Part-10

1K 97 0
                                    

🎍ကံဆိုးခြင်းမှကပ်ကာလွတ်မြောက်ခြင်းနှင့်နေရာအသစ်☘️

…..အရှေ့တည့်တည့်မှ မိန်းမပျိုတသိုက်ကိုကြည့်ကာ နဖူးမှစီးကျလာသောချွေးစက်အချို့ကို မင်ချူအသာယာပင့်သုတ်လိုက်သည်…..တလွှာချင်းစီချွတ်ချနေနဲ့ အဝတ်အစားတွေကအောက်ဖက်မှာအပုံသား…ယခုထိအရာမယွင်းပုံစံမပျက်ရှိနေတာဆိုလို့ သူနှင့်နောက်ထပ်နှစ်ယောက်လောက်သာရှိမည်….သိုပေမယ့်လဲ မိမိအလှည့်ကိုခေါ်လျင်မလွှဲမသွေစစ်ဆေးခံရမည်သာ…ဆိုးဝါးလိုက်တဲ့ကံကွာ အခုတော့သူဘယ်မှလဲထွက်ပြေးလို့မရတော့….ပတ်ပတ်လည်မှာ အတိကျကိုစစ်ဆေးနေတဲ့ ကုန်းကုန်းအဖွဲ့ဟာဆိုရင် တစ်ကယ်ကိုအသေးစိတ်လှ၏….ကြံရာမရတဲ့အဆုံးမှာတော့ ငြိမ်ကုပ်ပြီးသာနေဖို့ဆုံးဖြတ်လိုက်တယ်….ဖြစ်ချင်ရာသာဖြစ်တော့…။

“နံပါတ်သုံးအဆင့် ကိုယ်လုပ်တော်ကြွလာပါတယ်”

……အော်သံနဲ့အတူ စစ်ဆေးခန်းမဆောင်ထဲသို့ ပန်းနုရောင်ဖျော့ဖျော့ ပိုးထည်အရောင်စုံနဲ့ချုပ်လုပ်ထားသောဝတ်စုံကိုဆင်မြန်းထားတဲ့ မိန်းမပျိုတစ်ဦးအခြွေအရံအနည်းငယ်နဲ့အတူ ရောက်ရှိလာခဲ့သည်….အစောပိုင်းက အလုပ်ရှုပ်နေကျသောကုန်းကုန်းတသိုက်မှာလဲ လုပ်လက်စအလုပ်များကိုရပ်ကာ အရိုသေပေးဦးညွှတ်လိုက်ကြ၏….မင်ချူတို့မှာလဲ မည်သူမှန်းမသိပေမယ့် အရိုသေပေးရင်းအကဲခတ်ရုံအပြင်မတတ်နိုင်…..။

“အားလုံးထကြပါ….ကျွန်မက မင်းသားဘိုင်ချန်းရဲ့အဆင့်သုံးကိုယ်လုပ်တော်ပါ….ဒီအစေခံရွေးမယ့်အဖွဲ့ထဲမှာ ကိုယ်လုပ်တော်ရွေးပြီးသားတစ်ယောက်ပါသွားတယ်လို့ကြားလို့ပါ….ဘယ်သူများလဲမသိဘူး…..ကျွန်မကိုမင်းသားဘိုင်ချန်းက ကိုယ်လုပ်တော်အဆောင်ကိုပို့ဖို့ ညွှန်ကြားလိုက်လို့ပါ….”

…..ကံကောင်းတာလား ကံဆိုးခြင်းအစလားမသိသောအချိန်မှာ မင်ချူနဲ့တစ်လှည်းတည်းစီးလာသော မိန်းမပျိုများက တည့်မတ်စွာမင်ချူရှိရာဆီလက်ညှိုးထိုးတော့၏….ထိုသူတို့ရဲ့လက်ညှိုးများကြောင့် ကိုယ်လုပ်တော်မိန်းမပျိုက ညှင်သာတဲ့ခြေလှမ်းများနဲ့ တစ်လှမ်းခြင်းမင်ချူရှိရာဆီလှမ်းလာတော့သည်….သူမလှမ်းလာနေသောခြေလှမ်းများကိုသာ စိုက်ကြည့်ရင်းမင်ချူနေရာမှာပဲအငြိမ်သားရပ်နေမိလျက်….။

My lovely "Chu" (Complete)Where stories live. Discover now