝတ္ထုစာအုပ်ထဲ၌ ရေးထားသည်မှာ Huo YanXiao သည် နိုင်ငံခြားခရီးစဉ်တစ်ခုမှ ဗိုင်းရပ်ရောဂါပိုး  ကူးစက်ခံရခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း Huo YanXiao အကြောင်းဖော်ပြထားသည့် ဇာတ်သိမ်းပိုင်းကိုမကြိုက်သဖြင့် ဤအခန်းကို အသေးစိတ်ဖတ်ခဲ့ခြင်းမရှိဘဲ သူမ ကျော်ခွဖတ်လိုက်သည်။ ထို့ကြောင့် သူသေသည့်အကြောင်းကို ဖတ်ခဲ့စဉ်က ထူးထူးခြားခြားစဉ်းစားမိသည့် အချက်မျိုးမရှိပေ။

ထိုကိစ္စနှင့်ပတ်သတ်သမျှအရာများကို ယခုအလေးအနက်ထား၍ စဉ်းစားကြည့်သည့်အခါ ထူးဆန်းနေသည့် အချက်တစ်ချို့ ကို တွေးမိသွားသည်။

'စာအုပ်ထဲမှာရေးထားတဲ့အတိုင်းဆိုရင် Huo YanXiao နဲ့ သူ့အတွင်းရေးမှူးက နိုင်ငံခြားကို အတူတူသွားခဲ့တယ်၊ ဒါပေမဲ့ ဘာလို့သူတစ်ယောက်ပဲ ရောဂါကူးစက်ခံရတာလဲ။ ပြီးတော့လည်း သူ့ကိုဆေးရုံတင်တဲ့အချိန်မှာ ကွာရန်တင်းမလုပ်ထားဘူးလို့ စာရေးသူက အတိအကျရေးပြထားတော့ ဒီဗိုင်းရပ်က လေကနေတစ်ဆင့် မကူးစက်ဘူးလို့ ယူဆနိုင်တယ်။ ဒါဆိုရင် ဒီရောဂါက သွေးကတစ်ဆင့်ပဲ ကူးစက်နိုင်တာများ ဖြစ်နေမလား။'

ထိုအခန်းကို ဖတ်ခဲ့စဉ်က သူမ စိတ်အကြီးအကျယ်ပျက်ကာ ဒေါသထွက်ခဲ့ရသည်။ စာရေးဆရာဖြစ်သူမှာ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့နှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်နိုင်ရေးအတွက် Huo YanXiao ဇာတ်ကောင်ကို မြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်ခြင်းဖြစ်မည်ဟု ခံစားမိခဲ့သည်။ သို့သော်လည်း ယခု လေးလေးနက်နက် တွေးကြည့်သည့်အခါ ထိုအဖြစ်အပျက်နောက်ကွယ်၌ သူမ မသိသေးသည့် အကြောင်းကိစ္စများ ရှိနေနိုင်မည်ဟု ခန့်မှန်းမိလာသည်။

'နိုင်ငံခြားခရီးစဉ်မှာတုန်းကများ မိန်းမကိစ္စနဲ့ အပျော်အပါးလိုက်စားမိလို့ သွေးကတစ်ဆင့် ဗိုင်းရပ်ကူးသွားတာလား။'

Huo YanXiao ၏ နဂိုဗီဇမှာ သီးသန့်နေထိုင်လိုသူ၊ လူစိမ်းများနှင့် ရောရောနှောနှော နေလေ့မရှိသဖြင့် ထိုအချက်မှာ ပို၍ မဖြစ်နိုင်သည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုအချက်ကိုဘေးဖယ်လိုက်ကာ သူ၏စီးပွားပြိုင်ဘက်များနှင့်ပတ်သတ်၍ စဉ်းစားမိပြန်သည်။ ထိုအချိန်တုန်းက သူ၏စီးပွားရေးလုပ်ငန်းများမှာ တိုးတက်ပွားများနေဆဲဖြစ်ပြီး သူ့ဘဝ၏ အအောင်မြင်ဆုံး အခိုက်အတန့်လည်းဖြစ်သည်။

'သူသာ သေသွားရင် ဘယ်သူက အကျိုးရှိဆုံးဖြစ်နိုင်မလဲ။'

ထိုအချိန်၌ သူမ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်ကို ခံစားမိသည်။ ထို့နောက် သူမ အပူကာလက်အိတ်ကိုချွတ်လိုက်ကာ ယခုလေးမှပင် ဖုန်းချလိုက်သည့် သူ့ကို လှမ်းကြည့်လိုက်သည်။ မကြာသေးခင်အချိန်ကမှ သူမကို ကုန်းပိုးခဲ့သည့်သူ့ကိုကြည့်ရင်း ရင်ထဲ၌ ဝမ်းနည်းစိတ်များ လှိုက်တက်လာလေသည်။ 

သူရှိရာသို့ လျှောက်လာနေသည့် Nie AnAn ကို Huo YanXiao တွေ့သည့်အခါ သူ့မျက်နှာ၌ အပြုံးရိပ်များဖြတ်ပြေးသွားသည်။

"AnAn ဘာဖြစ်လို့လဲ။"

Nie AnAn သူ့ကို ပြုံးပြလိုက်ကာ သူမကို ကြင်ကြင်နာန မေးနေသည့်သူ့ကိုကြည့်ရင်း သူမ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းလိုက်သည်။

"ကိုကြီး၊ ညီမလေးကို ဖက်ထားပေးပါ။"

သူမအပြောကြောင့် Huo YanXiao စက္ကန့်ဝက်ခန့်မျှ  အံ့ဩမှင်သက်သွားသည်။ ခဏအကြာ၌ သူ့ထံမှ ရယ်သံထွက်လာလေသည်။ ထို့နောက် သူ့ကိုယ်ကို ကိုင်းလိုက်ကာ ကလေးငယ်တစ်ယောက်ကို ချီသကဲ့သို့ သူမကိုယ်တစ်ခုလုံးကို ပွေ့ချီလိုက်တော့သည်။

Nie AnAn ၏အရပ်မှာ ၁.၆ မီတာမြင့်သည့်အတွက် သူပွေ့ချီလိုက်ချိန်တွင် သူမကိုယ်ခန္ဓာတစ်ဝက်မှာ အမှီအထိန်းမရှိဘဲ လေထဲ၌ တိုးလိုးတန်းလန်း ဖြစ်သွားကာ လဲကျမလိုဖြစ်သွားသည်။ ထို့ကြောင့် ဟန်ချက်မပျက်စေရန် သူမလက်နှစ်ဖက်က Huo YanXiao လည်ပင်းကို အလိုအလျောက် သိုင်းဖက်မိသွားသည်။"

"အခုထိ အကြောက်မပြေသေးဘူးလား။"

"နည်းနည်းတော့ ကြောက်နေသေးတယ်။"

ဟူ၍ သူမ ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် မီးဖိုချောင်ရှိရာသို့ သူမကို ပွေ့ချီသွားလေတော့သည်။ ၁.၆မီတာအရပ်ပိုင်ရှင် သူမ အနေဖြင့် အိမ်ထဲသို့ရောက်သည့်အခါ အပေါ်သို့လက်ဆန့်လိုက်ပါက မျက်နှာကြက်ကို ထိလုနီးပါးအခြေအနေ ရောက်နေသဖြင့် သူမ ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။ ထို့​ကြောင့်

"ကိုကြီး၊ ညီမလေးကို အောက်ချပေးပါတော့နော်။"

စားချင်စားဖွယ် မုန့်နံသင်းသင်းကလေးက မုန့်ဖုတ်ဖိုထဲမှ ထွက်လာနေပြီ ဖြစ်သည်။ Huo YanXiao သူမကို အော​က်ချလိုက်ကာ သူမခေါင်းကလေးကို ပွတ်သပ်ပေးရင်း လှမ်းမေးလိုက်သည်။

AnAn၊ 'ရွှေအင်းလေး' ရှိုးအစီအစဉ်ရဲ့ နောင်ထပ်အပိုင်းသစ်မှာရော ဆက်ပြီး ပါဦးမှာလား။"

သူ့စကားကြားရချိန်၌ သူမမျက်နှာ၌ စိတ်ရှုပ်ထွေးနေသည့်အမူအရာများ ပေါ်လာလေသည်။

"ကျွန်မ မဆုံးဖြတ်ရသေးပါဘူး..."

ထိုသို့ပြောရင်းနှင့်ပင် သူ့ကိုလှမ်းကြည့်လိုက်သည်။ သူမ မျက်ဝန်းအစုံက ကြည်လင်တောက်ပနေပြီး အတတ်နိုင်ဆုံး စိတ်ကိုစုစည်းလိုက်ကာ တည်ငြိမ်အေးဆေးသာလေသံဖြင့်

"ကိုကြီး၊ Qin ZiMing ကို ညီမလေးလုံးဝ မကြိုက်တော့ဘူး။'

Huo YanXiao ခေါင်းညိတ်ပြရင်း

"ငါ မင်းပြောတာကို ယုံပါတယ်။"

'မင်းနဲ့ အရင်က AnAn က ဝိညာဉ်မှ မတူကြတာ။ င်္ဒတော့ မင်းအနေနဲ့ အဲ့ဒီလူကို ထပ်ပြီးကြိုက်မှာ မဟုတ်ဘူး။"

ဟူ၍ Huo YanXiao တွေးနေမိသည်။

သူ့စကားကြားလိုက်သည့် အခိုက်အတန့်၌ သူမ ကျေကျေနပ်နပ် ပြုံးမိသွားသည်။

သူဆက်၍ ပြောလာသည်မှာ

"ငါ့ကို 'ရွှေအင်းလေး' ရှိုးအစီအစဉ်က သူတို့ရဲ့နောက်ထပ် အပိုင်းသစ်မှာ လျို့ဝှက်ဧည့်သည်တော်အဖြစ်နဲ့ ပါဝင်ပေးဖို့ လာကမ်းလှမ်းထားတယ်လို့ ငါ့အတွင်းရေးမှူးက လာအကြောင်းကြားထားတယ်။"

သူ့စကားကြောင့် Nie AnAn ၏မျက်လုံးအစုံ ပြူးကျယ်ဝိုင်းစက်သွားကာ ချက်ချင်းပင် သူမ ပြန်ပြောလိုက်သည်။ ’

"တကယ်လို့ ကိုကြီးသာ သူတို့ပြောတဲ့အတိုင်းလုပ်ဖို့ သဘောတူရင် ညီမလေးလဲ ကိုကြီးနဲ့အတူ သွားမှာပေါ့။

ထိုအချိန်၌ သူမပါးပြင်ကို Huo YanXiao အသာအယာ ဆွဲလိမ်လိုက်ရင်း

"ကောင်းပြီ။"

မကြာခင်အချိန်အတွင်းမှာပင် ကိတ်မုန့်ဖုတ်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားကာ စားရန်အသင့်ဖြစ်သွားသည်။ ကိတ်မုန့်နှင့်အတူ ပြောင်ဖူးနှင့် ဝက်နံရိုးကြော်၊ ဟင်းရွက်သုပ်နှင့် တရုတ်ရိုးရာဟင်းရည်တို့ကိုပါ ပြင်ဆင်ထားသည်။

မောင်နှမနှစ်ယောက် ထမင်းစားနေကြစဉ်တွင် Nie AnAn ၏လက်ကိုင်ဖုန်းမှ အသံမြည်လာလေသည်။ ဖေ့ဘွတ်မှ friend request ပို့လာသည့်အတွက် နိုတီတက်လာခြင်း ဖြစ်သည်။

သူမဖုန်းကို ကိုင်လိုက်သည့်အခါ request လာပို့သူအမည်မှာ Nie ChengFeng ဟု ဖော်ပြထားလေသည်။

Zawgyi

ထိုအခ်ိန္၌ သူမစိတ္ထဲတြင္ အေတြးတစ္ခု ရုတ္တရက္ဆိုသလို ေပၚလာသည္။ ဝတၴုစာအုပ္ထဲ၌ ေရးထားသည္မွာ Huo YanXiao သည္ ႏိုင္ငံျခားခရီးစဉ္တစ္ခုမွ ဗိုင္းရပ္ေရာဂါပိုး  ကူးစက္ခံရျခင္းေၾကာင့္ ေသဆံုးခဲ့ရျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ သို႔ေသာ္လည္း Huo YanXiao အေၾကာင္းေဖာ္ျပထားသၫ့္ ဇာတ္သိမ္းပိုင္းကိုမႀကိဳက္သျဖင့္ ဤအခန္းကို အေသးစိတ္ဖတ္ခဲ့ျခင္းမရိွဘဲ သူမ ေက်ာ္ခြဖတ္လိုက္သည္။ ထို႔ေၾကာင့္ သူေသသၫ့္အေၾကာင္းကို ဖတ္ခဲ့စဉ္က ထူးထူးျခားျခားစဉ္းစားမိသၫ့္ အခ်က္မ်ိဳးမရိွေပ။

ထိုကိစၥႏွင့္ပတ္သတ္သမ်ွအရာမ်ားကို ယခုအေလးအနက္ထား၍ စဉ္းစားၾကၫ့္သၫ့္အခါ ထူးဆန္းေနသၫ့္ အခ်က္တစ္ခ်ိဳ႕ ကို ေတြးမိသြားသည္။

'စာအုပ္ထဲမွာေရးထားတဲ့အတိုင္းဆိုရင္ Huo YanXiao နဲ႔ သူ႔အတြင္းေရးမွဴးက ႏိုင္ငံျခားကို အတူတူသြားခဲ့တယ္၊ ဒါေပမဲ့ ဘာလို႔သူတစ္ေယာက္ပဲ ေရာဂါကူးစက္ခံရတာလဲ။ ၿပီးေတာ့လည္း သူ႔ကိုေဆးရံုတင္တဲ့အခ်ိန္မွာ ကြာရန္တင္းမလုပ္ထားဘူးလို႔ စာေရးသူက အတိအက်ေရးျပထားေတာ့ ဒီဗိုင္းရပ္က ေလကေနတစ္ဆင့္ မကူးစက္ဘူးလို႔ ယူဆႏိုင္တယ္။ ဒါဆိုရင္ ဒီေရာဂါက ေသြးကတစ္ဆင့္ပဲ ကူးစက္ႏိုင္တာမ်ား ျဖစ္ေနမလား။'

ထိုအခန္းကို ဖတ္ခဲ့စဉ္က သူမ စိတ္အႀကီးအက်ယ္ပ်က္ကာ ေဒါသထြက္ခဲ့ရသည္။ စာေရးဆရာျဖစ္သူမွာ ဇာတ္လိုက္မင္းသားႏွင့္ မင္းသမီးတို႔ႏွစ္ဦး ေပ်ာ္ရႊင္စြာေပါင္းဖက္ႏိုင္ေရးအတြက္ Huo YanXiao ဇာတ္ေကာင္ကို ျမန္ျမန္ဆန္ဆန္ အဆံုးသတ္လိုက္ျခင္းျဖစ္မည္ဟု ခံစားမိခဲ့သည္။ သို႔ေသာ္လည္း ယခု ေလးေလးနက္နက္ ေတြးၾကၫ့္သၫ့္အခါ ထိုအျဖစ္အပ်က္ေနာက္ကြယ္၌ သူမ မသိေသးသၫ့္ အေၾကာင္းကိစၥမ်ား ရိွေနႏိုင္မည္ဟု ခန႔္မွန္းမိလာသည္။

'ႏိုင္ငံျခားခရီးစဉ္မွာတုန္းကမ်ား မိန္းမကိစၥနဲ႔ အေပ်ာ္အပါးလိုက္စားမိလို႔ ေသြးကတစ္ဆင့္ ဗိုင္းရပ္ကူးသြားတာလား။'

Huo YanXiao ၏ နဂိုဗီဇမွာ သီးသန႔္ေနထိုင္လိုသူ၊ လူစိမ္းမ်ားႏွင့္ ေရာေရာေနွာေနွာ ေနေလ့မရိွသျဖင့္ ထိုအခ်က္မွာ ပို၍ မျဖစ္ႏိုင္သၫ့္ အခ်က္ပင္ျဖစ္သည္။ ထို႔ေၾကာင့္ ထိုအခ်က္ကိုေဘးဖယ္လိုက္ကာ သူ၏စီးပြားၿပိဳင္ဘက္မ်ားႏွင့္ပတ္သတ္၍ စဉ္းစားမိျပန္သည္။ ထိုအခ်ိန္တုန္းက သူ၏စီးပြားေရးလုပ္ငန္းမ်ားမွာ တိုးတက္ပြားမ်ားေနဆဲျဖစ္ၿပီး သူ႔ဘဝ၏ အေအာင္ျမင္ဆံုး အခိုက္အတန႔္လည္းျဖစ္သည္။

'သူသာ ေသသြားရင္ ဘယ္သူက အက်ိဳးရိွဆံုးျဖစ္ႏိုင္မလဲ။'

ထိုအခ်ိန္၌ သူမ ႏွလံုးခုန္ႏႈန္းမ်ား ျမန္ဆန္လာသည္ကို ခံစားမိသည္။ ထို႔ေနာက္ သူမ အပူကာလက္အိတ္ကိုခၽြတ္လိုက္ကာ ယခုေလးမွပင္ ဖုန္းခ်လိုက္သၫ့္ သူ႔ကို လွမ္းၾကၫ့္လိုက္သည္။ မၾကာေသးခင္အခ်ိန္ကမွ သူမကို ကုန္းပိုးခဲ့သၫ့္သူ႔ကိုၾကၫ့္ရင္း ရင္ထဲ၌ ဝမ္းနည္းစိတ္မ်ား လိႈက္တက္လာေလသည္။ 

သူရိွရာသို႔ ေလ်ွာက္လာေနသၫ့္ Nie AnAn ကို Huo YanXiao ေတြ့သၫ့္အခါ သူ႔မ်က္ႏွာ၌ အႃပံုးရိပ္မ်ားျဖတ္ေျပးသြားသည္။

"AnAn ဘာျဖစ္လို႔လဲ။"

Nie AnAn သူ႔ကို ႃပံုးျပလိုက္ကာ သူမကို ၾကင္ၾကင္နာန ေမးေနသၫ့္သူ႔ကိုၾကၫ့္ရင္း သူမ လက္ႏွစ္ဖက္ကို ေရ႔ွသို႔ဆန႔္တန္းလိုက္သည္။

"ကိုႀကီး၊ ညီမေလးကို ဖက္ထားေပးပါ။"

သူမအေျပာေၾကာင့္ Huo YanXiao စကၠန႔္ဝက္ခန႔္မ်ွ  အံ့ဩမွင္သက္သြားသည္။ ခဏအၾကာ၌ သူ႔ထံမွ ရယ္သံထြက္လာေလသည္။ ထို႔ေနာက္ သူ႔ကိုယ္ကို ကိုင္းလိုက္ကာ ကေလးငယ္တစ္ေယာက္ကို ခ်ီသကဲ့သို႔ သူမကိုယ္တစ္ခုလံုးကို ေပြ့ခ်ီလိုက္ေတာ့သည္။

Nie AnAn ၏အရပ္မွာ ၁.၆ မီတာျမင့္သၫ့္အတြက္ သူေပြ့ခ်ီလိုက္ခ်ိန္တြင္ သူမကိုယ္ခႏၶာတစ္ဝက္မွာ အမွီအထိန္းမရိွဘဲ ေလထဲ၌ တိုးလိုးတန္းလန္း ျဖစ္သြားကာ လဲက်မလိုျဖစ္သြားသည္။ ထို႔ေၾကာင့္ ဟန္ခ်က္မပ်က္ေစရန္ သူမလက္ႏွစ္ဖက္က Huo YanXiao လည္ပင္းကို အလိုအေလ်ာက္ သိုင္းဖက္မိသြားသည္။"

"အခုထိ အေၾကာက္မေျပေသးဘူးလား။"

"နည္းနည္းေတာ့ ေၾကာက္ေနေသးတယ္။"

ဟူ၍ သူမ ျပန္ေျဖလိုက္သည္။

ထို႔ေနာက္တြင္ မီးဖိုေခ်ာင္ရိွရာသို႔ သူမကို ေပြ့ခ်ီသြားေလေတာ့သည္။ ၁.၆မီတာအရပ္ပိုင္ရွင္ သူမ အေနျဖင့္ အိမ္ထဲသို႔ေရာက္သၫ့္အခါ အေပၚသို႔လက္ဆန႔္လိုက္ပါက မ်က္ႏွာၾကက္ကို ထိလုနီးပါးအေျခအေန ေရာက္ေနသျဖင့္ သူမ ရွက္ကိုးရွက္ကန္းျဖစ္သြားေလသည္။ ထို႔​ေၾကာင့္

"ကိုႀကီး၊ ညီမေလးကို ေအာက္ခ်ေပးပါေတာ့ေနာ္။"

စားခ်င္စားဖြယ္ မုန႔္နံသင္းသင္းကေလးက မုန႔္ဖုတ္ဖိုထဲမွ ထြက္လာေနၿပီ ျဖစ္သည္။ Huo YanXiao သူမကို ေအာ​က္ခ်လိုက္ကာ သူမေခါင္းကေလးကို ပြတ္သပ္ေပးရင္း လွမ္းေမးလိုက္သည္။

AnAn၊ 'ေရႊအင္းေလး' ရိႈးအစီအစဉ္ရဲ့ ေနာင္ထပ္အပိုင္းသစ္မွာေရာ ဆက္ၿပီး ပါဦးမွာလား။"

သူ႔စကားၾကားရခ်ိန္၌ သူမမ်က္ႏွာ၌ စိတ္ရႈပ္ေထြးေနသၫ့္အမူအရာမ်ား ေပၚလာေလသည္။

"ကၽြန္မ မဆံုးျဖတ္ရေသးပါဘူး..."

ထိုသို႔ေျပာရင္းႏွင့္ပင္ သူ႔ကိုလွမ္းၾကၫ့္လိုက္သည္။ သူမ မ်က္ဝန္းအစံုက ၾကည္လင္ေတာက္ပေနၿပီး အတတ္ႏိုင္ဆံုး စိတ္ကိုစုစည္းလိုက္ကာ တည္ၿငိမ္ေအးေဆးသာေလသံျဖင့္

"ကိုႀကီး၊ Qin ZiMing ကို ညီမေလးလံုးဝ မႀကိဳက္ေတာ့ဘူး။'

Huo YanXiao ေခါင္းညိတ္ျပရင္း

"ငါ မင္းေျပာတာကို ယံုပါတယ္။"

'မင္းနဲ႔ အရင္က AnAn က ဝိညာဉ္မွ မတူၾကတာ။ ဒၤေတာ့ မင္းအေနနဲ႔ အဲ့ဒီလူကို ထပ္ၿပီးႀကိဳက္မွာ မဟုတ္ဘူး။"

ဟူ၍ Huo YanXiao ေတြးေနမိသည္။

သူ႔စကားၾကားလိုက္သၫ့္ အခိုက္အတန႔္၌ သူမ ေက်ေက်နပ္နပ္ ႃပံုးမိသြားသည္။

သူဆက္၍ ေျပာလာသည္မွာ

"ငါ့ကို 'ေရႊအင္းေလး' ရိႈးအစီအစဉ္က သူတို႔ရဲ့ေနာက္ထပ္ အပိုင္းသစ္မွာ လ်ိဳ႕ဝွက္ဧၫ့္သည္ေတာ္အျဖစ္နဲ႔ ပါဝင္ေပးဖို႔ လာကမ္းလွမ္းထားတယ္လို႔ ငါ့အတြင္းေရးမွဴးက လာအေၾကာင္းၾကားထားတယ္။"

သူ႔စကားေၾကာင့္ Nie AnAn ၏မ်က္လံုးအစံု ျပဴးက်ယ္ဝိုင္းစက္သြားကာ ခ်က္ခ်င္းပင္ သူမ ျပန္ေျပာလိုက္သည္။ ’

"တကယ္လို႔ ကိုႀကီးသာ သူတို႔ေျပာတဲ့အတိုင္းလုပ္ဖို႔ သေဘာတူရင္ ညီမေလးလဲ ကိုႀကီးနဲ႔အတူ သြားမွာေပါ့။

ထိုအခ်ိန္၌ သူမပါးျပင္ကို Huo YanXiao အသာအယာ ဆဲြလိမ္လိုက္ရင္း

"ေကာင္းၿပီ။"

မၾကာခင္အခ်ိန္အတြင္းမွာပင္ ကိတ္မုန႔္ဖုတ္ျခင္းလုပ္ငန္းစဉ္ ၿပီးဆံုးသြားကာ စားရန္အသင့္ျဖစ္သြားသည္။ ကိတ္မုန႔္ႏွင့္အတူ ေျပာင္ဖူးႏွင့္ ဝက္နံရိုးေၾကာ္၊ ဟင္းရြက္သုပ္ႏွင့္ တရုတ္ရိုးရာဟင္းရည္တို႔ကိုပါ ျပင္ဆင္ထားသည္။

ေမာင္ႏွမႏွစ္ေယာက္ ထမင္းစားေနၾကစဉ္တြင္ Nie AnAn ၏လက္ကိုင္ဖုန္းမွ အသံျမည္လာေလသည္။ ေဖ့ဘြတ္မွ friend request ပို႔လာသၫ့္အတြက္ ႏိုတီတက္လာျခင္း ျဖစ္သည္။

သူမဖုန္းကို ကိုင္လိုက္သၫ့္အခါ request လာပို႔သူအမည္မွာ Nie ChengFeng ဟု ေဖာ္ျပထားေလသည္။

Continua a leggere

Ti piacerà anche

106K 9.2K 94
ကျန်းရွှယ်နင် ဟာ ​​လူကောင်းတစ်ယောက်မဟုတ် ဧကရီဘုရင်မဖြစ်လာဖို့ အတွက်နဲ့ သူမဟာ ပရိယာယ်မျိုးစုံနဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပြီး လူ‌ပေါင်းများစွ...
241K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
636K 58.7K 200
Poster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေ...
394K 37.1K 198
စာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်...