Marriage And Love ( Comp...

By Mone_La_U

228K 29.5K 3.6K

We got married without Love More

MAL - 1
MAL - 2
MAL - 3
MAL - 4
MAL - 5
MAL - 6
MAL - 7
MAL - 8
MAL - 9
MAL - 10
MAL - 11
MAL - 12
MAL - 13
MAL - 14
MAL - 15
MAL - 16
MAL - 17
MAL - 18
MAL - 19
MAL - 20
Notice !
MAL - 22
MAL - 23
MAL - 24
MAL - 25
MAL - 26
MAL - 27
MAL - 28
MAL - 29
MAL - 30 ( Final )
Hey guyssssss !
Extra 1 ( Merry Christmas )
Extra - 2
Fic Book လေးလာပါပြီ ><♥

MAL - 21

6.8K 960 118
By Mone_La_U

Unicode

' သူ တကယ်ပဲ ဘာတွေလာလုပ်နေတာလဲ
ခုထိ မပြန်သေးဘူးလား ´

' မပြောတတ်ဘူး ´

ဖြူလွှသော ဆေးရုံကုတင်ထက်တွင် Baekhyun ရော
Jong in ရော တင်ပျဥ်ခွေ ထိုင်လျှက်ရိှပြီး ခုထိ ဆေးရုံမှ
မပြန်သေးပဲ စားပွဲပေါ်က မုန့်ခွံတွေကို ကောက်သိမ်းလိုက်
အမှိုက်ပုံးထဲ ထည့်လိုက်လုပ်သော တစ်စုံတစ်ယောက်ကို
အကြည့်မလွှဲပဲ တစ်ယောက်နားတစ်ယောက်ကပ်၍
လေသံနှင့် တီးတိုးပြောဆိုနေမိကြ၏ ။

မနက်ကတည်းက ဆေးရုံကို ရောက်နေသော Chanyeol
သည် တစ်ခုပြီးတစ်ခု မရိုးရအောင် အလုပ်များလျှက်ရိှပြီး
ညနေ 3 နာရီလောက်မှသာ ရေချိုးမည်ဟု အိမ်ပြန်သည် ။
တစ်နေကုန် နေရခက်နေသော Baekhyun မှာ ထိုအခါမှအသက်ရှူချောင်မည် ပြင်တုန်းရိှသေး ၁ နာရီပင်မကြာ
ပြန်ရောက်ချလာပြီး ယခု 7 နာရီတီးသည့်တိုင် ပြန်မည့်
အရိပ်အချည်မတွေ့ရသေးပေ ။

' ခင်များ ညစာ မစားရသေးဘူးမလား ´

ခပ်ဆတ်ဆတ် ထွက်လာသော အသံလေးကြောင့်
Chanyeol လက်ဖဝါး နှစ်ဖက်ကို ခါနေရင်းမှ
လှည့်ကြည့်မိတော့ ကုတင်ပေါ်မှာ ပုံ့နေအောင်
ထိုင်လျှက်  သူ့ကို အထူးအဆန်းကြည့်နေကြသော
2 ကောင်သားကို မြင်လိုက်ရ၏ ။

' အင်း ... မစားရသေးဘူး ´

' ဒါဆိုလဲ ပြန်တော့လေ
နောက်ကျနေပြီ ´

သူပြောလိုက်တဲ့   မစားရသေးဘူး ဟူသောစကားကို
ကြားကြားချင်းပင်မြန်မြန်ဖြတ်၍ ပြောလာသော
ကောင်လေးကြောင့်  Chanyeol ခေါင်းအသာကုတ်၍
မျက်တောင်ကို  ပုတ်ခတ် ပုတ်ခတ်လုပ်မိသည် ။
ဘာတွေ ဖြစ်နေတာလဲ ဒီကောင်လေး ။

' ငါ .. ဒီမှာ အိပ်မှာလေ ´

' ဘာ ? ´

သူ့စကားက်ို မနှစ်မြို့ဟန် ပေါ်သော ကောင်လေးသည်
ချက်ချင်း မျက်မှောင်ကြီးကြုံ့သွားပြီး
မျက်နှာကို  ဘေးဘက် လွှဲချသွား၏ ။
ထို့နောက် ချက်ချင်းဆိုသလိုပင် ခပ်တည်တည်နှင့်
သူ့အား ပြန်မော့ကြည့်လာသည် ။

' မလိုဘူး    ပြန် ။
ကျွန်တော် တစ်ယောက်တည်း အိပ်နိုင်တယ်
Jong In ကလည်း ညနက်ထိ စောင့်ပေးပြီးမှ
ပြန်တာ  ခင်များနေပေးစရာမလိုဘူး ´

' ငါထင်တာကတော့ ပြန်မယ့်ပြန်
မင်းသူငယ်ချင်း ပြန်သင့်တာထင်တယ်
ငါက မင်းယောကျ်ားလေ ´

ခပ်စိမ်းစိမ်း စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံသည်
အနည်းငယ် လှုပ်ခတ်သွားဟန် ပေါ်သော်လည်း ချက်ချင်းပင်
မျက်ခုံးတွေက ပို၍ စုကြုံ့လာသည်ကို Chanyeol
မြင်လိုက်ရသည် ။

သူဒီကောင်လေးကို တစ်ခုခုစိတ်ဆိုးစရာများ လုပ်မိသေးလို့လား ။
ခု အကောင်းဆုံးကြိုးစားပြီး ဆက်ဆံပေးနေတာကို ဘာကများ
ထပ်ပြီး မကျေနပ်စရာ ရိှနေသေးလို့တုန်း ။

ဘာစကားမှ မပြောထွက်ကြပဲ တစ်ယောက်ကိုတစ်ယောက်သာ
စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေကြသော အတွဲကြား
အနေခက်လာရတာက Jong in သာ ဖြစ်တာကြောင့်
ချောင်း  အသာဟန့်ရင်း ကုတင်ပေါ်က ဆင်းလိုက်၏ ။

' Hyung လည်း ထမင်းမစားရသေးဘူးမလား
အိမ်မပြန်ရင်တောင် ကျွန်တော်နဲ့အတူ ညစာစားဖို့
ခဏထွက်ရအောင် ´

' အွန်း ... ငါလိုက်လာခဲ့မယ် ´

သဘောက ခဏရှောင်ပေးဖို့ ပြောကြောင်း
သက်ရောက်နေတာမို့  Jong In 2 ယောက်လုံးကို
တစ်လှည့်စီ  အကဲခတ်သလို ကြည့်ပြီးနောက်
လည်ပင်းကိုပွတ်ကာ ချောင်းကိုဟန့်ကာဖြင့်
အခန်းထဲမှ အရင်ထွက်သွားလေတော့သည် ။

အခန်းထဲမှာ တစ်ယောက်မှ မရိှတော့မှ
Chanyeol ပါးစပ်တွင်းမှ လေတွေကို
ဟူးခနဲ တစ်ချက်မှုတ်ထုတ်လိုက်ပြီး အလိုမကျသလို
မှုန်ကုပ်နေသော ကောင်လေးဆီ လျှောက်သွား၍
နှဖူးကို လက်ညိုးနှင့် အသာတိုးပစ်လိုက်၏ ။

' အာ့ ... ခင်များ ´

' အေး   ​ဘာလဲပြော ။
ငါ့ကို ဘာကြောင့်များ ဒီလောက် အမြင်မကြည်ဖြစ်နေတာလဲ ´

ဘာအဖြေစကားမှ ပြန်မရပေ ။ မျက်ခုံးကိုသာ
ဆက်ကြုံ့၍ ကြည့်နေသည် ။ 

တကယ့် ငဂျစ် Pro Max ပင် ဖြစ်၏။
ဒီဟာလေးကို သူဘယ်လိုလုပ်ပစ်ရင် ကောင်းမလဲ ။

Chanyeol အကြံအိုက်စွာ ဘောင်းဘီအိတ်ထဲ
လက် 2 ဖက် နှိုက်ထားပြီး Baekhyun ကို
စိတ်မော လူမော  ပုံမျိုးနှင့် စိုက်ကြည့်နေ၏ ။

' ဘာစားမလဲပြော ။
ဝယ်လာခဲ့မယ် ´

' မလိုဘူး ။
Jong In ဝယ်လာလိမ့်မယ် ´

' ပြီးရောလေ ။
နေခဲ့ ´

ချက်ချင်းပင် လှစ်ခနဲ ကျောခိုင်းလှည့်ထွက်၍
အခန်းထဲမှ ထွက်သွားသော လူအား Baekhyun
ကြည့်ရင်း  မကျေမနပ်  ဟားခနဲ  တစ်ချက်
လေမှုတ်ထုတ်မိသွားသည် ။

2 ခါမေးတော့ ဘာဖြစ်သွားမှာမို့လဲ ။
ဒီလူက သိပ်ကို သောက်ကြီးသောက်ကျယ် နိုင်လွန်း၏ ။

Baekhyun သည်စိတ်တိုစွာပင် ကုတင်ခြေရင်း၌
သူ့ဟာသူရှိနေသော စောင်ကို အပုံလိုက် အောက်သို့
ဆောင့်ကန်ချမိတော့လေသည် ။

___
___

ဆေးရုံနှင့် မနီးမဝေးတွင် ရိှနေသော စားသောက်ဆိုင်
တစ်ခုအတွင်း Chanyeol နှင့် Jong In မျက်နှာချင်းဆိုင်
ထိုင်၍ ညနေစာ စားနေကြသည် ။
ယောကျ်ားလေးတွေ အချင်းချင်းဖြစ်လင့်ကစား
သိပ်မရင်းနှီးကြသေးသောကြောင့် ထွေထွေထူးထူး
ဘာမှမပြောဖြစ်ပဲ Baekhyun ရဲ့လက်အခြေအနေနဲ့
ပတ်သတ်၍သာ ၁ ခွန်း ၂ ခွန်းပြောဖြစ်ကြ၏ ။

' တက္ကသိုလ်နှစ်ဝက်စာမေးပွဲတွေတောင် စတော့မှာပဲ
Jong in မင်း အတန်းမတက်ပဲ Baekhyun ဆီ
လာလာစောင့်ပေးနေလို့ အဆင်ပြေမလား ´

Jong In က အစားအသောက်ကို မပြတ်တမ်း
ဆက်စားလျှက်သာ Chanyeol ကို
မကြည့်ပဲ ပေါ့ပေါ့ပါးပါးဖြေလာသည် ။

' အောင်မယ် မထင်ပါဘူး
ဒီတိုင်း Baekhyun နဲ့အတူ ၁ နှစ်နားလိုက်ချင်တာ
အဖေက အတင်းဖြေခိုင်းနေလို့ ´

Chanyeol ထမင်းစားခြင်း ခဏရပ်တန့်သွားပြီး
သက်ပြင်း ခပ်သာသာချမိပြန်၏ ။

' သက်သက် ငါ့ကြောင့်နဲ့ Baekhyun
ပညာရေးပါ နှောင့်နှေးကုန်ပြီ ´

ထိုစကားကို ညည်းညူမိမှသာ Jong in သည်
စားသောက်နေရာမှ သူ့ကို တဖြည်းဖြည်းမော့ကြည့်လာကာ
သက်ပြင်းချ၍ Tissue တစ်ခုနှင့် နှုတ်ခမ်းကို
ယူသုတ်သည် ။

' တကယ်တော့လေ ...
Hyung ကိုတော့ ကျွန်တော်ပြောပြသင့်တယ်လို့
ထင်တယ် ´

Chanyeol သည် အနည်းငယ် ကြောင်အ သွားသည့်ဟန်မျိုး
ဖြစ်သွား၍ Jong in နည်းတူ ဇွန်းကိုချကာ ရေတစ်ခွက်
ယူသောက်လိုက်၏ ။
ထို့နောက် သူနားထောင်ရန် အသင့်ရိှသည်ဟူသော
ပုံမျိုးနှင့် Jong in ကိုသာ လေးလေးနက်နက်ကြည့်နေခဲ့သည် ။

Jong in က ပြောရခက်နေတဲ့ပုံမျိုးနဲ့ မျက်နှာကို
အနည်းငယ် လွှဲကာ သက်ပြင်းတချချ လုပ်နေသော်လည်း
မပြော၍တော့ မဖြစ်သည့်ပုံမျိုးနှင့်သာ Chanyeol ကို
ပြန်မော့ကြည့်လာခဲ့၏ ။

' Baekhyun က ပန်းချီမဆွဲနိုင်တော့ဘူးတဲ့
ကျွန်တော်လည်း မပြောတတ်ဘူး 
တစ်သက်လုံးဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်ထင်တယ် ´

Chanyeol သည် ယခုမှ Baekhyun ၏
ဝါသနာကို သတိရသွားဟန်နှင့်  အနည်းငယ်
အနေရခက်သွားပုံမျိုး ဖြစ်ကာ မျက်လွှာချသွားသည် ။

' သူ ပန်းချီဆွဲရတာကို အတော်ကြိုက်လား ´

' Hyung မသိလို့ပါ
သူက ထင်ထားတာထက်ပိုပြီး ပန်းချီဆွဲရတာကိုကြိုက်တယ်
သူ့ website link ကိုကျွန်တော်ပို့ပေးလိုက်မယ်
သူ့ကိုတော့ ပြန်မပြောနဲ့နော်
အဲ့ကောင်က အချိန်ပြည့်ဒေါသထွက်ဖို့ကလွဲ ဘာမှမသိတဲ့
တလွဲမာနကောင် ´

Chanyeol သည် တစ်ချက်မသိမသာပြုံးပြ၍သာ
ခေါင်းငြိမ့်ပြလိုက်ရသော်လည်း ရင်ဘတ်အတွင်း၌မူ
အလွန်တရာ လေးလံနေခဲ့သည် ။

Baekhyun က သူ့ကြောင့်ပန်းချီမဆွဲနိုင်တော့ဘူးတဲ့လေ ။

__

' ဘူဂိုးလ်ဂီ တစ်ပွဲပေးပါ ´

' Baekhyun အတွက်မလား
နေပါစေ ငါရှင်းလိုက်မယ် ´

ကောင်တာတွင် card ကိုလှမ်းပေးရန် ပြင်နေသော
Jong in သည် ကြားဖြတ်ပြောလာသော
Chanyeol ၏ စကားကြောင့် ကြောင်တောင်တောင်နှင့်ပင်
လက်ကိုပြန်ရုတ်လိုက်သည် ။
ထို့နောက် သူတို့ 2 ယောက် စားသောက်ထားသည်များအပြင်
Baekhyun အတွက် အဖိုးအခ အားလုံးကိုပါ
Chanyeol သာ ရှင်းခဲ့လိုက်၏ ။
ထို့နောက် ပါဆယ်ထည့်ပေးလာသော ဘူဂိုးဂီလ် ပွဲကိုပါ
Chanyeol ကသာ ဆွဲကိုင်ယူလာခဲ့သောကြောင့်
Jong in မှာ ထူးဆန်းစိမ်းသက်စွာနှင့်ပင်
ဆိုင်အပြင်အတူထွက်လာခဲ့ရသည် ။

' မင်းပြန်တော့မှာမလား ´

' ဗျာ ?  အခု ..အခုလား ? ´

' အင်း အခု ´

Chanyeol ရဲ့မျက်နှာကြီးမှာ တည်ကြည်နေပြီး
ပြန်တော့မှာလား  လို့မေးနေတာထက်
မင်းမပြန်ရင် ငါသတ်မယ် ဟု ပြောချင်နေသကဲ့သို့ပင်
Jong in ခံစားနေရ၏ ။

' အော် .. ဟုတ် ဟုတ် ...
ခု.. ပြန်တော့ .. မလို့ပါ ´

' အင်း  ကောင်းကောင်းသွား ´

Chanyeol သည် Jong in ၏ ပုခုံးကို
နှုတ်ဆက်သကဲ့သို့ 2 ချက် ဆက်ပုတ်ခဲ့ပြီးနောက်
လက်တစ်ဖက်က စက္ကူအိတ်ကိုဆွဲ တစ်ဖက်က
ဘောင်းဘီအိတ်ထဲကို နှိုက်လျှက် ဆေးရုံ Baekhyun ရိှရာထပ်သို့ တက်ခဲ့တော့သည် ။

အခန်းတံခါးကို ဖွင့်၍ ကြည့်လိုက်သောအခါ
45° မတ်ထားသော ကုတင်ပေါ်မှီရင်း
ဘယ်ဘက်လက် တစ်ဖက်တည်းကိုအသုံးပြု၍
ဖုန်းကိုကြည့်နေသော Baekhyun ကို
တွေ့လိုက်ရ၏ ။

ထိုကောင်လေးကတော့ တံခါးဖွင့်သံကြားရုံတစ်ချက်သာ
သူ့ကို လှည့်ကြည့်လာပြီး  ခပ်တည်တည်နှင့်ပင်
ဖုန်းဘက်ကို ပြန်လှည့်သည် ။

Chanyeol လည်း ဘာစကားတစ်ခွန်းမှ အပိုမဆိုပဲ
အခန်းတွင်းဝင်၍ ဝယ်လာသော စက္ကူအိတ်ကို
စားပွဲပေါ်ချကာ ဝယ်လာသည်များကို ထုတ်ယူတော့၏ ။
ထို့နောက် ထိုဘူးများကို ဖွင့်လှစ် ပြင်ဆင်နေရင်းနှင့်ပင်
ကုတင်ပေါ်မှ ကောင်လေးကို မကြည့်ပဲ ပြောလိုက်သည် ။

' ဘူဂိုးလ်ဂီ ဝယ်လာတယ်
ထ .. စားမယ် ´

' Jong in ရော ´

' ပြန်သွားပြီ ´

သူခပ်ပြတ်ပြတ်မေးသမျှ ကိုယ်လည်း ခပ်ပြတ်ပြတ်သာဖြေရင်း
တစ်ချက် စောင်းငဲ့ကြည့်လိုက်တော့ ဖုန်းနံပါတ်တစ်ခုကို
မကျေမနပ်ခေါ်ဆိုရန် ပြင်နေသောကြောင့် Chanyeol
လှစ်ခနဲပင် လက်ထဲမှ ဖုန်းအား ဆွဲယူပစ်လိုက်၏ ။

' ဘာလုပ်တာလဲ ခင်များ ´

' ဖုန်းဆက်မနေနဲ့တော့
သူလည်း စာမေးပွဲနီးနေပြီ စာလုပ်ပါစေဦး ´

ထိုအခါမှ Baekhyun သည် စုပ်တစ်ချက် သပ်ပစ်လိုက်ပြီး
အနည်းငယ် မှုန်ကုပ်ကုပ်ဖြစ်နေသော မျက်နှာကို
ဘေးဘက်သို့ အနည်းငယ်လွှဲပစ်လိုက်သည် ။

' လာ .. ငါခွံ့ကျွေးမယ် ´

ထိုစကားကိုကြားသောအခါ Baekhyun သည်
ထပ်ပြီး သူ့ကို မဖွယ်မရာစကားများပြောနေသကဲ့သ်ို့
အမူအရာမျိုးနှင့် ကြည့်လာပြီး သ်ိသိသာသာပင်
မျက်နှာကို ပြန်လွှဲပစ်လိုက်ပြန်၏ ။

' မလိုဘူး ..
ဘယ်လက်နဲ့စားလို့ရတယ် ´

Chanyeol သည် ထပ်ပြီး မောလျှစွာ သက်ပြင်းချ၍
Baekhyun အား တကယ့်ကလေးဆိုး တစ်ယောက်သဖွယ်
ပုံစံမျိုးနှင့် ကြည့်လာလေသည် ။
ထို့နောက်တွင်တော့ ဘာကိုမျှ ဂရုမစိုက်သလို ပုံစံမျိုးနှင့်
Bugolgi ဘူးကို ယူလာပြီး Baekhyun ဘေးတည့်တည့်ကို
လာထိုင်ကာ ခွံ့တော့၏ ။

' မစားပါဘူးဆို ... ခင်များ တကယ်ပဲ ´

' မစားလို့မရဘူး
လာ ပါးစပ်ဟ .... အာ ´

' မစားဘူး
စားစေချင်ရင် ခုံပေါ်ချထား
ဘယ်လက်နဲ့စားမယ် ´

' အေး .. ကောင်းကောင်းမွန်မွန်ပြောနေတာကို
ဆက်တိုက် ဂျစ်ကန်နေရင် ငါဖက်နမ်းမှာနော် ´

' ခင်များ !!! ´

Baekhyun သည် ဘာပြန်ပြောရမှန်းမသ်ိ ။
အသက်ရှူသံ တစ်ရှူးရှူးသာ ထွက်ပေါ်နေပြီး
နှာသီးဖျားတွေ နားရွက်ဖျားတွေ နီရဲတက်လာရသည် ။

ဒီလူ .... ရာရာစစ !
ဘယ်လို သတ္တိနဲ့များ ။
သောက်ကျိုးနည်း ဘယ်လိုစကားကြီးကို ပြောချလိုက်တာလဲ ။

' ကဲ ... အခု ဟ ! ´

Baekhyun သည် မျက်မှောင်များကို ကြုံ့၍
အကြည့်တွေက်ို မလွှဲတမ်း တိုက်စစ်ဆင်နေရာမှ
စိတ်တိုစွာပင် အကြည့်လွှဲပစ်လိုက်ပြီး ပါးစပ်ကို အနည်းငယ်
ဟ ပေးထားလိုက်တော့၏ ။

တကယ် ဖက်နမ်းရင်လည်း ဒီလက်အကျိုးနဲ့
ဘာမှ ပြန်လုပ်လို့ရမှာ မဟုတ်ဘူး ။

Chanyeol သည် မှုပ်ကုပ်ကုပ်နှင့် ပါးစပ်ဟ ပေးထားသော
မျက်နှာလေးကိုကြည့်ကာအသံ ခပ်တိမ်တ်ိမ်နှင့်ရယ်မော၍
တစ်ဇွန်းအပြည့် ခွံ့ကျွေးလိုက်တော့သည် ။
ပါးဖောင်းဖောင်းနှင့် တမြုံ့မြုံ့ဝါးနေသော်လည်း
မျက်မှောင်များကြုံ့ထားခြင်းကိုမူ မဖြေလျှော့နိုင်ဖြစ်နေသော
တစ်ဦးတည်းသောသူ၏ မျက်နှာပေးကို ကြည့်ရင်း
သူ ကြိတ်ရယ်ရုံသာ တတ်နိုင်တော့၏ ။

TBC ...

မနေ့က တကယ်ကြီး သေပြီထင်တာ ဟီ ဟီ
မီးလောင်နေတုန်း ဂျောင်မှာကုပ် နားတွေပိတ်ပြီး
ဘယ်ချိန်ပေါက်ကွဲထွက်တော့မလဲ ဆိုပြီးအသေကြောက်နေတာ
တော်သေး ... ဝန်ထမ်းတွေရောက်လာပြီး မပေါက်ကွဲခင်
မီးငြိမ်းနိုင်သွားလို့ !
Transformer နဲ့ အနီးဆုံးက မုန်လာဥတို့အိမ်ပဲ
15 ပေလောက်ပဲကွာတယ် :")

Zawgyi

' သူ တကယ္ပဲ ဘာေတြလာလုပ္ေနတာလဲ
ခုထိ မျပန္ေသးဘူးလား ´

' မေျပာတတ္ဘူး ´

ျဖဴလႊေသာ ေဆး႐ုံကုတင္ထက္တြင္ Baekhyun ေရာ
Jong in ေရာ တင္ပ်ဥ္ေခြ ထိုင္လွ်က္ရိွၿပီး ခုထိ ေဆး႐ုံမွ
မျပန္ေသးပဲ စားပြဲေပၚက မုန့္ခြံေတြကို ေကာက္သိမ္းလိုက္
အမွိုက္ပုံးထဲ ထည့္လိုက္လုပ္ေသာ တစ္စုံတစ္ေယာက္ကို
အၾကည့္မလႊဲပဲ တစ္ေယာက္နားတစ္ေယာက္ကပ္၍
ေလသံႏွင့္ တီးတိုးေျပာဆိုေနမိၾက၏ ။

မနက္ကတည္းက ေဆး႐ုံကို ေရာက္ေနေသာ Chanyeol
သည္ တစ္ခုၿပီးတစ္ခု မရိုးရေအာင္ အလုပ္မ်ားလွ်က္ရိွၿပီး
ညေန 3 နာရီေလာက္မွသာ ေရခ်ိဳးမည္ဟု အိမ္ျပန္သည္ ။
တစ္ေနကုန္ ေနရခက္ေနေသာ Baekhyun မွာ ထိုအခါမွအသက္ရႉေခ်ာင္မည္ ျပင္တုန္းရိွေသး ၁ နာရီပင္မၾကာ
ျပန္ေရာက္ခ်လာၿပီး ယခု 7 နာရီတီးသည့္တိုင္ ျပန္မည့္
အရိပ္အခ်ည္မေတြ႕ရေသးေပ ။

' ခင္မ်ား ညစာ မစားရေသးဘူးမလား ´

ခပ္ဆတ္ဆတ္ ထြက္လာေသာ အသံေလးေၾကာင့္
Chanyeol လက္ဖဝါး ႏွစ္ဖက္ကို ခါေနရင္းမွ
လွည့္ၾကည့္မိေတာ့ ကုတင္ေပၚမွာ ပုံ႕ေနေအာင္
ထိုင္လွ်က္  သူ႕ကို အထူးအဆန္းၾကည့္ေနၾကေသာ
2 ေကာင္သားကို ျမင္လိုက္ရ၏ ။

' အင္း ... မစားရေသးဘူး ´

' ဒါဆိုလဲ ျပန္ေတာ့ေလ
ေနာက္က်ေနၿပီ ´

သူေျပာလိုက္တဲ့   မစားရေသးဘူး ဟူေသာစကားကို
ၾကားၾကားခ်င္းပင္ျမန္ျမန္ျဖတ္၍ ေျပာလာေသာ
ေကာင္ေလးေၾကာင့္  Chanyeol ေခါင္းအသာကုတ္၍
မ်က္ေတာင္ကို  ပုတ္ခတ္ ပုတ္ခတ္လုပ္မိသည္ ။
ဘာေတြ ျဖစ္ေနတာလဲ ဒီေကာင္ေလး ။

' ငါ .. ဒီမွာ အိပ္မွာေလ ´

' ဘာ ? ´

သူ႕စကားက္ို မႏွစ္ၿမိဳ႕ဟန္ ေပၚေသာ ေကာင္ေလးသည္
ခ်က္ခ်င္း မ်က္ေမွာင္ႀကီးႀကဳံ႕သြားၿပီး
မ်က္ႏွာကို  ေဘးဘက္ လႊဲခ်သြား၏ ။
ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုပင္ ခပ္တည္တည္ႏွင့္
သူ႕အား ျပန္ေမာ့ၾကည့္လာသည္ ။

' မလိုဘူး    ျပန္ ။
ကြၽန္ေတာ္ တစ္ေယာက္တည္း အိပ္နိုင္တယ္
Jong In ကလည္း ညနက္ထိ ေစာင့္ေပးၿပီးမွ
ျပန္တာ  ခင္မ်ားေနေပးစရာမလိုဘူး ´

' ငါထင္တာကေတာ့ ျပန္မယ့္ျပန္
မင္းသူငယ္ခ်င္း ျပန္သင့္တာထင္တယ္
ငါက မင္းေယာက်္ားေလ ´

ခပ္စိမ္းစိမ္း စိုက္ၾကည့္ေနေသာ မ်က္ဝန္းတစ္စုံသည္
အနည္းငယ္ လႈပ္ခတ္သြားဟန္ ေပၚေသာ္လည္း ခ်က္ခ်င္းပင္
မ်က္ခုံးေတြက ပို၍ စုႀကဳံ႕လာသည္ကို Chanyeol
ျမင္လိုက္ရသည္ ။

သူဒီေကာင္ေလးကို တစ္ခုခုစိတ္ဆိုးစရာမ်ား လုပ္မိေသးလို႔လား ။
ခု အေကာင္းဆုံးႀကိဳးစားၿပီး ဆက္ဆံေပးေနတာကို ဘာကမ်ား
ထပ္ၿပီး မေက်နပ္စရာ ရိွေနေသးလို႔တုန္း ။

ဘာစကားမွ မေျပာထြက္ၾကပဲ တစ္ေယာက္ကိုတစ္ေယာက္သာ
စိမ္းစိမ္းဝါးဝါး စိုက္ၾကည့္ေနၾကေသာ အတြဲၾကား
အေနခက္လာရတာက Jong in သာ ျဖစ္တာေၾကာင့္
ေခ်ာင္း  အသာဟန့္ရင္း ကုတင္ေပၚက ဆင္းလိုက္၏ ။

' Hyung လည္း ထမင္းမစားရေသးဘူးမလား
အိမ္မျပန္ရင္ေတာင္ ကြၽန္ေတာ္နဲ႕အတူ ညစာစားဖို႔
ခဏထြက္ရေအာင္ ´

' အြန္း ... ငါလိုက္လာခဲ့မယ္ ´

သေဘာက ခဏေရွာင္ေပးဖို႔ ေျပာေၾကာင္း
သက္ေရာက္ေနတာမို႔  Jong In 2 ေယာက္လုံးကို
တစ္လွည့္စီ  အကဲခတ္သလို ၾကည့္ၿပီးေနာက္
လည္ပင္းကိုပြတ္ကာ ေခ်ာင္းကိုဟန့္ကာျဖင့္
အခန္းထဲမွ အရင္ထြက္သြားေလေတာ့သည္ ။

အခန္းထဲမွာ တစ္ေယာက္မွ မရိွေတာ့မွ
Chanyeol ပါးစပ္တြင္းမွ ေလေတြကို
ဟူးခနဲ တစ္ခ်က္မႈတ္ထုတ္လိုက္ၿပီး အလိုမက်သလို
မႈန္ကုပ္ေနေသာ ေကာင္ေလးဆီ ေလွ်ာက္သြား၍
ႏွဖူးကို လက္ညိုးႏွင့္ အသာတိုးပစ္လိုက္၏ ။

' အာ့ ... ခင္မ်ား ´

' ေအး   ​ဘာလဲေျပာ ။
ငါ့ကို ဘာေၾကာင့္မ်ား ဒီေလာက္ အျမင္မၾကည္ျဖစ္ေနတာလဲ ´

ဘာအေျဖစကားမွ ျပန္မရေပ ။ မ်က္ခုံးကိုသာ
ဆက္ႀကဳံ႕၍ ၾကည့္ေနသည္ ။ 

တကယ့္ ငဂ်စ္ Pro Max ပင္ ျဖစ္၏။
ဒီဟာေလးကို သူဘယ္လိုလုပ္ပစ္ရင္ ေကာင္းမလဲ ။

Chanyeol အႀကံအိုက္စြာ ေဘာင္းဘီအိတ္ထဲ
လက္ 2 ဖက္ ႏွိုက္ထားၿပီး Baekhyun ကို
စိတ္ေမာ လူေမာ  ပုံမ်ိဳးႏွင့္ စိုက္ၾကည့္ေန၏ ။

' ဘာစားမလဲေျပာ ။
ဝယ္လာခဲ့မယ္ ´

' မလိုဘူး ။
Jong In ဝယ္လာလိမ့္မယ္ ´

' ၿပီးေရာေလ ။
ေနခဲ့ ´

ခ်က္ခ်င္းပင္ လွစ္ခနဲ ေက်ာခိုင္းလွည့္ထြက္၍
အခန္းထဲမွ ထြက္သြားေသာ လူအား Baekhyun
ၾကည့္ရင္း  မေက်မနပ္  ဟားခနဲ  တစ္ခ်က္
ေလမႈတ္ထုတ္မိသြားသည္ ။

2 ခါေမးေတာ့ ဘာျဖစ္သြားမွာမို႔လဲ ။
ဒီလူက သိပ္ကို ေသာက္ႀကီးေသာက္က်ယ္ နိုင္လြန္း၏ ။

Baekhyun သည္စိတ္တိုစြာပင္ ကုတင္ေျခရင္း၌
သူ႕ဟာသူရွိေနေသာ ေစာင္ကို အပုံလိုက္ ေအာက္သို႔
ေဆာင့္ကန္ခ်မိေတာ့ေလသည္ ။

___
___

ေဆး႐ုံႏွင့္ မနီးမေဝးတြင္ ရိွေနေသာ စားေသာက္ဆိုင္
တစ္ခုအတြင္း Chanyeol ႏွင့္ Jong In မ်က္ႏွာခ်င္းဆိုင္
ထိုင္၍ ညေနစာ စားေနၾကသည္ ။
ေယာက်္ားေလးေတြ အခ်င္းခ်င္းျဖစ္လင့္ကစား
သိပ္မရင္းႏွီးၾကေသးေသာေၾကာင့္ ေထြေထြထူးထူး
ဘာမွမေျပာျဖစ္ပဲ Baekhyun ရဲ႕လက္အေျခအေနနဲ႕
ပတ္သတ္၍သာ ၁ ခြန္း ၂ ခြန္းေျပာျဖစ္ၾက၏ ။

' တကၠသိုလ္ႏွစ္ဝက္စာေမးပြဲေတြေတာင္ စေတာ့မွာပဲ
Jong in မင္း အတန္းမတက္ပဲ Baekhyun ဆီ
လာလာေစာင့္ေပးေနလို႔ အဆင္ေျပမလား ´

Jong In က အစားအေသာက္ကို မျပတ္တမ္း
ဆက္စားလွ်က္သာ Chanyeol ကို
မၾကည့္ပဲ ေပါ့ေပါ့ပါးပါးေျဖလာသည္ ။

' ေအာင္မယ္ မထင္ပါဘူး
ဒီတိုင္း Baekhyun နဲ႕အတူ ၁ ႏွစ္နားလိုက္ခ်င္တာ
အေဖက အတင္းေျဖခိုင္းေနလို႔ ´

Chanyeol ထမင္းစားျခင္း ခဏရပ္တန့္သြားၿပီး
သက္ျပင္း ခပ္သာသာခ်မိျပန္၏ ။

' သက္သက္ ငါ့ေၾကာင့္နဲ႕ Baekhyun
ပညာေရးပါ ႏွောင့္ႏွေးကုန္ၿပီ ´

ထိုစကားကို ညည္းၫူမိမွသာ Jong in သည္
စားေသာက္ေနရာမွ သူ႕ကို တျဖည္းျဖည္းေမာ့ၾကည့္လာကာ
သက္ျပင္းခ်၍ Tissue တစ္ခုႏွင့္ ႏႈတ္ခမ္းကို
ယူသုတ္သည္ ။

' တကယ္ေတာ့ေလ ...
Hyung ကိုေတာ့ ကြၽန္ေတာ္ေျပာျပသင့္တယ္လို႔
ထင္တယ္ ´

Chanyeol သည္ အနည္းငယ္ ေၾကာင္အ သြားသည့္ဟန္မ်ိဳး
ျဖစ္သြား၍ Jong in နည္းတူ ဇြန္းကိုခ်ကာ ေရတစ္ခြက္
ယူေသာက္လိုက္၏ ။
ထို႔ေနာက္ သူနားေထာင္ရန္ အသင့္ရိွသည္ဟူေသာ
ပုံမ်ိဳးႏွင့္ Jong in ကိုသာ ေလးေလးနက္နက္ၾကည့္ေနခဲ့သည္ ။

Jong in က ေျပာရခက္ေနတဲ့ပုံမ်ိဳးနဲ႕ မ်က္ႏွာကို
အနည္းငယ္ လႊဲကာ သက္ျပင္းတခ်ခ် လုပ္ေနေသာ္လည္း
မေျပာ၍ေတာ့ မျဖစ္သည့္ပုံမ်ိဳးႏွင့္သာ Chanyeol ကို
ျပန္ေမာ့ၾကည့္လာခဲ့၏ ။

' Baekhyun က ပန္းခ်ီမဆြဲနိုင္ေတာ့ဘူးတဲ့
ကြၽန္ေတာ္လည္း မေျပာတတ္ဘူး 
တစ္သက္လုံးျဖစ္ခ်င္လည္း ျဖစ္သြားနိုင္တယ္ထင္တယ္ ´

Chanyeol သည္ ယခုမွ Baekhyun ၏
ဝါသနာကို သတိရသြားဟန္ႏွင့္  အနည္းငယ္
အေနရခက္သြားပုံမ်ိဳး ျဖစ္ကာ မ်က္လႊာခ်သြားသည္ ။

' သူ ပန္းခ်ီဆြဲရတာကို အေတာ္ႀကိဳက္လား ´

' Hyung မသိလို႔ပါ
သူက ထင္ထားတာထက္ပိုၿပီး ပန္းခ်ီဆြဲရတာကိုႀကိဳက္တယ္
သူ႕ website link ကိုကြၽန္ေတာ္ပို႔ေပးလိုက္မယ္
သူ႕ကိုေတာ့ ျပန္မေျပာနဲ႕ေနာ္
အဲ့ေကာင္က အခ်ိန္ျပည့္ေဒါသထြက္ဖို႔ကလြဲ ဘာမွမသိတဲ့
တလြဲမာနေကာင္ ´

Chanyeol သည္ တစ္ခ်က္မသိမသာၿပဳံးျပ၍သာ
ေခါင္းၿငိမ့္ျပလိုက္ရေသာ္လည္း ရင္ဘတ္အတြင္း၌မူ
အလြန္တရာ ေလးလံေနခဲ့သည္ ။

Baekhyun က သူ႕ေၾကာင့္ပန္းခ်ီမဆြဲနိုင္ေတာ့ဘူးတဲ့ေလ ။

__

' ဘူဂိုးလ္ဂီ တစ္ပြဲေပးပါ ´

' Baekhyun အတြက္မလား
ေနပါေစ ငါရွင္းလိုက္မယ္ ´

ေကာင္တာတြင္ card ကိုလွမ္းေပးရန္ ျပင္ေနေသာ
Jong in သည္ ၾကားျဖတ္ေျပာလာေသာ
Chanyeol ၏ စကားေၾကာင့္ ေၾကာင္ေတာင္ေတာင္ႏွင့္ပင္
လက္ကိုျပန္႐ုတ္လိုက္သည္ ။
ထို႔ေနာက္ သူတို႔ 2 ေယာက္ စားေသာက္ထားသည္မ်ားအျပင္
Baekhyun အတြက္ အဖိုးအခ အားလုံးကိုပါ
Chanyeol သာ ရွင္းခဲ့လိုက္၏ ။
ထို႔ေနာက္ ပါဆယ္ထည့္ေပးလာေသာ ဘူဂိုးဂီလ္ ပြဲကိုပါ
Chanyeol ကသာ ဆြဲကိုင္ယူလာခဲ့ေသာေၾကာင့္
Jong in မွာ ထူးဆန္းစိမ္းသက္စြာႏွင့္ပင္
ဆိုင္အျပင္အတူထြက္လာခဲ့ရသည္ ။

' မင္းျပန္ေတာ့မွာမလား ´

' ဗ်ာ ?  အခု ..အခုလား ? ´

' အင္း အခု ´

Chanyeol ရဲ႕မ်က္ႏွာႀကီးမွာ တည္ၾကည္ေနၿပီး
ျပန္ေတာ့မွာလား  လို႔ေမးေနတာထက္
မင္းမျပန္ရင္ ငါသတ္မယ္ ဟု ေျပာခ်င္ေနသကဲ့သို႔ပင္
Jong in ခံစားေနရ၏ ။

' ေအာ္ .. ဟုတ္ ဟုတ္ ...
ခု.. ျပန္ေတာ့ .. မလို႔ပါ ´

' အင္း  ေကာင္းေကာင္းသြား ´

Chanyeol သည္ Jong in ၏ ပုခုံးကို
ႏႈတ္ဆက္သကဲ့သို႔ 2 ခ်က္ ဆက္ပုတ္ခဲ့ၿပီးေနာက္
လက္တစ္ဖက္က စကၠဴအိတ္ကိုဆြဲ တစ္ဖက္က
ေဘာင္းဘီအိတ္ထဲကို ႏွိုက္လွ်က္ ေဆး႐ုံ Baekhyun ရိွရာထပ္သို႔ တက္ခဲ့ေတာ့သည္ ။

အခန္းတံခါးကို ဖြင့္၍ ၾကည့္လိုက္ေသာအခါ
45° မတ္ထားေသာ ကုတင္ေပၚမွီရင္း
ဘယ္ဘက္လက္ တစ္ဖက္တည္းကိုအသုံးျပဳ၍
ဖုန္းကိုၾကည့္ေနေသာ Baekhyun ကို
ေတြ႕လိုက္ရ၏ ။

ထိုေကာင္ေလးကေတာ့ တံခါးဖြင့္သံၾကား႐ုံတစ္ခ်က္သာ
သူ႕ကို လွည့္ၾကည့္လာၿပီး  ခပ္တည္တည္ႏွင့္ပင္
ဖုန္းဘက္ကို ျပန္လွည့္သည္ ။

Chanyeol လည္း ဘာစကားတစ္ခြန္းမွ အပိုမဆိုပဲ
အခန္းတြင္းဝင္၍ ဝယ္လာေသာ စကၠဴအိတ္ကို
စားပြဲေပၚခ်ကာ ဝယ္လာသည္မ်ားကို ထုတ္ယူေတာ့၏ ။
ထို႔ေနာက္ ထိုဘူးမ်ားကို ဖြင့္လွစ္ ျပင္ဆင္ေနရင္းႏွင့္ပင္
ကုတင္ေပၚမွ ေကာင္ေလးကို မၾကည့္ပဲ ေျပာလိုက္သည္ ။

' ဘူဂိုးလ္ဂီ ဝယ္လာတယ္
ထ .. စားမယ္ ´

' Jong in ေရာ ´

' ျပန္သြားၿပီ ´

သူခပ္ျပတ္ျပတ္ေမးသမွ် ကိုယ္လည္း ခပ္ျပတ္ျပတ္သာေျဖရင္း
တစ္ခ်က္ ေစာင္းငဲ့ၾကည့္လိုက္ေတာ့ ဖုန္းနံပါတ္တစ္ခုကို
မေက်မနပ္ေခၚဆိုရန္ ျပင္ေနေသာေၾကာင့္ Chanyeol
လွစ္ခနဲပင္ လက္ထဲမွ ဖုန္းအား ဆြဲယူပစ္လိုက္၏ ။

' ဘာလုပ္တာလဲ ခင္မ်ား ´

' ဖုန္းဆက္မေနနဲ႕ေတာ့
သူလည္း စာေမးပြဲနီးေနၿပီ စာလုပ္ပါေစဦး ´

ထိုအခါမွ Baekhyun သည္ စုပ္တစ္ခ်က္ သပ္ပစ္လိုက္ၿပီး
အနည္းငယ္ မႈန္ကုပ္ကုပ္ျဖစ္ေနေသာ မ်က္ႏွာကို
ေဘးဘက္သို႔ အနည္းငယ္လႊဲပစ္လိုက္သည္ ။

' လာ .. ငါခြံ႕ေကြၽးမယ္ ´

ထိုစကားကိုၾကားေသာအခါ Baekhyun သည္
ထပ္ၿပီး သူ႕ကို မဖြယ္မရာစကားမ်ားေျပာေနသကဲ့သ္ို႔
အမူအရာမ်ိဳးႏွင့္ ၾကည့္လာၿပီး သ္ိသိသာသာပင္
မ်က္ႏွာကို ျပန္လႊဲပစ္လိုက္ျပန္၏ ။

' မလိုဘူး ..
ဘယ္လက္နဲ႕စားလို႔ရတယ္ ´

Chanyeol သည္ ထပ္ၿပီး ေမာလွ်စြာ သက္ျပင္းခ်၍
Baekhyun အား တကယ့္ကေလးဆိုး တစ္ေယာက္သဖြယ္
ပုံစံမ်ိဳးႏွင့္ ၾကည့္လာေလသည္ ။
ထို႔ေနာက္တြင္ေတာ့ ဘာကိုမွ် ဂ႐ုမစိုက္သလို ပုံစံမ်ိဳးႏွင့္
Bugolgi ဘူးကို ယူလာၿပီး Baekhyun ေဘးတည့္တည့္ကို
လာထိုင္ကာ ခြံ႕ေတာ့၏ ။

' မစားပါဘူးဆို ... ခင္မ်ား တကယ္ပဲ ´

' မစားလို႔မရဘူး
လာ ပါးစပ္ဟ .... အာ ´

' မစားဘူး
စားေစခ်င္ရင္ ခုံေပၚခ်ထား
ဘယ္လက္နဲ႕စားမယ္ ´

' ေအး .. ေကာင္းေကာင္းမြန္မြန္ေျပာေနတာကို
ဆက္တိုက္ ဂ်စ္ကန္ေနရင္ ငါဖက္နမ္းမွာေနာ္ ´

' ခင္မ်ား !!! ´

Baekhyun သည္ ဘာျပန္ေျပာရမွန္းမသ္ိ ။
အသက္ရႉသံ တစ္ရႉးရႉးသာ ထြက္ေပၚေနၿပီး
ႏွာသီးဖ်ားေတြ နား႐ြက္ဖ်ားေတြ နီရဲတက္လာရသည္ ။

ဒီလူ .... ရာရာစစ !
ဘယ္လို သတၱိနဲ႕မ်ား ။
ေသာက္က်ိဳးနည္း ဘယ္လိုစကားႀကီးကို ေျပာခ်လိဳက္တာလဲ ။

' ကဲ ... အခု ဟ ! ´

Baekhyun သည္ မ်က္ေမွာင္မ်ားကို ႀကဳံ႕၍
အၾကည့္ေတြက္ို မလႊဲတမ္း တိုက္စစ္ဆင္ေနရာမွ
စိတ္တိုစြာပင္ အၾကည့္လႊဲပစ္လိုက္ၿပီး ပါးစပ္ကို အနည္းငယ္
ဟ ေပးထားလိုက္ေတာ့၏ ။

တကယ္ ဖက္နမ္းရင္လည္း ဒီလက္အက်ိဳးနဲ႕
ဘာမွ ျပန္လုပ္လို႔ရမွာ မဟုတ္ဘူး ။

Chanyeol သည္ မႈပ္ကုပ္ကုပ္ႏွင့္ ပါးစပ္ဟ ေပးထားေသာ
မ်က္ႏွာေလးကိုၾကည့္ကာအသံ ခပ္တိမ္တ္ိမ္ႏွင့္ရယ္ေမာ၍
တစ္ဇြန္းအျပည့္ ခြံ႕ေကြၽးလိုက္ေတာ့သည္ ။
ပါးေဖာင္းေဖာင္းႏွင့္ တၿမဳံ႕ၿမဳံ႕ဝါးေနေသာ္လည္း
မ်က္ေမွာင္မ်ားႀကဳံ႕ထားျခင္းကိုမူ မေျဖေလွ်ာ့နိုင္ျဖစ္ေနေသာ
တစ္ဦးတည္းေသာသူ၏ မ်က္ႏွာေပးကို ၾကည့္ရင္း
သူ ႀကိတ္ရယ္႐ုံသာ တတ္နိုင္ေတာ့၏ ။

TBC ...

မေန႕က တကယ္ႀကီး ေသၿပီထင္တာ ဟီ ဟီ
မီးေလာင္ေနတုန္း ေဂ်ာင္မွာကုပ္ နားေတြပိတ္ၿပီး
ဘယ္ခ်ိန္ေပါက္ကြဲထြက္ေတာ့မလဲ ဆိုၿပီးအေသေၾကာက္ေနတာ
ေတာ္ေသး ... ဝန္ထမ္းေတြေရာက္လာၿပီး မေပါက္ကြဲခင္
မီးၿငိမ္းနိုင္သြားလို႔ !
Transformer နဲ႕ အနီးဆုံးက မုန္လာဥတို႔အိမ္ပဲ
15 ေပေလာက္ပဲကြာတယ္ :")

Continue Reading

You'll Also Like

148K 16.4K 21
Teach Me ~~ Train Me ~~ Love Me ~~
4.1K 172 32
ပုဂံခေတ်မှ ဘုရင်တစ်ပါး၏ကျိန်စာတိုက်ခြင်းကို ခံခဲ့ရတဲ့မျိုးနွယ်စုတစ်ခုမှ ကျိန်စာရှင် ကောင်လေးတစ်ယောက် ထိုကောင်လေးကိုမှ မြင်မြင်ချင်း ချစ်မိသွားခဲ့တဲ့...
2.7K 60 6
You had nothing. Well not really, just.. it was hard to explain. You had a loving family, a little bit above average looks, and a good baker. But yo...
1.9M 83.7K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC