"ဖိုးဖိုးကြ်ီး...ဖိုးဖိုးကြ်ီး..." ဆိုတဲ့ အမြွာ၂ကောင်ရဲ့ အော်ခေါ်သံကြားတာမို့..ဦးဘုန်းထွဋ်ခေါင်မှာ အခန်းထဲကနေ ပြေးထွက်လာတယ်..။
"ရေ...လျှံညီကို ဘာဖြစ်တာလဲကွ.."
"ဖိုးဖိုးကြီး...ဆိုဖာမှာ သွားထိုင်မယ်...
သားတို့လိုက်ခဲ့.."
အမြွာ၂ကောင်က ပြောလည်းပြော..ဦးဘုန်းထွဋ်ခေါင်ရဲ့လက်ကိုဆွဲပြီး ဆိုဖာမှာထိုင်စေသည်..။
"ပြောပါဦး...ဖိုးဖိုးကြီး မြစ်လေးတွေက ဘာတောင်းမလို့လဲ?..."
"ဘာမှမမတောင်းပါဘူး ဖိုးဖိုးကြီး..."
"အဟက်...ထူးထူးဆန်းဆန်း လျှံညီကိုက ဘာမှမတောင်းဘူးဆိုတော့...
ကဲ..ပြောပါဦး...ဖိုးဖိုးကြီးကို ဘာပြောမလို့လဲ?.."
"ဖေဖေတို့လာရင် သိရမယ် ဖိုးဖိုးကြီး...
ခဏလေးစောင့်..."
"ဖေဖေနဲ့ပါပါး...မြန်မြန်လာလေ...
ဒီမှာဖိုးဖိုးကြီးရောက်နေပြီ..." ဆိုပြီး ထွန်းတောက်လျှံက သူတို့ဖေဖေတွေကိုလှမ်းခေါ်နေတယ်..။
"လာပါပြ်ီဗျာ...လာပါပြီ..." ဆိုပြီး ထွန်းတောက်ဘုန်းက အထုတ်တွေကိုလက်မှာကိုင်လာပြီး..လွန်းပြည့်လျှံရဲ့ပခုံးကိုဖက်ကာ..လှေကားပေါ်ကနေ ဆင်းလာတယ်..။
"ဒီညက သီတင်းကျွတ်လပြည့်နေညလေ...အဲ့တာ အဖိုးကန်တော့ကြမလို့...
အမြွာ၂ကောင်က ဖိုးဖိုးကြီးကိုကန်တော့မယ်လို့ပြောလိုက်တာနဲ့အောက်ကိုပြေးဆင်းသွားတာ..."
"ဟုတ်လား...
အဟက်...ဖိုးဖိုးကြီး မြစ်လေးတွေက အလိမ္မာလေးတွေပဲ..."
"ဟီးဟီး..ဟီးဟီး..."
"လာ...လျှံညီကို...
ီဖိုးဖိုးကြီးကို ကန်တော့ကြမယ်..."
"ဟုတ် ပါပါး.." "ဟုတ် ပါပါး..."
ဖေဖေ၂ယောက်ရဲ့ဘေးနားမှာ..လျှံညီကိုဟာလည်း အတူတူလာထိုင်ပြီး..လက်အုပ်ကိုချီထားကြတယ်..။
"ဖိုးဖိုးအပေါ် ကျွန်တော်တို့ပြောမှားဆိုးမှားရှိရင် ခွင့်လွှတ်ပေးပါနော်..." လို့ ပြောပြီးတာနဲ့ ဖိုးဖိုးကို ကန်တော့လိုက်ကြတယ်..။
"အေးပါကွယ်...
ဖိုးဖိုးက ခွင့်လွှတ်ပါတယ်...
မြေးတို့လည်း သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေကွယ်..."
"ဖိုးဖိုးပေးတဲ့ဆုနဲ့ပြည့်ပါစေ..."
အဖိုးကိုကန်တော့ပြီးတာနဲ့..အမြွာ၂ယောက်ကတော့ လှုပ်လှုပ်ရှားရှားဖြစ်နေလေပြီ..။
"ဖိုးဖိုးကြီး...သားတို့ကို မုန့်ဖိုးပေးလေ..."
"ဟုတ်တယ်...ဖိုးဖိုးကြီး..."
"အဟက်...လျှံညီကိုကတော့...
လာ...ဖိုးဖိုးကြီးဆီကိုလာ..."
ဦးဘုန်းထွဋ်ခေါင် ၂ခါမခေါ်ရဘူး..လျှံညီကိုက ဦးဘုန်းထွဋ်ခေါင်ရဲ့ဘေးကို ရောက်နေကြပြီဖြစ်သည်..။
"ကဲ...ပြော....ဖိုးဖိုးကြ်ီးက ဘယ်လောက်ပေးရမလဲ?..."
"သားတို့ ဒီည ပါပါးတို့နဲ့...မီးထွန်းပွဲသွားမှာ...
အဲ့တာ ဟိုရောက်ရင် မုန့်ဝယ်စားကြမှာလေ...
အဲ့တော့ ဖိုးဖိုးကြီးက သားတို့ကို..ဒီလောက်ပေး.." လို့ပြောပြီး သားကြီးက လက်လေး၃ချောင်းထောင်ပြတယ်...
"ဟုတ်တယ်...ဖိုးဖိုးကြီး.." ဆိုပြီး သားငယ်က ထောက်ခံပြီးပြောလာတယ်..
"၃ချောင်းဆိုတော့..၃ရာပေါ့..." ဆ်ိုပြ်ီးပြောလိုက်တော့..၂ယောက်လုံးခေါင်းခါကြတယ်...
"၃ထောင်..." ဆိုတော့လည်း ခေါင်းခါကြတယ်..
"၃သောင်း.." ဆိုတော့မှ ပုတ်သင်ညိုလေးတွေလို ခေါင်းလေးတွေညိတ်ပြကြတယ်..
"အဟက်...အလည်လေးတွေ...
လာ...ဖိုးဖိုးကြီး အခန်းထဲလိုက်ခဲ့..."
"ဟုတ်ကဲ့...ဖိုးဖိုးကြီး...
အဲ့တာကြောင့် ဖိုးဖိုးကြ်ီးကိုချစ်နေရတာ..ရွှတ်.. ဆိုပြီး လျှံညီကိုက အဖိုးရဲ့ပါးနှစ်ဖက်ကို လိုက်နမ်းနေကြသည်..။
ဖိုးဖိုးနဲ့အတူ အခန်းထဲလိုက်သွားကြတဲ့ သား၂ယောက်ကိုကြည့်ပြီး..ပြုံးနေတဲ့အသေးလေးကိုကြည့်ပြီး စချင်လာတာမို့...
"မွ...ဘာလဲ သားတွေလိုမုန့်ဖိုးလိုချင်လို့လား.."
"မဟုတ်ပါဘူး...
သားတွေက အလည်လေးတွေမို့ ကြည့်နေတာပါ..."
"လာ...ကြည့်မနေနဲ့တော့...
အခန်းထဲသွားရအောင်...သားတွေမရှိတုန်း လွတ်လွတ်လပ်လပ်ကြည်ကြည်နူးနူးနေရအောင်..."
"ဘာတွေပြောနေတာလဲ?...
ရေသွားချိုးတော့မှာ...ကိုဘုန်းဘာသာ သားတွေကိုစောင့်ပြ်ီး...တက်လာခဲ့..." လို့ပြောလိုက်ပြီး အပေါ်ကိုပြေးတက်လာလိုက်တယ်...
"မရဘူး...ကိုယ်လည်း အတူချိုးမှာ.." ဆိုပြီးအနောက်ကနေ ပြေးလိုက်လာတဲ့ကိုဘုန်းကိုမစောင့်ဘဲ အခန်းထဲကိုသာဝင်လာလိုက်တယ်..။ အသက်ကဖြင့်ကြီးနေပြီ..သူငယ်ကပြန်ချင်တုန်း..
.............................
"ကဲ...ကိုဘုန်း မပြီးသေးဘူးလား...
သားတွေတောင် ပြီးနေပြီ...ဘာတွေအဲ့လောက်တောင်ပြင်နေလို့ မပြီးသေးတာလဲ?..."
"ပြီးပါပြီကွာ...ပုဆိုးဝတ်နေလို့..ပြီးပြီ..
သွားကြမယ်..."
ဘုရားသွားကြမှာဖြစ်တာမို့..သားဖ၄လောက်လုံး ပုဆိုးနဲ့လည်ကတုံးဝတ်ထားကြခြင်ဖြစ်သည်..။ သား၂ယောက်က မဝတ်တ်သေးတာကြောင့်..ခါးပတ်လေးနံ့ပတ်ပြီး ဝတ်ပေးထားလိုက်တယ်..။ မသွားခင်ကြီးမြနဲ့ဦးပုကိုကန်တော့လိုက်ပြီး..အိမ်ကနေ စထွက်လာခဲ့တယ်..။
ဘုရားမသွားခင် မင်းမြတ်တို့အိမ်ကို အရင်ဝင်လိုက်တယ်..။ သား၂ယောက်ကို မင်းမြတ်တို့ပါ ကန်တော့စေချင်တာကြောင့် လိုက်ပို့ပေးခြင်းဖြစ်သည်..။
မင်းမြတ်တို့အိမ်ရောက်တော့..ခြံတံခါးကလည်းပွင့်နေပြီး..အိမ်တံခါးကလည်း ပွင့်နေတာကြောင့်..တခါတည်း ဝင်လာလိုက်တယ်..။
အိမ်ထဲရောက်တော့...
"အ!...နာတယ်...အ!..ဖြေးဖြေးလုပ်ကွ...အ!.."
"ဖြေးဖြေးပဲလုပ်နေတာပါ လင်းရယ်...
ခဏလေး သည်းခံပေးနော်..."
"အား!...ေ-ာမလို့ အားထည့်လိုက်ရလား...အ!...
ကျွတ်ကျွတ်..."
"နာရင် ကိုယ့်လက်မောင်းကိုကိုက်ထားနော်..."
အခန်းထဲကနေ..လင်းရှိန်သာရဲ့ တအအနဲ့အော်နေတဲ့အသံကြောင့်..ကျွန်တော်နဲ့အသေးလေးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြတယ်..။ အရှေ့မှာရပ်နေတဲ့ သား၂ယောက်ရဲ့ နားကိုပါ ပိတ်ပေးလိုက်တယ်..။
ဒီလင်မယား အခါကြီးရက်ကြီးမှာတောင်မရှောင်ဘဲ ဖြစ်ပျက်နေကြတာ...
"ကိုယ်တွေးနေတာ အမှားမလား..."
"ဟုတ်မယ်..."
"ဦးမင်း...ဦးလင်း..."
အောက်က သား၂ယောက်က..ကျွန်တော်တို့ဆီက ပြေးထွက်ပြီး..အခန်းထဲကိုဝင်သွားတယ်..။ ဒီသား၂ယောက်နဲ့တော့..အမြင်မတော်တာတွေ မြင်ကုန်တော့မှာပဲ..
"လျှံညီကို...အထဲကိုမဝင်နဲ့လေ..."
တားချိန်တောင်မရောက်သေးဘူး..အခန်းထဥဗရာက်ကုန်ပြီ...
ဒီအမွှေစိန်၂ကောင်ကတော့...
"လာလာ...ဦးမင်းနဲ့ဦးလင်း..." ဆိုပြီး သား၂ယောက်က မင်းမြတ်တို့လင်မယားရဲ့လက်ကိုဆွဲပြီး..အပြင်ကိုပြန်ထွက်လာတာမို့..ကျွန်တော်လည်း အသေးလေးကိုကြည့်လိုက်တဲ့အချိန် အသေးလေးကလည်း ကျွန်တော့်ကိုပြန်ကြည့်လာတယ်..။
"မင်းတို့လင်မယား ဘုရားသွားကြမလို့လား..."
"အေး...ဟုတ်တယ်...
ခုန မင်းတို့ဘာလုပ်နေကြလဲ?..."
သိချင်စိတ်ကထိန်းမရတာမို့ မေးလိုက်ခြင်းဖြစ်သည်..။
"သြော်...လင်းလေ...
ပန်းပင်တွေရေလောင်းရင်း...ချော်လဲလို့...
ဆေးနီထည့်ပေးနေတာ..."
"သြော်..ချော်လဲတာ...ချော်လဲတာ...
အသေးလေး...ဟဲဟဲ..."
"ကိုဘုန်းကလည်း...ဟဲဟဲ..."
ထွန်းတောက်ဘုန်းတို့လင်မယားမကောင်းတဲ့အတွေးဝင်လိုက်တာကိုမသိတဲ့..မင်းမြတ်တို့ကတော့ လျှံညီကိုရဲ့ ကန်တော့ခံပြီး မုန့်ဖိုးပါပေးလိုက်တယ်..။
..............................
မင်းမြတ်တို့အိမ်က ပြန်လာပြီးတော့..ဘုရားပေါ်တက်ကြတယ်..။ ဘုရားကန်တော့ပြီးတော့..အလှူငွေကပ်လိုက်ပြီး..ရောင်စုံမီးတွေထွန်းထားတဲ့ လမ်းမတစ်လျှောက်ကို ထွက်လာခဲ့တယ်..။ ကားကိုတစ်နေရာမှာရပ်ပြီး..အောက်ကိုဆင်းဖို့အတွက် ဘေးကိုလှည့်ကြည့်လိုက်တော့..ခုနက လည်ကတုံးနဲ့ပုဆိုးဝတ်ထားတဲ့အသေးလေးတို့သားဖ၃ယောက်ဟာ အခုတော့ သားဖ၃ယောက်ဆင်တူဝတ်စုံလေးတွေနဲ့ ဖြစ်နေတယ်..။
ကျွန်တော့်အကြည့်ကိုသိသည့်အလား...
"ဟီးဟီး...ပုဆိုးအောက်က ခံဝတ်လာတာ..
ဟီးဟီး..."
"သြော်...ခင်ဗျားလေးတို့ကျ ဆင်တူတွေနဲ့ကဲမယ်ပေါ့လေ..."
"မဟုတ်ပါဘူး...ကိုဘုန်းဖို့ပါ ပါတယ်...
ပြောဖို့မေ့သွားတာ..."
"ဟင်း...ထားပါတော့...
သွားကြမယ်...
တွေ့တဲ့လူတွေကတော့ ကိုယ့်ကိုကလေး၃ယောက်အဖေလို့ထင်ကြမှာကျိန်းသေးတယ်..."
"အဟက်...ကိုဘုန်းကလည်း..."
တကယ်လည်း ကိုဘုန်းကို ကလေး၃ယောက်အဖေလို့ထင်ကြပါသည်..။ လမ်းတစ်လျှောက်က တွေ့သမျှဆိုင်တိုင်းလိုလ်ို အသေးလေးတို့သားဖ၃ယောက်က ဝယ်စားကြပြီး..လျှောက်လာကြတယ်..။ ကျွန်တော်ကတော့..ကိုယ်ရံတော်အလား ဘေးကနေကာကွယ်ပေးပြီး လျှောက်နေရတယ်..။
ဒီကြားထဲ အသေးလေးကိုကြောင်ကြတဲ့ အကောင်တွေကရှိသေးတယ်..။ စိတ်ညစ်ပါတယ် နောက်တစ်ခါ ဒီလိုဝတ်လိုကတော့..အပြင်မထွက်နိုင်အောင် လုပ်ပြစ်မယ်..။ အဝတ်အစားတွေကို မီးရှို့ပြစ်မှာပြောပါတယ်..။
အာတာပူစီရောင်းတဲ့နေရာရောက်တော့..သားတွေက စားချင်တယ်ပြောတာနဲ့ အာတာပူစီကိုဝယ်ပေးနေရင်း...
"ညီမလေး..တစ်ယောက်ထဲလား..."
"ညီမလေးက ချစ်စရာလေး...
ဘေးက ဦးလေးနဲ့လာတာလား..."
"အသားလေးက ဖွေးစွတ်နေတာပဲ..ချစ်စရာလေး...ပါးလေးကိုဖဲ့ကြည့်လို့ရလား..." ဆိုပြီး ကောင်လေး၃ယောက်လောက်က အသေးလေးဘေးနားကိုလာပြီးပြောနေကြတာမို့..ကျွန်တော်လည်း ဒေါသထွက်လာပြီး...
"ဟေ့ကောင်တွေ...ဒါ ငါ့ယောက်ျားကွ...
ဦးလေးမဟုတ်ဘူး...ယောက်ျားကွ...
ဘယ်လိုကောင်တွေလည်း မသိဘူး...
သေချင်လို့လား..."
"sorryပါ..ကျွန်တော်တို့မသိလို့ပါ...
sorryပါ..." ဆိုပြီး အကောင်၃ကောင်လုံးပြေးထွက်သွားကြတယ်..။
"ဘယ်လိုကောင်တွေမှန်းမသိဘူး..."
"တော်ပါတော့..ကိုဘုန်းရယ်...
သူတို့လည်းသွားပါပြီ..."
"အဲ့တာတွေကြောင့်..အသေးလေးကို ကိုယ်စိတ်မချတာ...ဟင်း..."
ဒီတိုင်းဆက်သွားနေရင်တော့..အသေးလေးကို အခုလိုထပ်ပြောရင် ကျွန်တော်နဲ့ရန်ဖြစ်တော့မှာ...
"ဟုတ်ပြီ...အသေးလေး တက်.." လို့ ပြောလိုက်ပြီး အသေးလေးရဲ့ရှေ့မှာထိုင်ချလိုက်တယ်..
"ဘာလုပ်တာလဲ?...ကိုဘုန်း..."
"ကုန်းပိုးမလို့လေ..တက်..မြန်မြန်လေး.."
"ဟာ...ရှက်စရာကြီး...
အံမယ်လေး...ကိုဘုန်း ဘာလို့အရမ်းအရမ်းလုပ်တာလဲ?..."
ပြောနေရင် ကြာတာမို့..အသေးလေးရဲ့ခြေထောက်ကို ဆွဲကိုင်ပြီး ကုန်းပိုးလိုက်တယ်..။ အပေါ်ကကောင်လေးကရှက်တာမို့...ကိုဘုန်းရဲ့ပခုံးပေါ်မျက်နှာဖွက်ရင်း လိုက်ခဲ့လိုက်တယ်..။
အရှေ့ကသား၂ယောက်ကတော့..အာတာပူစီစားပြီးလျှောက်လာတာမို့..အနောက်မှာ ဖေဖေကပါပါးက်ို ကုန်းပိုးထားတာကို မသိရှာလေဘူး..။ ကိုဘုန်းခမျာ သား၂ယောက်ထက် အသေးလေးကိုပိုစိတ်ပူနေရတာမို့..အသေးလေးကို ကုန်းပိုးပြီး ပြုံးဖြီးကာ ကားဆီကိုလျှောက်လာလိုက်သည်..။
💙အမှားပါရင် ခွင့်လွှတ်ပါ😊💙