Part 8

2.7K 117 7
                                    

Unicode

ဒီနေ့ကဆူဇီဒီအိမ်ကိုရောက်တာသုံးလပြည့်ပြီ အန်တီထွေးထွက်သွားခါစကသူအရမ်းစိတ် ထိခိုက်ခဲ့ရတယ် ဒီကြားထဲ လွှမ်းမိုးစျာန်ဘာ ကြိုက်မှန်းမသိ ဘာကိုမကြိုက်လဲမသိနဲ့ အချိန်ပြည့်ခါးပတ်စာပဲမိနေခဲ့ပါတော့တယ် အခုနောက်ပိုင်းကတော့အဆင်ပြေလာခဲ့ပါပြီ သူဘာကြိုက်တာလဲ မကြိုက်တာလဲ အသေးဖွဲလေးကအစသိနေလို့ ခါးပတ်စာမမိတော့ပေမယ့် တစ်ခါတစ်လေ သူအလိုမကျရင်တွေ့ရာနဲ့ကောက်ပေါက်တာခံရပါတယ် အခုလောလောဆယ် နဖူးပေါ်ကဒဏ်ရာလိုပေါ့ အရင်ကလိုတစ်ခါရိုက်တာနဲ့ငိုတတ်တဲ့ဆူဇီလဲ မဟုတ်တော့ပါဘူး အခြားတစ်ယောက်အဖြစ်ပြောင်းလဲသွားသလို သွေးအေးသွား ပါတယ် ဘာမှလဲသိပ်ဂရုမစိုက်တတ်တော့ဘူး လွှမ်းမိုးစျာန်ဘာပြောပြော ခေါင်းပဲငြိမ့် နေလိုက်တော့တယ် ဒါမေယ့် ဆူဇီတစ်ခုအတွက်တော့စိတ်ပူတယ် ဆူဇီကတက္ကသိုလ် တက်ခွင့်မရှိတော့ဘူးလား ဆူဇီလဲဘွဲ့ရပညာ တတ်တစ်ယောက်ဖြစ်ချင်တယ်

"ဆူဇီ ဆူဇီ မင်းဘယ်ရောက်နေတာလဲ"

လာပါပြီ ထုံးစံအတိုင်း အိမ်ကြီးရှင်ရဲ့ ခပ်ထန် ထန် ခေါ်သံ ဥပေက္ခာပြုလို့မရ နောက်ကျပြီး ရောက်သွားလို့လဲမရ အသံပြန်မပေးရင်နေ အပေါ်ကို အမြန််ရောက်သွားရမည်မို့ လှေကားအောက်အတွေးနယ်ချဲ့ရာဗိမာန်ထဲ ကထွက်ပြီး အပေါ်ထပ်ကိုအမြန်ပြေးတက်ရတော့သည်

###############################

"Daddy ဆူဇီ့ကိုအဲ့အိမ်မှာဘယ်လိုနည်းနဲ့မှ ဆက်မထားနိုင်တော့ဘူး"

"သား ဘာဖြစ်လာတာလဲ"

"ကျွန်တော် ဆူဇီ့ကိုသွားတွေ့လာခဲ့တယ် ညီမလေးပိန်သွားလိုက်တာ Daddyရာ ကျွန်တော် စိတ်ထဲတကယ်မကောင်းဘူး နဖူးမှာလဲဟိုကောင်ဖန်ခွက်နဲ့ကောက်ပေါက်ထားတာတဲ့ ဒဏ်ရာကြီးနဲ့ဗျာ"

"ဘာ ဒါတော့လွှမ်းမိုးစျာန်လွန်တာပဲ ဒါပေမဲ့ Daddyတို့မှာပေးစရာမှမရှိတာ သမီးလေးကို အဲ့ကောင်လက်ထဲကဘယ်လိုပြန်ယူနိုင်မှာလဲ"

"သားမှာအကြံရှိတယ် Daddy"

"ဘာများလဲ Daddyကိုပြောပြပါဦး"

"Daddy သားသူငယ်ချင်းမင်းဓနသွင်ကိုသိ တယ်မလား"

"သိတယ်လေ အခုChinaမှာမလား တော်တော်လေးအလုပ်ကြိုးစားပြီးထက်မြက်တဲ့ သူငယ်ပဲ Daddyမှတ်မိပါတယ်"

I'm your Master(You're Mine)Opowieści tętniące życiem. Odkryj je teraz