Part-6

1.1K 108 2
                                    

Unicode
🏃‍♀️ပြေးသောသူနှင့်ပြန်လည်ဖမ်းဆီးသောသူ🏇

....ပြေးလွှားနေရတဲ့​ခြေတစ်စုံက နာကျင်လွန်းလှပြီ..သို့နှင့်တိုင်သူမရပ်ရဲပေ  အပေါ့သွားချင်သည်ဆိုသောအကြောင်းပြချက်နှင့် တောစပ်ကိုမြင်တာနဲ့ထွက်ပြေးဖို့အကြံရသွားတာ....မြို့တော်နဲ့ဝေးကွာလာသည်ဆိုပင်မယ့် သူ ဘိုးဘိုးဆီပြန်နိုင်မှာပါ...ဆူးညှောင့်ခလုတ်တွေတိုက်ကာ သစ်ကိုင်းတွေကိုတွန်းထိုးဖယ်ရှားရင်း ပြေးရတာမို့ခရီးကမတွင်လှ.....နယ်မြေလဲမကျွမ်း ပတ်ပတ်လည်သစ်ပင်ပုပုလေးတွေမြင်နေရာမှာ ယခုဘယ်ကိုရောက်လာပြီလဲမသိ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်း တစ်ချို့ကိုဘေးမှာမြင်နေရသည်...မောဟိုက်လာသည့်ရင်ကို လက်နှင့်အသာဖိရင်း နဖူးမှချွေးစီးများကိုလက်တစ်ဖက်နဲ့သုတ်လိုက်သည်...​ဖိနပ်ပါးကပေါက်ပြဲကာ ခြေအိတ်မှာလဲဘာနဲ့ချိတ်မိ၍ပြဲသည်မသိ ညာဖက်ခြေသလုံးကိုဖုံးထားတဲ့ခြေစွပ်က တစ်ဝက်တိတိစုတ်ပြဲဖွာထွက်နေ၏...သစ်ပင်တစ်ပင်ရဲ့ပင်စည်ကို ကျောမှီချကာထိုင်ချရင်း ယခုဆိုသူပျောက်တာကိုသိပြီးလိုက်ဖမ်းကြလေမည်လားမသိ...။

"ပြန်ထွက်မယ်ဟေ့...လူစုံလားပြန်စစ်ဆေးကြ..."

....ဘိုင်ချန်းကဦးဆောင်ကာ နားနေတဲ့တပ်သားနဲ့ လှည်းတန်းကိုအသင့်ပြန်စုစည်းခိုင်းသည်..သူကိုယ်တိုင်လဲ ရှေ့ဆုံးတပ်နဲ့သွားပေါင်းမယ့် ဘိုင်ရူလန်ဆီမြင်းကိုနှင်လိုက်၏....။

"နေဦး ချန်းကော...တစ်ယောက်လိုသေးတယ်.."

"ဘယ်သူလဲ...လူစုံနေပြီလေ..."

....လှည်းတန်းကိုတစ်ချက်လှမ်းကြည့်ပြီး ဘိုင်ချန်းကမြင်းကို အဲလ်တန်ရှိရာဖက်ပြန်စီးလာသည်...။

"ချင်မင်းသမီးလိုသေးတယ်"

...အဲလ်တန်က မြင်းပေါ်မှအစ်ကိုဖြစ်သူကိုပြန်ဖြေပေးလိုက်ကာ ပေါင်းမိုးတပ်သုံ့ပန်းလှည်းကိုမေးဆတ်ပြသည်..ညီဖြစ်သူညွှန်ပြရာ လှမ်းကြည့်ပြီး ဘိုင်ချန်းက အခုမှတစ်စုံတစ်ယောက်ပျောက်တာကိုသိရှိသွား၏....မိန်းကလေးတွေကို ဒီတိုင်းရေတွက်မကြည့်ပဲ မျက်လုံးနဲ့သာကြည့်ပြီးခဏတဖြုတ်စစ်ဆေးမိတာမို့ လူလျော့သွားမှန်းမသိလိုက်....အစောင့်တွေများလွန်းလို့ ထွက်မပြေးနိုင်ဟု တစ်ထစ်ချယုံကြည်ထားတာလဲပါသွားတာကြောင့်ပင်..။

My lovely "Chu" (Complete)Where stories live. Discover now