I'm your Master(You're Mine)
By MhueeMhuee
60.8K 1.9K 128
အငြိုးကြီးပြီးလက်စားချေချင်တဲ့ကောင်လေးက မိန်းကလေးတစ်ယောက်နဲ့တွေ့ရတဲ့အခါ.......... ရက်စက်ကြမ်းကြုတ်တဲ့ကောင်လေး... More
Part 1
Part 2
Part 3
Part-4
Part 5
Part 6
Part 7
Part 8
Part 10
Part 9
Part 11
Part 12
Part 14
Part 15
Part 16
Part 13
2.5K 110 2
By MhueeMhuee
Unicode
"မမလေးရယ် sofyခြေထောက်တွေညောင်း နေပြီ ဘယ်companyကိုဆက်သွားဦးမလို့လဲ"
"ငါအလုပ်ရှာနေတာလေ မရမချင်းလိုက်ရှာရ မှာပေါ့ ပြီးတော့ငါတို့ကကားနဲ့သွားလာနေရတာကို နင်ကဘာလို့ညောင်းရတာလဲ"
"ကားနဲ့လာတယ်ဆိုပေမယ့် companyဟိုးအ ပေါ်ထပ်ထိအဲ့ကားနဲ့တက်လို့ရတာမှမဟုတ်တာ လမ်းလျှောက်ရသေးတာပဲ"
"အာ့ကြောင့် နင့်ကိုအောက်မှာပဲစောင့်နေလို့ ပြောတယ်လေ နင်ကဘာလို့အပေါ်ထိလိုက် လာလဲ"
"Bossကမမလေးကိုစောင့်ကြည့်ခိုင်းထားတာလေ sofyကသေချာလိုက်ကြည့်မှဖြစ်မှာပေါ့ မမလေးကလေအိမ်မှာဒီတိုင်းနေလို့ရတဲ့ဟာ ကို ဘာလို့အလုပ်ရှာချင်နေမှန်းမသိဘူး Boss သိရင်Sofyတို့ကိုဘာပြောဦးမလဲမသိဘူး"
"ကဲ တော်ပါတော့ ကားကိုပဲသေချာအာရုံစိုက် ပြီးမောင်းစမ်းပါ Chinaမှာမောင်းနေတာမဟုတ်ဘူး အာရုံစိုက်ပြီးမောင်း အဲ့လိုမှန်းသိရင် ငါDavidကိုပဲခေါ်လာခဲ့ပါတယ်"
ဆူးမေအလုပ်လိုက်လျှောက်နေခဲ့တာမနက်ရှစ်နာရီကတည်းက အခုဆိုဆယ့်နှစ်နာရီတောင်ထိုးပြီ Companyအားလုံးကဆူးမေကို ငြင်းကြသည့်အကြောင်းရင်းက Experience မရှိလို့တဲ့ အရင်ကဘယ်အလုပ်မှာမှမလုပ်ခဲ့ဖူးတာကြောင့် Company တော်တော်များများက Experience ပိုရှိတဲ့သူတွေကိုသာဦး စားပေးပြီးအလုပ်ခန့်တယ် သူအလုပ်ရှာတာ ကိုDavidတို့လင်မယားကတော့ အထူးအ ဆန်းလုပ်နေလေရဲ့ တကယ်တော့သူကိုကို့ရဲ့ ပိုက်ဆံတွေချည်းထိုင်သုံးဖြုန်းပြီးမနေချင်ဘူး သူ့ကိုယ်ပိုင်ငွေလေးနဲ့သူနေချင်တယ် ဒါ ပေမယ့်ဒီလိုပုံစံမျိုးနဲ့တော့ဘယ်companyက များသူ့ကိုလက်ခံပါ့မလဲနော်
""""""ဒုန်း"""""""
ကားရဲ့ရုတ်တရတ်ဆောင့်တိုက်မှုတစ်ခုကြောင့် ဆူးမေထိုင်နေရာကနေအရှေ့ကိုယိမ်းထိုး သွားသည်
"Sofy ဘယ်လိုဖြစ်တာလဲ"
"ဟို တိုက်တာ ကားတိုက်တာ"
"ဟယ် ဒုက္ခပါပဲ နင်ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး မမလေးရောဘာဖြစ်သွားသေးလဲ"
"ငါဘာမှမဖြစ်ဘူး ဟိုကားထဲကသူတွေရောအဆင်ပြေရဲ့လားမသိဘူး"
"မမလေး ဟိုမှာကားပေါ်ကလူတစ်ယောက်ဆင်းလာပြီ"
ကားချင်းကမျက်နှာချင်းဆိုင်တိုက်မိတာဖြစ် ပေမယ့် အရှိန်သိပ်မပါလို့ ဘာမှတော့သိပ်မထိခိုက် ဟိုဘက်ကားကလူနဲ့Sofyတို့ကားအပြင်ဘက်မှာစကားပြောနေတဲ့ပုံကို ဆူးမေ ကားနောက်ခန်းထဲကနေကြည့်နေမိသည် ပြီး မှသတိရမိတာကsofyကမြန်မာစကားလေး လေးငါးခွန်းသာပြောတတ်သည်မို့ ဟိုဘက်ကလူတွေနဲ့အဆင်ပြေပါ့မလား ပြီးတော့Sofy ကလုံးဝနိုင်ငံခြားသူပုံစံမျိုးဆိုတော့လိမ်ချမှာ လဲစိုးသည်မို့ သူပါကားပေါ်ကဆင်းလိုက်ရသသည် စိတ်မချလို့သာသူကိုယ်တိုင်ဆင်းဖြေ ရှင်းရတာ သူကိုယ်တိုင်ကလဲ ဖြူစွတ်စွတ်နဲ့ တရုတ်မရုပ်
"ဟိုဟာလေ အကိုတို့ကားထဲကလူတွေထိခိုက်သွားတာများရှိသေးလား"
သူဆင်းသွားတော့Sofyကအားကိုးတကြီးနဲ့သူ့လက်ကိုလှမ်းကိုင်သည် တစ်ဖက်ကလူက တော့သူ့ကိုဘာမှပြန်မပြောပဲ ခေါင်းအစခြေအဆုံးသေချာကြည့်နေသည်
Companyကိုသွားဖို့နောက်ကျနေတယ်ဆိုတဲ့ နေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင်ကားကလာတိုက် နေရတယ်လို့ ကားထဲကနေအပြင်ကိုအကဲ ခတ်ကြည့်တော့ သူ့ရဲ့လူယုံတော်နဲ့ နိုင်ငံခြား သူတစ်ယောက်ပြောဆိုနေတာတွေ့တော့သူ ပိုပြီးစိတ်လေသွားသည် နိုင်ငံခြားသူနဲ့သာဆိုရင် ဒီနေ့တော့ရှင်းလို့ပြီးမှာမဟုတ်ဘူး တိုင်ပတ်နေတော့မှာ စိတ်ရှုပ်တယ်ကွာ
"သခင်လေး ကျွန်တော်တို့သွားနှင့်ကြမလား"
ကားရှေ့ဘေးခုံမှာထိုင်နေတဲ့ သူ့လူယုံတော် မိုးစက်က သူစိတ်ရှုပ်နေတဲ့ပုံကိုအကဲခတ်မိလို့ ပြောလိုက်ခြင်းဖြစ်သည်
"ရတယ် ဟန်သွေးပြသနာဖြေရှင်းပြီးတဲ့အထိ စောင့်လိုက် Company ကနောက်ကျနေပြီပဲ မထူးတော့ဘူး"
စိတ်ရှုပ်ရှုပ်နဲ့သူဟန်သွေးရှိရာဆီကိုနောက်တစ်ကြိမ်လှမ်းကြည့်လိုက်တော့ မျက်စိတွေပင်ကြိမ်းသွားရသည် စောစောကနိုင်ငံခြားသူ ရဲ့ဘေးနားမှာလာရပ်နေတဲ့မိန်းကလေး အဖြူ ရောင်ဂါဝန်တိုလေးနှင့်သူမက...သူမက..ဆူဇီ မင်းဖြစ်နေတာပဲ ကားရှေ့ခုံမှာထိုင်နေတဲ့မိုးစက်ကလဲတအံ့တသြနဲ့သူ့ကိုလှည့်ကြည့်သည် သူတုံ့ဆိုင်းမနေတော့ပါ ကားပေါ်ကအမြန်ဆင်းပြီး သူမရှိရာဆီကိုလမ်းလျောက် သွားလိုက်တော့သူမဆီကထူးဆန်းတဲ့အမူအ ရာတချို့တွေ့လိုက်ရသည် သူ့ကိုတွေ့တော့သူမထွက်မပြေးဘူး လန့်သွားတဲ့ပုံလဲမဖြစ်ဘူး သူ့ကိုတစ်ခါမှမမြင်ဖူးသလိုမျိုးတစ်ချက် နှစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားသည်
"ဟို ညီမတို့ဘက်ကလျော်ပေးစရာရှိတယ်ဆို ရင်လဲ အားမနာပါနဲ့ ပြောပါ"
ဟန်သွေးရဲ့ရှေ့ကိုသူဝင်ရပ်လိုက်ပြီး
"ဘာလျော်ကြေးမှပေးစရာမလိုပါဘူး ကျွန် တော်တို့ဘက်ကမှားတာပဲ"
"ရှင် ညီမကညီမတို့ဘက်ကမှားတယ်လို့ထင် တာ"
"မဟုတ်ပါဘူး ကျွန်တော်တို့ကားကဖြတ်ဝင် လိုက်လို့ဖြစ်သွားတာပါ လျော်ခြင်းလျော် ကျွန်တော်တို့ကတောင်လျော်ရမလားမသိဘူး"
"အာ မလိုပါဘူး ညီမတို့ကားကအရမ်းမထိခိုက်သွားပါဘူး နည်းနည်းပါးပါးပဲပြန်ပြင် ရမှာဆိုတော့မလျော်လဲရပါတယ်"
"ဒါဆိုရင် ကျွန်တော်ရဲ့ Business Cardလေး ယူထားလိုက် ကားပြင်လို့ပိုပြီးကုန်ကျတယ် ဆိုရင် ကျွန်တော့်ကိုဆက်သွယ်လိုက်ပါ"
ဆူးမေယူရမလား မယူရမလား တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတုန်းရှိသေး ထိုလူကဆူးမေလက်ကိုဆွဲယူပြီး Business Cardကိုလက်ထဲအတင်းထည့်ပေးသည် ပြီးတော့နှစ်ယောက်စလုံးကားပေါ်ပြန်တက်ပြီးကားမောင်းထွက်သွားကြသည် လက်ထဲကကတ် ကလေးကိုကြည့်လိုက်တော့ SataZen Company တဲ့
"ဟင် CEOဆိုပဲ သူကSataZen Companyရဲ့ CEO လွှမ်းမိုးစျာန်ဆိုတာပဲ Oh!He's so Handsome"
"နင့်မှာယောကျာ်းရှိတာတော့သတိရပါတယ်နော်"
"သတိရပါတယ် မမလေးရဲ့ ဒါနဲ့မမလေးအဲ့လူဆီကိုမဆက်သွယ်လိုက်နဲ့နော်"
"ဘာဖြစ်လို့လဲ ကိုမင်းဓနနဲ့မတည့်လို့လား"
"အဲ့ဒါလဲပါတယ် ပြီးတော့သူ့ပုံကတစ်မျိုးကြီးပဲ Sofyကြားဖူးတဲ့လွှမ်းမိုးစျာန်ကခုလိုမျိုးမသိတဲ့သူတစ်ယောက်ကိုဖော်ရွေစွာနဲ့ သူ့ ကတ်ကိုလွယ်လွယ်ပေးမှာမဟုတ်ဘူး သူအရမ်းမောက်မာလွန်းတာနာမည်ကိုကြီးနေရောပဲ အခုသူ့ရဲ့ပုံစံကနည်းနည်းထူးဆန်းနေတယ်"
"အမလေး စုံထောက်ကြီးကျနေတာပဲ စောနကတော့ဘာမှဝင်မပြောပဲ သနားစရာပုံလေး လုပ်နေပြီးတော့"
"Sofyကရုတ်တရတ်ဆိုတော့ကြောက်သွားလို့ပါ ဘာပဲဖြစ်ဖြစ် မမလေးသူ့ကိုလုံးဝမဆက် သွယ်နဲ့နော်"
"အေးပါ လာ အိမ်ပြန်မယ် တော်ကြာDavid စိတ်ပူနေဦးမယ်"
ကားပေါ်ကိုတက်ပြီးတာနဲ့ဆူးမေလက်ထဲက အပြာရင့်ရောင်ကတ်ကလေးကိုထပ်တလဲလဲ ကြည့်နေမိသည် မနက်ဖန်ဒီCompanyကိုသွားကြည့်ရင်ရော...
################################
"သခင်လေး ကျွန်တော်တို့မမှားဘူးမလား အဲ့ဒါဟိုကောင်မလေးပဲ"
"ဟုတ်တယ် သူကMarch Suzyပဲ"
"ဒါပေမယ့်သူကျွန်တော်တို့ကိုမမှတ်မိသလိုပဲ"
"ကားတိုက်မှုဖြစ်တုန်းကသူမထိခိုက်ဘူးဆိုတာသေချာလား"
"သေချာပါတယ် သခင်လေး "
"ဒါဆို သူငါ့ကိုဘာလို့မမှတ်မိတာလဲ ခဏတ ဖြုတ်ဆုံခဲ့ကြတာလဲမဟုတ်ဘူး"
"သခင်လေး ကျွန်တော် သူဘယ်မှာနေလဲစုံစမ်းထားလိုက်ရမလား"
"နေဦး အရမ်းမလှုပ်ရှားနဲ့ လင်းနေ့စွဲရန်ကုန်ပြန်ရောက်နေတာက သူ့ညီမကြောင့်ဖြစ်နိုင် တယ် ငါတို့သာသူ့ညီမဒီမှာရှိတာကိုသိနေတယ်ဆိုရင် ကျိန်းသေသူ့ညီမကိုဒီမှာဆက်ထားမှာမဟုတ်တော့ဘူး တခြားနေရာကိုရွှေ့ သွားလိမ့်မယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
"လင်းနေ့စွဲကအခုဘယ်မှာလဲ"
"သူကမြို့ထဲမှာBangloလေးတစ်လုံးမှာသူ့မိဘတွေနဲ့အတူနေပါတယ် ကျွန်တော့်လူတွေ စောင့်ကြည့်ထားပုံအရတော့ သူတို့ဆီကိုဆူဇီ မရောက်လာပါဘူး"
"ငါထင်ထားပြီးသား လင်းနေ့စွဲကသူ့ညီမကို သူနဲ့အတူတော့ထားမှာမဟုတ်ဘူး ပြီးတော့ ဘာလုပ်ငန်းမှမရှိတော့တဲ့သူတို့မိသားစုအခု ထိမဆင်းရဲသေးတာကိုငါအံ့သြမိတယ် မင်း တို့သူ့အကြောင်းကိုအတွင်းကျကျပိုပြီးစုံစမ်း ထား သူတို့နောက်ကွယ်မှာတစ်ယောက် ယောက်ရှိနေတယ်လို့ငါပြောရဲတယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
သူတစ်လမ်းလုံးစဥ်းစားလာခဲ့တာကတူညီတဲ့ အတွေးတစ်ခုတည်းပင် ဆူဇီဘာလို့သူ့ကိုမမှတ်မိရတာလဲ သူကဒီမိန်းကလေးရဲ့ဘဝမှာနာကျည်းစရာတောင်ဖြစ်ရင်ဖြစ်နေမှာကို မတွေ့တာကြာလို့မမှတ်မိတာမျိုးဖြစ်စရာအကြောင်းလဲမရှိ ဒါပေမယ့် အဲ့လိုမမှတ်မိတာကလဲ တစ်မျိုးကောင်းပါတယ် သူမနားကိုကပ်ရတာလွယ်တာပေါ့ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ မင်းကိုယ့်အနားကထွက်သွားဖို့ လွယ်တော့မှာမဟုတ်ဘူး
Zawgyi
""""""ဒုန်း"""""""
"Sofy ဘယ်လိုဖြစ်တာလဲ"
"ဟင် CEOဆိုပဲ သူကSataZen Companyရဲ့ CEO လွှမ်းမိုးဈာန်ဆိုတာပဲ Oh!He's so Handsome"
"အဲ့ဒါလဲပါတယ် ပြီးတော့သူ့ပုံကတစ်မျိုးကြီးပဲ Sofyကြားဖူးတဲ့လွှမ်းမိုးဈာန်ကခုလိုမျိုးမသိတဲ့သူတစ်ယောက်ကိုဖော်ရွေစွာနဲ့ သူ့ ကတ်ကိုလွယ်လွယ်ပေးမှာမဟုတ်ဘူး သူအရမ်းမောက်မာလွန်းတာနာမည်ကိုကြီးနေရောပဲ အခုသူ့ရဲ့ပုံစံကနည်းနည်းထူးဆန်းနေတယ်"
################################
"သေချာပါတယ် သခင်လေး "
"ဟုတ်ကဲ့ပါ သခင်လေး"
"ဟုတ်ကဲ့ပါ သခင်လေး"
Continue Reading
You'll Also Like
1.2M 63.3K 50
722K 101K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
285K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
221K 6.6K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...