Part-19

983 127 5
                                    

💰မုန့်ဝယ်မလို့ပိုက်ဆံနည်းနည်းချေးပါကိုကို💰

“ချူ…အိပ်နေပြီလား”

နံဘေးမှငြိမ်သက်စွာလှဲလျောင်းနေသူကို အဲလ်တန်တိုးတိုးလေးကပ်ခေါ်မိသည်…ပြန်ထူးသံမလာတဲ့ ခပ်စွာစွာအသံလေးကတိတ်ဆိတ်ဆဲ…ပက်လက်လှန်ထားတဲ့မိမိရဲ့ ကိုယ်ကိုတစ်စောင်းလှဲလိုက်ကာ ဘေးတစ်ခြမ်းလေးမြင်နေရတဲ့သူမကို ငေးစိုက်ကာကြည့်မိ၏….အပူအပင်ကင်းစွာအိပ်စက်နေသောသူမက အေးချမ်းလွန်းလှသည်…တစ်စတစ်စတိုးဝင်လာတဲ့အရာက သံယောဇဉ်လို့ပြောရမလား…အထီးကျန်ဆန်ပြီးခြောက်သွေ့တဲ့ သူ့ရဲ့နေ့စဉ်ဘဝထဲ သူမကတဖြည်းဖြည်းတိုးဝင်လာခဲ့တယ်…အရယ်အပြုံးတွေသိပ်မရှိတဲ့သူဟာ သူမကြောင့်ရယ်ပြုံးခဲ့ရတယ်…နားညည်းတာမခံနိုင်တဲ့သူက အနားမှာမနားတမ်းတတွတ်တွတ်ပြောတတ်တဲ့ သာလိကာပေါက်စလို သူမကိုသည်းခံနိုင်ခဲ့တယ်…သူမကပဲ တမူထူးခြားနေတာလား သူကပဲပြောင်းလဲလာတာလားမသိတော့ပေ…အဲလ်တန်သိသည်က ယခုသူ့အနားမှာ သူမကိုထားချင်သည်….သူက သူ့ရဲ့အစ်ကိုတွေလို အချစ်ရေးရာ ယောကျာ်းမိန်းမပက်သတ်မှု့တွေမှာ အားနည်းမှန်းတော့သိပါ၏….သူမရဲ့ခပ်ပါးပါးနှုတ်ခမ်းလေးကလေ သူ့ကို “ကိုကိုရေ” လို့ခေါ်တာအမြဲနားဆင်ချင်တာလဲ ထပ်တိုးလာသောရောဂါဆန်းပင်ထင်ရဲ့….။

“မင်းကအိပ်ရင်လဲ အရမ်းလွယ်တာပဲကွာ….ကိုယ် အိပ်လို့မပျော်ဘူး…မင်းကိုထွေးပွေ့ခွင့်နည်းနည်းပေးနော်”

ခန္ဓာကိုယ်နှစ်ခုနီးကပ်စွာလှဲရင်း သူမရဲ့ကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်ကာ သူ့ရဲ့သန်မာတောင့်တင်းတဲ့လက်နှစ်ဖက်နဲ့ နူးညံ့စွာပွေ့ဖက်လိုက်သည်…ထို့နောက် ကိုယ်သင်းနံ့သင်းသင်းလေးကို ရှုရှိုက်ရင်းအဲလ်တန်ခဏမှေးစက်ဖို့ပြင်လိုက်၏….။

‘ကျွတ်…ကိုယ့်ဘာသာအိပ်ပါလားကွာ…ငါလဲဘယ်လိုလုပ်ချက်ချင်းအိပ်ပျော်မှာလဲလို့…ဒီလူနဲ့တော့ဒုက္ခပါပဲ….ရုန်းပြန်ရင်လဲ ငါနိုးနေတာသိဦးမယ်…မသိဘူးဟာ ဒီတိုင်းပဲအိပ်တော့မယ်’

တစ်ကယ်တော့အဲလ်တန်သေချာမကြည့်မိလို့ပါ….မင်ချူကအိပ်ပျော်သေးတာမဟုတ်ပဲ သူ့ကိုအဲလ်တန်ခေါ်လိုက်တာလဲကြားပါသည်….တမင်မထူးပဲပေကပ်နေတုန်း သူ့ကိုပွေ့ဖက်ကာ အိပ်စက်သွားတဲ့သူကြောင့် ချွေးပင်ပြန်သွားတော့၏….မထူးတော့သည်မို့ သူပါဖက်လျက်သားအိပ်စက်ဖို့ပြင်လိုက်သည်….အိပ်ရုံပဲလေ ဘာမှမဖြစ်ပါဘူး….။

My lovely "Chu" (Complete)Where stories live. Discover now