" ကိုကို့ ရဲ့ ငယ် - 13 "
"ငယ် ကိုကို့ ကို ချစ်တယ် "
Kyung Soo ပြောလိုက်ပြီးမှ Yeol ကိုကြောင်ပြီးကြည့်နေမိတယ်
"ကိုကို လည်းချစ်တယ်လေ"
"မဟုတ်ဘူး ကိုကို
ငယ်.. ငယ် ကိုကို့ ကိုချစ်တာက အဲ့လိုမဟုတ်..."
"မဟုတ်ရင်ဘယ်လိုမျိုးလဲ"
"ငယ် က ကိုကို့ ကိုယောကျ်ား(ချစ်သူ) တစ်ယောက်လိုချစ်တာ "
"ကိုကို ငယ့် ကိုညီလေးတစ်ယောက်လိုပဲချစ်ခဲ့တာ"
^ဘာလို့လဲ^
အလိုက်မသိ ဝဲလာတဲ့မျက်ရည်တွေ Yeol မျက်နှာကိုတောင် ကောင်းကောင်းမမြင်ရတော့ဘူး
Kyung Soo မျက်ရည်မကျအောင် မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်
ခုနခုန်နေတဲ့ ရင်ခုန်သံတွေကပါ နည်းနည်းငြိမ်သွားတယ် မျှော်လင့်တကြီးစောင့်ခဲ့ရတာက ဒီအဖြေရဖို့တဲ့လား
"အဲ့ထက်ပိုပေးလို့မရဘူးလား ကိုကို"
စပြီးမှတော့ ဆုံးတဲ့ထိရောက်အောင်သွားရမယ်မဟုတ်လား
^တောင်းဆိုကြည့်မယ် မဟုတ်ဘူး အသနားခံကြည့်မယ် ကိုကို ငယ့် ကိုသာ ပြန်ချစ်မယ်ဆို ငယ် အားလုံးလုပ်မှာ ^
"မဖြစ်သင့်ဘူးထင်တယ် ငယ်"
Yeol ရှေ့မှာမျက်ရည်ဝဲနေတဲ့ Kyung Soo ကိုမကြည့်ရက်ဘူး
ခုချိန်ထိ နေမကောင်းတဲ့ချိန်ကလွဲရင် တစ်ခါမှမျက်ရည်မကျဖူးတဲ့ Kyung Soo က ခုမှဘာလို့
"ဘာလို့လဲ ဘာလို့မဖြစ်နိုင်တာလဲ"
"..............."
"ငယ့် ကိုအကြောင်းပြချက်ပေးလို့ရမလား ကိုကို"
"အင်း ကိုကို ငယ့် ကိုဖြူဖြူစင်စင်ပဲချစ်ခဲ့တာ"
"ကိုကို ငယ့် ကိုဂရုစိုက်ပေးခဲ့တာတွေကရော..."
"ညီလေးတစ်ယောက်လိုပဲ"
Yeol သိတယ်
LGBT ဆိုတာ လူသားချင်းချစ်တာပဲ နားလည်ပေးလို့ရသလို လက်ခံပေးလို့လည်းရတယ်
ဒါပေမယ့် အကြောင်းပြချက်က 'ညီလေးလိုချစ်ခဲ့တာ' ပါတဲ့
"ဟုတ်ပါတယ် ငယ်က... ငယ် ကပဲ"
Kyung Soo ခေါင်းငုံ့လိုက်တော့ ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တွေ
အသံအဆုံးနားမှာ ရှိုက်သံနည်းနည်းတောင် ပါသွားသေးတယ်
"ငယ် ကိုကို ပြောပြမယ်
ချစ်တာနဲ့ အရေးပေးတာ မတူဘူး
အရေးပေးတယ် ဆိုတိုင်းလည်းချစ်လို့မဟုတ်ဘူး
ကိုကို ငယ့် ကိုဂရုစိုက်ပေးခဲ့တာတွေ စိတ်ပူပေးခဲ့တာတွေ ကာကွယ်ပေးခဲ့တာတွေက ငယ့် ကိုချစ်မှ လုပ်ပေးလို့ရတဲ့အရာတွေ မဟုတ်ဘူးလေ
ငယ့် ကို ချစ်ပါတယ် ဒါပေမယ့်... ထားပါ
ကိုကို နဲ့ ငယ် ငယ်ငယ်တည်းက သံယောဇဥ်တွယ်လာခဲ့ကြတာမဟုတ်လား
ကိုကို တို့နှစ်ယောက်ကြားမှာရှိတဲ့ သံယောဇဥ်တွေကို ငယ် က အချစ် လို့သတ်မှတ်လိုက်တာ
ငယ် ကငယ်သေးပါတယ် တကယ်တော့ ငယ် အချစ် ဆိုတာကိုမသိသေးဘူး"
Yeol. Kyung Soo ကိုချော့ပြီး ပြောကြည့်ပေမယ့်
"ဟင့်အင်း ငယ် သိတယ် မဟုတ်ဘူး မသိဘူးပဲထား
ငယ် သိတာက ငယ် ကိုကို့ ကိုချစ်တယ်လေ အဲဒါဆိုရပြီမဟုတ်လား"
"ငယ် ကိုကို့ ကိုကြည့်"
မျက်ဝန်းချင်းဆုံကြည့်လိုက်တဲ့အချိန်မှ Kyung Soo မျက်ဝန်းမှာရစ်ဝိုင်းနေတဲ့ အရည်ကြည်တစ်ချို့
မျက်ထောင့်လေးတွေလည်းရဲနေပြီ
နှာခေါင်းနဲ့ ပါးပြင်မို့မို့လေးတွေရောပဲ
"ငယ် ငယ့် ခံစားချက်ကိုသိအောင် အရင်ကြိုးစားကြည့်ပါလား အဲဒါဆို ကိုကို ပြောတာနားလည်..."
"ရပြီ ဒီလောက်ဆိုရပြီ ကိုကို ထပ်ပြောရင် ငယ် ရူးသွားမလားမသိဘူး
ကိုကို ငယ့် ကိုမလိုပါဘူး ဟုတ်တယ်မလား
ကိုကို ညီလေးလိုချစ်တယ်ဆိုတဲ့ ငယ်.. ငယ့် နေရာကို ဝင်ကြည့်ပေးခဲ့ဖူးလား ငယ့် နေရာမှာရော ခံစားပေးခဲ့ဖူးလား
ငယ့် အပေါ် အသေးအမွှားကစ ဂရုစိုက်ပေးတတ်တဲ့သူကို ချစ်ခွင့်မရှိဘူးလား
ငယ် လည်း ငယ် ချစ်တဲ့သူပြန်ချစ်တာကို လိုချင်တာပဲလေ"
တစ်ဖက်လှည့်ပြီး ရှိုက်သံတစ်ဝက်နဲ့ပြောနေတဲ့ Kyung Soo စကားတွေကြောင့် Yeol စိတ်မကောင်းဖြစ်မိပေမယ့် ဒီအခြေအနေက မဖြစ်သင့်ဘူးမဟုတ်လား
"ဒါပေမယ့် ကိုကို က ငယ့် ကိုနှင်နေတာ
ငယ့် ကို ကိုကို့ အနားမှာရှိမနေစေချင်ဘူးမဟုတ်လား"
မျက်ဝန်းအိမ်တို့ကိုစိုက်ကြည့်ပြီး တစ်ခွန်းစီပြတ်ပြတ်သားသားပြောလာတဲ့ Kyung Soo စကားတွေကြောင့် Yeol တုန်လှုပ်သွားတယ်
"ငယ် ကိုကို ပြောတာက..."
ပြောမယ့်စကားတွေလည်း ထွက်မလာတော့သလို Kyung Soo မျက်ရည်တွေကို မကျစေဖို့လည်း မတားမိခဲ့ဘူး
"တော်ပါတော့ထပ်ပြီးမပြောပါနဲ့တော့ ခံစားရလွန်းလို့ ဒီထဲမှာ ရင်ထဲမှာမွန်းကြပ်နေပြီ"
ရင်ဘတ်ကိုဖိပြရင်း မတိုးမကျယ်အော်ပြောလိုက်တဲ့ Kyung Soo ထပ်ပြီးတော့
"ဟုတ်ပါတယ် ငယ် က ကိုကို့ ခံစားချက်ကိုမသိဘဲပြောလိုက်မိတာကို တောင်းပန်ပါတယ် ထပ်ပြီး ထပ်ပြီးတော့တောင်းပန်ပါတယ်
ချစ်တယ်ဆိုတဲ့ ခံစားချက်ရဲ့နောက်မှာ ပိုင်ဆိုင်လိုစိတ် တွေကပ်ပါလာတတ်တာမလို့ ငယ် ကိုကို့ အနားမှာရှိနေရင် ကိုကို့ ကိုပိုင်ဆိုင်ချင်မိမှာ အဲဒါကြောင့် ငယ် တတ်နိုင်သမျှ ကိုကို နဲ့အဝေးဆုံးမှာနေပါ့မယ်"
Kyung Soo. Yeol ရှေ့ကနေပြေးထွက်လာခဲ့တယ် ငိုနေမိမှန်းမသိတော့ဘူး
ပြေးတယ် ထပ်ပြေးတယ် ခုချိန်မှာ Yeol ရှေ့ကနေ လွတ်မြောက်ချင်တာပဲသိတယ်
ငိုရလွန်းလို့ပင်ပန်းနေပြီ
မျက်လုံးတွေလည်းအောင့်လာပြီး ဘာမှသေသေချာချာမမြင်ရတော့ဘူး
အားအင်တွေအကုန် စုပ်ယူခံလိုက်ရသလို ပျော့ခွေလာပြီး လဲကျသွားခဲ့တယ်
^မား ဘယ်မှာလဲဟင် သား.. သား ကိုလာခေါ်ပါနော် မား^
လမ်းကွေ့ဘက်က စျေးဆိုင်ရှေ့မှာ လဲကျနေတဲ့ကောင်လေးတစ်ယောက်နဲ့ ခုချိန်ထိ ထိုင်ရာကမထဖြစ်တဲ့ ကောင်လေးတစ်ယောက်လည်းရှိနေတယ်
*************************
ပြေးထွက်သွားတဲ့ ကျောပြင်သေးသေးလေးက ဝမ်းနည်းနေမှန်းသိသာတယ် ရှိုက်ငိုနေလို့ထင်ပါရဲ့ တသိမ့်သိမ့်နဲ့တုန်လှုပ်နေတာ
ဒီကျောပြင်သေးသေးလေး ပျောက်ကွယ်သွားပြီး ဘယ်ချိန်ထိ ငေးကြည့်နေမိတာလဲလို့ Yeol ကိုယ့်ကိုယ်ကိုမသိဘူး
~ ကိုကို နဲ့အဝေးဆုံးမှာနေပါ့မယ် ~
"ကိုကို ငယ် မျက်ရည်ကျတာမမြင်ရက်ဘူးလေ ငယ် သိတယ်မလား ကိုကို့ ဒီရင်ဘတ်ထဲမှာ တစ်မျိုးကြီးခံစားရတာ ဘာလို့လဲ
ငယ် ကိုကို့ ကိုစိတ်ကောက်သွားတာမဟုတ်လား ငယ် ပြန်လာမှာမလားဟင် ကိုကို... ကိုကို ဒီမှာပဲစောင့်နေမယ်နော် "
နေ့လည်ကနေ ညနေစောင်းတဲ့ထိ Yeol ထိုင်နေရာကနေ တုပ်တုပ်မှမလှုပ် စောင့်နေခဲ့တယ်
Kyung Soo ပြေးထွက်သွားတဲ့ နေရာကိုပဲကြည့်နေမိတာ အသိစိတ်လွတ်နေတဲ့ လူတစ်ယောက်လိုပဲ
Ring ring~~
vibrate လုပ်ထားတဲ့ဖုန်း မြည်နေတာဘယ်လောက်ကြာပြီလဲမသိဘူး
အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကြည့်လိုက်တော့ missed call တွေတွေ့တာနဲ့ Tao ကိုဖုန်းပြန်ခေါ်လိုက်တယ်
"Hello မေမေ"
"သား သားငယ် ဆေးရုံမှာတဲ့"
Yeol ဘာမှပြန်မပြောနိုင်တဲ့ထိ ဆွံ့အသွားတယ်
"ငယ်... ငယ် ဆေးရုံမှာ ဘယ်ဆေးရုံမှာလဲ မေမေ"
"...................."
နေရာသိတာနဲ့ Yeol ချက်ချင်းထွက်လာခဲ့တယ်
ပါးပြင်မှာရှိနေတာက ဘယ်အချိန်က ကျနေခဲ့တဲ့ မျက်ရည်တွေလည်းမသိပေမယ့် အကြမ်းအတမ်းသုတ်ပစ်လိုက်တယ်
^ခုချိန်မှာ အရေးအကြီးဆုံးက ငယ်
ဘာဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းတောင်မသိရသေးဘူး^
"ဘာဖြစ်လို့ ငယ် ကျမှလဲ ကိုကို့ ကြောင့်ပါ ငယ် ဘာမှမဖြစ်ရဘူးနော်"
*************************
Reception:
"ငယ်... ငယ် ဘယ်မှာလဲ"
"ဘယ်သူ့ကိုပြောတာလဲမသိဘူးရှင့်"
"အာ~ Doh Kyung Soo သူ ဘယ်မှာလဲ"
"Doh Kyung Soo တတိယထပ် အခန်းနံပါတ် 105 မှာရှိပါတယ်"
Yeol ကဗျာကယာပြေးသွားတယ်
ဓာတ်လှေကားကနေ ဘယ်လိုအပေါ်ရောက်သွားလဲတောင်မသိတော့ဘူး
'တတိယထပ် အခန်းနံပါတ် 105' အမြန်ရှာတယ် Kyung Soo အတွက်နဲ့ရင်တွေလည်းပူလှပြီ
အခန်းတံခါးဖွင့်လိုက်တော့ ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့ လဲလျောင်းနေတဲ့ Kyung Soo
မျက်နှာဖြူဖပ်ဖြူရော်နဲ့ နည်းနည်းချောင်သွားသလိုပဲ
ကုတင်ဘေးမှာတော့ Suho ရှိနေပြီး တစ်နေရာမှာ Lulu ရှိနေတယ်
"ငယ် ဘယ်လိုဖြစ်တာလဲ အန်တီ"
"ဆရာဝန်ပြောတာတော့ စိတ်ထိခိုက်စရာကြီးကြီးမားမား ကြုံခဲ့ရလို့ shock ရသွားတယ်ပြောတယ် Yeolလေး
သား ငယ်ငယ်တည်းက ခုလိုတစ်ခါမှမှမကြုံဖူးသေးတာ"
^ကိုကို့ ကြောင့်ငါ ငယ်
ငယ် ခုလိုဖြစ်နေတာ ကိုကို မကြည့်ရက်ဘူး ငယ့် အစား ကိုကို ပဲဖြစ်လိုက်ချင်တယ်^
ဆေးသွင်းထားတဲ့ Kyung Soo လက်လေးတစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး လက်ခုံလေးကို ဖွဖွလေးပွတ်ပေးမိတယ်
"အန်တီ နေ့လည်တည်းကရောက်နေတာမဟုတ်လား"
"အင်း Yeol ဘာဖြစ်လို့လဲ"
"အန်တီတို့ အိမ်ခနပြန်ရင်ပြန်လေ သား ငယ့် ကိုစောင့်ပေးထားမယ်"
"အဲဒါဆိုခနပြန်လိုက်မယ်နော်"
"ဟုတ် အန်တီ စိတ်ချပါ"
"အင်း Lulu ရေသွားရအောင်"
"ဟုတ် မမ"
Suho နဲ့ Lulu ထွက်သွားတော့မှ Yeol. Kyung Soo နဖူးပေါ်မှာဝဲကျနေတဲ့ ဆံပင်နုနုလေးတွေကို သပ်တင်ပေးလိုက်တယ်
"ကိုကို တောင်းပန်ပါတယ် ငယ်
ခုအခြေအနေမှာ ငယ့် ကို တောင်းပန်စကားပဲ ပြောတတ်တော့တယ်
အဲ့တုန်းက ငယ့် နောက်ကိုလိုက်လာခဲ့ရမှာ ကိုကို မှားတာပါ ငယ် ကိုကို့ ကြောင့်မဟုတ်ရင် ငယ် ဒီလိုဖြစ်မှာမဟုတ်ဘူး"
Yeol ဘယ်ချိန်ထိမျက်နှာဖွေးနုနုလေးကို ငေးကြည့်နေမိခဲ့တာလဲ
ကိုင်ထားတဲ့လက်လေး နည်းနည်းလှုပ်လာတော့မှ သတိထားမိတယ်
"ငယ် ငယ် သတိရလာတာလား"
"ဟင့်~
ညည်းသံထွက်လာပြီးမှ ကိုယ်လုံးလေးက နည်းနည်းလူးလွန့်လာတယ်
Kyung Soo လက်တစ်ဖက်က နွေးနေသလိုခံစားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ အနားမှာရှိနေတဲ့ Yeol
"ငယ် သတိရလာပြီလား"
"..............."
"ကိုကို့ ကိုစိတ်ကောက်နေတာလား"
"ဟင့်အင်း"
Yeol ကိုင်ထားတဲ့လက်တစ်ဖက်ကို ရှောင်ဖယ်လိုက်ရင်း Kyung Soo တစ်ဖက်လှည့်သွားတယ်
မျက်ဝန်းထောင့်မှာကျလာတဲ့ မျက်ရည်နွေးနွေးတွေကရော ဘာကြောင့်လဲ
"ငယ်"
"ခနပြန်အိပ်နေချင်တယ် ဘာမှမပြောဘဲနေပေးလို့ရမလား"
^စကားပြောတာကစ သူစိမ်းဆန်သွားတဲ့ ငယ်
ကိုကို လို့တောင် ထည့်မပြောတော့ဘူးလား ^
နောက်ခိုင်းနေတဲ့ ကျောပြင်သေးသေးလေး တစ်ခါတစ်ခါတုန်သွားတာကစ ငေးကြည့်နေမိတယ်
ရှိုက်နေတယ်ထင်ပြီး ထွေးပွေ့နှစ်သိမ့်ပေးချင်ပေမယ့် လှမ်းလိုက်တဲ့လက်တစ်ဖက်ကို အသိစိတ်တစ်ချို့က တုန့်ဆိုင်းစေတယ်
ခုထိ မဖြစ်သင့်ဘူး လို့တွေးမိနေတုန်းပဲ
"Yeolလေး "
"ဟုတ် အန်တီ"
"Tao စိတ်ပူနေတယ် အိမ်ပြန်လိုက်ဦးနော်"
"ဟုတ် သား ပြီးရင်ပြန်လာခဲ့ပါမယ်"
"အင်း သားသဘောပါ"
Yeol ထွက်သွားတော့ Suho ကုတင်ဘေးကိုရောက်လာခဲ့တယ်
"သား အိပ်မပျော်ဘူးမဟုတ်လား"
"ဟုတ် မား"
"ခနထိုင်ကြည့်မလား"
"ဟုတ်"
ကုတင်မြှင့်ပေးလိုက်တော့ ကြွလာတဲ့ကိုယ်ပါးလွလွလေး စက္ကူဖြူတစ်လွှာလိုပဲ
"တီလေးရော"
"လိုတာလေးတွေဝယ်နေတယ် သား
မား ဆန်ပြုတ်ပြုတ်ခဲ့တယ် အသီးအရွက်နည်းနည်းပါထည့်ပြီးတော့လေ သား ကိုအားရှိအောင်ကျွေးရမယ်ဆိုလို့"
"ဆန်ပြုတ်ကအားရှိလို့လား မား ရဲ့"
"အင်း မား လုပ်လာတာမလို့"
"ဟုတ် ခွံ့ကျွေးလေ မား"
Suho ခွံ့ပေးတဲ့ဆန်ပြုတ်သောက်နေရင်း စဥ်းစားမိတယ်
ငယ်ငယ်က နေမကောင်းလို့ဆန်ပြုတ်သောက်ရရင် Yeol ပဲခွံ့ကျွေးနေကျမဟုတ်လား
Suho နဲ့ဆို အမြဲဂျီကျတတ်တော့
"အင့်~ တော်ပြီ"
"နည်းနည်းစားပါဦး သားရဲ့"
"မစားချင်တော့လို့ပါ မား"
"ခနနေရင် ထပ်စားရမယ် အဲဒါမှမြန်မြန်နေကောင်းမှာ"
"ဟုတ်"
"Kyung Soo ဘယ်လိုဖြစ်တာလဲ"
အနားရောက်လာတာနဲ့ နဖူးစမ်းလိုက် လက်တွေကြည့်လိုက်နဲ့ ပျာယာခတ်နေတဲ့ Baek ရယ်ပါ
"ဘာမဖြစ်ပါဘူး ဒီတိုင်း..."
"မေးကြည့်ပါဦး သားရယ် အန်တီမေးတော့လည်း ဘာမဖြစ်ဘူး ပဲပြောနေတာ"
"ငါ ခုမှသိလို့လာခဲ့တာ"
"ရပါတယ်"
Baek နဲ့ Kyung Soo ကအဲ့လိုပဲ
ခါတိုင်းတွေ့ရင် ဘုနဲ့ဘောက်ပြောနေကြပေမယ့် တစ်ယောက်ထိခိုက်မိရင် အရမ်းဂရုစိုက်ပေးကြတာ အရမ်းကောင်းတဲ့ ငယ်သူငယ်ချင်းတွေ
Baek. Kyug Soo ကိုနှစ်ယာက်တည်းကြားရုံအသံလောက်နဲ့ မေးလိုက်တယ်
"ငါ့ကို ပြောပြမယ်မဟုတ်လား"
"အင်း ပြီးရင်"
*************************
အနားတွန့်လေးတွေနဲ့ ပွင့်ဖတ်လှလှလေးတွေစုပြီးပွင့်တတ်တဲ့ Carnation ပန်းလေးတွေ မြင်ဖူးမှာပါ
Red Carnation လေးတွေရဲ့ languageက " မင်းကြောင့် ငါ့နှလုံးသား နာကျင်ရတယ် " တဲ့
'ကိုကို့ ကြောင့် ငယ့်နှလုံးသား နာကျင်နေရပြီ♥´
*************************
" ကိုကို့ ရဲ့ ငယ် - 13 "
"ငယ် ကိုကို့ ကို ချစ်တယ် "
"ကိုကို လည်းချစ်တယ်လေ"
"မဟုတ္ဘူး ကိုကို
ငယ်.. ငယ် ကိုကို့ ကိုခ်စ္တာက အဲ့လိုမဟုတ်..."
"ငယ် က ကိုကို့ ကိုယောက်ျား(ချစ်သူ)တစ်ယောက်လိုချစ်တာ "
^ဘာလို့လဲ^
^တောင်းဆိုကြည့်မယ် မဟုတ္ဘူး အသနားခံကြည့်မယ် ကိုကို ငယ့် ကိုသာ ပြန်ချစ်မယ်ဆို ငယ် အားလုံးလုပ်မှာ ^
"..............."
"ညီလေးတစ်ယောက်လိုပဲ"
Yeol သိတယ်
"ဟုတ်ပါတယ် ငယ္က... ငယ် ကပဲ"
အသံအဆုံးနားမွာ ရှိုက်သံနည်းနည်းတောင် ပါသွားသေးတယ်
"ငယ် ကိုကို ပြောပြမယ်
"ဟင့်အင်း ငယ် သိတယ် မဟုတ္ဘူး မသိဘူးပဲထား
"ငယ် ကိုကို့ ကိုကြည့်"
ကိုကို ငယ့် ကိုမလိုပါဘူး ဟုတ္တယ္မလား
"ငယ် ကိုကို ပြောတာက..."
"တော်ပါတော့ထပ်ပြီးမပြောပါနဲ့တော့ ခံစားရလွန်းလို့ ဒီထဲမွာ ရင်ထဲမှာမွန်းကြပ်နေပြီ"
လမ်းကွေ့ဘက်က ဈေးဆိုင်ရှေ့မှာ လဲကျနေတဲ့ကောင်လေးတစ်ယောက်နဲ့ ခုချိန်ထိ ထိုင်ရာကမထဖြစ်တဲ့ ကောင်လေးတစ်ယောက်လည်းရှိနေတယ်
*************************
Ring ring~~
"Hello မေမေ"
"...................."
"ဘာဖြစ်လို့ ငယ် က်မွလဲ ကိုကို့ ကြောင့်ပါ ငယ် ဘာမှမဖြစ်ရဘူးနော်"
*************************
Reception:
"ငယ်... ငယ် ဘယ်မှာလဲ"
"ငယ် ဘယ်လိုဖြစ်တာလဲ အန္တီ"
^ကိုကို့ ကြောင့်ငါ ငယ်
"အန္တီ နေ့လည်တည်းကရောက်နေတာမဟုတ်လား"
"ဟုတ် အန္တီ စိတ္ခ်ပါ"
"အင်း Lulu သွားရအောင်"
"ဟုတ် မမ"
အဲ့တုန်းက ငယ့် နောက်ကိုလိုက်လာခဲ့ရမှာ ကိုကို မွားတာပါ ငယ် ကိုကို့ ကြောင့်မဟုတ်ရင် ငယ် ဒီလိုဖြစ်မှာမဟုတ်ဘူး"
"ငယ် ငယ် သတိရလာတာလား"
"ဟင့်~
Kyung Soo လက္တစ္ဖက္က နွေးနေသလိုခံစားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ အနားမှာရှိနေတဲ့ Yeol
"ငယ် သတိရလာပြီလား"
"..............."
"ဟင့်အင်း"
"ငယ်"
"Yeolလေး "
"ဟုတ် အန္တီ"
"အင်း သားသေဘာပါ"
"သား အိပ္မေပ်္ဘာူးမဟုတ္လား"
"ဟုတ် မား"
"ခနထိုင်ကြည့်မလား"
"ဟုတ်"
"တီလေးရော"
"ဟုတ် ခွံ့ကျွေးလေ မား"
ငယ်ငယ္က နေမကောင်းလို့ဆန်ပြုတ်သောက်ရရင် Yeol ပဲခွံ့ကျွေးနေကျမဟုတ်လား
"အင့်~ တော်ပြီ"
"ဟုတ်"
"မေးကြည့်ပါဦး သားရယ် အန်တီမေးတော့လည်း ဘာမျဖစ္ဘူး ပဲပြောနေတာ"
"ငါ ခုမှသိလို့လာခဲ့တာ"
"ရပါတယ်"
Baek. Kyung Soo ကိုနှစ်ယာက်တည်းကြားရုံအသံလောက်နဲ့ မေးလိုက်တယ်
"အင်း ပြီးရင်"
*************************
*************************