Part 9

2.6K 112 2
                                    

Unicode

အိမ်တံခါးကြီးဖွင့်ထားပြီးဆူဇီ့အရိပ်ယောင် တော့လုံးဝမတွေ့မိ ခါတိုင်းကားစက်သံကြားတာနဲ့ ဆူဇီကအိမ်တံခါးဝကနေကြိုနေကျ စိတ်ကအလိုမကျဖြစ်လာချေပြီ ဧည့်ခန်းထဲမှာလဲမတွေ့ သူမအခန်းထဲသွားရှာတော့လဲမ ရှိ နာမည်အော်ခေါ်တော့လဲပြန်မထူး နောက်ဆုံးမီးဖိုခန်းဘက်တစ်ချက်သွားကြည့် လိုက်တော့မှ ထမင်းစားစားပွဲနားမှာခွေခွေလေးလဲကျနေတဲ့ သူမ

"ဆူဇီ ဆူဇီ "

သူမပါးလေးကိုဖွဖွလေးရိုက်ပြီးနှိုးပေမယ့် သူမသတိမရလာပါ နဖူးကိုအသာလေးစမ်း ကြည့်လိုက်တော့

"ကိုယ်တွေပူခြစ်တောက်နေတာပါလား"

ဒီကောင်မလေးအဖျားအရမ်းကြီးပြီး သတိလစ်သွားတာဖြစ်ရမယ် ဒီတိုင်းထားလို့မဖြစ်သေးပါဘူး
သူမကိုယ်လေးကိုပွေ့ချီပြီး မိမိအခန်းထဲကိုခေါ်လာခဲ့မိသည် မွေ့ယာပေါ်တင် စောင်ခြုံပေးပြီး ရေပတ်တိုက်ဖို့ပြင်ဆင်ရသည် ငါဘာ လို့သူ့ကိုပြုစုပေးနေတာပါလိမ့် ဒီတိုင်းပစ် ထားလိုက်ရမှာကို....

တစ်နေကုန်ထိုင်ပြီးပြုစုပေးနေပေမယ့် အဖျားကတော်တော်နဲ့မကျ ညနေသုံးနာရီလောက်ရောက်မှ အဖျားကကျသွားသည် လူလဲတော်တော်လေးမောနေပြီ သူ့ကိုပြုစုရတာ သူမဘေးနားခဏဝင်လှဲပြီး သူမမျက်နှာလေး ကိုနီးနီးကပ်ကပ်စိုက်ကြည့်လိုက်တော့ စိတ်ထဲမှာအမျိုးအမည်မသိသောခံစားချက်တစ် ခုထပ်ပြီးဖြစ်ပေါ်လာပြန်သည် ဘာတွေလဲကွာ ငါဘာတွေဖြစ်နေတာလဲ

ဘောင်းဘီအိတ်ကပ်ထဲကနေ အပြင်ကိုခုထိမထုတ်ရသေးတဲ့ဖုန်းလေးကတဂျီဂျီနဲ့မြည်လာ သည်မို့ ထုတ်ကြည့်လိုက်တော့ Numberစိမ်း တစ်ခုပင်...

################################

"မင်းငါ့ကိုတွေ့ချင်တာဘာကိစ္စလဲ"

"ငါ့ညီမကိုငါပြန်လိုချင်တယ် လွှမ်းမိုးစျာန်"

"ကလေးတွေမုန့်တောင်းသလိုလာပြန်တောင်းနေလို့မရဘူးလေ လင်းနေ့စွဲ"

"မင်းဆီမှာတင်နေသမျှအကြွေးကိုပြန်ဆပ်နိုင်ရင်ငါ့ညီမလဲလွတ်လပ်ပြီမလား"

I'm your Master(You're Mine)Where stories live. Discover now