The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 2.9

5.9K 691 9
By khunsin

"မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်"
"ထျင်ပိုင်လင်း အတင့်ရဲလှချည်လား .. ဒီလောက် ကောလဟာလတွေ ထွက်နေတာတောင် အိမ်ရှေ့စံနဲ့ နှစ်ဦးထဲ တွေ့ရဲသေးတယ်"
"မိဖုရားကြီး .. အိမ်ရှေ့စံက အကိုတော် ထျင်လဲ့ ကျနော့မျိုးဆီ လာလည်မယ်ဆိုလို့ လာစောင့်တာပါ။ ခုလေးပဲ ရောက်တာပါ။ ပြီးတော့ .. ကျနော်မျိုးတို့က မဟုတ်တာလုပ်နေတာမှ မဟုတ်ပဲ။ မတွေ့ရဲစရာ အကြောင်းရှိလို့လား"

"အပြင်မှာ ကောလဟာလတွေ ဒီလောက်ထွက်နေတာ နည်းနည်းပါးပါး ဆင်ခြင်မယ် မရှိဘူး။ နေမကောင်းဖြစ်နေတဲ့သူကိုမှ အားမနာ။ ထျင်လဲ့က ဘယ်မှာလဲ ငါ့ကို လာညာမနေနဲ့"

"ကျနော် မင်းသားအပေါ် အားနာစရာကောင်းတဲ့ အပြုအမူမျိုး ဘာမှ လုပ်မထားပါဘူး။ အကိုတော်က ခဏနေ ရောက်ပါမယ်။ မိဖုရားကြီး လာရင်းကိစ္စကိုသာ အမိန့်ရှိတော်မူပါ"

"ထျင်ပိုင်လင်းနဲ့ အိမ်ရှေ့စံတို့ မင်းသားတစ်အိမ်တော်မှာ အမြင်မတင့်တာတွေ လုပ်နေတယ်ကြားလို့ လာကြည့်တာပဲ။ ကြားတဲ့အတိုင်းပဲ လက်ပူးလက်ကြပ်မိနေပြီ။ ဒါနဲ့တောင် အကိုလာမယ်ဆိုတာ အကြောင်းပြပြီး ငြင်းချင်သေးတယ် ဟွန့်

လာကြစမ်း .. ပိုင်လင်းကို ဘုရားကျောင်းမှာ မင်းသားသတိရလာတဲ့ထိ ဒူးထောက်ပြီး ဆုတောင်းခိုင်းထားလိုက်"

"ရပ်လိုက်စမ်း"
အိမ်ရှေ့စံက ပိုင်လင်းဆီ လာနေသူများကို အော်ငေါက်လိုက်သည်။

"မယ်တော် လွန်နေပါပြီ။ စစ်သူကြီးက ပိုင်လင်းဆီ လာတွေ့တယ်။ ကျနော်က သတင်းကြားလို့ စစ်သူကြီးကို ဒီမှာလာစောင့်နေရုံတင်ပါ"

"ဒါပေမယ့် ထျင်လဲ့ မရှိနေဘူးလေ။ မင်းတို့အပြစ်ကို ဖုံးကွယ်ချင်နေတာလား"

ထျင်လဲ့ ရောက်လာမယ် မသိတဲ့ အိမ်ရှေ့စံမှာ ဘာပြောရမှန်း မသိတော့ပေ။ ပိုင်လင်းကသာ ယုံကြည်မှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ်ရှိသည်။ ထိုစဉ် ဟေး အခန်းထဲသို့ ဝင်လာပြီး 

"သခင်လေး ထျင်စစ်သူကြီးရောက်ပါပြီ"
မိဖုရားခေါင်ကြီး ".........."

"မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်"
"ထျင်လဲ့ မင်းညီကို ဒီလိုပဲ ဆုံးမသွန်သင်ထားသလား .. နေတာထိုင်တာကျ အပြောအဆိုမလွတ်ပဲ ငါ့ကို တခွန်းမကျန် ပြန်ပြောနေတယ်"

"ကျနော် ဘယ်မှာ ..."

ထျင်လဲ့က ပိုင်လင်းကို ဆက်မပြောဖို့ လက်ကာပြလိုက်သည်။

"ဘာမှားလဲတော့ မသိပေမယ့် ကျနော့ညီလေး ရိုင်းစိုင်းမိရင် ခွင့်လွှတ်ပါခင်ဗျာ။ ဒါပေမယ့် ကျနော့ ညီလေးအကြောင်း ကျနော်သိပါတယ်။ မဟုတ်မမှန်ပဲ မပြောတတ်ပါဘူး။ မှန်တဲ့စကားမို့ နားထောင်ရခက်ရင် ခွင့်လွှတ်ပေးတော်မူပါ"

"ထျင်မျိုးရိုးက ဓားတင် ထက်တာမဟုတ်ဘူး နှုတ်လည်း ထက်တာပဲကိုး"
"ချီးမွမ်းလွန်းနေပါပြီ မိဖုရားခေါင်ကြီး"

"ငါ့သားက အိပ်ယာထဲ လဲနေချိန်မှာ သူ့ရဲ့ ကြင်ယာတော်လောင်းက ငါ့သားပိုင်တဲ့မြေမှာ ပလူးပလဲ လာလုပ်နေတာ ငါ့သားတော်မျက်နှာကို အိုးမဲသုတ်သလိုပဲ။ ဟွန့် အကိုတစ်ယောက်လုံး အိပ်ရာထဲလဲနေချိန်မှာ ညီတော်က ကြောင်တောင်နှိုက်ချင်နေတယ်။ ဒါလား အိမ်ရှေ့စံ"

ထျင်လဲ့ရော ပိုင်လင်းကပါ ပြန်ချေပချင်ပေမယ့် စုန့်လီချင်းက ခေါင်းရမ်းပြကာ တားလိုက်သည်။

"နန်းတော်ပြန်မယ်"
"မယ်တော့်ကို နှုတ်ဆက်ပါတယ်"
"......."
______________

"ကိုကို ဘယ်လိုလုပ် ရောက်လာတာလဲ"
"ကိုယ့်ညီ အနိုင်ကျင့်ခံနေရတာ ကိုကို မကာကွယ်လို့ ဘယ်သူလာကာကွယ်ပေးမှာလဲ ... လီချင်း ခုနက တားပေးတာကျေးဇူးကွာ .. ငါစိတ်လွတ်ပြီး ပြောဆိုမိတော့မလို့ ဖြစ်သွားတယ်။ မိဖုရားခေါင်ကြီးက ဘာလို့ ငါ့ညီကို မဲနေတာလဲ"

"ငါလည်း စိတ်ပူပြီး မစဉ်းစားပဲ လာမိတာ ထောက်ချောက်ထဲ တိုးဝင်သလို ဖြစ်သွားတယ် .. တော်သေးတယ် မင်းရောက်လာလို့ .. အကြောင်းပြလို့ ရသွားတာ .. မယ်တော်က သက်သေ အတိအကျလည်း ရှိတာမဟုတ်ပဲ ဘာအကျိုးမှလည်း မရှိပဲနဲ့ ဘာလို့ လာပြသနာရှာနေတာလဲ"

"အိမ်ရှေ့မင်းသား မသိလို့ ဖြစ်မယ် မိဖုရားခေါင်နဲ့ ချန်ဟောက်က ပူပေါင်းသွားပြီ။ ကောလဟာလလွှင့်တာလဲသူတို့ပဲ။ ကျနော်က အိမ်ရှေ့စံနဲ့သာရှိနေတယ်ဆိုတာမိရင် မင်းသားကို အရှက်ရစေတယ်ဆိုတဲ့ အပြစ်နဲ့ အနည်းဆုံးတော့ ကျနော့်ကို ကန်ထုတ်လိုက်နိုင်မယ်။ ဒါဆို မင်းသား၁ နားမှာ ချန်ကျစ်မေအတွက် နေရာ ရသွားပြီ။

ပြီးရင် အိမ်ရှေ့မင်းသားကို ကောလဟာလ ငြိမ်အောင်ပဲ ဖြစ်ဖြစ် တခြားအလားတူ အကြောင်းပြချက်နဲ့ဖြစ်ဖြစ် .. အဝေးပို့ရင်ပို့ မပို့ရင် စံအိမ်အကျယ်ချုပ်သဘောမျိုးထားနိုင်တယ်။ ဒါဆို သူတို့ လှုပ်ရှားဖို့ ပိုလွယ်သွားပြီ။ ဒီဟာက ထောင်ချောက် သေးသေးလေးပဲရှိသေးပေမယ့် မိဖုရားခေါင်ကြီး ကိုယ်တိုင်ပါတာကတော့ ကျနော်တို့အတွက် မကောင်းနိုင်ဘူး"

"ကိုယ်တော်တောင် ဒီကိစ္စတွေ မတွေးမိဘူး ပိုင်လင်းက တကယ် ထက်မြက်တာပဲ။ နှမြောစရာကောင်းတာက ......။ အိုင်း .. ယား  ထားပါတော့ "
"........."

"ညီလေး .. ကိုကို ဒီတိုင်းဆို ဒီမှာစိတ်မချဘူး .. အိမ်ပြန်လိုက်ခဲ့တော့"
"ကိုကို .. ဟို .. ဟို မင်းသား၁က ... "

နှလုံးသွေးကိစ္စအတွက် စောင့်ပေးရဦးမယ် ဆိုတာ သူ့အကိုကို ဘယ်လိုလုပ် ပြောပြလို့ ရမှာလဲ။ တော်ကြာ သူဖောက်ပေးပါ့မယ် အတင်းလုပ်နေရင် ..

" ဘာဖြစ်လို့လဲ ညီလေး .. အဲ့ဒီစုန့်ရိရန်က ဘာကောင်းနေလို့လဲ .. ညီလေး မင်းမှာ ကြိုက်စရာ မရှားပါဘူး။ ကိုကို စုန့်ရိရန်ကလွဲရင် လီချင်းနဲ့လည်း သဘောတူတယ်။ ရိမင်နဲ့လည်း သဘောတူတယ်"
"အာ ကိုကို ဘာတွေ ပြောနေတာလဲ"
"အေးလေ မင်းကလည်း ကလေးကို ဘာတွေ လျှောက်ပြောနေတာလဲ"

"မဟုတ်လို့လား မင်းလည်း ကြိုက်နေတာ သိသာကြီးပဲကို။ ကောလဟာလထွက်တာလည်း မပြောနဲ့ မင်းက အိမ်ရှေ့မင်းသားဖြစ်ပြီး အနေအထိုင်မှ မတတ်တာ။  မင်းကြောင့် ငါ့ညီအထင်လွဲခံရတာ"

"အေးပါကွာ မင်းကလည်း စိတ်ချည်းပဲ.. ငါလည်း အိမ်ရှေ့စံမို့သာပဲ နေ့တိုင်း မင်းဆူပူတာပဲ ခံနေရတယ်။ ငါ့ခမည်းတော်တောင် ငါ့ကို မင်းလောက် မဆူဘူး.. ပြီးတော့ မင်းညီက ပိုင်ရှင်ရှိပြီးသား။ ပူမနေနဲ့ "

"သိပါတယ်။ မင်းရဲ့ညီ ရိမင် မလား"
"အေး သိရင် ပြီးရောကွာ"
"............"

ငါလည်း ဘယ်သူ့မှ လက်မခံရသေးပါဘူး။ ဘာလို့ငါ့ကို ဘောလုံးလို စုန့်ရိမင်ဆီ ပုတ်ထုတ်နေကြတာလဲ။ သူတို့ ရိမင်ဆိုတော့ ငါလည်း ရိမင်နဲ့ ကာရုံပေါ့

"ဟို .. ကိုကို ကျနော် ရိမင်ကို ပြန်ရောက်တဲ့ထိ ဒီမှာ စောင့်မယ်လို့ ကတိပေးထားလို့ပါ"
"ရိမင်က ဘယ်သွားတာလဲ"
"မင်းသား၁အတွက် ဖြေဆေးဖော်ဖို့ အဆိပ်ပင့်ကူ သွားယူတာပါ"

"ဟာ ကိုကိုသိရင် သွားယူပေးပါတယ်.. နယ်စပ်မှာ ကိုကို့လူတွေ အများကြီးပဲကို"
"ဟို အဲ့တာက...."

ပိုင်လင်း နှလုံးသွေးကိစ္စကလွဲပြီး ကျန်တာ အကုန်ပြောပြလိုက်သည်။

"အဲ့တာဆို နှစ်ရက်အတွင်း ရောက်ဖို့ လိုတာပေါ့ .. ငါက ဘာလို့ ဒီကိစ္စတွေမသိရတာလဲ"
"ကျနော် သတိထားမိတာ ရှိတယ်။ မင်းကြီးက မသိစေချင်တဲ့ ကိစ္စဆို အကိုထျင်လဲ့ရော အိမ်ရှေ့စံပါ မသိရဘူး ။ ဒါပေမယ့် ချန်အိမ်ကတော့ အမြဲသိနေတယ်။ ကောလဟာလတောင် လွှတ်ရဲသေးတယ်။ မင်းကြီးနားမှာ အမြဲရှိနေတဲ့သူက သံသယ ဖြစ်စရာပဲ။ သူလျှိုရှိနေတယ်။

ပြီးတော့ အိမ်ရှေ့မင်းသားနဲ့ ကိုကို ...
ကျနော် ရိမင်ကို စိတ်ပူတယ် အကူ လွှတ်ပေးလို့ရမလား။  နှောင့်နှေးအောင် လုပ်တဲ့သူတွေ ရှိနိုင်တယ်။ နှောင့်နှေးလို့ အချိန်မှီ မရောက်ခဲ့ရင် ရိမင်အတွက် မကောင်းဘူး"      

ဒါပေါ့ ငါ့ အတွက်လည်း မကောင်းနိုင်ဘူး တော်ကြာ ဇွတ်တွေ နှလုံးသွေး လာဖောက်နေဦးမယ်

"ဟုတ်တယ် ဒီကိစ္စ ပေါ့သေးသေးမဟုတ်ဖူး"
"ညီလေးစိတ်ချ အတော်ဆုံးသူတွေ လွှတ်ပြီး သွားစောင့်ရှောက်ခိုင်းလိုက်မယ်"

"ပြီးတော့ ဒီတခေါက် နယ်စပ်ကနေ သတင်းပို့သူတွေ ရောက်မလာဘူးကြားတယ် .. ဒါ သတင်းကောင်းမဟုတ်ဖူး"

"ဟုတ်တယ်.. ကိုကို့ခြေထောက်က မကောင်းဘူး။ ဒီတခေါက် စစ်ဖြစ်ရင် အိမ်ရှေ့စံ ထွက်တိုက်ရမလားပဲ။ စုန့်ရိရန်က အတွေ့အကြုံ မရှိဘူး။ တပ်ခွဲတွေအတွက် တပ်ခွဲမှုးစစ်သူကြီးတွေရှိပေမယ့် စစ်တပ်တစ်ခုလုံးကို အကွက်ကျကျ အမိန့်ပေးနိုင်မယ့်သူတော့ မရှိဘူး။

ဖေဖေ့ကို ဆက်ခံမယ့် စစ်သူကြီးတွေက ဒီနှစ်ထဲမှာ ချန်ဟောက် လက်ချက်နဲ့ ရာထူးပြုတ်သူပြုတ်၊ ဒဏ်ရာရ၊ သေကြနဲ့ မရှိသလောက် ဖြစ်ကုန်ပြီ။ ကိုကိုကလည်း စစ်ပွဲဦးဆောင်ဖို့ အဆင်မပြေဘူး"

"ကိုကို.. နန်းတော်မှာ ချန်ဟောက်တို့က ကျန်နေခဲ့တာဆိုတော့ အိမ်ရှေ့စံ စစ်ထွက်သွားတာက နည်းလမ်းကောင်း မဟုတ်ဘူး ။ မတော်လို့ အိမ်ရှေ့စံ တခုခု ဖြစ်သွားရင် ... "

"အင်း ဟုတ်တယ် .. လီချင်း မင်းက နန်းတော်က ခွါလို့ မဖြစ်ဖူး။ ရိမင်ကော စစ်တပ်ကိုဦးဆောင်နိုင်လောက်လား။ ရိမင်လာရင် အသေးစိတ် ထပ်တိုင်ပင်ရအောင်"

"ကိုကို ခဏ"
အခန်းထဲ ဝင်သွားပြီး ပုလင်းနှစ်လုံးယူကာ ပြန်ထွက်လာသည်။

"ဒီဟာက ကိုကို့အတွက် ဆေး ..
ကျနော်မှန်းတာ တလလောက်ဆို နည်းနည်း လှုပ်းရှားနိုင်လိမ့်မယ်။  ဒီဟာက လိမ်းဆေး။ အရိုးတွေကို အသစ်ပြန်ဖွဲ့စည်းပေးနိုင်ပြီး သောက်ဆေးက အာရုံကြောတွေကို ပြန်ဆက်ပေးလိမ့်မယ်။ လိမ်းနေတုန်း နည်းနည်းတော့ နာမယ် ပူမယ် ဆေးလိမ်းပြီးတိုင်း ကြပ်စည်းထားရမယ်"

"ဟား ကောင်းတာပေါ့ .. ကိုကိုသာ ပြန်ကောင်းရင် ကွပ်ကဲမယ့်သူအတွက် ပူစရာမလိုတော့ဘူး .."
"ဟင့်အင်း အချိန်မမှီလောက်ဖူး။ ကိုကိုက အလုံးစုံ ပြန်ကောင်းပြီး သိုင်းပညာသုံးလို့ရဖို့ဆို သုံးလလောက် စောင့်ရဦးမယ်။

ချန်ဟောက်က စစ်သူကြီး အားလုံးကို ရှင်းပစ်တော့။ တကယ်သာ စစ်ပြန်ဖြစ်ရင် တိုင်းပြည်ဘယ်လိုလုပ်မလဲ ဆိုတာ သူ မစဉ်းစားဘူးလား"

"ချန်ဟောက်က အဓိက ကိုယ်တော့်ကို စစ်ထွက် စေချင်နေတာလေ။ ကိုယ်တော်ကျသွားလို့ စစ်တပ်ပျက်ရင် စုန့်ရိရန်က မိဖုရားခေါင်ကြီးရဲ့ တပ်နဲ့ ပြန် ထိန်းသိမ်းလို့ ရမယ် ထင်နေတာ။ မိဖုရားခေါင်ကြီးရဲ့တပ်က သိုင်းပညာတော်တဲ့သူတွေနဲ့ ဖွဲ့စည်းထားပေမယ့် စစ်ဗျူဟာ အဆုတ်အတက်ကျ မကျွမ်းကျင်ဘူး။ ပြီးတော့ စည်းလုံးမှုလည်းမရှိ၊ စိတ်ဓာတ်လည်းမရှိ၊ အမိန့်နာခံမှုလည်း မရှိရင် စစ်မြေပြင်မှာ ကျရှုံးမှာပဲ။ ပြီးတော့ ပိုင်လင်း .. ရှေ့လျှောက် ကိုယ့်ကို ထျင်လဲ့လိုပဲ အကိုတစ်ယောက်လို သဘောထားပါ။ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနိုင်ပါတယ်"

ဪ မိဖုရားခေါင်ကြီးမှာ စစ်တပ်ရှိတာကိုး။ ဒါကြောင့် မုချင်း မုချိုးတို့ မိဖုရားခေါင်အိမ်တော်မှာ သွားစုံစမ်းနေပေမယ့် သတင်းမရတာ မဆန်းဘူး .. စစ်တပ်ဆိုတာက သီးခြားထားတာဆိုတော့

"လီချင်းGe  .. မိဖုရားခေါင်ရဲ့ စစ်တပ်ကို ဘယ်သူဦးစီးတာလဲ ဘယ်မှာထားလဲ အင်အား ဘယ်လောက်ရှိလဲ"

"မိဖုရားခေါင်ကြီးရဲ့ တူတော် ရင်းဝိန်းဟန့် (Ying  Wen Hang)က ခေါင်းဆောင်တယ်။ အင်အားက စစ်သည် ငါးသောင်းပဲ ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ ပျမ်းမျှ သိုင်းပညာအဆင့်အတန်းက သူတို့က ကိုယ်တော်တို့ စစ်တပ်ထက် ပိုမြင့်တယ်။ နေရာက နန်းမြို့ တောင်ဘက် တံတိုင်းအပြင်ဘက်မှာ"

"ကိုကိုနဲ့ ရိမင်က ဒီနေ့ကစပြီး လူထပ်စုပြီး စစ်တပ် နှစ်ခုစာ လေ့ကျင့်ပေးပါ။ ကျနော်မှန်းတာ မမှားဘူးဆိုရင် နောက်နှစ်လဆို စစ်ဖြစ်တော့မယ်။ လီချင်းကော ကျနော့ကို ယုံကြည်နိုင်မလား"
"ငါ မင်းကို အကြွင်းမဲ့ ယုံတယ် ငါ့ညီ"

"အဲ့ဒါဆို လက်နက်တိုက်ဆရာကို ကျနော် ပုံစံတွေ အပ်ထားတာရှိပါတယ်။ ယန္တယား ထုတ်လုပ်မှုကို အရှိန်ထပ်တိုးပြီး ငွေထပ်သုံးပေးပါ။ ကိုကို .. ယန္တယားသုံးမယ့်သူတွေကို သပ်သပ် လေ့ကျင့်ပေးပါ။ လီချင်းကော နန်းတော်ထဲက သတင်းမှန်သမျှ ကျနော်ရချင်တယ် ကူညီပေးနိုင်မလား"

"ငါ မင်းကို သတင်းပို့ဖို့က ပြသနာရှိနိုင်မယ် ထင်တယ်"

"ကိစ္စမရှိဘူး နောက်ရက်နည်းနည်းနေပြီးရင် ကျနော် ထျင်အိမ်ပြန်တော့မယ်။ စုန့်ရိရန်နဲ့ကိစ္စလည်း အပြတ်ရှင်းတော့မယ်"
"ကောင်းပြီ"

"ကိုကို ကိုကို့ခြေထောက် ပြန်ကောင်းသွားရင်လည်း နည်းနည်း ထပ်သည်းခံပြီး ဘီးတပ်ကုလားထိုင်နဲ့ပဲ သွားပေးပါ။ ကိုကို့မှာ အင်အားရှိတယ်ဆိုတာ မသိစေချင်ဘူး။ ရာထူး ပြန်အပ်ပြီး အိမ်ရှေ့စံနားမှာ ကပ်နေတဲ့သူလို့ပဲ မြင်ကြပါစေ။ ကျန်တာတော့ ရိမင်လာမှ ဖြည်းဖြည်းချင်း တိုင်ပင်ပြီး ဆက်လုပ်တာပေါ့"
"ကောင်းပြီ ညီလေး"

ထျင်လဲ့နဲ့ စုန့်လီချင်းကို ပိုင်လင်း အဆောင်ရှေ့ထွက်ပြီး လိုက်ပို့သည်။ ထျင်လဲ့ဝေါယာဉ်ထွက်သွားမှ ပိုင်လင်း စုန့်လီချင်းင်္အကျီလက်စကို ဆွဲပြီး နေခဲ့စေသည်။

"လီချင်းကော .. မနက်ဖြန်အတွက် ကျနော့ကို တစ်ခု ကူညီပေးပါဦး"
___________

နောက်တနေ့ နေ့လည်ခင်းသို့ ရောက်လာသည်။
"သခင်လေး .. မိဖုရားခေါင်ကြီး ခေါ်ခိုင်းလိုက်ပါတယ်"
"ကောင်းပြီ"

ပိုင်လင်း မိဖုရားခေါင်ရှိရာ မင်းသားတစ် အဆောင်ကို သွားလိုက်သည်။ အိမ်ရှေ့စံဆီ ဟေးကိုလွှတ်၍ အကြောင်းကြားဖို့လည်း မမေ့။ အခန်းထဲရောက်တော့ ဟိုနေ့က တော်ဝင်သမားတော်နဲ့ ချန်ကျစ်မေပါ ရှိနေသည်။ မိဖုရားခေါင်ကြီးကို နှုတ်ဆက်လိုက်သည်။

"ပိုင်လင်း တော်ဝင်သမားတော်က ပြောတယ် အဆိပ်ပင့်ကူ ရမလာရင် သုံးဖို့ ဖြေဆေးက အချိန်ယူရတယ်တဲ့ အခုထဲက နှလုံးသွေး ထုတ်ပေးလိုက်တော့"

"မိဖုရားကြီး ဖြေဆေးဖော်ထုတ်တာ မကြာပါဘူး အချိန်မှီပါတယ်။ ဒီသမားတော်က ဖော်စပ်ဖို့ ကြာတယ်ဆိုရင် ဆေးဆရာဟွမ်ကို ခေါ်လိုက်ပါ။ သူက ချက်ချင်း ပြင်ပေးနိုင်ပါတယ်။ ပြီးတော့ မင်းသားအခြေအနေက အဲ့လောက် မဆိုးသေးပါဘူး သူစောင့်နိုင်ပါတယ်"

"မင်းက သမားတော်မို့လား။ သမားတော်က အခုထုတ်ပေးပါ ပြောနေတာကို။ သားလေး မင်းကြားလား။  ဘုရင့်ရှေ့မှာကျတော့ သူပဲ ခုအသေခံတော့မယ့် ပုံစံမျိုးနဲ့။ ခုတော့နှလုံးသွေး ထုတ်ပေးရမှာ ငြင်းဆိုနေတယ်။ ကျစ်မေသာဆို ဒီလို ကြန့်ကြာနေမှာ မဟုတ်ဖူး"

"ချန်ကျစ်မေသာဆို ကြန့်ကြာနေရုံ မကဘူး ပေးရမှာကြောက်လို့ ချက်ချင်းတောင် ထွက်ပြေးဦးမယ်"

ချန်ကျစ်မေ >  "မင်း .. မင်း ..."

"မိဖုရားကြီး မင်းသားအတွက် စိတ်ပူနေတာ သိပေမယ့် .. မိဖုရားကြီးရဲ့သား အသက်ကပဲ တန်ဖိုးရှိတာလား။ ကျနော့အသက်က တန်ဖိုးမရှိတော့ဘူးလား။ ပင့်ကူရောက်လာရင် ဖြေဆေးဖော်လို့ ရနေပြီပဲကို အချိန်မကျသေးပဲ ကျနော်က ဘာကြောင့် အသေခံရမှာလဲ"

"လာကြစမ်း ပိုင်လင်းကို ချုပ်လိုက် နှလုံးသွေးဖောက်ဖို့ ပြင်လိုက်ကြ"
စကားနဲ့ ပြောနေလို့ မရတော့မှန်း ပိုင်လင်း နားလည်လိုက်သည်။

ပိုင်လင်း လေတချက် ချွန်လိုက်သည်။ လက်ကိုချုပ်ကိုင်ထားသောဘေးက လူနှစ်ယောက်လက်ထဲမှ ရုန်းထွက်လိုက်သည်။ တချက် တွန့်ကာ လျှောခနဲ ရုန်းထွက်ပြီး အပေါက်ဝ ရောက်သွားသော ပိုင်လင်းကို အစောင့်များက အံဩစွာ ခဏကြောင်ကြည့်ပြီး လိုက်ဖမ်းရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ရောက်လာသော ဟေးနဲ့ ချင်ကွမ်းက ပိုင်လင်းကို ကာထားလိုက်သည်။

"ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့မင်းသား ကြွရောက်လာပါပြီ"
မင်းကြီးက အဆောင်အပြင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသော ပိုင်လင်းတို့ကို ကြည့်လိုက်သည်။
"ဘာဖြစ်နေကြတာလဲ"

"အရှင် ပိုင်လင်းက နှလုံးသွေး ပေးဖို့ ငြင်းဆန်နေပါတယ်။ တကယ်အချိန်အခါရောက်လာတော့မှ လူတွေရဲ့ ပင်ကိုယ်စိတ်ကို သိရတာပဲ" ပိုင်လင်းကို စက်ဆုပ်စွာ ကြည့်လိုက်သည်။

"အရှင် ကျနော်မျိုး နေဝင်တာနဲ့ ရိမင် ပြန်မရောက်သေးရင် ချက်ချင်းထုတ်ပေးပါမယ်။ သေရေးရှင်ရေးကိစ္စမို့ မလိုအပ်ပဲ စွန့်စားတာမျိုး မလုပ်ချင်ရုံပါ"
ထိုစဉ် ဝါးခေါက်သံ နှစ်ချက် ကြားလိုက်ရသည်။

"ဟုတ်သားပဲ နေဝင်သေးတာမှ မဟုတ်တာပဲ။ သားတော် အခြေအနေကော"
"အရှင် ရိရန်ရဲ့ဖြေဆေးက ကြိုပြင်ဆင်ရမယ်လို့ ပြောပါတယ်။ ဖြစ်မှ လုပ်ရင် အချိန် မမှီမှာ စိုးပါတယ်"
"မိဖုရားကြီး စိတ်အေးအေးထားပါ။ သားတော် ကိုယ်တော်လည်း စိတ်ပူပေမယ့် ပိုင်လင်းဆီကလည်း ဆန္ဒမပါပဲ မယူရဘူးလေ။ သူက ကိုယ်တို့ရဲ့ နန်းတွင်းအစေခံ အမှုထမ်းမှ မဟုတ်တာပဲ။ အစေခံဆိုရင်တောင် ဆန္ဒရှိမှလေ။ သူလည်း မပေးဘူးလို့ ပြောနေတာမှ မဟုတ်တာ"

"ဒါပေမယ့် အချိန်မမှီတော့ရင် ဘယ်လို လုပ်မလဲ။ မတော်လို့များ သားတော်ဆုံးသွားခဲ့ရင် ပိုင်လင်းသွေးက ဘာမှ အဓိပ္ပါယ် မရှိတော့ဘူးလေ။ ပြီးတော့ သမားတော်က ကျွမ်းကျင်တာပဲ ပိုင်လင်းက ခဏနားလိုက်ရင် ကောင်းသွားမှာပါ"

"သမားတော် မင်းအမြင်ကရော ပြောကြည့်"
"ဖြေဆေးအတွက် အနည်းဆုံး နှစ်နာရီ ကြိုတိုက်ရပါမယ် အရှင် .. မင်းသားတစ်က အရမ်းမောလာမှ တိုက်ရင် ဆေးမဝင်မှာ စိုးရပါတယ်"
"ရိရန်ကို သွားကြည့်ရအောင်"

မင်းသားတစ်က အသက်ရှူပြင်းစွာနဲ့ မှိန်းနေသည်။
"ဒီလိုလုပ် နှစ်ဦးနှစ်ဖက် မျှအောင် ကိုယ်တော်တို့ ခဏတော့ စောင့်ရအောင်။ နာရီတစ်ချက်ထပ်ထိုးရင် သွေးထုတ်တာပေါ့။ ပိုင်လင်း အဆင်ပြေမလား"
"ပြေပါတယ် အရှင်"

🟥🟥🟥🟥🟥🟥🟥

"မိဖုရားေခါင္ႀကီးကို ဂါရဝျပဳပါတယ္"
"ထ်င္ပိုင္လင္း အတင့္ရဲလွခ်ည္လား .. ဒီေလာက္ ေကာလဟာလေတြ ထြက္ေနတာေတာင္ အိမ္ေရွ႕စံနဲ႔ ႏွစ္ဦးထဲ ေတြ႕ရဲေသးတယ္"
"မိဖုရားႀကီး .. အိမ္ေရွ႕စံက အကိုေတာ္ ထ်င္လဲ့ က်ေနာ့မ်ိဳးဆီ လာလည္မယ္ဆိုလို႔ လာေစာင့္တာပါ။ ခုေလးပဲ ေရာက္တာပါ။ ၿပီးေတာ့ .. က်ေနာ္မ်ိဳးတို႔က မဟုတ္တာလုပ္ေနတာမွ မဟုတ္ပဲ။ မေတြ႕ရဲစရာ အေၾကာင္းရွိလို႔လား"

"အျပင္မွာ ေကာလဟာလေတြ ဒီေလာက္ထြက္ေနတာ နည္းနည္းပါးပါး ဆင္ျခင္မယ္ မရွိဘူး။ ေနမေကာင္းျဖစ္ေနတဲ့သူကိုမွ အားမနာ။ ထ်င္လဲ့က ဘယ္မွာလဲ ငါ့ကို လာညာမေနနဲ႔"

"က်ေနာ္ မင္းသားအေပၚ အားနာစရာေကာင္းတဲ့ အျပဳအမူမ်ိဳး ဘာမွ လုပ္မထားပါဘူး။ အကိုေတာ္က ခဏေန ေရာက္ပါမယ္။ မိဖုရားႀကီး လာရင္းကိစၥကိုသာ အမိန္႔ရွိေတာ္မူပါ"

"ထ်င္ပိုင္လင္းနဲ႔ အိမ္ေရွ႕စံတို႔ မင္းသားတစ္အိမ္ေတာ္မွာ အျမင္မတင့္တာေတြ လုပ္ေနတယ္ၾကားလို႔ လာၾကည့္တာပဲ။ ၾကားတဲ့အတိုင္းပဲ လက္ပူးလက္ၾကပ္မိေနၿပီ။ ဒါနဲ႔ေတာင္ အကိုလာမယ္ဆိုတာ အေၾကာင္းျပၿပီး ျငင္းခ်င္ေသးတယ္ ဟြန္႔

လာၾကစမ္း .. ပိုင္လင္းကို ဘုရားေက်ာင္းမွာ မင္းသားသတိရလာတဲ့ထိ ဒူးေထာက္ၿပီး ဆုေတာင္းခိုင္းထားလိုက္"

"ရပ္လိုက္စမ္း"
အိမ္ေရွ႕စံက ပိုင္လင္းဆီ လာေနသူမ်ားကို ေအာ္ေငါက္လိုက္သည္။

"မယ္ေတာ္ လြန္ေနပါၿပီ။ စစ္သူႀကီးက ပိုင္လင္းဆီ လာေတြ႕တယ္။ က်ေနာ္က သတင္းၾကားလို႔ စစ္သူႀကီးကို ဒီမွာလာေစာင့္ေန႐ုံတင္ပါ"

"ဒါေပမယ့္ ထ်င္လဲ့ မရွိေနဘူးေလ။ မင္းတို႔အျပစ္ကို ဖုံးကြယ္ခ်င္ေနတာလား"

ထ်င္လဲ့ ေရာက္လာမယ္ မသိတဲ့ အိမ္ေရွ႕စံမွာ ဘာေျပာရမွန္း မသိေတာ့ေပ။ ပိုင္လင္းကသာ ယုံၾကည္မႈအျပည့္နဲ႔ တည္တည္ၿငိမ္ၿငိမ္ရွိသည္။ ထိုစဥ္ ေဟး အခန္းထဲသို႔ ဝင္လာၿပီး 

"သခင္ေလး ထ်င္စစ္သူႀကီးေရာက္ပါၿပီ"
မိဖုရားေခါင္ႀကီး ".........."

"မိဖုရားေခါင္ႀကီးကို ဂါရဝျပဳပါတယ္"
"ထ်င္လဲ့ မင္းညီကို ဒီလိုပဲ ဆုံးမသြန္သင္ထားသလား .. ေနတာထိုင္တာက် အေျပာအဆိုမလြတ္ပဲ ငါ့ကို တခြန္းမက်န္ ျပန္ေျပာေနတယ္"

"က်ေနာ္ ဘယ္မွာ ..."

ထ်င္လဲ့က ပိုင္လင္းကို ဆက္မေျပာဖို႔ လက္ကာျပလိုက္သည္။

"ဘာမွားလဲေတာ့ မသိေပမယ့္ က်ေနာ့ညီေလး ႐ိုင္းစိုင္းမိရင္ ခြင့္လႊတ္ပါခင္ဗ်ာ။ ဒါေပမယ့္ က်ေနာ့ ညီေလးအေၾကာင္း က်ေနာ္သိပါတယ္။ မဟုတ္မမွန္ပဲ မေျပာတတ္ပါဘူး။ မွန္တဲ့စကားမို႔ နားေထာင္ရခက္ရင္ ခြင့္လႊတ္ေပးေတာ္မူပါ"

"ထ်င္မ်ိဳး႐ိုးက ဓားတင္ ထက္တာမဟုတ္ဘူး ႏႈတ္လည္း ထက္တာပဲကိုး"
"ခ်ီးမြမ္းလြန္းေနပါၿပီ မိဖုရားေခါင္ႀကီး"

"ငါ့သားက အိပ္ယာထဲ လဲေနခ်ိန္မွာ သူ႔ရဲ႕ ၾကင္ယာေတာ္ေလာင္းက ငါ့သားပိုင္တဲ့ေျမမွာ ပလူးပလဲ လာလုပ္ေနတာ ငါ့သားေတာ္မ်က္ႏွာကို အိုးမဲသုတ္သလိုပဲ။ ဟြန္႔ အကိုတစ္ေယာက္လုံး အိပ္ရာထဲလဲေနခ်ိန္မွာ ညီေတာ္က ေၾကာင္ေတာင္ႏႈိက္ခ်င္ေနတယ္။ ဒါလား အိမ္ေရွ႕စံ"

ထ်င္လဲ့ေရာ ပိုင္လင္းကပါ ျပန္ေခ်ပခ်င္ေပမယ့္ စုန္႔လီခ်င္းက ေခါင္းရမ္းျပကာ တားလိုက္သည္။

"နန္းေတာ္ျပန္မယ္"
"မယ္ေတာ့္ကို ႏႈတ္ဆက္ပါတယ္"
"......."
______________

"ကိုကို ဘယ္လိုလုပ္ ေရာက္လာတာလဲ"
"ကိုယ့္ညီ အႏိုင္က်င့္ခံေနရတာ ကိုကို မကာကြယ္လို႔ ဘယ္သူလာကာကြယ္ေပးမွာလဲ ... လီခ်င္း ခုနက တားေပးတာေက်းဇူးကြာ .. ငါစိတ္လြတ္ၿပီး ေျပာဆိုမိေတာ့မလို႔ ျဖစ္သြားတယ္။ မိဖုရားေခါင္ႀကီးက ဘာလို႔ ငါ့ညီကို မဲေနတာလဲ"

"ငါလည္း စိတ္ပူၿပီး မစဥ္းစားပဲ လာမိတာ ေထာက္ေခ်ာက္ထဲ တိုးဝင္သလို ျဖစ္သြားတယ္ .. ေတာ္ေသးတယ္ မင္းေရာက္လာလို႔ .. အေၾကာင္းျပလို႔ ရသြားတာ .. မယ္ေတာ္က သက္ေသ အတိအက်လည္း ရွိတာမဟုတ္ပဲ ဘာအက်ိဳးမွလည္း မရွိပဲနဲ႔ ဘာလို႔ လာျပသနာရွာေနတာလဲ"

"အိမ္ေရွ႕မင္းသား မသိလို႔ ျဖစ္မယ္ မိဖုရားေခါင္နဲ႔ ခ်န္ေဟာက္က ပူေပါင္းသြားၿပီ။ ေကာလဟာလလႊင့္တာလဲသူတို႔ပဲ။ က်ေနာ္က အိမ္ေရွ႕စံနဲ႔သာရွိေနတယ္ဆိုတာမိရင္ မင္းသားကို အရွက္ရေစတယ္ဆိုတဲ့ အျပစ္နဲ႔ အနည္းဆုံးေတာ့ က်ေနာ့္ကို ကန္ထုတ္လိုက္ႏိုင္မယ္။ ဒါဆို မင္းသား၁ နားမွာ ခ်န္က်စ္ေမအတြက္ ေနရာ ရသြားၿပီ။

ၿပီးရင္ အိမ္ေရွ႕မင္းသားကို ေကာလဟာလ ၿငိမ္ေအာင္ပဲ ျဖစ္ျဖစ္ တျခားအလားတူ အေၾကာင္းျပခ်က္နဲ႔ျဖစ္ျဖစ္ .. အေဝးပို႔ရင္ပို႔ မပို႔ရင္ စံအိမ္အက်ယ္ခ်ဳပ္သေဘာမ်ိဳးထားႏိုင္တယ္။ ဒါဆို သူတို႔ လႈပ္ရွားဖို႔ ပိုလြယ္သြားၿပီ။ ဒီဟာက ေထာင္ေခ်ာက္ ေသးေသးေလးပဲရွိေသးေပမယ့္ မိဖုရားေခါင္ႀကီး ကိုယ္တိုင္ပါတာကေတာ့ က်ေနာ္တို႔အတြက္ မေကာင္းႏိုင္ဘူး"

"ကိုယ္ေတာ္ေတာင္ ဒီကိစၥေတြ မေတြးမိဘူး ပိုင္လင္းက တကယ္ ထက္ျမက္တာပဲ။ ႏွေျမာစရာေကာင္းတာက ......။ အိုင္း .. ယား ထားပါေတာ့ "
"........."

"ညီေလး .. ကိုကို ဒီတိုင္းဆို ဒီမွာစိတ္မခ်ဘူး .. အိမ္ျပန္လိုက္ခဲ့ေတာ့"
"ကိုကို .. ဟို .. ဟို မင္းသား၁က ... "

ႏွလုံးေသြးကိစၥအတြက္ ေစာင့္ေပးရဦးမယ္ ဆိုတာ သူ႔အကိုကို ဘယ္လိုလုပ္ ေျပာျပလို႔ ရမွာလဲ။ ေတာ္ၾကာ သူေဖာက္ေပးပါ့မယ္ အတင္းလုပ္ေနရင္ ..

" ဘာျဖစ္လို႔လဲ ညီေလး .. အဲ့ဒီစုန္႔ရိရန္က ဘာေကာင္းေနလို႔လဲ .. ညီေလး မင္းမွာ ႀကိဳက္စရာ မရွားပါဘူး။ ကိုကို စုန္႔ရိရန္ကလြဲရင္ လီခ်င္းနဲ႔လည္း သေဘာတူတယ္။ ရိမင္နဲ႔လည္း သေဘာတူတယ္"
"အာ ကိုကို ဘာေတြ ေျပာေနတာလဲ"
"ေအးေလ မင္းကလည္း ကေလးကို ဘာေတြ ေလွ်ာက္ေျပာေနတာလဲ"

"မဟုတ္လို႔လား မင္းလည္း ႀကိဳက္ေနတာ သိသာႀကီးပဲကို။ ေကာလဟာလထြက္တာလည္း မေျပာနဲ႔ မင္းက အိမ္ေရွ႕မင္းသားျဖစ္ၿပီး အေနအထိုင္မွ မတတ္တာ။ မင္းေၾကာင့္ ငါ့ညီအထင္လြဲခံရတာ"

"ေအးပါကြာ မင္းကလည္း စိတ္ခ်ည္းပဲ.. ငါလည္း အိမ္ေရွ႕စံမို႔သာပဲ ေန႔တိုင္း မင္းဆူပူတာပဲ ခံေနရတယ္။ ငါ့ခမည္းေတာ္ေတာင္ ငါ့ကို မင္းေလာက္ မဆူဘူး.. ၿပီးေတာ့ မင္းညီက ပိုင္ရွင္ရွိၿပီးသား။ ပူမေနနဲ႔ "

"သိပါတယ္။ မင္းရဲ႕ညီ ရိမင္ မလား"
"ေအး သိရင္ ၿပီးေရာကြာ"
"............"

ငါလည္း ဘယ္သူ႔မွ လက္မခံရေသးပါဘူး။ ဘာလို႔ငါ့ကို ေဘာလုံးလို စုန္႔ရိမင္ဆီ ပုတ္ထုတ္ေနၾကတာလဲ။ သူတို႔ ရိမင္ဆိုေတာ့ ငါလည္း ရိမင္နဲ႔ ကာ႐ုံေပါ့

"ဟို .. ကိုကို က်ေနာ္ ရိမင္ကို ျပန္ေရာက္တဲ့ထိ ဒီမွာ ေစာင့္မယ္လို႔ ကတိေပးထားလို႔ပါ"
"ရိမင္က ဘယ္သြားတာလဲ"
"မင္းသား၁အတြက္ ေျဖေဆးေဖာ္ဖို႔ အဆိပ္ပင့္ကူ သြားယူတာပါ"

"ဟာ ကိုကိုသိရင္ သြားယူေပးပါတယ္.. နယ္စပ္မွာ ကိုကို႔လူေတြ အမ်ားႀကီးပဲကို"
"ဟို အဲ့တာက...."

ပိုင္လင္း ႏွလုံးေသြးကိစၥကလြဲၿပီး က်န္တာ အကုန္ေျပာျပလိုက္သည္။

"အဲ့တာဆို ႏွစ္ရက္အတြင္း ေရာက္ဖို႔ လိုတာေပါ့ .. ငါက ဘာလို႔ ဒီကိစၥေတြမသိရတာလဲ"
"က်ေနာ္ သတိထားမိတာ ရွိတယ္။ မင္းႀကီးက မသိေစခ်င္တဲ့ ကိစၥဆို အကိုထ်င္လဲ့ေရာ အိမ္ေရွ႕စံပါ မသိရဘူး ။ ဒါေပမယ့္ ခ်န္အိမ္ကေတာ့ အၿမဲသိေနတယ္။ ေကာလဟာလေတာင္ လႊတ္ရဲေသးတယ္။ မင္းႀကီးနားမွာ အၿမဲရွိေနတဲ့သူက သံသယ ျဖစ္စရာပဲ။ သူလွ်ိဳရွိေနတယ္။

ၿပီးေတာ့ အိမ္ေရွ႕မင္းသားနဲ႔ ကိုကို ...
က်ေနာ္ ရိမင္ကို စိတ္ပူတယ္ အကူ လႊတ္ေပးလို႔ရမလား။ ေႏွာင့္ေႏွးေအာင္ လုပ္တဲ့သူေတြ ရွိႏိုင္တယ္။ ေႏွာင့္ေႏွးလို႔ အခ်ိန္မွီ မေရာက္ခဲ့ရင္ ရိမင္အတြက္ မေကာင္းဘူး"      

ဒါေပါ့ ငါ့ အတြက္လည္း မေကာင္းႏိုင္ဘူး ေတာ္ၾကာ ဇြတ္ေတြ ႏွလုံးေသြး လာေဖာက္ေနဦးမယ္

"ဟုတ္တယ္ ဒီကိစၥ ေပါ့ေသးေသးမဟုတ္ဖူး"
"ညီေလးစိတ္ခ် အေတာ္ဆုံးသူေတြ လႊတ္ၿပီး သြားေစာင့္ေရွာက္ခိုင္းလိုက္မယ္"

"ၿပီးေတာ့ ဒီတေခါက္ နယ္စပ္ကေန သတင္းပို႔သူေတြ ေရာက္မလာဘူးၾကားတယ္ .. ဒါ သတင္းေကာင္းမဟုတ္ဖူး"

"ဟုတ္တယ္.. ကိုကို႔ေျခေထာက္က မေကာင္းဘူး။ ဒီတေခါက္ စစ္ျဖစ္ရင္ အိမ္ေရွ႕စံ ထြက္တိုက္ရမလားပဲ။ စုန္႔ရိရန္က အေတြ႕အႀကဳံ မရွိဘူး။ တပ္ခြဲေတြအတြက္ တပ္ခြဲမႈးစစ္သူႀကီးေတြရွိေပမယ့္ စစ္တပ္တစ္ခုလုံးကို အကြက္က်က် အမိန္႔ေပးႏိုင္မယ့္သူေတာ့ မရွိဘူး။

ေဖေဖ့ကို ဆက္ခံမယ့္ စစ္သူႀကီးေတြက ဒီႏွစ္ထဲမွာ ခ်န္ေဟာက္ လက္ခ်က္နဲ႔ ရာထူးျပဳတ္သူျပဳတ္၊ ဒဏ္ရာရ၊ ေသၾကနဲ႔ မရွိသေလာက္ ျဖစ္ကုန္ၿပီ။ ကိုကိုကလည္း စစ္ပြဲဦးေဆာင္ဖို႔ အဆင္မေျပဘူး"

"ကိုကို.. နန္းေတာ္မွာ ခ်န္ေဟာက္တို႔က က်န္ေနခဲ့တာဆိုေတာ့ အိမ္ေရွ႕စံ စစ္ထြက္သြားတာက နည္းလမ္းေကာင္း မဟုတ္ဘူး ။ မေတာ္လို႔ အိမ္ေရွ႕စံ တခုခု ျဖစ္သြားရင္ ... "

"အင္း ဟုတ္တယ္ .. လီခ်င္း မင္းက နန္းေတာ္က ခြါလို႔ မျဖစ္ဖူး။ ရိမင္ေကာ စစ္တပ္ကိုဦးေဆာင္ႏိုင္ေလာက္လား။ ရိမင္လာရင္ အေသးစိတ္ ထပ္တိုင္ပင္ရေအာင္"

"ကိုကို ခဏ"
အခန္းထဲ ဝင္သြားၿပီး ပုလင္းႏွစ္လုံးယူကာ ျပန္ထြက္လာသည္။

"ဒီဟာက ကိုကို႔အတြက္ ေဆး ..
က်ေနာ္မွန္းတာ တလေလာက္ဆို နည္းနည္း လႈပ္းရွားႏိုင္လိမ့္မယ္။ ဒီဟာက လိမ္းေဆး။ အ႐ိုးေတြကို အသစ္ျပန္ဖြဲ႕စည္းေပးႏိုင္ၿပီး ေသာက္ေဆးက အာ႐ုံေၾကာေတြကို ျပန္ဆက္ေပးလိမ့္မယ္။ လိမ္းေနတုန္း နည္းနည္းေတာ့ နာမယ္ ပူမယ္ ေဆးလိမ္းၿပီးတိုင္း ၾကပ္စည္းထားရမယ္"

"ဟား ေကာင္းတာေပါ့ .. ကိုကိုသာ ျပန္ေကာင္းရင္ ကြပ္ကဲမယ့္သူအတြက္ ပူစရာမလိုေတာ့ဘူး .."
"ဟင့္အင္း အခ်ိန္မမွီေလာက္ဖူး။ ကိုကိုက အလုံးစုံ ျပန္ေကာင္းၿပီး သိုင္းပညာသုံးလို႔ရဖို႔ဆို သုံးလေလာက္ ေစာင့္ရဦးမယ္။

ခ်န္ေဟာက္က စစ္သူႀကီး အားလုံးကို ရွင္းပစ္ေတာ့။ တကယ္သာ စစ္ျပန္ျဖစ္ရင္ တိုင္းျပည္ဘယ္လိုလုပ္မလဲ ဆိုတာ သူ မစဥ္းစားဘူးလား"

"ခ်န္ေဟာက္က အဓိက ကိုယ္ေတာ့္ကို စစ္ထြက္ ေစခ်င္ေနတာေလ။ ကိုယ္ေတာ္က်သြားလို႔ စစ္တပ္ပ်က္ရင္ စုန္႔ရိရန္က မိဖုရားေခါင္ႀကီးရဲ႕ တပ္နဲ႔ ျပန္ ထိန္းသိမ္းလို႔ ရမယ္ ထင္ေနတာ။ မိဖုရားေခါင္ႀကီးရဲ႕တပ္က သိုင္းပညာေတာ္တဲ့သူေတြနဲ႔ ဖြဲ႕စည္းထားေပမယ့္ စစ္ဗ်ဴဟာ အဆုတ္အတက္က် မကြၽမ္းက်င္ဘူး။ ၿပီးေတာ့ စည္းလုံးမႈလည္းမရွိ၊ စိတ္ဓာတ္လည္းမရွိ၊ အမိန္႔နာခံမႈလည္း မရွိရင္ စစ္ေျမျပင္မွာ က်ရႈံးမွာပဲ။ ၿပီးေတာ့ ပိုင္လင္း .. ေရွ႕ေလွ်ာက္ ကိုယ့္ကို ထ်င္လဲ့လိုပဲ အကိုတစ္ေယာက္လို သေဘာထားပါ။ ရင္းရင္းႏွီးႏွီး ေျပာဆိုဆက္ဆံႏိုင္ပါတယ္"

ဪ မိဖုရားေခါင္ႀကီးမွာ စစ္တပ္ရွိတာကိုး။ ဒါေၾကာင့္ မုခ်င္း မုခ်ိဳးတို႔ မိဖုရားေခါင္အိမ္ေတာ္မွာ သြားစုံစမ္းေနေပမယ့္ သတင္းမရတာ မဆန္းဘူး .. စစ္တပ္ဆိုတာက သီးျခားထားတာဆိုေတာ့

"လီခ်င္းGe .. မိဖုရားေခါင္ရဲ႕ စစ္တပ္ကို ဘယ္သူဦးစီးတာလဲ ဘယ္မွာထားလဲ အင္အား ဘယ္ေလာက္ရွိလဲ"

"မိဖုရားေခါင္ႀကီးရဲ႕ တူေတာ္ ရင္းဝိန္းဟန္႔ (Ying  Wen Hang)က ေခါင္းေဆာင္တယ္။ အင္အားက စစ္သည္ ငါးေသာင္းပဲ ရွိတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ပ်မ္းမွ် သိုင္းပညာအဆင့္အတန္းက သူတို႔က ကိုယ္ေတာ္တို႔ စစ္တပ္ထက္ ပိုျမင့္တယ္။ ေနရာက နန္းၿမိဳ႕ ေတာင္ဘက္ တံတိုင္းအျပင္ဘက္မွာ"

"ကိုကိုနဲ႔ ရိမင္က ဒီေန႔ကစၿပီး လူထပ္စုၿပီး စစ္တပ္ ႏွစ္ခုစာ ေလ့က်င့္ေပးပါ။ က်ေနာ္မွန္းတာ မမွားဘူးဆိုရင္ ေနာက္ႏွစ္လဆို စစ္ျဖစ္ေတာ့မယ္။ လီခ်င္းေကာ က်ေနာ့ကို ယုံၾကည္ႏိုင္မလား"
"ငါ မင္းကို အႂကြင္းမဲ့ ယုံတယ္ ငါ့ညီ"

"အဲ့ဒါဆို လက္နက္တိုက္ဆရာကို က်ေနာ္ ပုံစံေတြ အပ္ထားတာရွိပါတယ္။ ယႏၲယား ထုတ္လုပ္မႈကို အရွိန္ထပ္တိုးၿပီး ေငြထပ္သုံးေပးပါ။ ကိုကို .. ယႏၲယားသုံးမယ့္သူေတြကို သပ္သပ္ ေလ့က်င့္ေပးပါ။ လီခ်င္းေကာ နန္းေတာ္ထဲက သတင္းမွန္သမွ် က်ေနာ္ရခ်င္တယ္ ကူညီေပးႏိုင္မလား"

"ငါ မင္းကို သတင္းပို႔ဖို႔က ျပသနာရွိႏိုင္မယ္ ထင္တယ္"

"ကိစၥမရွိဘူး ေနာက္ရက္နည္းနည္းေနၿပီးရင္ က်ေနာ္ ထ်င္အိမ္ျပန္ေတာ့မယ္။ စုန္႔ရိရန္နဲ႔ကိစၥလည္း အျပတ္ရွင္းေတာ့မယ္"
"ေကာင္းၿပီ"

"ကိုကို ကိုကို႔ေျခေထာက္ ျပန္ေကာင္းသြားရင္လည္း နည္းနည္း ထပ္သည္းခံၿပီး ဘီးတပ္ကုလားထိုင္နဲ႔ပဲ သြားေပးပါ။ ကိုကို႔မွာ အင္အားရွိတယ္ဆိုတာ မသိေစခ်င္ဘူး။ ရာထူး ျပန္အပ္ၿပီး အိမ္ေရွ႕စံနားမွာ ကပ္ေနတဲ့သူလို႔ပဲ ျမင္ၾကပါေစ။ က်န္တာေတာ့ ရိမင္လာမွ ျဖည္းျဖည္းခ်င္း တိုင္ပင္ၿပီး ဆက္လုပ္တာေပါ့"
"ေကာင္းၿပီ ညီေလး"

ထ်င္လဲ့နဲ႔ စုန္႔လီခ်င္းကို ပိုင္လင္း အေဆာင္ေရွ႕ထြက္ၿပီး လိုက္ပို႔သည္။ ထ်င္လဲ့ေဝါယာဥ္ထြက္သြားမွ ပိုင္လင္း စုန္႔လီခ်င္းအၤက်ီလက္စကို ဆြဲၿပီး ေနခဲ့ေစသည္။

"လီခ်င္းေကာ .. မနက္ျဖန္အတြက္ က်ေနာ့ကို တစ္ခု ကူညီေပးပါဦး"
___________

ေနာက္တေန႔ ေန႔လည္ခင္းသို႔ ေရာက္လာသည္။
"သခင္ေလး .. မိဖုရားေခါင္ႀကီး ေခၚခိုင္းလိုက္ပါတယ္"
"ေကာင္းၿပီ"

ပိုင္လင္း မိဖုရားေခါင္ရွိရာ မင္းသားတစ္ အေဆာင္ကို သြားလိုက္သည္။ အိမ္ေရွ႕စံဆီ ေဟးကိုလႊတ္၍ အေၾကာင္းၾကားဖို႔လည္း မေမ့။ အခန္းထဲေရာက္ေတာ့ ဟိုေန႔က ေတာ္ဝင္သမားေတာ္နဲ႔ ခ်န္က်စ္ေမပါ ရွိေနသည္။ မိဖုရားေခါင္ႀကီးကို ႏႈတ္ဆက္လိုက္သည္။

"ပိုင္လင္း ေတာ္ဝင္သမားေတာ္က ေျပာတယ္ အဆိပ္ပင့္ကူ ရမလာရင္ သုံးဖို႔ ေျဖေဆးက အခ်ိန္ယူရတယ္တဲ့ အခုထဲက ႏွလုံးေသြး ထုတ္ေပးလိုက္ေတာ့"

"မိဖုရားႀကီး ေျဖေဆးေဖာ္ထုတ္တာ မၾကာပါဘူး အခ်ိန္မွီပါတယ္။ ဒီသမားေတာ္က ေဖာ္စပ္ဖို႔ ၾကာတယ္ဆိုရင္ ေဆးဆရာဟြမ္ကို ေခၚလိုက္ပါ။ သူက ခ်က္ခ်င္း ျပင္ေပးႏိုင္ပါတယ္။ ၿပီးေတာ့ မင္းသားအေျခအေနက အဲ့ေလာက္ မဆိုးေသးပါဘူး သူေစာင့္ႏိုင္ပါတယ္"

"မင္းက သမားေတာ္မို႔လား။ သမားေတာ္က အခုထုတ္ေပးပါ ေျပာေနတာကို။ သားေလး မင္းၾကားလား။ ဘုရင့္ေရွ႕မွာက်ေတာ့ သူပဲ ခုအေသခံေတာ့မယ့္ ပုံစံမ်ိဳးနဲ႔။ ခုေတာ့ႏွလုံးေသြး ထုတ္ေပးရမွာ ျငင္းဆိုေနတယ္။ က်စ္ေမသာဆို ဒီလို ၾကန္႔ၾကာေနမွာ မဟုတ္ဖူး"

"ခ်န္က်စ္ေမသာဆို ၾကန္႔ၾကာေန႐ုံ မကဘူး ေပးရမွာေၾကာက္လို႔ ခ်က္ခ်င္းေတာင္ ထြက္ေျပးဦးမယ္"

ခ်န္က်စ္ေမ > "မင္း .. မင္း ..."

"မိဖုရားႀကီး မင္းသားအတြက္ စိတ္ပူေနတာ သိေပမယ့္ .. မိဖုရားႀကီးရဲ႕သား အသက္ကပဲ တန္ဖိုးရွိတာလား။ က်ေနာ့အသက္က တန္ဖိုးမရွိေတာ့ဘူးလား။ ပင့္ကူေရာက္လာရင္ ေျဖေဆးေဖာ္လို႔ ရေနၿပီပဲကို အခ်ိန္မက်ေသးပဲ က်ေနာ္က ဘာေၾကာင့္ အေသခံရမွာလဲ"

"လာၾကစမ္း ပိုင္လင္းကို ခ်ဳပ္လိုက္ ႏွလုံးေသြးေဖာက္ဖို႔ ျပင္လိုက္ၾက"
စကားနဲ႔ ေျပာေနလို႔ မရေတာ့မွန္း ပိုင္လင္း နားလည္လိုက္သည္။

ပိုင္လင္း ေလတခ်က္ ခြၽန္လိုက္သည္။ လက္ကိုခ်ဳပ္ကိုင္ထားေသာေဘးက လူႏွစ္ေယာက္လက္ထဲမွ ႐ုန္းထြက္လိုက္သည္။ တခ်က္ တြန္႔ကာ ေလွ်ာခနဲ ႐ုန္းထြက္ၿပီး အေပါက္ဝ ေရာက္သြားေသာ ပိုင္လင္းကို အေစာင့္မ်ားက အံဩစြာ ခဏေၾကာင္ၾကည့္ၿပီး လိုက္ဖမ္းရန္ ျပင္လိုက္သည္။ သို႔ေသာ္ ႐ုတ္တရက္ ေရာက္လာေသာ ေဟးနဲ႔ ခ်င္ကြမ္းက ပိုင္လင္းကို ကာထားလိုက္သည္။

"ဘုရင္မင္းျမတ္နဲ႔ အိမ္ေရွ႕မင္းသား ႂကြေရာက္လာပါၿပီ"
မင္းႀကီးက အေဆာင္အျပင္တြင္ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနေသာ ပိုင္လင္းတို႔ကို ၾကည့္လိုက္သည္။
"ဘာျဖစ္ေနၾကတာလဲ"

"အရွင္ ပိုင္လင္းက ႏွလုံးေသြး ေပးဖို႔ ျငင္းဆန္ေနပါတယ္။ တကယ္အခ်ိန္အခါေရာက္လာေတာ့မွ လူေတြရဲ႕ ပင္ကိုယ္စိတ္ကို သိရတာပဲ" ပိုင္လင္းကို စက္ဆုပ္စြာ ၾကည့္လိုက္သည္။

"အရွင္ က်ေနာ္မ်ိဳး ေနဝင္တာနဲ႔ ရိမင္ ျပန္မေရာက္ေသးရင္ ခ်က္ခ်င္းထုတ္ေပးပါမယ္။ ေသေရးရွင္ေရးကိစၥမို႔ မလိုအပ္ပဲ စြန္႔စားတာမ်ိဳး မလုပ္ခ်င္႐ုံပါ"
ထိုစဥ္ ဝါးေခါက္သံ ႏွစ္ခ်က္ ၾကားလိုက္ရသည္။

"ဟုတ္သားပဲ ေနဝင္ေသးတာမွ မဟုတ္တာပဲ။ သားေတာ္ အေျခအေနေကာ"
"အရွင္ ရိရန္ရဲ႕ေျဖေဆးက ႀကိဳျပင္ဆင္ရမယ္လို႔ ေျပာပါတယ္။ ျဖစ္မွ လုပ္ရင္ အခ်ိန္ မမွီမွာ စိုးပါတယ္"
"မိဖုရားႀကီး စိတ္ေအးေအးထားပါ။ သားေတာ္ ကိုယ္ေတာ္လည္း စိတ္ပူေပမယ့္ ပိုင္လင္းဆီကလည္း ဆႏၵမပါပဲ မယူရဘူးေလ။ သူက ကိုယ္တို႔ရဲ႕ နန္းတြင္းအေစခံ အမႈထမ္းမွ မဟုတ္တာပဲ။ အေစခံဆိုရင္ေတာင္ ဆႏၵရွိမွေလ။ သူလည္း မေပးဘူးလို႔ ေျပာေနတာမွ မဟုတ္တာ"

"ဒါေပမယ့္ အခ်ိန္မမွီေတာ့ရင္ ဘယ္လို လုပ္မလဲ။ မေတာ္လို႔မ်ား သားေတာ္ဆုံးသြားခဲ့ရင္ ပိုင္လင္းေသြးက ဘာမွ အဓိပၸါယ္ မရွိေတာ့ဘူးေလ။ ၿပီးေတာ့ သမားေတာ္က ကြၽမ္းက်င္တာပဲ ပိုင္လင္းက ခဏနားလိုက္ရင္ ေကာင္းသြားမွာပါ"

"သမားေတာ္ မင္းအျမင္ကေရာ ေျပာၾကည့္"
"ေျဖေဆးအတြက္ အနည္းဆုံး ႏွစ္နာရီ ႀကိဳတိုက္ရပါမယ္ အရွင္ .. မင္းသားတစ္က အရမ္းေမာလာမွ တိုက္ရင္ ေဆးမဝင္မွာ စိုးရပါတယ္"
"ရိရန္ကို သြားၾကည့္ရေအာင္"

မင္းသားတစ္က အသက္ရွဴျပင္းစြာနဲ႔ မွိန္းေနသည္။
"ဒီလိုလုပ္ ႏွစ္ဦးႏွစ္ဖက္ မွ်ေအာင္ ကိုယ္ေတာ္တို႔ ခဏေတာ့ ေစာင့္ရေအာင္။ နာရီတစ္ခ်က္ထပ္ထိုးရင္ ေသြးထုတ္တာေပါ့။ ပိုင္လင္း အဆင္ေျပမလား"
"ေျပပါတယ္ အရွင္"

Continue Reading

You'll Also Like

201K 3.4K 24
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
23.3K 2.1K 21
အန်တီက မောင့်ရဲ့ထာဝရကြင်နာသူပါ။ အန္တီက ေမာင့္ရဲ႕ထာဝရၾကင္နာသူပါ။
625K 21.7K 52
Story ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖ...
39K 5.4K 92
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး