Marriage And Love ( Comp...

By Mone_La_U

223K 29.4K 3.6K

We got married without Love More

MAL - 1
MAL - 2
MAL - 3
MAL - 4
MAL - 5
MAL - 6
MAL - 7
MAL - 8
MAL - 9
MAL - 10
MAL - 11
MAL - 12
MAL - 13
MAL - 14
MAL - 15
MAL - 16
MAL - 17
MAL - 19
MAL - 20
Notice !
MAL - 21
MAL - 22
MAL - 23
MAL - 24
MAL - 25
MAL - 26
MAL - 27
MAL - 28
MAL - 29
MAL - 30 ( Final )
Hey guyssssss !
Extra 1 ( Merry Christmas )
Extra - 2
Fic Book လေးလာပါပြီ ><♥

MAL - 18

5.5K 872 125
By Mone_La_U

Unicode

ယခု အခန်းထဲတွင် Baekhyun ကို ထမင်းခွံ့နိုင်ဖို့အရေး
အဖေအပါအဝင် Jong in ရော Male nurse အချို့ရော
အတော်ပင် အလုပ်ရှုပ်နေကြသည် ။
အကြောင်းမှာကား  အရိုးဆက်ခွဲစိတ်မှုပြီးကတည်းက
ကုတင်ပေါ်ဒီတိုင်း ငြိမ်သက်စွာ လှဲနေရသော Baekhyun
ကို ခဏတစ်ဖြုတ် ထထိုင်နိုင်ရေးအတွက် လူအင်အားဖြင့်
ကူညီပေးနေရခြင်းပင် ဖြစ်၏ ။

လက်ပျဥ်ကျောရိုးသည်ကား ခန္ဓာကိုယ်လှုပ်ရှားမှုများအတွက်
အဓိက အားအင်စိုက်ထုတ်ပေးရာ အစိတ်အပိုင်းတစ်ခုမို့
ထိုအရာ ကျိုးနေသည့်အခါ  ထထိုင်ရေး လှုပ်ရှားရေးများအတွက်
Baekhyun မတတ်စွမ်းနိုင်ပေ ။ ထို့ကြောင့် အတတ်နိုင်ဆုံး
မထိခိုက်မိပဲ ထိုင်နိုင်စေရန်  ကူညီထူပေးသူများမှာလည်း
သတ်ိဖြင့်လုပ်နေရသလို လုပ်ရှားမှုမလုပ်ပဲ ငြိမ်နေရင်တောင်
နာကျင်ကိုက်ခဲနေရတဲ့ Baekhyun မှာ ဒီအချိန်မျက်နှာတစ်ခုလုံး
ရှုံ့တွ ညည်းညူလျှက်ရိှ၏ ။

' ဖြည်းဖြည်းနော် သားငယ်
အရမ်းကြီး လှုပ်ရှား မပစ်လိုက်နဲ့ ဒီတိုင်း
ထိုင်တယ် ဆိုရုံလောက်လေး အားစိုက်ထား ´

နဂိုကတည်းက သားချစ်အဖေဖြစ်သော Baekhyun၏ဖခင်မှာ
ယခုလို အခြေအနေတွင် အိမ်ပင်မပြန်နိုင်ပဲ Baekhyun ၏ လှုပ်ရှားမှုတစ်ခုစီကအစ အကုန်လိုက်ပူပန်၍ ထိန်းကြောင်းပေးနေရသည် ။

သူ့သားကလေး ဒီလို နာကျင်နေသော ပုံကိုမြင်ရသည်မှာ
တစ်ရက်ပင်မပြည့်သေးတာတောင် သူ့စိတ်တွေ မောပန်လွန်းလှ၏ ။

' ဆရာဝန်က အရိုးအားကောင်းစေတဲ့ အစားအစာတွေ
များများကျွေးဖို့ ပြောထားတယ် ..
နွားနို့ကို မကြိုက်လည်း ကြိတ်မှိတ်ပြီး သောက်နော်
ညတစ်ခွက် မနက်တစ်ခွက် သောက်ရမယ်
လာ အခု ထမင်းအရင်စားရအောင် ´

ကလေးချော့သလို ချော့မော့၍ ပြောနေသော
အဖေ့ကို Baekhyun မကြည်သလို ပုံစံမျိုးနဲ့
မျက်နှာက တည်တင်းတင်းဖြစ်နေသော်လည်း အမှန်တကယ်တော့ စိတ်ထဲတွင် အလွန်တရာကို ကျေနပ်နေမိသည် ။

နာရတာနှင့်တန်အောင် လတ်တလောလစ်ဟာနေခဲ့သော
ဂရုစိုက်မှုများကို ပြန်ရသည်ဟုပင် စိတ်ထဲတွေးလိုက်မိ၏ ။
သို့သော် သူအသက်နှင့်လဲ၍ ကာကွယ်ပေးလိုက်ရသော
တစ်စုံတစ်ယောက်ကိုကား ခုထိ မျက်နှာပင် မမြင်ရသေးပါ ။
ထိခိုက်မှုကြီးမားခဲ့တဲ့ သူကတောင် သတိရနေပြီမို့ ထိုလူလည်းသေချာပေါက်ကို သက်သာနေလောက်ပြီ ဆိုပေမယ့် ကျေးဇူးတင်စကားလေး တစ်ခွန်းတောင် လာပြောဖော်မရသည်ကား
အတော့်ပင် စိတ်ဆိုးစရာကောင်းလှသည် ။

ထားလိုက်ပါတော့ ... အစကတည်းက ကျေးဇူးတင်ခံချင်လို့ ကယ်ခဲ့တာမှမဟုတ်တာ ။ သူလာကြည့်ကြည့် မကြည့်ကြည့်
ဘာအရေးလဲ ။

Baekhyun စိတ်ထဲတွင် တွေးချင်ရာများသာ စုံလျှောက်တွေးနေပြီး အဖေခွံ့သော ထမင်းများကို တဇွန်းပြီးတဇွန်း သတိမထားမိပဲ စားနေမိသည်မှာ တစ်ပန်းကန်လုံးစာပင်
ကုန်ခါနီးနေပြီ ဖြစ်သည် ။

ထိုအတွေးလွန်နေသော အမူအယာက်ို ရိပ်မိပုံရသော
Baekhyun အဖေသည် အခြေအနေကိုအခွင့်ကောင်းယူပြီး
တစ်လုပ်ပြီး တစ်လုပ် ဆက်တိုက်ခွံ့နေရာ Baekhyun
ပါး နှစ်ဖက်လုံး ဖောင်းကားသွားသည်အထိ ထမင်းများဖြင့်
ပြည့်နှက်နေပြီ ။ သို့သော် မျက်မှောင်လေးကြုံ့၍
ကုတင်ခြေရင်းကိုသာ စိုက်ကြည့်နေသော Baekhyun မှာ
ခုထိ သတိမထားမိပုံမရသေး ။

ထို အခိုက်အတန့်တွင်ပင် အခန်းတံခါးသည် ရုတ်တရက်
ပွင့်လာခဲ့ပြီး Wheelchair တစ်ခုပေါ်တွင် Chanyeol
ကိုတင်ကာတွန်းရင်း Chanyeol ၏ အဖေ အခန်းထဲသို့
ဝင်လာလေသည် ။
အသံကြောင့် Baekhyun အပါအဝင်အခန်းထဲမှ လူအားလုံး
လှည့်ကြည့်လာသလို Baekhyun ၏ ပါးနှစ်ဖက်ကမူ
ထမင်းများနှင့် ဖောင်းကားနေ၏ ။

Baekhyun သည် ရုတ်တရက် လှိုက်ခနဲပျော်ရွှင်မှုနှင့်အတူ
ပြုံးမိမလို ဖြစ်သွားပြီးခါမှ တင်းနေသော မိမိပါး ၂ ဖက်ကြောင့်
မိမိအဖေသည်  မိမိအလစ်ငိုက်ကို စောင့်ရင်း ပါးစပ်ထဲသို့
ရိှသမျှ ထမင်းထိုးသွပ်ထားကြောင်း သတိထားမိသွားရသည် ။

ရှက်စိတ်နဲ့အတူ ဒေါသစိတ်လေးကြောင့် ချက်ချင်းပင်
ထမင်းများကို ဝါးကာ မျိုချပစ်လိုက်ပြီး အဖေကို ဘုကြည့်
ကြည့်ပစ်လိုက်၏ ။

' တော်ပြီ .. မစားတော့ဘူး ´

သို့သော် သူငြင်းစရာပင်မလိုအောင် ပန်းကန်လုံးထဲ
ပြောင်နေပြီ ဖြစ်တာမို့ အဖေက ပြုံးစိစိနှင့် ခေါင်းကို
လာဖွသည် ။ ခါတိုင်းလိုဆို ဂျစ်တစ်တစ်နဲ့ အဖေ့လက်ကို
ရှောင်တာမျိုးပဲ ဖြစ်ဖြစ် လက်နဲ့ပုတ်ထုတ်ပစ်တာဖြစ်ဖြစ်
လုပ်မိမည်ဖြစ်ပေမယ့် ခုချိန်ကျ နည်းနည်းလေးမျှ လှုပ်၍မရသော
ခန္ဓာကိုယ်ကြောင့် ပြုသမျှ နုနေရ၏ ။
မကျေနပ်ကြောင်းကို မျက်နှာနှင့်သာ ပြနိုင်သည် ။

' Chanyeol ရေ လာပြီးမင်း Baekhyun ကို
စကားလေးနည်းနည်းပြောပေးလိုက်ပါဦး
ဦးလေး ကို ရန်စောင်ချင်နေပြီ  ´

Baekhyun အဖေသည် ရယ်သံစွက်နေသောအသံနှင့်
ပြောပြီးနောက်  ဂျုံအင်တို့နှင့်အတူ ကုတင်ကို 45° ရအောင်
remote နှင့်ပြင်ပြီး Baekhyun ကို ခပ်သာသာ လှဲနေနိုင်စေရန် ပြုလုပ်ပေးသည် ။
ထို့နောက်ညစာထမင်းဗန်းလေးကို ကိုင်ရင်း အခန်းထဲမှ
ဂျုံအင်နှင့်အတူထွက်သွားတော့၏ ။
အရိပ်အကဲသိသော Chanyeol အဖေသည်လည်း
Chanyeol ၏ Wheelchair ကို Baekhyun
ကုတင်ဘေးဘယ်ဘက်နားထိ ကပ်ပေးခဲ့ပြီးနောက် အခန်းထဲမှ
ထွက်သွားလေတော့သည် ။

ယခု အခန်းထဲမှာ Chanyeol နှင့် Baekhyun
2 ယောက်သာ တိတ်ဆိတ်ပြီး ကျန်ခဲ့၏ ။
Baekhyun သည် ဘာစကားပြောရမယ်မှန်းမသိ
တိတ်ဆိတ် ရှက်ရွံ့နေပြီး မျက်လုံးများကိုသာ ခပ်သွက်သွက်
မှိတ်ထားပစ်လိုက်သည် ။
Chanyeol သည်လည်း ဘေးတွင် ထိုင်သာထိုင်နေရပြီး
အနားယူချင်ဟန်ရသော Baekhyun ကြောင့်
ဘာစကားတစ်ခွန်းမှ မစရဲအောင် ရိှနေခဲ့၏ ။

သို့သော် ထိုအရာကား ကြာကြာမခံ ။
ထမင်းကျ အကုန်သွပ်ကာခွံ့သွားပြီး ရေကျမတိုက်ခဲ့သော
အဖေ့ကြောင့် Baekhyun လည်ချောင်းတွေ ရုတ်ချည်းပဲ
ခြောက်သွေ့လာရသည် ။
သည်းခံနိုင်သလောက် သည်းခံကြည့်သော်လည်း
မရတော့သောကြောင့် Baekhyun ဘာသ်ိဘာသာပင်
ပေါ့ပေါ့ပါးပါးပုံဖမ်း၍ Chanyeol အားတောင်းဆိုလိုက်၏ ။

' ကျွန်တော့်ကို ရေနည်းနည်းပေး ´

' ဟမ် ?  အော်  ရေလား ?
အင်းအင်း ´

Baekhyun သည် ခေါင်းလေးကြွရုံလောက်ကိုပင်
မနည်းအားတင်း အနာခံပြီး လုပ်နေရခြင်းဖြစ်၍
အဖေက ရေဘူးကိုပါ ပိုက်ကလေးများနှင့် သေချာစီစဥ်
ပေးသွားသဖြင့်သာ တော်သေးသည် ။
Chanyeol သည် လက်တကမ်းတွင်ရိှသော ကုတင်ပေါ်မှ
ရေဘူးကို အသာယူရင်း Baekhyu  သောက်နိုင်ရန်
ပိုက်ကလေးကို နှုတ်ခမ်းနား တေ့ပေးလိုက်၏ ။

စိုရဲသော နှုတ်ခမ်းကလေးသည်  ထိုအချိန်မှ
ပိုက်ကလေးကို တပြွတ်ပြွတ်စုပ်သောက်လာသည် ။ ထို့နောက်
ချက်ချင်းပင်  မျက်စိအတင်းပြန်မှိတ်သွားလေ၏ ။
ထိုအခါမှသာ Chanyeol အနည်းငယ်သဘောပေါက်သလို
ရိှလာလေသည် ။

Baekhyun က အနားယူချင်လို့ မဟုတ်ပဲ
သူ့ကို မျက်နှာချင်းဆိုင်ဖို့ အနည်းငယ်ခက်ခဲနေတယ် ဆိုတာ ။
အမြဲ မာမာကျောကျောနေတတ်တဲ့ ကောင်လေးမို့
ခုလိုပုံကို လူရှေ့သူရှေ့ မပြချင်တာမျိုးလည်း ဖြစ်နိုင်သည် ။
သို့သော် သူတစ်ခွန်းတစ်လေမှ မနှစ်သိမ့် မချော့မြှူလျှင်တော့
ထိုကောင်လေး စိတ်ကောင်းနိုင်မည်မဟုတ်ပါ ။
အပြင်ဘက်ကသာ တင်းမာနေသော်လည်း အတွင်းစိတ်ကလေးက
ကလေးစိတ်မပျောက်ချင်သေးတာကို Chanyeol လည်း
ရိပ်မိပါ၏ ။

' နေရတာ သက်သာရဲ့လား Baekhyun
တအားနာနေလား ´

Chanyeol ဘက်ကအရင် ခပ်ဖွဖွ အသံမျိုးနဲ့
နူးနူးညံ့ညံ့မေးလာတော့ ပြန်ဖြေရန်အစီစဥ်ချထားခြင်း
မရိှသော်လည်း ပင်ကို စရိုက်အရပင်
Baekhyun ပါးစပ်က ချက်ချင်းတုန့်ပြန်ပြီးသားဖြစ်သွားသည် ။

' နာလား မနာလား သိချင်ရင် ခင်များလက်ပျဥ်ကျောရိုး
ခင်များရိုက်ချိုးကြည့်လေ ´

Chanyeol  တစ်ချက်တွန့်ခနဲဖြစ်သွားသလို
Baekhyun လည်း လွှတ်ခနဲထွက်သွားမိသော စကားအပေါ်
နောင်တရသွားရ၏ ။
ဘာလို့ ဒီလောက် ကန့်လန့်တိုက်ချင်နေရတာလဲ ။

စိုးရိမ်၍ မေးလာသည်ကို အချိုးမပြေပြန်ဖြေ၍
Park Chanyeol စိတ်ခုသွားလောက်ပြီဟု
Baekhyun အတိအကျကို တွေးတောနေလိုက်သော်လည်း
အထင်နှင့်အမြင်လွဲခဲ့ရ၏ ။

Chanyeol ထံမှ ရယ်သံခပ်တိုးတိမ်တိမ်သာ ထွက်လာပြီး
အကောင်းတိုင်းရိှနေသော Baekhyun ၏
ဘယ်ဘက်လက်ဖဝါးကို ခပ်ဖွဖွ ဆုပ်ကိုင်လာလေသည် ။

Baekhyun သည် ရင်ထဲတွင်ဒိန်းခနဲဆောင့်ခုန်သွားခြင်းနှင့်အတူ
အပူလှိုင်းက ခန္ဓာကိုယ်တစ်လျှောက်ဖြတ်သန်းသွားပြီး  ချက်ချင်းပင်
နားရွက်ဖျားများ ပူတက်လာခဲ့ရ၏ ။
မျက်လုံးကို အတင်းမှိတ်မိထားသည့်တိုင် ဘယ်ဖက်လက်ဆီမှ
နွေးထွေးမှုက  နှလုံးသားထဲထိပင် စိမ့်ဝင်လာခဲ့သည် ။

ပထမဆုံးပဲ ...

Park Chanyeol က သူ့လက်ကိုဒီလိုဆုပ်ကိုင်ဖူးတာ ..

တကယ်ပထမဆုံးပဲ ...

ရင်းရင်းနှီးနှီးမရိှသော အထိအတွေ့ကြောင့်
Baekhyun နှလုံးခုန်သံတွေ အမှန်တကယ်ကို
မြန်ဆန်လာရပြီး မိမိနားကပင် ပြန်ကြားနေရသလို
ခံစားရလေသည် ။

' မကြာခင်ပြန်ကောင်းသွားမှာပါ
နာလည်း ခဏသည်းခံနော် Baekhyun ´

Park Chanyeol သည်သူ့ကို သတ်ပြီးရင်း
သတ်နေခြင်းဖြစ်၏ ။ သူ့လက်တစ်ဖက်ကို
လက်ဖဝါး ၂ ခုကြားခပ်ဖွဖွ ထည့်ထားကာ ဆုပ်ကိုင်
ထားသည့်အပြင် လက်ချောင်းကလေးတွေကိုပါ
လက်မ နှစ်ဖက်နှင့် ခပ်ဖွဖွပွတ်သပ်ပေးလာခဲ့သည် ။

' ဘယ်လိုပဲပြောပြော ငါ့ကြောင့်ဖြစ်ခဲ့ရတာမို့
တောင်းပန်ပါတယ် .. ´

ရပြီ ... ဒီလောက်ဆိုရပါပြီ ။
တောင်းပန်စကားအစား ကျေးဇူးတင်စကားတစ်ခွန်းလောက်တော့
သေချာပေါက် ကြားချင်ခဲ့ပေမယ့် ဒီလောက်နဲ့ကိုလုံလောက်ပါပြီ ။

ခဏတာနွေးထွေးမှုလေးကိုပဲ Baekhyun လိုအပ်ခဲ့တာ ။
ပန်းချီဆွဲခြင်းကို ထာဝရစွန့်လွှတ်ဖို့ ၊ အသက်နဲ့လဲပြီး ဒီလူကို
ကယ်ဖို့ ၊  သေလောက်တဲ့ နာကျင်မှုဝေဒနာကို
အစားဝင်ခံစားပေးဖို့ Baekhyun လိုအပ်ခဲ့တာ နူးညံ့စွာ
ဆုပ်ကိုင်ပေးမယ့် လက် ၂ ဖက်ကိုပါပဲ ။
ဒီလောက်နဲ့တင် သူလုပ်ခဲ့တာအားလုံးအတွက်
နောင်တမရဖို့ အကြောင်းပြချက် လုံလောက်ခဲ့ပါတယ် ။

အကယ်၍များပေါ့ ...
တစ်ဘဝလုံးစာ သူ့ဘေးနားမှာ ခုလို လက်ကိုဆုပ်ကိုင်ပေးထားမယ့်သူက Chanyeol သာ
ဖြစ်နိုင်ခဲ့ရင် ဒီကမ္ဘာမှာ အပျော်ဆုံးလူက သူဖြစ်လာမှာပါပဲ ။

Park Chanyeol ...
ထုတ်မပြောပေမယ့် ကျွန်တော်ခင်များကို တကယ်
အများကြီးကို ချစ်ပါတယ် ။

ကျွန်တော့် အသက်နဲ့ လဲလှယ်နိုင်လောက်တဲ့အထိ ...

TBC ...

ဒီ MAL ကို စရေးပြီးမကြာခင်မှာပဲ လိုက်ဖက်မယ့် OST လေး
ထွက်ပေါ်လာခဲ့ပါတယ် 💙 တိုက်ဆိုင်စွာရလာတဲ့ လက်ဆောင်လေးလို့ ပြောရမလား  အဲ့သီချင်းက Baekhyun ရဲ့
HAPPY ပါပဲ ...
ကျေးဇူးပြုပြီး  Lyrics နဲ့တကွ နားထောင်ပေးကြဖို့
မုန်လာဥ တောင်းဆိုပါတယ် T T
အခြား လိုက်ဖက်တဲ့ OST လေးတွေ တွေ့မိရင်လည်း
မုန်လာဥကို အချိန်မရွေး Recommed ပေးလို့ရပါတယ်ရှင့်



Zawgyi

ယခု အခန္းထဲတြင္ Baekhyun ကို ထမင္းခြံ႕နိုင္ဖို႔အေရး
အေဖအပါအဝင္ Jong in ေရာ Male nurse အခ်ိဳ႕ေရာ
အေတာ္ပင္ အလုပ္ရႈပ္ေနၾကသည္ ။
အေၾကာင္းမွာကား  အရိုးဆက္ခြဲစိတ္မႈၿပီးကတည္းက
ကုတင္ေပၚဒီတိုင္း ၿငိမ္သက္စြာ လွဲေနရေသာ Baekhyun
ကို ခဏတစ္ျဖဳတ္ ထထိုင္နိုင္ေရးအတြက္ လူအင္အားျဖင့္
ကူညီေပးေနရျခင္းပင္ ျဖစ္၏ ။

လက္ပ်ဥ္ေက်ာရိုးသည္ကား ခႏၶာကိုယ္လႈပ္ရွားမႈမ်ားအတြက္
အဓိက အားအင္စိုက္ထုတ္ေပးရာ အစိတ္အပိုင္းတစ္ခုမို႔
ထိုအရာ က်ိဳးေနသည့္အခါ  ထထိုင္ေရး လႈပ္ရွားေရးမ်ားအတြက္
Baekhyun မတတ္စြမ္းနိုင္ေပ ။ ထို႔ေၾကာင့္ အတတ္နိုင္ဆုံး
မထိခိုက္မိပဲ ထိုင္နိုင္ေစရန္  ကူညီထူေပးသူမ်ားမွာလည္း
သတ္ိျဖင့္လုပ္ေနရသလို လုပ္ရွားမႈမလုပ္ပဲ ၿငိမ္ေနရင္ေတာင္
နာက်င္ကိုက္ခဲေနရတဲ့ Baekhyun မွာ ဒီအခ်ိန္မ်က္ႏွာတစ္ခုလုံး
ရႈံ႕တြ ညည္းၫူလွ်က္ရိွ၏ ။

' ျဖည္းျဖည္းေနာ္ သားငယ္
အရမ္းႀကီး လႈပ္ရွား မပစ္လိုက္နဲ႕ ဒီတိုင္း
ထိုင္တယ္ ဆို႐ုံေလာက္ေလး အားစိုက္ထား ´

နဂိုကတည္းက သားခ်စ္အေဖျဖစ္ေသာ Baekhyun၏ဖခင္မွာ
ယခုလို အေျခအေနတြင္ အိမ္ပင္မျပန္နိုင္ပဲ Baekhyun ၏ လႈပ္ရွားမႈတစ္ခုစီကအစ အကုန္လိုက္ပူပန္၍ ထိန္းေၾကာင္းေပးေနရသည္ ။

သူ႕သားကေလး ဒီလို နာက်င္ေနေသာ ပုံကိုျမင္ရသည္မွာ
တစ္ရက္ပင္မျပည့္ေသးတာေတာင္ သူ႕စိတ္ေတြ ေမာပန္လြန္းလွ၏ ။

' ဆရာဝန္က အရိုးအားေကာင္းေစတဲ့ အစားအစာေတြ
မ်ားမ်ားေကြၽးဖို႔ ေျပာထားတယ္ ..
ႏြားနို႔ကို မႀကိဳက္လည္း ႀကိတ္မွိတ္ၿပီး ေသာက္ေနာ္
ညတစ္ခြက္ မနက္တစ္ခြက္ ေသာက္ရမယ္
လာ အခု ထမင္းအရင္စားရေအာင္ ´

ကေလးေခ်ာ့သလို ေခ်ာ့ေမာ့၍ ေျပာေနေသာ
အေဖ့ကို Baekhyun မၾကည္သလို ပုံစံမ်ိဳးနဲ႕
မ်က္ႏွာက တည္တင္းတင္းျဖစ္ေနေသာ္လည္း အမွန္တကယ္ေတာ့ စိတ္ထဲတြင္ အလြန္တရာကို ေက်နပ္ေနမိသည္ ။

နာရတာႏွင့္တန္ေအာင္ လတ္တေလာလစ္ဟာေနခဲ့ေသာ
ဂ႐ုစိုက္မႈမ်ားကို ျပန္ရသည္ဟုပင္ စိတ္ထဲေတြးလိုက္မိ၏ ။
သို႔ေသာ္ သူအသက္ႏွင့္လဲ၍ ကာကြယ္ေပးလိုက္ရေသာ
တစ္စုံတစ္ေယာက္ကိုကား ခုထိ မ်က္ႏွာပင္ မျမင္ရေသးပါ ။
ထိခိုက္မႈႀကီးမားခဲ့တဲ့ သူကေတာင္ သတိရေနၿပီမို႔ ထိုလူလည္းေသခ်ာေပါက္ကို သက္သာေနေလာက္ၿပီ ဆိုေပမယ့္ ေက်းဇူးတင္စကားေလး တစ္ခြန္းေတာင္ လာေျပာေဖာ္မရသည္ကား
အေတာ့္ပင္ စိတ္ဆိုးစရာေကာင္းလွသည္ ။

ထားလိုက္ပါေတာ့ ... အစကတည္းက ေက်းဇူးတင္ခံခ်င္လို႔ ကယ္ခဲ့တာမွမဟုတ္တာ ။ သူလာၾကည့္ၾကည့္ မၾကည့္ၾကည့္
ဘာအေရးလဲ ။

Baekhyun စိတ္ထဲတြင္ ေတြးခ်င္ရာမ်ားသာ စုံေလွ်ာက္ေတြးေနၿပီး အေဖခြံ႕ေသာ ထမင္းမ်ားကို တဇြန္းၿပီးတဇြန္း သတိမထားမိပဲ စားေနမိသည္မွာ တစ္ပန္းကန္လုံးစာပင္
ကုန္ခါနီးေနၿပီ ျဖစ္သည္ ။

ထိုအေတြးလြန္ေနေသာ အမူအယာက္ို ရိပ္မိပုံရေသာ
Baekhyun အေဖသည္ အေျခအေနကိုအခြင့္ေကာင္းယူၿပီး
တစ္လုပ္ၿပီး တစ္လုပ္ ဆက္တိုက္ခြံ႕ေနရာ Baekhyun
ပါး ႏွစ္ဖက္လုံး ေဖာင္းကားသြားသည္အထိ ထမင္းမ်ားျဖင့္
ျပည့္ႏွက္ေနၿပီ ။ သို႔ေသာ္ မ်က္ေမွာင္ေလးႀကဳံ႕၍
ကုတင္ေျခရင္းကိုသာ စိုက္ၾကည့္ေနေသာ Baekhyun မွာ
ခုထိ သတိမထားမိပုံမရေသး ။

ထို အခိုက္အတန့္တြင္ပင္ အခန္းတံခါးသည္ ႐ုတ္တရက္
ပြင့္လာခဲ့ၿပီး Wheelchair တစ္ခုေပၚတြင္ Chanyeol
ကိုတင္ကာတြန္းရင္း Chanyeol ၏ အေဖ အခန္းထဲသို႔
ဝင္လာေလသည္ ။
အသံေၾကာင့္ Baekhyun အပါအဝင္အခန္းထဲမွ လူအားလုံး
လွည့္ၾကည့္လာသလို Baekhyun ၏ ပါးႏွစ္ဖက္ကမူ
ထမင္းမ်ားႏွင့္ ေဖာင္းကားေန၏ ။

Baekhyun သည္ ႐ုတ္တရက္ လွိုက္ခနဲေပ်ာ္႐ႊင္မႈႏွင့္အတူ
ၿပဳံးမိမလို ျဖစ္သြားၿပီးခါမွ တင္းေနေသာ မိမိပါး ၂ ဖက္ေၾကာင့္
မိမိအေဖသည္  မိမိအလစ္ငိုက္ကို ေစာင့္ရင္း ပါးစပ္ထဲသို႔
ရိွသမွ် ထမင္းထိုးသြပ္ထားေၾကာင္း သတိထားမိသြားရသည္ ။

ရွက္စိတ္နဲ႕အတူ ေဒါသစိတ္ေလးေၾကာင့္ ခ်က္ခ်င္းပင္
ထမင္းမ်ားကို ဝါးကာ မ်ိဳခ်ပစ္လိုက္ၿပီး အေဖကို ဘုၾကည့္
ၾကည့္ပစ္လိုက္၏ ။

' ေတာ္ၿပီ .. မစားေတာ့ဘူး ´

သို႔ေသာ္ သူျငင္းစရာပင္မလိုေအာင္ ပန္းကန္လုံးထဲ
ေျပာင္ေနၿပီ ျဖစ္တာမို႔ အေဖက ၿပဳံးစိစိႏွင့္ ေခါင္းကို
လာဖြသည္ ။ ခါတိုင္းလိုဆို ဂ်စ္တစ္တစ္နဲ႕ အေဖ့လက္ကို
ေရွာင္တာမ်ိဳးပဲ ျဖစ္ျဖစ္ လက္နဲ႕ပုတ္ထုတ္ပစ္တာျဖစ္ျဖစ္
လုပ္မိမည္ျဖစ္ေပမယ့္ ခုခ်ိန္က် နည္းနည္းေလးမွ် လႈပ္၍မရေသာ
ခႏၶာကိုယ္ေၾကာင့္ ျပဳသမွ် ႏုေနရ၏ ။
မေက်နပ္ေၾကာင္းကို မ်က္ႏွာႏွင့္သာ ျပနိုင္သည္ ။

' Chanyeol ေရ လာၿပီးမင္း Baekhyun ကို
စကားေလးနည္းနည္းေျပာေပးလိုက္ပါဦး
ဦးေလး ကို ရန္ေစာင္ခ်င္ေနၿပီ  ´

Baekhyun အေဖသည္ ရယ္သံစြက္ေနေသာအသံႏွင့္
ေျပာၿပီးေနာက္  ဂ်ဳံအင္တို႔ႏွင့္အတူ ကုတင္ကို 45° ရေအာင္
remote ႏွင့္ျပင္ၿပီး Baekhyun ကို ခပ္သာသာ လွဲေနနိုင္ေစရန္ ျပဳလုပ္ေပးသည္ ။
ထို႔ေနာက္ညစာထမင္းဗန္းေလးကို ကိုင္ရင္း အခန္းထဲမွ
ဂ်ဳံအင္ႏွင့္အတူထြက္သြားေတာ့၏ ။
အရိပ္အကဲသိေသာ Chanyeol အေဖသည္လည္း
Chanyeol ၏ Wheelchair ကို Baekhyun
ကုတင္ေဘးဘယ္ဘက္နားထိ ကပ္ေပးခဲ့ၿပီးေနာက္ အခန္းထဲမွ
ထြက္သြားေလေတာ့သည္ ။

ယခု အခန္းထဲမွာ Chanyeol ႏွင့္ Baekhyun
2 ေယာက္သာ တိတ္ဆိတ္ၿပီး က်န္ခဲ့၏ ။
Baekhyun သည္ ဘာစကားေျပာရမယ္မွန္းမသိ
တိတ္ဆိတ္ ရွက္႐ြံ႕ေနၿပီး မ်က္လုံးမ်ားကိုသာ ခပ္သြက္သြက္
မွိတ္ထားပစ္လိုက္သည္ ။
Chanyeol သည္လည္း ေဘးတြင္ ထိုင္သာထိုင္ေနရၿပီး
အနားယူခ်င္ဟန္ရေသာ Baekhyun ေၾကာင့္
ဘာစကားတစ္ခြန္းမွ မစရဲေအာင္ ရိွေနခဲ့၏ ။

သို႔ေသာ္ ထိုအရာကား ၾကာၾကာမခံ ။
ထမင္းက် အကုန္သြပ္ကာခြံ႕သြားၿပီး ေရက်မတိုက္ခဲ့ေသာ
အေဖ့ေၾကာင့္ Baekhyun လည္ေခ်ာင္းေတြ ႐ုတ္ခ်ည္းပဲ
ေျခာက္ေသြ႕လာရသည္ ။
သည္းခံနိုင္သေလာက္ သည္းခံၾကည့္ေသာ္လည္း
မရေတာ့ေသာေၾကာင့္ Baekhyun ဘာသ္ိဘာသာပင္
ေပါ့ေပါ့ပါးပါးပုံဖမ္း၍ Chanyeol အားေတာင္းဆိုလိုက္၏ ။

' ကြၽန္ေတာ့္ကို ေရနည္းနည္းေပး ´

' ဟမ္ ?  ေအာ္  ေရလား ?
အင္းအင္း ´

Baekhyun သည္ ေခါင္းေလးႂကြ႐ုံေလာက္ကိုပင္
မနည္းအားတင္း အနာခံၿပီး လုပ္ေနရျခင္းျဖစ္၍
အေဖက ေရဘူးကိုပါ ပိုက္ကေလးမ်ားႏွင့္ ေသခ်ာစီစဥ္
ေပးသြားသျဖင့္သာ ေတာ္ေသးသည္ ။
Chanyeol သည္ လက္တကမ္းတြင္ရိွေသာ ကုတင္ေပၚမွ
ေရဘူးကို အသာယူရင္း Baekhyu  ေသာက္နိုင္ရန္
ပိုက္ကေလးကို ႏႈတ္ခမ္းနား ေတ့ေပးလိုက္၏ ။

စိုရဲေသာ ႏႈတ္ခမ္းကေလးသည္  ထိုအခ်ိန္မွ
ပိုက္ကေလးကို တႁပြတ္ႁပြတ္စုပ္ေသာက္လာသည္ ။ ထို႔ေနာက္
ခ်က္ခ်င္းပင္  မ်က္စိအတင္းျပန္မွိတ္သြားေလ၏ ။
ထိုအခါမွသာ Chanyeol အနည္းငယ္သေဘာေပါက္သလို
ရိွလာေလသည္ ။

Baekhyun က အနားယူခ်င္လို႔ မဟုတ္ပဲ
သူ႕ကို မ်က္ႏွာခ်င္းဆိုင္ဖို႔ အနည္းငယ္ခက္ခဲေနတယ္ ဆိုတာ ။
အၿမဲ မာမာေက်ာေက်ာေနတတ္တဲ့ ေကာင္ေလးမို႔
ခုလိုပုံကို လူေရွ႕သူေရွ႕ မျပခ်င္တာမ်ိဳးလည္း ျဖစ္နိုင္သည္ ။
သို႔ေသာ္ သူတစ္ခြန္းတစ္ေလမွ မႏွစ္သိမ့္ မေခ်ာ့ျမႇူလွ်င္ေတာ့
ထိုေကာင္ေလး စိတ္ေကာင္းနိုင္မည္မဟုတ္ပါ ။
အျပင္ဘက္ကသာ တင္းမာေနေသာ္လည္း အတြင္းစိတ္ကေလးက
ကေလးစိတ္မေပ်ာက္ခ်င္ေသးတာကို Chanyeol လည္း
ရိပ္မိပါ၏ ။

' ေနရတာ သက္သာရဲ႕လား Baekhyun
တအားနာေနလား ´

Chanyeol ဘက္ကအရင္ ခပ္ဖြဖြ အသံမ်ိဳးနဲ႕
ႏူးႏူးညံ့ညံ့ေမးလာေတာ့ ျပန္ေျဖရန္အစီစဥ္ခ်ထားျခင္း
မရိွေသာ္လည္း ပင္ကို စရိုက္အရပင္
Baekhyun ပါးစပ္က ခ်က္ခ်င္းတုန့္ျပန္ၿပီးသားျဖစ္သြားသည္ ။

' နာလား မနာလား သိခ်င္ရင္ ခင္မ်ားလက္ပ်ဥ္ေက်ာရိုး
ခင္မ်ားရိုက္ခ်ိဳးၾကည့္ေလ ´

Chanyeol  တစ္ခ်က္တြန့္ခနဲျဖစ္သြားသလို
Baekhyun လည္း လႊတ္ခနဲထြက္သြားမိေသာ စကားအေပၚ
ေနာင္တရသြားရ၏ ။
ဘာလို႔ ဒီေလာက္ ကန့္လန့္တိုက္ခ်င္ေနရတာလဲ ။

စိုးရိမ္၍ ေမးလာသည္ကို အခ်ိဳးမေျပျပန္ေျဖ၍
Park Chanyeol စိတ္ခုသြားေလာက္ၿပီဟု
Baekhyun အတိအက်ကိဳ ေတြးေတာေနလိုက္ေသာ္လည္း
အထင္ႏွင့္အျမင္လြဲခဲ့ရ၏ ။

Chanyeol ထံမွ ရယ္သံခပ္တိုးတိမ္တိမ္သာ ထြက္လာၿပီး
အေကာင္းတိုင္းရိွေနေသာ Baekhyun ၏
ဘယ္ဘက္လက္ဖဝါးကို ခပ္ဖြဖြ ဆုပ္ကိုင္လာေလသည္ ။

Baekhyun သည္ ရင္ထဲတြင္ဒိန္းခနဲေဆာင့္ခုန္သြားျခင္းႏွင့္အတူ
အပူလွိုင္းက ခႏၶာကိုယ္တစ္ေလွ်ာက္ျဖတ္သန္းသြားၿပီး  ခ်က္ခ်င္းပင္
နား႐ြက္ဖ်ားမ်ား ပူတက္လာခဲ့ရ၏ ။
မ်က္လုံးကို အတင္းမွိတ္မိထားသည့္တိုင္ ဘယ္ဖက္လက္ဆီမွ
ႏြေးေထြးမႈက  ႏွလုံးသားထဲထိပင္ စိမ့္ဝင္လာခဲ့သည္ ။

ပထမဆုံးပဲ ...

Park Chanyeol က သူ႕လက္ကိုဒီလိုဆုပ္ကိုင္ဖူးတာ ..

တကယ္ပထမဆုံးပဲ ...

ရင္းရင္းႏွီးႏွီးမရိွေသာ အထိအေတြ႕ေၾကာင့္
Baekhyun ႏွလုံးခုန္သံေတြ အမွန္တကယ္ကို
ျမန္ဆန္လာရၿပီး မိမိနားကပင္ ျပန္ၾကားေနရသလို
ခံစားရေလသည္ ။

' မၾကာခင္ျပန္ေကာင္းသြားမွာပါ
နာလည္း ခဏသည္းခံေနာ္ Baekhyun ´

Park Chanyeol သည္သူ႕ကို သတ္ၿပီးရင္း
သတ္ေနျခင္းျဖစ္၏ ။ သူ႕လက္တစ္ဖက္ကို
လက္ဖဝါး ၂ ခုၾကားခပ္ဖြဖြ ထည့္ထားကာ ဆုပ္ကိုင္
ထားသည့္အျပင္ လက္ေခ်ာင္းကေလးေတြကိုပါ
လက္မ ႏွစ္ဖက္ႏွင့္ ခပ္ဖြဖြပြတ္သပ္ေပးလာခဲ့သည္ ။

' ဘယ္လိုပဲေျပာေျပာ ငါ့ေၾကာင့္ျဖစ္ခဲ့ရတာမို႔
ေတာင္းပန္ပါတယ္ .. ´

ရၿပီ ... ဒီေလာက္ဆိုရပါၿပီ ။
ေတာင္းပန္စကားအစား ေက်းဇူးတင္စကားတစ္ခြန္းေလာက္ေတာ့
ေသခ်ာေပါက္ ၾကားခ်င္ခဲ့ေပမယ့္ ဒီေလာက္နဲ႕ကိုလုံေလာက္ပါၿပီ ။

ခဏတာႏြေးေထြးမႈေလးကိုပဲ Baekhyun လိုအပ္ခဲ့တာ ။
ပန္းခ်ီဆြဲျခင္းကို ထာဝရစြန့္လႊတ္ဖို႔ ၊ အသက္နဲ႕လဲၿပီး ဒီလူကို
ကယ္ဖို႔ ၊  ေသေလာက္တဲ့ နာက်င္မႈေဝဒနာကို
အစားဝင္ခံစားေပးဖို႔ Baekhyun လိုအပ္ခဲ့တာ ႏူးညံ့စြာ
ဆုပ္ကိုင္ေပးမယ့္ လက္ ၂ ဖက္ကိုပါပဲ ။
ဒီေလာက္နဲ႕တင္ သူလုပ္ခဲ့တာအားလုံးအတြက္
ေနာင္တမရဖို႔ အေၾကာင္းျပခ်က္ လုံေလာက္ခဲ့ပါတယ္ ။

အကယ္၍မ်ားေပါ့ ...
တစ္ဘဝလုံးစာ သူ႕ေဘးနားမွာ ခုလို လက္ကိုဆုပ္ကိုင္ေပးထားမယ့္သူက Chanyeol သာ
ျဖစ္နိုင္ခဲ့ရင္ ဒီကမၻာမွာ အေပ်ာ္ဆုံးလူက သူျဖစ္လာမွာပါပဲ ။

Park Chanyeol ...
ထုတ္မေျပာေပမယ့္ ကြၽန္ေတာ္ခင္မ်ားကို တကယ္
အမ်ားႀကီးကို ခ်စ္ပါတယ္ ။

ကြၽန္ေတာ့္ အသက္နဲ႕ လဲလွယ္နိုင္ေလာက္တဲ့အထိ ...

TBC ...

ဒီ MAL ကို စေရးၿပီးမၾကာခင္မွာပဲ လိုက္ဖက္မယ့္ OST ေလး
ထြက္ေပၚလာခဲ့ပါတယ္ 💙 တိုက္ဆိုင္စြာရလာတဲ့ လက္ေဆာင္ေလးလို႔ ေျပာရမလား  အဲ့သီခ်င္းက Baekhyun ရဲ႕
HAPPY ပါပဲ ...
ေက်းဇူးျပဳၿပီး  Lyrics နဲ႕တကြ နားေထာင္ေပးၾကဖို႔
မုန္လာဥ ေတာင္းဆိုပါတယ္ T T
အျခား လိုက္ဖက္တဲ့ OST ေလးေတြ ေတြ႕မိရင္လည္း
မုန္လာဥကို အခ်ိန္မေ႐ြး Recommed ေပးလို႔ရပါတယ္ရွင့္



Continue Reading

You'll Also Like

953K 21.8K 49
In wich a one night stand turns out to be a lot more than that.
314K 9.5K 40
"Kookie i'm sorry ,I promise to never hangout or look at any body else the way I look at you " #topkook #bottomtae
2M 80.4K 37
A WATTPAD FEATURED STORY ❝She's just a nerd, that's all...❞ A simple class project which brought a playboy and a nerd into a romance and hate situati...
599K 9.3K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...