" ကိုကို့ ရဲ့ ငယ် - 14 "
Baek. Kyung Soo ကိုနှစ်ယောက်တည်းကြားရုံ လေသံလောက်နဲ့ မေးလိုက်တယ်
"ငါ့ကို ပြောပြမယ်မဟုတ်လား"
"အင်း ပြီးရင်"
"အန်တီ ဆရာဝန်နဲ့ သွားတွေ့ရမှာမလို့ သား တို့အတူရှိနေကြနော်"
"ဟုတ် စိတ်ချပါ အန်တီ
သား Kyung Soo အနားမှာပဲရှိနေပေးမယ်"
"အေး သား "
Suho ထွက်သွားတော့မှပဲ Baek ပြန်မေးရတော့တယ်
နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်မရှိဘူး သက်တူရွယ်တူညီအကိုတွေပေါ့ တစ်ယောက်ခံစားချက်ကို တစ်ယောက်က လေးလေးနက်နက်နားထောင်ပေးတယ်
"ဘယ်လိုဖြစ်တာလဲ"
"ငါ.. ငါ ကိုကို့ ကိုဖွင့်ပြောလိုက်တာ"
"တွေးတော့တွေးမိသားပဲ ငါနဲ့တော့တိုင်ပင်သင့်တာပေါ့"
"ငါလည်း မရည်ရွယ်ဘဲပြောလိုက်မိတာ"
"အင်း သူ့ဘက်ကရော"
"တွေ့တဲ့အတိုင်းပဲ"
"သူ လက်မခံနိုင်သေးတာနေမှာပါ"
"မသိဘူး"
"အဲဒါဆို ဒီကိုဘယ်လိုရောက်လာတာလဲ"
"လူတစ်ယောက်ဆေးရုံပို့ပေးတာလို့ မား ပြောတယ်"
အားနည်းနေသေးတော့ စကားများများပြောလိုက်လို့နေမယ် ရင်ဘတ်နိမ့်ချည်မြင့်ချည်နဲ့ မောနေပုံရတဲ့ Kyung Soo ကိုကြည့်ပြီး Baek စိတ်မကောင်းဖြစ်မိတယ်
"တော်သေးတာပေါ့ သူလာသေးလား"
"လာတယ် မင်းမလာခင်ကမှပြန်သွားတာ"
"မင်းကလေ ကိုယ့်ကိုယ်ကိုအဲ့လောက်ဂရုမစိုက်ရလား"
"သူ့ဟာသူဖြစ်သွားတာလေ အော်..."
"ထားပါတော့ ဘာစားပြီးပြီလဲ"
"ဆန်ပြုတ်"
"ခုတော့ ဆန်ပြုတ် သောက်နေရပြီပေါ့ ဟား..."
"မရယ်နဲ့ နေပြန်ကောင်းမှအသေရိုက်ပစ်မယ်"
"အရင်အားမွေးလိုက်အုန်း"
"မင်းတော့လေ "
"ဒီနှစ်ယောက်တော့တွေ့တာနဲ့ ဆူနေတာပဲ"
အခန်းဝဘက်က Lulu အသံကြောင့် နှစ်ယောက်သားလှည့်ကြည့်လိုက်ကြတယ်
"သူအရင်စတာ တီလေး"
"ဖြစ်ကပြန်ဦးမယ်"
"သားBaek ဘယ်တုန်းကရောက်တာလဲ"
"သိပ်မကြာသေးဘူး အန်တီ"
"အော်~ သား ပန်းသီးစားမလား"
"ဟုတ်"
"နေသာမကောင်းတာ အကုန်စား"
"စား မှာ ပဲ မင်းအပူပါလား"
ခုနတည့်နေတာ သူတို့နှစ်ယောက်မဟုတ်တဲ့အတိုင်းပဲ တစာစာနဲ့ ရန်ဖြစ်နေကြပြန်ပြီ
*************************
Yeol ဆေးရုံကိုပြန်လာခဲ့တယ်
Tao ကိုစိတ်မပူဖို့ပြောခဲ့ပြီး ဆေးရုံမှာအိပ်မှာနဲ့ နောက်နေ့မှပြန်လာမယ့်အကြောင်းရောပေါ့
အခန်းတံခါးကနေတစ်ဆင့် Kyung Soo ရယ်နေတဲ့ပုံရိပ်လေး ဝါးတားတားမြင်နေရတယ်
Lulu ကိုအနိုင်ကျင့်နေတဲ့ ကလေးပေါက်စလေး
"Yeol ငါနဲ့ခနလိုက်ခဲ့"
"ဘယ်ကိုလဲ"
"တစ်နေရာ"
Sehun. Yeol ကိုဆေးရုံအတွင်းက ဝရန်ဘာဘက်မှာ ခနကြာဘာမှမပြောဘဲ ငြိမ်နေကြတယ်
"ဘယ်လိုရောက်လာတာလဲ"
"Hyun ပြောပြတာ"
"အင်း"
"မင်း ဘာဖြစ်နေတာလဲ"
"ဘာမဖြစ်ဘူး"
"Kyung Soo ကို..."
"သိသွားတာလား"
"အေး ဒါပေမယ့်သိသာနေတာ"
"..............."
"Kyung Soo ကိုနည်းနည်းလေးတောင် စိတ်မယိုင်မိဘူးလား"
"..............."
"နောင်တမရချင်ရင် ကိုယ့်ကိုယ်ကိုမညာဖို့လိုတယ် မင်း နောက်တော့သိလာမှာပါ"
"..............."
Yeol နားမလည်နိုင်သေးတဲ့ မေးခွန်းတစ်ချို့အတွက် အဖြေရှာလို့မတွေ့သေးဘူး
*************************
Sehun နဲ့ Yeol. Kyung Soo ဆီသွားတော့ Suho လည်းပြန်ရောက်နေပြီ
Sehun. Kyung Soo ကိုအကျိုးအကြောင်းမေးပြီး Suho. Lulu တို့နဲ့ စကားပြေနေကြတယ်
Baek က Kyung Soo ရဲ့တစ်ဖက်မှာရှိနေပြီ တစ်ဖက်မှာ မျက်နှာငယ်နဲ့ရှိနေသူက Yeol
"Kyung Soo ဆန်ပြုတ်နည်းနည်းသောက်မလား"
"အင်း"
"အကို လုပ်ပေးလိုက်မယ် Baek"
"ရတယ် မင်းပဲလုပ်ပေး"
Baek ဆန်ပြုတ်သွားယူပြီး Kyung Soo ကိုခွံ့ကျွေးနေတာကို Yeol ကြည့်နေမိတယ်
^ တကယ်အဝေးဆုံးမှာနေမလို့လား ငယ် ^
"ဟျောင့်"
"အင်း"
"ဒီညအိမ်ပြန်မှာလား"
"ငါမင်းကိုစောင့်ပေးချင်ပါတယ် ဒါပေမယ့်ပြန်မှဖြစ်မှာ အိမ်မှာ အမေနဲ့ငယ်လေးပဲရှိလို့"
"ငါ သိပါတယ် မေးကြည့်တာ"
"အကို ရောပြန်မှာလား"
"မပြန်တော့ဘူး ငယ့် ကိုစောင့်အိပ်ပေးမလို့"
"ရပါတယ် မား လည်းရှိနေတာပဲ"
"ဒါပေမယ့်..."
"အကို စောင့်ပေးလိမ့်မယ်လျှောက်ပြောမနေနဲ့တော့"
Kyung Soo ဘာမှပြန်မပြောဖြစ်ဘူး
အရင်လိုသာဆို ဒီအခြေအနေကို သဘောကျမိမှာမှန်ပေမယ့် ခုချိန်မှာတော့ တစ်ယောက်တည်းပဲအေးဆေးနေချင်တယ်
နာကျင်ခဲ့ရတဲ့ မှတ်ဉာဏ်တစ်ချို့ကို အချိန်ယူပြီးဖျောက်ဖျက်ပစ်ချင်တာ
*************************
ညလယ်လောက်ကျတော့ Kyung Soo ကိုသွေးပေါင်ချိန်လာစစ်ပေးပြီး ဆေးထပ်သွင်းပေးခဲ့တယ် မနက်ဖြန်ညနေလောက်တော့ ဆေးရုံဆင်းလို့ရပြီတဲ့လေ
Kyung Soo နေမကောင်းပေမယ့်လည်း ကုတင်ပေါ်မှာပဲနေရတာကို မကြိုက်တာအမှန်
ထိုင်လိုက် လှဲလိုက် ဟိုလှိမ့်ဒီလှိမ့်နဲ့ သ
"သား အိပ်တော့မလား"
"မအိပ်ချင်သေးဘူး မား"
"မား အနားမှာရှိတယ်နော်"
"ဟုတ်"
"သား နည်းနည်းပိန်သွားတယ် နေကောင်းသွားရင်တော့ ဝက်ကလေးဖြစ်အောင် ကျွေးရတော့မယ်နဲ့တူတယ်"
"မား ကလည်း ဝတာနဲ့ဝက်ဖြစ်ရောလား"
"အဲဒါဆိုမဖြစ်ဘူးလား"
"မဖြစ်ပါဘူး သား ကဝက်ဝံလေးပဲဖြစ်မှာ😁"
"ဟုတ်ပါပြီ ဝက်ဝံလေးရယ် စကားတွေလည်းတတ်လိုက်တာ"
"မား ကိုကိုရော"
Kyung Sooတကယ်မရည်ရွယ်ဘဲနဲ့ မေးမိသွားတာ
အနားမှာခနမရှိတဲ့အချိန်လေးတောင်မှ မသိစိတ်က တမ်းတနေမိတာလား
"အပြင်ဘက်မှာရှိမယ်ထင်တယ် သား တွေ့ချင်လို့လား"
"ဟင့်အင်"
"သား တို့အဆင်မပြေကြဘူးလား"
"ဟုတ် မား"
"သား စိတ်ကောက်နေလို့လား"
"ဟုတ် နည်းနည်း"
"ဘာဖြစ်လို့လဲ"
"ဒီတိုင်း"
"ဟုတ်ပါပြီ"
Suho အနားမှာရှိနေပေမယ့် Kyung Soo သေချာပြန်တွေးကြည့်တယ်
^ ငယ့် ဘက်ကသာ ကိုကို့ ကိုချစ်နေရတာ ကိုကို က ငယ့် ကိုဘယ်တုန်းကမှ ပိုပြီးမချစ်ခဲ့ဘူးမဟုတ်လား
ငယ် သိရက်နဲ့ရှေ့တိုးမိခဲ့တာ တကယ်ဆို ငယ် အတ္တကြီးမိသွားတာပါ ငယ် နဲ့ ကိုကို ဆက်ဆံရေးက အရင်တိုင်းလေးပဲရှိနေရင်ရပေမယ့် ငယ့် အတ္တကြောင့် ကိုကို နဲ့ဝေးကွာသွားသလိုခံစားရတယ်
အဲ့လိုတွေးလိုက်မိတိုင်း ငယ့် နှလုံးသားက နာကျင်ရတယ်
ကိုကို့ ကြောင့်လို့မပြောရက်တာမို့ ဖြစ်ခဲ့တာတွေအားလုံးက ငယ့် အမှားတွေပါ
ငယ် ကိုကို့ ခံစားချက်တွေကိုထည့်မတွက်ဘဲ ပြောခဲ့မိတာပါ ပြီးတော့မဖြစ်သင့်ဘူးမဟုတ်လား
ငယ် လည်းချစ်တဲ့သူက ပြန်ချစ်တာကိုလိုချင်ခဲ့တာမို့ သတိမထားမိဘဲ ကိုကို့ ကိုတုန့်ပြန်ခဲ့မိတာ
ကိုကို့ အနားကထွက်လာခဲ့မိတာလည်း ကိုကို လိုက်လာမယ်အထင်နဲ့ ဒါပေမယ့် ကိုကို ရောက်မလာပါဘူး ငယ် တစ်ယောက်တည်းပင်ပန်းခဲ့ရတာပေါ့
ငယ့် ကိုသနားပြီးပြန်ချစ်ဖို့မလိုဘူး ကိုကို
ငယ့် ဘက်ကချစ်နေရင်ပဲရပြီမို့ ငယ် ကိုကို့ ကိုဒီတိုင်းလေးပဲ ဆက်ချစ်နေမှာ
အနည်းဆုံးတော့ ငယ့် ကိုပျော်ရွှင်မှုပေးနိုင်တဲ့ ကိုကို ဆိုတဲ့လူသားကို ချစ်ခဲ့မိတာ ငယ် ဘယ်တော့မှမမှားဘူး ^
မျက်ဝန်းထောင့် မျက်တောင်တိုစိပ်စိပ်လေးတွေကြားက လိမ့်ဆင်းသွားတဲ့ မျက်ရည်ပေါက်လေး
^ ငယ် ပင်ပန်းလိုက်တာ ကိုကို ရယ် ^
ခနကြာတော့ Kyung Soo အိပ်ပျော်သွားတယ် ဆေးရှိန်နဲ့ဆိုတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာပါ
Suho. Kyung Soo အနားမှာ ရှိနေတုန်းပဲ
"ငယ် အိပ်သွားတာလား အန်တီ"
"အင်း ဆေးရှိန်နဲ့မလို့နေမှာ"
"ဒီည သား ငယ့် အနားမှာစောင့်အိပ်ပေးမယ် အန်တီ အိပ်လို့အဆင်မပြေတဲ့အတူတူ"
"ကျေးဇူးပါ သား ရယ်
အဲဒါဆို အန်တီ အလုပ်သွားလုပ်လိုက်ဦးမယ်"
"ဟုတ်"
Yeol. Kyung Soo ကိုကြည့်ပြီး အသိစိတ်ထဲမှာ တစ်ခုပြီးတစ်ခု အစီအရီပေါ်လာတယ်
သူနဲ့ စတွေ့ခဲ့တဲ့အချိန် ၇ နှစ်အရွယ်ကလေးလေး
အဲ့အရွယ်လေးတည်းက သူ့ကိုဘယ်လောက်ထိခင်တွယ်လိုက်သလဲ ပထမဆုံးခင်တွယ်ဖူးတဲ့ သူစိမ်းတစ်ယောက်က သူ ပါတဲ့
စာသင်ပေးတယ် ကျောင်းအတူသွားတယ် မုန့်အတူစားတယ် အနိုင်ကျင့်ခံရရင် ငိုမဲ့မဲ့နဲ့ပြန်တိုင်တတ်တဲ့ ကလေးလေးက ဆိုင်ကယ်နောက်ကလိုက်ရင် ပြုတ်ကျမှာလည်း ကြောက်တတ်ပါသေးတယ်
တကယ့် နုနုဖတ်ဖတ် မထိရက်စရာမို့ ကြွေရုပ်လေးလို ယုယထားရလောက်တဲ့ထိ နည်းနည်းလေးပဲဖြစ်ဖြစ် ပွန်းပဲ့သွားမှာ စိတ်ပူပါတယ်
မွေးနေ့လက်ဆောင် ကြောင်လေးပေးခဲ့တဲ့နေ့ကဆို မျက်လုံးလေးတွေမှိတ်တဲ့ထိ ရယ်နေသေးတာ
ခေါင်းလေးပုတ်ပေးရင် ပျော်နေတတ်တာကစ နေမကောင်းရင် ဂျီကျတတ်တာအဆုံး
တစ်ခါတလေ နမော်နမဲ့နိုင်တတ်ပေမယ့် နည်းနည်းလေးလေသံမာတာနဲ့ မျက်နှာညှိုးသွားတတ်တဲ့ ကောင်လေး
ဒီကောင်လေး သူ့ကို ချစ်ပါတယ် တဲ့လေ
~ ငယ့် နေရာမှာခံစားပေးခဲ့ဖူးလား ~
"ကိုကို ငယ့် နေရာကခံစားပေးကြည့်မယ် ပြီးရင် ကိုကို့ ဘက်ကရော "
အိပ်ပျော်နေတဲ့ကောင်လေးသာသိရင် ပျော်နေမှာပဲ
Yeol. Kyung Soo ရဲ့ဆံပင်အုပ်အုပ်လေးတွေကို လက်နဲ့ဆွဲဖွပေးမိတယ်
"ငယ် သဘောကျတယ်မဟုတ်လား"
*************************
Yeol ကုတင်ပေါ်မှာမှီအိပ်နေတော့ အသက်ရှူသံပြင်းပြင်းတွေကိုလည်း ကြားနေရပြီး ကိုင်ထားတဲ့ Kyung Soo လက်တစ်ဖက် လှုပ်လာတာကိုလည်း သေသေချာချာခံစားမိတယ်
"ငယ်... ငယ် နိုးတော့လေ အိပ်မက်ဆိုးတွေမက်နေတာထင်တယ် ငယ် "
လက်ကိုလှုပ်ပြီးနှိုးပေမယ့် မနိုး
ဘယ်ညာခါနေတဲ့ခေါင်းကိုအုပ်ကိုင်ပြီး ညာလက်နဲ့ ပါးကိုဖွဖွပုတ်နှိုးလိုက်တယ်
"ငယ်... ငယ် သတိထားအုန်းလေ ငယ် နိုးလာတော့ "
><><><><><><><><
Kyung Soo ဘယ်နေရာရောက်နေတာလဲ သေချာတာက မှောင်မဲနေတာဘာမှမမြင်ရဘူး
အမှောင်မကြောက်တတ်ပေမယ့် ခုအခြေအနေက ကျောချမ်းစရာပဲ
ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်တော့ အလင်းရောင်မှိန်ပြပြလေးတစ်ခု တွေ့တယ်
မြင်လိုက်ရတဲ့ အလင်းရောင်မှန်ပြပြဆီ
သွားတယ် ပိုဝေးသွားတယ်
မြန်မြန်သွားတယ် ပိုဝေးသွားပြန်ပြီ
အားကုန်သုံးပြီး ပြေးကြည့်ပေမယ့် ရပ်နေရာကတစ်လှမ်းမှမရွေ့သလိုပဲ
အလင်းရောင်သေးသေးလေမြင်နေရသေးတယ် ပိုပြီးမြန်မြန်ပြေးတယ်
တဖြည်းဖြည်း ပင်ပန်းလာတယ် ခြေထောက်ရွေ့ဖို့ အားမရှိတော့တဲ့ထိပဲ
မြင်နေရတဲ့ အလင်းရောင်မှိန်မှိန်လေးပျောက်သွားပြီ
မှောင်မိုက်မှုတွေကြားထဲ အနားရောက်လာသော တစ်စုံတစ်ရာကို ခံစားမိနေတယ်ကြက်သီးတဖြန်းဖြန်းထသည်ထိ ခံစားမိနေတယ်
အမှောင်ထုက တဖြည်းဖြည်း လူကိုဝါးမြိုသွားသလိုပဲ
" အား!!!!!!! "
><><><><><><><><
"ငယ်... ငယ် သတိထားအုန်းလေ ငယ် နိုးလာတော့"
"အား!!! "
Kyung Soo အသံကုန်အော်လိုက်ပေမယ့် အပြင်မှာတာ့ ခပ်တိုးတိုးသာ
"ငယ် အိပ်မက်ဆိုးမက်နေတာလား"
စိုးရိမ်တကြီးမေးနေတဲ့ Yeol ကြောင့် နည်းနည်းအကြောက်ပြေသွားတယ်
Kyung Soo ဘာမှပြန်မပြောနိုင်သေးဘဲ ပါးကိုအုပ်ကိုင်ထားတဲ့ Yeol ရဲ့ညာဘက်လက်ကို ရင်ဘတ်ပေါ်မှာတင်ပြီး မျက်လုံးမှိတ်လျက်သား ဖက်ထားမိတော့တာပဲ
Yeol နောက်လက်တစ်ဖက်နဲ့ နဖူးကချွေးစေးတစ်ချို့နဲ့ မျက်ရည်စို့နေတာလေးတွေပါ သုတ်ပေးနေတယ်
ပြီးမှ Kyung Soo လက်နှစ်ဖက်ပေါ်ထပ်ကိုင်လိုက်ပြီး
"ငယ် ကိုကို ရှိတယ် မကြောက်နဲ့တော့"
Kyung Soo ခုထိမျက်လုံးမဖွင့်သေးဘဲ ခေါင်းငြိမ့်ပြပေမယ့် ဖက်ထားတဲ့လက်တစ်ဖက်က ပိုတင်းကြပ်လာဆဲ
^ ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ ^
"ငယ် ရေနည်းနည်းသောက်လိုက် ပြီးမှပြန်အိပ်"
Yeol. Kyung Soo ကိုရေနည်းနည်းတိုက်ပြီး ပြန်အိပ်ခိုင်းလိုက်တယ် ခုမှနေကောင်းခါစ အားမရှိမှာလည်းစိုးရသေးတယ်မဟုတ်လား
Kyung Soo ကတော့ Yeol လက်တစ်ဖက်ကိုကိုင်ထားဆဲ
"မျက်လုံးမှိတ်လိုက်ရင် ပြန်... ပြန်ပေါ်လာတယ်"
"ငယ့် ဘေးမှာ ကိုကို ရှိတယ်လေ မကြောက်နဲ့တော့ ငယ့် အနားမှာရှိနေပေးမှာမလို့"
Yeol. Kyung Soo ခေါင်းကိုပုတ်ပြီးပြောတော့ Kyung Soo ခေါင်းငြိမ့်ပြလာတယ်
သိပ်တော့မကြာလိုက်ဘူး Kyung Soo ပြန်ပြီးအိပ်ပျော်သွားတယ်
Yeol လက်တစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဖက်ထားသလို Yeol ကိုယ်တိုင်လည်း ရုန်းဖို့မလုပ်ခဲ့ဘူး
*************************
ဂန္ဒမာပန်းလို့ခေါ်ကြတဲ့ ပွင့်ဖတ်များများနဲ့ Chrysanthemum လေးတွေ မြင်ဖူးကြမှာပါ
White Chrysanthemum လေးတွေရဲ့ အဓိပါယ်က " အမှန်တရား " ပါတဲ့
'ကိုကို အမှန်တရားကိုသေချာအောင် ဆန်းစစ်ကြည့်မှဖြစ်မယ် ငယ် ♥´
*************************
" ကိုကို႔ ရဲ႕ ငယ္ - 14 "
Baek. Kyung Soo ကိုႏွစ္ေယာက္တည္းၾကား႐ုံ ေလသံေလာက္နဲ႕ ေမးလိုက္တယ္
"ငါ့ကို ေျပာျပမယ္မဟုတ္လား"
"အင္း ၿပီးရင္"
"အန္တီ ဆရာဝန္နဲ႕ သြားေတြ႕ရမွာမလို႔ သား တို႔အတူရွိေနၾကေနာ္"
"ဟုတ္ စိတ္ခ်ပါ အန္တီ
သား Kyung Soo အနားမွာပဲရွိေနေပးမယ္"
"ေအး သား "
Suho ထြက္သြားေတာ့မွပဲ Baek ျပန္ေမးရေတာ့တယ္
ႏွစ္ေယာက္ၾကားမွာ လွ်ို႔ဝွက္ခ်က္မရွိဘူး သက္တူ႐ြယ္တူညီအကိုေတြေပါ့ တစ္ေယာက္ခံစားခ်က္ကို တစ္ေယာက္က ေလးေလးနက္နက္နားေထာင္ေပးတယ္
"ဘယ္လိုျဖစ္တာလဲ"
"ငါ.. ငါ ကိုကို႔ ကိုဖြင့္ေျပာလိုက္တာ"
"ေတြးေတာ့ေတြးမိသားပဲ ငါနဲ႕ေတာ့တိုင္ပင္သင့္တာေပါ့"
"ငါလည္း မရည္႐ြယ္ဘဲေျပာလိုက္မိတာ"
"အင္း သူ႕ဘက္ကေရာ"
"ေတြ႕တဲ့အတိုင္းပဲ"
"သူ လက္မခံနိုင္ေသးတာေနမွာပါ"
"မသိဘူး"
"အဲဒါဆို ဒီကိုဘယ္လိုေရာက္လာတာလဲ"
"လူတစ္ေယာက္ေဆး႐ုံပို႔ေပးတာလို႔ မား ေျပာတယ္"
အားနည္းေနေသးေတာ့ စကားမ်ားမ်ားေျပာလိုက္လို႔ေနမယ္ ရင္ဘတ္နိမ့္ခ်ည္ျမင့္ခ်ည္နဲ႕ ေမာေနပုံရတဲ့ Kyung Soo ကိုၾကည့္ၿပီး Baek စိတ္မေကာင္းျဖစ္မိတယ္
"ေတာ္ေသးတာေပါ့ သူလာေသးလား"
"လာတယ္ မင္းမလာခင္ကမွျပန္သြားတာ"
"မင္းကေလ ကိုယ့္ကိုယ္ကိုအဲ့ေလာက္ဂ႐ုမစိုက္ရလား"
"သူ႕ဟာသူျဖစ္သြားတာေလ ေအာ္..."
"ထားပါေတာ့ ဘာစားၿပီးၿပီလဲ"
"ဆန္ျပဳတ္"
"ခုေတာ့ ဆန္ျပဳတ္ ေသာက္ေနရၿပီေပါ့ ဟား..."
"မရယ္နဲ႕ ေနျပန္ေကာင္းမွအေသရိုက္ပစ္မယ္"
"အရင္အားေမြးလိုက္အုန္း"
"မင္းေတာ့ေလ "
"ဒီႏွစ္ေယာက္ေတာ့ေတြ႕တာနဲ႕ ဆူေနတာပဲ"
အခန္းဝဘက္က Lulu အသံေၾကာင့္ ႏွစ္ေယာက္သားလွည့္ၾကည့္လိုက္ၾကတယ္
"သူအရင္စတာ တီေလး"
"ျဖစ္ကျပန္ဦးမယ္"
"သားBaek ဘယ္တုန္းကေရာက္တာလဲ"
"သိပ္မၾကာေသးဘူး အန္တီ"
"ေအာ္~ သား ပန္းသီးစားမလား"
"ဟုတ္"
"ေနသာမေကာင္းတာ အကုန္စား"
"စား မွာ ပဲ မင္းအပူပါလား"
ခုနတည့္ေနတာ သူတို႔ႏွစ္ေယာက္မဟုတ္တဲ့အတိုင္းပဲ တစာစာနဲ႕ ရန္ျဖစ္ေနၾကျပန္ၿပီ
*************************
Yeol ေဆး႐ုံကိုျပန္လာခဲ့တယ္
Tao ကိုစိတ္မပူဖို႔ေျပာခဲ့ၿပီး ေဆး႐ုံမွာအိပ္မွာနဲ႕ ေနာက္ေန႕မွျပန္လာမယ့္အေၾကာင္းေရာေပါ့
အခန္းတံခါးကေနတစ္ဆင့္ Kyung Soo ရယ္ေနတဲ့ပုံရိပ္ေလး ဝါးတားတားျမင္ေနရတယ္
Lulu ကိုအနိုင္က်င့္ေနတဲ့ ကေလးေပါက္စေလး
"Yeol ငါနဲ႕ခနလိုက္ခဲ့"
"ဘယ္ကိုလဲ"
"တစ္ေနရာ"
Sehun. Yeol ကိုေဆး႐ုံအတြင္းက ဝရန္ဘာဘက္မွာ ခနၾကာဘာမွမေျပာဘဲ ၿငိမ္ေနၾကတယ္
"ဘယ္လိုေရာက္လာတာလဲ"
"Hyun ေျပာျပတာ"
"အင္း"
"မင္း ဘာျဖစ္ေနတာလဲ"
"ဘာမျဖစ္ဘူး"
"Kyung Soo ကို..."
"သိသြားတာလား"
"ေအး ဒါေပမယ့္သိသာေနတာ"
"..............."
"Kyung Soo ကိုနည္းနည္းေလးေတာင္ စိတ္မယိုင္မိဘူးလား"
"..............."
"ေနာင္တမရခ်င္ရင္ ကိုယ့္ကိုယ္ကိုမညာဖို႔လိုတယ္ မင္း ေနာက္ေတာ့သိလာမွာပါ"
"..............."
Yeol နားမလည္နိုင္ေသးတဲ့ ေမးခြန္းတစ္ခ်ိဳ႕အတြက္ အေျဖရွာလို႔မေတြ႕ေသးဘူး
*************************
Sehun နဲ႕ Yeol. Kyung Soo ဆီသြားေတာ့ Suho လည္းျပန္ေရာက္ေနၿပီ
Sehun. Kyung Soo ကိုအက်ိဳးအေၾကာင္းေမးၿပီး Suho. Lulu တို႔နဲ႕ စကားေျပေနၾကတယ္
Baek က Kyung Soo ရဲ႕တစ္ဖက္မွာရွိေနၿပီ တစ္ဖက္မွာ မ်က္ႏွာငယ္နဲ႕ရွိေနသူက Yeol
"Kyung Soo ဆန္ျပဳတ္နည္းနည္းေသာက္မလား"
"အင္း"
"အကို လုပ္ေပးလိုက္မယ္ Baek"
"ရတယ္ မင္းပဲလုပ္ေပး"
Baek ဆန္ျပဳတ္သြားယူၿပီး Kyung Soo ကိုခြံ႕ေကြၽးေနတာကို Yeol ၾကည့္ေနမိတယ္
^ တကယ္အေဝးဆုံးမွာေနမလို႔လား ငယ္ ^
"ေဟ်ာင့္"
"အင္း"
"ဒီညအိမ္ျပန္မွာလား"
"ငါမင္းကိုေစာင့္ေပးခ်င္ပါတယ္ ဒါေပမယ့္ျပန္မွျဖစ္မွာ အိမ္မွာ အေမနဲ႕ငယ္ေလးပဲရွိလို႔"
"ငါ သိပါတယ္ ေမးၾကည့္တာ"
"အကို ေရာျပန္မွာလား"
"မျပန္ေတာ့ဘူး ငယ့္ ကိုေစာင့္အိပ္ေပးမလို႔"
"ရပါတယ္ မား လည္းရွိေနတာပဲ"
"ဒါေပမယ့္..."
"အကို ေစာင့္ေပးလိမ့္မယ္ေလွ်ာက္ေျပာမေနနဲ႕ေတာ့"
Kyung Soo ဘာမွျပန္မေျပာျဖစ္ဘူး
အရင္လိုသာဆို ဒီအေျခအေနကို သေဘာက်မိမွာမွန္ေပမယ့္ ခုခ်ိန္မွာေတာ့ တစ္ေယာက္တည္းပဲေအးေဆးေနခ်င္တယ္
နာက်င္ခဲ့ရတဲ့ မွတ္ဉာဏ္တစ္ခ်ိဳ႕ကို အခ်ိန္ယူၿပီးေဖ်ာက္ဖ်က္ပစ္ခ်င္တာ
*************************
ညလယ္ေလာက္က်ေတာ့ Kyung Soo ကိုေသြးေပါင္ခ်ိန္လာစစ္ေပးၿပီး ေဆးထပ္သြင္းေပးခဲ့တယ္ မနက္ျဖန္ညေနေလာက္ေတာ့ ေဆး႐ုံဆင္းလို႔ရၿပီတဲ့ေလ
Kyung Soo ေနမေကာင္းေပမယ့္လည္း ကုတင္ေပၚမွာပဲေနရတာကို မႀကိဳက္တာအမွန္
ထိုင္လိုက္ လွဲလိုက္ ဟိုလွိမ့္ဒီလွိမ့္နဲ႕ သ
"သား အိပ္ေတာ့မလား"
"မအိပ္ခ်င္ေသးဘူး မား"
"မား အနားမွာရွိတယ္ေနာ္"
"ဟုတ္"
"သား နည္းနည္းပိန္သြားတယ္ ေနေကာင္းသြားရင္ေတာ့ ဝက္ကေလးျဖစ္ေအာင္ ေကြၽးရေတာ့မယ္နဲ႕တူတယ္"
"မား ကလည္း ဝတာနဲ႕ဝက္ျဖစ္ေရာလား"
"အဲဒါဆိုမျဖစ္ဘူးလား"
"မျဖစ္ပါဘူး သား ကဝက္ဝံေလးပဲျဖစ္မွာ😁"
"ဟုတ္ပါၿပီ ဝက္ဝံေလးရယ္ စကားေတြလည္းတတ္လိုက္တာ"
"မား ကိုကိုေရာ"
Kyung Sooတကယ္မရည္႐ြယ္ဘဲနဲ႕ ေမးမိသြားတာ
အနားမွာခနမရွိတဲ့အခ်ိန္ေလးေတာင္မွ မသိစိတ္က တမ္းတေနမိတာလား
"အျပင္ဘက္မွာရွိမယ္ထင္တယ္ သား ေတြ႕ခ်င္လို႔လား"
"ဟင့္အင္"
"သား တို႔အဆင္မေျပၾကဘူးလား"
"ဟုတ္ မား"
"သား စိတ္ေကာက္ေနလို႔လား"
"ဟုတ္ နည္းနည္း"
"ဘာျဖစ္လို႔လဲ"
"ဒီတိုင္း"
"ဟုတ္ပါၿပီ"
Suho အနားမွာရွိေနေပမယ့္ Kyung Soo ေသခ်ာျပန္ေတြးၾကည့္တယ္
^ ငယ့္ ဘက္ကသာ ကိုကို႔ ကိုခ်စ္ေနရတာ ကိုကို က ငယ့္ ကိုဘယ္တုန္းကမွ ပိုၿပီးမခ်စ္ခဲ့ဘူးမဟုတ္လား
ငယ္ သိရက္နဲ႕ေရွ႕တိုးမိခဲ့တာ တကယ္ဆို ငယ္ အတၱႀကီးမိသြားတာပါ ငယ္ နဲ႕ ကိုကို ဆက္ဆံေရးက အရင္တိုင္းေလးပဲရွိေနရင္ရေပမယ့္ ငယ့္ အတၱေၾကာင့္ ကိုကို နဲ႕ေဝးကြာသြားသလိုခံစားရတယ္
အဲ့လိုေတြးလိုက္မိတိုင္း ငယ့္ ႏွလုံးသားက နာက်င္ရတယ္
ကိုကို႔ ေၾကာင့္လို႔မေျပာရက္တာမို႔ ျဖစ္ခဲ့တာေတြအားလုံးက ငယ့္ အမွားေတြပါ
ငယ္ ကိုကို႔ ခံစားခ်က္ေတြကိုထည့္မတြက္ဘဲ ေျပာခဲ့မိတာပါ ၿပီးေတာ့မျဖစ္သင့္ဘူးမဟုတ္လား
ငယ္ လည္းခ်စ္တဲ့သူက ျပန္ခ်စ္တာကိုလိုခ်င္ခဲ့တာမို႔ သတိမထားမိဘဲ ကိုကို႔ ကိုတုန့္ျပန္ခဲ့မိတာ
ကိုကို႔ အနားကထြက္လာခဲ့မိတာလည္း ကိုကို လိုက္လာမယ္အထင္နဲ႕ ဒါေပမယ့္ ကိုကို ေရာက္မလာပါဘူး ငယ္ တစ္ေယာက္တည္းပင္ပန္းခဲ့ရတာေပါ့
ငယ့္ ကိုသနားၿပီးျပန္ခ်စ္ဖို႔မလိုဘူး ကိုကို
ငယ့္ ဘက္ကခ်စ္ေနရင္ပဲရၿပီမို႔ ငယ္ ကိုကို႔ ကိုဒီတိုင္းေလးပဲ ဆက္ခ်စ္ေနမွာ
အနည္းဆုံးေတာ့ ငယ့္ ကိုေပ်ာ္႐ႊင္မႈေပးနိုင္တဲ့ ကိုကို ဆိုတဲ့လူသားကို ခ်စ္ခဲ့မိတာ ငယ္ ဘယ္ေတာ့မွမမွားဘူး ^
မ်က္ဝန္းေထာင့္ မ်က္ေတာင္တိုစိပ္စိပ္ေလးေတြၾကားက လိမ့္ဆင္းသြားတဲ့ မ်က္ရည္ေပါက္ေလး
^ ငယ္ ပင္ပန္းလိုက္တာ ကိုကို ရယ္ ^
ခနၾကာေတာ့ Kyung Soo အိပ္ေပ်ာ္သြားတယ္ ေဆးရွိန္နဲ႕ဆိုေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္မွာပါ
Suho. Kyung Soo အနားမွာ ရွိေနတုန္းပဲ
"ငယ္ အိပ္သြားတာလား အန္တီ"
"အင္း ေဆးရွိန္နဲ႕မလို႔ေနမွာ"
"ဒီည သား ငယ့္ အနားမွာေစာင့္အိပ္ေပးမယ္ အန္တီ အိပ္လို႔အဆင္မေျပတဲ့အတူတူ"
"ေက်းဇူးပါ သား ရယ္
အဲဒါဆို အန္တီ အလုပ္သြားလုပ္လိုက္ဦးမယ္"
"ဟုတ္"
Yeol. Kyung Soo ကိုၾကည့္ၿပီး အသိစိတ္ထဲမွာ တစ္ခုၿပီးတစ္ခု အစီအရီေပၚလာတယ္
သူနဲ႕ စေတြ႕ခဲ့တဲ့အခ်ိန္ ၇ ႏွစ္အ႐ြယ္ကေလးေလး
အဲ့အ႐ြယ္ေလးတည္းက သူ႕ကိုဘယ္ေလာက္ထိခင္တြယ္လိုက္သလဲ ပထမဆုံးခင္တြယ္ဖူးတဲ့ သူစိမ္းတစ္ေယာက္က သူ ပါတဲ့
စာသင္ေပးတယ္ ေက်ာင္းအတူသြားတယ္ မုန့္အတူစားတယ္ အနိုင္က်င့္ခံရရင္ ငိုမဲ့မဲ့နဲ႕ျပန္တိုင္တတ္တဲ့ ကေလးေလးက ဆိုင္ကယ္ေနာက္ကလိုက္ရင္ ျပဳတ္က်မွာလည္း ေၾကာက္တတ္ပါေသးတယ္
တကယ့္ ႏုႏုဖတ္ဖတ္ မထိရက္စရာမို႔ ေႂကြ႐ုပ္ေလးလို ယုယထားရေလာက္တဲ့ထိ နည္းနည္းေလးပဲျဖစ္ျဖစ္ ပြန္းပဲ့သြားမွာ စိတ္ပူပါတယ္
ေမြးေန႕လက္ေဆာင္ ေၾကာင္ေလးေပးခဲ့တဲ့ေန႕ကဆို မ်က္လုံးေလးေတြမွိတ္တဲ့ထိ ရယ္ေနေသးတာ
ေခါင္းေလးပုတ္ေပးရင္ ေပ်ာ္ေနတတ္တာကစ ေနမေကာင္းရင္ ဂ်ီက်တတ္တာအဆုံး
တစ္ခါတေလ နေမာ္နမဲ့နိုင္တတ္ေပမယ့္ နည္းနည္းေလးေလသံမာတာနဲ႕ မ်က္ႏွာညွိုးသြားတတ္တဲ့ ေကာင္ေလး
ဒီေကာင္ေလး သူ႕ကို ခ်စ္ပါတယ္ တဲ့ေလ
~ ငယ့္ ေနရာမွာခံစားေပးခဲ့ဖူးလား ~
"ကိုကို ငယ့္ ေနရာကခံစားေပးၾကည့္မယ္ ၿပီးရင္ ကိုကို႔ ဘက္ကေရာ "
အိပ္ေပ်ာ္ေနတဲ့ေကာင္ေလးသာသိရင္ ေပ်ာ္ေနမွာပဲ
Yeol. Kyung Soo ရဲ႕ဆံပင္အုပ္အုပ္ေလးေတြကို လက္နဲ႕ဆြဲဖြေပးမိတယ္
"ငယ္ သေဘာက်တယ္မဟုတ္လား"
*************************
Yeol ကုတင္ေပၚမွာမွီအိပ္ေနေတာ့ အသက္ရႉသံျပင္းျပင္းေတြကိုလည္း ၾကားေနရၿပီး ကိုင္ထားတဲ့ Kyung Soo လက္တစ္ဖက္ လႈပ္လာတာကိုလည္း ေသေသခ်ာခ်ာခံစားမိတယ္
"ငယ္... ငယ္ နိုးေတာ့ေလ အိပ္မက္ဆိုးေတြမက္ေနတာထင္တယ္ ငယ္ "
လက္ကိုလႈပ္ၿပီးႏွိုးေပမယ့္ မနိုး
ဘယ္ညာခါေနတဲ့ေခါင္းကိုအုပ္ကိုင္ၿပီး ညာလက္နဲ႕ ပါးကိုဖြဖြပုတ္ႏွိုးလိုက္တယ္
"ငယ္... ငယ္ သတိထားအုန္းေလ ငယ္ နိုးလာေတာ့ "
><><><><><><><><
Kyung Soo ဘယ္ေနရာေရာက္ေနတာလဲ ေသခ်ာတာက ေမွာင္မဲေနတာဘာမွမျမင္ရဘူး
အေမွာင္မေၾကာက္တတ္ေပမယ့္ ခုအေျခအေနက ေက်ာခ်မ္းစရာပဲ
ဟိုဟိုဒီဒီေလွ်ာက္ၾကည့္လိုက္ေတာ့ အလင္းေရာင္မွိန္ျပျပေလးတစ္ခု ေတြ႕တယ္
ျမင္လိုက္ရတဲ့ အလင္းေရာင္မွန္ျပျပဆီ
သြားတယ္ ပိုေဝးသြားတယ္
ျမန္ျမန္သြားတယ္ ပိုေဝးသြားျပန္ၿပီ
အားကုန္သုံးၿပီး ေျပးၾကည့္ေပမယ့္ ရပ္ေနရာကတစ္လွမ္းမွမေ႐ြ႕သလိုပဲ
အလင္းေရာင္ေသးေသးေလျမင္ေနရေသးတယ္ ပိုၿပီးျမန္ျမန္ေျပးတယ္
တျဖည္းျဖည္း ပင္ပန္းလာတယ္ ေျခေထာက္ေ႐ြ႕ဖို႔ အားမရွိေတာ့တဲ့ထိပဲ
ျမင္ေနရတဲ့ အလင္းေရာင္မွိန္မွိန္ေလးေပ်ာက္သြားၿပီ
ေမွာင္မိုက္မႈေတြၾကားထဲ အနားေရာက္လာေသာ တစ္စုံတစ္ရာကို ခံစားမိေနတယ္ၾကက္သီးတျဖန္းျဖန္းထသည္ထိ ခံစားမိေနတယ္
အေမွာင္ထုက တျဖည္းျဖည္း လူကိုဝါးၿမိဳသြားသလိုပဲ
" အား!!!!!!! "
><><><><><><><><
"ငယ္... ငယ္ သတိထားအုန္းေလ ငယ္ နိုးလာေတာ့"
"အား!!! "
Kyung Soo အသံကုန္ေအာ္လိုက္ေပမယ့္ အျပင္မွာတာ့ ခပ္တိုးတိုးသာ
"ငယ္ အိပ္မက္ဆိုးမက္ေနတာလား"
စိုးရိမ္တႀကီးေမးေနတဲ့ Yeol ေၾကာင့္ နည္းနည္းအေၾကာက္ေျပသြားတယ္
Kyung Soo ဘာမွျပန္မေျပာနိုင္ေသးဘဲ ပါးကိုအုပ္ကိုင္ထားတဲ့ Yeol ရဲ႕ညာဘက္လက္ကို ရင္ဘတ္ေပၚမွာတင္ၿပီး မ်က္လုံးမွိတ္လ်က္သား ဖက္ထားမိေတာ့တာပဲ
Yeol ေနာက္လက္တစ္ဖက္နဲ႕ နဖူးကေခြၽးေစးတစ္ခ်ိဳ႕နဲ႕ မ်က္ရည္စို႔ေနတာေလးေတြပါ သုတ္ေပးေနတယ္
ၿပီးမွ Kyung Soo လက္ႏွစ္ဖက္ေပၚထပ္ကိုင္လိုက္ၿပီး
"ငယ္ ကိုကို ရွိတယ္ မေၾကာက္နဲ႕ေတာ့"
Kyung Soo ခုထိမ်က္လုံးမဖြင့္ေသးဘဲ ေခါင္းၿငိမ့္ျပေပမယ့္ ဖက္ထားတဲ့လက္တစ္ဖက္က ပိုတင္းၾကပ္လာဆဲ
^ ဘယ္ေလာက္ေတာင္ေၾကာက္ေနလိုက္မလဲ ^
"ငယ္ ေရနည္းနည္းေသာက္လိုက္ ၿပီးမွျပန္အိပ္"
Yeol. Kyung Soo ကိုေရနည္းနည္းတိုက္ၿပီး ျပန္အိပ္ခိုင္းလိုက္တယ္ ခုမွေနေကာင္းခါစ အားမရွိမွာလည္းစိုးရေသးတယ္မဟုတ္လား
Kyung Soo ကေတာ့ Yeol လက္တစ္ဖက္ကိုကိုင္ထားဆဲ
"မ်က္လုံးမွိတ္လိုက္ရင္ ျပန္... ျပန္ေပၚလာတယ္"
"ငယ့္ ေဘးမွာ ကိုကို ရွိတယ္ေလ မေၾကာက္နဲ႕ေတာ့ ငယ့္ အနားမွာရွိေနေပးမွာမလို႔"
Yeol. Kyung Soo ေခါင္းကိုပုတ္ၿပီးေျပာေတာ့ Kyung Soo ေခါင္းၿငိမ့္ျပလာတယ္
သိပ္ေတာ့မၾကာလိုက္ဘူး Kyung Soo ျပန္ၿပီးအိပ္ေပ်ာ္သြားတယ္
Yeol လက္တစ္ဖက္ကို တင္းတင္းၾကပ္ၾကပ္ဖက္ထားသလို Yeol ကိုယ္တိုင္လည္း ႐ုန္းဖို႔မလုပ္ခဲ့ဘူး
*************************
ဂႏၵမာပန္းလို႔ေခၚၾကတဲ့ ပြင့္ဖတ္မ်ားမ်ားနဲ႕ Chrysanthemum ေလးေတြ ျမင္ဖူးၾကမွာပါ
White Chrysanthemum ေလးေတြရဲ႕ အဓိပါယ္က " အမွန္တရား " ပါတဲ့
'ကိုကို အမွန္တရားကိုေသခ်ာေအာင္ ဆန္းစစ္ၾကည့္မွျဖစ္မယ္ ငယ္ ♥´
*************************