The Stranger I love (System)
khunsin tarafından
402K 43.4K 1.3K
လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... Daha Fazla
မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14
Arc 2.8
6.3K 724 8
khunsin tarafından
"သခင်လေး မင်းသားရောက်ပါပြီ"
"အွန်း ခဏစောင့်လို့ ပြောလိုက်ပါ"
မနက်တိုင်း စုန့်ရိမင်က ပိုင်လင်းအဆောင် ရောက်လာပြီး မနက်စာ အတူစားတတ်သည်။
ဖေ့ဖု သတင်းပို့တာ နားထောင်နေတုန်း မင်းသားရောက်လာခြင်း ဖြစ်သည်။ ဒီနေ့ စောလှချည်လား။
"ဖေ့ဖု .. နောက်နေ့ မင်းသားဆီ မသွားတော့နဲ့ .. မင်းပြောတဲ့ ပုံစံအရ သူရိပ်မိနေပြီ"
"ဟုတ်ကဲ့ပါ သခင်လေး။ တောင်းပန်ပါတယ်"
"မင်းအမှားမဟုတ်ပါဘူး။ ရိမင်က လျှင်တယ်"
မနက်စာ စားပွဲတွင် ပိုင်လင်းထိုင်လိုက်သည်။ ရေချိုးပြီးခါစမို့ ဆံပင်တွေ မခြောက်သေးပေမယ့် မင်းသားက စောရောက်လာတာမို့ အဝတ်အစားလဲကာသာ ထွက်လာခဲ့သည်။
"ကလေး ဆံပင်တွေ မခြောက်သေးဘူးလေ .." အနားက ပင်းပင်းကို .. "ပုဝါသွားယူပေး"
"ရပါတယ် ပြီးရင် ခြောက်သွားမှာပဲ သုတ်ခဲ့ပြီ .. ထမင်းစားစို့"
"မရပါဘူး" ပင်းပင်းကို သွားယူလိုက်လို့ မျက်စပစ်လိုက်သည်။
ဆံပင်တွေ သုတ်ပေးနေရင်းက နူးညံ့စွာ
"ကလေး .. ကိုယ့်အကြောင်းတွေ စုံစမ်းနေတာလား .. "
ပိုင်လင်း ပြုံးကာ မော့ကြည့်ပြီး
"မဟုတ်ပါဘူး .. ဒီအတိုင်း သိချင်ရုံပါ"
"ကလေးက ကိုယ့်ကို မယုံဘူးပဲ"
စိတ်မကောင်းဖြစ်နေတဲ့ စုန့်ရိမင်လေသံကြောင့်
"စိတ်ဆိုးသွားတာလား .. ကျနော်က ဒီအတိုင်း...."
"ဒီအတိုင်း ဘာဖြစ်လဲ .. "
"ဒီအတိုင်း မင်းသားအကြောင်း ပြည့်ပြည့်စုံစုံ သိချင်ရုံပါ"
"မနက်ဖြန် ကိုယ်နဲ့ လိုက်ခဲ့ .. ကလေးသိချင်တာ အကုန်လက်ညှိုးထိုးမေး အကုန်ပြောပြမယ်"
"အွန်း"
ဒါကြီးက ဖြစ်ဖူးနေသလိုကြီး ခံစားရသည်။
("မင်း ငါ့အကြောင်း ကြိုက်တာမေး ငါအကုန်ဖြေပေးမယ် .. ဒါဆိုငါတို့ ရင်းနှီးသွားပြီ.. နက်ဖန်တော့ ငါခေါ်တဲ့နေရာကို တချက်လိုက်ခဲ့ပေး.." (Arc1.5) အားကျင့် .. ) မင်းရဲ့ အငွေ့အသက်တွေ ဒီလူ့ဆီမှာ တွေ့နေရတယ် တကယ်ပဲ မင်းလား ... ငါယုံကြည်လို့ရလား ...
မနက်စာ စားနေစဉ်မှာပင်
"သခင်လေး ပထမမင်းသား အဆိပ်မိလို့
မင်းကြီးက အဆောင်ကို ဆင့်ခေါ်ခိုင်းလိုက်ပါတယ်"
"ပထမမင်းသား အဆိပ်မိတယ် ❓ " 
"ကိုယ် လိုက်ခဲ့ပေးမယ် .. အရင်စားလိုက် သူတို့က အရေးမကြီးဘူး စားပြီးမှသွားစို့"
"ဟုတ်"
မင်းကြီး၊ မိဖုရားခေါင်ကြီး ၊ ချန်ကျစ်မေ၊ တော်ဝင်သမားတော်တစ်ယောက် ရှိနေသည်။ မိဖုရားခေါင်ကြီးက ငိုထားပုံပေါ်ပြီး မင်းကြီးက နှစ်သိမ့်ပေးနေပုံရသည်။  ပိုင်လင်း အရိုအသေပေးပြီးတာနဲ့ ပထမမင်းသားကို တချက် အကဲခတ်ပြီး လက်ကိုင်ပြီး အားပေးတဲ့ ပုံစံမျိုးနဲ့ သွေးကြောစမ်းလိုက်သည်။
တည်ငြိမ်တဲ့ပုံစံပေါ်မှာ စိတ်ပူနေဟန်လေး နည်းနည်းထည့်ပေါင်းလိုက်ပြီး သမားတော်ကို ကြည့်လိုက်သည်။
"မင်းသား ဘာဖြစ်တာလဲ"
"မင်းသားမိတဲ့အဆိပ်က ပင့်ကူနီ အဆိပ်ပါ။ အဆိပ်မိတာက တလဝန်းကျင် ရှိပြီ။ အဆိပ်ဖြေဆေး နှစ်ရက်အတွင်း မသောက်ရင် သေနိုင်ပါတယ်။ အဆိပ်ဖြေဆေးဖော်စပ်ဖို့အတွက်က ပင့်ကူနီရဲ့ အစိတ်အပိုင်း တချို့ လိုအပ်တယ်။ သိတဲ့အတိုင်း ပင့်ကူနီက နယ်စပ်မှာပဲ ရှိတာ မြို့တော်မှာ မရှိပါဘူး ။ အဲ့ဒါကြောင့် သခင်လေးကို .... "
ချန်ကျစ်မေက စကားဖြတ်၍
"ဒါ ပိုင်လင်းပဲနေမှာ အရင်က မင်းသားက သူ့ဘာသာ နေနေတာ အကောင်းပဲ။ ပိုင်လင်းရောက်လာမှ အဆိပ်မိတာတို့ ဘာတို့ ကြုံလာရတာ။ မသင်္ကာစရာကောင်းတာက သူရောက်နေတာ တလလောက် ရှိပြီဆိုတော့ အချိန်လည်း ကွက်တိပဲ။  ပိုင်လင်း မင်းသားတစ်ကို လက်မထပ်ချင်တာ၊ ပြီးတော့ အိမ်ရှေ့စံနဲ့ ဘာလိုလိုဆိုတာ လူတိုင်း သိနေတာပဲ။ နယ်စပ်နဲ့ အဆက်အဆံရှိတာဆိုတာလည်း မင်းသားနားမှာ ပိုင်လင်းတစ်ယောက်ပဲ ရှိတာ"
မင်းသားသုံး >  "အဓိပ္ပါယ် မရှိတာ"
မင်းကြီး: >  "မင်း ရိရန်ကိုစိတ်ပူတာ သိပေမယ့် အခြေအမြစ်မရှိပဲ မစွပ်စွဲသင့်ဘူး"
ချန်ကျစ်မေ >  "ဒါပေမယ့် သံသယအားလုံးက ပိုင်လင်းနဲ့ ကိုက်ညီနေတာပဲလေ။ ပိုင်လင်းရဲ့ အဆောင်ကို သွားရှာရင် ရပြီပဲ မဟုတ်လား .. သူ အဆိပ်ကိုဖွက်ထားမှာပေါ့ လက်စလက်နတော့ ကျန်မှာပဲလေ"
ဇာတ်လိုက်မက ဘာလို့ အဲ့လောက်တောင် သေချာနေတာလဲ ။ မိဖုရားခေါင်ကြီးကတော့ ချန်ဟောက်နဲ့ ပူးပေါင်းရင်တောင် သူ့သားကိုတောင် အဆိပ်တိုက်ပြီး ငါ့ကို ချောက်ချမှာမဟုတ်ဖူး။ ချန်ကျစ်မေ ဘာဖြစ်ချင်နေတာလဲ။
မိဖုရားခေါင်ကြီး + ပိုင်လင်း >  "အဆိပ်ဖြေဖို့ကိစ္စ အရင်ပြောရအောင်" တပြိုင်တည်းလိုလို ထွက်လာသော အသံနှစ်သံ။ မိဖုရားခေါင်ကြီးက ပိုင်လင်းက မသင်္ကာ မျက်လုံးနဲ့ ကြည့်လိုက်သည်။
ဘာလား ချန်ကျစ်မေက ခင်ဗျားရဲ့သားနားမှာ ရှိတဲ့သူလေ ဘာလို့ သူ့ကိုကျ သံသယမဝင်ပဲ ငါ့ကိုလာ ဝင်နေတာလဲ ..
ပိုင်လင်း > "ကျနော် ထွက် မပြေးပါဘူး ဖြေဆေးကိစ္စပြီးမှ ဖမ်းလည်း နောက်မကျပါဘူး .. ဖြေဆေးကိစ္စပဲ ပြောရအောင်" 
မင်းကြီး >  "တော်ဝင်သမားတော် .. နယ်စပ်သွားရင် သုံးရက်တောင် ကြာမှာ ရိရန် ထိန်းထားနိုင်ပါ့မလား"
ရိမင် >  "မြင်းကို အလှည့်နဲ့လဲစီးပြီး မနားမနေသွားရင် နှစ်ရက် အတွင်း ပြန်ရောက်နိုင်တယ်"
သမားတော် > "အရေးပေါ်နည်းလမ်း တစ်ခုတော့ ရှိတယ် .. ဒါပေမယ့် .. " ပြောပြီးမှ တွေးတွေးဆဆနဲ့ပုံစံနဲ့ စကားပြောတာ ခဏရပ်လိုက်သည် ပြီးမှ ဆက်၍
"စစ်သူကြီး ထျင်နျင်က ပင့်ကူကိုက်ခံရဖူးတယ်။ သူ့ကို ကုသထားဖူးတာကြောင့် သူ့ရဲ့နှလုံးသွေးက ပင့်ကူနက် အဆိပ်ပြီးတယ်။ ဒါပေမယ့် စစ်သူကြီးက မရှိတော့ စစ်သူကြီးရဲ့ မျိုးဆက် ဖြစ်တဲ့ ထျင်လဲ့နဲ့ ထျင်ပိုင်လင်းရဲ့ နှလုံးသွေးနဲ့ဆို  ကုသလို့ ရနိုင်တယ်။ ဒါပေမယ့် နှလုံးသွေးရဖို့က အခန့်မသင့်ရင် .....  "
ပိုင်လင်း > ငါထင်သားပဲ ငါ့ကို ရှင်းချင်နေတာ
"မဖြစ်ဘူး"  အလောတကြီး အော်လိုက်သည်။
အော်တဲ့သူက ထျင်ပိုင်လင်းမဟုတ် စုန့်ရိမင်။
"ဘာလို့ ထျင်လဲ့နဲ့ ထျင်ပိုင်လင်းလဲ .. ကျနော် နှစ်ရက်အတွင်း ပင့်ကူ သွားဖမ်းလာပေးမယ် ။ ပိုင်လင်းတို့ကို မထိနဲ့ " စုန့်ရိမင်က ပိုင်လင်းကို ရင်ခွင်ထဲထည့်ပြီး ကျန်တဲ့သူတွေကို ရန်စောင်ကာ ကြည့်နေသည်။
ပိုင်လင်းက ခဏစဉ်းစားလိုက်ပြီး ဖက်ထားတဲ့လက်မောင်းကို ဖြည်ဖို့ လက်ကို ပုတ်ကာ သတိပေးလိုက်သည်။
"မင်းသား.. လွှတ်ဦး .. "
စုန်ရိမင် မျက်လုံးထဲမှာ ပန်းပွဲတော်နေ့က ပိုင်လင်း စုန့်ရိရန်ဆီ ပန်းပေးဖို့ ထရပ်လိုက်တာတွေ ၊ စုန့်ရိရန်နဲ့ ဆင်တူဝတ်တာတွေ၊ စုန့်ရိရန်အတွက် ချန်ကျစ်မေကို သည်းခံတာတွေ၊ ဓားနဲ့ထိုးခံရတာတောင် ဘာမှ ပြန်မပြောတာတွေ၊ ခုနက စုန့်ရိရန်လက်ကို တယုတယ သွားကိုင်တာတွေ တကွက်ချင်း ပြန်မြင်ယောင်လာသည်။
ပိုင်လင်းက စုန့်ရိရန်အတွက်ဆို အကုန်လုပ်ပေးမှာ သူယုံကြည်နေသည်။ မဖြစ်ဖူး .. သူ ပိုင်လင်းကို အခုလွှတ်ပေးလိုက်ရင် သူဘာထပ်လုပ်ပေးဦးမယ် မပြောနိုင်ဘူး။
စုန့်ရိမင်က ပိုပြီး တင်းနေအောင် ဖက်ထားပြီး
"ဟင့်အင်း ပိုင်လင်း မရဘူးနော် ငါခွင့်မပြုဘူး.. မင်းသူ့အတွက် အနစ်နာခံရတာ မလောက်သေးလို့လား .. မင်းက ငါ့အပိုင် .. ဘာကိစ္စ သူ့အတွက်နဲ့ မင်းကို ထိခိုက်စေရမှာလဲ .. သူ့ဘာသာသူဖြစ်တာ မင်းတာဝန်ယူစရာ မလိုဘူး"
အခြားသူများ '.....'
မင်းသားရယ် ဟိုက မင်းရဲ့အကိုပါ ပိုင်လင်းက တစိမ်းပါနော်..
"မင်းသား .. မသင့်တော်ဘူး လွှတ်ဦး"
"ဟင့်အင်း ... ငါသိတယ်ငါလွှတ်ပေးလိုက်ရင် မင်းက သူ့ကို နှလုံးသွေးပေးတော့မှာ... ငါခွင့်မပြုနိုင်ဘူး .. တော်ကြာ မင်းတခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ.. ငါ ပင့်ကူကို နှစ်ရက်အတွင်း ရအောင်..."
"မင်းသား စိတ်ထိန်းဦး"
"ငါတကယ် ကတိပေးတယ် နှစ်ရက်အတွင်း..."
"ရိမင် .. "
"ဟင့်အင်း မရဘူးနော် ပိုင်လင်း ..မပေးရဘူး"
"ရိမင်.."
"ဟင့်အင်း...."
"စုန့် ❗️.. ရိ ❗️.. မင် ❗️.."
"......."
အခန်းထဲရှိလူများ အားလုံး ခေတ္တ ငေးငိုင်သွားသည်။ ပိုင်လင်းက အရမ်းနူးညံ့ပြီး အရမ်းလှပေမယ့် ထိုအခိုက်မှာတော့ ပိုင်လင်းရဲ့ အသံက လိုက်နာရမယ့် အမိန့်တခုလိုပဲ .. ခဏတာ ပြင်းပြင်းထန်ထန် ကြောက်ရွံ့သလို ခံစားလိုက်ရသည်။
မင်းကြီး > ဝိုး ငါတောင် ရိမင်ကို အဲ့လို မအော်ဖူးဘူး .. ရိမင်ဆိုတာကလည်း သူလုပ်ချင်ရင် ဇွတ် .. ဒီလိုပိုင်ဆိုင်ချင်စိတ် ပြင်းပြတဲ့ ပုံစံမျိုး အဆုံးရှုံမခံနိုင်တာမျိုး တခါတောင်မဖော်ပြဖူးဘူး ... အားလုံးကလည်း လက်ရှိအခြေအနေကို ရုတ်တရက် ကြောင်နေကြသည်။
"ရိမင် လိမ္မာတယ် .. ခဏလွှတ်ဦး .. နော် ..."
စုန့်ရိမင် တွေဝေစွာနဲ့ ဖြည်းဖြည်းချင်း လွှတ်ပေးသည်။
"အရှင် ရိမင်နဲ့ စကားပြောချင်လို့ ခဏခွင့်ပြုပါ"
"ရိမင်.. ခဏ လိုက်ခဲ့"
အခန်းထဲမှ လူများ "....."
စုန့်ရိမင်က ထျင်ပိုင်လင်းနောက်ကို ကုတ်ကုတ်လေး လိုက်သွားတယ်❓
ပိုင်လင်း စုန့်ရိမင်လက်ကို ဆွဲပြီး အဆောင်က ထွက်လာသည်။ အပြင်ရောက်မှ စုန်ရိမင်ရဲ့ ပုခုံးကိုလှမ်းမလို့ လုပ်ရင်းက မမှီမှန်းသိတော့ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ရင်း
"ရိမင် နားထောင်... ငါဘာမှ မဖြစ်ဖူး ငါ့နှလုံးသွေးကိုလည်း အဲ့ဒီ အသုံးမကျတဲ့ကောင်ကို ပေးမှာ မဟုတ်ဖူး.. မင်း အရမ်းတွေ စိုးရိမ်မနေနဲ့ ဟုတ်ပြီလား"
"သေချာလား တကယ်လား ငါထင်တာ မင်းက သူ့ကို အရမ်း ချစ်..."
"ရိမင် တကယ် .. ငါသု့ကို မပေးဘူး ..
.. အခုငါ့ကို ကူညီပြီး ပင့်ကူ အချိန်မှီ သွားယူလာပေးမလား .. ငါ့အသက်က မင်းလက်ထဲမှာ .. ငါမင်းကို ယုံလို့ ရမလား" 
"အွန်း ယုံလို့ရတယ် .. ယူပေးမယ် .. သေချာပေါက် အမှီ ပြန်ရောက်စေရမယ် .. ဒါပေမယ့် မင်းကိုယ့်ကို ဘာမှမဖြစ်ပဲ စောင့်နေရမယ်"
"အွန်း .. ငါစောင့်နေမယ်"
"ပိုင်လင်း ....... ကိုယ့်ကို ကတိပေး"
"အွန်း ကတိ"
"ပြန်ရောက်တဲ့ထိ ကောင်းကောင်းနေရမယ် ဘာရူးရူးမိုက်မိုက် စွန်လွှတ်တာမျိုးမှ မလုပ်ပဲ"
"အွန်းပါ စိတ်ချ .. အချိန်မရှိဘူး မြန်မြန်သွားတော့"
ဒီလောက် ကတိတွေ ပေးထားတာတောင် စိတ်မချသလို လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်သွားသည်။
ဟူး .. စုန်ရိမင်က ငါ့ရဲ့ ဘယ်အပြုအမူကို ကြည့်ပြီး စုန်ရိရန်ကို သောက်ရမ်းကြွေနေတယ်လို့ ထင်နေပါလိမ့်
ရှင်း > 🙄
'ရှင်း'
'အေး'
'ငါ့အိမ်မှာ ချန်ကျစ်မေ ဘာဖွက်ထားလဲ'
'အဆိပ်ပင့်ကူ စားတဲ့ပန်း'
'ဘယ်နေရာမှာလဲ'
'ကုတင်အောက်မှာ'
'အိုခေ ကျေးဇူး'
'အဲ့ဆို Upgradeလေး'
'တင် တင်'
မင်းသားထွက်သွားတာ သေချာတော့မှ ပိုင်လင်း လေတချက်ချွန်လိုက်သည်။
________________
ပိုင်လင်း အခန်းထဲသို့ ပြန်ဝင်လာသည်။ စုန့်ရိမင် ပြန်ပါမလာ။
"အရှင် စိတ်မပူပါနဲ့ .. နှစ်ရက်နေလို့မှ ပင့်ကူရမလာရင် ကျနော်မျိုး နှလုံးသွေးကို ဖောက်ပေးပါမယ်။ ဒီကိစ္စ အကိုထျင်လဲ့ကို မသိပါစေနဲ့ တခုခုဆို ကျနော်ပဲ ဖောက်ပေးပါရစေ"
"ဒါပေမယ့် တခုခု မှားသွားရင် မင်သေရမယ်ဆိုတာရော သိရဲ့လား"
"သိပါတယ် .. "
"ဒါနဲ့တောင် မင်း ... "
"ပြောဖို့ စောပါသေးတယ် မင်းကြီး .. ရိမင်ပင့်ကူသွားယူပါပြီ။ သူအချိန်မှီ ပြန်ရောက်မှာပါ"
"ကောင်းပြီ ..... ..... ... ကျေး. ဇူး .ကွာ "
ရှင်ဘုရင်တွေက ကျေးဇူးတင်တဲ့အကြောင်း ပြောခဲပေမယ့် တိုးညှင်းဖျော့တော့စွာ ပြောထွက်လာသည်။
ရှင်ဘုရင်က သားကို ချစ်ရှာသားပဲ ။ အေးလေ ဘာပဲပြောပြော စုန့်ရိရန်က သားဦးကိုး
ချန်ကျစ်မေ > "အရှင် ပိုင်လင်းက မင်းသားကို အဆိပ်ခတ်တဲ့သူလေ"
မင်းကြီး > "မင်းမှာ သက်သေရှိလား ချန်ကျစ်မေ"
ချန်ကျစ်မေ > "အရှင် ပိုင်လင်း အဆောင်ကို ရှာကြည့်လိုက်ရင် သိရမှာပါ .. အဆိပ်ခတ်တဲ့ တရားခံကိုလည်း လွှတ်ပေးလို့ မဖြစ်ပါဘူး။ ခုချက်ချင်း ပိုင်လင်း အဆောင်ကို ရှာတော်မူပါ"
ဪ .. ဇာတ်လိုက်မ တော်တော် တရားတယ်။ ငါ့နှလုံးသွေးနဲ့လည်း ဆေးကုဦးမယ် ငါ့ကိုလည်း တရားခံ ဖြစ်ခိုင်းဦးမယ်။
ပိုင်လင်း > "အရှင် ကျနော်က  ကျနော့အသက်နဲ့ ရင်းပြီး မင်းသားကို အဆိပ်ခတ်ပါ့မလား။ မင်းသားထိခိုက်ရင် အဆုံးမှာ ကျနော်နဲ့ ကျနော့်အကိုပဲ ထိခိုက်မှာကို ဦးနှောက်မရှိပဲ လုပ်ပါ့မလား ..တရားမျှတစွာ စဉ်းစားပေးပါ"
မင်းသား၁ က ဖျားတက်ပြီး တုန်ယင်နေပေမယ့် အသံတွေကိုတော့ ကြားနိုင်သေးသည်။ ပိုင်လင်းက တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနေတဲ့ အချိန်မှာ ချန်ကျစ်မေက ပိုင်လင်းကို စွပ်စွဲဖို့သာ လုပ်နေသည်။ ပိုင်လင်းက နှလုံးသွေးကို ပေးမည်ဟု ကတိ ပြုနေချိန်မှာ ချန်ကျစ်မေက အရေးကြီးတဲ့ ဖြေဆေးရဖို့တောင် တချက်လေးတောင် ကြိုးစားခဲ့ခြင်း မရှိပေ။ သူချန်ကျစ်မေကို ရွေးခဲ့တာ မှားများ မှားသွားပြီလား။
မိဖုရားခေါင် > "အရှင် .. ဖြေဆေးကလည်း ရိမင်ပေါ်မှာ မူတည်နေပြီဆိုတော့ .. ရိရန်ကို လုပ်ကြံတဲ့သူကို ဒီလိုပဲ လွှတ်လိုက်တော့မှာလား.. လုပ်ကြံသူဆီမှာ ဖြေဆေး ရှိကောင်း ရှိနိုင်တယ်လေ။ မတော်လို့များ ရိမင် နောက်ကျခဲ့ရင် ..."
ပိုင်လင်း > "အရှင် .. သံသယရှိရင် ကျနော်မျိုးအဆောင်ကို ရှာနိုင်ပါတယ် ရှာပါ"
မင်းကြီး > "ပိုင်လင်း မင်းကို သံသယဝင်တာ မဟုတ်ပေမယ့် မင်းအပေါ် သံသယရှင်းအောင် ရှာလိုက်မယ် .. လာကြစမ်း .. ပိုင်လင်းအဆောင်ကို ပင်ကူနက် အဆိပ်နဲ့ ပက်သက်တာ တစုံတရာ ရှိမရှိ ရှာကြစမ်း"
.....................
အစောင့် > "အရှင့်ကို လျှောက်တင်ပါတယ် ထျင်ပိုင်လက်းအဆောင်မှာ မသင်္ကာစရာ ဘာတခုမှ မတွေ့ရပါဘူး"
မင်းကြီး > "ကောင်းပြီ"
ပိုင်လင်း > "အရှင် ကျနော်မျိုး မင်းသား၁ ရဲ့ အိမ်တော်မှာ စီမံတဲ့အတိုင်း လာနေနေတယ်ဆိုပေမယ့် ကြင်ယာတော်လောင်း နာမည်သုံးပြီး ဘယ်တစ်ခုကိုမှ ဝင်ရောက် စွက်ဖက်ခဲ့ခြင်း၊ တောင်းဆိုခဲ့ခြင်း၊ ပက်သက်ခဲ့ခြင်း မရှိပါဘူး။
ပြီးတော့ မိဖုရားခေါင်ကြီး မသိသေးရင် ရှင်းအောင်လို့ တစ်ခု ပြောပြချင်ပါတယ်။ အရှင်က မင်းသားတစ်နဲ့ အတင်း လက်ဆက်မပေးပါဘူး၊ နှစ်လအချိန်ယူပြီး လေ့လာပြီးမှ ဆုံးဖြတ်ပါလို့ ခွင့်ပြုပေးပါတယ်။ မယုံရင် အရှင်မင်းကြီးကို မေးနိုင်ပါတယ်။
အဲ့တာကြောင့် ကျနော်က အိမ်ရှေ့စံနဲ့ ချစ်ကြိုက်ခဲ့ရင်တောင် အေးအေးဆေးဆေး ရွေးချယ်လို့ ရတဲ့ အခြေအနေပါ။ အိမ်ရှေ့စံကို ရွေးဖို့အတွက်လောက်နဲ့ စုန့်ရိရန်ကို အဆိပ်ခပ်စရာ မလိုပါဘူး။
ပြီးတော့ လူရှေ့မှာ အနည်းငယ် ပိုးပန်းခံရဖူးပေမယ့် လူတွေ ထင်နေသလို အိမ်ရှေ့စံနဲ့လည်း သာမာန်မိတ်ဆွေ ဆက်ဆံရေးထက် ပိုတဲ့ အနှောင်အဖွဲ့မျိုး မရှိပါဘူး။
အရှင့်အမိန့်အတိုင်း ကျနော့ကို ပေးထားတဲ့အဆောင်မှာ နှစ်လပြည့်အောင် နေခဲ့တာပဲ ရှိပါတယ်။ ဒီအတောအတွင်း အဆိပ်ခပ်ဖို့ မပြောနဲ့ မင်းသားနဲ့ စကားပြောခြင်းတောင် မရှိပါဘူး။ အဲ့ဒီအစား မင်းသားနဲ့ အနေနီးတာက ချန်ကျစ်မေပါ။ အနီးကသူကို နည်းနည်းတောင် သံသယမဝင်ပဲ ကျနော်မျိုးကို ကျော်ပြီး ထျင်အိမ် နယ်စပ် ရောက်ဖူးတယ် ဆိုတာနဲ့ သံသယဝင်ခံရတာတော့ 'အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့တဲ့ ထျင်အိမ်' အစား ခံပြင်းပါတယ်။
အဲ့တာကြောင့် အရှင် .. မင်းသားနေကောင်းလာပြီး သံသယတွေ ရှင်းတာနဲ့ ကျနော်မျိုးကို ထျင်အိမ်ဆီ ပြန်ခွင့်ပြုပါ"
မင်းကြီးက အားနာသည့်အနေအထားနှင့် ခေါင်းသာညိတ်လေသည်။
________________
ဟေး ဖေ့ဖု စုရုံ ပေ့မင် ချင်ကွမ်းတို့က တံခါးဝမှာ စိတ်ပူစွာ ပိုင်လင်း ပြန်အလာကို စောင့်နေသည်။ ပိုင်လင်း အိမ်တော် ပြန်ရောက်တာနဲ့ စာချက်ချင်းရေးပြီး ဟေးကို ပေးလိုက်သည်။ အစောင့်တွေ မြေလှန်ရှာထားကြလို့ မွစာကြဲနေသည်ကို ကြည့်ရင်း စိတ်ပျက်စွာ သက်ပြင်းချကာ ..
" 'ဟေး' ဒီရက်ပိုင်း ငါ့အဆောင်ထဲ ဘယ်သူမှ မဝင်စေနဲ့ .. 'ပင်းပင်း' ငါ့အိပ်ခန်းထဲ ဝင်ဖူးတဲ့ အိမ်စေတွေအားလုံး မောင်းထုတ်လိုက်"
"ဟုတ်ကဲ့"
"သခင်လေး .. ကောလဟာလတွေ ပြန့်နေပါတယ်။
သခင်လေးက အိမ်ရှေ့စံ စုန့်လီချင်းနဲ့ အတူရှိချင်တဲ့ အတွက်ကြောင့် မင်းသား စုန့်ရိရန်ကို အဆိပ်ခတ်တယ် ဆိုပြီး။ သခင်ကြီး ထျင်လဲ့လည်း သိသွားတဲ့အတွက်ကြောင့် လိုက်လာနေပြီလို့ သတင်းရပါတယ်"
"ဘာ အကိုတော် သိသွားတယ်❓"
"သခင်လေး အိမ်ရှေ့စံ ရောက်လာပါတယ်"
"အိမ်ရှေ့စံ .. ဘာလာလုပ်တာလဲ။ ဒီလိအချိန် ဆင်ခြင်သင့်တယ် ဆိုတာ သိလျှက်နဲ"
"ပိုင်လင်းရော ဘယ်မှာလဲ .. "
"အရှင့်သား ကျနော်မျိုးအဆောင်ကို ဘာလာလုပ်တာ ပါလဲ .. ခုလို ကောလဟာလတွေ ထွက်နေတဲ့ အချိန်မှာ လာဖို့ မသင့်တော်ပါဘူး အမြန်ပြန်ပါ"
"မင်းဒဏ်ရာရတယ်လို့ ပြောလို့"
"သွားပြီ .. ထောင်ချောက်ပဲ"
"သခင်လေး မိဖုရားခေါင်ကြီး ရောက်လာပါတယ်"
"ဟာ"
🟥🟥🟥🟥🟥🟥
"ဟုတ်ကဲ့ပါ သခင်လေး။ တောင်းပန်ပါတယ်"
"မင်းအမှားမဟုတ်ပါဘူး။ ရိမင်က လျှင်တယ်"
"ဒီအတိုင်း ဘာဖြစ်လဲ .. "
"အွန်း"
"ဟုတ်"
"မင်းသား ဘာဖြစ်တာလဲ"
"မင်းသား.. လွှတ်ဦး .. "
အခြားသူများ '.....'
"မင်းသား စိတ်ထိန်းဦး"
"ရိမင် .. "
"ရိမင်.."
"ဟင့်အင်း...."
"စုန့် ❗️.. ရိ ❗️.. မင် ❗️.."
"......."
"ရိမင်.. ခဏ လိုက်ခဲ့"
အခန်းထဲမှ လူများ "....."
"အွန်း .. ငါစောင့်နေမယ်"
"အွန်း ကတိ"
ရှင်း > 🙄
'ရှင်း'
'အေး'
'ဘယ်နေရာမှာလဲ'
'ကုတင်အောက်မှာ'
'အိုခေ ကျေးဇူး'
'အဲ့ဆို Upgradeလေး'
'တင် တင်'
________________
"သိပါတယ် .. "
"ဒါနဲ့တောင် မင်း ... "
"ကောင်းပြီ ..... ..... ... ကျေး. ဇူး .ကွာ "
.....................
မင်းကြီး > "ကောင်းပြီ"
________________
"ဟုတ်ကဲ့"
"ဘာ အကိုတော် သိသွားတယ်❓"
"ဟာ"
Okumaya devam et
Bunları da Beğeneceksin
201K 3.4K 24
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
312K 16.7K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
79.6K 7.2K 114
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...