My lovely "Chu" (Complete)

By MayLay812

53.2K 4.5K 148

"မင်းရဲ့​​အပြုံးအောက်မှာ ရဲရင့်လှတဲ့ငါ့နှလုံးသား အလဲလဲအပြိုပြိုကျရှုံးခဲ့ရတာ မယုံနိုင်စရာပါပဲ "ချူ" , ကြမ်းရှ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Announcement
Final Part-(ပထမပိုင်း)
Final Part - (ဒုတိယပိုင်း)

Part-12

1K 137 9
By MayLay812

🏵️ပွဲတော်အခမ်းအနားသို့ဖိတ်ခေါ်ခံရခြင်း🎷

..ညနေ နေဝင်ချိန်ရဲ့လေပြေညှင်းက အေးသလိုလိုနဲ့အပူငွေ့နည်းနည်းကရောယှက်နေသေး၏….မွန်ဂိုရဲ့ဖွဲ့စည်းတည်ဆောက်ပုံကချင်တိုင်းပြည်လို အလယ်ပိုင်းရပ်ဝှမ်းလိုမဟုတ်….အစွန်အဖျားပိုင်းကျသည့်ရာသီဥတုက ပူရင်လဲအတိုင်းအဆမရှိပူသလို ညဖက်အချိန်ခါဆိုရင်လဲ အေးစိမ့်မှု့ကအရိုးကွဲမတတ်ဖြစ်တတ်၏…ချင်တိုင်းပြည်က ရာသီဥတုက ဆောင်းဦးရာသီမှသာအအေးဓာတ်ကပိုပြီး ကျန်သောအချိန်များမှာရာသီဥတုကနေသာထိုင်သာကောင်းသည့်အခြေအနေမှာရှိသည်….ပန်းမန်များနဲ့လှပစည်ပင်သာယာခဲ့သော ချင်မြို့တော်ကယခုအချိန်မှာ မည်သို့ဖြစ်ကျန်ခဲ့မည်နည်း….သေချာတာကတော့ခမ်းနားထည်ဝါမှု့တို့ပျောက်ကွယ်ကာ အရာအားလုံးကညှိုးနွမ်းခြောက်သွေ့သောပန်းတစ်ပွင့်ပမာ ဖြစ်ကျန်ခဲ့မည်သာ….အထိန်းတော်မိန်းကလေးများရဲ့ လိုက်လံပြသပေးနေသည့် ရှင်းပြနေမှု့များက မင်ချူ့ရဲ့နားထဲ မဝင်တချက် ဝင်တချက်….အတွေးရေယာဉ်ကြောထဲမျောပါနေရင်း ပြုံးရွှင်မှု့တွေဖုံးလွှမ်းထားတဲ့မျက်နှာက အနည်းငယ်ညှိုးနွမ်းသွားသည်….ဘယ်အချိန်မှသူ မွန်ဂိုုကနေပြန်ရမည်လဲ…တစ်နှစ်လား ဒါမှမဟုတ် နှစ်နှစ်လား….တစ်သက်လုံးမပြန်နိုင်တာရောဖြစ်သွားနိုင်လား….ဒီတိုင်းပြည်ကအရမ်းကိုပွင့်လင်းလွန်းလှသည်လို့ဆိုရမည်….သူတို့ချင်တိုင်းပြည်မှာ သဘာဝလွန်လက်ထပ်မှု့ကိုအပြင်းထန်ဆုံးတားမြစ်ထားသည်ဆိုလျှင် ဒီမွန်ဂိုပြည်ကထိုအရာကိုလွတ်လပ်စွာလုပ်ပိုင်ခွင့်ပြုထားသည်ဟုပြောရမည်…..သူ စစ်တပ်အတွင်းမှခဏတာကြည့်ပြီးပြန်ထွက်အလာ နန်းတွင်းမှအနည်းငယ်ကြည့်ပျော်ရှု့ပျော်ဖြစ်သော အမျိုးသားနှစ်ဦး ကုန်းကုန်းအဝတ်အစားများကိုလဲဝတ်ဆင်ထားကြပုံနဲ့ဆိုရင် နန်းတွင်းမှာခစားနေသူများဖြစ်ရမည်….ထူးဆန်းတာက ထိုသူနှစ်ယောက်က နန်းဆောင်အကွယ်တစ်ခုမှာ တစ်ဦးနှင့်တစ်ဦးနမ်းရှုံ့နေကြတာပင်….မြင်မြင်ချင်းမင်ချူ့မှာ မျက်နှာတစ်ခုလုံးရေနွေးအိုးနဲ့အပက်ခံလိုက်ရသလိုပင်….မမြင်ဖူးသဖြင့်အကြည့်ကလဲချက်ချင်းမလွှဲနိုင် တဖြည်းဖြည်းချင်းထိုသူတို့ရှိရာ လက်ညှိုးနဲ့အယောင်ယောင်အမှားမှားထိုးရင်း ထစ်ငေါ့စွာစကားတွေထွက်ကုန်တော့၏…။

“သူ..သူ..သူတို့ကဘာတွေလဲ….ဘာတွေလုပ်နေကျတာလဲ….နေတောင်မကွယ်သေးဘူးလေ….”

“အော်…နမ်းနေကြတာလေသခင်မလေးရဲ့….သူတို့ကချစ်သူတွေလေ ပြီးတော့သူတို့ခစားရတဲ့ သူက မင်းသားနှစ်ရဲ့မယ်တော်လေ…မိဖုရားကလဲသူတို့ကို တရားဝင်လက်ခံပေးထားတယ် ပြောသံကြားတာကတော့ နန်းတွင်းကနေအနားယူသွားရင်သူတို့ကိုလက်ထပ်ထိမ်းမြားခွင့်လုပ်ပေးမယ်ပြောတာပဲ…”

“ယောကျာ်းချင်းကြီးကိုလေ…”

“အာ…အဲ့တာကဘယ်လိုပြောရမလဲ…သခင်မလေးကဒီကိုရောက်တာမကြာသေးတော့ ဒီကထုံးတမ်းတွေနဲ့မရင်းနှီးသေးလို့ပါ…ဒီမှာကကိုယ်သဘောကျနှစ်ခြိုက်သူက အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်အရေးမကြီးဘူး…မင်းကြီးမှာတောင် ပျော်တော်ဆက်ရတဲ့ကိုယ်လုပ်တော်အမျိုးသားတွေရှိတယ်….နှစ်ဦးလုံးသဘောတူရင်ရတယ် သခင်မလေးနောက်တော့သိလာမှာပါ….”

“အလိုမတူရင်တော့တွဲမရဘူးမလား…”

“အင်းပေါ့…တစ်ဖက်ကအလိုမတူရင်တော့ အတူနေလို့မရဘူးပေါ့…ကိုယ်ကြိုက်နေတဲ့သူကသူ့ဖက်က အလိုမတူရင်အဲ့တာဆိုရာဇဝတ်မှု့မြောက်တယ်လေ….”

“တော်ပါသေးရဲ့..”

…..အထိန်းတော်မိန်းကလေးရဲ့ ရှင်းပြချက်အပြီးမှာ မင်ချူရဲ့မှုတ်ထုတ်လိုက်တဲ့လေပူလုံးက လေထုထဲတိုးဝင်သွား၏….မဖြစ်ဘူး သူအနေထိုင်ဆင်ခြင်မှ…တော်ကြာသူ့ကိုမျက်စိကျလာလို့ရှိရင် သူ့ဘဝကြီးဆုံးမှာ…..ဘယ်လိုဓလေ့ကြီးလဲကွာ…ချီးမှပဲ ဒီမွန်ဂိုတွေရဲ့အကြိုက်ကြီးကဖင်ကျိန်းစရာကြီး…အတွေးပင်မဆုံးသေးတွန့်ခနဲဖြစ်သွားတဲ့ မိမိကိုယ်မှာကြက်သီးတွေထောင်ကာထလာတော့၏….လက်နဲ့အမြန်ပွတ်ချရင်း အတွေးတွေကိုအမြန်ဖျောက်လိုက်ရသည်….ဒါမျိုးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး လုံးဝပဲ…။

“မမလေး….အဆောင်ကိုပဲပြန်မှာလား…ကျမတို့က အခမ်းအနားမှာသွားကူညီပေးရဦးမှာ….အပျိုတော်အဖွဲ့ကပြဖျော်ဖြေရမယ့်အလှည့်မှာကျမတို့ပါတယ်လေ….မမလေးလာမှာမလား…”

“မသိပါဘူး….ငါ့ကိုမင်းသားကမခေါ်ဘူးထင်ပါတယ်….သွားကြပါ…ငါ့အတွက်မစိုးရိမ်ပါနဲ့….”

“မင်းသားက ဒီလိုလူများတဲ့ပွဲတွေကိုမနှစ်သက်ဘူး…သူလာလဲခဏပဲ….မင်းသားတစ်နဲ့နှစ်ကသာ ပွဲတွေမှာရှိတာ….မမလေးကြည့်ချင်ရင် ကြည့်လို့ရတဲ့တစ်နေရာတော့ရှိတယ်…အဲ့တာစောနက စစ်ရေးပြကွင်းရဲ့ မျော်စင်ကနေဆိုရင် နန်းတော်အလယ်မှာကျင်းပတဲ့အခမ်းအနားကို အကုန်မြင်ရတယ်…”

“အင်း…ဒါပေမယ့် ငါကြည့်ဖြစ်မယ်မထင်ပါဘူး…ပြောပြပေးတာကျေးဇူးပါပဲ…”

…..ထို့နောက် တဖြည်းဖြည်းပျောက်ကွယ်လာသော အလင်းရောင်နှင့်သူတို့အားလုံး နန်းဆောင်ကိုပြန်ရောက်လာပြီးနောက် အထိန်းတော်မိန်းကလေးများပြင်ဆင်ပေးလာတဲ့ စားသောက်ဖွယ်အချို့ကိုအနည်းငယ်စားပြီး မင်ချူ့ရဲ့အခန်းဆိုသည့် မကျယ်လွန်းမကျဉ်းလွန်းသော အိပ်ဆောင်တစ်ခုကိုလိုက်ပို့ပေးသည်….သူ့ရဲ့အဆောင်တော်ဆိုသည့် အခန်းသို့သွားသည့်လျောက်လမ်းမကနေသွားတော့ ခမ်းနားထည်ဝါသည့်အဆောင်တော်ရှေှ့ကနေဖြတ်လျောက်စဉ် အတွင်းမှပုံရိပ်တစ်ခုကိုလှမ်းမြင်လိုက်ရသည်….ထိုပုံရိပ်ကရှည်လျားလှတဲ့အရိပ်ကြောင့် ပြေးကြည့်စရာပင်မလို ဘိုင်အဲလ်တန်ရဲ့ပုံရိပ်ပင်…သူ့ရဲ့အိပ်ဆောင်ဆိုသည့်အခန်းက ဘိုင်အဲလ်တန်ရဲ့ နန်းဆောင်ကိုကျော်ဖြတ်ပြီးနောက်ဖက်မှာတည်ဆောက်ထားသည့် ကိုယ်လုပ်တော်တွေအတွက်နေရာများထဲမှတစ်ခုပင်…ကြီးကျယ်မခမ်းနားလှပေမယ့် မည်သူမျှလဲမရှိတာကြောင့်တိတ်ဆိတ်နေကာ နေလို့ကောင်းမည့်ပုံပင်…သူ့အတွက်က လူမရှိလေပိုကောင်းလေပင်….အိပ်ဆောင် ရေချိုးဆောင် စသည့်အခန်းငယ်များကိုသပ်ရပ်စွာဖွဲ့စည်းတည်ဆောက်ထားသည့်အခန်းက သူ့အတွက်တစ်ယောက်စာဖူလုံပါသည်….အခန်းတွင်းမှအသုံးအဆောင်များကသိပ်မရှိလှ ဖုန်တက်နေသည်များကိုအစောပိုင်းကမှရှင်းလင်းထားပုံရသောကြောင့် ဖုန်နံ့အနည်းငယ်ပင်ရနေသေး၏…..အတွင်းပိုင်းသို့ဝင်ကြည့်တော့ ပန်းဆီရောင်ဖျော့ဖျော့အိပ်ယာခင်းနှင့် ကုတင်တစ်လုံး…နှစ်ယောက်စာဆန့်လောက်သည့်ကုတင်က လိုက်ကာစတလွင့်လွင့်ကာရံထားသည့်နောက်မှာတည်ရှိနေ၏….။

“မမလေး..အနားယူမယ်ဆို သက်တောင့်သက်သာနေလို့ရပါပြီ….မနက်ဖြန်မှပဲ လိုအပ်တာတွေကို မင်ကုန်းကုန်းကအထိန်းတော်ချုပ်ကနေတစ်ဆင့်တောင်းပြီးဖြည့်ပေးပါလိမ့်မယ်….အခုက မမလေးရောက်လာမယ်ဆိုတာမသိလို့ ဘာမှမပြင်ဆင်ထားရလို့ လတ်တလောနန်းဆောင်ကရှိတာတွေနဲ့ပဲပြင်ထားရလို့ပါ…”

“ရပါတယ်..ငါ့အတွက်ဒီလောက်ထိလုပ်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ…မင်းတို့လုပ်စရာရှိတာကိုသွားလုပ်ကြပါ…ငါလဲ ခဏလောက်အနားယူချင်လို့…”

“ကောင်းပါပြီ မမလေး….တစ်ခုခုလိုချင်တာရှိရင်ခိုင်းဖို့အတွက် ကျမတို့အထဲကတစ်ယောက်နေခဲ့ပေးရမလား…”

“ရတယ်…အကုန်လုံး ပွဲတော်ကိုပျော်ရွှင်စွာသွားလို့ရပါတယ်…ငါလဲခိုင်းစရာဘာမှမရှိတာမို့….”

……သူ့အနားမှ အလျိုလျိုထွက်ခွာသွားသော အထိန်းတော်မိန်းကလေးများက မင်ချူ့ကိုအိပ်ဆောင်ပို့ပေးပြီးသည်နှင့်မြန်ဆန်စွာပဲပျောက်ကွယ်သွားကြတော့သည်….သူ အိပ်စက်ရမည့်ကုတင်ဆီလျောက်လှမ်းလာရင်း အစွန်အဖျားမှာထိုင်ချလိုက်သည်….ခဏအကြာမှာ ပြန်ထကာတံခါးပိတ်ထား မပိတ်ထားသေချာစွာစစ်ရင်း အတွင်းမှသေချာစွာပိတ်ပြီးနောက် ကုတင်ဖက်ကိုပြန်လျောက်လာခဲ့လိုက်၏…..။

“အား…ကျပ်လိုက်တာ…ကျွတ်….ဒါကြီးကတစ်ကယ် အသက်ရှုရခက်လိုက်တာ…”

….မသက်မသာ ရှုံ့မဲ့ညည်းတွားရင်း အပေါ်ရုံအကျီကို ဆွဲချွတ်လိုက်သည်….အတွင်းမှပေါ်ထွက်လာသည့် ဖြူလွှလွှရင်စည်းပိတ်စနှင့် ထိုးသိပ်ထည့်ထားရသည့်ရင်ခံအတု…ကိုယ်တစ်ပိုင်းလုံးအမြန်ဆွဲချွတ်ရင်း ခါးစည်းပိုင်းတစ်ထည်ပဲကျန်တော့သည် အထိချွတ်ချလိုက်သည်…ထို့နောက် ကုတင်ပေါ်ကားယားကြီးပစ်လှဲချရင်း လွတ်လပ်စွာအိပ်စက်ဖို့ပြင်လိုက်၏….အခုမှပဲသက်တောင့်သက်သာနေရတော့တယ်…ခေါင်းမှပန်းဖွားတွေနှင့် တို့လို့တွဲလောင်းပုလဲသီးတန်းတွေကိုလဲ အပုံလိုက်ဖြစ်သလိုဘေးနားဆွဲချွတ်ပစ်လိုက်ကာ တစ်ကိုယ်လုံးပေါ့ပါးသွားသလိုခံစားမှု့ကိုကျေနပ်စွာခံစားလိုက်ရ၏….။

“ပျင်းလိုက်တာ….တိတ်ဆိတ်နေတာပဲ….ပူစပ်ပူလောင်ကြီးလိုပဲ…လေကလဲမဝင်…ပြတင်းပေါက်ထဖွင့်ရင်ကောင်းမယ်….ဘယ်သူမှလဲမရှိဘူးဆိုတော့ ငါ့ကိုမမြင်နိုင်လောက်ပါဘူး…”

….ကုတင်ပေါ်မှပြန်ထကာ ခပ်လှမ်းလှမ်းမှ ပြတင်းတံခါးတစ်ခုကို အသာလှပ်ရင်းအပြင်သို့ခေါင်းလဲထွက်ကာဝေ့ဝဲအကဲခတ်လိုက်သည်…ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေကာ ပွဲတော်ဆီမှလွင့်ပျံ့လာတဲ့ တူရိယာသံတစ်ချို့ကိုသာ တစ်ချက်တစ်ချက်ကြားနေရသည်….မည်သူမျှမတွေ့တာကြောင့်စိတ်ချလက်ချ ကုတင်ရှိရာပြန်လာရင်း အိပ်ယာဘေးကလိုက်ကာစတွေကို ဆွဲချကာအိပ်စက်ဖို့ပြင်လိုက်တော့တယ်…။

“အဲလ်တန်…ညီလေး...အိပ်မနေနဲ့ဟ…အဖေကမင်းကိုပွဲတက်ဖို့အတွက်ခေါ်နေတယ်…ထ..ထ..မင်းရဲ့တပ်စုကဖြင့်ရောက်နေပြီ…အိပ်မနေနဲ့ထတော့…ပြီးတော့ မင်းရဲ့အသစ်စက်စက်ကိုယ်လုပ်တော်လေးရော…မယ်တော်ကမြင်ချင်လို့တဲ့ကွ….ထပါကွာ..ငါတို့နှစ်ယောက်တည်းပျော်စရာမကောင်းဘူးကွ…”

“ချန်းကောနဲ့ရူလန်ကော ကလဲဗျာ…ကျွန်တော်အဲ့လိုလူများရင်မနေတတ်တာကိုလဲသိသားနဲ့…ဟိုတစ်ယောက်လဲမရှိဘူး..သူ့လဲဘာလို့ခေါ်ပြရမှာလဲ…ကျွန်တော်သူ့ကိုတရားဝင်ထားသေးတာမှမဟုတ်တာ….”

“မရဘူး…ငါတို့ညီငယ်လေးမှာကိုယ်လုပ်တော်ပါလာတယ်ဆိုကတည်းက အကုန်လုံးရဲ့စိတ်ဝင်စားမှု့ကိုခံနေရပြီ…ပြီးတော့မယ်တော်တို့အားလုံးကလဲ သူ့ကိုမြင်ချင်နေကြတယ်…အဆိုးဆုံးကငါတို့ရဲ့အေးဆေးလှတဲ့ညီတော်လေးရဲ့မယ်တော်ပဲ….သူမကအခုပွဲတော်မှာစောင့်နေတယ်…သူမရဲ့ချွေးမတော်လေးကဘယ်သူလဲ ဘယ်လိုပုံစံလဲဆိုတာကိုအရမ်းမျော်လင့်နေရှာတယ်…အဲ့တော့အိပ်မနေနဲ့သူမကိုပါတစ်ခါတည်းခေါ်ခဲ့ဖို့ အမိန့်ကျလာပြီ…သူမဘယ်မှာလဲ…”

“သူ့ အိပ်ဆောင်မှာရှိမှာပေါ့…စိတ်ရှုပ်လိုက်တာဗျာ..”

“ကဲ…နောက်မှရှုပ်ပါကွာ…ထ..သူမကိုသွားခေါ်….အချိန်သိပ်မရှိဘူး..မယ်တော်တို့ကိုစောင့်ရအောင်မလုပ်နဲ့…”

…..အစ်ကိုတွေရဲ့အတင်းလှုပ်နှိုးမှု့ကြောင့် မကြည်မလင်ရုပ်နဲ့ဘိုင်အဲလ်တန်ထလာခဲ့သည်…ရှည်လျားတဲ့အရပ်နဲ့လိုက်ဖက်ညီစွာ ခြေလှမ်းကျဲကျဲများက များမကြာမီမှာ ကိုယ်လုပ်တော်တွေရဲ့နန်းဆောင်ရှေ့ရောက်လာခဲ့၏…မီးရောင်မှိတ်ထားတဲ့ အဆောင်တံခါးရှေှှှှ့ခြေစုံရပ်ရင်းဘယ်လိုခေါ်ရမလဲ အကြံအိုက်နေလျက်….နောက်ဆုံးတော့ တံခါးကိုသုံးချက်တိတိခေါက်လိုက်သည်…အတွင်းမှငြိမ်သက်နေတဲ့အသံကြောင့် စိတ်ကမရှည်တော့ပဲအပြင်သို့ပြန်ထွက်လာကာ ပတ်လမ်းအတိုင်းပြန်ထွက်လာရင်း အိပ်ယာနှင့်အနီးဆုံးပြတင်းပေါက်ဖက်လှမ်းလာခဲ့လိုက်၏….တော်သေးသည် ပြတင်းတံခါးတော့ မယ်မင်းကြီးမကလှပ်ထားပေလို့ပဲ….ပြတင်းပေါင်ပေါ်ခုန်လွှားတက်လိုက်ရင်း အတွင်းသို့လှမ်းကြည့်လိုက်သည်…။

“သောက်လခွမ်းပဲ…..တော်တော်အရှက်မရှိလိုက်တာ….အိပ်တာကိုအကုန်ချွတ်ထားရသလား…”

….လွှတ်ခနဲထွက်သွားတဲ့ ဆဲရေးသံကအမြန်ပင်ထွက်ကျသွားပြီး ပြတင်းပေါက်ပေါ်တက်လိုက်တဲ့ ခြေထောက်ကအယောင်ယောင်အမှားမှားနဲ့ပြန်လဲမချဖြစ်ပဲ ပြတင်းပေါင်ပေါ်ဆောင့်ကြောင့်ထိုင်သလိုဖြစ်နေ၏….အတွင်းလိုက်ကာတွေထဲမှသူက ကိုယ်တစ်ပိုင်းသာသာလွှမ်းထားတဲ့ခြုံစောင်ထဲအိပ်စက်နေသည်…တစ်ခြမ်းစောင်းလျောကျနေတဲ့စောင်ပါးက သူမရဲ့ရင်တစ်ဝိုက်ကိုဖုံးထားလို့သာတော်သေးသည်ဆိုရမည်…ပြန်ခုန်ဆင်းဖို့ပြင်လိုက်ရင်ပဲ လှုပ်လဲ့လဲ့နဲ့အသံတွေကြားလို့ထင် သူမရဲ့မျက်ဝန်းတွေပွင့်လာပြီး သူမထထိုင်လိုက်တာကိုရိပ်ခနဲမြင်လိုက်ရသည်….အဲလ်တန်မျက်လုံးတွေအမြန်လွှဲရင်း ပြတင်းပေါင်ကိုကျောခိုင်းလိုက်တယ်…။

“ဘယ်သူလဲ…အား…သရဲ…သရဲ…”

“လျောက်အော်မနေနဲ့…မင်းနိုးလာရင်ထတော့…ငါနဲ့အတူပွဲကိုတက်ရမယ်….မြန်မြန်မင်းရဲ့အကျီတွေကိုဝတ်ပြီးထွက်လာခဲ့..”

“အာ…ပွဲတက်ရမှာလား..ကျမက အကုန်ပြင်ဆင်ထားတာတွေတောင်ဖယ်လိုက်ပြီ….”

“ရှိတာဝတ်ပြီးထွက်လာခဲ့…အချိန်မရဘူး…ငါအပြင်မှာစောင့်နေမယ်…”

….ပြောချင်တာပြောပြီးပြတင်းပေါက်မှခုန်ဆင်းသွားသူကို ကြောင်အကာကြည့်ရင်း မင်ချူကုတင်ပေါ်ကဆင်းလိုက်သည်…လျောကနဲကျသွားတဲ့စောင်ကို ပြန်ကောက်မှလက်ရှိမိမိအဖြစ်ကိုမြင်ပြီးဘုရားတလိုက်မိ၏….တော်ပါသေးရဲ့ အဲ့ဒီလူဒီထဲမဝင်လာလို့ နို့မိုသာဆိုမင်ချူရဲ့အပေါ်ပိုင်းတစ်ခုလုံး အလိမ်တွေပေါ်ကုန်တော့မည်….ကမန်းကတန်းပြတင်းပေါက်ပြေးပိတ်ရင်း အဝတ်အစားတွေကိုအမြန်ကောက်ကာဝတ်ဖို့ပြင်လိုက်သည်…နောက်ဆိုပြတင်းတံခါးဖွင့်လို့မရတော့ဘူးဟု စိတ်ထဲကလဲတွေးလိုက်မိ၏…..။

(ကြိုက်နှစ်သက်တယ်ဆိုလဲ like လေးတော့ပေးကြပါဗျာ ရေးတင်ရတာအားကိုမရှိတော့ဘူး😟)
Writer by
Ariel🧜‍♀️





🏵️ပြဲေတာ္အခမ္းအနားသို႔ဖိတ္ေခၚခံရျခင္း🎷


…..ညေန ေနဝင္ခ်ိန္ရဲ႕ေလေျပညွင္းက ေအးသလိုလိုနဲ႕အပူေငြ႕နည္းနည္းကေရာယွက္ေနေသး၏….မြန္ဂိုရဲ႕ဖြဲ႕စည္းတည္ေဆာက္ပုံကခ်င္တိုင္းျပည္လို အလယ္ပိုင္းရပ္ဝွမ္းလိုမဟုတ္….အစြန္အဖ်ားပိုင္းက်သည့္ရာသီဥတုက ပူရင္လဲအတိုင္းအဆမရွိပူသလို ညဖက္အခ်ိန္ခါဆိုရင္လဲ ေအးစိမ့္မႈ႕ကအရိုးကြဲမတတ္ျဖစ္တတ္၏…ခ်င္တိုင္းျပည္က ရာသီဥတုက ေဆာင္းဦးရာသီမွသာအေအးဓာတ္ကပိုၿပီး က်န္ေသာအခ်ိန္မ်ားမွာရာသီဥတုကေနသာထိုင္သာေကာင္းသည့္အေျခအေနမွာရွိသည္….ပန္းမန္မ်ားနဲ႕လွပစည္ပင္သာယာခဲ့ေသာ ခ်င္ၿမိဳ႕ေတာ္ကယခုအခ်ိန္မွာ မည္သို႔ျဖစ္က်န္ခဲ့မည္နည္း….ေသခ်ာတာကေတာ့ခမ္းနားထည္ဝါမႈ႕တို႔ေပ်ာက္ကြယ္ကာ အရာအားလုံးကညွိုးႏြမ္းေျခာက္ေသြ႕ေသာပန္းတစ္ပြင့္ပမာ ျဖစ္က်န္ခဲ့မည္သာ….အထိန္းေတာ္မိန္းကေလးမ်ားရဲ႕ လိုက္လံျပသေပးေနသည့္ ရွင္းျပေနမႈ႕မ်ားက မင္ခ်ဴ႕ရဲ႕နားထဲ မဝင္တခ်က္ ဝင္တခ်က္….အေတြးေရယာဥ္ေၾကာထဲေမ်ာပါေနရင္း ၿပဳံး႐ႊင္မႈ႕ေတြဖုံးလႊမ္းထားတဲ့မ်က္ႏွာက အနည္းငယ္ညွိုးႏြမ္းသြားသည္….ဘယ္အခ်ိန္မွသူ မြန္ဂိုုကေနျပန္ရမည္လဲ…တစ္ႏွစ္လား ဒါမွမဟုတ္ ႏွစ္ႏွစ္လား….တစ္သက္လုံးမျပန္နိုင္တာေရာျဖစ္သြားနိုင္လား….ဒီတိုင္းျပည္ကအရမ္းကိုပြင့္လင္းလြန္းလွသည္လို႔ဆိုရမည္….သူတို႔ခ်င္တိုင္းျပည္မွာ သဘာဝလြန္လက္ထပ္မႈ႕ကိုအျပင္းထန္ဆုံးတားျမစ္ထားသည္ဆိုလွ်င္ ဒီမြန္ဂိုျပည္ကထိုအရာကိုလြတ္လပ္စြာလုပ္ပိုင္ခြင့္ျပဳထားသည္ဟုေျပာရမည္…..သူ စစ္တပ္အတြင္းမွခဏတာၾကည့္ၿပီးျပန္ထြက္အလာ နန္းတြင္းမွအနည္းငယ္ၾကည့္ေပ်ာ္ရႈ႕ေပ်ာ္ျဖစ္ေသာ အမ်ိဳးသားႏွစ္ဦး ကုန္းကုန္းအဝတ္အစားမ်ားကိုလဲဝတ္ဆင္ထားၾကပုံနဲ႕ဆိုရင္ နန္းတြင္းမွာခစားေနသူမ်ားျဖစ္ရမည္….ထူးဆန္းတာက ထိုသူႏွစ္ေယာက္က နန္းေဆာင္အကြယ္တစ္ခုမွာ တစ္ဦးႏွင့္တစ္ဦးနမ္းရႈံ႕ေနၾကတာပင္….ျမင္ျမင္ခ်င္းမင္ခ်ဴ႕မွာ မ်က္ႏွာတစ္ခုလုံးေရေႏြးအိုးနဲ႕အပက္ခံလိုက္ရသလိုပင္….မျမင္ဖူးသျဖင့္အၾကည့္ကလဲခ်က္ခ်င္းမလႊဲနိုင္ တျဖည္းျဖည္းခ်င္းထိုသူတို႔ရွိရာ လက္ညွိုးနဲ႕အေယာင္ေယာင္အမွားမွားထိုးရင္း ထစ္ေငါ့စြာစကားေတြထြက္ကုန္ေတာ့၏…။

“သူ..သူ..သူတို႔ကဘာေတြလဲ….ဘာေတြလုပ္ေနက်တာလဲ….ေနေတာင္မကြယ္ေသးဘူးေလ….”

“ေအာ္…နမ္းေနၾကတာေလသခင္မေလးရဲ႕….သူတို႔ကခ်စ္သူေတြေလ ၿပီးေတာ့သူတို႔ခစားရတဲ့ သူက မင္းသားႏွစ္ရဲ႕မယ္ေတာ္ေလ…မိဖုရားကလဲသူတို႔ကို တရားဝင္လက္ခံေပးထားတယ္ ေျပာသံၾကားတာကေတာ့ နန္းတြင္းကေနအနားယူသြားရင္သူတို႔ကိုလက္ထပ္ထိမ္းျမားခြင့္လုပ္ေပးမယ္ေျပာတာပဲ…”

“ေယာက်ာ္းခ်င္းႀကီးကိုေလ…”

“အာ…အဲ့တာကဘယ္လိုေျပာရမလဲ…သခင္မေလးကဒီကိုေရာက္တာမၾကာေသးေတာ့ ဒီကထုံးတမ္းေတြနဲ႕မရင္းႏွီးေသးလို႔ပါ…ဒီမွာကကိုယ္သေဘာက်ႏွစ္ၿခိဳက္သူက အမ်ိဳးသားပဲျဖစ္ျဖစ္ အမ်ိဳးသမီးပဲျဖစ္ျဖစ္အေရးမႀကီးဘူး…မင္းႀကီးမွာေတာင္ ေပ်ာ္ေတာ္ဆက္ရတဲ့ကိုယ္လုပ္ေတာ္အမ်ိဳးသားေတြရွိတယ္….ႏွစ္ဦးလုံးသေဘာတူရင္ရတယ္ သခင္မေလးေနာက္ေတာ့သိလာမွာပါ….”

“အလိုမတူရင္ေတာ့တြဲမရဘူးမလား…”

“အင္းေပါ့…တစ္ဖက္ကအလိုမတူရင္ေတာ့ အတူေနလို႔မရဘူးေပါ့…ကိုယ္ႀကိဳက္ေနတဲ့သူကသူ႕ဖက္က အလိုမတူရင္အဲ့တာဆိုရာဇဝတ္မႈ႕ေျမာက္တယ္ေလ….”

“ေတာ္ပါေသးရဲ႕..”

…..အထိန္းေတာ္မိန္းကေလးရဲ႕ ရွင္းျပခ်က္အၿပီးမွာ မင္ခ်ဴရဲ႕မႈတ္ထုတ္လိုက္တဲ့ေလပူလုံးက ေလထုထဲတိုးဝင္သြား၏….မျဖစ္ဘူး သူအေနထိုင္ဆင္ျခင္မွ…ေတာ္ၾကာသူ႕ကိုမ်က္စိက်လာလို႔ရွိရင္ သူ႕ဘဝႀကီးဆုံးမွာ…..ဘယ္လိုဓေလ့ႀကီးလဲကြာ…ခ်ီးမွပဲ ဒီမြန္ဂိုေတြရဲ႕အႀကိဳက္ႀကီးကဖင္က်ိန္းစရာႀကီး…အေတြးပင္မဆုံးေသးတြန႔္ခနဲျဖစ္သြားတဲ့ မိမိကိုယ္မွာၾကက္သီးေတြေထာင္ကာထလာေတာ့၏….လက္နဲ႕အျမန္ပြတ္ခ်ရင္း အေတြးေတြကိုအျမန္ေဖ်ာက္လိုက္ရသည္….ဒါမ်ိဳးဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး လုံးဝပဲ…။

“မမေလး….အေဆာင္ကိုပဲျပန္မွာလား…က်မတို႔က အခမ္းအနားမွာသြားကူညီေပးရဦးမွာ….အပ်ိဳေတာ္အဖြဲ႕ကျပေဖ်ာ္ေျဖရမယ့္အလွည့္မွာက်မတို႔ပါတယ္ေလ….မမေလးလာမွာမလား…”

“မသိပါဘူး….ငါ့ကိုမင္းသားကမေခၚဘူးထင္ပါတယ္….သြားၾကပါ…ငါ့အတြက္မစိုးရိမ္ပါနဲ႕….”

“မင္းသားက ဒီလိုလူမ်ားတဲ့ပြဲေတြကိုမႏွစ္သက္ဘူး…သူလာလဲခဏပဲ….မင္းသားတစ္နဲ႕ႏွစ္ကသာ ပြဲေတြမွာရွိတာ….မမေလးၾကည့္ခ်င္ရင္ ၾကည့္လို႔ရတဲ့တစ္ေနရာေတာ့ရွိတယ္…အဲ့တာေစာနက စစ္ေရးျပကြင္းရဲ႕ ေမ်ာ္စင္ကေနဆိုရင္ နန္းေတာ္အလယ္မွာက်င္းပတဲ့အခမ္းအနားကို အကုန္ျမင္ရတယ္…”

“အင္း…ဒါေပမယ့္ ငါၾကည့္ျဖစ္မယ္မထင္ပါဘူး…ေျပာျပေပးတာေက်းဇူးပါပဲ…”

…..ထို႔ေနာက္ တျဖည္းျဖည္းေပ်ာက္ကြယ္လာေသာ အလင္းေရာင္ႏွင့္သူတို႔အားလုံး နန္းေဆာင္ကိုျပန္ေရာက္လာၿပီးေနာက္ အထိန္းေတာ္မိန္းကေလးမ်ားျပင္ဆင္ေပးလာတဲ့ စားေသာက္ဖြယ္အခ်ိဳ႕ကိုအနည္းငယ္စားၿပီး မင္ခ်ဴ႕ရဲ႕အခန္းဆိုသည့္ မက်ယ္လြန္းမက်ဥ္းလြန္းေသာ အိပ္ေဆာင္တစ္ခုကိုလိုက္ပို႔ေပးသည္….သူ႕ရဲ႕အေဆာင္ေတာ္ဆိုသည့္ အခန္းသို႔သြားသည့္ေလ်ာက္လမ္းမကေနသြားေတာ့ ခမ္းနားထည္ဝါသည့္အေဆာင္ေတာ္ေရွွ႕ကေနျဖတ္ေလ်ာက္စဥ္ အတြင္းမွပုံရိပ္တစ္ခုကိုလွမ္းျမင္လိုက္ရသည္….ထိုပုံရိပ္ကရွည္လ်ားလွတဲ့အရိပ္ေၾကာင့္ ေျပးၾကည့္စရာပင္မလို ဘိုင္အဲလ္တန္ရဲ႕ပုံရိပ္ပင္…သူ႕ရဲ႕အိပ္ေဆာင္ဆိုသည့္အခန္းက ဘိုင္အဲလ္တန္ရဲ႕ နန္းေဆာင္ကိုေက်ာ္ျဖတ္ၿပီးေနာက္ဖက္မွာတည္ေဆာက္ထားသည့္ ကိုယ္လုပ္ေတာ္ေတြအတြက္ေနရာမ်ားထဲမွတစ္ခုပင္…ႀကီးက်ယ္မခမ္းနားလွေပမယ့္ မည္သူမွ်လဲမရွိတာေၾကာင့္တိတ္ဆိတ္ေနကာ ေနလို႔ေကာင္းမည့္ပုံပင္…သူ႕အတြက္က လူမရွိေလပိုေကာင္းေလပင္….အိပ္ေဆာင္ ေရခ်ိဳးေဆာင္ စသည့္အခန္းငယ္မ်ားကိုသပ္ရပ္စြာဖြဲ႕စည္းတည္ေဆာက္ထားသည့္အခန္းက သူ႕အတြက္တစ္ေယာက္စာဖူလုံပါသည္….အခန္းတြင္းမွအသုံးအေဆာင္မ်ားကသိပ္မရွိလွ ဖုန္တက္ေနသည္မ်ားကိုအေစာပိုင္းကမွရွင္းလင္းထားပုံရေသာေၾကာင့္ ဖုန္နံ႕အနည္းငယ္ပင္ရေနေသး၏…..အတြင္းပိုင္းသို႔ဝင္ၾကည့္ေတာ့ ပန္းဆီေရာင္ေဖ်ာ့ေဖ်ာ့အိပ္ယာခင္းႏွင့္ ကုတင္တစ္လုံး…ႏွစ္ေယာက္စာဆန႔္ေလာက္သည့္ကုတင္က လိုက္ကာစတလြင့္လြင့္ကာရံထားသည့္ေနာက္မွာတည္ရွိေန၏….။

“မမေလး..အနားယူမယ္ဆို သက္ေတာင့္သက္သာေနလို႔ရပါၿပီ….မနက္ျဖန္မွပဲ လိုအပ္တာေတြကို မင္ကုန္းကုန္းကအထိန္းေတာ္ခ်ဳပ္ကေနတစ္ဆင့္ေတာင္းၿပီးျဖည့္ေပးပါလိမ့္မယ္….အခုက မမေလးေရာက္လာမယ္ဆိုတာမသိလို႔ ဘာမွမျပင္ဆင္ထားရလို႔ လတ္တေလာနန္းေဆာင္ကရွိတာေတြနဲ႕ပဲျပင္ထားရလို႔ပါ…”

“ရပါတယ္..ငါ့အတြက္ဒီေလာက္ထိလုပ္ေပးတာကိုပဲ ေက်းဇူးတင္လွပါၿပီ…မင္းတို႔လုပ္စရာရွိတာကိုသြားလုပ္ၾကပါ…ငါလဲ ခဏေလာက္အနားယူခ်င္လို႔…”

“ေကာင္းပါၿပီ မမေလး….တစ္ခုခုလိုခ်င္တာရွိရင္ခိုင္းဖို႔အတြက္ က်မတို႔အထဲကတစ္ေယာက္ေနခဲ့ေပးရမလား…”

“ရတယ္…အကုန္လုံး ပြဲေတာ္ကိုေပ်ာ္႐ႊင္စြာသြားလို႔ရပါတယ္…ငါလဲခိုင္းစရာဘာမွမရွိတာမို႔….”

……သူ႕အနားမွ အလ်ိဳလ်ိဳထြက္ခြာသြားေသာ အထိန္းေတာ္မိန္းကေလးမ်ားက မင္ခ်ဴ႕ကိုအိပ္ေဆာင္ပို႔ေပးၿပီးသည္ႏွင့္ျမန္ဆန္စြာပဲေပ်ာက္ကြယ္သြားၾကေတာ့သည္….သူ အိပ္စက္ရမည့္ကုတင္ဆီေလ်ာက္လွမ္းလာရင္း အစြန္အဖ်ားမွာထိုင္ခ်လိဳက္သည္….ခဏအၾကာမွာ ျပန္ထကာတံခါးပိတ္ထား မပိတ္ထားေသခ်ာစြာစစ္ရင္း အတြင္းမွေသခ်ာစြာပိတ္ၿပီးေနာက္ ကုတင္ဖက္ကိုျပန္ေလ်ာက္လာခဲ့လိုက္၏…..။

“အား…က်ပ္လိုက္တာ…ကြၽတ္….ဒါႀကီးကတစ္ကယ္ အသက္ရႈရခက္လိုက္တာ…”

….မသက္မသာ ရႈံ႕မဲ့ညည္းတြားရင္း အေပၚ႐ုံအက်ီကို ဆြဲခြၽတ္လိုက္သည္….အတြင္းမွေပၚထြက္လာသည့္ ျဖဴလႊလႊရင္စည္းပိတ္စႏွင့္ ထိုးသိပ္ထည့္ထားရသည့္ရင္ခံအတု…ကိုယ္တစ္ပိုင္းလုံးအျမန္ဆြဲခြၽတ္ရင္း ခါးစည္းပိုင္းတစ္ထည္ပဲက်န္ေတာ့သည္ အထိခြၽတ္ခ်လိဳက္သည္…ထို႔ေနာက္ ကုတင္ေပၚကားယားႀကီးပစ္လွဲခ်ရင္း လြတ္လပ္စြာအိပ္စက္ဖို႔ျပင္လိုက္၏….အခုမွပဲသက္ေတာင့္သက္သာေနရေတာ့တယ္…ေခါင္းမွပန္းဖြားေတြႏွင့္ တို႔လို႔တြဲေလာင္းပုလဲသီးတန္းေတြကိုလဲ အပုံလိုက္ျဖစ္သလိုေဘးနားဆြဲခြၽတ္ပစ္လိုက္ကာ တစ္ကိုယ္လုံးေပါ့ပါးသြားသလိုခံစားမႈ႕ကိုေက်နပ္စြာခံစားလိုက္ရ၏….။

“ပ်င္းလိုက္တာ….တိတ္ဆိတ္ေနတာပဲ….ပူစပ္ပူေလာင္ႀကီးလိုပဲ…ေလကလဲမဝင္…ျပတင္းေပါက္ထဖြင့္ရင္ေကာင္းမယ္….ဘယ္သူမွလဲမရွိဘူးဆိုေတာ့ ငါ့ကိုမျမင္နိုင္ေလာက္ပါဘူး…”

….ကုတင္ေပၚမွျပန္ထကာ ခပ္လွမ္းလွမ္းမွ ျပတင္းတံခါးတစ္ခုကို အသာလွပ္ရင္းအျပင္သို႔ေခါင္းလဲထြက္ကာေဝ့ဝဲအကဲခတ္လိုက္သည္…ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္ေနကာ ပြဲေတာ္ဆီမွလြင့္ပ်ံ့လာတဲ့ တူရိယာသံတစ္ခ်ိဳ႕ကိုသာ တစ္ခ်က္တစ္ခ်က္ၾကားေနရသည္….မည္သူမွ်မေတြ႕တာေၾကာင့္စိတ္ခ်လက္ခ် ကုတင္ရွိရာျပန္လာရင္း အိပ္ယာေဘးကလိုက္ကာစေတြကို ဆြဲခ်ကာအိပ္စက္ဖို႔ျပင္လိုက္ေတာ့တယ္…။

“အဲလ္တန္…ညီေလး...အိပ္မေနနဲ႕ဟ…အေဖကမင္းကိုပြဲတက္ဖို႔အတြက္ေခၚေနတယ္…ထ..ထ..မင္းရဲ႕တပ္စုကျဖင့္ေရာက္ေနၿပီ…အိပ္မေနနဲ႕ထေတာ့…ၿပီးေတာ့ မင္းရဲ႕အသစ္စက္စက္ကိုယ္လုပ္ေတာ္ေလးေရာ…မယ္ေတာ္ကျမင္ခ်င္လို႔တဲ့ကြ….ထပါကြာ..ငါတို႔ႏွစ္ေယာက္တည္းေပ်ာ္စရာမေကာင္းဘူးကြ…”

“ခ်န္းေကာနဲ႕႐ူလန္ေကာ ကလဲဗ်ာ…ကြၽန္ေတာ္အဲ့လိုလူမ်ားရင္မေနတတ္တာကိုလဲသိသားနဲ႕…ဟိုတစ္ေယာက္လဲမရွိဘူး..သူ႕လဲဘာလို႔ေခၚျပရမွာလဲ…ကြၽန္ေတာ္သူ႕ကိုတရားဝင္ထားေသးတာမွမဟုတ္တာ….”

“မရဘူး…ငါတို႔ညီငယ္ေလးမွာကိုယ္လုပ္ေတာ္ပါလာတယ္ဆိုကတည္းက အကုန္လုံးရဲ႕စိတ္ဝင္စားမႈ႕ကိုခံေနရၿပီ…ၿပီးေတာ့မယ္ေတာ္တို႔အားလုံးကလဲ သူ႕ကိုျမင္ခ်င္ေနၾကတယ္…အဆိုးဆုံးကငါတို႔ရဲ႕ေအးေဆးလွတဲ့ညီေတာ္ေလးရဲ႕မယ္ေတာ္ပဲ….သူမကအခုပြဲေတာ္မွာေစာင့္ေနတယ္…သူမရဲ႕ေခြၽးမေတာ္ေလးကဘယ္သူလဲ ဘယ္လိုပုံစံလဲဆိုတာကိုအရမ္းေမ်ာ္လင့္ေနရွာတယ္…အဲ့ေတာ့အိပ္မေနနဲ႕သူမကိုပါတစ္ခါတည္းေခၚခဲ့ဖို႔ အမိန႔္က်လာၿပီ…သူမဘယ္မွာလဲ…”

“သူ႕ အိပ္ေဆာင္မွာရွိမွာေပါ့…စိတ္ရႈပ္လိုက္တာဗ်ာ..”

“ကဲ…ေနာက္မွရႈပ္ပါကြာ…ထ..သူမကိုသြားေခၚ….အခ်ိန္သိပ္မရွိဘူး..မယ္ေတာ္တို႔ကိုေစာင့္ရေအာင္မလုပ္နဲ႕…”

…..အစ္ကိုေတြရဲ႕အတင္းလႈပ္ႏွိုးမႈ႕ေၾကာင့္ မၾကည္မလင္႐ုပ္နဲ႕ဘိုင္အဲလ္တန္ထလာခဲ့သည္…ရွည္လ်ားတဲ့အရပ္နဲ႕လိုက္ဖက္ညီစြာ ေျခလွမ္းက်ဲက်ဲမ်ားက မ်ားမၾကာမီမွာ ကိုယ္လုပ္ေတာ္ေတြရဲ႕နန္းေဆာင္ေရွ႕ေရာက္လာခဲ့၏…မီးေရာင္မွိတ္ထားတဲ့ အေဆာင္တံခါးေရွွွွွ႕ေျခစုံရပ္ရင္းဘယ္လိုေခၚရမလဲ အႀကံအိုက္ေနလ်က္….ေနာက္ဆုံးေတာ့ တံခါးကိုသုံးခ်က္တိတိေခါက္လိုက္သည္…အတြင္းမွၿငိမ္သက္ေနတဲ့အသံေၾကာင့္ စိတ္ကမရွည္ေတာ့ပဲအျပင္သို႔ျပန္ထြက္လာကာ ပတ္လမ္းအတိုင္းျပန္ထြက္လာရင္း အိပ္ယာႏွင့္အနီးဆုံးျပတင္းေပါက္ဖက္လွမ္းလာခဲ့လိုက္၏….ေတာ္ေသးသည္ ျပတင္းတံခါးေတာ့ မယ္မင္းႀကီးမကလွပ္ထားေပလို႔ပဲ….ျပတင္းေပါင္ေပၚခုန္လႊားတက္လိုက္ရင္း အတြင္းသို႔လွမ္းၾကည့္လိုက္သည္…။

“ေသာက္လခြမ္းပဲ…..ေတာ္ေတာ္အရွက္မရွိလိုက္တာ….အိပ္တာကိုအကုန္ခြၽတ္ထားရသလား…”

….လႊတ္ခနဲထြက္သြားတဲ့ ဆဲေရးသံကအျမန္ပင္ထြက္က်သြားၿပီး ျပတင္းေပါက္ေပၚတက္လိုက္တဲ့ ေျခေထာက္ကအေယာင္ေယာင္အမွားမွားနဲ႕ျပန္လဲမခ်ျဖစ္ပဲ ျပတင္းေပါင္ေပၚေဆာင့္ေၾကာင့္ထိုင္သလိုျဖစ္ေန၏….အတြင္းလိုက္ကာေတြထဲမွသူက ကိုယ္တစ္ပိုင္းသာသာလႊမ္းထားတဲ့ၿခဳံေစာင္ထဲအိပ္စက္ေနသည္…တစ္ျခမ္းေစာင္းေလ်ာက်ေနတဲ့ေစာင္ပါးက သူမရဲ႕ရင္တစ္ဝိုက္ကိုဖုံးထားလို႔သာေတာ္ေသးသည္ဆိုရမည္…ျပန္ခုန္ဆင္းဖို႔ျပင္လိုက္ရင္ပဲ လႈပ္လဲ့လဲ့နဲ႕အသံေတြၾကားလို႔ထင္ သူမရဲ႕မ်က္ဝန္းေတြပြင့္လာၿပီး သူမထထိုင္လိုက္တာကိုရိပ္ခနဲျမင္လိုက္ရသည္….အဲလ္တန္မ်က္လုံးေတြအျမန္လႊဲရင္း ျပတင္းေပါင္ကိုေက်ာခိုင္းလိုက္တယ္…။

“ဘယ္သူလဲ…အား…သရဲ…သရဲ…”

“ေလ်ာက္ေအာ္မေနနဲ႕…မင္းနိုးလာရင္ထေတာ့…ငါနဲ႕အတူပြဲကိုတက္ရမယ္….ျမန္ျမန္မင္းရဲ႕အက်ီေတြကိုဝတ္ၿပီးထြက္လာခဲ့..”

“အာ…ပြဲတက္ရမွာလား..က်မက အကုန္ျပင္ဆင္ထားတာေတြေတာင္ဖယ္လိုက္ၿပီ….”

“ရွိတာဝတ္ၿပီးထြက္လာခဲ့…အခ်ိန္မရဘူး…ငါအျပင္မွာေစာင့္ေနမယ္…”

….ေျပာခ်င္တာေျပာၿပီးျပတင္းေပါက္မွခုန္ဆင္းသြားသူကို ေၾကာင္အကာၾကည့္ရင္း မင္ခ်ဴကုတင္ေပၚကဆင္းလိုက္သည္…ေလ်ာကနဲက်သြားတဲ့ေစာင္ကို ျပန္ေကာက္မွလက္ရွိမိမိအျဖစ္ကိုျမင္ၿပီးဘုရားတလိုက္မိ၏….ေတာ္ပါေသးရဲ႕ အဲ့ဒီလူဒီထဲမဝင္လာလို႔ နို႔မိုသာဆိုမင္ခ်ဴရဲ႕အေပၚပိုင္းတစ္ခုလုံး အလိမ္ေတြေပၚကုန္ေတာ့မည္….ကမန္းကတန္းျပတင္းေပါက္ေျပးပိတ္ရင္း အဝတ္အစားေတြကိုအျမန္ေကာက္ကာဝတ္ဖို႔ျပင္လိုက္သည္…ေနာက္ဆိုျပတင္းတံခါးဖြင့္လို႔မရေတာ့ဘူးဟု စိတ္ထဲကလဲေတြးလိုက္မိ၏…..။

(ႀကိဳက္ႏွစ္သက္တယ္ဆိုလဲ like ေလးေတာ့ေပးၾကပါဗ်ာ ေရးတင္ရတာအားကိုမရွိေတာ့ဘူး😟)
Writer by
Ariel🧜‍♀️

Continue Reading

You'll Also Like

320K 8.2K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
208K 24.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.4M 47.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
273K 6.6K 74
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်