Part-41

1.3K 94 4
                                    

🏰ရွှေမြို့တော်သို့ပြန်လေပြီ🏰


မနက်ခင်းရဲ့ရောင်ခြည်ဦး နေအလင်းရောင်က ကမ္ဘာလောကဓာတ်တစ်ခွင်စတင်ကာ ဖြန့်ကျက်ပြီး အနွေးဓာတ်ဆောင်လေချေပြီ။ကျန့်ယွမ်မြို့ထဲက အခမ်းနားဆုံးသောအိမ်တော်ဖြစ်တဲ့ မင်အိမ်တော်မှာတော့ လူအချို့အလုပ်ရှုပ်လျက်ရှိကြတယ်။အိမ်တော်ကြီးရဲ့ပင်မအခန်းဆောင်ဖြစ်တဲ့ ဧည့်ခန်းထဲမှာ လူကြီးတစ်ဦးနဲ့ လူငယ်နှစ်ဦးမျက်နှာချင်းဆိုင်ထိုင်လျက်။

“ဒါကိုယူသွား….ဒါက ဘိုးဘိုးလက်ထပ်ဖို့အတွက် ဘိုးရဲ့မယ်တော်ကပေးခဲ့တာ…ဘိုးဘိုးကတော့ပေးရမယ့်သူမရှိတော့ အခုမြေးကိုပဲလက်ဆင့်ကမ်းရတော့မှာပဲ”

ငွေရောင်သေတ္တာသေးသေးလေးတစ်ခုကို ဦးရီးတော်မင်က မင်ချူ့ရှေ့ကိုထိုးပေးလိုက်၏။သူ့အရှေ့ကိုရောက်လာသည့်သေတ္တာငယ်ကိုဆွဲယူကာ မြန်မြန်ဆန်ဆန်ပဲဖွင့်ကြည့်လိုက်တယ်။အတွင်းမှာနီရဲရဲပိုးစလေးနဲ့ဖုံးလွှမ်းထားသည်မို့ဖယ်ရှားကာကြည့်လိုက်ချိန်တွင်တော့…။

“ဘိုး…လက်စွပ်လေးတွေ…လက်ရာအရမ်းလှတာပဲ”

အထဲကပစ္စည်းလေးတွေကတော့ နဂါးတစ်ကောင်ကိုအသေးစိတ်လက်ရာမြောက်စွာပုံဖော်ထားပြီး ဟနေတဲ့နဂါးပါးစပ်ထဲမှာ ရဲရဲနီသောပတ္တမြားကျောက်မျက်ကို ကိုက်ခဲထားဟန်အသက်ဝင်ထွင်းထုထားသောလက်စွပ်တစ်ကွင်းနှင့် ဇာမဏီငှက်ရဲ့ဦးခေါင်းသဏ္ဍာန်ပုံဖော်ထားကာငှက်ရဲ့မျက်လုံးတွေမှာပတ္တမြားနီနီလေးတွေနှင့်ပြုလုပ်ထားသည့်နောက်ထပ်လက်စွပ်တစ်ကွင်း…လက်စွပ်လေးနှစ်ကွင်းက သေတ္တာငယ်ထဲမှာထည်ဝါစွာတည်ရှိနေပြီး နေရောင်အနည်းငယ်ထိမိရုံနှင့် ပတ္တမြားရောင်တို့ကရဲရဲတောက်ဖြာထွက်လာလျက်…။
“ဒါ..ချင်တိုင်းပြည်ကအတော်ဆုံးတော်ဝင်ပန်းထိမ်ဆရာကိုယ်တိုင် ပုံဖော်ထုဆစ်ထားတဲ့ နောက်ထပ်မရှိတဲ့လက်စွပ်နှစ်ကွင်းပဲ….ဘိုးဘိုးရဲ့မင်္ဂလာလက်ဖွဲ့..”

“ကျေးဇူးတင်တယ်..ကျေးဇူးတင်တယ်…အခုလို မိန်းမ မယူပဲလက်စွပ်လေးတွေကိုထိန်းသိမ်းပေးထားလို့….ဘိုးဘိုးကအကောင်းဆုံးပဲ..”

My lovely "Chu" (Complete)Där berättelser lever. Upptäck nu