Part-4

3.4K 124 4
                                    

By Unicode

"""ဒေါက် ဒေါက် ဒေါက် ဒေါက် ဒေါက်"""

"ဝင်လာခဲ့"

အထဲကခက်ထန်ထန်အမိန့်သံရဲ့အဆုံး တံခါးဖွင့်လိုက်သည် ဖွင့်ဖွင့်ချင်းပဲ ဆူဇီ့မျက်နှာဆီကိုတည့်တည့်ပျံလာတဲ့ အပြာရောင်ဖိုင်တွဲတစ်ခု

""ဘုတ်.."

"အ့"

နှုတ်ခမ်းထောင့်ကပူနွေးနွေးဖြစ်ပြီး တစ်ခုခုစီးကျလာသလိုခံစားရသဖြင့် လက်မနှင့် ဆွဲယူသုတ်ကြည့်လိုက်တော့ သွေးတွေ ဆူဇီ့ကိုသူဘာလို့ဖိုင်တွဲနဲ့ကောက်ပေါက်ရတာလဲ နားမလည်စွာနဲ့သူ့ကိုလှမ်းကြည့်လိုက်သည်

"နားမလည်သလိုလို မသိသလိုလို အကြည့်နဲ့ငါ့ကိုလာမကြည့်နဲ့ မင်းမသိဘူးလား ငါ့အခန်းတံခါးကိုတစ်ခါထက်ပိုခေါက်ရင်ငါမကြိုက်ဘူးဆိုတာကို"

"ဟုတ် ဆူဇီမသိပါဘူး ဒါပေမယ့် ဆူဇီမှတ်ထားလိုက်ပါ့မယ်"

"မသိရအောင် မင်းကိုမီးဖိုချောင်ထဲကအစေ ခံတွေမပြောပြဘူးလား"

"ဟုတ် ဆူဇီ့ကိုမနက်စာစားဖို့သွားခေါ်ခိုင်းလို့ လာခေါ်တာပါ"

"မင်းကလဲမေးမှမမေးတာ ကိုယ့်ပေါ့ဆမှုနဲ့ကိုယ်ခံရတာဆိုတော့လဲ ခံလိုက်ပေါ့ ကဲသွားတော့ ငါဆင်းလာခဲ့မယ်"

"ဟုတ်"

တံခါးကိုတစ်ချက်ပဲခေါက်ရမယ်တဲ့ ဘယ်သူကများအဲ့လိုဇီဇာကြောင်ပြီး သတ်မှတ်ထားမှာလဲ မီးဖိုချောင်ထဲမှာလဲ အစေခံတွေအများကြီးရှိပါ့ ကိုယ့်ကိုဘယ်သူမှအဖတ်မလုပ်ကြဘူး အန်တီထွေးတစ်ယောက်တည်းကိုယ့်ကိုစကားကောင်းကောင်းပြောတာ အထည်ကြီး ပျက်မဆိုပြီး အတင်းတောင်တုပ်နေသေး တံခါးလေးပိုခေါက်မိတာနဲ့ နှုတ်ခမ်းပေါက်သွားတဲ့အထိ ဖြစ်ရတယ်လို့

တော်ပါပြီ ဒါလေးနဲ့ဝမ်းနည်းနေရအောင်လဲ မဟုတ်သေးပါဘူး

"ဟဲ့ အဲ့မှာငိုင်မနေနဲ့ နောက်ဖေးမှာ ကော်ဖီအိုးကျကွဲသွားတယ် အဲ့ဒါသွားရှင်း ပြီးရင်နင်လုပ်ရမှာတွေအများကြီးရှိသေးတယ်"

"ဟုတ်"

သူတို့လဲအစေခံတွေပါပဲ ဆူဇီလဲအစေခံပါပဲ တူတူပဲကိုဘာလို့အာဏာတွေပြနေကြရတာလဲ ဖန်ကွဲစတချို့ကိုမြန်မြန်ကောက်ယူလိုက်တော့ သတိပြုရန်မေ့လျော့နေပြန်သည့် ဦးနှောက်ကြောင့်

I'm your Master(You're Mine)Där berättelser lever. Upptäck nu