The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 2.5

6.7K 782 41
By khunsin

'ရှင်း ဆေးပေးဦး'
'100'
'Shit .. အမြတ်ကြီးစားလိုက်တာ'
'ငါ ကြိုပြောခဲ့သားပဲ။ မင်းဘာသာ ကြိုပြင်မလာခဲ့တာ'
ဖေးရဲ့ ရှင်းနဲ့ ထပ်မငြင်းနေတော့။ သူ့အကိုပေးတဲ့ဝတ်စုံ ဝတ်လာတာမို့ ပေါ့ပေါ့တန်တန် ဆေးမဆောင်ထားမိပေ။

ပိုင်လင်း ဆေးကို ကြိုသောက်ပြီး အဝတ်ကိုလည်း သေချာ ခါသည့်အပြင် အမှုန့်များကင်စင်သွားအောင် ကော်လိုစေးကပ်တဲ့ အမှုန့်ကို ရေအနည်းငယ်ထည့်၍ အလုံးလုပ်လိုက်ပြီး ထပ်လှိမ့်လိုက်သေးသည်။ သူကိုယ်တိုင် ဆေးသောက်ထားပေမယ့် သူ့အကိုဘက်ကို အမှုန့်တွေ လွင့်သွားမှာလည်း စိုးရိမ်တာကြောင့် ဖြစ်သည်။

"ပိုင်လင်းဝတ်စုံက ပထမမင်းသားနဲ့ ဆင်တူပါလား"
"ဟုတ်တယ်နော် .. အဲ့တာဆို ချန်ကျစ်မေက ပထမမင်းသားကို ဇွတ်ဝင်လုံးနေတာများလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း ချန်ကျစ်မေလို အရည်အချင်းရှိပြီး အလှဆုံးGer က ကြိုက်တဲ့သူ လက်ညိုးထိုး ရွေးရုံပဲဟာက်ို"
"ဟုတ်တယ် သူ ကုချင်းတီးတာကို ဘယ်သူမှ လိုက်မှီတယ်လို့ မကြားဖူးသေးဘူး"

"ဒါပေမယ့် ဟိုက မင်းသားလေ ချန်ကျစ်မေလို လူမျိုးတွေ အများကြီး ဝိုင်းနေတာ .. ချန်ကျစ်​မေဘက်က စပြီး ပိုးပန်းတာ မဟုတ်ဖူးလို့လည်း မပြောနိုင်ဘူး"
"ဒါပေမယ့် တဖက်က ပိုင်လင်းလေ .. ပိုင်လင်းနဲ့ ယှဉ်ရွေးရင် ဘယ်သူသာလဲ အသိသာကြီးပဲဟာ"

ချစ်ကျစ်မေ သူ့ကို မြှောက်ပြောနေကြတာ သဘောတွေကျနေပေမယ့် ပိုင်လင်းဝတ်စုံက မင်းသားနဲ့ ဆင်တူ ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ချေ။ မင်းကြီးကို ကြည့်တော့လည်း နှစ်ထောင်းအားရဖြစ်နေတဲ့ ရုပ်ကြီးနဲ့ မုတ်ဆိတ်မွှေးတောင် ပွတ်နေသေးသည်။ ပိုင်လင်းကလည်း ဘာလို့ ရုပ်မပျက် ထိုင်နေသေးတာလဲ အမှန်ဆို အာနိသင် ပြရတော့မှာလေ။

ချန်ကျစ်မေ မျက်နှာမှာ အမျိုးမျိုး ပြောင်းနေတာမို့ စုန့်ရိရန်က ချန်ကျစ်မေ စိတ်ကောက်နေတယ် ထင်သွားသည်။ "ကျစ်မေ အဲ့တာက ခမည်းတော် စီစဉ်ထားတာ ကိုယ် ဖွင့်တောင်မကြည့်လို့ စုံတွဲဝတ်စုံမှန်း မသိလိုက်ဖူး။ စိတ်မဆိုးပါနဲ့ကွာ .. နော်"
ချန်ကျစ်မေ အပြုံးလေးနဲ့ စိတ်မဆိုးကြောင်း ခေါင်းရမ်းပြလိုက်သည်။ အမြင်မှာတော့ သဘောထားကြီးသူကြီးပေါ့။

ယှဉ်ပြိုင်ပွဲပုံစံမှာ ကြည့်သူတွေ မပျင်းရအောင် ပထမပိုင်း ငါးပွဲသိုင်းပြိုင်ပြီး ငါးပွဲအနုပညာဖျော်ဖြေသည်။ ဒုတိယပိုင်းမှာ အဆင့်မြင့် သုံးပွဲသိုင်းပြိုင် သုံးပွဲဖျော်ဖြေဖြစ်သွားသည်။ တကယ့်ကောင်းတဲ့ သူများက နောက်ဆုံးမှ ပြိုင်ကြတာမို့ ပရိသတ်များကလည်း အဆုံးထိ စောင့်မျှော်ကြသည်။

"နောက်တစ်ယောက်" အုပ်ချုပ်ရေးဘက်အရာရှိတယောက်ရဲ့ သားဖြစ်သူက ရှေ့ပွဲမှာ အနိုင်ရခဲ့တာကြောင့် စင်ပေါ်မှ မခံချင်အောင် အမျိုးမျိုးပြောကာ နောက်ထပ်စိန်ခေါ်သူကို ခေါ်နေသည်။ အိမ်ရှေ့မင်းသားက ငယ်သားတယောက်ကို တခုခု တိုးတိုးကပ်ပြောနေသည်။ ထို့နောက် စစ်သူကြီးတဦး၏သား စင်ပေါ်တက်သွားသည်။ အဆင့်ကလည်း 3-3 (သိုင်းသုံးပွဲ-ဖျော်ဖြေရေးသုံးပွဲ)ကို ရောက်နေပြီမို့ ယှဉ်ပြိုင်မှုလည်း အရမ်း ပြင်းထန်လာသည်။

ထိုနှစ်ယောက် တိုက်ခိုက်နေရင်း ပိုင်လင်းတို့ ခုံအနီးကို တဖြည်းဖြည်း ရောက်လာနေသည်။ ပိုင်လင်း သတိထားနေစဉ်မှာပင် စစ်သူကြီးသားရဲ့ ဓားဝင်လာတာကြောင့် ယပ်တောင်နဲ့ ကာလိုက်မလို့ လုပ်တုန်း ထျင်လဲ့ရဲ့ ဓားကကာထားပေးပြီးသားဖြစ်နေသည်။

"ဝိုး ကျနော့ကိုကိုက အတော်ဆုံးပဲ" မျက်လုံးလေးကွေးတဲ့အထိရယ်ပြီး လက်ခုပ်လက်ဝါးတီးနေသည်။
ပိုင်လင်းပုံစံလေးက ဖြူစင်တာမို့ အားလုံးရင်ထဲမှာ ချစ်ခင်မှုများ အစားထိုး ဝင်ရောက်လာသည်။

ဒုက္ခိတဖြစ်နေပေမယ့် ထျင်လဲ့၏ မြန်ဆန်သွက်လက်မှု၊ လျှပ်တပြတ်အတွင်းမှာ ဓားကို ခုခံနိုင်မှုကိုလည်း လေးစားသွားကြသည်။ ထျင်အိမ်က စစ်သူကြီးဆိုတာ အလကား နာမည်ကြီးတာ မဟုတ်ဖူးပဲ။ ဒါပေမယ့် နှမြောစရာ တယောက်က ခြေထောက်မကောင်း တယောက်က မျက်နှာ အုပ်ထားရသည်။ ခဏအကြာမှာယှဉ်ပြိုင်မှု ပြီးသွားပြီး စစ်သူကြီး၏သားနိုင်သွားသည်။ စစ်သူကြီးသားက ထျင်လဲ့တို့ကို ဦးညွတ်၍ တောင်းပန်လိုက်သည်။ ထျင်လဲ့က ရတယ်ဆိုပြီး လက်ကာပြသည်။

'Host အဲ့တာ အိမ်ရှေ့စံလက်ချက်ပါ'
'ဟမ်.. သူငါ့ကို သတ်ချင်နေတာလား.. ဘာလို့လဲ'
'မဟုတ်ပါဘူး သူက Host ရဲ့ အင်္ကျီကို ပြဲစေချင်တာပါ။ သူပေးတဲ့ ဝတ်စုံ ဝတ်စေချင်လို့ပါ။ အစကတော့ မပြောတော့ဘူးလုပ်ပေမယ့် အဝတ်မလဲမချင်း ရပ်မယ် မထင်လို့ လာပြောပြပေးတာ။ အခုအစေခံတယောက် Host ပေါ် ဟင်းပန်းကန်မှောက်ဖို့ ထပ်မှာနေတာ ကြားခဲ့ပါတယ်'
'ဇာတ်လိုက်တွေ ရူးများရူးကုန်ကြတာလား'

ပြောနေစဉ်မှာပင် ဟင်းပန်းကန်မှောက်သွားလေပြီ။ ဟူး .. ဆီတွေနဲ့ကွာ .. ထပြီး အဝတ်လဲရပြန်သည်။

ဘုရင်ကတော့ သူရွေးထားတဲ့ သားမက်လေးရဲ့ အဖြစ်ကို ကြည့်ပြီး ခေါင်းသာယမ်းမိတော့သည်။ ဘာပဲဖြစ်ဖြစ် သူစီစဉ်တဲ့ဝတ်စုံက ဝတ်ပြီးပြီ။ အားလုံးကလည်း မင်းသားတစ်ရဲ့ ကြင်ယာတော်လောင်းမှန်းတော့ သိသွားကြပြီဆိုတော့ သူ့အကြံအောင်ပါပြီလေ။ ချန်ကျစ်မေကို ပိုင်လင်းနောက်မှာ သူရှိတယ်ဆိုတာကိုလည်း အထိုက်အလျှောက် သတိပေးသလို ဖြစ်မှာပါလို့ တွေးပြီး ဝတ်စုံလဲတာကို စိတ်ထဲ မထားတော့ပေ။ သို့သော် ... ပိုင်လင်း ပြန်ဝင်လာတော့ သောက်နေတဲ့ အရက်ခွက်တောင် သီးသွားသည်။
'အိမ်ရှေ့စံနဲ့ အရောင်ပြောင်းပြန်တွဲစပ်ထားတဲ့ စုံတွဲဝတ်စုံ❓'

ဟမ် .. အိမ်ရှေ့စံနဲ့ ပိုင်လင်းက ဘယ်တုန်းက သိသွားတာလဲ .. ဟုတ်သားပဲ ငြင်းနေတဲ့သားကိုပဲ ဇွတ် သွားဖိအားပေးနေမိတယ်။ အိမ်ရှေ့စံနဲ့ ပေးစားလိုက်လည်း ဖြစ်တာပဲကို။ ပိုင်လင်းမျက်နှာအခြေအနေကြောင့် မိဖုရားခေါင်တော့ မဖြစ်နိုင်ပေမယ့် အိမ်ရှေ့စံကြည့်ရတာ ပိုင်လင်းကို ဂရုစိုက်တဲ့ပုံပဲ။ ပိုင်လင်းဘဝလေး အဆင်ပြေပြေနေရလည်း ပြီးတာပဲလေ အိမ်ရှေ့စံနဲ့ဆိုလည်း ကောင်းသားပဲ။

ဘေးမှ မိဖုရားနှစ်ပါးမှာတော့ မျက်လုံးတွေ ပြူးနေကြသည်။ မိဖုရားခေါင်ဖြစ်သူ ပထမမင်းသားရဲ့အမေကတော့ 'ဒီကောက အတင့်ရဲလှချည်လား မင်းသားနှစ်ပါးလုံးကို မြှူဆွယ်ရဲတယ်❗️' လို့ တွေးနေပေမယ့် အိမ််ရှေ့စံရဲ့ အမေ ပထမမိဖုရားကတော့ ဒီကလေး(ပိုင်လင်း)ကတော့ လူမုန်းခံရတော့မှာပဲလို့ တွေးနေသည်။

"အိမ်ရှေ့စံနဲ့ ဝတ်စုံတူသလိုပဲနော် .. ဘယ်လိုဖြစ်သွားတာလဲ .. တိုက်ဆိုင်တာပဲလား"
"သူတမင်သွားလဲတာမှ မဟုတ်တာ ဟင်းတွေမှောက်ကျကုန်တာကြောင့်လေ"
"ဒါမှမဟုတ် ၂ယောက်လုံးက ပိုင်လင်းကို ပိုးပန်းနေတာလား .. "
"အဲ့တာလည်း ဖြစ်နိုင်တာပဲ စောစောက အိမ်ရှေ့စံက ပိုင်လင်းကိုတောင် ထကြိုသေးတယ်လေ"
"မသိတော့ဘူး ပန်းပေးတဲ့ အချိန်ကျမှ စောင့်ကြည့်စို့"

ထျင်လဲ့ကတော့ အဝတ်အစားလဲပြီး ပြန်ရောက်လာသောညီကို ကြည့်ပြီး သူများတွေ အေးဆေးထိုင်ပြီး ပွဲကြည့်နေရတဲ့အချိန်မှာ ခဏခဏအဝတ်ထလဲနေရတဲ့ ညီရဲ့ ဆိုးလွန်းတဲ့ကံကို အပြစ်တင်ရမလား၊ ဒီလောက် ထလဲနေရတာတောင် လဲစရာမကုန်သေးတဲ့ ညီရဲ့ ကောင်းလွန်းတဲ့ စန်းကိုပဲ အထင်ကြီးရမလား မသိတော့ပေ။ အံဩနေတဲ့ လူအုပ်ကြီးထဲမှာ ဒေါသထွက်နေတဲ့သူ တယောက်တော့ ရှိနေသည်။ ပိုင်လင်း ဒီတခါလည်း သူ့ကို မရွေးချယ်ခဲ့ပြန်ဘူး။

'Host .. '
'အွန်း .. ပြော'
'ဟီး ပြောရတာအားတော့နာပေမယ့် နောက်တယောက်....'
'ဘာ‼️ .. ဒီကမ္ဘာက မင်းသားတွေ အလုပ်မရှိဘူးလား .... အရမ်းကို အားယားနေကြတယ်'

ဒါပေမယ့် ပထမမင်းသားနဲ့ ချန်ကျစ်မေက သူ့ဆီ လာနေသည်။ "ပိုင်လင်း မင်း အဲ့တာ ဘာသဘောလဲ ငါ့ကို သက်သက် အရှက်ခွဲချင်တာလား"
"မင်းသား စကားပြော ဆင်ခြင်ပါ ကျနော့် ညီလေးက ဘာအမှားမှ မလုပ်ထားပါဘူး"

"အို .. ထျင်လဲ့ စစ်သူကြီးက ဒုက္ခိတ ဖြစ်ရုံမက မျက်လုံးပါ ကန်းနေတာပဲ။ သူဝတ်ထားတာ အိမ်ရှေ့စံနဲ့ တူနေတာ မတွေ့ဘူးလား။ ပထမမင်းသားရဲ့ ကြင်ယာတော်လောင်းပါလို့ ဆင်တူဝတ်စုံဝတ်ပြီးကြေညာပြီးမှ ထပ်ပြီး အိမ်ရှေ့စံနဲ့ စုံတွဲဝတ်စုံ ဝတ်လာတယ်ဆိုတော့ ပထမမင်းသားကို အရှက်ခွဲချင်တာ ရှင်းနေတာပဲ မဟုတ်ဖူးလား။"

ချဉ်ကျစ်မေလည်း တစထက်တစ ပိုင်လင်းကို ဖြုံလာသည်။ အိမ်ရှေ့စံနဲ့ တူတဲ့ဝတ်စုံနဲ့ ပိုင်လင်းစင်ပေါ်တက်လို့ မဖြစ်ဖူးလေ။ သူက ဒီနေ့ အတောက်ပဆုံး လင်းရမှာလေ။ သူ့ရဲ့spotlight ကို ပိုင်လင်းကို ပေးလိုက်လို့ ဘယ်ဖြစ်မလဲ။ ချန်ကျစ်မေက ပိုင်လင်းကို သူ့ထက် မှေးမှိန်နေစေချင်သည်။ အသုံးမကျတဲ့ အမှိုက်လို နန်းတော်ထဲကနေ လွှင့်ပစ်ချင်လှသည်။

ပထမမင်းသားက အစထဲကမှ အိမ်ရှေ့စံနဲ့ပက်သက်ရင်ကို အကောင်းမမြင်ပါဘူးဆို ချန်ကျစ်မေက ဘေးကနေ ပိုင်လင်းက မင်းသားကိုတောင် မျက်နှာသာမပေးကြောင်း၊ အိမ်ရှေ့စံနဲ့ ဆင်တူဝတ်စုံဝတ်ပြီး  တမင်အရှက်ရစေကြောင်း ထပ်ကာထပ်ကာ ပြောဆိုနေတာမို့ ဒေါသထွက်လာကာ ပိုင်လင်းကို စိတ်ကွက်လာသည်။

"အိမ်ရှေ့စံနဲ့ ပက်သက်နေကြောင်း အဲ့လို ထုတ်ဖော် ပြစရာလိုလို့လား .. ပထမမင်းသားနဲ့လည်း မရှင်း၊ ဒုတိယမင်းသားနဲ့လည်း မကင်း .. အရှက်ကိုမရှိဘူး"

ပိုင်လင်းအရမ်းဒေါသထိန်းထားရလွန်းလို့ လက်တွေတောင် တုန်နေလေပြီ။ ညီအကိုနှစ်ယောက်လုံးကို သက်သက်မဲ့ လာစော်ကားနေတာ။ ပထမမင်းသားက စိတ်မရှည်တော့ပဲ "မင်း အဝတ်သွားလဲမလား ငါလဲအောင် လုပ်ပေးရမလား" .. အစကတော့ ကြိတ်ဖြစ်နေကြတာ အခုတော့ မင်းသားရဲ့ အော်ဟစ်သံကြောင်း လူအများ အာရုံစိုက်လာကြသည်။

"မင်းသား ကျနော့်ညီလေးကို အခက်တွေ့အောင် မလုပ်ပါနဲ့ " ထျင်လဲ့က လက်တဖက်ဖြင့် ညီကိုကာပြီး ပြောဆိုသည်။

ပိုင်းလင်းကို ဂရုစိုက်နေတဲ့ အိမ်ရှေ့စံနဲ့ တတိယမင်းသားကလည်း ထလာကာ

"အကိုတော် ပိုင်လင်းက ဟင်းတွေ ပေကုန်လို့ လဲတာလေ။လဲဖို့မှ အစီအစဉ်ရှိလို့မှ မဟုတ်တာ။ ပြီးတော့ ဒီအင်္ကျီက ဒီပွဲအတွက် ကျနော်လက်ဆောင်ပေးထားတာ ဘာကပြသနာဖြစ်နေလို့လဲ" 

"ပြသနာကတော့ မင်းပဲ။ မင်းက ဘာလို့ အရာရာ ငါ့ဆီက လာလုနေရတာလဲ"

"ပိုင်လင်းကို လုယူတယ် ပြောရအောင် ပိုင်လင်းက ပစ္စည်းလည်း မဟုတ်ဖူး။ အကိုတော်သာ သူများ သားသမီးကို ယူမယ်လို့ စိတ်ကူးရင် မရှင်းမရှင်းတွေ လူအများရှေ့မှာ မလုပ်ပြနဲ့လေ။ ပိုင်လင်းက အကို၂ပေးတဲ့အင်္ကျီကို ရည်ရွယ်ချက်နဲ့ ဝတ်တယ်ပဲ ထားဦး၊ ဒါသူ့ရဲ့ရွေးချယ်ပိုင်ခွင့်ပဲ။ အကိုတော်ကျ အဲ့ဒီ ချန်အမျိုးနဲ့ ပလူးပလဲလုပ်နေတာ မဟုတ်ဖူးလား"   စကားနည်းပါတယ်ဆိုတဲ့ ရေခဲတုံးက ဒေါသဖြစ်ကာ ဝင်ပြောလေသည်။

"ငါက မင်းသားကွ။ ငါ့ဘာသာ မိဖုရားဘယ်နှယောက်ယူယူရတယ်။ သူဆိုတာက ကြင်ယာတော် ဖြစ်လာရင် ငါတယောက်တည်းကိုပဲ ကြည့်ရမှကွ"

ပိုင်လင်းမျက်နှာက ဒေါသကြောင့် နီရဲနေပြီး အံတင်းတင်းကြိတ်ထားသည်။ ဒေါသထွက်နေပြီး ဖွင့်ထုတ်ပြေဖို့လည်း မရတာကြောင့် မျက်ဝန်းကစိုစွတ်လာသည်။ စုန့်ရိမင်က ပိုင်လင်းရဲ့မိုးပြိုတော့မလို အခြေအနေကို မြင်တော့ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ နှစ်သိမ့်လိုက်သည်။

"ပိုင်လင်း ဘာမှ မဖြစ်ဘူး။ ကိုယ်ရှိတယ်။  ဘာမှ မဖြစ်ဖြစ် ကိုယ်အနားမှာ ရှိတယ်"

အန် .. ပိုင်လင်း ရုတ်တရက်ကြောင်သွားပေမယ့်

နွေးထွေးတယ်။

ရင်းနှီးတယ်။

ဒီရင်ခွင်ကျယ်က သက်တောင့်သက်သာရှိတယ်။

ဒါ .. ဒါက ..

မဖြစ်နိုင်ဘူး ..

ရန်ကျင့်က သေသွားပြီ ..

ရန်ကျင့်အကြောင်း တွေးမိတော့ မျက်ရည်က ဘယ်လိုမှ မထိန်းနိုင်တော့ပဲ ပေါက်ခနဲကျလာသည်။ ပိုင်လင်းက အံကြိတ်၍

"လဲပေးမယ်။ အိမ်ရှေ့စံနဲ့ မတူရင် ပြီးရောမလား။
ပထမမင်းသား မင်းက တော်တော် အဆင့်မရှိတဲ့ကောင်ပဲ။
မင်းစိတ်ဓာတ်ကြောင့် မင်းဘယ်လောက်ကြိုးစားစား အိမ်ရှေ့မင်းသားကို တသက်လုံး ယှဉ်နိုင်မှာ မဟုတ်ဖူး"

"မင်း"

ပိုင်လင်းက လူရှေ့မှာပင် ဝေဖန်ချလိုက်သည်။
ပြသနာ ဖြစ်တော့မယ့် ဆဲဆဲမှာ မင်းကြီးနားက အထိန်းတော်ကြီးရောက်လာပြီး ကိုယ့်နေရာ ကိုယ်ထိုင်ဖို့ လာပြောလေသည်။

မင်းသား၁က ချန်ကျစ်မေလက်ကိုဆွဲ၍ ကိုယ့်နေရာကိုယ် ခပ်တည်တည် ပြန်သွားထိုင်လိုက်သည်။ မင်းသား၁က သူလွန်သွားပြီမှန်း သိလိုက်ပေမယ့် အားနာရမည့်အစား ဒေါသအကြီးအကျယ် ထွက်နေသည်။ တကယ်ဆို ပိုင်လင်းက  သူ့အိမ်တော်မှာ လာနေတုန်းကလည်း ဘာပြသနာမှ မရှာ၊ သူ့ဘက်ကချည်းအလွန်။ အခုလည်း ပိုင်လင်းကို ဒီတိုင်းထားခဲ့ပြီး ချန်ကျစ်မေနဲ့ ထွက်လာတာတောင် ပိုင်လင်းက ဘာမှ ပြောတာမဟုတ်ဖူး။ သူ့နားတောင် လာမထိုင်ပဲအကိုနားပဲငြိမ်ငြိမ်လေးသွားထိုင်နေတာ။ ဒါပေမယ့် စုန့်ရိရန်ရဲ့ သမိုင်းမှာ အဆင့်နိမ့်သူကို တောင်းပန်ရိုး ထုံးစံမရှိ။

ထျင်လဲ့က သူငယ်ချင်းအိမ်ရှေ့စံရဲ့ လက်ကိုဆွဲလိုက်ကာ
"လီချင်း ... ငါ မကျေနပ်ဘူး"
"ထျင်လဲ့ မင်းစိတ်ချ .. ငါသေချာပေါက် သူတို့ကို ခံစားရစေမယ်"

စုန့်ရိရန် အသက်တချောင်း အပိုပါရင်တောင် အသက်မရှင်စေရဘူး။ ပိုင်လင်း ငိုတဲ့အထိ ဖြစ်သွားတော့ မင်းကြီးကလည်း မင်းသား၁ကို စိတ်ပျက်သွားသည်။

အားလုံးက စင်ပေါ်ကလူကို အာရုံမရကြတော့ပဲ စင်အောက်က ရန်ပွဲကိုသာ ကွက်ကြည့် ကွက်ကြည့် လုပ်နေသည်။  စင်ပေါ်က ပြိုင်ပွဲဝင်နေတဲ့တစ်ယောက်ကလည်း ကုကျန့်သာတီးနေတာ အာရုံမရပဲ ပိုင်လင်းတို့ကိုသာ ကြည့်နေပြီး တချက် တချက် တလွဲတွေ တီးနေသည်။

"ပိုင်လင်း စွန့်ပစ်ခံလိုက်ရတာလား"
"မင်းသား၁က သက်သက်ပြသနာရှာတာ"
"ပိုင်လင်းခမျာ ဘာမှတောင် ပြန်မပြောရှာဘူး ဒီလောက် သည်းခံတာကို"
"သည်းခံမှန်းသိတော့ သပ်သပ် အနိုင်ကျင့်တာပါဟယ် မင်းသား ဖြစ်ပြီးတော့"
"ဟဲ့ နင်တို့ တိတ်တိတ်နေစမ်း ခေါင်းမလိုချင်တော့ဘူးလား"

ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ယှဉ်ပြိုင်ပြီး ပြိုင်ပွဲက နောက်ဆုံးယှဉ်ပြိုင်သူကိုခေါ်တဲ့အဆင့်ထိသို့ပင် ရောက်လာလေပြီ။ ပိုင်လင်းကို ရန်ကျင့်က အနောက်ဆောင်သို့ ခေါ်သွားသည်။ ခုထိ ပြန်ထွက်မလာသေး။ 

စင်ပေါ်က သိုင်းပညာ အဆင့်7 ရှိတဲ့ လူနှစ်ယောက် ယှဉ်ပြိုင်နေရာမှ တယောက်က စင်ပေါ်ကနေ အခြားတစ်ယောက်ကို ကန်ချလိုက်ပြီး ပြိုင်ပွဲကို အနိုင်ယူလိုက်သည်။ လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်လာသည်။

နိုင်တဲ့သူက ပရိတ်သတ်ဘက်ကို လှည့်ပြီး အရိုအသေပေးလိုက်စဉ်မှာ မျက်လုံးက ပြူးပြီး ပါးစပ်အဟောင်းသားနဲ့ တနေရာကို ကြည့်နေသောကြောင့် သူကြည့်နေတဲ့ နေရာကို လှမ်းကြည့်လိုက်ကြသည်။ ရာဇပလ္လင်ပေါ်က ဘုရင်မှာလည်း စိတ်လှုပ်းရှားလွန်းလို့ မတ်တပ်တောင် ထရပ်မိသည်အထိ မိဖုရားနှစ်ပါးမှာလည်း ပါးစပ်ကို လက်နဲ့ကွယ်ပြီး အံ့ဩတကြီးနဲ့ ကြည့်နေသည်။ မင်းသား၁နဲ့ ချန်ကျစ်မေလည်း လှည့်ကြည့်လိုက်သည်။ 

တွေ့ရခဲလှသည့် ငွေမင်ရောင် ဆံပင်ရှည်ကို ဖြန့်ချထားပြီး ခရမ်းရောင် ကနုတ်များနှင့် မဟူရာဝတ်စုံကို ဝတ်ဆင်ထားသည်။ မျက်ခုံးထူထူ နှတံစင်စင်းလေးက နီစွေးနေသာ နှုတ်ခမ်းနှင့် တင့်တယ်လှပစွာ ညှို့ယူဖမ်းစားနိုင်လွန်းသည်။ မွေရာပါ အခက်ကလေးများက ယှက်သွယ်ပြီး ကြည်လင်ဖြူဝင်းသော အသားအရေ ပေါ်မှာ တမူထူးခြားစေသည်။ ပိုင်လင်းက မျက်နှာဖုံးဝတ်မထားတော့ပဲ ကျော့ရှင်းသိမ်မွေ့စွာ လျှောက်လှမ်းလာသည်။ ဘေးမှာလည်း စုန့်ရိမင်က တည်ကြည်လိုက်ဖက်စွာ အတူယှဉ်တွဲ၍ ဝင်လာသည်။ စုန့်ရိမင်က အံ့ဩမင်သက်နေသော လူထုကြီးကို ကြည့်၍ ဪ ခုနက ငါလိုပါပဲလားလို့ တွေးနေသည်။

ခေါင်းလျှော်နေသော  ပိုင်လင်းကို နားမလည်ပေမယ့် အရမ်းငိုထားတာကြောင့် စိတ်ကြည်အောင် နေမှာပါဆိုပြီး စိတ်ရှည်ရှည်ပဲ စောင့်နေလိုက်သည်။ ပိုင်လင်း ဆံပင်ငွေမင်ရောင်နှင့်လည်း ထွက်လာရော အခြားသူမှတ်လို့ ဓားကိုတောင် ကောက်ကိုင်လိုက်မိသေးသည်။ ထို့နောက်မှာတော့ အံဩမင်သက်မှုတို့က တခုပြီးတခု။ ခါတိုင်းဖုံးထားသော ပုဝါအောက်မှ မျက်နှာလေးက ရက်စက်စွာ လှနိုင်လွန်းသည်။ သူကိုယ်တိုင်ပဲ ဝတ်စုံကို ဝတ်ပေးလိုက်ပြီး ဆံပင်တွေ ခြောက်အောင်သုတ်ပေးကာ ဆံပင်တချို့ကို ဖဲကြိုးနှင့် စုစည်းပေးလိုက်သည်။ တလျှောက်လုံး ပိုင်လင်းက သူ့ကိုပဲ ကြည့်နေသည်မို့ ကိုယ့်နှလုံးခုန်သံကို တောင် ပြန်ကြားနေရသည်။ 

"ဝါး ချောရက်လိုက်တာ"
"တခါမှ ဒီလို ရက်ရက်စက်စက်လှတဲ့လူ မတွေ့ဖူးဘူး"
"ချန်ကျစ်မေချောတာ ဒီတယောက်ကို ခြေဖျားတောင် မမှီဘူး"
"မင်းသား၃ရဲ့ ကြင်ယာတော်လား ။ ဘယ်အိမ်တော်က တဲ့လဲ "

"အိုး မင်းသားသုံးရဲ့ ကြင်ယာတော် မဟုတ်လို့ကတော့ ဒီနေ့ငါ့ရဲ့ ပန်းကုံးလေးက သူ့အတွက်ပဲ"
"ဟင် မိန်းကလေးပေမယ့် အဲ့ဒီကောကို ပန်းပေးလို့ရလား ကြိုက်လိုက်တာဟယ်"
"အားး .. ငါသာယောကျ်ားလေးဆို သူ့ကိုပဲ ယူမှာ"

"လှချက်ပဲ ကောအချင်းချင်းတောင် ကြိုက်ချင်လာပြီ"
"နတ်ဘုရား ... တကယ့်ကို နတ်ဘုရားပဲ"
"မင်းသား၃က ခါတိုင်းနဲ့ မတူသလိုပဲ မင်းရော အဲ့လို ထင်လား"

"ဟုတ်တယ်နော် ခါတိုင်း အိမ်ရှေ့စံနောက်မှာ နေရင်နေ .. မနေရင် မင်းကြီးနားမှာပဲ နေတာ.. ဘယ်တုန်းကမှ ရှေ့ထွက်ခဲ့တာ မဟုတ်ဖူး"
"မင်းသား၃လေးကလည်း ချောပြီးခန့်လာလိုက်တာ .. အရင်က အကို့နား အဖေ့နား ကပ်နေတဲ့ ကလေးလို့ပဲ မြင်နေခဲ့တာလေ .."

'အိုး လှလိုက်တာ .. ကျစ်မေထက်တောင် လှသေးတယ် .. ဘယ်အိမ်ကလဲ .. ပွဲပြီးရင် ခမည်းတော်ကို ပြောပြီး .....'

မင်းသား၁ အတွေးတောင် မဆုံးလိုက်၊ ပိုင်လင်းက ကိုယ်နေရာကိုယ် ပြန်ထိုင်လိုက်သည်။

ထျင်လဲ့တောင် အံဩလွန်းပြီး စကားမပြောနိုင်တော့။ သူ့ညီလေးက သရုပ်မှန်ကို ဖုံးကွယ်ထားတယ်ဆိုတာ ဟိုတခေါက် ခေါင်းကိုင်လိုက်တဲ့အချိန် လက်မှာ အမည်းတွေစွန်းနေကတည်းက ရိပ်မိပေမယ့် ဒီလောက်ထိ လှရက်လိမ့်မယ်လို့တော့ မထင်ခဲ့ပေ။ နောက်ပြီး ဆံပင်တွေက ဘယ်လိုဖြစ်လို့ ငွေမင်ရောင် ပြောင်းသွားခဲ့တာလဲ။

"ကိုကို ကျနော့အတွက်နဲ့ ဘာမှ လုပ်ပေးစရာမလိုဘူး .. ကျနော့လက်နဲ့ကိုယ်တိုင် လက်စားချေမှာမို့"
"ဒါပေမယ့် .. "
"ကိုကို စောင့်ကြည့်နေ"

လူအုပ်ကြီးလည်း ပိုင်လင်းကို ကြည့်ပြီး ငေးနေရာမှ သတိဝင်လာသည်။ မင်းသား၁က မယုံကြည်နိုင်သော မျက်လုံးများဖြင့် 'အဲ့တာ ပိုင်လင်းတဲ့လား .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ပိုင်လင်းတဲ့လား'

"အဲ့တာ ပိုင်လင်းလား .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..ပိုင်လင်းက ရုပ်ဆိုးတယ်ဆို" ပရိသတ်တွေထဲမှာလည်း ကျွတ်စီကျွတ်စီနဲ့ တီးတိုးဝေဖန်နေကြသည်။

အိမ်ရှေ့စံမှာလည်း မနည်းကို ထိန်းချုပ်ပြီးမှ ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်နိုင်သည်။ တတိယမင်းသားကတော့ ပိုင်လင်းနားမှာပဲ မျက်နှာပြောင်တိုက်ပြီးဝင်ထိုင်သည်။ ပိုင်လင်းလည်း ဘာမှ မပြောပေ။ စင်ပေါ်ကအနိုင်ရရှိသူက နောက်ပွဲအတွက် ယှဉ်ပြိုင်မယ့်သူကို ခေါ်နေသည်။ ဘယ်သူမှ တက်မလာတော့ပေ။

ခါတိုင်းနှစ်တွေက မင်းသားသုံးက စိတ်မဝင်စားလို့ ဝင်မပါပေ။ မင်းသား ၁နဲ့ ၂က ကိုယ့်သိုင်းပညာအဆင့်သိပြီးသားဖြစ်တဲ့အပြင် ဆုမှာလည်း မင်းသားဖြစ်တဲ့ သူတို့အတွက် မက်စရာမဟုတ်တော့ ဝင်မပါခဲ့ပေ။

ဒီနှစ်တော့ စုန့်ရိရန်ဘေးမှာ ချန်ကျစ်မေလည်းရှိတဲ့အပြင် ပေးမယ့်ဆုကလည်း ရှားပါးတဲ့လက်နက်တစ်ခုလို့တော့ သိထားတာကြောင့် စုန့်ရိရန် မတ်တပ်ရပ်ကာ စင်ပေါ်တက်သွားသည်။ "ကျစ်မေ မင်းအတွက် အတော်ဆုံးဂုဏ်ပုဒ်ကို ယူလာပေးမယ်" ချန်ကျစ်မေကလည်း ပြုံးပြီး "ကျစ်မေလည်း ရှင့်အတွက် အတော်ဆုံး ဂုဏ်ပုဒ်ကို ယူပေးမယ်"

ချန်ကျစ်မေ ပိုင်လင်းကြောင့် shock ရနေရာကနေ မင်းသား၁စင်ပေါ်တက်သွားတာမြင်တော့ ဒီသိုင်းပြိုင်ပြီးရင် သူလည်း စင်ပေါ်တက်ဖို့ အချိန်တန်ပြီလို့ စဉ်းစားပြီး ပိုင်လင်းကိုလှောင်ပြုံးပြုံးလိုက်သည်။ ပိုင်လင်း မင်းကအဆင်းရှိပြီး အချင်းမရှိတော့ရော မင်းဘာလုပ်နိုင်မှာမို့လဲ ဟွန့် ကုချင်းမှာ ငါ့ထက်သာတဲ့သူ မရှိသေးဘူး

ခဏယှဉ်ပြိုင်အပြီးမှာပင် ခုနက အနိုင်ရတဲ့ တယောက် ရှုံးသွားသည်။
"မိုက်တယ်ဟေ့ .. မင်းသား၁အတော်ဆုံးပဲ"
ပရိသတ်လည်း ပြိုင်ပွဲသို့ အာရုံ ပြန်ရောက်သွားပြီး လက်ခုပ်လက်ဝါးပေးကာ အားပေးကြသည်။

စုန့်ရိရန် ထုံစံအတိုင်း နောက်ထပ်စိန်ခေါ်လာမည့်သူကို ပြန်၍ဖိတ်ခေါ်သည်။ "ယှဉ်နိုင်တဲ့သူရှိရင် ထွက်ခဲ့"
အိမ်ရှေ့စံက ထျင်လဲ့ကို ကတိပေးထားတာကြောင့် စုန့်ရိရန်ကို ဆုံးမဖို့ ထွက်မည်အပြု အရိပ်တစ်ခုက ရောက်နှင့်နေလေပြီ။

"မင်းသား၃ပါလား"
"အိမ်ရှေ့စံကလည်း ထွက်မလို့ လုပ်တယ်နော်။ ဒီနေ့ ကမ္ဘာကြီး ပြောင်းပြန်လည်သွားတာလား"
"မင်းသား၁က သိုင်းပညာအဆင့်8လေ မင်းသား၃က တခါမှလည်း သိုင်းတတ်တယ် ပြောသံမကြားဘူး.. အဆင်ပြေပါ့မလား"

မင်းကြီးက စိတ်ပူပြီး
"ရှောင်အိုက်လေး .. မင်းအကို၂ကိုပဲ ပြိုင်ခိုင်းလိုက်ပါလား .. မင်းတခါမှလည်း သိုင်းပြိုင်ဖူးတာလည်း မဟုတ်ပဲနဲ့ .. မင်းအကို၁က သိုင်ပညာအဆင့်8တောင် ရှိတာလေ"

အိမ်ရှေ့စံကတော့ အံ့ဩနေရာကနေ ပြုံးလိုက်သည်။ ရိမင် မင်းက ငါ့ကို အခွင့်အရေးတောင် မပေးဘူးပဲ။ ငါ့နောက်မှာ အမြဲဇွတ်ကပ်လိုက်တတ်တဲ့ ကလေးက အခုတော့ သူများကို ကာကွယ်ပေးတတ်နေပြီပေါ့။ မင်းက ကလေးပေါက်စ မဟုတ်တော့ဘူးပဲ။

တခြားလူတွေ စိတ်ပူနေချိန်မှာ အိမ်ရှေ့စံကတော့ အေးချမ်းစွာ ရေနွေးသောက်နေသည်။ ပိုင်လင်းက စုန်ရိမင်တက်သွားတော့ စိတ်လှုပ်ရှားသွားပြီး သေချာအာရုံစိုက်ကြည့်နေသည်။ ထျင်လဲ့လည်း အံဩကာ အိမ်ရှေ့စံဘက်ကို ကြည့်လိုက်သည်။ အိမ်ရှေ့စံက စိတ်မပူနဲ့ဆိုတဲ့ ပုံစံနဲ့ ခေါင်းတချက် ညိတ်ပြသည်။ ဘာပဲပြောပြော ရိမင်က အိမ်ရှေ့စံနဲ့ အမြဲပါလာတတ်တဲ့ ကလေးမို့ သူ့အတွက်လည်း ညီလေးလိုပင်။

မင်းသားသုံးက သက်တောင့်သက်သာ အနေအထားတဲ့ ဓားကို အောက်စိုက် ကိုင်ထားပြီး ရပ်နေသည်။ သို့သော် မျက်ဝန်းတစုံက ပြိုင်ဘက်ကို ကြည့်မနေပဲ ပိုင်လင်းဆီမှာသာ ဖြစ်သည်။ တကွင်းလုံး အပ်ကျသံတောင် မကြားအောင် တတိတ်ဆိတ်သွားသည်။ ပိုင်လင်းက ပွဲမစပဲ သူ့ကိုသာ လာကြည့်နေတာမို့ ကူကယ်ရာမဲ့စွာ ပြုံးသာပြလိုက်သည်။ အဲ့တော့မှ မင်းသားက နှုတ်ခမ်းလေးတွန့်ရုံ တချက်ပြုံးပြီး "စ"

ပြောပြီးတာနဲ့ ချက်ချင်း လေထုက ပြောင်းသွားသည်။ ရက်စက်သော ရန်လိုသော မှောင်မိုက်သော ကိုယ်ရှိန်ကိုယ်ဝါများ မင်းသား၃မှ ထွက်လာနေသည်

ပြိုင်ပွဲစနေပြီမို့ စကားမပြောတော့ပဲ ပြိုင်ပွဲကိုသာ အာရုံစိုက်နေပေမယ့် အားလုံးစိတ်ထဲမှာ တညီတညွတ်ထဲ စဉ်းစားနေတာက "ရေခဲတုံးက ပြုံးလိုက်တာလား .. မင်းသားသုံးမှာ ခါတိုင်းဒီလို မှောင်မိုက်တဲ့ ကိုယ်ရှိန်ကိုယ်ဝါမျိုး ရှိလို့လား ကြောက်စရာကောင်းလိုက်တာ"

တိုက်ပွဲမှု ပြင်ထန်လွန်းလို့ ကြည့်နေတဲ့သူတွေမှာ အသက်တောင် ပြင်းပြင်း မရှုရဲကြ .. ဓားချင်းခတ်သံ လက်ဝါးရိုက်ချက်များ ခြေကန်ချက်များက တစ်ခုခုဆို အသက်ပါ ပါသွားနိုင်သည်။ တချက် တချက် လုံးထွေးနေရာမှ လူကွဲပြီး ထွက်လာတိုင်းမှာ စုန့်ရိရန် ခန္ဓာကိုယ်မှာ ဒဏ်ရာ တချက် တိုးလာသည်။ ဓားဒဏ်ရာမဟုတ်ပဲ ဓားပြားနဲ့ ရိုက်ခံရတာ ဓားဖနောင့်နဲ့ ထိုးခံရတာ လက်ဝါးရိုက်ချက်မိတာ အဲ့တာမျိုးတွေ ဖြစ်သည်။

သေလောက်အောင် ပြင်းထန်တာမျိုး မဟုတ်ပေမယ့် အခါ20 လောက် ပစ်လဲပြီးနောက် စုန့်ရိရန်မှာ အားအတော်ကုန်လာပြီး စိတ်ဓာတ်လည်း ကျလာသည်။ မဖြစ်ဖူး ကျစ်မေကို ကတိပေးထားတယ် .. အားတင်းကာ ထပြီး အရက်စက်ဆုံး အပြင်းထန်ဆုံး တိုက်ကွက် ထုတ်လိုက်ပေမယ့် စုန့်ရိမင်က အလှပဆုံးရှောင်ကာ ချက်ချင် တန်ပြန်တိုက်ကွက်ဆင်လာသည်။ နောက်ဆုံး ခြေကန်ချက် တချက်ကြောင့် လေပေါ်လွင့်သွားသသည်။ စင်အောက်ပြုတ်ကျရင် ရှုံးပြီမို့ သွားပြီလို့ လက်လျှော့လိုက်ပေမယ့် စုန့်ရိမင်က လက်တဖက်ကနေ ဆွဲထားကာ စင်ပေါ် ပြန်ဆွဲမြှောက်လိုက်ပြီး နောက်ထပ်တချက် ထပ်ကန်သည်။ ထို့နောက် အားမရသေားဟန်ဖြင့် လေထဲမှ မပြုတ်ကျခင်မှာပင် သုံးချက် ထပ်ပြီး ဆင့်ကန်ပြန်သည်။
"ဘုန်း" စုန့်ရိရန် အရုပ်ကြိုးပျက် ကျလာသည်။

ဒီအခြေအနေကို နားလည်တာ ပိုင်လင်းတစ်ယောက်ပဲ ရှိသည်။ စုန့်ရိမင်က စုန့်ရိရန်ကို တော်ရုံဒဏ်ရာတွေပဲလို့ ယူဆလို့ ရပေမယ့် အားလုံးက တိတိကျကျ တွက်ချက်ပြီးမှ ပေးခဲ့တဲ့ ထိုးနှက်ချက်တွေ ဖြစ်သည်။ စုန့်ရိရန် အခုထနေနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်တွင်းသွေးယိုစိမ့်မှု တစိမ့်စိမ့် ဖြစ်ပြီး အရမ်းခံစားပြီးမှ သေရလိမ့်မည်။

အချိန်အကြာကြီးနေမှ သိကြမှာမို့ ဘယ်သူမှလည်း သူသတ်တယ်လို့လည်း ထင်မှာ မဟုတ်တော့။ သူ ရိမင်ကို လက်မအကြီးကြီး ပေးလိုက်သည်။ ကောင်းတယ် .. အကျင့်မကောင်းတဲ့ကောင် ခံပေတော့။ ငါတောင် လက်စားချေစရာ မလိုတော့ဘူး။

ချန်ကျစ်မေက စုန့်ရိရန် ရှုံးသွားလို့ စိတ်အကြီးအကျယ် ပျက်သွားပေမယ့် စုန့်ရိမင်ကလည်း သူ့မျက်စိထဲမှာ အရမ်းခန့်ညားနေသည်။ သူသာဆုရရင် ရိမင်နဲ့ အတူတူ ဆုယူရမှာ ဖြစ်သည်။ ဒီလိုတွေးမိတော့ စိတ်ထဲမှာ ပျော်နေသည်။ အပြင်မှာတော့ စုန့်ရိရန်ကို စိတ်ပူတဲ့ ဟန်မျိုးလေးနဲ့ ဂရုစိုက်ပေးနေသည်။

စုန့်ရိမင် ပြိုင်ပွဲပြီးတာနဲ့ စိန်ခေါ်သူတွေ ဘာတွေ ထပ်ခေါ်ခြင်းမျိုး မလုပ်၊ ပိုင်လင်းကိုသာ တချက်ကြည့်ပြီး ကိုယ့်နေရာကိုယ် ပြန်သွားထိုင်နေသည်။

ဘုရင်မှာလည်း ဘာပြောရမှန်းမသိတော့။ ဒီလောက်ဒေါသထွက်နေတဲ့ ရိမင်ကို မမြင်ဖူးသလို သူ၏ သားအငယ်ဆုံးက သိုင်းပညာရက်စက်အောင်တော်မှန်းကိူလည်း မသိခဲ့။ ရိမင်ကိုလည်း နိုင်မည့်သူ မရှိလောက်တော့ဟု ယူဆပြီး အနုပညာဘက်ကတစ်ယောက် တက်လာဖို့သာ ပြောလိုက်ရသည်။

စုန့်ရိရန် ထိုင်ခုံမှာ ပြန်ထိုင်နေနိုင်ပြီမို့ ချန်ကျစ်မေတစ်ယောက် စင်ပေါ်တက်လာသည်။ စုန့်ရိရန်မှာ အပြောကြီး ပြောပြီး ရှုံးသွားတာမို့ ဘာမှ မပြောနိုင်။ ပိုင်လင်းကို ကြည့်လိုက်တော့ ပိုင်လင်းက စုန့်ရိမင် စင်ပေါ်ကဆင်းသွားတာနဲ့ မျက်နှာဖုံးထားတုန်းက ကောင်းကောင်းမစားလိုက်ရတဲ့ အစားတွေကိုသာ အငြိုးတကြီးနဲ့ စားနေသည်။

ထျင်လဲ့က ဘေးကနေ မျက်နှာသုတ်ပေးလိုက် ရေထည့်ပေးလိုက်နှင့်။ စုန့်ရိမင်နဲ့ စုန့်လီချင်းကို ကြည့်လိုက်တော့လည်း အာရုံက ပိုင်လင်းဆီမှာသာ။ ချန်ကျစ်မေ သူ့ကို မင်းသားသုံးက လှည့်တောင် မကြည့်တာမို့ နှုတ်ခမ်းကိုက်လိုက်သည်။ ကုချင်းကို နေရာချလိုက်တာနဲ့ ပရိသတ်များက လက်ခုပ်တီးလိုက်ပြီး အားပေးကြသည်။ ဘာပဲဖြစ်ဖြစ် ချန်ကျစ်မေက အတော်ဆုံး ကုချင်းတီးနိုင်တဲ့သူလေ။

ညီအကိုသုံးယောက်မှလွဲ၍ ဘုရင်ကအစ မျှော်လင့်နေတဲ့ ပုံစံလေးနဲ့ အာရုံစိုက်နေသည်။ ချန်ကျစ်မေ ထိုခေတ်ရဲ့ အကောင်းဆုံး အခက်ဆုံး သီချင်းကို စတင်တီးလိုက်သည်။ အားလုံးက သံစဉ်နဲ့အတူ လိုက်ပါ စီးမျောပြီး ခံစားကြသည်။ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ အရမ်းကို နားထောင်လို့ကောင်းသည်။ လက်များကလည်း ကုချင်းပေါ်မှာ လှပစွာ သွက်လက် ကျွမ်းကျင်စွာပြေးနေပြီး လှပတဲ့ ကိုယ်ခန္ဓာနဲ့ လိုက်ဖက်ညီစွာ တချက် တချက် ဝင့်ကြည့်တဲ့ အပြုံးကလည်း စွဲမက်လောက်သည်။

မင်းသား၁မှာ ကျေနပ်ပြီး ချန်ကျစ်မေ၏အလှက်ု ရှုစားပြီး သံစဉ်ကို ခံစားနေသည်။ ကမ္ဘာမှာ သူ့လောက် ကံကောင်းတဲ့သူ ရှိပါဦးမလား။ အလှပဆုံးကောကို ရထားတဲ့အပြင် ထိုကောက အလှဆုံးသံစဉ်တွေလည်း တီးခတ် ဖျော်ဖြေပေးနိုင်သေးတယ် .. သူရှုံးသွားပေမယ့် ချန်ကျစ်မေအတွက် ဂုဏ်ယူတယ်။ ပိုင်လင်းက ချောတော့ရော သူ့အတွက် ဘာအသုံးဝင်တာကျလို့။

🟥🟥🟥🟥🟥🟥

'ရွင္း ေဆးေပးဦး'
'100'
'Shit .. အျမတ္ႀကီးစားလိုက္တာ'
'ငါ ႀကိဳေျပာခဲ့သားပဲ။ မင္းဘာသာ ႀကိဳျပင္မလာခဲ့တာ'
ေဖးရဲ႕ ရွင္းနဲ႔ ထပ္မျငင္းေနေတာ့။ သူ႔အကိုေပးတဲ့ဝတ္စုံ ဝတ္လာတာမို႔ ေပါ့ေပါ့တန္တန္ ေဆးမေဆာင္ထားမိေပ။

ပိုင္လင္း ေဆးကို ႀကိဳေသာက္ၿပီး အဝတ္ကိုလည္း ေသခ်ာ ခါသည့္အျပင္ အမႈန္႔မ်ားကင္စင္သြားေအာင္ ေကာ္လိုေစးကပ္တဲ့ အမႈန္႔ကို ေရအနည္းငယ္ထည့္၍ အလုံးလုပ္လိုက္ၿပီး ထပ္လွိမ့္လိုက္ေသးသည္။ သူကိုယ္တိုင္ ေဆးေသာက္ထားေပမယ့္ သူ႔အကိုဘက္ကို အမႈန္႔ေတြ လြင့္သြားမွာလည္း စိုးရိမ္တာေၾကာင့္ ျဖစ္သည္။

"ပိုင္လင္းဝတ္စုံက ပထမမင္းသားနဲ႔ ဆင္တူပါလား"
"ဟုတ္တယ္ေနာ္ .. အဲ့တာဆို ခ်န္က်စ္ေမက ပထမမင္းသားကို ဇြတ္ဝင္လုံးေနတာမ်ားလား"

"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလည္း ခ်န္က်စ္ေမလို အရည္အခ်င္းရွိၿပီး အလွဆုံးGer က ႀကိဳက္တဲ့သူ လက္ညိဳးထိုး ေ႐ြး႐ုံပဲဟာက္ို"
"ဟုတ္တယ္ သူ ကုခ်င္းတီးတာကို ဘယ္သူမွ လိုက္မွီတယ္လို႔ မၾကားဖူးေသးဘူး"

"ဒါေပမယ့္ ဟိုက မင္းသားေလ ခ်န္က်စ္ေမလို လူမ်ိဳးေတြ အမ်ားႀကီး ဝိုင္းေနတာ .. ခ်န္က်စ္​ေမဘက္က စၿပီး ပိုးပန္းတာ မဟုတ္ဖူးလို႔လည္း မေျပာႏိုင္ဘူး"
"ဒါေပမယ့္ တဖက္က ပိုင္လင္းေလ .. ပိုင္လင္းနဲ႔ ယွဥ္ေ႐ြးရင္ ဘယ္သူသာလဲ အသိသာႀကီးပဲဟာ"

ခ်စ္က်စ္ေမ သူ႔ကို ေျမႇာက္ေျပာေနၾကတာ သေဘာေတြက်ေနေပမယ့္ ပိုင္လင္းဝတ္စုံက မင္းသားနဲ႔ ဆင္တူ ျဖစ္လိမ့္မယ္လို႔ မထင္မိခဲ့ေခ်။ မင္းႀကီးကို ၾကည့္ေတာ့လည္း ႏွစ္ေထာင္းအားရျဖစ္ေနတဲ့ ႐ုပ္ႀကီးနဲ႔ မုတ္ဆိတ္ေမႊးေတာင္ ပြတ္ေနေသးသည္။ ပိုင္လင္းကလည္း ဘာလို႔ ႐ုပ္မပ်က္ ထိုင္ေနေသးတာလဲ အမွန္ဆို အာနိသင္ ျပရေတာ့မွာေလ။

ခ်န္က်စ္ေမ မ်က္ႏွာမွာ အမ်ိဳးမ်ိဳး ေျပာင္းေနတာမို႔ စုန္႔ရိရန္က ခ်န္က်စ္ေမ စိတ္ေကာက္ေနတယ္ ထင္သြားသည္။ "က်စ္ေမ အဲ့တာက ခမည္းေတာ္ စီစဥ္ထားတာ ကိုယ္ ဖြင့္ေတာင္မၾကည့္လို႔ စုံတြဲဝတ္စုံမွန္း မသိလိုက္ဖူး။ စိတ္မဆိုးပါနဲ႔ကြာ .. ေနာ္"
ခ်န္က်စ္ေမ အၿပဳံးေလးနဲ႔ စိတ္မဆိုးေၾကာင္း ေခါင္းရမ္းျပလိုက္သည္။ အျမင္မွာေတာ့ သေဘာထားႀကီးသူႀကီးေပါ့။

ယွဥ္ၿပိဳင္ပြဲပုံစံမွာ ၾကည့္သူေတြ မပ်င္းရေအာင္ ပထမပိုင္း ငါးပြဲသိုင္းၿပိဳင္ၿပီး ငါးပြဲအႏုပညာေဖ်ာ္ေျဖသည္။ ဒုတိယပိုင္းမွာ အဆင့္ျမင့္ သုံးပြဲသိုင္းၿပိဳင္ သုံးပြဲေဖ်ာ္ေျဖျဖစ္သြားသည္။ တကယ့္ေကာင္းတဲ့ သူမ်ားက ေနာက္ဆုံးမွ ၿပိဳင္ၾကတာမို႔ ပရိသတ္မ်ားကလည္း အဆုံးထိ ေစာင့္ေမွ်ာ္ၾကသည္။

"ေနာက္တစ္ေယာက္" အုပ္ခ်ဳပ္ေရးဘက္အရာရွိတေယာက္ရဲ႕ သားျဖစ္သူက ေရွ႕ပြဲမွာ အႏိုင္ရခဲ့တာေၾကာင့္ စင္ေပၚမွ မခံခ်င္ေအာင္ အမ်ိဳးမ်ိဳးေျပာကာ ေနာက္ထပ္စိန္ေခၚသူကို ေခၚေနသည္။ အိမ္ေရွ႕မင္းသားက ငယ္သားတေယာက္ကို တခုခု တိုးတိုးကပ္ေျပာေနသည္။ ထို႔ေနာက္ စစ္သူႀကီးတဦး၏သား စင္ေပၚတက္သြားသည္။ အဆင့္ကလည္း 3-3 (သိုင္းသုံးပြဲ-ေဖ်ာ္ေျဖေရးသုံးပြဲ)ကို ေရာက္ေနၿပီမို႔ ယွဥ္ၿပိဳင္မႈလည္း အရမ္း ျပင္းထန္လာသည္။

ထိုႏွစ္ေယာက္ တိုက္ခိုက္ေနရင္း ပိုင္လင္းတို႔ ခုံအနီးကို တျဖည္းျဖည္း ေရာက္လာေနသည္။ ပိုင္လင္း သတိထားေနစဥ္မွာပင္ စစ္သူႀကီးသားရဲ႕ ဓားဝင္လာတာေၾကာင့္ ယပ္ေတာင္နဲ႔ ကာလိုက္မလို႔ လုပ္တုန္း ထ်င္လဲ့ရဲ႕ ဓားကကာထားေပးၿပီးသားျဖစ္ေနသည္။

"ဝိုး က်ေနာ့ကိုကိုက အေတာ္ဆုံးပဲ" မ်က္လုံးေလးေကြးတဲ့အထိရယ္ၿပီး လက္ခုပ္လက္ဝါးတီးေနသည္။
ပိုင္လင္းပုံစံေလးက ျဖဴစင္တာမို႔ အားလုံးရင္ထဲမွာ ခ်စ္ခင္မႈမ်ား အစားထိုး ဝင္ေရာက္လာသည္။

ဒုကၡိတျဖစ္ေနေပမယ့္ ထ်င္လဲ့၏ ျမန္ဆန္သြက္လက္မႈ၊ လွ်ပ္တျပတ္အတြင္းမွာ ဓားကို ခုခံႏိုင္မႈကိုလည္း ေလးစားသြားၾကသည္။ ထ်င္အိမ္က စစ္သူႀကီးဆိုတာ အလကား နာမည္ႀကီးတာ မဟုတ္ဖူးပဲ။ ဒါေပမယ့္ ႏွေျမာစရာ တေယာက္က ေျခေထာက္မေကာင္း တေယာက္က မ်က္ႏွာ အုပ္ထားရသည္။ ခဏအၾကာမွာယွဥ္ၿပိဳင္မႈ ၿပီးသြားၿပီး စစ္သူႀကီး၏သားႏိုင္သြားသည္။ စစ္သူႀကီးသားက ထ်င္လဲ့တို႔ကို ဦးၫြတ္၍ ေတာင္းပန္လိုက္သည္။ ထ်င္လဲ့က ရတယ္ဆိုၿပီး လက္ကာျပသည္။

'Host အဲ့တာ အိမ္ေရွ႕စံလက္ခ်က္ပါ'
'ဟမ္.. သူငါ့ကို သတ္ခ်င္ေနတာလား.. ဘာလို႔လဲ'
'မဟုတ္ပါဘူး သူက Host ရဲ႕ အက်ႌကို ၿပဲေစခ်င္တာပါ။ သူေပးတဲ့ ဝတ္စုံ ဝတ္ေစခ်င္လို႔ပါ။ အစကေတာ့ မေျပာေတာ့ဘူးလုပ္ေပမယ့္ အဝတ္မလဲမခ်င္း ရပ္မယ္ မထင္လို႔ လာေျပာျပေပးတာ။ အခုအေစခံတေယာက္ Host ေပၚ ဟင္းပန္းကန္ေမွာက္ဖို႔ ထပ္မွာေနတာ ၾကားခဲ့ပါတယ္'
'ဇာတ္လိုက္ေတြ ႐ူးမ်ား႐ူးကုန္ၾကတာလား'

ေျပာေနစဥ္မွာပင္ ဟင္းပန္းကန္ေမွာက္သြားေလၿပီ။ ဟူး .. ဆီေတြနဲ႔ကြာ .. ထၿပီး အဝတ္လဲရျပန္သည္။

ဘုရင္ကေတာ့ သူေ႐ြးထားတဲ့ သားမက္ေလးရဲ႕ အျဖစ္ကို ၾကည့္ၿပီး ေခါင္းသာယမ္းမိေတာ့သည္။ ဘာပဲျဖစ္ျဖစ္ သူစီစဥ္တဲ့ဝတ္စုံက ဝတ္ၿပီးၿပီ။ အားလုံးကလည္း မင္းသားတစ္ရဲ႕ ၾကင္ယာေတာ္ေလာင္းမွန္းေတာ့ သိသြားၾကၿပီဆိုေတာ့ သူ႔အႀကံေအာင္ပါၿပီေလ။ ခ်န္က်စ္ေမကို ပိုင္လင္းေနာက္မွာ သူရွိတယ္ဆိုတာကိုလည္း အထိုက္အေလွ်ာက္ သတိေပးသလို ျဖစ္မွာပါလို႔ ေတြးၿပီး ဝတ္စုံလဲတာကို စိတ္ထဲ မထားေတာ့ေပ။ သို႔ေသာ္ ... ပိုင္လင္း ျပန္ဝင္လာေတာ့ ေသာက္ေနတဲ့ အရက္ခြက္ေတာင္ သီးသြားသည္။
'အိမ္ေရွ႕စံနဲ႔ အေရာင္ေျပာင္းျပန္တြဲစပ္ထားတဲ့ စုံတြဲဝတ္စုံ❓'

ဟမ္ .. အိမ္ေရွ႕စံနဲ႔ ပိုင္လင္းက ဘယ္တုန္းက သိသြားတာလဲ .. ဟုတ္သားပဲ ျငင္းေနတဲ့သားကိုပဲ ဇြတ္ သြားဖိအားေပးေနမိတယ္။ အိမ္ေရွ႕စံနဲ႔ ေပးစားလိုက္လည္း ျဖစ္တာပဲကို။ ပိုင္လင္းမ်က္ႏွာအေျခအေနေၾကာင့္ မိဖုရားေခါင္ေတာ့ မျဖစ္ႏိုင္ေပမယ့္ အိမ္ေရွ႕စံၾကည့္ရတာ ပိုင္လင္းကို ဂ႐ုစိုက္တဲ့ပုံပဲ။ ပိုင္လင္းဘဝေလး အဆင္ေျပေျပေနရလည္း ၿပီးတာပဲေလ အိမ္ေရွ႕စံနဲ႔ဆိုလည္း ေကာင္းသားပဲ။

ေဘးမွ မိဖုရားႏွစ္ပါးမွာေတာ့ မ်က္လုံးေတြ ျပဴးေနၾကသည္။ မိဖုရားေခါင္ျဖစ္သူ ပထမမင္းသားရဲ႕အေမကေတာ့ 'ဒီေကာက အတင့္ရဲလွခ်ည္လား မင္းသားႏွစ္ပါးလုံးကို ျမႇဴဆြယ္ရဲတယ္❗️' လို႔ ေတြးေနေပမယ့္ အိမ္္ေရွ႕စံရဲ႕ အေမ ပထမမိဖုရားကေတာ့ ဒီကေလး(ပိုင္လင္း)ကေတာ့ လူမုန္းခံရေတာ့မွာပဲလို႔ ေတြးေနသည္။

"အိမ္ေရွ႕စံနဲ႔ ဝတ္စုံတူသလိုပဲေနာ္ .. ဘယ္လိုျဖစ္သြားတာလဲ .. တိုက္ဆိုင္တာပဲလား"
"သူတမင္သြားလဲတာမွ မဟုတ္တာ ဟင္းေတြေမွာက္က်ကုန္တာေၾကာင့္ေလ"
"ဒါမွမဟုတ္ ၂ေယာက္လုံးက ပိုင္လင္းကို ပိုးပန္းေနတာလား .. "
"အဲ့တာလည္း ျဖစ္ႏိုင္တာပဲ ေစာေစာက အိမ္ေရွ႕စံက ပိုင္လင္းကိုေတာင္ ထႀကိဳေသးတယ္ေလ"
"မသိေတာ့ဘူး ပန္းေပးတဲ့ အခ်ိန္က်မွ ေစာင့္ၾကည့္စို႔"

ထ်င္လဲ့ကေတာ့ အဝတ္အစားလဲၿပီး ျပန္ေရာက္လာေသာညီကို ၾကည့္ၿပီး သူမ်ားေတြ ေအးေဆးထိုင္ၿပီး ပြဲၾကည့္ေနရတဲ့အခ်ိန္မွာ ခဏခဏအဝတ္ထလဲေနရတဲ့ ညီရဲ႕ ဆိုးလြန္းတဲ့ကံကို အျပစ္တင္ရမလား၊ ဒီေလာက္ ထလဲေနရတာေတာင္ လဲစရာမကုန္ေသးတဲ့ ညီရဲ႕ ေကာင္းလြန္းတဲ့ စန္းကိုပဲ အထင္ႀကီးရမလား မသိေတာ့ေပ။ အံဩေနတဲ့ လူအုပ္ႀကီးထဲမွာ ေဒါသထြက္ေနတဲ့သူ တေယာက္ေတာ့ ရွိေနသည္။ ပိုင္လင္း ဒီတခါလည္း သူ႔ကို မေ႐ြးခ်ယ္ခဲ့ျပန္ဘူး။

'Host .. '
'အြန္း .. ေျပာ'
'ဟီး ေျပာရတာအားေတာ့နာေပမယ့္ ေနာက္တေယာက္....'
'ဘာ‼️ .. ဒီကမာၻက မင္းသားေတြ အလုပ္မရွိဘူးလား .... အရမ္းကို အားယားေနၾကတယ္'

ဒါေပမယ့္ ပထမမင္းသားနဲ႔ ခ်န္က်စ္ေမက သူ႔ဆီ လာေနသည္။ "ပိုင္လင္း မင္း အဲ့တာ ဘာသေဘာလဲ ငါ့ကို သက္သက္ အရွက္ခြဲခ်င္တာလား"
"မင္းသား စကားေျပာ ဆင္ျခင္ပါ က်ေနာ့္ ညီေလးက ဘာအမွားမွ မလုပ္ထားပါဘူး"

"အို .. ထ်င္လဲ့ စစ္သူႀကီးက ဒုကၡိတ ျဖစ္႐ုံမက မ်က္လုံးပါ ကန္းေနတာပဲ။ သူဝတ္ထားတာ အိမ္ေရွ႕စံနဲ႔ တူေနတာ မေတြ႕ဘူးလား။ ပထမမင္းသားရဲ႕ ၾကင္ယာေတာ္ေလာင္းပါလို႔ ဆင္တူဝတ္စုံဝတ္ၿပီးေၾကညာၿပီးမွ ထပ္ၿပီး အိမ္ေရွ႕စံနဲ႔ စုံတြဲဝတ္စုံ ဝတ္လာတယ္ဆိုေတာ့ ပထမမင္းသားကို အရွက္ခြဲခ်င္တာ ရွင္းေနတာပဲ မဟုတ္ဖူးလား။"

ခ်ဥ္က်စ္ေမလည္း တစထက္တစ ပိုင္လင္းကို ၿဖဳံလာသည္။ အိမ္ေရွ႕စံနဲ႔ တူတဲ့ဝတ္စုံနဲ႔ ပိုင္လင္းစင္ေပၚတက္လို႔ မျဖစ္ဖူးေလ။ သူက ဒီေန႔ အေတာက္ပဆုံး လင္းရမွာေလ။ သူ႔ရဲ႕spotlight ကို ပိုင္လင္းကို ေပးလိုက္လို႔ ဘယ္ျဖစ္မလဲ။ ခ်န္က်စ္ေမက ပိုင္လင္းကို သူ႔ထက္ ေမွးမွိန္ေနေစခ်င္သည္။ အသုံးမက်တဲ့ အမႈိက္လို နန္းေတာ္ထဲကေန လႊင့္ပစ္ခ်င္လွသည္။

ပထမမင္းသားက အစထဲကမွ အိမ္ေရွ႕စံနဲ႔ပက္သက္ရင္ကို အေကာင္းမျမင္ပါဘူးဆို ခ်န္က်စ္ေမက ေဘးကေန ပိုင္လင္းက မင္းသားကိုေတာင္ မ်က္ႏွာသာမေပးေၾကာင္း၊ အိမ္ေရွ႕စံနဲ႔ ဆင္တူဝတ္စုံဝတ္ၿပီး  တမင္အရွက္ရေစေၾကာင္း ထပ္ကာထပ္ကာ ေျပာဆိုေနတာမို႔ ေဒါသထြက္လာကာ ပိုင္လင္းကို စိတ္ကြက္လာသည္။

"အိမ္ေရွ႕စံနဲ႔ ပက္သက္ေနေၾကာင္း အဲ့လို ထုတ္ေဖာ္ ျပစရာလိုလို႔လား .. ပထမမင္းသားနဲ႔လည္း မရွင္း၊ ဒုတိယမင္းသားနဲ႔လည္း မကင္း .. အရွက္ကိုမရွိဘူး"

ပိုင္လင္းအရမ္းေဒါသထိန္းထားရလြန္းလို႔ လက္ေတြေတာင္ တုန္ေနေလၿပီ။ ညီအကိုႏွစ္ေယာက္လုံးကို သက္သက္မဲ့ လာေစာ္ကားေနတာ။ ပထမမင္းသားက စိတ္မရွည္ေတာ့ပဲ "မင္း အဝတ္သြားလဲမလား ငါလဲေအာင္ လုပ္ေပးရမလား" .. အစကေတာ့ ႀကိတ္ျဖစ္ေနၾကတာ အခုေတာ့ မင္းသားရဲ႕ ေအာ္ဟစ္သံေၾကာင္း လူအမ်ား အာ႐ုံစိုက္လာၾကသည္။

"မင္းသား က်ေနာ့္ညီေလးကို အခက္ေတြ႕ေအာင္ မလုပ္ပါနဲ႔ " ထ်င္လဲ့က လက္တဖက္ျဖင့္ ညီကိုကာၿပီး ေျပာဆိုသည္။

ပိုင္းလင္းကို ဂ႐ုစိုက္ေနတဲ့ အိမ္ေရွ႕စံနဲ႔ တတိယမင္းသားကလည္း ထလာကာ

"အကိုေတာ္ ပိုင္လင္းက ဟင္းေတြ ေပကုန္လို႔ လဲတာေလ။လဲဖို႔မွ အစီအစဥ္ရွိလို႔မွ မဟုတ္တာ။ ၿပီးေတာ့ ဒီအက်ႌက ဒီပြဲအတြက္ က်ေနာ္လက္ေဆာင္ေပးထားတာ ဘာကျပသနာျဖစ္ေနလို႔လဲ" 

"ျပသနာကေတာ့ မင္းပဲ။ မင္းက ဘာလို႔ အရာရာ ငါ့ဆီက လာလုေနရတာလဲ"

"ပိုင္လင္းကို လုယူတယ္ ေျပာရေအာင္ ပိုင္လင္းက ပစၥည္းလည္း မဟုတ္ဖူး။ အကိုေတာ္သာ သူမ်ား သားသမီးကို ယူမယ္လို႔ စိတ္ကူးရင္ မရွင္းမရွင္းေတြ လူအမ်ားေရွ႕မွာ မလုပ္ျပနဲ႔ေလ။ ပိုင္လင္းက အကို၂ေပးတဲ့အက်ႌကို ရည္႐ြယ္ခ်က္နဲ႔ ဝတ္တယ္ပဲ ထားဦး၊ ဒါသူ႔ရဲ႕ေ႐ြးခ်ယ္ပိုင္ခြင့္ပဲ။ အကိုေတာ္က် အဲ့ဒီ ခ်န္အမ်ိဳးနဲ႔ ပလူးပလဲလုပ္ေနတာ မဟုတ္ဖူးလား"   စကားနည္းပါတယ္ဆိုတဲ့ ေရခဲတုံးက ေဒါသျဖစ္ကာ ဝင္ေျပာေလသည္။

"ငါက မင္းသားကြ။ ငါ့ဘာသာ မိဖုရားဘယ္ႏွေယာက္ယူယူရတယ္။ သူဆိုတာက ၾကင္ယာေတာ္ ျဖစ္လာရင္ ငါတေယာက္တည္းကိုပဲ ၾကည့္ရမွကြ"

ပိုင္လင္းမ်က္ႏွာက ေဒါသေၾကာင့္ နီရဲေနၿပီး အံတင္းတင္းႀကိတ္ထားသည္။ ေဒါသထြက္ေနၿပီး ဖြင့္ထုတ္ေျပဖို႔လည္း မရတာေၾကာင့္ မ်က္ဝန္းကစိုစြတ္လာသည္။ စုန္႔ရိမင္က ပိုင္လင္းရဲ႕မိုးၿပိဳေတာ့မလို အေျခအေနကို ျမင္ေတာ့ ရင္ခြင္ထဲ ဆြဲသြင္းလိုက္ကာ ႏွစ္သိမ့္လိုက္သည္။

"ပိုင္လင္း ဘာမွ မျဖစ္ဘူး။ ကိုယ္ရွိတယ္။  ဘာမွ မျဖစ္ျဖစ္ ကိုယ္အနားမွာ ရွိတယ္"

အန္ .. ပိုင္လင္း ႐ုတ္တရက္ေၾကာင္သြားေပမယ့္

ေႏြးေထြးတယ္။

ရင္းႏွီးတယ္။

ဒီရင္ခြင္က်ယ္က သက္ေတာင့္သက္သာရွိတယ္။

ဒါ .. ဒါက ..

မျဖစ္ႏိုင္ဘူး ..

ရန္က်င့္က ေသသြားၿပီ ..

ရန္က်င့္အေၾကာင္း ေတြးမိေတာ့ မ်က္ရည္က ဘယ္လိုမွ မထိန္းႏိုင္ေတာ့ပဲ ေပါက္ခနဲက်လာသည္။ ပိုင္လင္းက အံႀကိတ္၍

"လဲေပးမယ္။ အိမ္ေရွ႕စံနဲ႔ မတူရင္ ၿပီးေရာမလား။
ပထမမင္းသား မင္းက ေတာ္ေတာ္ အဆင့္မရွိတဲ့ေကာင္ပဲ။
မင္းစိတ္ဓာတ္ေၾကာင့္ မင္းဘယ္ေလာက္ႀကိဳးစားစား အိမ္ေရွ႕မင္းသားကို တသက္လုံး ယွဥ္ႏိုင္မွာ မဟုတ္ဖူး"

"မင္း"

ပိုင္လင္းက လူေရွ႕မွာပင္ ေဝဖန္ခ်လိုက္သည္။
ျပသနာ ျဖစ္ေတာ့မယ့္ ဆဲဆဲမွာ မင္းႀကီးနားက အထိန္းေတာ္ႀကီးေရာက္လာၿပီး ကိုယ့္ေနရာ ကိုယ္ထိုင္ဖို႔ လာေျပာေလသည္။

မင္းသား၁က ခ်န္က်စ္ေမလက္ကိုဆြဲ၍ ကိုယ့္ေနရာကိုယ္ ခပ္တည္တည္ ျပန္သြားထိုင္လိုက္သည္။ မင္းသား၁က သူလြန္သြားၿပီမွန္း သိလိုက္ေပမယ့္ အားနာရမည့္အစား ေဒါသအႀကီးအက်ယ္ ထြက္ေနသည္။ တကယ္ဆို ပိုင္လင္းက  သူ႔အိမ္ေတာ္မွာ လာေနတုန္းကလည္း ဘာျပသနာမွ မရွာ၊ သူ႔ဘက္ကခ်ည္းအလြန္။ အခုလည္း ပိုင္လင္းကို ဒီတိုင္းထားခဲ့ၿပီး ခ်န္က်စ္ေမနဲ႔ ထြက္လာတာေတာင္ ပိုင္လင္းက ဘာမွ ေျပာတာမဟုတ္ဖူး။ သူ႔နားေတာင္ လာမထိုင္ပဲအကိုနားပဲၿငိမ္ၿငိမ္ေလးသြားထိုင္ေနတာ။ စုန္႔ရိရန္ရဲ႕ သမိုင္းမွာ အဆင့္နိမ့္သူကို ေတာင္းပန္႐ိုး ထုံးစံမရွိ။

ထ်င္လဲ့က သူငယ္ခ်င္းအိမ္ေရွ႕စံရဲ႕ လက္ကိုဆြဲလိုက္ကာ
"လီခ်င္း ... ငါ မေက်နပ္ဘူး"
"ထ်င္လဲ့ မင္းစိတ္ခ် .. ငါေသခ်ာေပါက္ သူတို႔ကို ခံစားရေစမယ္"

စုန္႔ရိရန္ အသက္တေခ်ာင္း အပိုပါရင္ေတာင္ အသက္မရွင္ေစရဘူး။ ပိုင္လင္း ငိုတဲ့အထိ ျဖစ္သြားေတာ့ မင္းႀကီးကလည္း မင္းသား၁ကို စိတ္ပ်က္သြားသည္။

အားလုံးက စင္ေပၚကလူကို အာ႐ုံမရၾကေတာ့ပဲ စင္ေအာက္က ရန္ပြဲကိုသာ ကြက္ၾကည့္ ကြက္ၾကည့္ လုပ္ေနသည္။  စင္ေပၚက ၿပိဳင္ပြဲဝင္ေနတဲ့တစ္ေယာက္ကလည္း ကုက်န္႔သာတီးေနတာ အာ႐ုံမရပဲ ပိုင္လင္းတို႔ကိုသာ ၾကည့္ေနၿပီး တခ်က္ တခ်က္ တလြဲေတြ တီးေနသည္။

"ပိုင္လင္း စြန္႔ပစ္ခံလိုက္ရတာလား"
"မင္းသား၁က သက္သက္ျပသနာရွာတာ"
"ပိုင္လင္းခမ်ာ ဘာမွေတာင္ ျပန္မေျပာရွာဘူး ဒီေလာက္ သည္းခံတာကို"
"သည္းခံမွန္းသိေတာ့ သပ္သပ္ အႏိုင္က်င့္တာပါဟယ္ မင္းသား ျဖစ္ၿပီးေတာ့"
"ဟဲ့ နင္တို႔ တိတ္တိတ္ေနစမ္း ေခါင္းမလိုခ်င္ေတာ့ဘူးလား"

ထို႔ေနာက္ တစ္ေယာက္ၿပီး တစ္ေယာက္ ယွဥ္ၿပိဳင္ၿပီး ၿပိဳင္ပြဲက ေနာက္ဆုံးယွဥ္ၿပိဳင္သူကိုေခၚတဲ့အဆင့္ထိသို႔ပင္ ေရာက္လာေလၿပီ။ ပိုင္လင္းကို ရန္က်င့္က အေနာက္ေဆာင္သို႔ ေခၚသြားသည္။ ခုထိ ျပန္ထြက္မလာေသး။ 

စင္ေပၚက သိုင္းပညာ အဆင့္7 ရွိတဲ့ လူႏွစ္ေယာက္ ယွဥ္ၿပိဳင္ေနရာမွ တေယာက္က စင္ေပၚကေန အျခားတစ္ေယာက္ကို ကန္ခ်လိုက္ၿပီး ၿပိဳင္ပြဲကို အႏိုင္ယူလိုက္သည္။ လက္ခုပ္သံေတြ တေျဖာင္းေျဖာင္း ထြက္လာသည္။

ႏိုင္တဲ့သူက ပရိတ္သတ္ဘက္ကို လွည့္ၿပီး အ႐ိုအေသေပးလိုက္စဥ္မွာ မ်က္လုံးက ျပဴးၿပီး ပါးစပ္အေဟာင္းသားနဲ႔ တေနရာကို ၾကည့္ေနေသာေၾကာင့္ သူၾကည့္ေနတဲ့ ေနရာကို လွမ္းၾကည့္လိုက္ၾကသည္။ ရာဇပလႅင္ေပၚက ဘုရင္မွာလည္း စိတ္လႈပ္းရွားလြန္းလို႔ မတ္တပ္ေတာင္ ထရပ္မိသည္အထိ မိဖုရားႏွစ္ပါးမွာလည္း ပါးစပ္ကို လက္နဲ႔ကြယ္ၿပီး အံ့ဩတႀကီးနဲ႔ ၾကည့္ေနသည္။ မင္းသား၁နဲ႔ ခ်န္က်စ္ေမလည္း လွည့္ၾကည့္လိုက္သည္။ 

ေတြ႕ရခဲလွသည့္ ေငြမင္ေရာင္ ဆံပင္ရွည္ကို ျဖန္႔ခ်ထားၿပီး ခရမ္းေရာင္ ကႏုတ္မ်ားႏွင့္ မဟူရာဝတ္စုံကို ဝတ္ဆင္ထားသည္။ မ်က္ခုံးထူထူ ႏွတံစင္စင္းေလးက နီေစြးေနသာ ႏႈတ္ခမ္းႏွင့္ တင့္တယ္လွပစြာ ညႇိဳ႕ယူဖမ္းစားႏိုင္လြန္းသည္။ ေမြရာပါ အခက္ကေလးမ်ားက ယွက္သြယ္ၿပီး ၾကည္လင္ျဖဴဝင္းေသာ အသားအေရ ေပၚမွာ တမူထူးျခားေစသည္။ ပိုင္လင္းက မ်က္ႏွာဖုံးဝတ္မထားေတာ့ပဲ ေက်ာ့ရွင္းသိမ္ေမြ႕စြာ ေလွ်ာက္လွမ္းလာသည္။ ေဘးမွာလည္း စုန္႔ရိမင္က တည္ၾကည္လိုက္ဖက္စြာ အတူယွဥ္တြဲ၍ ဝင္လာသည္။ စုန္႔ရိမင္က အံ့ဩမင္သက္ေနေသာ လူထုႀကီးကို ၾကည့္၍ ဪ ခုနက ငါလိုပါပဲလားလို႔ ေတြးေနသည္။

ေခါင္းေလွ်ာ္ေနေသာ  ပိုင္လင္းကို နားမလည္ေပမယ့္ အရမ္းငိုထားတာေၾကာင့္ စိတ္ၾကည္ေအာင္ ေနမွာပါဆိုၿပီး စိတ္ရွည္ရွည္ပဲ ေစာင့္ေနလိုက္သည္။ ပိုင္လင္း ဆံပင္ေငြမင္ေရာင္ႏွင့္လည္း ထြက္လာေရာ အျခားသူမွတ္လို႔ ဓားကိုေတာင္ ေကာက္ကိုင္လိုက္မိေသးသည္။ ထို႔ေနာက္မွာေတာ့ အံဩမင္သက္မႈတို႔က တခုၿပီးတခု။ ခါတိုင္းဖုံးထားေသာ ပုဝါေအာက္မွ မ်က္ႏွာေလးက ရက္စက္စြာ လွႏိုင္လြန္းသည္။ သူကိုယ္တိုင္ပဲ ဝတ္စုံကို ဝတ္ေပးလိုက္ၿပီး ဆံပင္ေတြ ေျခာက္ေအာင္သုတ္ေပးကာ ဆံပင္တခ်ိဳ႕ကို ဖဲႀကိဳးႏွင့္ စုစည္းေပးလိုက္သည္။ တေလွ်ာက္လုံး ပိုင္လင္းက သူ႔ကိုပဲ ၾကည့္ေနသည္မို႔ ကိုယ့္ႏွလုံးခုန္သံကို ေတာင္ ျပန္ၾကားေနရသည္။ 

"ဝါး ေခ်ာရက္လိုက္တာ"
"တခါမွ ဒီလို ရက္ရက္စက္စက္လွတဲ့လူ မေတြ႕ဖူးဘူး"
"ခ်န္က်စ္ေမေခ်ာတာ ဒီတေယာက္ကို ေျခဖ်ားေတာင္ မမွီဘူး"
"မင္းသား၃ရဲ႕ ၾကင္ယာေတာ္လား ။ ဘယ္အိမ္ေတာ္က တဲ့လဲ "

"အိုး မင္းသားသုံးရဲ႕ ၾကင္ယာေတာ္ မဟုတ္လို႔ကေတာ့ ဒီေန႔ငါ့ရဲ႕ ပန္းကုံးေလးက သူ႔အတြက္ပဲ"
"ဟင္ မိန္းကေလးေပမယ့္ အဲ့ဒီေကာကို ပန္းေပးလို႔ရလား ႀကိဳက္လိုက္တာဟယ္"
"အားး .. ငါသာေယာက်္ားေလးဆို သူ႔ကိုပဲ ယူမွာ"

"လွခ်က္ပဲ ေကာအခ်င္းခ်င္းေတာင္ ႀကိဳက္ခ်င္လာၿပီ"
"နတ္ဘုရား ... တကယ့္ကို နတ္ဘုရားပဲ"
"မင္းသား၃က ခါတိုင္းနဲ႔ မတူသလိုပဲ မင္းေရာ အဲ့လို ထင္လား"

"ဟုတ္တယ္ေနာ္ ခါတိုင္း အိမ္ေရွ႕စံေနာက္မွာ ေနရင္ေန .. မေနရင္ မင္းႀကီးနားမွာပဲ ေနတာ.. ဘယ္တုန္းကမွ ေရွ႕ထြက္ခဲ့တာ မဟုတ္ဖူး"
"မင္းသား၃ေလးကလည္း ေခ်ာၿပီးခန္႔လာလိုက္တာ .. အရင္က အကို႔နား အေဖ့နား ကပ္ေနတဲ့ ကေလးလို႔ပဲ ျမင္ေနခဲ့တာေလ .."

'အိုး လွလိုက္တာ .. က်စ္ေမထက္ေတာင္ လွေသးတယ္ .. ဘယ္အိမ္ကလဲ .. ပြဲၿပီးရင္ ခမည္းေတာ္ကို ေျပာၿပီး .....'

မင္းသား၁ အေတြးေတာင္ မဆုံးလိုက္၊ ပိုင္လင္းက ကိုယ္ေနရာကိုယ္ ျပန္ထိုင္လိုက္သည္။

ထ်င္လဲ့ေတာင္ အံဩလြန္းၿပီး စကားမေျပာႏိုင္ေတာ့။ သူ႔ညီေလးက သ႐ုပ္မွန္ကို ဖုံးကြယ္ထားတယ္ဆိုတာ ဟိုတေခါက္ ေခါင္းကိုင္လိုက္တဲ့အခ်ိန္ လက္မွာ အမည္းေတြစြန္းေနကတည္းက ရိပ္မိေပမယ့္ ဒီေလာက္ထိ လွရက္လိမ့္မယ္လို႔ေတာ့ မထင္ခဲ့ေပ။ ေနာက္ၿပီး ဆံပင္ေတြက ဘယ္လိုျဖစ္လို႔ ေငြမင္ေရာင္ ေျပာင္းသြားခဲ့တာလဲ။

"ကိုကို က်ေနာ့အတြက္နဲ႔ ဘာမွ လုပ္ေပးစရာမလိုဘူး .. က်ေနာ့လက္နဲ႔ကိုယ္တိုင္ လက္စားေခ်မွာမို႔"
"ဒါေပမယ့္ .. "
"ကိုကို ေစာင့္ၾကည့္ေန"

လူအုပ္ႀကီးလည္း ပိုင္လင္းကို ၾကည့္ၿပီး ေငးေနရာမွ သတိဝင္လာသည္။ မင္းသား၁က မယုံၾကည္ႏိုင္ေသာ မ်က္လုံးမ်ားျဖင့္ 'အဲ့တာ ပိုင္လင္းတဲ့လား .. ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ .. ပိုင္လင္းတဲ့လား'

"အဲ့တာ ပိုင္လင္းလား .. ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ ..ပိုင္လင္းက ႐ုပ္ဆိုးတယ္ဆို" ပရိသတ္ေတြထဲမွာလည္း ကြၽတ္စီကြၽတ္စီနဲ႔ တီးတိုးေဝဖန္ေနၾကသည္။

အိမ္ေရွ႕စံမွာလည္း မနည္းကို ထိန္းခ်ဳပ္ၿပီးမွ ကိုယ့္ေနရာကိုယ္ ျပန္ထိုင္လိုက္ႏိုင္သည္။ တတိယမင္းသားကေတာ့ ပိုင္လင္းနားမွာပဲ မ်က္ႏွာေျပာင္တိုက္ၿပီးဝင္ထိုင္သည္။ ပိုင္လင္းလည္း ဘာမွ မေျပာေပ။ စင္ေပၚကအႏိုင္ရရွိသူက ေနာက္ပြဲအတြက္ ယွဥ္ၿပိဳင္မယ့္သူကို ေခၚေနသည္။ ဘယ္သူမွ တက္မလာေတာ့ေပ။

ခါတိုင္းႏွစ္ေတြက မင္းသားသုံးက စိတ္မဝင္စားလို႔ ဝင္မပါေပ။ မင္းသား ၁နဲ႔ ၂က ကိုယ့္သိုင္းပညာအဆင့္သိၿပီးသားျဖစ္တဲ့အျပင္ ဆုမွာလည္း မင္းသားျဖစ္တဲ့ သူတို႔အတြက္ မက္စရာမဟုတ္ေတာ့ ဝင္မပါခဲ့ေပ။

ဒီႏွစ္ေတာ့ စုန္႔ရိရန္ေဘးမွာ ခ်န္က်စ္ေမလည္းရွိတဲ့အျပင္ ေပးမယ့္ဆုကလည္း ရွားပါးတဲ့လက္နက္တစ္ခုလို႔ေတာ့ သိထားတာေၾကာင့္ စုန္႔ရိရန္ မတ္တပ္ရပ္ကာ စင္ေပၚတက္သြားသည္။ "က်စ္ေမ မင္းအတြက္ အေတာ္ဆုံးဂုဏ္ပုဒ္ကို ယူလာေပးမယ္" ခ်န္က်စ္ေမကလည္း ၿပဳံးၿပီး "က်စ္ေမလည္း ရွင့္အတြက္ အေတာ္ဆုံး ဂုဏ္ပုဒ္ကို ယူေပးမယ္"

ခ်န္က်စ္ေမ ပိုင္လင္းေၾကာင့္ shock ရေနရာကေန မင္းသား၁စင္ေပၚတက္သြားတာျမင္ေတာ့ ဒီသိုင္းၿပိဳင္ၿပီးရင္ သူလည္း စင္ေပၚတက္ဖို႔ အခ်ိန္တန္ၿပီလို႔ စဥ္းစားၿပီး ပိုင္လင္းကိုေလွာင္ၿပဳံးၿပဳံးလိုက္သည္။ ပိုင္လင္း မင္းကအဆင္းရွိၿပီး အခ်င္းမရွိေတာ့ေရာ မင္းဘာလုပ္ႏိုင္မွာမို႔လဲ ဟြန္႔ ကုခ်င္းမွာ ငါ့ထက္သာတဲ့သူ မရွိေသးဘူး

ခဏယွဥ္ၿပိဳင္အၿပီးမွာပင္ ခုနက အႏိုင္ရတဲ့ တေယာက္ ရႈံးသြားသည္။
"မိုက္တယ္ေဟ့ .. မင္းသား၁အေတာ္ဆုံးပဲ"
ပရိသတ္လည္း ၿပိဳင္ပြဲသို႔ အာ႐ုံ ျပန္ေရာက္သြားၿပီး လက္ခုပ္လက္ဝါးေပးကာ အားေပးၾကသည္။

စုန္႔ရိရန္ ထုံစံအတိုင္း ေနာက္ထပ္စိန္ေခၚလာမည့္သူကို ျပန္၍ဖိတ္ေခၚသည္။ "ယွဥ္ႏိုင္တဲ့သူရွိရင္ ထြက္ခဲ့"
အိမ္ေရွ႕စံက ထ်င္လဲ့ကို ကတိေပးထားတာေၾကာင့္ စုန္႔ရိရန္ကို ဆုံးမဖို႔ ထြက္မည္အျပဳ အရိပ္တစ္ခုက ေရာက္ႏွင့္ေနေလၿပီ။

"မင္းသား၃ပါလား"
"အိမ္ေရွ႕စံကလည္း ထြက္မလို႔ လုပ္တယ္ေနာ္။ ဒီေန႔ ကမာၻႀကီး ေျပာင္းျပန္လည္သြားတာလား"
"မင္းသား၁က သိုင္းပညာအဆင့္8ေလ မင္းသား၃က တခါမွလည္း သိုင္းတတ္တယ္ ေျပာသံမၾကားဘူး.. အဆင္ေျပပါ့မလား"

မင္းႀကီးက စိတ္ပူၿပီး
"ေရွာင္အိုက္ေလး .. မင္းအကို၂ကိုပဲ ၿပိဳင္ခိုင္းလိုက္ပါလား .. မင္းတခါမွလည္း သိုင္းၿပိဳင္ဖူးတာလည္း မဟုတ္ပဲနဲ႔ .. မင္းအကို၁က သိုင္ပညာအဆင့္8ေတာင္ ရွိတာေလ"

အိမ္ေရွ႕စံကေတာ့ အံ့ဩေနရာကေန ၿပဳံးလိုက္သည္။ ရိမင္ မင္းက ငါ့ကို အခြင့္အေရးေတာင္ မေပးဘူးပဲ။ ငါ့ေနာက္မွာ အၿမဲဇြတ္ကပ္လိုက္တတ္တဲ့ ကေလးက အခုေတာ့ သူမ်ားကို ကာကြယ္ေပးတတ္ေနၿပီေပါ့။ မင္းက ကေလးေပါက္စ မဟုတ္ေတာ့ဘူးပဲ။

တျခားလူေတြ စိတ္ပူေနခ်ိန္မွာ အိမ္ေရွ႕စံကေတာ့ ေအးခ်မ္းစြာ ေရေႏြးေသာက္ေနသည္။ ပိုင္လင္းက စုန္ရိမင္တက္သြားေတာ့ စိတ္လႈပ္ရွားသြားၿပီး ေသခ်ာအာ႐ုံစိုက္ၾကည့္ေနသည္။ ထ်င္လဲ့လည္း အံဩကာ အိမ္ေရွ႕စံဘက္ကို ၾကည့္လိုက္သည္။ အိမ္ေရွ႕စံက စိတ္မပူနဲ႔ဆိုတဲ့ ပုံစံနဲ႔ ေခါင္းတခ်က္ ညိတ္ျပသည္။ ဘာပဲေျပာေျပာ ရိမင္က အိမ္ေရွ႕စံနဲ႔ အၿမဲပါလာတတ္တဲ့ ကေလးမို႔ သူ႔အတြက္လည္း ညီေလးလိုပင္။

မင္းသားသုံးက သက္ေတာင့္သက္သာ အေနအထားတဲ့ ဓားကို ေအာက္စိုက္ ကိုင္ထားၿပီး ရပ္ေနသည္။ သို႔ေသာ္ မ်က္ဝန္းတစုံက ၿပိဳင္ဘက္ကို ၾကည့္မေနပဲ ပိုင္လင္းဆီမွာသာ ျဖစ္သည္။ တကြင္းလုံး အပ္က်သံေတာင္ မၾကားေအာင္ တတိတ္ဆိတ္သြားသည္။ ပိုင္လင္းက ပြဲမစပဲ သူ႔ကိုသာ လာၾကည့္ေနတာမို႔ ကူကယ္ရာမဲ့စြာ ၿပဳံးသာျပလိုက္သည္။ အဲ့ေတာ့မွ မင္းသားက ႏႈတ္ခမ္းေလးတြန္႔႐ုံ တခ်က္ၿပဳံးၿပီး "စ"

ေျပာၿပီးတာနဲ႔ ခ်က္ခ်င္း ေလထုက ေျပာင္းသြားသည္။ ရက္စက္ေသာ ရန္လိုေသာ ေမွာင္မိုက္ေသာ ကိုယ္ရွိန္ကိုယ္ဝါမ်ား မင္းသား၃မွ ထြက္လာေနသည္

ၿပိဳင္ပြဲစေနၿပီမို႔ စကားမေျပာေတာ့ပဲ ၿပိဳင္ပြဲကိုသာ အာ႐ုံစိုက္ေနေပမယ့္ အားလုံးစိတ္ထဲမွာ တညီတၫြတ္ထဲ စဥ္းစားေနတာက "ေရခဲတုံးက ၿပဳံးလိုက္တာလား .. မင္းသားသုံးမွာ ခါတိုင္းဒီလို ေမွာင္မိုက္တဲ့ ကိုယ္ရွိန္ကိုယ္ဝါမ်ိဳး ရွိလို႔လား ေၾကာက္စရာေကာင္းလိုက္တာ"

တိုက္ပြဲမႈ ျပင္ထန္လြန္းလို႔ ၾကည့္ေနတဲ့သူေတြမွာ အသက္ေတာင္ ျပင္းျပင္း မရႈရဲၾက .. ဓားခ်င္းခတ္သံ လက္ဝါး႐ိုက္ခ်က္မ်ား ေျခကန္ခ်က္မ်ားက တစ္ခုခုဆို အသက္ပါ ပါသြားႏိုင္သည္။ တခ်က္ တခ်က္ လုံးေထြးေနရာမွ လူကြဲၿပီး ထြက္လာတိုင္းမွာ စုန္႔ရိရန္ ခႏၶာကိုယ္မွာ ဒဏ္ရာ တခ်က္ တိုးလာသည္။ ဓားဒဏ္ရာမဟုတ္ပဲ ဓားျပားနဲ႔ ႐ိုက္ခံရတာ ဓားဖေနာင့္နဲ႔ ထိုးခံရတာ လက္ဝါး႐ိုက္ခ်က္မိတာ အဲ့တာမ်ိဳးေတြ ျဖစ္သည္။

ေသေလာက္ေအာင္ ျပင္းထန္တာမ်ိဳး မဟုတ္ေပမယ့္ အခါ20 ေလာက္ ပစ္လဲၿပီးေနာက္ စုန္႔ရိရန္မွာ အားအေတာ္ကုန္လာၿပီး စိတ္ဓာတ္လည္း က်လာသည္။ မျဖစ္ဖူး က်စ္ေမကို ကတိေပးထားတယ္ .. အားတင္းကာ ထၿပီး အရက္စက္ဆုံး အျပင္းထန္ဆုံး တိုက္ကြက္ ထုတ္လိုက္ေပမယ့္ စုန္႔ရိမင္က အလွပဆုံးေရွာင္ကာ ခ်က္ခ်င္ တန္ျပန္တိုက္ကြက္ဆင္လာသည္။ ေနာက္ဆုံး ေျခကန္ခ်က္ တခ်က္ေၾကာင့္ ေလေပၚလြင့္သြားသသည္။ စင္ေအာက္ျပဳတ္က်ရင္ ရႈံးၿပီမို႔ သြားၿပီလို႔ လက္ေလွ်ာ့လိုက္ေပမယ့္ စုန္႔ရိမင္က လက္တဖက္ကေန ဆြဲထားကာ စင္ေပၚ ျပန္ဆြဲေျမႇာက္လိုက္ၿပီး ေနာက္ထပ္တခ်က္ ထပ္ကန္သည္။ ထို႔ေနာက္ အားမရေသားဟန္ျဖင့္ ေလထဲမွ မျပဳတ္က်ခင္မွာပင္ သုံးခ်က္ ထပ္ၿပီး ဆင့္ကန္ျပန္သည္။
"ဘုန္း" စုန္႔ရိရန္ အ႐ုပ္ႀကိဳးပ်က္ က်လာသည္။

ဒီအေျခအေနကို နားလည္တာ ပိုင္လင္းတစ္ေယာက္ပဲ ရွိသည္။ စုန္႔ရိမင္က စုန္႔ရိရန္ကို ေတာ္႐ုံဒဏ္ရာေတြပဲလို႔ ယူဆလို႔ ရေပမယ့္ အားလုံးက တိတိက်က် တြက္ခ်က္ၿပီးမွ ေပးခဲ့တဲ့ ထိုးႏွက္ခ်က္ေတြ ျဖစ္သည္။ စုန္႔ရိရန္ အခုထေနႏိုင္ေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် ကိုယ္တြင္းေသြးယိုစိမ့္မႈ တစိမ့္စိမ့္ ျဖစ္ၿပီး အရမ္းခံစားၿပီးမွ ေသရလိမ့္မည္။

အခ်ိန္အၾကာႀကီးေနမွ သိၾကမွာမို႔ ဘယ္သူမွလည္း သူသတ္တယ္လို႔လည္း ထင္မွာ မဟုတ္ေတာ့။ သူ ရိမင္ကို လက္မအႀကီးႀကီး ေပးလိုက္သည္။ ေကာင္းတယ္ .. အက်င့္မေကာင္းတဲ့ေကာင္ ခံေပေတာ့။ ငါေတာင္ လက္စားေခ်စရာ မလိုေတာ့ဘူး။

ခ်န္က်စ္ေမက စုန္႔ရိရန္ ရႈံးသြားလို႔ စိတ္အႀကီးအက်ယ္ ပ်က္သြားေပမယ့္ စုန္႔ရိမင္ကလည္း သူ႔မ်က္စိထဲမွာ အရမ္းခန္႔ညားေနသည္။ သူသာဆုရရင္ ရိမင္နဲ႔ အတူတူ ဆုယူရမွာ ျဖစ္သည္။ ဒီလိုေတြးမိေတာ့ စိတ္ထဲမွာ ေပ်ာ္ေနသည္။ အျပင္မွာေတာ့ စုန္႔ရိရန္ကို စိတ္ပူတဲ့ ဟန္မ်ိဳးေလးနဲ႔ ဂ႐ုစိုက္ေပးေနသည္။

စုန္႔ရိမင္ ၿပိဳင္ပြဲၿပီးတာနဲ႔ စိန္ေခၚသူေတြ ဘာေတြ ထပ္ေခၚျခင္းမ်ိဳး မလုပ္၊ ပိုင္လင္းကိုသာ တခ်က္ၾကည့္ၿပီး ကိုယ့္ေနရာကိုယ္ ျပန္သြားထိုင္ေနသည္။

ဘုရင္မွာလည္း ဘာေျပာရမွန္းမသိေတာ့။ ဒီေလာက္ေဒါသထြက္ေနတဲ့ ရိမင္ကို မျမင္ဖူးသလို သူ၏ သားအငယ္ဆုံးက သိုင္းပညာရက္စက္ေအာင္ေတာ္မွန္းကိူလည္း မသိခဲ့။ ရိမင္ကိုလည္း ႏိုင္မည့္သူ မရွိေလာက္ေတာ့ဟု ယူဆၿပီး အႏုပညာဘက္ကတစ္ေယာက္ တက္လာဖို႔သာ ေျပာလိုက္ရသည္။

စုန္႔ရိရန္ ထိုင္ခုံမွာ ျပန္ထိုင္ေနႏိုင္ၿပီမို႔ ခ်န္က်စ္ေမတစ္ေယာက္ စင္ေပၚတက္လာသည္။ စုန္႔ရိရန္မွာ အေျပာႀကီး ေျပာၿပီး ရႈံးသြားတာမို႔ ဘာမွ မေျပာႏိုင္။ ပိုင္လင္းကို ၾကည့္လိုက္ေတာ့ ပိုင္လင္းက စုန္႔ရိမင္ စင္ေပၚကဆင္းသြားတာနဲ႔ မ်က္ႏွာဖုံးထားတုန္းက ေကာင္းေကာင္းမစားလိုက္ရတဲ့ အစားေတြကိုသာ အၿငိဳးတႀကီးနဲ႔ စားေနသည္။

ထ်င္လဲ့က ေဘးကေန မ်က္ႏွာသုတ္ေပးလိုက္ ေရထည့္ေပးလိုက္ႏွင့္။ စုန္႔ရိမင္နဲ႔ စုန္႔လီခ်င္းကို ၾကည့္လိုက္ေတာ့လည္း အာ႐ုံက ပိုင္လင္းဆီမွာသာ။ ခ်န္က်စ္ေမ သူ႔ကို မင္းသားသုံးက လွည့္ေတာင္ မၾကည့္တာမို႔ ႏႈတ္ခမ္းကိုက္လိုက္သည္။ ကုခ်င္းကို ေနရာခ်လိုက္တာနဲ႔ ပရိသတ္မ်ားက လက္ခုပ္တီးလိုက္ၿပီး အားေပးၾကသည္။ ဘာပဲျဖစ္ျဖစ္ ခ်န္က်စ္ေမက အေတာ္ဆုံး ကုခ်င္းတီးႏိုင္တဲ့သူေလ။

ညီအကိုသုံးေယာက္မွလြဲ၍ ဘုရင္ကအစ ေမွ်ာ္လင့္ေနတဲ့ ပုံစံေလးနဲ႔ အာ႐ုံစိုက္ေနသည္။ ခ်န္က်စ္ေမ ထိုေခတ္ရဲ႕ အေကာင္းဆုံး အခက္ဆုံး သီခ်င္းကို စတင္တီးလိုက္သည္။ အားလုံးက သံစဥ္နဲ႔အတူ လိုက္ပါ စီးေမ်ာၿပီး ခံစားၾကသည္။ ၿငိမ့္ၿငိမ့္ေညာင္းေညာင္းနဲ႔ အရမ္းကို နားေထာင္လို႔ေကာင္းသည္။ လက္မ်ားကလည္း ကုခ်င္းေပၚမွာ လွပစြာ သြက္လက္ ကြၽမ္းက်င္စြာေျပးေနၿပီး လွပတဲ့ ကိုယ္ခႏၶာနဲ႔ လိုက္ဖက္ညီစြာ တခ်က္ တခ်က္ ဝင့္ၾကည့္တဲ့ အၿပဳံးကလည္း စြဲမက္ေလာက္သည္။

မင္းသား၁မွာ ေက်နပ္ၿပီး ခ်န္က်စ္ေမ၏အလွက္ု ရႈစားၿပီး သံစဥ္ကို ခံစားေနသည္။ ကမာၻမွာ သူ႔ေလာက္ ကံေကာင္းတဲ့သူ ရွိပါဦးမလား။ အလွပဆုံးေကာကို ရထားတဲ့အျပင္ ထိုေကာက အလွဆုံးသံစဥ္ေတြလည္း တီးခတ္ ေဖ်ာ္ေျဖေပးႏိုင္ေသးတယ္ .. သူရႈံးသြားေပမယ့္ ခ်န္က်စ္ေမအတြက္ ဂုဏ္ယူတယ္။ ပိုင္လင္းက ေခ်ာေတာ့ေရာ သူ႔အတြက္ ဘာအသုံးဝင္တာက်လို႔။

Continue Reading

You'll Also Like

11.8K 2.3K 68
ලස්සනම මූර්ති මැවෙනවද, ගල්කුළු කඩතොළු නොවුනොතින්?
23.5K 2.1K 21
အန်တီက မောင့်ရဲ့ထာဝရကြင်နာသူပါ။ အန္တီက ေမာင့္ရဲ႕ထာဝရၾကင္နာသူပါ။
2.4M 204K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...
313K 16.7K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...