Part 10

2.8K 111 4
                                    

Unicode

ဒီနေ့ကဆူဇီအိမ်ပြန်ရမယ့်နေ့ ကိုကြီးပြန်လာခေါ်မှာမို့ပျော်နေပေမယ့် ခဏအလည်ခေါ်တာဆိုတာ ဒီအိမ်ကိုပြီးရင်ပြန်လာရဦးမှာစိတ်ထဲလုံးဝပျော်တာတော့မဟုတ်သေးဘူး

"ဆူဆူးရေ ဆူဆူး"

အိမ်ရှေ့မှာကားစက်သံနှင့်အတူကြားလိုက်ရတာက ကိုကြီးရဲ့အသံပင်

"ကိုကြီး ဆူဆူးကို လာခေါ်မယ်ဆိုလို့ဆူဆူး မနက်ကတည်းကစောင့်နေတာ"

"ဆူဆူး အဝတ်စားထုတ်တွေရော"

"ဟမ် အဝတ်အစားထုတ်လား မပါဘူးလေ ကိုကြီးကညီမလေးကိုခဏအလည်ခေါ်တာ မဟုတ်ဘူးလား"

"ဟိုကောင်ညီမလေးကိုဘာမှမပြောပြဘူးလား"

" ကိုကြီးလာခေါ်မယ်လို့ သူပြောတာပဲလေ ဒါ ပေမယ့်အလည်ခေါ်တာမဟုတ်ဘူးဆိုရင်.."

"ဟုတ်တယ် ဆူဆူး ကိုကြီးညီမလေးကိုအပြီး ပြန်လာခေါ်တာ ကိုကြီးညီမလေးကိုပြန်ရွေး လိုက်ပြီ"

"ဘယ်လို ကိုကြီး မဖြစ်နိုင်တာ ဆူဇီ့တို့မှာအဲ့ လောက်များတဲ့ပိုက်ဆံမရှိပါဘူး ဘယ်လိုလုပ်ဆူဇီ့ကိုပြန်ရွေးနိုင်မှာလဲ"

"ကဲ ကားပေါ်သာတက်လိုက်ပါတော့ အဝတ်တွေလဲယူမနေနဲ့ ကျန်တာကိုကြီးလမ်းမှာရှင်း ပြမယ်"

ကိုကြီးကဆူဇီ့ကိုကားပေါ်အတင်းတွန်းတင်သည် ပြီးတာနဲ့ကားစက်နှိုးပြီးအမြန်မောင်းထွက်သည် ခါတိုင်းနဲ့မတူလှစွာ ကိုကြီးကဒီနေ့မှအရမ်းအလျင်လိုနေသလိုမျိုး လွှမ်း မိုးစျာန်ကလဲ ဘာလို့သူ့ကိုအကြွေးကိစ္စမပြောပြတာလဲ ပြီးတော့အိမ်ပေါ်ထပ်ကနေ ဆင်းလဲ မကြည့်ဘူး ကိုကြီးကလဲဒီလောက်များတဲ့ပိုက်ဆံတွေကိုဘယ်ကနေရတာလဲ

"ကိုကြီး ဆူဆူးကိုပြောပြမယ်ဆို ခုပြောပြတော့ အဲ့ပိုက်ဆံတွေကိုဘယ်ကနေရတာလဲ"

"ဆူဇီ့ ကိုကြီးကားမောင်းနေတယ်လေ အိမ် ရောက်မှပြောပြမယ်"

"ကိုကြီးအရင်ကဆို ဆူဇီ့ကိုကားမောင်းရင်း ဆူတောင်ဆူသေးတာပဲ မဟုတ်တဲ့ဆင်ခြေတွေမပေးပါနဲ့ ပြောပြပါ"

"ကိုကြီးအဲ့ပိုက်ဆံတွေကိုချေးလာတာ"

"ချေးလာတာဟုတ်လား မဟုတ်မှလွဲရော ကိုမင်းဓနသွင်ဆီကချေးလာတာလား"

I'm your Master(You're Mine)Where stories live. Discover now