แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€›แ€ฒแ€ทแ€€แ€œแ€ฑแ€ธแ€„แ€šแ€บ S3 [ Complet...
By moewathane
4.9M 403K 46.2K
#July - 17 - 2020 #Moewathan #Art by Maythitsar๐ŸŒน แ€šแ€แ€ฏแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ฝแ€„แ€บแ€•แ€ซแ€แ€„แ€บแ€žแ€ฑแ€ฌ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€›แ€ฌแ€™แ€ปแ€ฌแ€ธแ€”แ€พแ€„แ€บแ€ท แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธ แ€‡แ€ฌแ€แ€บ... More
๐Ÿ’œ แ€‡แ€ฌแ€แ€นแ€ฑแ€€แ€ฌแ€„แ€นแ€™แ€ญแ€แ€นแ€†แ€€แ€น ๐Ÿ’œ
๐Ÿ’œ S3 EP - 1 ๐Ÿ’œ
๐Ÿ’œ S3 EP - 2 ๐Ÿ’œ
๐Ÿ’œ S3 EP - 3 ๐Ÿ’œ
๐Ÿ’œ S3 EP - 4 ๐Ÿ’œ
๐Ÿ’œ S3 EP - 5 ๐Ÿ’œ ๐ŸŒš
๐Ÿ’œ S3 EP - 6 ๐Ÿ’œ
๐Ÿ’œ S3 EP - 7 ๐Ÿ’œ
๐Ÿ’œ S3 EP - 8 ๐Ÿ’œ
๐Ÿ’œ S3 EP - 9 ๐Ÿ’œ
๐Ÿ’œ S3 EP - 10 ๐Ÿ’œ
๐Ÿ’œ S3 EP - 11 ๐Ÿ’œ
๐Ÿ’œ S3 EP - 12 ๐Ÿ’œ
๐Ÿ’œ S3 EP - 13 ๐Ÿ’œ
๐Ÿ’œ S3 EP - 14 ๐Ÿ’œ
๐Ÿ’œ S3 EP - 15 ๐Ÿ’œ
๐Ÿ’œ S3 EP - 16 ๐Ÿ’œ
๐Ÿ’œ S3 EP - 17 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 18 ๐Ÿ’œ๐ŸŒš
๐Ÿ’œ S3 EP - 19 ๐Ÿ’œ
๐Ÿ’œ S3 EP - 20 ๐Ÿ’œ
๐Ÿ’œ S3 EP - 21 ๐Ÿ’œ
๐Ÿ’œ S3 EP - 22 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ S3 EP - 24 ๐Ÿ’œ
๐Ÿ’œ S3 EP - 25 ๐Ÿ’œ
๐Ÿ’œ S3 EP - 26 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 27 ๐Ÿ’œ
๐Ÿ’œ S3 EP - 28 ๐Ÿ’œ
๐Ÿ’œ S3 EP - 29 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 30 ๐Ÿ’œ
๐Ÿ’œ S3 EP - 31 ๐Ÿ’œ
๐Ÿ’œ S3 EP - 32 ๐Ÿ’œ
๐Ÿ’œ S3 EP - 33 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 34 ๐Ÿ’œ
๐Ÿ’œ S3 EP - 35 ๐Ÿ’œ
๐Ÿ’œ S3 EP - 36 ๐Ÿ’œ
๐Ÿ’œ S3 EP - 37 ๐Ÿ’œ
๐Ÿ’œ S3 EP - 38 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ S3 EP - 39 ๐Ÿ’œ๐ŸŒš
๐Ÿ’œ S3 EP - 40 ๐Ÿ’œ END
๐Ÿ’œ แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌ ๐Ÿ’œ
๐Ÿ’œ Extra - 1 ๐Ÿ’œ
๐Ÿ’œ Extra - 2 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ Extra - 3 ๐Ÿ’œ
๐Ÿ’œ Extra - 4 ๐Ÿ’œ
๐Ÿ’œ Extra - 5 ๐Ÿ’œ
๐Ÿ’œ Extra - 6 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 7 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 8 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 9 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 10 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 11 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 12 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 13 ๐Ÿ’œEND
แ€œแ€€แ€บแ€†แ€ฑแ€ฌแ€„แ€บแ€™แ€ฝแ€”แ€บ ๐Ÿฅ๐ŸŒฑ
แ€™แ€พแ€ฐแ€ธแ€กแ€œแ€€แ€บแ€ฌ ( One Day )
๐Ÿ’œ S3 EP - 23 ๐Ÿ’œ
81.9K 7.3K 804
By moewathane
Unicode...
>>>>>>>>
.
.
Hotel ရဲ့အောက်ဘက်ဆီဆင်းလာတာနှင့် Demon နဲ့ နှိုင်း ရဲ့ ဆင်တူစွာဝတ်ဆင်ထားမှု့က အားလုံးရဲ့အမြင်ကိုအာရုံစူးစိုက်ကာငေးစေသည် ။ Demon က သူ့အချစ်ကလေးအပေါ် ထိုသို့လူတွေတတ်မက်စွာငေးကြည့်နေတာကိုနည်းနည်းလေးမျှမကြိုက် .. ထို့ကြောင့် မျက်နှာတစ်ခုလုံးမှုန်ကုတ်ကာ လူသတ်တော့မယ့်အကြည့်တွေနဲ့အေးစက်နေသည် ။
နှိုင်း သည်သူ့ဘေးမှာရှိနေတဲ့လူဆိုးလေးဆီက ရှာလကာရည်အနံ့တွေမွှန်နေသောကြောင့် ရယ်ချင်စိတ်ကိုထိန်းထားရင်း သူ့လူဆိုးလေးရဲ့ကလေးဆန်မှု့ကိုသဘောကျနေမိသည် ။
ထို့ကြောင့် နှိုင်း က Demon လက်မောင်းကိုကိုင်ကာတိုးကပ်လိုက်ပြီး ပုံမှန်ထက်ပို၍ချစ်ခင်တဲ့ အတွဲတစ်တွဲလိုပြုမှုလိုက်သည် ။ Demon က အံအားသင့်စွာ နှိုင်း ကိုကြည့်လိုက်တော့ နှိုင်း က ပြုံး၍ပင် ...
" ဒီလိုဖက်ထားပေးရင်ရော မောင့် စိတ်ထဲကျေနပ်မှု့ရှိလား "
" အင်း နည်းနည်း "
" နည်းနည်း ? ဟီးဟီး မောင်ကတော့လေ .. ကဲ ဒီလိုဆိုရင်ရော "
နှိုင်း က Demon ရှေ့ရပ်ကာ ​ထိုလူတွေကြားထဲမှာပင် နှုတ်ခမ်းအားတစ်ချက်နမ်းလိုက်သည် ။
Demon ဟာ နှိုင်း ရဲ့ ထိုအပြုမူကြောင့် စိတ်ထဲနည်းနည်းကျေနပ်သွားပြီး မျက်နှာဆီကခက်ထန်မှု့ကိုသူ့အချစ်ကလေးစကားကြောင့် ပယ်ဖျက်လိုက်ရသည် ။
" ကျေနပ်တယ် "
ကလေးဆန်တဲ့အဖြေစကားကြောင့် နှိုင်း က Demon ကို သဘောကျစွာရယ်ချင်စိတ်ကိုထိန်းမရတော့ပဲရယ်ရင်းထွက်လာတော့သည် .. စားသောက်ခန်းမှာ နှိုင်း တို့ကိုစောင့်နေတဲ့ ဘုန်းပြည့်တို့က နှိုင်း နဲ့ Demon ဝင်လာတဲ့နှင့်ချက်ချင်းလက်ပြကာ နေရာပြလိုက်သည် ။
နှိုင်း နဲ့ Demon တို့ သုတို့စားပွဲဆီရောက်သွားချိန်မှာ မထင်မှတ်ထားတဲ့ဧည့်သည်တစ်ယောက်ကမဖိတ်ခေါ်ပဲရောက်နှင့်နေတော့သည် ။
နှိုင်း ဟာ သူမ ကို မြင်လိုက်တဲ့ခဏမှာ ဘာကြောက့်ရောက်နေတာလဲ ဆိုတဲ့အတွေးဝင်မိပေမယ့် မျက်နှာကတော့ တည်ငြိမ်စွာစားပွဲမှာဝင်ထိုင်လိုက်သည် ။ သို့သော် Demon ကတော့ သူ့အချစ်ကလေး နဲ့ အဆင်မပြေတဲ့သူမကို သူကိုယ်တိုင်ကလဲမလိုလားတာကြောင့် အလိုမကျသလိုစိတ်ပျက်နေတဲ့လေသံနှင့်မေးလိုက်သည် ။
" မင်းဘယ်လိုလိုလုပ်ရောက်နေတာလဲ "
Demon မေးလိုက်တော့ Kinsley က သူမကို Demon သတိထားမိသွားတဲ့အတွက် ပုရိသတွေကြွေလောက်တဲ့အပြုံးလေးနှင့်ပြုံးကာ ..
" တို့ က ဒီမြို့မှာကိစ္စလေးရှိလို့ဝင်တည်းရင်းနဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲ Demon နဲ့ Lucas တို့အကြောင်းသူတို့ပြောရင်းနဲ့ကြားမိလို့ တစ်ခါတည်းဝင်စောင့်နေလိုက်တာ .. ဘာလို့လဲ တို့ အနှောက်ယှက်ဖြစ်သွားလား Demon "
သူမရဲ့စကားပြောပုံကိုကြည့်ပြီး သူမဟာ မောင့်အပေါ်တော်ရုံလက်လျှော့မယ့်မိန်းကလေးမျိုးမဟုတ်တာ နှိုင်း သိလိုက်သည် ။ အဲ့အတွက် ကိုယ့်ပြိုင်ဘက်ကိုအဝေးမှာထားမယ့်အတူတူအနီးမှာထားပြီး ဘာလို့စောင့်မကြည့်ရမှာလဲ ။
Kinsley သည် နှိုင်း လည်ပင်းကဆွဲကြိုးဆွဲထားတဲ့လက်စွပ်လေးကိုကြည့်ကာ တုန်လှုပ်သွားသည် ။ သူမစိတ်ထဲမှာတေးမှတ်ထားသည်က ဒီအရာက သူမပိုင်ဆိုင်ခွင့် ဟု ။
Kinsley ရဲ့အမေးကို ဘုဘောက်ပြန်ပြောလွတ်မယ့် Demon ကို ခုံအောက်ကနေလက်ကိုဆုတ်ကိုင်ပြီးတားလိုက်ကာ ...
" မဟုတ်တာ ကျွန်တော်တို့ စားပွဲဝိုင်းကလူတစ်ယောက်စာပိုတိုးလို့အနှောက်ယှက်မဖြစ်ပါဘူး .. အားလုံးကမိတ်ဆွေတွေပဲမဟုတ်လား "
" ကျေးဇူး Lucas က ထင်ထားတာထက် ပိုပြီး သဘောထားကြီးတာပဲ တစ်ချို့အရာတွေမှာပါသဘောထားကြီးပေးမယ်ဆိုရင် Lucas လိုလူကောင်းတစ်ယောက်ကိုရှာလို့တွေ့မှာ မဟုတ်တော့ဘူး ဟင်းဟင်းး "
သူမပြောတဲ့ တချို့နေရာဆိုတာ Demon ကို မထိတထိကြည့်ပြီးပြောလိုက်တာမို့ ဘာပြောချင်မှန်းကို နှိုင်း သေချာသိသည် ။
" miss ချီးမွန်းလွန်းနေပါပြီ .. ကျွန်တော်ကလဲလူတစ်ယောက်ပဲလေ ကျွန်တော်အတွက်တန်ဖိုးရှိတဲ့အရာကိုထိခိုက်လာရင်တော့ ခွင့်လွတ်ရိုးထုံးစံမရှိဘူး .. သိတယ်မလား တစ်ချို့လူတွေရဲ့စိတ်က ခွေးရိုင်းတစ်ကောင်လိုပဲ စေတနာနဲ့လွတ်ပေးရင် မရိုက်ရဲဘူးထင်ပြီး ပြန်ကိုက်တတ်ကြတယ်လေ "
နှိုင်း ရဲ့ ပညာသားပါတဲ့သုံးနှုန်းစကားကိုကြားလိုက်ရတဲ့ စားပွဲကလူတွေကတော့ နှိုင်းလိုစကားကြမ်းကြမ်းမပြောတဲ့လူတစ်ယောက်က ဒီလိုတွေပြောလာတာမို့ ပို၍အံအားသင့်ကုန်သည်
Demon ကတော့ သူ့အချစ်ကလေးရဲ့ထိုးနှက်စကားကိုသဘောကျစွာပင်စိုက်ကြည့်ကာ သဘောကျနေတော့သည် ။
Kinsley ဟာ သူမကိုခွေးနဲ့ နှိုင်းပြီးထိုသို့ဒဲ့ပြောလိုက်တဲ့ နှိုင်း ကြောင့် မျက်နှာမှာဟန်ဆောင်ပြီးတောင်မပြုံးနိုင်တော့ချေ ။
" Lucas ပြောတာလဲမှန်ပါတယ် ဒါပေမယ့် တစ်ချို့အရာတွေက ပုံသေလိုသတ်မှတ်ထားလို့မရဘူးလေ ဟုတ်တယ်မလား .. ခွေးရိုင်းက ပြန်ကိုက်တယ်ဆိုရင်တောင် သူ့မှာအကြောင်းပြချက်တစ်ခုတော့ရှိနေမှာမဟုတ်လား "
" ​Miss ပြောတာလဲမှန်ပါတယ် .. ဒါပေမယ့်ဘယ်လိုလုပ်မလဲ ခွေးရိုင်း က ခွေးရိုင်းပဲလေ ယဥ်ကျေးမလာမယ့်အတူတူ မကိုက်ရဲအောင် တစ်ခါတည်းရိုက်သတ်ပြစ်ရမှာပေါ့ အဲ့တာဆို ပက်ဝန်းကျင်အတွက်လဲ အန္တာရယ်ကင်းသွားတယ် .. ကျွန်တော်ပြောတာမှန်တယ်မဟုတ်လား.. "
" ဟု ဟုတ်တာပေါ့ .. ဒီလိုပဲလုပ်သင့်တယ် "
သူမထပ်ပြီး ပြောချင်ပေမယ့် ပုံမှန်စကားဝိုင်းလို့ပေါ့ပါးစွာအပြုံးနဲ့ပင်ပြောနေတဲ့ ဒီလူကို သူမပြန်မပြောပနိုင်တာမို့ အောင့်သက်သက်နဲ့ပင် တိတ်လိုက်ရသည် ။
နှိုင်း နဲ့ Kinsley ရဲ့စကားဝိုင်းကိုနားထောင်နေတဲ့ Suzan သည်လဲသူမရဲ့ဦးတည်ချက်ကဘယ်လိုလှမ်းနေလဲဆိုတာကိုချက်ချင်းရိပ်မိသဘောပေါက်သွားတာကြောင့် အကြံနှင့်ရယ်လိုက်သည် ။
ခဏနေတော့ နှိုင်း တို့မှာထားတဲ့မနက်စာ စားပွဲတွေရောက်လာပြီး စားကြတော့သည် ။ ဘုန်းပြည့်ဟာ နှိုင်း ကို ကြည့်လိုက်ချိန်မှာ စောနက စကားကြမ်းကြမ်းတွေနဲ့ထိုးနှက်ထားတာဘာမှမဟုတ်သလိုပင် ။ ဘေးတွင်ခါတိုင်းဆိုကြောက်လန့်စရာကောင်းတဲ့ Demon ဆိုသူဟာ အခုတော့ နှိုင်း မျက်နှာတမ္ဘာထင်ကာပြုံးတုံ့တုံ့ဖြစ်နေတဲ့သူ့မျက်နှာမှာ ပန်းတွေတောင် တတ်ပွင့်တော့မယ် ။
* မဆိုးပါဘူး တော်တော်လိုက်ဖက်တဲ့အတွဲပဲ .. အင်းးး ဒီမိန်းကလေးတွေကလဲ ဇွဲကြီးတယ် မလွယ်ပါဘူး ငါ့ဘဝကြီး FA ဖြစ်နေတာ ဘယ်လောက်သာယာစရာကောင်းလဲ အခုမှသိတော့တယ် *
ကိုယ့်အတွေးနဲ့ကိုယ် ဘုန်းပြည့် က သူ့ရဲ့ FA ဘဝကိုဂုဏ်ဆာနေသေးသည် ။
Demon ဟာ အစကနေအဆုံးထိသူ့အာရုံထဲမှာ နှိုင်း တစ်ယောက်ပဲရှိနေတာမို့ ဘေးမှာရှိနေတဲ့လူတွေကိုသူနဲ့မဆိုင်သလို အကုန်လစ်လျှုရူထားလိုက်သည် .. သူ့အချစ်ကလေးကိုသာ လာမထိပါးရင် အားလုံးကိုမျက်လုံးထဲမှာတောင်မထည့်ပေ ။
Suzan ဟာ နှိုင်း ကို စကားစချင်ပေမယ့်စားသောက်နေတဲ့အချိန်မှာ စကားပြောရတာဘယ်လိုမှအဆင်မပြေတာမို့ သူ့သိက္ခာထိန်းကာငြိမ်နေရသည် ။
ကမောက်ကမာဖြစ်နေတဲ့လေထုကြားမှာ ဘုန်းပြည့်လျှံ နဲ့ အတွင်းရေးမူး Ban က နေရခက်စွာ စကားလမ်းကြောင်းတစ်ခြားကိုပြောင်းဖို့ကြိုးစားလိုက်သည် ။
" Lucas ဒီနေ့ချိန်ထားတဲ့ Mr'H က မင်းလက်ရာကိုသဘောကျလို့ သူ့အမျိုးသမီးပါခေါ်လာမယ်ကြားတယ် "
" အိုး ဟုတ်လား အဲ့တာဆိုရင်အဆင်ပြေတာပေါ့.. ငါတို့ချိန်းထားတဲ့ပြခန်းကိုပဲလာမှာလား "
" အင်း ဟုတ်တယ် .. "
" ကောင်းပြီ စားပြီးရင် သွားကြတာပေါ့ "
ဘုန်းပြည့် ပြောပြီး Ban က ဝင်ပြောသည် ။
" သူဌေး ကျွန်တော်တို့ ဒုတိယပြခန်းမှာတင်ထားတဲ့ ပုံကိုလေလံတင်ဖို့အတွက် တစ်ချို့လူကြီးမင်းတွေကပြောလာတယ်.. အဲ့ပုံကို သူဌေးကိုယ်တိုင်ဆွဲပြီး လေလံမတင်ဘူးကြော်ငြာပေမယ့် Mr'Blue ဘက်ကလိုချင်နေတုန်းပဲ အဲ့တာဘယ်လိုလုပ်လိုက်ရမလဲ "
" အဲ့ပုံအတွက်လား ... "
နှိုင်း ဟာ အဲ့ပုံအကြောင်းစဥ်းစားရင်း လေယာဥ်ပေါ်မှာဆုံတွေ့ခဲ့တဲ့ကောင်လေးကိုသတိရနေမိတုန်းပဲ .. အဲ့တုန်းက အဲ့ကောင်လေးက မောင့်လိုပဲ အိမ်မက်ဆိုးတွေကြားထဲငိုနေခဲ့တာ နှိုင်း မှတ်မိသေးတယ် သူ့လက်တွေက နှိုင်း ကို အားကိုးတကြီးဖက်တွယ်ထားခဲ့တာ ... ။
" ကိုကို ... ကိုကို ! "
" ဟင် အင်း .. Sorry ကိုယ်အတွေးလွန်သွားလို့ "
Demon သည် သူတစ်ယောက်လုံးရှိနေတာကိုမေ့လောက်သည်ထိ နှိုင်း အတွေးထဲစိုးမိုးထားတဲ့အရာကိုမုန်းတီးစွာတေးမှတ်ထားလိုက်သည် ။
" Ban ပြန်ရင် အဲ့ပန်းချီကားချပ်ကိုသိမ်းပြီး ငါအိမ်ကိုပို့လိုက် .. အဲ့ပန်းချီနဲ့ပက်သတ်ပြီးဝယ်သူတွေကို ငါပြန်ပြောလိုက်မယ် "
" ဟုတ်ကဲ့သူဌေး "
" အဲ့ဒါဆို စားပြီးရင် ငါတို့သွားကြရအောင် "
နှိုင်း ဟာ သူ့အာရုံနဲ့သူ ဘုန်းပြည့်တို့နဲ့အလုပ်ကိစ္စအတွက်အစီစဥ်ဆွဲကာ ပြောဆိုနေတာမို့ ဘေးမှာဒေါသမီးပုံနေတဲ့ Demon ကို သတိမထားမိခဲ့ပေ။
Demon ဟာ နှိုင်း ကို ပိုင်ဆိုင်နေရပေမယ့်လုံလောက်တယ်မခံစားရဘူး .. Demon ရဲ့စိတ်က နှိုင်း ရဲ့ အတွေးစသေးသေးလေးကအစပိုင်ဆိုင်ချင်တယ် .. သူ့အကြောင်းပဲတွေးနေစေချင်တယ် .. သူ့ဘက်ကိုပဲ မျက်နှာမူစေချင်တယ် အဲ့လိုအတွေးတွေက တစ်နေ့နဲ့တစ်နေ့ နှိုင်း ကြောင့်လောဘပိုတတ်လာခဲ့သည် ။
* ဘယ်သူလဲ !! .. ငါ့ကိုမေ့သွားလောက်တဲ့အထိ ကိုကို့အတွေးထဲမှာစိုးမိုးထားတဲ့ကောင်က ဘယ်သူလဲ !! သေချာပေါက် သတ် ပြစ် မယ် ! *
Demon က အသားလှီးလက်စဓားကို ကိုင်ပြီး ပန်ကန်ပြားမှာထောက်ထားပြီး စကားပြောနေတဲ့ နှိုင်း ကို အကောင်လိုက်မြိုချတော့မတတ်စိုက်ကြည့်နေသည် ။
" နမ်းချင်တယ် .. အခုချက်ချင်း ကိုကို နှုတ်ခမ်းတွေကို ကိုက်ခဲပြီးဖျက်စီးပြစ်ချင်တယ် *
တစ်စစနဲ့သဝန်တိုစိတ်နဲ့အတူ သူ့ဘဝရဲ့ပထမဦးဆုံးသော အချစ်ကလေးကိုဆုံးရှုံးရမှာကြောက်ရွံ့တတ်လာသည် ။
" မောင် .. ဘာလို့လဲ အသားကစားမကောင်းဘူးလား "
နှိုင်း က Demon ဘက်လှည့်ကာ မျက်နှာကိုကြည့်၍ပြောနေပေမယ့် Demon ရဲ့ မဲမှောင်တဲ့မျက်လုံးတွေက နှိုင်း နှုတ်ခမ်းသားရဲရဲလေးဆီဦးတည်ကာကြည့်နေသည် ။
" အခု ကျွန်တော်စားချင်တာတခြားတစ်ခု "
" အဲ့တာဆို နောက်တစ်ခုထည့်မှာပေးမယ်လေ မောင် ဘာစားချင်လဲ "
" ကိုကိုစားလို့ပြီးပြီလား "
နှိုင်း မေးတာကိုမဖြေပဲ ပြန်မေးလာတဲ့လူဆိုးလေး ။
" အင်း ကိုယ်ကစားလို့ပြီးပြီ
" ပြီးရင် သွားမယ် "
" ဟမ် !! "
Demon က ချက်ချင်းထိုင်နေတဲ့ စားပွဲခုံမှထ၍ နှိုင်း ကို ကိုဆွဲလိုက်သည် ။ နှိုင်း ဟာ ရုတ်တရက်ကြီး Demon ဘာဖြစ်သွားလဲမသိပေမယ့် နှိုင်း ကို စိတ်ဆိုးနေသလိုပဲ ခံစားနေရသည် ထို့ကြောင့် ဘုန်းပြည့်တို့ကိုဟိုရောက်မှအတူတူစုံရန်ပြောပြီး ထွက်လာခဲ့တော့သည် ။
​ကျန်ခဲ့တဲ့ Kinsley ဟာ နှိုင်း ရဲ့ အချစ်ခံရမှု့ကိုမနာလို မုန်းတီးမျက်လုံးတွေနဲ့ကြည့်ကာ ခံရခက်လွန်းနေသည် ။ တကယ်လို့သူသာ Demon အချစ်ကိုရရင် အခု နှိုင်း နေရာမှာ သူမ ဖြစ်နေရမယ်လို့ခံယူထားသူမို့ပင် ။
သို့သော် ပိုဉာဏ်ရှိတဲ့မိန်းကလေးဖြစ်တဲ့ Suzan ဟာ နှိုင်း ကို ပြိုင်ဘက်လိုသဘောထားနေတဲ့သူမကိုကြည့်ကာ သူ့အတွက် ဂွင် တစ်လုရသွားတဲ့ပုံစံမျိုးအေးဆေးစွာနေတော့သည် ။
* Lucas ရှင်က ကျွန်မအတွက်ပဲဖြစ်ရမယ် .. သိပ်ချစ်နေကြတဲ့ရှင်တို့နှစ်ယောက်ဆီကို တတိယလူရောက်လာမယ်ဆိုရင်ရော.. ဟင်းဟင်း ပွဲကတော့ ကြည့်ကောင်းပြီ *
Suzan ဟာ နှိုင်း ဆီကို ချဥ်းကပ်ဖို့အတွက်နှင့် Kinsley ကိုအသုံးချရန်တွေးထားသည် ။
Hotel ရှိ နှိုင်း ကားပါကင်အရောက် Demon ဟာ နှိုင်းလက်ကိုဆွဲကာ နှိုင်း ကို ကား နဲ့ သူ့ကြားညှပ်စေကာ ခါးကိုလက်တစ်ဖက်နဲ့တင်းတင်းဖက်ထားရင်း နှုတ်ခမ်းတွေကိုစုပ်နမ်းရှိုက်နေသည် ။ စုပ်နမ်းနေတယ်ဆိုတာထက် စုပ်ကိုက်ဖဲ့နေတယ်ဆိုရင်ပိုမှန်မည် ။
" မောင့် .. အ အွင့် ... အွန်းးး "
အနမ်းကြမ်းကြမ်းတွေနဲ့ကိုက်ဖဲ့နေတဲ့ Demon ကြောင့် နှုတ်ခမ်းထောင့်ပေါက်ကာသွေ့စို့တတ်လာသည် ။ နှိုင်း ဟာ Demon ကို တွန်းကာရုန်းနေပေမယ့် Demon က ဖယ်မပေးပဲ ပိုလို့တင်းကျပ်စွာဖက်ကာ နှိုင်း ခံတွင်းထဲလျှာတိုးဝင်ကာ နမ်းနေတော့သည် ။
တင်းတင်းကျပ်ကျပ်ချုပ်ပြီးဖက်နမ်းနေတဲ့ပုံစံဖြစ်နေတာကြောင့်ကြာတော့ ရုန်းရတဲ့ နှိုင်း က အသားတွေနာလာသလို Demon ဘာကြောက့်အခုလိုဖြစ်သွားတာလဲဆိုတာ တွေးကြည့်လို့မရဖြစ်နေသည် ။
* ငါဘာအမှားလုပ်မိလို့လဲ .. စောနကသူမနဲ့စကားပြောလိုက်တာကြောင့်လား အလုပ်ကိစ္စစကားပြောနေတုန်းသူ့ကိုလစ်လျှုရူမိလိုက်လို့များလား .. အ့ ငါနှုတ်ခမ်းတွေပူထူပြီးနာနေပြီ *
နောက်ဆုံးတော့ နှိုင်း ဆက်မရုန်းတော့ပဲ သူ့ကိုစိတ်ဆိုးနေတဲ့လူဆိုးလေးသဘောကျငြိမ်ငြိမ်လေးနေပေးရင်းပြန်နမ်းပေးလိုက်သည် ။ လူဆိုးလေးက နှိုင်း ပြန်ရှိုက်တဲ့အချိန်မှာ သူကဆက်မနမ်းတော့ပဲ နှိုင်း အနမ်းကိုသာခံယူနေလေသည်။
ထို့အတူ နှိုင်း ခါးကိုဖက်ထားတဲ့လက်တွေသည်လဲအားလျှော့ပေးလာတော့သည် ။ အနမ်းတွေရပ်လိုက်ပြီး အသက်ဝအောက်ရှုရတဲ့ နှိုင်း အဖြစ်က မျက်ရည်ပင်ဝဲလာရတဲ့အထိပင် ။
ခန္တာကိုယ်ချင်းပူးကပ်ပြီး နှဖူးချင်းထိကပ်ကာဆိုင်ထားရင်း နှိုင်း က Demon မျက်နှာကိုလက်လေးနှစ်ဖက်နဲ့အုပ်ကိုင်ထားသည် ။ Demon ဆီက ဘာစကားမှထွက်မလာတဲ့အဆုံး နှိုင်း ထုတ်ပြောလိုက်သည် ။
" မောင်စိတ်ဆိုးနေတာလား .. ကိုယ်ဘာအမှားလုပ်မိလို့လဲဟင် "
ထိုအခါမှ Demon က နှိုင်း မျက်နှာကိုသေချာကြည့်ပြီး မျက်လုံးထဲမှာဆုံးရှုံးရမှာဝမ်းနည်းတဲ့အသွင်နဲ့ကြည့်ကာ ..
" ကျွန်တော်ကိုကို့ ရဲ့ အရာအားလုံးပိုင်ဆိုင်ချင်တယ် "
" ဟင် .. ? ဘာကို "
" တနေ့မှာ ကျွန်တော်ကစိတ်ပျက်စရာကောင်းနေရင် ကျွန်တော်ဆီကကိုကိုထွက်ပြေးသွားမှာလား"
" မဖြစ်နိုင်တာ ကိုယ်ဘာလို့အဲ့လိုလုပ်ရမှာလဲ "
" ကိုကိုထွက်မပြေးဘူးပြောရင်တောင် ကျွန်တော်မယုံသေးဘူး ... ကျွန်တော့်ဘဝမှာ မေမေပြီးရင် ကမ္ဘာပေါ်မှာကိုကိုတစ်ယောက်တည်းကပဲချစ်ပေးတာ ကျွန်တော်ကိုကို့ ကို လက်မလွတ်နိုင်ဘူး "
ထိုသို့ပြောပြီး Demon ဟာ သူ့အရပ်ကြီးမှအားမနာ နှိုင်း ခါးကိုဖက်ပြီးပခုံးပေါ်ခေါင်းတင်ထားသည် ။
Demon စကားကိုကြားလိုက်ရတော့ နှိုင်း အတော်လေးရင်နင့်သွားရသည် ။ လူတွေအားလုံးရှေ့မှာ ရှင်ဘုရင်မျက်နှာထားနှင့်ရဲဝင့်စွာနေတတ်တဲ့ မောက် က မနက်ကတည်းက ကလေးတစ်ယောက်လို နှိုင်း ကို ဂျီတိုက်ပြီးစိတ်အားငယ်နေသည် ။
နှိုင်း က သူဘာအမှားလုပ်လိုက်မိလဲခုထိစဥ်းစားလို့မထွက်သေးဘူး .. ဒါပေမယ့် မောင် ခုလိုစိတ်အားငယ်နေတာဟာ နှိုင်း နဲ့ဆိုင်မယ်ဆိုရင် အရာအားလုံးမောင်သဘောကျပဲ ။
" မောင် ကိုယ့်ကိုမယုံဘူးလား "
" ကိုကို့ ကိုယုံတယ် .. ဒါပေမယ့် ကိုကို့အနားကလူတွေကိုမယုံဘူး "
" မောင်ကတော့ကွာ "
မောင့်ကိုမေးလိုက်တိုင်း ထိုသို့အမြဲဖြေတတ်တာကို နှိုင်း သဘောကျမြဲပဲ ။ နှိုင်း ဟာ Demon ခန္တာကိုယ်ကြီးကိုမမှီတမှီ ပြန်ဖက်ကာ ..
" ကိုယ်ပြောတာနားထောင် .. အခု မောင့်စိတ်ထဲမှာ ကိုယ့်အပေါ်တစ်ခုခု စိတ်ခုနေတာရှိရင် ပွင့်လင်းသင့်တယ် .. တစ်ချို့အစိုင်အခဲသေးသေးလေးတွေက စုပြီးပေါက်ကွဲလာတဲ့အခါ မောင်ရော ကိုယ်ရောနာကျင်လိမ့်မယ် ။ ပြီးတော့ ကိုယ်ဘယ်တော့မှ မောင့်အနားကထွက်သွားမှာမဟုတ်ဘူး မောင်ထွက်သွားခိုင်းတဲ့အချိန်ထိ "
နှိုင်း က ပြုံးရယ်ပင် ထိုစကားပြောလိုက်တော့ ချက်ချင်းပင် Demon မျက်နှာချင်းဆိုင်လာပြီးမျက်ခုံးတွန့်ချိုးကာ ။
" ကျွန်တော်ဘယ်တော့မှ ကိုကို့ ကိုထွက်သွားခိုင်းမှာမဟုတ်ဘူး !! ကိုကိုလဲ ကျွန်တော်ဆီက မထွက်သွားရဘူး !! "
" ဟုတ်ပါပြီကွာ.. ကိုယ်ကစကားအဖြစ်ပြောပြတာပါ "
ထိုအခါမှ Demon စိတ်ကျေနပ်ကာ နှုတ်ခမ်းပေါက့ရာနှင့် နှိုင်း မျက်နှာလေးကိုနူးညံ့စွာကိုင်ကြည့်ပြီး ...
" အရမ်းနာလား "
" ဟင် .. အာ နည်းနည်းပါ "
" တောင်းပန်ပါတယ်ကိုကို ကျွန်တော်ဒေါသမထိန်းနိုင်လို့ ကိုကိုနာကျင်ရပြန်ပြီ "
" ဟေး ကိုယ်အဆင်ပြေပါတယ် တကယ်ပြောတာ "
" ကျွန်တော်နောက်ဆိုကိုယ့်ကိုကိုယ်ထိန်းပါ့မယ် "
" မောင် ကိုယ့်အတွက်နဲ့ ကိုယ့်ကိုကိုယ်ထိန်းချုပ်ဖို့မလိုပါဘူး .. ကိုယ်ကမောင့်ရဲ့ဒီပုံစံလေးကိုချစ်တာ အဲ့တာကြောင့် မောင်ဘယ်လိုပဲကိုယ့်အပေါ်ဆိုးနေပါစေ ကိုယ်ကချစ်နေဦးမှာပဲ ။ မောင့်အပေါ်ထားတဲ့ကိုယ့်အချစ်က ပိုတိုးသွားဖို့ပဲရှိတယ် လျှော့သွားဖို့မရှိဘူး "
နှိုင်း က Demon ဘာကြောင့်စိတ်ဆိုးလဲဆိုတဲ့အကြောင်းမပြောချင်မှန်းသိလို့ မမေးတော့ဘူး .. သူတကယ်ပြောချင်လာတဲ့အချိန်ထိစောင့်လဲနောက်မကျပါဘူး ။
Demon သည် နှိုင်း ရဲ့ ထိုစကားလေးတွေကိုကြားလိုက်ရတော့ သူ့ရင်ထဲမှာ နှိုင်း ကိုချစ်တဲ့အချစ်တွေကပိုတိုးများလာခဲ့သည် ။ Demon သာ ဒီလူသားလေးကိုလက်လွတ်ခဲ့ရင် ရူးသွားမှဖြစ်နိုင်မယ် .. မဟုတ်ဘူး .. Demon ရူးသွားရင်တောင် ဒီလူသားလေးကိုလက်လွတ်ဖို့မဖြစ်နိုင်တော့ဘူး ။
နှိုင်း ရဲ့ ဖြေရှင်းတဲ့စကားလေးကြောင့် Demon နဲ့ ပြသာနာအသေးစားလေးကိုဖြေရှင်းပြီး နှစ်ယောက်အတူတူထွက်လာခဲ့သည် ။
              >>>>>>>>>>>>>>>>>>>>>
C မြို့လည်ခေါင်ရဲ့အချက်ချာကြတဲ့နေရာမှာဖွင့်လစ်ထားတဲ့ နှိုင်း ရဲ့ ဓာတ်ပုံ နှင့် ပန်းချီပြခန်းဟာ နှိုင်း ထင်ထားတာထက်ပိုကောင်းမွန်တဲ့အခြေနေမှာ ရှိနေပြီးမြို့ရဲ့သူဌေး နှင့် သူဌေးကတော်တို့အပါအဝင်အမျိုးသမီးငယ်များနှင့် စည်ကားလျှက်ရှိသည် ။
ထိုထဲတွက် အရင်ဆုံးရောက်နေတဲ့ ဘုန်းပြည့် နဲ့ အတွင်းရေးမူး Ban ဟာ ပြခန်းဦးစီးနဲ့အတူတချို့ကိစ္စတွေဆွေးနွေးနေသည် ။ ထိုအချိန်မှာ Kinsley ဟာ နှိုင်း တို့ ပြခန်းဆီကိုပါလိုက်လာခဲ့သည် ။
Kinsley ဟာ ဒီလိုနေရာတွေကိုမကြိုက်ပေမယ့် Demon ရဲ့အနီးမှာရှိနေပြီး အာရုံစိုက်မှု့ရမယ်ဆိုရင် သူမအတွက်ဒီနေရာမှာရှိနေရလဲအဆင်ပြေသည် ။
Kinsley နဲ့ Suzan ဟာ နှစ်ဦးသားစကားမပြောဖူးပေမယ့် မိန်းကလေးစိတ် မိန်းမချင်းပဲသိသလို Suzan ရဲ့ ခြေလှမ်းတွေကိုလဲ Kinsley က ရိပ်မိသည် ။
" U က Miss Kinsley နော်.. တွေ့ရတာဝမ်းသာပါတယ် တို့ က Suzan .. Lucas နဲ့အတူတူလက်တွဲလုပ်တဲ့ပါတနာပေါ့ "
Suzan ဘက်ကအရင်ဆုံးမိတ်ဆက်လာတာကြောင့် Kinsley လဲ အလိုက်တသိနဲ့ပင်ဖော်ရွေတဲ့အပြုံးဆင်မြန်းကာပြန်နှုတ်ဆက်လိုက်သည်။
" တွေ့ရတာဝမ်းသာပါတယ် Miss Suzan.. ကျွန်မကိုရင်းရင်းနှီးနှီးစကားပြောလို့ရပါတယ် "
" Okay.. တို့ ကိုလဲ ရင်းရင်းနှီးနှီးခေါ်ပါ "
Kinsley က သူမနဲ့ပြောနေရင်း ရှေ့ကအဝင်ပေါက်ဆီကိုမျှော်ကြည့်နေတာကြောင့် Suzan က ​အကြံဖြင့်ပြုံးလိုက်သည် ။
" Kinsley ကိုကြည့်ရတာ Lucas တို့ကိုစောင့်နေတာထင်တယ် "
" Lucas ? Suzan လွှဲနေပြီ ကျွန်မက Demon ကို စောင့်နေတာ "
Suzan မျက်နှာကိုသေချာကြည့်ပြီးအပြုံးလေးနဲ့ပြောလိုက်တာကြောင့် Suzan က ပြုံး၍ပင် ။
" သူတို့လာတော့မှာပါ ခုနက ကားပါကင်ဆီရောက်နေပြီလို့ဖုန်းပြောသံကြားတယ် "
" ကျေးဇူး "
" ဆိုတော့ U က Lucas ကောင်လေးကိုစိတ်ဝင်စားနေတာလား "
Suzan သည် Kinsley အားတည့်တည့်ကြည့်ကာ ဒဲ့တိုးမေးလိုက်တော့ kinsley က သူမကိုလှောင်ပြုံးနဲ့ပြန်ကြည့်ကာ ...
" ကျွန်မထင်တာမမှားရင် ရှင် Lucas ကိုစိတ်ဝင်စားနေတယ်ထင်တယ် "
" ဟုတ်တယ် .. တို့ Lucas တို့ရည်ရွယ်ထားခဲ့တာ Demon သာ ပေါ်မလာခဲ့ရင် သူက တို့ လူဖြစ်နေပြီ "
Suzan ရဲ့ စကားဟာ Kinsley ပြောချင်တာနဲ့ကွက်တိဖြစ်နေတာကြောင့် သူမကိုယ်တိုင်လဲထိုခံစားချက်ခံစားနေရသည် ။
" ရှင် ကျွန်မဆီကိုယ်တိုင်လာမိတ်ဆက်တာက ဒီလောက်ရိုးရှင်းမယ်မထင်ဘူး ပြောပါ တခြားဘာကိစ္စရှိသေးတာလဲ "
" ပူပေါင်းစေချင်တာ .. U က Demon ကို လိုချင်တယ် တို့က Lucas ကို ပိုင်ချင်တယ် အဲ့တာကြောင့် တို့နှစ်ယောက်သာပူးပေါင်းလိုက်ရင် တစ်ယောက်တည်းလှုပ်ရှားရတာထက်ပိုလွယ်ကူသွားမယ် .. U ဘယ်လိုထင်လဲ "
Suzan က ထိကြိစ္စကိုစိတ်ဝင်စားသွားပြီး သူမမျက်လုံးတွေအရောင်တောက်လာခဲ့သည် ။
" ကောင်းပြီလေ .. "
" ခဏနေကျရင် Lucas နဲ့ တို့ က လုပ်ငန်းနဲ့ပက်သတ်တဲ့ဧည့်သည်တွေကိုဧည့်ခံရင်း အလုပ်ရှုတ်တော့မှာ အဲ့ချိန်မှာ Demon တစ်ယောက်တည်းဖြစ်နေမှာဆိုတော့ .. U သိပါတယ် "
ထိုသို့နှင့် သူမတို့နှစ်ယောက်ဟာ ကိုယ်အကျိုးလိုအပ်တာချင်းတူညီစွာပူပေါင်းရင်း လှုပ်ရှားဖို့ပြင်ကြသည် ။
ခဏကြာတော့ Demon နဲ့ နှိုင်း သည် ပြခန်းမဆီဝင်လာကြသည် ။
" Suzan ဘုန်းပြည့် နဲ့ Ban ဘယ်မှာလဲ "
နှိုင်း ရောက်တာနှင့် Kinsley ကို ဘစ်လျှုရှုထားပြီး သူ့အလုပ်ကိစ္စအတွက်ပဲ မေးလိုက်သည် ။ Suzan သည် နှိုင်း ရဲ့ ယောက်ကျားပီသပြီတည်ငြိမ်တဲ့ပုံစံနဲ့ ချောမောမှု့ကိုကြည့်ကာ ရင်ခုန်နေတော့သည် သို့ပေမယ့် နှိုင်း ညာဘက်နှုတ်ခမ်းထောင့်ကပေါက်ရာကိုကြည့်လိုက်ချိန်မျက်နှာမှာတစ်ခုခုနားလည်လိုက်ပေမယ့် မသိချင်ယောင်ဆောင်ထားလိုက်သည် ။
" သူတို့နှစ်ယောက်က Mr'H ရောက်လာလို့ဧည့်ခံနေကြတယ် Lucas လာရင်ခေါ်လာဖို့အတွက် ကျွန်မစောင့်နေပေးတာ အဲ့တာဆို သွားရအောင်လေ "
" Okay.. "
Demon ဟာ လူများတဲ့နေရာတွေကိုမကြိုက်ဘူး စိတ်မွန်းကျပ်တာ် ဒါပေမယ့် ဒီနေရာက သူ့အချစ်ကလေးရဲ့လုပ်ငန်းနေရာတစ်ခုမို့သူစိတ်ထဲနေလို့အဆင်မပြေရင်တောင်သည်းခံရမည် ။
နှိုင်း ဟာ Demon ဘက်ကိုကြည့်လိုက်ပြီး..
" မောင် ကိုယ်ခဏသွားလိုက်ဦးမယ် .. မောင် ပျင်းရင်လျှောက်ကြည့်နေနော် "
" ဒါနဲ့ ကျွန်တော်ကိုကိုဆွဲထားတဲ့ ပန်းချီပုံကြည့်ချတယ် ဘယ်ဘက်မှာလဲ "
" အဲ့တာက ဟိုဘက်မှာပြထားတယ်ထင်တယ်.. မောင် သွားကြည့်လိုက်နော် "
" ဟုတ် .. ကိုကို အလုပ်လုပ်တော့လေ ကျွန်တော့်အတွက်မပူနဲ့နော် "
Demon ပြောလိုက်တော့ နှိုင်း က ပြုံး၍ပင် သူ့လူဆိုးလေးကိုခေါင်းညှိမ့်ပြလိုက်သည် ။ နှိုင်း ဟာ ဧည့်သည်တွေနဲ့အလုပ်ကိစ္စပြောရာမှာ Suzan နဲ့အတူတူသံားရမှာကြောင့် သဝန်တိုလွန်းတဲ့ သူ့လူဆိုးလေးအတွက် အပိုဆုအနေနဲ့ နှုတ်ခမ်းကိုအနမ်းတစ်ချက်ပေးလိုက်ပြီးပြုံးပြကာ ....
" အဲ့ဒါဆို ကိုယ်သွားပြီနော် "
ပြခန်းမှာရှိတဲ့လူတွေအများကြီးကြားထဲ ထိုသို့အနမ်းရလိုက်တာကြောင့် Demon ကတော့ ရင်ထဲမှာအပျော်ကြီးပျော်နေတော့သည် ။
နှိုင်း နဲ့ Suzan တို့ထွက်သွားတဲ့အချိန်ထိ မျက်စိတစ်ဆုံးကြည့်နေသေးတဲ့ Demon က သူ့ဘေးမှာ နှိုင်း ကို မုန်းတီးရိပ်တွေနဲ့ကြည့်နေတဲ့ Kinsley ကို အာရုံမရှိသေး ။
" Demon "
ထိုအခါမှ Demon က သူ့ဘေးက Kinsley ကို အေးစက်စွာတစ်ချက်ကြည့်လိုက်သည် ။
" မင်းဒီကိုလိုက်လာတာလား "
" ဟုတ်တယ် Lucas ရဲ့ ပြခန်းကအခန်းစိတ်ဝင်စားစရာကောင်းတယ်ဆိုလို့လေ "
Demon က သူမရှေ့မှာရပ်လိုက်ပြီး အေးစက်တဲ့အကြည့်နဲ့ ကြည့်ရင်း ..
" မင်းမှာဘာရည်ရွယ်ချက်ရှိနေလဲစိတ်မဝင်စားဘူး ! ငါ့အချစ် ကို ထိခိုက်အောင်လုပ်မယ်ဆိုရင်တော့ Demon ဆိုတဲ့ကောင်ရဲ့ရက်စက်မှု့ကိုမင်မြင်ရလိမ့်မယ်!"
Kinsley သည် Demon ရဲ့ ချိန်းခြောက်တဲ့စကားကြောင့် ကျောထဲစိမ့်သွားပေမယ့်ဟန်မပျက်ပင်ပြုံးလိုက်သည် ။
" Demon အတွေးလွန်နေပြီး ကျွန်မ မှာဘာရည်ရွယ်ချက်မှမရှိပါဘူး အဲ့တာတော့ယုံပေး .. အခု Demon ပန်းချီသွားကြည့်မှာမဟုတ်လား သွားကြရအောင် အဲ့တာဘယ်မှာရှိနေလဲ ကျွန်မသိတယ် "
ပန်းချီထားတဲ့နေရာကို သူမ သိသည်ဆိုတာကြောင့် Demon ဟာ သူမရှေ့ကဦးဆောင်သွားတဲ့ဆီလိုက်လာခဲ့သည် ။
Kinsley သည် Demon နဲ့အတူကျော့မော့စွာလျှောက်ရင်း ပြခန်းပွဲမှာရောက်နေတဲ့အထက်ဆန်မိန်းကလေးတွေကိုမနာလိုတဲ့အကြည့်တွေဖြစ်စေသည် ။ သို့သော် Demon ရဲ့ အသားချင်းကပ်ကြည့်ဖို့အတွက်တော့ သူမ မရဲသေးပါ ။
အကျယ်အဝန်းအရှည်တစ်ခုထိလှပစွာလက်ဝင်အောင်ချယ်သထားတဲ့ ပန်းချီပုံတစ်ခုဆီအရောက်မှာ ...
" ဒီပုံပဲ ဒါက Lucas ကိုယ်တိုင်ဆွဲထားပြီး လုံးဝရောင်းချခွင့်မပြုထားဘူးပြောတယ် .. ကြည့်ရတာ ဒီပုံထဲကယောက်ကျားက Lucas အတွက်အရေးကြီးပုံပဲ "
Kinsley က ခပ်ဟော့ဟော့မိန်းကလေးတစ်ယောက်မို့ ပန်းချီနဲ့ပက်သတ်ပြီးထင်ကြေး အများကြီးမပေးတတ်သလို .. မခံစားတတ်ပေမယ့် ဆွဲထားတဲ့ပုံစံအနေအထားကိုကြည့်ပြီး ထိုသူက ယောက်ကျားတစ်ယောက်ဖြစ်နေမယ်ဆိုတာသိသည် ။ အဲ့တာကြောင့် Demon ရဲ့ စိတ်သွေးပူရန် နှိုးဆော်နေတော့သည် ။
Demon ဟာ ထိုပန်းချီပုံကိုမြင်ပြီးမျက်မှောင်ကျုံ့ကာ တကယ်ပင်ရှော့ရသွားခဲ့သည် ။
Demon ဟာ ပန်းချီပုံနဲ့နီးကပ်တဲ့အနေအထားကိုဖြေးဖြေးချင်းတိုးကပ်သွားပြီး ပန်းချီရဲ့အသေးစိတ်ကိုတိုးကပ်ကြည့်နေတော့သည် ။
နှိုင်း ဟာ Demon နဲ့ Kinsley ပန်းချီကြည့်နေတဲ့ဆီကို ဧည့်သည်တွေကိုဧည့်ခံပေးရင်း တစ်ချက်တစ်ချက်လှမ်းကြည့်နေမိသည် ။ Demon က လူများတဲ့နေရာတွေဆို စိတ်ရှုတ်တတ်တာသိတာမို့ ဒီနေ့မှာလဲ ပြခန်းက လူစည်နေတာကြောင့် စိတ်ညစ်သွားမှာစိုးတာပင် ။
Demon သည် နှိုင်း ပုံဖော်ထားတဲ့ပန်းချီကိုသေချာကြည့်ရင်း ဒီပန်းချီအပေါ်မှာခံစားတဲ့ ကိုကို့ ရဲ့ ခံစားချက်ကြောင့် Demon ကိုယ်တိုင်လဲ ရင်ထဲမှာခံစားလာရသည် ။
ပန်းချီရဲ့အစိတ်အပိုင်းဖြစ်တဲ့ ပင်လယ်လှိုင်းခတ်တဲ့ရေတွေ အတိုင်းတာတစ်ခုထိမြင့်တတ်နေတဲ့ ကျောက်ဆောင်တွေနှင့် ဘေးတွင်သဘာဝတောင်တန်းတွေ .. ဒါ့အပြင် ထိုကျောက်ဆောင်အမြင့်ပိုင်းပေါ်မှာမျှော်လင့်ချက်မဲ့စွာဆေးလိပ်အားရှုရှိုက်နေတဲ့လူတစ်ယောက်ဟာ ဝတ်စုံအနက်ရောင်အားဝတ်ဆင်ပြီး ထိုလူ့မျက်လုံးတွေက ပင်လယ်ဘက်ကိုကြည့်ကာ ဘာမှထပ်ဆုံးရှုံးစရာမရှိတဲ့လူတစ်ယောက်လိုပင် ။ ဒါ့အပြင် အောက်ဆုံးနားမှာထည့်ထားတဲ့စာသားလေးက ..
* ရိုက်ခတ်လာတဲ့ပင်လယ်လှိုင်းပုတ်ဒဏ်က
       မင်းရင်ထဲကဒဏ်ရာနဲ့ယှဥ်၍
            မပြောပနိုင်သော်ငြားလည်း ..
                 ကုစားနိုင်မယ့်အချိန်တစ်ခုထိ
                      လောကကြီးမှာ ရွက်လွင့်ပါ *
#Lucas..
နှိုင်း လက်မှတ်နဲ့အတူထိုးထားသည် ။
ဒီပန်းချီပုံကို နှိုင်း နဲ့ စတွေ့တဲ့အချိန်တုန်းက ဖုန်း Wallpaper တင်ထားတာတွေ့ဖူးသည် .. အင်း ပြောရမယ်ဆို ခုချိန်ထိတင်ထားတုန်းပေါ့ ။
* တွေ့ဆုံပေးတဲ့ကံကြမ္မာကိုပြောရမလား ...
ခုချိန်ထိ စာနာမှု့နဲ့အတူရင်ထဲမှာနေရာတစ်ခုပေးခဲ့တဲ့ ကိုကို့ ကိုပဲ ကျေးဇူးတင်ရမလား ဒီလောက်တွေ့ဆုံမှု့နဲ့ဆို ကျွန်တော်တို့ ဝေးကွာဖို့မဖြစ်နိုင်တော့ဘူးမဟုတ်လား ကိုကို *
Demon ရဲ့ နဂိုအေးစက်တဲ့မျက်နှာနှင့် ပန်းချီပုံကိုမျက်တောက်မခတ်စိုက်ကြည့်နေပုံကြောင့် Kinsley ဟာ သူမရဲ့သွေးထိုးတဲ့အစီစဥ်ကိုစလုပ်ဆောင်တော့သည် ။
" ပန်းချီဆိုတာ ရေးဆွဲသူရဲ့နှလုံးသားနဲ့ခံစားပြီးမှ ဖြစ်ပေါ်လာတဲ့လက်ရာတစ်ခု .. ကြည့်ရတာ ဒီထဲက ယောက်ကျားတစ်ယောက်နဲ့ Lucas ဆက်ဆံရေးကသာမာန်ထက်ပိုမယ့်ပုံပဲ "
သူမရဲ့စကားဟာ နှိုင်း ရဲ့ ဂုဏ်သက္ခာကိုထိပါးစော်ကားလာတာကြောင့် Demon ချက်ချင်းသူမဘက်လှည့်ကာ ဒေါသမျက်လုံးတွေနဲ့ကြည့်ရင်း ..
" ကျက်သရေမရှိတဲ့ မင်းပါးစပ်ကိုပိတ်ထား !! နောက်တစ်ခါ ကိုကို့ အကြောင်းထပ်ပြောရဲပြောကြည့် မင်းပါးစပ်ကိုဆွဲဖြဲပြစ်မယ် ! "
" တောင်း တောင်းပန်ပါတယ် Demon .. ကျွန်မပြောချင်တာအဲ့လိုမဟုတ်ပါဘူး ကျွန်မ က ဒီတိုင်းပဲ "
သူမပြောလို့တောင်မပြီးသေး Demon က သူမကိုဒေါသရိပ်နဲ့ကြည့်ကာ ..
" မင်းစိတ်နဲ့မနှိုင်းနဲ့ .. ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ နောက်တစ်ခါဆို.. "
ပြောရင်းနဲ့ Demon က သူမနား အနားကိုကပ်သွားပြီး ..
" နောက်တစ်ခါဆိုရင် မင်းတကိုယ်လုံးအစိမ်းလိုက်အရေခွံခွာပြစ်မယ် ! ငါဘယ်လိုလူစားလဲဆိုတာမင်းသိပါတယ် "
ပြောပြီး Demon ထိုနေရညကပြန်လှည့်ထွက်လာတော့သည် ။
Suzan သည် Demon နဲ့ Kinsley တိုးကပ်ကာစကားပြောနေတဲ့အချိန်မှာအခွင့်ကောင်းကိုလက်လွတ်မခံစွာ ...
" Demin က သူမနဲ့အတော်ရင်းနှီးတယ်ထင်တယ် "
ထိုစကားကြောက့် နှိုင်း က တည်ငြိမ်စွာပင် လှည့်ကြည့်လိုက်ချိန်မှာ Demon က တကယ်ပင် သူမနဲ့တိုးက်ပါစကားပြောနေခဲ့သည် ။ သို့ပေမယ့် Demon က စကားပြောပြီးပြန်လှည့်ထွက်သွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ သူမရဲ့တစ်ကိုယ်လုံးကြောက်ရွံ့စိတ်နဲ့တုန်လှုပ်ကာမျက်ရည်ပင်ဝဲနေတာမြင်ရသည် ။
Demon လှည့်အထွက်နှင့် နှိုင်း အကြည့်မှာဆုံသွားတာကြောင့် Demon က သွားဆွယ်လေးတွေပေါ်တဲ့အထိပြုံးပြကာ လက်နှစ်ချောင်းကိုနှုတ်ခမ်းမှာကပ်ပြီး ခေါင်းတစ်ချက်ညှိမ့်ပြကာ ခွင့်တောင်းလာသည် ။ 
နှိုင်း က သူ့လူဆိုးလေးရဲ့လိမ်မာတဲ့အပြုမှုလေးကြောင့် ခေါင်းတစ်ချက်ဆတ်ပြလိုက်တော့ LOVE YOU လို့ နှုတ်ခမ်းလှုပ်ကာပြောပြီးအပြင်ဘက်ဆီ ဆေးလိပ်သောက်ရန်ထွက်သွားတော့သည် ။
နှိုင်း ဟာ ကျန်ခဲ့တဲ့ kinsley ကို တစ်ချက်လှမ်းကြည့်ကာစိတ်ထဲမှာတွေးလိုက်သည်က ..
* Good Luck *
Suzan သည် နှိုင်း ရဲ့ အပြုအမှုတွေကိုအကဲခတ်နေပေမယ့် ဘာတစ်ခုမှထူးခြားမှု့မရှိပဲ ဧည့်သည်တွေနဲ့စကားဆက်ပြော​​နေသောကြောင့်စိတ်ထဲမကျေမနပ်ဖြစ်သွားရသည် ။
* Lucas က ဒီလိုအပြုအမှုကိုတောင်နားလည်ပေးတယ်လား ! ဟန့် နောက်ထက်နည်းလမ်းတွေမှာ Lucas နားလည်ပေးပါ့မလားစောင့်ကြည့်ဦးမယ် *
Suzan ရဲ့ မနှစ်မြို့တဲ့အတွေးတွေကိုမသိတဲ့ နှိုင်း သည် ဧည့်သည်တစ်ယောက်ရဲ့အချိုရည်က နှိုင်း အပေါ်ကုတ်အပေါ်ဖိတ်စင်သွားတာကြောင့် သန့်စင်ခန်းခဏဝင်ရန်ထွက်လာခဲ့သည် ။
သို့သော် နှိုင်း မသိတာက အချိုရည်ဖိတ်စင်အောက်လုပ်လိုက်တဲ့ဧည့်သည်မှာ နှိုင်း သန့်စင်ခန်းထဲဝင်သွားတာနှင့် တဖက်ကိုအချက်ပေးကာ...
" စလှုပ်ရှားတော့ "
ပြောပြီးချက်ချင်း ထိုဧည့်သည်ပျောက်သွားပြီး လူတစ်စုက နှိုင်း ရှိရာသန့်စင်ခန်းဆီလိုက်သွားတော့သည် ။ နှိုင်း ဟာ သန့်စင်ခန်းထဲနောက်ထပ်လူတွေဝင်လာပေမယ့် လက်လေးလက်စကိုဆက်လုပ်နေခဲ့သည် ။ သို့သော် နောက်မှ ရုတ်တရက်ရောက်လာတဲ့လူနှစ်ယောက်က လက်ကိုင်ပဝါအဖြူနှင့်မေ့ဆေးအုပ်ကာချုပ်ထားတာကြောင့် တွန်းထိုးရုန်းကန်နေတဲ့ နှိုင်း အတွက် မေ့ဆေးကပို၍အားပြင်းနေခဲ့သည် ။
" အဆင်ပြေပြီ လမ်းကြောင်းရှင်းထား ငါတို့ပြန်ထွက်မယ် "
နှိုင်း ကို ဖမ်းကာခေါ်သွားတဲ့လူတစ်ခုဟာ ကျွမ်းကျင့စွာပင်ဘယ်သူမှသတိမထားမိလိုပ်ခင်မှာ ကားမောင်ထွက်သွားခဲ့ပြီဖြစ်သည် ။သန့်စင်ခန်းထဲမှာကျန်ရှိခဲ့တာဆိုလို့ ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ ကျန်ရှိခဲ့တဲ့ နှိုင်း တန်ဖိုးထားတဲ့ ဆွဲကြိုးလက်စွပ်လေးတစ်ကွင်း ။
_____________________________________________________________
နောက်တစ်ပိုင်းရင်ခုန်နေပြီ 😱🖤
#VOTE - CM ပေးခဲ့ရမယ်နော် ချစ်တယ် 🖤
#Oct - 26 - 2020
#Moewathan... 🖤
_____________________________________________________________
Zawgyi...
>>>>>>>>
.
.
" အင်း နည်းနည်း "
" ကျေနပ်တယ် "
" အင်း ဟုတ်တယ် .. "
" အဲ့ပုံအတွက်လား ... "
" ကိုကို ... ကိုကို ! "
" ဟုတ်ကဲ့သူဌေး "
" ပြီးရင် သွားမယ် "
" ဟမ် !! "
" မောင့် .. အ အွင့် ... အွန်းးး "
" ဟင် .. ? ဘာကို "
" မောင်ကတော့ကွာ "
" အရမ်းနာလား "
" ဟင် .. အာ နည်းနည်းပါ "
       >>>>>>>>>>>>>>>>>>>>>
" ကျေးဇူး "
" ကောင်းပြီလေ .. "
" Okay.. "
" Demon "
#Lucas..
* Good Luck *
" စလှုပ်ရှားတော့ "
_____________________________________________________________
#Oct - 26 - 2020
#Moewathan...
_____________________________________________________________
Continue Reading
You'll Also Like
29.4K 1.6K 30
แ€กแ€แ€ปแ€…แ€บแ€œแ€ฌแ€ธแ‹ แ€„แ€ซแ€ทแ€›แ€„แ€บแ€แ€ฝแ€„แ€บแ€€แ€ญแ€ฏ แ€แ€ถแ€แ€ซแ€ธแ€œแ€ฌแ€แ€ฑแ€ซแ€€แ€บแ€•แ€ผแ€ฎแ€ธ แ€„แ€ซแ€ทแ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€€แ€ญแ€ฏ แ€œแ€พแ€ฏแ€•แ€บแ€”แ€พแ€ญแ€ฏแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ‹ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท ... แ€แ€ญแ€ฏแ€ธแ€แ€ญแ€ฏแ€ธแ€œแ€ฑแ€ธแ‹ แ‹ โ€ข แ€แ€ปแ€…แ€บแ€แ€ฌแ€แ€ฝแ€ฑแŠ แ€™แ€ฑแ€แ€นแ€แ€ฌแ€แ€ฝแ€ฑแŠ แ€˜แ€ฌแ€แ€…แ€บแ€แ€ฏแ€™แ€พ แ€„แ€ซแ€™แ€žแ€ญแ€˜แ€ฐแ€ธแ‹ ...
209K 10.6K 57
แ€™แ€ฎแ€œแ€ปแ€ถแ€”แ€ฌแ€•แ€ฑแ€ซแ€€แ€บแ€…แ€”แ€ทแ€ฒ แ€˜แ€ฎแ€œแ€ปแ€ถแ€”แ€ฌsemeแ€แ€ญแ€ฏแ€ทแ€€แ€ผแ€ฌแ€ธแ€€love story แ€กsweet แ€แ€…แ€บแ€œแ€ญแ€ฏแ€„แ€บแ€ธ [ร—ร—ร—] No Translation #cv photo crd #10.12.2021แ€•แ€ผแ€Šแ€บแ€œแ€ฏแ€ถแ€ธแ€€แ€ปแ€ฝแ€แ€บแ€กแ€žแ€ถแ€แ€ญแ€แ€บแ€žแ€•แ€ญแ€แ€บแ€”แ€ฑแ€ทแ€แ€ฝแ€„แ€บ แ€•แ€ผแ€ฎแ€ธแ€™...