Part-18

1K 106 4
                                    

🍑တရားဝင်ပိုင်ဆိုင်ချင်လာပြီ🍑

"မင်းတော့..သေချာမှာထားရက်နဲ့ ဘာကိစ္စရနဲ့ခိုးလိုက်လာတာလဲ"

ထိုင်လက်စခုံရှိရာဆီ ပြန်ရောက်မှပဲ သူမ ကိုဆုပ်ကိုင်ထားတဲ့လက်ကိုဖြေလွှတ်ပေးလိုက်၏...ထိုအခါ သူမရဲ့လက်ကောက်ဝတ်တစ်ဖက်ကို အခြားလက်ဖဝါးလေးနဲ့ထွေးဆုပ်ရင်း အသာယာနှိပ်လိုက်တာကိုမြင်ရသည်...ရုတ်တရက်ဒေါသထွက်လွန်းလို့ မည်မျှအားပါသွားသည်တောင်မသိတော့ သူမရဲ့နီရဲရဲလက်ကောက်ဝတ်ကိုတစ်ချက်ကြည့်ရင်းအမေးစကားပဲထုတ်မိလျက်.. ။

"လိုက်ချင်တယ်လို့ပြောသားပဲ..လိုက်မှမလိုက်ခိုင်းတာ...အဲ့တော့လိုက်လို့ရတဲ့နည်းနဲ့လိုက်လာတာ"

"ငါကခရီးထွက်လာတာအပျော်ထွက်လာတယ်များမှတ်နေလား...မင်းက...ကျွတ်...တော်တော်ပြောရခက်တာပဲ...ပြန်..အခုချက်ချင်းလှည့်ပြန်"

"အဲလ်တန်...အဲလ်တန်...ဟင့်အင်း..မပြန်ချင်ဘူးလို့"

"မရဘူး..ပြန်ဆိုပြန်...မင်းကိုတပ်သားတစ်ယောက်လိုက်ပို့ခိုင်းလိုက်မယ်"

"ကိုကို! !...မပြန်ချင်ဘူးလို့...နော်...နော်"

မျက်ခုံးတို့တွန့်ကွေးစုကျုံ့ထားသည့် ဘိုင်အဲလ်တန်လက်မောင်းတစ်ဖက်ကိုဆုပ်ကိုင်ရင်း မင်ချူ လေသံပျော့ပျော့လေးနဲ့တောင်းဆိုလိုက်၏..။

"မင်း..ကျွတ်..မင်းကိုတော့ငါမနိုင်တော့ဘူး...ကောင်းပြီ...လိုက်မယ်ဆိုငါ့စကားနားထောင်ရမယ်"

"ဟုတ်...ဟီးဟီး...ကိုကို သဘောကောင်းတာသိသားပဲ"

"တော်စမ်း...လုပ်ချင်ရာလုပ်ပြီးမှ....နေပါဦး....အဲ့ဓားကရောဘာလုပ်ဖို့လဲ"

ကျောနောက်ဖက်စလွယ်သိုင်းထားသော ဓားရှည်ကိုမေးငေါ့ရင်း သူမရဲ့မျက်နှာဖြူဖြူကိုကြည့်နေလိုက်တယ်..။

"အော်..ဒါလား..လမ်းမှာတစ်ခုခုကြုံရင်ကာကွယ်လို့ရအောင်ယူလာတာ"

"မင်းလားကာကွယ်နိုင်မှာ"

"ကိုကို...ဗိုက်ဆာတယ်"

My lovely "Chu" (Complete)Where stories live. Discover now