Part-11

1K 98 0
                                    


🧚‍♀️စုံစီနဖာရာထူးနှင့်ကိုယ်လုပ်တော်🧚‍♀️

…..အဝတ်အစားတွေက အပြင်အဆင်တွေနှင့် မင်ချူတစ်ကယ်နေရကြပ်လှသည်…ပိုဆိုးတာကလှုပ်လိုက်တိုင်း နားထင်မှာလာထိသည့် ပုလဲရောင်စုံအသီးတွေ….ယားကျိကျိနဲ့တော်တော်အနေရခက်သည်…ဘာလို့များမိန်းကလေးတွေဟာ ရှုပ်ရှက်ခက်တာကိုကြိုက်ရတာလဲ…သူသာချင်တိုင်းပြည်ပြန်ဖြစ်လို့ ဘုရင်သာဖြစ်မယ်ဆို သူ့ရဲ့မိဖုရားကိုလုံးဝရှုပ်ရှက်ခတ်တာတွေမဝတ်ခိုင်းပဲ ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးပဲနေခိုင်းမည်လို့ စိတ်ကူးမိသည်…အကျၤီဆိုလဲကြည့်ပါဦး အရောင်သွေးစုံလင်လွန်းလှလို့ မသိရင်နေပူပူထဲကျီးကန်းကြီးပျံလာသလို ကြည့်ရဆိုးပါဘိ…ထိန်လင်းတောက်နေသည့် အရောင်တွေက မျက်စိထဲစူးလိုက်တာ..ယခုထိလဲ သူ့ကိုလာပြီးခေါ်သည့်သူတစ်ယောက်မှမရှိသေး…အလှပြင်ပေးပြီးထဲက အနားမှာ ခပ်ခွာခွာပဲနေကြတဲ့ မိန်းကလေးတွေကလဲသူတို့ဖာသာ တိုးတိုးတိတ်တိတ်ပြောနေကြ၏…မင်ချူ့မှာသာပျင်းလွန်းလို့ ခုံတစ်လုံးပေါ်ထိုင်ရင်း ငိုက်မြည်းလာရသည်…မဟန်နိုင်တော့တဲ့နောက်ဆုံးတော့ စားပွဲခုံပေါ်မင်ချူဦးခေါင်းမှောက်ချလိုက်မိကာ မျက်လုံးတွေအသာမှိတ်လိုက်သည်….တစ်အောင့်အကြာမှာ ပျင်းရိစွာနဲ့မင်ချူအိမ်မက်ကမ္ဘာထဲအလည်ရောက်သွားတော့၏….။

“မင်းသားသုံးကို အရိုသေပေးပါတယ်..”

“ရတယ်….မင်းတို့နားလို့ရပြီ…”

“ဟို..မင်းသား…”

…..မိန်းမငယ်တစ်ဦးက ဘိုင်အဲလ်တန်ကိုတင်ပြဖို့ဟန်ပြင်လိုက်ပေမယ့် သူမကိုထွက်သွားတော့ဖို့ လက်ဟန်ပြလိုက်တဲ့ မင်းသားကြောင့် နှုတ်ခမ်းတို့ပိတ်သွားရသည်….အတွင်းမှာ ကိုယ်လုပ်တော်ရှိတယ်တောင်မပြောလိုက်ရပေ….သပ်ရပ်စွာအထိမ်းအမှတ်ပွဲတွေမှာဝတ်လေ့ရှိသော အဝတ်အစားကို အဲလ်တန်ကဝတ်စားထားပေမယ့် အခမ်းအနားကိုတက်မည့်ပုံလဲမပေါ်လွင်….တိတ်ဆိတ်စွာ အတွင်းဆောင်ထဲဝင်သွားတဲ့ အဲလ်တန်ကတမှေးလောက်အိပ်စက်ဖို့အတွက် အတွင်းသို့လှမ်းလိုက်ရင်ပဲ…အိပ်ဆောင်ရဲ့အဝစားပွဲပေါ်မှ အရာကိုမြင်ပြီး ခါးကြားမှ ဓားရှည်ကိုအသင့်အနေထားဆွဲထုတ်လိုက်သည်…ထို့နောက် တစ်ခြမ်းစောင်းမှောက်နေသော လည်ပင်းသွယ်သွယ်ဆီဓားကိုတင်လိုက်စဉ်….။

My lovely "Chu" (Complete)Where stories live. Discover now